Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရသစာပေ စာမူပို့စ်များ ဖိတ်ခေါ်ခြင်း(ဩဂုတ်လ)”

https://myanmargazette.net/135130/arts-humanities

မန်းဂေဇက်ကို ဝင်ရောက် ဖတ်ရှုရေးသား နေကြသော ဦးဦး၊ကိုကို၊ဒေါ်ဒေါ်၊မမနှင့်တကွ အားလုံးသော စာပေချစ်မြတ်နိူးသူ အပေါင်းတို့ ခင်ဗျား

အထက်မှာ ဖော်ပြထားတဲ့ လင့်ခ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ကျနော်အဆိုပြု တင်ပြဖိတ်ခေါ်တဲ့ အကြောင်းအရာလေးကို မဖတ်မိလိုက်သူများ ဖတ်ပီးသော်လည်း အဓိပ္ပါယ် အမှတ်မှားနေသူများ ရှိပါက သိရှိနိူင်စေရန်  ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အချိန်ရရင် ဖတ်ရှုသုံးသပ်ကြပါကုန်။

ကျနော် ပြီးခဲ့တဲ့လက တလလုံး ခရီးသွားနေရပါတယ်။ ဒါပေသိ ရောက်တဲ့အရပ်မှာ အင်တာနက် သုံးခွင့်ကြုံတိုင်း မေးလ်ဖွင့်စစ်၊ ပြီးရင် ဘယ်သူများပို့လာမလဲ ဆိုပီးရှာ နောက် ကျနော့်သူငယ်ချင်းတွေကို လှမ်းမေးရနဲ့ ကိုယ်စတဲ့ ဇာတ်လမ်းကို ကိုယ်နိူင်အောင်ကဖို့ ပြင်ရပါတယ်။ တကယ်ကံကောင်းချင်တော့ တလလုံးကို ၃ယောက်ဘဲ ကျနော့်ဆီ ပို့လာပါတယ် … 🙁

ဒါဟာ

၁၊ တင်ထားတဲ့ပို့စ်ကို မဖတ်ဖြစ်မိ သော်လည်းကောင်း

၂၊ မိမိကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရေးသားခြင်၍သော်လည်းကောင်း

၃၊ ပြိုင်ပွဲလို့ ထင်ပီး ဝင်မပြိုင်လိုခြင့်ကြောင့် လည်းကောင်း စသဖြင့်ပေါ့  အကြောင်းအမျိုးမျိုးကြောင့်လို့ဘဲ သုံးသပ်ပါတယ်။

အမှတ်မရှိတဲ့ ကျနော်ကလဲ အဲလိုပို့မလာတော့လဲ အငြိမ်မနေနိူင်ဘူး တင်သမျှ စာတွေ လိုက်ပီးဖတ် အချို့သူတို့ရဲ့ Trade Mark အတိုင်းရေးနေသူတွေခဏဖယ် … မဖတ်နိူင်သေးရင် ပရင့်ထုတ်သိမ်းထားနဲ့ တော်တော်တော့ အလုပ်များပါတယ်( အသနားခံနေခြင်း) နောက်ပီး အရင်လို ပေါ့ပေါ့ပါးပါးဖတ်ပီး ကွန်းမင့်လေးရေးတာ မဟုတ်တော့ အတော်ကို attention များပါတယ်ခင်ဗျ။ နောက်ပီး တနေ့အနည်းဆုံး ၁ဝပုဒ်လောက် တက်နေတဲ့ ဒီဆိုဒ်ကြီးမှာ တလစာ အပုဒ်၃၀ဝကို ကျနော်တို့ ၃ယောက် မဖတ်နိူင်ပါဘူး တကယ်တည်း အပ်စိုက်မတ်ချ လုပ်ရင်တော့ ဖြစ်ကောင်းဖြစ်ပေမဲ့ အလုပ်ကိုယ်စီနဲ့မို့ မလွယ်လှပါဘူး ခင်ဗျာ။ အမှန်တိုင်းပြောရရင် ကျနော်တို့ ကြိုက်နှစ်သက်တဲ့ ပုံစံမျိုးက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ၁၆ပုဒ်ဘဲ ရှိပါတယ် ကျနော်တို့ လေ့လာမှတ်ထား သလောက်ပေါ့။

အရင်းစစ်သော်

ဇူလိုင်လမှာ ကျနော်တို့ဆီ ပို့လာတာက ၄ပုဒ်

ကျနော်တို့ လိုက်ပြီးဖတ်ထားတာက ၁၆ပုဒ်( ၄ပုဒ်အပါ )

—————————————————————————————————————————————————————————————–

အဲတော့ ရှေ့က ကျနော့်ပို့စ်မှာလဲ အရိပ်အမြွက်ပြောပီးသွားပီ ကျနော်တို့ရဲ့ ရည်ရွယ်ချက်သည် မန်းဂေဇက်မှာ စာပေအရေးအသား ကွဲလွဲစွာဖြင့် အဆင့်မြင့်မြင့် ရပ်တည်နိူင်ရေးပါ။ ကြီးကျယ်တယ်လို့လဲ မထင်ပါနဲ့ ဆရာကြီး အထာလို့လဲ မထင်ပါနဲ့ ကိုယ်တွေ မျက်ခွက်တွေက နေရာတကာ ပျံ့နေပီ အဲတော့ စည်းနဲ့ကမ်းနဲ့ အဆင့်အတန်းရှိရှိ နေရတော့မယ် ရေးချင်ရာရေး ပြောချင်ရာပြောလို့ မရတော့ဘူးလို့ ထင်ပါတယ် ( အယူအဆ ကွဲလွဲနိူင်ပါတယ်)။ ကျနော့် ကိုယ်ပိုင်ခံစားချက်လေးတခု တင်ပြချင်ပါတယ် နိူင်ငံရေးအကြောင်းရေးရင် လုံလောက်တဲ့ နိူင်ငံရေးပညာရပ်လိုလာပီ(တခါတုန်းက နိူင်ငံရေးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်နှစ်ဒီဂရီလောက်ဘဲ ကွာတယ်ဆိုပီး ရေးခဲ့ဖူးတယ် အဲတုန်းကတည်းက ကိုယ့်ကိုဝမ်းစာ မပြည့်လို့ ရှက်ခဲ့တာ ဒီနေ့အထိ မရေးတော့ဘူး ခုထိဖတ်နေတုန်းဘဲ) ဒါကျနော့်ကိုယ်တိုင် ဖြစ်ရပ်လေး ဆိုလိုတာက ကျနော်လဲ အပျော်တမ်းသမားပါ ဒါပေသိ စာရေးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရေးရင်း ရေးရင်း လက်လွန်တဲ့ကိစ္စ အဲဒါလေးကို သတိချပ်မိတဲ့ နောက်ပိုင်း ကိုယ်နှစ်သက်တဲ့ စာတမျိုးတည်းကိုသာ ဖတ်ခြင်းရေးခြင်း ဆိုတဲ့ ကိုယ်တိုင် ကတ်တဂိုရီ ခွဲတတ်လာပါတယ်။ ဆိုလိုရင်းကတော့ အပျော်တမ်း စာရေးစာဖတ်သူ တယောက်ဟာ မန်းဂေဇက်ထဲဝင် ကိုယ်တိုင် လက်စမ်းစာလေးတွေရေး နောက်ကိုယ်နှစ်သက်တဲ့ လိုင်းအောက်က စာတွေဖတ် ပြန်ရေး ပြန်ဆွေးနွေးနဲ့ အချိန်ကြာလာနဲ့အမျှ အပျော်တမ်းတော့ အပျော်တမ်းဘဲ ဒါပေသိ အဆင့်မြင့် အပျော်တမ်းသမားတွေ ဖြစ်လာရာကနေ  သီအိုရီအတွေးအခေါ်သမားတွေ၊ ရသစာပေသမားတွေ ၊ပညာရပ်ဆိုင်ရာ စာပေသမားတွေ၊ ကဗျာစာသမားတွေ၊ ကာတွန်းဝါသနာပါသူတွေ တဖြည်းဖြည်းတိုးတက်မှုရမယ်လို့ စိတ်ကူးယဉ်လိုက်မိပါတယ်………….။

ရီလက်စ်တော့ ရီလက်စ်ပေါ့ဗျာ

အင်တာတိန်းမန့်တော့လည်း အင်တာတိန်းမန့်ပေါ့

ဒါပေသိ ” ရဲစည် နာမည်နဲ့ ပို့စ်တင်လာတိုင်း ဟာ….အဲကောင် အလကား ဖြတ်ညှပ်ကတ်ကြီး ဖောရှောကြီး၊ ပြီးရင် လှောင်သလို ပြောင်သလိုနဲ့ ရေးနေတာ၊ မြှောက်ထိုးပင့်ကော်ကလုပ်သေး၊ လျှောက်ဖွနေတာပါကွာ စသဖြင့် တရားဝင်အပြောမခံရပေမဲ့လည်း ကိုယ်ရဲ့ ရီလက်စ်လေး အင်တာတိန်းမန့်လေးကတော့ ဖြင့်ဒီလို ခေါင်းစဉ်အောက် ဘယ်သူမှတော့ ရောက်ချင်ကြမယ် မထင်ပါဘူး 

ဆိုတော့ ခင်ဗျာ

ဇူလိုင်လအတွက်ကတော့ ကျနော်တို့ဆီ ပို့လာတဲ့ ၄ပုဒ်ကို လေးစားသမှုရှိသော်ငြားလဲ ချီးမြှင့်ရန်မူကား အနည်းငယ်လိုအပ်ချက် ရှိနေပါသောကြောင့် ကြိုက်နှစ်သက်သော စာမူအဖြစ်တော့ မရွေးချယ် ဆုမချီးမြှင့်တော့ပါကြောင်း

ယနေ့ခေတ်ပြင်ပမှ စာပေပညာရှင်များ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေ အသိဉာဏ်ပွင့်လင်းဖို့ စာများများဖတ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်နေသော်ငြားလဲ စာကြည့်တိုက်များ သော့ခတ်ထားခြင်း၊ စာအုပ်စာပေ ဈေးနှုန်းများကြီးမြင့်ခြင်း၊ မိမိတို့ကိုယ်ပိုင် ဘဝစားဝတ်နေရေးအား ရုန်းကန်နေရခြင်းတို့ကြောင့် ထိရောက်မှု အားနည်းနေချိန်တွင် မန်းဂေဇက်ကဲ့သို့ အမြဲတမ်းသော့ဖွင့်ထားသော အွန်လိုင်း စာပေသတင်းဂျာနယ်ထဲ၌ ကြိုက်နှစ်သက် လိုလားအားကျ လေ့လာသင်ယူဖွယ် များစွာတို့ဖြင့် တိုးတက်ကောင်းမွန်လာစေရေး ရည်ရွယ်၍ ယခုဩဂုတ်လတွင် ထပ်မံဖိတ်ခေါ်လိုက်ရပါကြောင်း။            ။

လေးစားသောဆန္ဒမွန်ဖြင့်

မောင်ရဲစည်

၂.၈.၂၀၁၂ခုနှစ် ညနေ ၅နာရီ ရမိနစ်

————————————————————————————————————————————————————————————————–

မှတ်ချက်။      ။  ယခုစာမူဖိတ်ခေါ်ခြင်း အစီအစဉ်သည် ” မန်းဂေဇက် စာချစ်သူများ ဆုအစီအစဉ်နှင့် ချိတ်ဆက်ပူးပေါင်းထားပါသောကြောင့် ဩဂုတ်လမှ စတင်၍ ယင်းအစီအစဉ်အောက်၌ ကိုစပွန်ဆာအဖြစ်လည်းကောင်း၊ အော်ဂနိုက်ဇာအဖြစ်လည်းကောင်း လစဉ်လတိုင်း ရသစာပေအခန်းကဏ္ဍဘက်မှ ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည် ခင်ဗျား ။        ။

 

34 comments

  • surmi

    August 2, 2012 at 4:19 pm

    ဒါဆိုပေးမဲ ့ဆုကနှစ်ဆုဖြစ်ပြီပေါ ့နော
    ရသ ကသီးသန် ့ပေါ ့ ဟုတ်စ
    အဘက အသက်ကြီးလာလို ့လျှာရှည်မိတာခွေးလွှတ်နော် ဟဲဟဲ

    • ရဲစည်

      August 2, 2012 at 4:33 pm

      လာပြန်ပီ ဒီဆုကိစ္စ
      ရှင်းလေ ရှုပ်လေ
      ရှုပ်လေ ရှင်းလေ ပါလားကွယ်ရို့
      ဒါလောက်တောင် စာအရေး မတတ်တဲ့ကျုပ်
      ကိုယ့်ဇာတ်ပိုး ကိုယ်အုပ်လို့
      ခပ်သုတ်သုတ်သာ ထွက်သွားချင်ရဲ့
      ……… 🙁
      ဃိန် …. ဂိန် ….. ကိန်

      • surmi

        August 2, 2012 at 6:41 pm

        မောင်ရဲစည်ရေ
        သူများမရှုပ်ခင် ကိုယ်အရင်ရှုပ်လိုက်တာပါကွယ်
        အရင်ပို ့စ်မှာကတည်းကရှင်းပြီးသားပါဗျာ
        ခုလည်းပိုမိုရှင်းပါကြောင်း

  • ပင်လယ် ပျော်

    August 2, 2012 at 4:25 pm

    ဆုနှစ်မျိုးတောင်ရမယ်ဆိုရင် ဦးနှောက်ကိုဖျစ်ညှစ်ပြီး စာတွေရေးတော့မယ်ဗျာ ………..

  • marblecommet

    August 2, 2012 at 5:06 pm

    ကိုကိုသိုင်းထီးကြီး
    သားလည်း ပေးထားတဲ့ ဂဒိကို
    တည်ဖို့ ကြိုးစားပါ့မယ်နော် ဒီရက်ပိုင်းလေးတော့
    ချမ်းသာပေးပါဗျ……

  • etone

    August 2, 2012 at 7:16 pm

    ရသစာပေဆိုလို့ …. ကိုသော်ဇင်(လွိုင်ကော်)ဆိုတဲ့ တစ်ယောက် မရေးတော့တာ ကြာပြီပဲ …. ။
    သူရေးတာက ရသစာပေချည်းသီးသန့်ရယ် … သူ့ရဲ့ ပို့စ်လေးတွေ သဘောကျလို့ မလွတ်တမ်းဖတ်ဖြစ်ရာက သတိထားမိနေတာ …. ။ ဒီတလော ရသကို ဦးစားပေးရေးတဲ့လူ …. သုံးလေးယောက်လောက်ပဲ တွေ့ရတော့တယ် ….. ။

    • သူကြီးပြောနေကျ စကားလိုပဲ..

      ခေတ်၊ စနစ်ကြောင့်မဟုတ်ပဲ လူတွေကြောင့်ဖြစ်နေတာလို့..
      တစ်ချိန်တုန်းက ကျွန်တော်အဆိုပြုခဲ့ဖူးပါတယ်… အဲလိုရေးသားသူတွေကိုလည်း မြေတောင်မြှောက်ပေးဖို့အကြောင်း…

      သို့ပါသော်လည်း… ကွန်မန့်များမှတစ်ဆင့် ဂေဇက်သဘောထားကို သိမြင်ပြီးသကာလ အောင်မြင်စွာ ဆုတ်ခွာသွားကြတယ် မြင်မိပါကြောင်း…

      မှတ်မိသလောက်ဆို ကိုသော်ဇင်(လွိုင်ကော်)၊ ကိုသစ်မင်း၊ ကိုဘီလူး၊ ဆူး၊ အီးရိုး(eros)၊….
      အစရှိသဖြင့်ပေါ့ဗျာ… ဘာပဲပြောပြော အရှိန်ရဖို့ အတော်လေး အားပြန်ယူရဦးမယ့်အကြောင်း အမြင်လေးကို ဆွေးနွေးလိုက်ပါတယ်။

      မအောင်မြင်သေးတဲ့.. လူ
      (ခေတ္တငရဲပြည်)

  • မောင်ပေ

    August 2, 2012 at 7:28 pm

    ရဲဘော်ရဲစည်ရေ
    ကျုပ်ကတော့ ရေးချင်တာရေးတင်နေတာပဲဗျို ့
    တစ်ကယ်လို ့ ရဲဘော်ရဲ ့စည်းမျဉ်းတွေနဲ ့ကိုက်ညီရင်လဲ ရွေးပေါ့ဗျာ
    မကိုက်ညီတော့လဲ
    ဟိုးအရင်ကတဲကလိုပဲ
    ပိုနေမြဲကျားနေမြဲပေါ့
    ဂွတ်လား

    • ရဲစည်

      August 2, 2012 at 7:59 pm

      ဒီလိုရှိပါတယ်
      အူးလေး အူးပေခင်ဗျ
      အားလုံးက ရေးချင်ရာ ရေးကြပေမဲ့
      ကောင်းမယ်ထင်လို့ ကောင်းလို့ ရေးကြတာပါ
      ရသစာပေဆိုတာ ဘာရေးရေး ရသမြောက်အောင် ရေးရင် ရသစာပေ မည်ပါတယ်
      ဆိုတော့
      ကိုယ့်စာဖတ်ပီး သူများက ဆဲချင်လာအောင် ဒေါသထွက်လာအောင် ရေးလည်းဘဲ ရသမည်ပါတယ်
      ကိုယ့်စာဖတ်ပီး သူများကို လွမ်းချင်လာအောင် ပျော်လာအောင် ရယ်မောစေလာတာလဲ ရသမည်ပါတယ်
      သို့ဂလိုကြောင့် ကောင်းမယ်ထင်လို့ ယူဆလို့ဘဲ ဖြစ်ဖြစ် ဘယ်လိုပဲ ခံစားရနေနေ
      အပျော်တမ်းလေး စိတ်ကို ဖြည်လျော့တဲ့ အနေနဲ့ ရေးနေတာကို အပြစ်လို့ မဆိုလိုပါ
      အဲလိုရေးတင်နေတာကို ကောင်းသထက်ကောင်းအောင်
      ရသမြောက်အောင် ရေးနိူင်ဖို့ တိုက်တွန်း နှိုးဆော်ခြင်း(လစဉ်) ပြုလုပ်ပေးနေခြင်းသာ ဖြစ်ကြောင်း…

      ဟမလေး… မောထှာ
      JD လေး ၂ကွပ်လောက် ကွပ်အုံးမှ
      ဂွပ်… ဂလု

      • မဟာရာဇာ အံစာတုံး

        August 2, 2012 at 8:19 pm

        ဒီလူဂျီးက
        အင်တာနက် သုံးတာတောင်
        ဘေးနားမှာ ထောင်ပြီး သုံးနေဒါဂိုးးးး 😀
        _________

        ဟေ့လူဂျီး ..
        အဲ့ဒီ ရသ စာပေက ပို့ရတာလား ..
        ခင်ဗျားဒို့ဂ တင်တဲ့ ပို့စ်ထဲက ရွေးတာလား ..
        အဲ့ဒါလေး ပြောဘာအုံးလို့ …

        • မောင်ပေ

          August 2, 2012 at 8:23 pm

          အားကျလိုက်တာနော်
          ဒီက ဝါတွင်း ရှောင်ပါပြီ ဆိုမှ
          မြူဆွယ်နေတယ်
          လူဆိုး

        • ရဲစည်

          August 2, 2012 at 11:21 pm

          အူးလေး အံဇာဒုံးရေ
          အမှန်တော့ ပို့ပေးပါဆိုတာထက် လင့်ခ်လေးပေးပြီး လက်တို့စေချင်တာပါ
          တရက် ၁ဝပုဒ်ထားဗျာ ၁လစာ စဉ်းစားသာကြည့်ပေတော့ ဖြစ်စေချင်လို့သာ လုပ်နေရတာ အနော်ဖြင့် စိတ်လေနေပီရယ်
          တချို့စာတွေဆို ခေါင်းစဉ်ဖတ်ပီးဝင်လိုက်တာ အောက်မှာရေးထားတာက တခြားအကြောင်းရယ်။ သားတို့ ပူတူတူလေးတုန်းက ခေါင်းစဉ်ကြည့်တာနဲ့ ဒါမောင်ထင်လား၊ သော်တာဆွေလား၊ နတ်နွယ်လား၊ မြသန်းတင့်လား……. ငြိမ်းကျော်လား၊ မောင်စိန်ဝင်းလားဆိုတာ သားတို့ ဘရားသားတွေက တန်းပီး ဆုံးဖြတ်ပေးနိူင်သဗျ ခုခေတ်တော့ ပညာရပ်တွေ ထွန်းကားလာတော့ ဘာမှန်းကို မသိတော့ပေါင်ဗျာ 😀 ဒါပေသိ တလတည်းမှာကို မျက်စိတွေပြာလာပေမဲ့ အတွေ့အကြုံတော့ တကယ်ရပါတယ်ဗျာ တကယ်ပါ 🙁
          ခုတော့ အူးလေးလဲ ဒေတာဗေ့စ် သဘောမျိုး ထောင်ထားပေးတော့ ပို့စရာ မလိုတော့ဘူးရယ် အဆင်ပြေမယ်ထင်ပါတယ်ဗျာ

        • ရဲစည်

          August 2, 2012 at 11:54 pm

          အူးလေးအံရေ
          အူးလေးရေးသမျှ စာတွေ ကျနော် သေသေချာချာ ဖတ်ဖြစ်ပါတယ်
          မဟာရာဇာ အံစာတုံး says:“အဲ့ဒီ ရသ စာပေက ပို့ရတာလား ..
          ခင်ဗျားဒို့ဂ တင်တဲ့ ပို့စ်ထဲက ရွေးတာလား ..” ဆိုတော့ ကျနော် ဘယ်လိုဖြေရမလဲဗျာ

      • နေဝန်းနီ

        August 2, 2012 at 8:34 pm

        ကိုယ့်စာဖတ်ပီး သူများက ဆဲချင်လာအောင် ဒေါသထွက်လာအောင် ရေးလည်းဘဲ ရသမည်ပါတယ် )) ဆိုတော့ကာ အဲဒါ ဘာရသ လို့ နာမယ်ပေးမလဲဟင် ကိုကိုစည်ပြောမှ ရသ 10 ဖစ်နေပြီ ………. ဟီးးးးးးးးး သူများနဲ့ မတူအောင်ကျောကျည့်တာနော်…။ 😛

        • ရဲစည်

          August 2, 2012 at 11:26 pm

          ဗျိုးအူးနေဗျ..
          ခုခေတ်က အပ်ပဒိတ်ခေတ်လေ ၉ပါးလောက်နဲ့ ဆွဲစိလို့မရတော့လဲ ၁ဝပါး ၁၁ပါး အလျင်းသင့်သလို ခွဲထုတ်ပေးရတော့မှာပေါ့
          ဒါတောင် စာဖတ်ပီး ဒီပုဂ္ဂိုလ် ဖောနေဖွနေမှန်း သိသိနဲ့ ဘာမှ ပြန်မပြောရဲ ပြန်မပြောတတ်တဲ့ စာမျိုးဆို
          ကျလိ ကျလိ ရသမြောက်ကြောင်း ထပ်ဆင့်တိုးသင့်တယ်လို့ ထင်သဗျာ အဟီး :mrgreen:

        • Moe Z

          August 3, 2012 at 10:34 am

          ဒါဆို အူးဘုန်းကျော်ကြီး ရတော့မယ်ထင်တယ် :mrgreen:

  • အလင်းဆက်

    August 2, 2012 at 7:50 pm

    တားတားလည်း.ရေးတော့ရေးတယ်…သို့သော်………

    ရသ…မြောက်ဖူး…

    အဟိ ။

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:39 pm

    ရသစာပေတွေ ဂေဇက်ပေါ်မှာ အများကြီးဖတ်ရတော့မယ် .. ။ ဝမ်းသာလိုက်တာ။

  • Shar Thet Man

    August 3, 2012 at 9:56 am

    ဒါဆို ကျွန်မတို့ကရသစာပေရေးပြီး..မန်းဂဇက်မှာတင်ရုံလေးပဲလားရှင်..အဲတော့မှကိုရဲ
    စည်သူကရွေးမှာလားဟင်..ဘယ်လိုရွေးချယ်မှာလဲမသိဘူးနော်…ကိုယ်စာမူရွေးချယ်ခံရမခံရကိုလည်းဘယ်လိုသိခွင့်ရှိပါမလဲ..သိခွင့်ရှိရင်ပြောပါဦး။။

    • မွန်မွန်

      August 3, 2012 at 10:31 am

      ကိုယ်က ရသစာတစ်ပုဒ်ကို ရေးပြီး တင်လိုက်ပြီဆိုရင် yeexie.ys@gmail.com,
      sutiway@gmail.com, armorsann@gmail.com ကို ကိုယ့်လင့်ကို ပို့ပေးရမယ်… ဖတ်ကြည့်ပြီးတော့-
      (၁) စာလုံးရေ ၆၀ဝ အထက်ဖြစ်ရပါမယ်။
      (၂) ကိုယ်တိုင်ရေး ကိုယ်ပိုင် အတွေ့အကြုံ ကိုယ်ပိုင်ခံစားမှု ဖြစ်ရပါမယ်။
      (၃) စာတင်တဲ့ နေရာမှာ စာလုံးပေါင်း သတ်ပုံ စာပိုဒ်အခွဲအခြား သပ်ရပ်သေချာရပါမယ်။
      (၄) ကိုယ့်စာမူအပေါ် ထောက်ပြဝေဖန်မှု ရှိလာပါက ပြန်လှန်ရှင်းပြ ဆွေးနွေး နိူင်ရပါမယ်။

      အဲဒါတွေနဲ့ကိုက်ညီပြီး ရသတစ်ခုခုကို ပေးစွမ်းနိုင်တဲ့ ရသစာပေ ဆိုရင် ဆုပေးမယ်…

      အမီး နားလည်သလို ပြောလိုက်တာနော်… မဟုတ်ရင်လည်း ပြန်ပြောပေးပါဦး…. 🙂

  • ကြောင်ကြီး

    August 3, 2012 at 10:05 am

    အဲလို ရသစာပေကို အဓိပ္ပါယ်ဖွင့်ဂျေးဆို လူတွေ စိတ်ထ စိတ်ကြွ စိတ်ပွလာအောင် လုပ်ပေးတဲ့ အပြာစာပေကိုလည်း တရားဝင် လက်ခံစဉ်းစားပေးဖို့ အကြံပုပါတယ်။
    ရတနာဝင်းထိန်၏ စီနီယာတပည့်ဂျီး ရတနာကြောင်ထိန် 😎

  • manawphyulay

    August 3, 2012 at 11:07 am

    ရွာထဲမှာ စာပေအရေးကောင်းတဲ့သူတွေလည်း အများကြီးရှိနေတာပဲ… ဖိတ်ခေါ်စရာမလိုအောင်ကို ဝါသနာအရတွေ များတဲ့အတွက် မပို့လည်း ရွေးချယ်လို့လည်း ရတယ်မလား.. ပို့မှ ရွေးချင်တာလား..

    • ရဲစည်

      August 3, 2012 at 12:10 pm

      ဟုတ်မမနောဗျ မပို့လဲ ရပါတယ်ဗျ
      ကျနော်တို့တွေ
      တွေ့လို့
      ဖတ်ဖြစ်လို့
      ကျနော်တို့အတွက်
      အတုယူစရာကောင်းတဲ့
      အကြောင်းအရာရော အရေးအသားပါ ပြောင်မြောက်တဲ့ စာအရေးအသားမျိုးကို
      ဆုပေးတယ်ဆိုတာထက်
      ဂုဏ်ပြုချင်တာပါ

      တလက်စတည်း ဇူလိုင်လမှာ ပို့စ်ပေါင်းအနည်းဆုံး တမျက်နှာလျှင် ၂ဝနှုန်းနဲ့ ၄၄မျက်နှာဆိုတော့ ၈၈ဝရှိပါတယ်(မှားကောင်း များနိူင်ပါတယ်)
      ဒါကြောင့်မို့ အကူအညီတောင်းခံရခြင်း ဖြစ်ပါတယ်ဗျ

        • ရဲစည်

          August 3, 2012 at 12:47 pm

          မမွန်မွန်ခင်ဗျ
          ကဗျာက လောလောဆယ် မရွေးသေးဘူး ထင်ပါတယ်
          အဆင်ပြေရင်တော့ ရွေးချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကဗျာမပိုင်လို့ပါ
          ရွာထဲက ကဗျာဆြာတွေကိုတော့ လက်တို့ပါအုံးမယ်… ဒါပေသိ ရွေးသူရှိပီး
          ရေးသူမရှိပြန်ရင်လဲ မကောင်းပေဘူးခင်ဗျ…………………………………

  • Foreign Resident

    August 3, 2012 at 12:25 pm

    အင်း ဒီအတိုင်းဆိုရင် ၊
    လတစ်လမှာ အရမ်းကောင်းတဲ့ ရသစာပေ တပုဒ်ပါလာပြီး ၊
    ကရဲစည်တို့ရဲ့ ရသဆု နှင့် အဘတို့ဖက်က MG စာချစ်သူဆု ပါတွဲရသွားခဲ့ရင် ၊

    ကရဲစည်တို့ရဲ့ ရသဆု က တစ်ပုဒ် ၅၀၀ဝ ၊
    အဘတို့ဖက်က MG စာချစ်သူဆု က ၊
    အဘ ဆုချမှာ ၁၀၀၀ဝ ၊
    အဘဆွေ ဆုချမှာကလည်း ၁၀၀၀ဝ ပဲထားပါတော့ ၊
    အဘ တို့ဖက်က ရွေးချယ်ရေးအဖွဲ့ဝင်တွေက ၁၂ ယောက် x ၃၀၀ဝ = ၃၆၀၀ဝ ၊

    အဲဒီတော့ အဲဒီ စာရေးသူက ၆၀၀၀ဝ လောက် ရမယ့် သဘောရှိတာပေါ့ ။
    ဟင် ၊ မနဲဘူး ထင်တယ် ။
    သူကြီးရဲ့ Point တစ်သိန်း ပြည့်အောင် စောင့်စရာ မလိုတော့ဘူး ။

    ကဲ ရွာသူားတို့ရေ ၊ ကြိုးစားလိုက်ကြပါအုန်း ။

    • ရဲစည်

      August 3, 2012 at 12:44 pm

      ဟုတ်ကဲ့ ဦးFRခင်ဗျ
      မန်းဂေဇက်စာချစ်သူဆုမှာ ရသတပုဒ်များပါခဲ့ရင်ဘဲဖြစ်ဖြစ်
      မပါရင်တောင် ပွိုင့်၅၀၀ဝနဲ့ ငွေ၅၀၀ဝဘဲ လျော့မှာပါ 🙂
      ဆိုတော့
      အနော်တို့လဲသူများစာတွေဖတ် တက်ကနစ်တွေအတုခိုး သေချာအားထည့်ပီး ဝင်ရွေးဖို့ အားခဲနေကြောင်းပါ 😀
      ဒီကိစ္စမစခင်ကတည်းက လူကြီးတွေ ဝင်ပါပေးတော့မယ်ဆိုတာ ကြိုသိပါတယ်။ ဒီတော့ပါလာရင် ဒိထက်ပိုကောင်းပီး
      စနစ်ကျလာမှာမို့ မီးဒုတ်ရှို့လိုက်တဲ့သဘောပါ 🙂 ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်တာမို့ ကိုယ့်ကိုကိုယ် လိပ်ပြာလုံပါတယ်ဗျ

      ကျနော်တို့လဲ ကြိုးစားသွားမည် ဖြစ်ကြောင်း 🙂
      ဟိ ဟိ
      အကြံတွေ ပေါ်ကုန်ပီ :mrgreen:

    • Foreign Resident

      August 3, 2012 at 1:06 pm

      အဲ အဲ လွန်သွားလို့ ၊ ခွင့်လွှတ်ပါ ၊ တစ်ခုတော့ရှိတယ် ၊
      ဆုကို ဘယ်လိုပုံ နှင့် ပေးမလဲ အဘ မသိဘူး ။
      ပစ္စည်း လား ၊ ငွေသား လား ၊ နှစ်မျိုး ရောရာ လား ၊
      အဘ လည်း မသိဘူး ။

      • ရဲစည်

        August 3, 2012 at 1:24 pm

        မရဘူး ပြောပီး စလစ် နံပါတ်တစ်ပဲ
        ထိပ်ဆုံးလူကနေ စမဖောက်နဲ့
        ခုနက ဘက်စ်ကွန်းမင့်ပေးပြီး ထင်းထင်းကြီး လုပ်ထားမလို့
        ဦးဖော ကံကောင်းတယ်မှတ် :mrgreen: ဟီး… ဟီး

        စတာပါဂျ တန်ဖိုးဆိုတာ
        ဖြတ်ယူလို့မှ မရတာဘဲ
        အဟိ
        တန်ဘိုးဆိုလို့ ဟိုဆြာလေး ပို့စ်ဘက်က Buzz တွေ ဒီဘက်ကို ပျံလာဘီ လစ်မှ
        ဒီ…..ဒီ…..ဒီ

        • Liquid_Sn@ke

          August 3, 2012 at 1:28 pm

          Buzzဆိုလို့ပါ အပြင်ကိုရောမကြော်ငြာတော့ဘူးလားမေးချင်နေတာ
          လိုအပ်ရင်ပြော ဖွဘုတ်ပေါ်တင်ဖွပေးမယ် ဟီဟိ

        • Foreign Resident

          August 3, 2012 at 1:36 pm

          ” မရဘူး ပြောပီး စလစ် နံပါတ်တစ်ပဲ ”
          ကို ရဲစည် ရဲ့ ။
          ငွေ Amount က မပြောင်းနိုင်ပါဘူး ၊
          ဘယ်လို ပုံစံနှင့် ပေးမယ်သာ နဲနဲ ကွဲလွဲမှာပါ ။

Leave a Reply