*** ချစ်ခြင်းရဲ့ … ကောင်းကင် ***
တိတ်တဆိတ် ခြေသံဖော့ဖော့ နဲ ့ …
နှလုံးသားသော့ ကို ရိုက်ချိုး
နတ်ဆိုးတစ်ကာင်လို … ရင်ခုန်သံကို
ခိုးယူ သွားပေါ့ ….၊
အိပ်မက်ထဲကို … ကျူးကျော် နယ်ချဲ ့
စိတ်ကူးပုံရိပ်တိုင်း မှာ …. ကိုယ်ထင်ပြ
အဲဒီက …….. စပြီး
ငါ့ … အချိန် ဇယားမှာ ….
မင်း …. အာဏာရ လာခဲ့တာလေ ….၊
ကျောက်ချထားတဲ ့ …. ကြိုးကိုမှ
တည့်တည့် ကြီး ဝင်တိုးခဲ့တော့ ….
ယိမ်းထိုး ခါရမ်း လို ့နေ ……………..ပေါ့
သံယောဇဉ် ရဲ့ .. ရေအလျင် မှာ
ပဲ့ကိုင်ရှင် ဟာ …. …………
ချစ်ခြင်း ရဲ့ရာဇဝင် ကို …. မှတ်တမ်းတင်ဖို ့
ခရီးစဉ် … ရေးဆွဲနေ ပေါ့ ….၊
မုန်တိုင်းအရိုင်းအစိုင်း တွေ ရဲ့ …
ငါ့ အလွမ်းတွေကို ….. သယ် သွားစမ်းပါ
နှလုံးခုန်သံ …. စည်းချက်မြန်မြန် နဲ ့ …
မာယာ ပင်လယ်ကို …. ကျော်ဖြတ်ပြီးရင်
သာယာ ယစ်မူးချင်စရာ …
ချစ်သူ ့မျက်နှာလေး … လို
ကြည်လင် ကောင်းကင်မှာ …
ရင်ခုန်သံ ကို ….ဖြိုချ လိုက်ချင်ရဲ့ …။။။။
3 comments
မဟာရာဇာ အံစာတုံး
August 3, 2012 at 4:15 pm
ကဗျာ စာသားတွေက
ကောင်းတယ်ဗျာ …
အစအဆုံး အကုန်လုံးပဲ ..
အားပေးသွားတယ်ဗျို့ …
maung khinmin
August 3, 2012 at 4:34 pm
ကျေးဇူးအထူးပါ ….
ဆြာ …. အံစာ
အတိသဌ္ဇနာဂရ
August 3, 2012 at 8:48 pm
ချစ်ခြင်းရာဇဝင် ခရီးစဉ်က ဘယ်သို ့နည်း။