ကျွန်တော် ငှားကြည့်ဖြစ်ခဲ့တဲ့ နောက်ကြည့်မှန် တစ်ချပ်…………
ကျွန်တော် ငှားကြည့်ဖြစ်ခဲ့တဲ့ နောက်ကြည့်မှန် တစ်ချပ်…………
ဝါဆိုလပြည့် နေ့က တစ်နေကုန်အားနေတာနဲ့ ပျင်းပျင်းရှိ အငတာနက်ဆိုင်မှာပဲ အချိန်ကုန်သွားတယ်…။ ဟာ…ဗျာ ချက်တင်ထိုင်ဖို့ နေနေသာသာ ဂျီတော့ တောင်မပွင့်လို့ရယ်…..။ မေးလ်တော့ ဟိုလှည့်ဒီလှည့်နဲ့ ဖွင့်လို့ရတယ်…။ ဒါနဲ့ သစ်ထူးလွင်ထဲ သွားပြီးစာဖတ်…။ အဲဒိကနေ လင့် တစ်ချိုကိုထောက်ပြီး ဟိုမွှေ ဒီနှောက်နဲ့ ဒီမိုဝေယံ ထဲ ရောက်သွားပါရောလား…။ အဲဒိမှာ စာအုပ်တွေ တင်ထားတဲ့ နေရာကို ဖွင့်ကြည့်လိုက်တော့ လားလား………။ နယ်မှာ ဝယ်ဖို့ မပြောနဲ့ ရန်ကုန်မှာတောင်တောင်မှ နာရီပိုင်းအတွင်းကုန်သွားတယ်ဆိုတဲ့ ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ကို သွားတွေ့တယ်…။ ဒါနဲ့ ဒေါင်းလောဒ် ဆွဲယူလိုက်တယ်…။ ဒီပြင် ကောင်းနိုးရာရာ တွေ ကိုပါ တစ်လက် စထဲ ဆွဲပစ်လိုက်မိတယ်…။ ပြိးတော့မှ သွားသတိရတာက ဗမာ ပြည်ရဲ့ ကော်နက်ရှင် ….။ အဲဒိတော့မှ တော်လောက်ပြီဆိုပြီး ဘရိတ်အုပ်လိုက်မိတယ်..။ အဲဒါဆွဲနေရင်း ဟို ရောက်ဒီရောက်ပေါ့………..။ စာအုပ်လေးငါးအုပ်လောက် တစ်ပြိုင်နက် ဆွဲမိရက်သား ဖြစ်နေတော့ ဒါလေးမင်ပြီး ဟိုစာလေးဖွက်ဖတ်လိုက် ဒီစာလေးဖွင့်ဖတ်လိုက်….။ သိမ်းထားတဲ့ PDF စာအုပ်တွေ နေရာစီလိုက်နဲ့ ………..။
နောက်ကြည့်မှန် တဲ့…။ ဒီနာမယ်နဲ့ စာရေးတဲ့ ကိုမင်းကိုနိုင် အကြောင်းတွေးမိတော့ အတွေးတွေက ဟိုးးး ….တော်တော်ဝေးတဲ့ ကာလ တစ်ခုဆီကို ရောက်မှန်းမသိ ရောက်သွားရတယ်…။ ဟုတ်တယ် အဲဒိတုန်းက ဂျာမန် ကဗျာဆရာ ဗားရော့ဗရက် ပြောခဲ့သလို အမှောင်ခေတ်တစ်ခုပေပဲ…။ ကိုယ်တွေ ဖြတ်သန်းလာခဲ့ရတာပေါ့…။
“ တို့ခေတ်က မှောင်မိုက်လွန်းလို့
သိပ်ချစ်ရတဲ့ ချစ်သူကိုတောင်မှ
သံသယ စိတ်နဲ့ တစ်ဝက်ပဲ ချစ်နိုင်ခဲ့တယ်”
ဆိုတဲ့ ဗရက် ရဲ့ ကဗျာလိုပါပဲ…။ ဒီကဗျာလေးကိုတောင် ရဲရတြင်းတင်း ရွတ်ရဲတာမဟုတ်ပါဘူး…။ လာဆွဲစိမှာကြောက်လို့လေ…။ အဲဒိလိုခေတ်ကာလ တစ်ခုကို ဖြတ်သန်းခဲ့ရတာဆိုတော့ ကိုမင်း ပြောချင်တဲ့ နောက်ကြည့်မှန်ဆိုတာဘာလဲ စိတ်ဝင်စားပါတယ်…။ စာအုပ်အငှားဆိုင်မှာ တင်ထားပေမဲ့ လက်မလည်တာကြောင့် အွန်လိုင်းပေါ်မှာတွေ့တုန်း ဖတ်လိုက်မဟဲ့ ဆိုတဲ့ စိတ်နဲ့ ဒီဒေါင်းလောဒ် မကျ မချင်း ငါသည် ဤနေရာမှမထတော့ပြီဟူ၍………….။
သုံးနာရီ နီးပါးကြာတော့မှ…. ဒေါင်းလောဒ်ကျလာတယ်…။ ကျန်တာတွေ အသာထားပြီး စာအုပ်ကိုပဲ အငမ်းမရဖွင့်ဖတ်ကြည့်မိတယ်…။
“ အင်း အရေး အသားက လေးက မဆိုးဘူးဟ”
“ အော်…. တောသူတောင်သားတွေရဲ့ အသုံးအနှုန်းလေးတွေ နဲ့ ခပ်ရျွှင် ရွှင်လေးရေးထားတာပဲ…”
စာအုပ်ကို ဖတ်နေရင်း နဲ့ စိတ်ထဲမှာပေါ်လာတာလေးပါ…။ စာအုပ်ကိုဝေဖန်နေခြင်းမဟုတ်ရပါ…။ ဒီလောက် အရှိန်အဝါကြီး တဲ့စာအုပ်ကို ဝေဖန်ခြင်းငှာ နေဝန်းနီ နဲ့လည်း လားလားမထိုက်ရပါ…။ ဒါပေမဲ့ မဖတ်ရသေးသူတွေ ဖတ်ချင်လာအောင်တော့ နဲနဲလောက် လျှာရှည်ပါရစေ….။
စာအုပ်ထဲကဇာတ်ကောင်ပေါ့နော်…။ နေဝန်းနီ သတိထားမိတာ တောဘူတာလေးက ရုံပိုင်သမီး ညို ဆိုတဲ့ ကောင်မလေးရယ်….။ ကိုဖေသောင်းဆိုတဲ့ (နေဝန်းနီ စိတ်ထဲမှာတော့ အဲဒါ ကိုမင်းကိုနိုင် ကိုယ်တိုင်ပါပဲ) ဇာတ်လိုက်ရယ်…။ တက္ကသိုလ် ကျောင်သူ မခင်အေးရယ်က အဓိကပဲ….။ ဇာတ်လမ်းအရ ရေးသွားတဲ့ပုံကတော့ တော်တော်လေးသဘာဝကျ ပြီး စွဲဆောင်သွားလိုက်တာ…….။ အဲ ……….။ ကိုဖေသောင်းက ရန်ကုန်ကိုပြန်သွား ……….။ (ကျောင်းတွေက ခဏ ပြန်ဖွင့်ပြီလေ…) ရန်ကုန်မှာ ရုတ်ရုတ်… ရုတ်ရုတ်ဖြစ် ညို ဆိုတဲ့ ကောင်မလေး ကရန်ကုန်လိုက်သွား….။ မခင်အေးနဲ့တွေ့…။ ကိုဖေသောင်းကိုလိုက်ရှာ ….။ ဟိုမှာက ဟောပြောပွဲလုပ်နေတဲ့ ရောမှာတွေ့ …။ မခင်အေးကခေါ်ပေမဲ့ ကိုဖေသောင်ခမျာ မလိုက်နိုင် နေပူမှာစိုးလို့ ဦးထုပ်လေးပေးပြီး အရေးတစ်ကြီး ကိစ္စ နဲ့ ကားပေါ်ပါသွား ….။ မခင်အေးပြောလိုက်တဲ့ စကားက
ရော့………..ဒီမှာ နှလုံးသားမရှိတံ့သူရဲ့ ကြင်နာမှု
နေပူထဲ ဖြတ်လာရ၍ မခင်အေး မျက်နှာ နီမြန်းလျှက် လက်ထဲပါလာသော ဦးထုပ်ကိ ုညို့ထံ ပေးသည်….။ ဖေသောင်းဆောင်းနေကြဖြစ်၍ ညိုမှတ်မိပြီး အငမ်းမရ လှမ်းယူလိုက်သည် တွင် ရင်ထဲနေါးထွေးစွာ ခံစားလိုက်ရသည်…။
သူမလာဘူးလား မမအေး
သူလား … အေး နောက်ကြည့်မှန်မပါတဲ့ ကားတစ်စီးပေါ်ပါသွားတယ်…..။
ခပ်ဆတ်ဆတ်နိုင်လှသော ညို မေးခွန်းပြန်မထုတ်ဝံ့ …။ ဥိးထုပ် ဖြူကိုသာ ရင်ဝယ်ပိုက်၍ တရားပွဲဘက် အာရုံပို့ကြည့်သော်လည်းမရ….။
တစ်နေရာမျာလည်း….။
မခင်အေး ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းမျှော်ကြည့်ရင်း လူပိုစည်ကားလာသဖြင့် အနားသို့ကပ်ပြီးဖေသောင်းကိုတွေ့အောင်ရှာရသည်…။
တော်ပြီဗျာ ဇာတ်လမ်းဖတ်ရင်းနဲ့ စာနာစိတ်လား…။ ဝမ်းနည်းစိတ်လား ဝင်ပြီနော်…။ မျက်ရည်ဝိုင်းသွားလို့ပါ…။ ခေတ်ကို အတူတူ ဖြတ်သန်းခဲ့တာလေ…။ တော်ကြာ အချောင်ဝင်ကြော်ငြာတယ် အပြောခံရဦးမယ်…။ စာအုပ်ဖတ်ပြီးတော့ နေဝန်းနီ ရလိုက်တဲ့မက်ဆေ့ကတော့ “ ကိုယ်ဖြတ်သန်းရာ နောက်မှာ ကျန်နေခဲ့တာတွေကြည့်နိုင်မြင်နိုင်ဖို့ နောက်ကြည့်မှန်တစ်ချပ်လိုပါတယ်” တွေးလိုက်မိပါတယ်…။ ဇာတ်လမ်းကိုခံစားရတာထက် စာရေးသူပေးချင်တာ ဟုတ်မဟုတ်တော့ မသိ ကိုယ်ရလိုက်တဲ့ အတွေးတစ်ခု ရင်မှာအောင်းသွားတယ်ဆိုရင် စာဖတ်ရတဲ့ အချိန်တွေ တန်တယ်လို့ သုံးသတ်မိပါတယ်…။
တစ်ကယ်တော့ နေဝန်းနီမှာလည်းနောက်ကြည့်မှန်မရှိပါ…။ လိုအပ်သည် လို့လည်း မတွေးခဲ့မိရိုးအမှန်ပါ…။ ကိုမင်းကိုနိုင်ရဲ့ စာအုပ် ဖတ်ပြီးတော့ မှရတဲ့ အတွေးဖြစ်ပါသောကြောင့် “ ကျွန်တော်ငှားကြည့်ဖြစ်ခဲ့တဲ့ နောက်ကြည့်မှန်တစ်ချပ်”လို့ အချိန်ရရင် စာတန်းထိုးလိုက်ပါရစေတော့………….။
နေဝန်းနီ
11 comments
nozomi
August 5, 2012 at 10:38 pm
သတင်းကြားပြီး ဖတ်ချင်နေတာ
ကိုနီးကြီး ညွှန်းတော့ ပိုဖတ်ချင်သွားပြီ
လင့်လေး ပေးပါလားဗျာ
marblecommet
August 5, 2012 at 10:42 pm
ဘိုနေရေ့
ကျွန်တော်တို့ဟာ နောက်ကြည့်မှန်ကို
ကြည့်ပြီးမှ အနာဂတ်ကို မှန်မှန်ကန်ကန်
ရှေ့ဆက်ခရီးနှင်နိုင်မှာပါ……
ဒါပေမဲ့ ရှေ့ကိုပဲကြည့်ပြီး နောက်ကို ပြန်မကြည့်ခဲ့လို့
အလဲလဲအပြိုပြိုဖြစ်ခဲ့ရပေါင်းလည်း များပေါ့ဗျာ…
အခုတော့ ဘိုနေရဲ့ ပို့(စ်)လေးကနေပဲ
နောက်ကြည့်မှန်ကို ပြန်ကြည့်တဲ့ အကျင့်လေးကို
ပြန်လည်မွေးမြူဆင်ခြင်ဖို့ ပိုင်းဖြတ်မိသွားပါရဲ့ဗျာ
………ကိုပေါ်ဦးစာအုပ်တော့ ဝယ်သိမ်းလိုက်တော့မယ်ဗျာ
လောလောဆယ်တော့ စာအုပ်ဆိုင်ဘက် မလှည့်နိုင်သေးဘူးဗျို့..
ခင်တဲ့..
မောင်ကမ်း….
padonmar
August 5, 2012 at 10:53 pm
ဝယ်ပြီး အားပေးထားပါကြောင်း
Foreign Resident
August 6, 2012 at 6:53 am
ကိုမင်းကိုနိုင် ရဲ့ နောက်ကြည့်မှန် ဝထ္ထုရှည် Link ပါ ။
မူရင်းကို ဝယ်ဖတ်လို့ အဆင်ပြေရင် မူရင်းကိုပဲ အားပေးစေချင်ပါတယ် ။
—http://www.mediafire.com/?2yzicwvzetq—
အတိသဌ္ဇနာဂရ
August 7, 2012 at 8:54 am
ကျနော့်ပို ့စ်မှာ ့တုန်းက စာအုပ်ကို လက်နဲ ့ကိုင်ဖတ်ရမှာ မဖတ်ဘူးတာကြာပြီဆို
တဲ့ မမအိတုံအတွက် အတော်ဘဲပေါ့ အဘရေ။
marblecommet
August 6, 2012 at 10:20 am
ဟုတ်ပါတယ် အဘရယ်…..
အင်တာနက်မှာ ဖတ်လို့ ရသည့်တိုင်အောင်
စာအုပ်အဖြစ်ဝယ်ယူစုဆောင်းရတာက
ပိုပြီးအရသာရှိပါတယ်ဗျ……
ချစ်ရင်ထူး II
August 6, 2012 at 10:39 am
ကျေးဇူးတင်ပါတယ် .. ဒေါင်းသွားပါတယ် … သတင်းတော့ကြားတာကြာပါပြီ မဖတ်ဖြစ်သေးတာ ရယ်…
အဘ ပြောတဲ့လင့်က အရမ်းတော့ မကြာပါဘူး ဒေါင်းရတာ ..
ခေတ် လုလင်
August 6, 2012 at 1:46 pm
ကိုနေရေ အမြည်းပေးဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
အခုပဲ စာအုပ်ဆိုင်မှာသွားဝယ်ပါတော့မယ်။
ဝယ်ယူဖို့ သတိပေးတဲ့ အဘဖောကိုလည်း ကျေးဇူးတင်ပါတယ်။
cherry nwe
August 6, 2012 at 1:47 pm
ကျေးဇူးတင်ပါတယ်
shwe kyi
August 6, 2012 at 4:15 pm
အမြည်းဖတ်ပြီးမဖြစ်မနေဝယ်ရမယ့်စာရင်းထည့်ထားလိုက်ပြီ။
လကုန်မှဝယ်နိုင်မယ်ထင်တယ် 🙂
metallic
August 6, 2012 at 8:50 pm
မဒေါင်းတော့ဘူး
အခွင့်သာတဲ့တနေ့ကျမှ
စာအုပ်ဝယ်ဖတ်တော့မယ်
ကျေးဇူးပါ