Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်တို့ရဲ့ သီးသန့်ဖြစ်တည်မှု

ムラカミAugust 8, 20122min82540

 

တခါတခါ ဂွကျတယ် ….ခည …

ကျနော်တို့ ရဲ့ မျိုးရိုး နာမည် မရှိမှု က …။

တရုတ်မှာလည်း ရှိတယ်… ကိုရီးယား ဂျပန်မှာလည်း ရှိတယ်..။

အနောက်တိုင်းမှာလည်း ရှိတယ် ဆိုတော့ကာ …။

ပြောရရင် ..ဥပမာ .. David Beckham ဗျာ..။

လူနာမည် David မျိုးရိုးနာမည် Beckham ဆိုပါတော့ …။

ယဉ်ကျေးမှုအရ .. ရင်းနှီးမှု မရှိရင် ..(ဝါ) ကာယကံရှင်

ခွင့်ပြုချက် မရရင် .. Mr.Beckham ပေါ့ … အဲ ..

ဘော်ဒါဘော်ကျွတ် ဖြစ်ပြီ ဆိုရင်တော့ ..ဟိတ်ကောင် David

ခေါ်ခွင့်ရှိရဲ့ ဆိုပါတော့ … ။ ထားပါတော့ … သူများအကြောင်း..

ကျုပ်တို့မှာက အဲ့လို မရှိလေတော့ … ဂွ အတော်ကျသဗျို့…။

website တွေမှာ ဖြည့်စရာ တစုံတရာ .. registerလုပ်တဲ့အခါ

ဖြည့်စရာ အကွက်တွေ ကြုံဖူးမှာပေါ့ ….။ အဲ့သည့်မှာ

First Name , Last Name  ဆိုပြီး ၂ကွက် ပါတာ တွေ့ဖူးကြပါလိမ့်မယ်။

တချို့များ Middle ရှိရင် ဖြည့်ရအောင် Middle Name

အတွက် အကွက်တောင် ပါလိုက်သေး …။

အဲ့မှာ ပြဿနာက စတက်တာပဲ … မြန်မာလူမျိုး ဘယ်သူမဆို

နာမည်ကို ၂ပိုင်းပိုင်းဖို့ ဖြစ်လာတော့တာရယ်….။

ကျုပ်တို့လူမျိုး နာမည်ဆိုတာလည်း အတော်ရှုပ်သကိုး …

ပြောရရင် သည်လို …ဟိုနာမည်ကြီးမင်းသား ဒွီး ..လိုမျိုး

နာမည် ၁လုံးတည်း …လည်းဖြစ်ချင်ဖြစ်မယ်.. ချောကလျာစန္ဒာဒေဝီတင့်

ဆိုတာမျိုး မဟားဒယား ရှည် ချင်လည်း ရှည်မယ်

အဲ့ဒါဂျီးတွေကို ဘယ်လို ၂ခြမ်းခွဲမလဲ ဆိုတာ အလွန် ခေါင်းရှုပ်

စရာကောင်းတဲ့အချက် ဖြစ်နေပြန်တော့တယ်…။

အထက်က ဥပမာ Beckham ဆိုတဲ့ မျိုးရိုးနာမည် ဆိုရင်

ကျုပ်တို့ ဘာသာနဲ့ အသံထွက်ပေါင်းတဲ့အခါ …ဘက်ခမ်း ဆိုပီး

စာလုံး ၂လုံး ကွဲပေမယ့် … ဘက် ၁လုံး ခမ်း ၁လုံး ၂လုံးခွဲစရာ

မလို…။ မျိုးရိုးနာမည် မို့ ..ဘယ်နှလုံးရှိရှိ…၁ကွက်စာ (၁လုံးစာ)

ပဲ သတ်မှတ်တယ်…။ ဟို ကာယဗလမောင်ကြီး နာမည် ရွဝါဇနဂ္ဂါ

လို ရှည်လျား ထွေပြားလည်း ..၁လုံးစာ(တကွက်စာ) နဲ့ ကိစ္စပြတ်

ရဲ့ …။ သည်လိုပဲ …ဝါတနဘဲ့ လည်း ၁ကွက် ..မူရမတ်စု လည်း

၁ကွက်ပဲ ….ကဲ ဒါဆို ကျုပ်တို့ ရော ..။

သချင်္ာဝင့်ကျော် လေး နဲ့ပဲ ဥပမာပေးရရင် …။

First အကွက်မှာ သချင်္ာ ..Lastအကွက်မှာ ဝင့်ကျော် .. ဂလိုလား..

အင်း … ဟို နဝင်းကျေတဲ့ မေးစေ့ အကွဲလေး ဆိုရင်

သူ့နာမည် လှလှလေး ဘယ်လို ခွဲဖြည့်မလဲ သိချင်စမ်းပါဘိ…။

ဒါတွေ ပြောနေတာ … ပြောင်ချင် နောက်ချင်စိတ်နဲ့ ပြောနေတာမဟုတ်သလို

ကိုယ့်လူမျိုးကိုယ် ဆန့်ကျင် ကန့်ကွက် ရှုံ့ချ ချင်လို့လည်း မဟုတ်ဘူး ဆိုတာ

ပြောပါရစေ …။ တကယ် တမ်း ကျနော်တို့ ..ဂွကျရလို့ ဖြစ်ပါတယ်….။

နောက်ထပ် ထပ်မံ ဂွကျတာတွေ …ရှိသေးတယ်.. ပါ့စ်ပို့ လုပ်တဲ့အခါ..

မှတ်ပုံတင်တို့ ..ကားလိုင်စင်တို့ လုပ်တဲ့အခါတွေများ ပြောပါတယ်..။

အဖေနာမည်.. (တခါတခါ အမေနာမည်) တွေကို … ဦးဘယ်သူဘယ်ဝါ

U Bal Thu Bal Wah ၊ ဒေါ် ဘယ်သူဘယ်ဝါ Daw Bal Thu Bal Wah ဆိုပီး

ဖြည့်သွင်းလေ့ရှိဖူးရဲ့ …။

အထက်က ပြောခဲ့တဲ့ မျိုးရိုး နာမည်နဲ့ ထောက်ချင့်တဲ့အခါ. … ဦး(U) နဲ့

ဒေါ်(Daw) ကပဲ ကိုယ့်မိဘရဲ့ မျိုးရိုးနာမည် ပဲ ဖြစ်နေ သလိုလို …။

အဲ …နိုင်ငံခြားသားက အဲ့လိုထင်ပြီး မြင်ပြီး ..မင်းမိဘ မျိုးရိုးနာမည်ကို

မင်း က ဘာလို့ မယူသလဲ မေးရင် …ဘယ်လို ဖြေရကောင်းပါလိမ့် …။

ဖင်ကုတ် ခေါင်းကုတ် ဖြစ်သွားတဲ့ မြန်မာတွေ တပုံကြီး မြင်ဖူးလေရဲ့ …။

နည်းနည်း အတွေ့အကြုံရှိ၊ ဘာသာစကား ကျွမ်း ..ဒါမှမဟုတ်လို့ ..

နည်းနည်း လူရည်လည်တဲ့ ..ရွှေများ ဆိုရင်ဖြင့် … ..

ဟာ မဟုတ်ဘူး ..ဒါဟာ honourable အနေနဲ့ ဂုဏ်ပြု တပ်ဆင်ထားတာ..

လို့ ဖြေရှင်းမယ် ထင်ရဲ့ ….။

နိုင်ငံခြားသားစိတ်ထဲမှာတော့ … ငါ ဖောင်ဖြည့်ရင် ..ငါ့အဖေနာမည် ကို

Mr. BlahBlah Beckham လို့တော့ Mr. ကြီးခံပြီး မဖြည့်ပါဘူးကွာ …။

နာမည် ကို နာမည်အတိုင်း ဖြည့်လေ့ ရှိပါတယ် …

မင်းတို့ အတော် ဖင်ခေါင်းကျယ်သကိုး ..ဆိုပြီး ထင်သွား မှတ်သွားမှာ

အတော်လေး စိတ်ပူစရာ ကောင်းတော့သကိုး …။

 

အဲ့သည့် အရေတွေ ကြိုမြင်လို့ … ပြည်တွင်းမှာတော့ …ပြည်တွင်း ကာလချာ

အတိုင်း မိဘ နာမည်တွေကို ဦးတွေ ဒေါ်တွေ ထည့်ဖြည့်သွင်းခဲ့ဖူးပြီး ..

နိုင်ငံရပ်ခြား ဒါမှမဟုတ် အွန်လိုင်း ဖောင်တွေ ဖြည့်တဲ့အခါ ..ဦးတွေ ဒေါ်တွေ

ဖြုတ်ပြီး ကိုယ့်မိဘ နာမည်ဖြည့်တဲ့အခါ… စိတ်မသန့် သလိုလည်း

ဖြစ်ရရဲ့… အဲ .. ပါ့စပိုတ့်လိုမျိုး နိုင်ငံရပ်ခြား နေထိုင်တဲ့အခါ မရှိမဖြစ် အရေးပါတဲ့

ကိုယ်ဘယ်သူဘယ်ဝါ ဆိုတာ ထောက်ခံပြသပေးတဲ့ စာရွက်စာတမ်းမျိုးနဲ့

တိုက်ဆိုင်စစ်ဆေးတဲ့အခါ …U ပြုတ်နေလို့ …ကိုယ်ကပဲ ညာသလိုလို..

မဟုတ်မမှန်သလို ဖြစ်လို ဖြစ်ရဲ့ ..ကဲ မခက်ဘူးလား ..။

နောက်တခုကတော့ … အရှေ့တိုင်း နဲ့ အနောက်တိုင်း ..

မျိုးရိုး နာမည် နဲ့ ..ကိုယ်ပိုင်နာမည်ကို ရှေ့နောက် စီတာ မတူညီတဲ့ကိစ္စပါပဲ …

အရှေ့တိုင်းက မျိုးရိုးကို ရှေ့မှာ ထားလေ့ရှိတယ်… နာမည်ရင်းကနောက်မှာ

ဆိုပါတော့ …

姓・名ဆိုပါတော့ ..ဥပမာဗျာ နာမည်ကျော်မင်းသား

木村 拓哉 ဆိုပါတော့ ရေးထားတဲ့အတိုင်း ဖတ်ရင်တော့ kimura takuya

ပေါ့ ..အဲ … သူ့နာမည်ကို အင်္ဂလိပ်လို ရေးတဲ့အခါ ..သည်လိုရေးခွင့်မရှိဘူး..။

အနောက်တိုင်းရဲ့ နာမည်ပေး စနစ်က 名・姓 ဖြစ်လေတော့ ..

(David-ကိုယ်ပိုင်နာမည် ဖြစ်ပြီး Beckham-မျိုးရိုးနာမည် ဖြစ်လေတော့) Takuya Kimura

လို့ ရေးမှမှန်တယ်…။ ဆိုတော့ … မန်ချက်စတာယူနိုက်တက် မှာ ကစားခဲ့တဲ့

တောင်ကိုယ်ရီးယား တောင်ပံကစားသမားဟာ နာမည်အမှန် ဖတ်ရင်

Park Ji-Sung ဖြစ်ပေမယ့် ကျောနာမည် ရေးတဲ့အခါ Ji-Sung Park (J.S.Park)

လို့ အရေးခံရတာဖြစ်ပါတယ်..

သူတို့ (တရုတ်-ကိုရီးယား-ဂျပန်) လို မျိုးရိုးနာမည် နဲ့ ကိုယ်ပိုင်နာမည်လည်းရှိ..

အနောက်တိုင်းက သည်လို ဇောက်ထိုး ရေးမှာလည်း သိတော့ ..သိပ် ပြဿနာ

မရှိပေမယ့် … ကျုပ်တို့ မှာတော့ဗျာ …။ ရှိရင်းစွဲ နာမည် ကိုလည်း …

၂ခြမ်းခွဲရဦးမယ် ..ဇောက်ထိုးလည်း အစီခံရဦးမယ်ဆိုတော့ … သာလို့ ..

ခွမကျပေဘူးလား …။ ရင်းနှီးတဲ့ လူတွေနဲ့ ဥပမာ ပေးရရင် …

(ကို) အမတ်မင်း ဟာ .. မင်း- အမတ် ဖြစ်သွားသလို (ကို) ကြောင်ဝတုတ် ဟာ

ဝတုတ်-ကြောင် ဖြစ်သွားနိုင်ပြီး .. (ကို)ဘလက်ချောဟာ ..ချော-ဘလက်

ဖြစ်သွားမှာ ဖြစ်တယ်. …။ အင်း ခွတော့ ကျလေရဲ့ ….။ တချို့.. web form

တွေ တွေ့ဖူးတယ်.. သည်လို လေးတွေ

First Name (Read Last) Last Name(Read First) လို့ ရေးထားတတ်တာလေး

ဆိုတော့ .. ဥပမာ ပေးရရင် .. ဝတ်မှုံငွေချည် ဟာ သူ့နာမည် အမှန်အတိုင်း

အခေါ်ခံရဖို့ .. ၁။ နာမည်ကို ၂ခြမ်းခွဲရမယ် (ဝတ်မှုံ + ငွေချည်) ဆိုပါတော့ …

အဲ..အစီအစဉ် အမှန်အတိုင်း အခေါ်ခံရဖို့ ..၂။ ငွေချည် – ဝတ်မှုံ ဆိုပြီး

ဇောက်ထိုး ဖြည့်ရမယ်…။ ကောင်းရော …။ဂွကျချက်များ အဲ့သလိုလေး…တွေ..။

ကျန်သေးတာလေး ထပ်ဖြည့်ရရင် ..အပေါ်က ရေးဖော် အစ်ကိုတွေကို

အသက်အရွယ်အရ (ကို) တပ်ခေါ်ထားတာလေး နဲ့ ပါတ်သတ်လို့ပါ …။

ကျနော်တို့ တွေ ..ပျမ်းမျှ အားဖြင့် .. အသက် ၃ဝအောက်လောက်ဆို

နာမည်ရှည့်မှာ မောင် တပ်ခေါ် တပ်ရေး လေ့ရှိတယ်.. ယောက်ျားလေးဆို …

ပြောပါတယ်… ၃ဝကျော်ရင် ကို တပ်တယ် ..၄ဝကျော်ရင် ဦး ဆိုပါတော့ ..

(အသက်အရွယ် အခြေအနေ အဆင့်အတန်း ရာထူး နေရာဌာန လိုက်လို့

ကွာတာတော့ ရှိမယ်ပေါ့ဗျာ…) ကန်ပနီပိုင်ရှင် သူဌေး ဆိုရင်တော့ ..အသက် ၃၀

စွန်းရုံ ရှိရင်ရှိ …ဦး တပ်ပစ်ကြသကိုး … အဲ … မင်္ဂလာဆောင် ဖိတ်စာ ကြော်ငြာ

မျိုးဆိုရင်တော့ ..၄ဝကျော် ပစေဦး ..မောင် ဘယ်သူ ဆိုပီး ရေးရဲ့ …(အဟတ်..)

နာရေး ဖြစ်ရင်တော့ … အမှန်တွေ ၂ဝကျော်- မောင် ၊ ၃ဝကျော်-ကို …၊

၄ဝကျော်-ဦး ဆိုပြီး..ပေါ်တတ်တယ်…

ဒါတောင် ကာယကံရှင် ဆုံးမှနော… သာထိန်း ဆိုရင် အနှီ သာထိန်း ရဲ့ မိဘ၊

ယောက္ခမ စလို့ ခယ်မ ဆုံးတာကအစ ..သာထိန်း ရဲ့

ဂုဏ်ကိုလိုက်ပြီး အသက် ထည့်မတွက်ကြေး .. ဦး တော့တာပါပဲ.. (တရားကျစရာ..)

ထားပါတော့ အဓိကပြောချင်တာက ..မှတ်ပုံတင် တို့ ပါ့စပိုတ့်တို့မှာများ..

ကိုယ့်နာမည်ကိုယ် ကွန့်ပြီး သော်လည်းကောင်း .. အလွန်အင်မတန် ယဉ်ကျေးတဲ့

သာကီနွယ် မို့လို့ သော်လည်းကောင်း ..မသိလိုက်မသိဘာသာ သော်လည်းကောင်း

မောင်- တို့ .. မ- တို့များ တပ်လိုက်မိလို့ကတော့ …(နိုင်ငံခြား ထွက်ရင်)

နောက်ပိုင်း တသက်လုံး ကြုံဖွယ်ရှိတဲ့ .. နိုင်ငံခြားသား ကတ် တို့ ..အမြဲတမ်း

နေထိုင်ခွင့်ကတ် တို့ ဝန်ထမ်းကတ် စသည်တို့ မှာ ပုံစံတူ ဖြည့်ဖို့ သာ ပြင်ပေတော့..

တခုခုများ ချော်လို့ကတော့ ..နိုင်ငံခြား လဝက မှာ ကောင်းကောင်း အရစ်ခံဖို့

ပြင်ထား လို့ ..အားပေးချင်ရဲ့ …။ အဲ ..ကျန်တာတွေ အကုန်တူပါရဲ့ … ဗစ်ဇင်းတင်း

ကတ်ကျမှ မောင်-တွေ မ-တွေ ဖြုတ်ခဲ့မိလို့ ..(ကိုယ့်ကတ်တွေနဲ့ကိုယ် ဂွကျရတဲ့

ကိုကို-မမ တွေလည်း မနည်းပါကြောင်း..) .. အဲ့သည့်ထက် ဆိုးတာက …

အရည်အချင်း အသိအမှတ်ပြု စာမေးပွဲတွေ စာတီဖီကိတ် အောင်လက်မှတ်တွေ

စတာတွေမှာ အနှီ မောင်-တွေ မ-တွေ မဖြည့်ခဲ့မိ မတပ်ခဲ့မိလို့ …(ပါ့စ်ပိုတ့်မှာတော့

တပ်ပြီး) … ငါဟာငါမဟုတ် ..သလို ဖြစ်တာတွေလည်း ဒုနဲ့ ဒေး ..

ဘာမှမဟုတ် တာလေး …အသေးအဖွဲလေး ဆိုပြီး ပေါ့တတ် လျော့တတ်ကြလို့

သတိပြုမိကြစေဖို့ ရေးတာပါ …။ နာမည် ဆိုလို့ … ကျုပ်တို့ လူမျိုး မျိုးရိုး နာမည်

မရှိတဲ့အပြင် ဘယ်နေ့မွေးရင် ဘယ်စာလုံးနဲ့ စပြီး ပေး ရမယ် ဆိုတဲ့ ..(စည်းမျဉ်း

ဆန်ဆန်) အကြောင်းအချက်ကလည်း ရှိနေသေးရဲ့ဗျာ …။ ဗေဒင် တို့ ဇာတာ တို့

ကို ဝေဖန်ချင်တာမဟုတ်ပေမယ့် .. (ဘယ်က စပြီး စီးဆင်းလာတဲ့ ကာလချာမှန်း

လည်း မသိပေမယ့် ..) နာမည်ပေး ဘောင်ကျဉ်းသွားစေတယ်လို့တော့ ရိုးရိုးလေး

မြင်မိပါတယ်။ စကားစပ်လို့ ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄-၅ဝ လောက်က

ကျားဖြစ်ဖြစ် ၊ မ ဖြစ်ဖြစ် .. နာမည် အစ ကို ခင် တပ်ကြတာလေး ခေတ်စားတာ

သွားသတိရတယ်…။ (အခု အသက် ၄-၅ဝ တန်း တွေပေါ့ …အဟိ)

ဘယ့်နှယ့် နိုင်ငံလုံးကျွတ် ကို … ပက်ပက်စက်စက် ခေတ်စားခဲ့တယ်

ပြောရမယ် ထင်ရဲ့ …တောရောမြို့ ပါ … ခင်- ကြတာ … အဲ့သည့်ခေတ်

ဩဇာ အင်မတန်ကြီးတဲ့ ဒါမှမဟုတ် အလွန်အမင်း နာမည်ကြီး တဲ့ စာရေးဆြာ

တယောက်ယောက်ကများ စလိုက်သလား မဆိုနိုင်… အထက်ကရေးခဲ့တဲ့

မျိုးရိုး နာမည် အရ ကြည့်ရင်ဖြင့် … ခင်- ကပဲ မျိုးရိုးနာမည်လိုလို …။ အင်း…

လူကြီးတွေ …မိထူး အလုပ်လွန်ခဲ့ သကိုး …။ လာမေးရင် မဖြေတတ်တော့ …။

 

 

နာမည် ဆိုလို့ ပုဂံ ခေတ်က ကိုယ့်အဖေ (ဘုရင်) ရဲ့ နာမည်နောက်ဆုံး

စာလုံးကို ကိုယ့်နာမည် ထိပ်ဆုံး စာလုံးအဖြစ် သုံးခဲ့ကြတာလေး

မှတ်ဖူးလို့ ပြန်ရှာကြည့်တော့ ..ဟောသည့်မှာ

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%80%E1%80%B9

ဟောသလို တွေ့မိပါရဲ့ …

မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)

မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)

မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)

မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)

မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)

မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)

သိချင်မိတာ …အဲ့သည့်ခေတ် အဲ့သည့်ကာလက ဘုရင် တွေသာ

နာမည်နဲ့ ပါတ်သတ်လို့ ..သည်လို လုပ်ခဲ့တာလား ..သာမန်ပြည်သူတွေ

သား-အဖတွေ ကြားရော သည်လို ရှိခဲ့ဖူးသလား ..ဆိုတာလေးပါပဲ…

နောက်ပြီး ..သည် အလေ့အထ ဘယ်လို ဇာတ်သိမ်းသွားတယ် နောက်ပိုင်း

ဘုရင်တွေ ဆက်မလုပ်ကြတော့တာ ဘာကြောင့် ဆိုတာလည်း စိတ်ဝင်စားမိပါတယ်

သမိုင်းကျွမ်းကျင်တဲ့ ကိုစံလှကြီး တို့လို စာရေးသူတွေ တူးဆွနိုင်ရင် ကောင်းလေစွ

တကား လို့လည်း တွေးမိပြန်ပါတယ်…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဆက်ပါဦးမယ်.. နာမည်တွေအကြောင်း..။

ကျုပ်တို့ စနစ်ကျဖို့တော့ လိုနေတာ အမှန်ပါပဲ …။

သည်ရက်ပိုင်း ခနခန ကြုံရလို့ ရေးဖြစ်တာပါ …။ အဲ့ဒါကတော့

လူနာမည် မဟုတ်ဘဲ ..နေရာဒေသ တွေရဲ့ နာမည်တွေပါ…။

အဲ့ဒါတွေကို အင်္ဂလိပ်လို ရေးမယ်ဆိုရင် လိုက်နာရမယ့် စည်းမျဉ်းတခုခု

လိုနေပြီ လို့ .. ပြောချင်လို့ပါ…။ ဘားဂလစ်ရှ် လို့ပဲ ခေါ်ခေါ် မြန်းဂလစ်ရှ် လို့ပဲပြောပြော

အဲ့ဒီ စာလုံး မြင်ရင် …နှာခေါင်းရှုံ့ချင်သလိုလို ..ဆန့်ကျင်ကန့်ကွက်ချင်သလိုလို

လုပ်တတ်သူတွေ ပေါတယ် မြင်မိပါတယ်… ဘားဂလစ်ရှ် မရိုက်ရ လို့ ကြေငြာကြ

ရေးကြတဲ့ ဝက်ဘ်ဆိုက်တွေလည်း တပုံတပင်ပါ …။ တကယ်တန်း လိုအပ်နေတာ

ဘားဂလစ်ရှ် ရဲ့ တကယ့်အသုံး ကို ကျကျနန ပုံဖော် ဖို့ပါပဲ …။

ဟုတ်ပါတယ်.. လိပ်စာတွေ မှာ ဖြစ်ပါတယ်.. ။ လိပ်စာတွေ အင်္ဂလိပ်လို ရေးတဲ့အခါ

တိကျဖို့ လိုလာပါပြီ…။

Shwe Gone Taing လည်း ရွှေဂုံတိုင် Shwe Gone Taine

လည်း ရွှေဂုံတိုင် Shwe Gone Daing လည်း ရွှေဂုံတိုင် …

Myae Ni Gone လည်း မြေနီကုန်း Myay Ni Gone လည်း

မြေနီကုန်း Chan Myae Thar Zi လည်း ချမ်းမြေ့သာစည် Chan Myay Thar Siလည်း
ချမ်းမြေ့သာစည်

ဖြစ်နေလို့ မရစကောင်းဘူး ဆိုတာလေးပါ။ နိုင်ငံခြားသား တယောက်ယောက်

အထက်ပါ စိတ်ကြိုက်ပေါင်းထားတဲ့ စာလုံးတွေကို ကိုင်စွဲပြီး ပြည်တွင်းကို

လာတဲ့အခါ …ဘယ်မြန်မာ ကိုပြပြ ..နားလည် နိုင်မှာ ဖြစ်ပေမယ့် .. ပြည်ပ မှာ

သုံးတဲ့အခါမှာတော့ … စာလုံးပေါင်း မတူရင် ..မတူညီတဲ့ နေရာ၂ခု ကို

ညွှန်ပြသလို ဖြစ်နေတတ်ပါတယ်…။ ကျနော်တို့ Zip Code, Postal Code

လည်း သုံးမနေတဲ့အတွက် အတည်ပြုချက်ယူဖို့ Confirm ဖို့ အခက်အခဲတွေ

ဖြစ်တတ်ပါတယ်။ ဆက်ရရင် ..အွန်လိုင်း မြန်မာလို စာလုံးပေါင်းတဲ့အခါမှာ

Unicode မရှိသေးတာ ..စနစ်မကျသေးတာရဲ့ အကျိုးဆက် အဖြစ်

Search Engine သုံးတဲ့အခါ ေ+ရ+ – ွှ+ဂ+ – ံ+ – ု+တ+ – ိ+ -ု +င + – ်

နဲ့ ပေါင်းတဲ့ စာ နဲ့ ေ+ရ+ – ွှ+ဂ+ – ု+ – ံ+တ+ – ိ+ -ု +င + – ်

မတူရင် ..ထွက်ကျ လာမှာ မဟုတ်ပါဘူး … သည်ပြဿနာကတော့

အခု Standard ဖြစ်လာတဲ့ Unicode အဖြစ် ပြောင်းလိုက်နိုင်လိုက်ရင်တော့

ပြေလည်သွားမှာ ဖြစ်ပေမယ့် … (အကုန်ပြောင်းဖို့တော့ အတော်လေး လိုဦးမယ်)

အင်္ဂလိပ်လို (ဘားဂလစ်ရှ်) ရေးတဲ့ Standard မသတ်မှတ်သေးရင်တော့…

မလိုလားအပ်တဲ့ …ဘာမဟုတ်တဲ့(လို့ထင်ရတဲ့) အခက်အခဲ နှောင့်နှေးမှု ပြဿနာ

တွေ ရှိနေဦးမယ် ကြုံရဦးမယ် လို့ .. ပြောချင်ပါတယ်…။
သည်စာမှာ ၂ပိုင်း ပါဝင်နေပါတယ်..။ အပေါ်ပိုင်း မျိုးရိုး နာမည်ကိစ္စက

ဉာဏ်မမီလို့ ..ဘယ်လို လုပ်သင့်ပါတယ် ဆိုတာ မဆွေးနွေးလိုပါ …ဂွကျလို့

ဂွကျကြောင်း ကိုပဲ ပြောချင်ခဲ့ယုံပါ ..။ အောက်က နေရာလိပ်စာ ကိစ္စကတော့…

မထင်မှတ်ဘဲ ပြဿနာ အကြီးကြီး တက်နိုင်တာမို့ …Standard တခု ပေါ်ပေါက်စေ

ချင်ကြောင်းပါ..။ အစိုးရ ရုံးက သုံးသလို သုံးပေါ့ … ဆိုသလို အလွယ် မပြောစေချင်ပါ

(သည်ကိစ္စကလည်း အလွယ်လုပ်ခဲ့တာတွေများလို့ မဖြစ်သင့်ဘဲ ဖြစ်ရတဲ့ ထဲက ၁ခု

လို့ ဆိုလိုချင်ပါတယ်)။ အစိုးရ ရုံးက သုံးသလို သုံးကြဖို့ (ဒါကို Standard အနေနှင့်

ထားကြပါစို့ ဆိုလျှင်) … တိုက်တွန်း-နှိုးဆော်- -ပြုပြင်-အကြံပေး မှုများ များစွာ

လိုအပ်နေပါသည် ဟု မြင်ပါသည်။ သည်ဘက်က ပေးမယ့်

business invitation letter တစောင် ၊ ဒါမှမဟုတ် လည်း ဟိုဘက်ကို တင်မယ့်

ဗီဇာ လျောက်ထားလွှာ တစောင် စသည်တို့တွင် အနှီ ..ဘာမဟုတ်တာလေးနဲ့တော့

ဘစ်ဇနက် ဒူး ဖို့ အတားအဆီး အနှောင့် အနှေး မဖြစ်စေချင်တဲ့အတွက်

ရေးလိုက်ရပါသည် …။

တော်သေးဘီ
ခင်တဲ့.

40 comments

  • aye.kk

    August 8, 2012 at 10:11 pm

    ခင်=ခင်တွယ်တဲ့သဘော…
    ယူဆပြီးပေးကြတာပါ။
    ခင်ဆိုတဲ့အမည်ပါသူများဟာချစ်စဖွယ်ကိုယ်နှုတ်အမူအယာရှိကြောင်း
    များသောအားဖြင့်တွေ ့ရတတ်ပါတယ်။
    ပညတ်သဘောကောင်းမွန်တဲ့အတွက်ပေးကြခြင်းဖြစ်ပါတယ်။။

  • memeseku

    August 8, 2012 at 10:13 pm

    သူမွေပြီ… 🙂 ဘယ်ကအစရှာလာမှန်းမသိ… လူကိုခေါင်းစား၏။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 8, 2012 at 10:59 pm

    သူများတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ
    ဟလိုတို့ ညီးဟောင်တို့ ငါဟောင်တို့ ပြောကြသလို
    လက်ဆွဲနှုတ်ဆက်တာတို့ ဖက်ကုန်းပြာကြတာတို့ ဖက်နမ်းကြတာတို့စတဲ့
    အလေ့အထတွေပါ ရောမွှေပေးလိုက်ဘို့
    စာရေးသူကို အကျံပေးဘာဒယ်
    ပုံ
    စာဖတ်သူ

  • pooch

    August 8, 2012 at 11:23 pm

    သိသလောက် ဖိလစ်ပင်းတွေ ရဲ့ စာတွေ စကားတွေကို အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာတွေ နဲ့ ပေါင်းရေးကြတယ် မှတ်တာပဲ။
    တီဗွီမှာလာလို့ကြည့်ဖူးတာ ။

    နောက်ယိုးဒယား သီချင်းတွေ ( ကာရာအိုကေ သီချင်းခွေ တွေမှာ) ယိုးဒယား အသံထွက်အတိုင်း အောက်ဘားမှာ အင်္ဂလိပ်လို ဆိုလို့လွယ်အောင် ရေးပေးထားလေ့ရှိတယ်။

    နောက်တရုတ်စာဆိုရင် ကွန်ပျုတာလက်ကွက်မှာ အင်္ဂလိပ်လို အသံထွက် ( ပေါဖော မောဖော) ရေးလိုက်တာနဲ့ တရုတ်စာလုံးထွက်လာအောင် ကုတ် ရေးထားကြတာ ။

    ဒီက မြန်းဂလစ်က တော့ အခုရေးပြသလိုဆို အတော်ရွာလည်အုန်းတော့မှာပေါ့။

    ဦးတွေ မတွေ တပ်တဲ့ပြသာနာကို ကြားခဲ့တာတော့ ကြာပြီ။ နာမည်မှာ ဦးတပ်မိလို့ ပြပွဲသွားတာ မဝင်ရပဲ ငုတ်တုတ်အတော်ကြာထိုင်စောင့်ခဲ့ ရတဲ့သူတွေကတဆင့် သိခဲ့ရတာ။

    စကားမစပ်ပြောလိုက်ပါအုန်းမယ်။ ပြီးခဲ့တဲ့ လက အသိတယောက်က ဟိုဘက်က ပြန်လာတော့ ရှမ်းစာကို ကွန်ပျုတာနဲ့ ရေးဖို့ ကုတ်ရေးခိုင်းတာ ၁၅ ရက်နဲ့ အပြီး ရေးပေးနိုင်တဲ့လူတယောက်နဲ့ တွေ့ခဲ့တယ်တဲ့။ ဦးနှောက်ကြီး ကောင်းလိုက်တာ ဟယ်။ ဘာလူမျိုးလဲ ဆိုတော့ အဖြူတဲ့။

    • Liquid_Sn@ke

      August 13, 2012 at 8:49 am

      ၂ပိုင်းပါတယ် မြင်မိတယ်..
      အပေါ်ပိုင်းက ဟုတ်ကဲ့ … ကိုယ်ပိုင် စာလုံး မရှိတဲ့
      အရှေ့တောင်အာရှက အိမ်နီးနားချင်းတွေအကြောင်း..
      မလေးရော ..ဗလက်ချိုက်တွေပါ … ကိုယ်ပိုင် စာ ရှိပေမယ့်
      ကိုယ်ပိုင် စာလုံး မရှိတာကြောင့် … အကုန်လုံး အသံထွက်ကို
      အင်္ဂလိပ် စာလုံး ..(ကျုပ်တို့အခေါ် Romaji တွေပေါ့) နဲ့ ရေးပါကြောင်း…
      အဲ့ဒါကပဲ …သည်ဘက် ကွန်ပူတာ စနစ်တွေကို သွားတဲ့အခါ …ကျုပ်တို့လို..
      ယပက်လက်တွေလို ..ဒုက္ခ ခံ ရတဲ့ အကြောင်းတရားတွေ ကင်းဝေးသွား စေသလို
      ဖြစ်လာပါကြောင်း …

      အောက်ကအပိုင်းကို ပီပီပြင်ပြင်ဆွေးနွေးရရင်ဖြင့် …

      ကျုပ်တို့ မြန်းဂလစ်ရှ် ကို တကယ်တမ်း ပီပီပြင်ပြင် လုပ်မယ်ဆိုရင် …
      မကြုံမနေရ ဒုက္ခ ၃ပါးလောက် အောက်ထစ် ရှိပါကြောင်း…
      အဲ့ဒါတွေကတော့ …
      ၁။ ခုထိ အသား ကျနေသေးတဲ့ ..စာလုံး ပုံစံ လက်ကွက် …. ကိုပြင်ရမယ်..
      မောင်းတိန်းလိုင်းယွန်းမှာရော… ပြတင်းပေါက်အမှတ်-၈မှာပါ … ပုံစံ အသစ်နဲ့
      အထောက်အပံ့ပြုထားလေရဲ့….
      (ကြုံလို့ပါ…လက်ကွက်မရတဲ့လူဆို …ကျုပ်က နည်းနည်းချဉ်တယ်ဗျ …သည်လောက်လေးလောက်တော့..
      ကျင့်ထား သင့်တဲ့ skill မဟုတ်ဘူးလား ..ကျုပ်တို့ ငယ်ငယ်ကဆို … win-innwa နဲ့ ..num-lock တွေတောင်
      ဖွင့် ရိုက်ခဲ့ရသေးတာ …ခုထိ အသုံးများတဲ့ num-lock တွေ မှတ်မိနေသေးရဲ့ …ကျုပ်တို့ ဇော်ဂျီရဲ့ …ကျေးဇူးနဲ့
      တန်ဖိုးကို အတော်လေး လျှော့တွက်မိကြ သကိုး … ဇကားမစပ်ပါ ..ဇော်ဂျီကို ပိုက်ဆံပေးဝယ်ရမယ်ဆိုရင် ….
      အခု လည်ပတ်နေတဲ့ ဝက်ဆိုက်တွေ ယူဇာဒွေ ဘယ်နှရာခိုင်နှုန်းလောက် …မြန်းဂလစ်ရှ်ဖြစ်ကုန်မယ်ထင်တုန်း…
      အဟိ….)

      ၂။ ကျုပ်တို့စာက …ဘိုစာ အေဘီစီဒီတွေလို …ရှိပီးသား စာလုံး ၂၆လုံးကို တွဲစပ်ရုံနဲ့ …ကိစ္စပြတ်တာမဟုတ်..
      ပင့်-ရစ်-ဆွဲ-ထိုး တွေက ပေါသေးတယ်… ဘယ်လောက်ပေါသလဲဆို … ကမာ္ဘမှာရှိတဲ့ ကြိုက်တဲ့ ဘာသာရပ်…
      လန်းကွေ့ တွေ …လေ့လာ ..ကျုပ်တို့ ဘာသာနဲ့ အသံ ထွက်လို့ မရတဲ့ …အသံမထွက်နိုင်တဲ့ စာလုံး
      အလွန်အင်မတန်နည်းပါးလောက်အောင် … အသံတွေ ပေါကြွယ်ဝတဲ့ ဘာသာရပ်တခုဖြစ်လေရဲ့ …
      (V တို့ F တို့ .. tsu တို့ကတော့ ချွင်းချက်နော … ချွင်းချက်လို့ပြောရတာတောင် သိပ်ဘဝင်မကျလှ …
      ဘာလို့လဲဆို အဲ့သည့်ဘာသာတွေသုံးတဲ့လူမျိုးတွေ …ကျုပ်တို့ဘာသာ သင်ကြည့် အသံမထွတ်တတ်တဲ့ …
      စကားလုံး တွေ တပုံတပင် … ဗျည်း၃၃လုံးကိုပဲ ဘယ်နှလုံး ပီသလဲ ကြည့်ဦး …ညင်းညင်း..)
      ဆက်ရရင်..အနှီ ပင့်-ရစ်-ဆွဲ-ထိုး တွေပေါတဲ့အပြင်.. သူ့မောင် – သုမောင် ဆိုတာမျိုး ..အသံတူတွေလည်း
      အလွန်ပေါတဲ့အတွက် … မြန်းဂလစ်ရှ် ပရိုဂရမ် ဟာ တကယ်တမ်းပီပီပြင်ပြင် ထောက်ပံ့ပေးဖို့အတွက်
      ဘယ်လောက်တောင် နက်ရှိုင်းစွာ ရှုပ်ထွေးစွာ ကြီးမားစွာ ရေးရမလဲဆိုတာ မြင်သာမယ်ထင်ပါရဲ့ဗျာ…
      ရေးချာ မှာတောင် ဘယ်စာလုံးဆို …… မောက်ချမှ ကွ တို့ ..ဝိုက်ချမှ မှန်သကွ တို့ …
      ဆိုတာမျိုးတွေက …ပွင့်ပွင့်လင်းလင်း ပြောရရင် … အဓိပ္ပါယ် မရှိတဲ့ ..ကိစ္စရပ်တွေလို့ပဲ မြင်မိတယ်..။။
      အဲ့သည့်လို စနစ်တခု ..စတန်းဒတ်တခု ပေါ်လာဖို့ လိုနေချိန်မှာ …ပိုခက်အောင် ပိုရှုပ်ထွေးအောင်
      လုပ်ထားသလို ဖြစ်နေတဲ့ … (မူရင်း ဆိုလိုရင်းသဘောကို မထိခိုက်စေဘဲ …သက်သက်မဲ့ ချမှတ်ထားတဲ့ သဒ္ဒါ စည်းကမ်းတွေကို… ဆိုလိုပါတယ်..) အဲ့ဒါတွေကို ချဉ်မိတယ်ဗျ. ….။
      အဲ့သည့်အတွေးကြောင့်လားတော့ မဆိုနိုင် …ကျုပ်ရေးရင်လည်း ရေးချင်သလို ဖောက်ဖျက်ပြီး
      စိတ်ကြိုက် ရေးနေလေ့ရှိတယ်… ။
      ကျုပ်တို့လောကမှာ ဘီတာ-ဘမ်း ဆိုတဲ့ အသုံး အနှုန်းရှိတယ်.. beta version ဆိုပါတော့ …
      အခုကတော့ ..ဘယ်အဆင့် ဘယ်အဆင့်ထိပဲ ..ပါဝင်ပါသေးတယ်..ထောက်ပံ့ပါသေးတယ်..
      နောက်ဗားရှင်းမှာတော့ဖြင့် ..ဘယ်အဆင့် ထိ ထောက်ပံ့ပါမယ်ဆိုပြီးတော့ …။
      အဲ့လိုတွေပေါ်လာဖို့ …ယူဇာတွေဘက်ကလည်း … လိုက်လံ ပြောင်းလဲသုံးစွဲဖို့ ..ထောက်ပံ့ဖို့ …ဆိုတာလေးပါ..။

      ၃။ ကျုပ်တို့ဘာသာလိုမျိုး ပင့်-ရစ်-ဆွဲ-ထိုး … တွေ အလွန်အားပြုတဲ့ ဘာသာရပ်တွေ
      ယူနီကုတ်ဖို့ ..စနစ်ကျဖို့ ..ဆိုတာက .. ရှေ့ကသွားထားတဲ့သူတွေကို အတုယူရမယ် လေ့လာသင်ကြားရမယ်လို့…
      အဲ့သည့်အပိုင်း ကို အထူးပြုပြီး ဂျပန်မှာ ..သုသေသန လုပ်နေတဲ့ …အစ်ကိုတယောက်က ပြောသွားဖူးတယ်…။
      သူညွှန်းချင်တာက ..ယိုးဒယားတို့ ကမော္ဘဒီးယားတို့ …သီရိလင်္ကာ တို့ …
      ဟုတ်တယ် …အဲ့ဒါ အမှန်တရားပါပဲ …။ အင်္ဂလိပ် စာလုံးပေါင်းစနစ်ကို ယူလို့မရသလို ..
      တီလုပ်-ဂျပန်-ကိုရီးယား ..တခုကိုမှ ယူသုံးလို့မရဘူး …
      ပြောချင်တာ အဲ့သည့်မှာ … အဲ့ဒါတွေကို အတုယူဖို့ ဖြစ်နေလေတော့…
      အိုင်တီရော …လမ်းကွေ့ရော …သဒ္ဒါရော …ကျွမ်းကျင်မှုမျိုး လိုအပ်လာလေတော့ …
      အင်မတန် ကျဉ်းမြောင်းတဲ့ နစ်ချ် တခုဖြစ်သွားပီး …လုပ်မယ့်လူ လုပ်နိုင်တဲ့လူ ရှားသွားနည်းသွားတယ် မြင်မိရဲ့…။
      အဆုံးသတ်တော့ ..ပိုက်ဆံ စကားပဲ ပြောပါ့မယ်. ..ကျုပ်တို့ .. ဝင်းဒိုး ကို အလကားရနေခိုးသုံးနေတာ
      ပြသနာမရှိသေးဘူး …အဲ …မြန်မာစာလုံးတွေကို အလကား ရယူသုံးစွဲနေတာကတော့ နည်းနည်းလေး …ဗျ။
      (သူတို့ကလည်း အလကား ပေးနေသေးတာကိုး…)
      အဲ့သည့် Research ဘက်မှာ တကယ်တမ်း ပိုက်ဆံ လိုနေပါတယ်…။ကျုပ်တို့ ယူဇာတွေဆီကမှ မထွက်ရင်
      ဘယ်ကမှ ထွက်မယ် မဟုတ်ပါ…။ အစိုးရကို လက်ညှိုးထိုးနေလို့လည်း မဖြစ်ပါ…။ ဝိုင်းပီး ထမ်းမှ ..ပြိုင်တူတွန်းမှ
      ရွေ့ကြရမယ့် သဘောပါ …။
      ပြောသာပြောရတယ်.. အဲ့သည့်ဘက်ကလူတွေကလည်း ..ပညာရပ်ကို ဇောက်ချလေ့လာတဲ့ ပညာရှင်တွေ
      သုသေသန သမားတွေများရဲ့ .. ပြောရရင် ဈေးမရောင်းတတ် ..ဈေးမရောင်းချင်… ဖြစ်သင့်တာက …
      ရောင်းသင့်တယ်… ရောင်းလို့ရလာတဲ့ အမြတ် နဲ့ မှ ..ပို နက်နက်တူးနိုင်မယ် ..ပို ကျယ်ကျယ် ဖြန့်နိုင်မယ်..
      သည်လိုပဲ မြင်မိပါတယ်ဗျာ…

      • မိုးတိမ်

        August 13, 2012 at 10:04 am

        ရေးချာ မှာတောင် ဘယ်စာလုံးဆို …… မောက်ချမှ ကွ တို့ ..ဝိုက်ချမှ မှန်သကွ တို့ …
        ဆိုတာမျိုးတွေက …ပွင့်ပွင့်လင်းလင်း ပြောရရင် … အဓိပ္ပါယ် မရှိတဲ့ ..ကိစ္စရပ်တွေလို့ပဲ မြင်မိတယ်..။။
        အဲ့သည့်လို စနစ်တခု ..စတန်းဒတ်တခု ပေါ်လာဖို့ လိုနေချိန်မှာ …ပိုခက်အောင် ပိုရှုပ်ထွေးအောင်
        လုပ်ထားသလို ဖြစ်နေတဲ့ … (မူရင်း ဆိုလိုရင်းသဘောကို မထိခိုက်စေဘဲ …သက်သက်မဲ့ ချမှတ်ထားတဲ့ သဒ္ဒါ စည်းကမ်းတွေကို… ဆိုလိုပါတယ်..) အဲ့ဒါတွေကို ချဉ်မိတယ်ဗျ. ….။
        ===================
        ဟုတ်သေးဘူးဗျ ကိုဂီရ…….
        တစ်ခုပြောကြည့်မယ်နော် ခခွေးကို ဝိုက်ချနဲ့ရေးကြည့်မယ်ဗျာ(ခာ)၊မောက်ချနဲ့ ထပ်ရေးကြည့်မယ်(ခါ)။ ဝိုက်ချနဲ့ရေးတာ ဆလိမ်နဲ့ တူသွားနှိုင်ပါတယ်။
        ကကြီးကိုပြောင်းပြန်ကြည့်ရင်လဲ ယပလက်မဖြစ်ပါဘူးဗျ။အဲဒီအကြောင်းဆောင်းပါးတစ်ပုဒ်
        ဖတ်ဖူးတယ်ဗျ။ကကြီးက ဂငယ်ကိုဝိုက်ချထားတာပါ။ကြည့် ဂ+ာ=က
        ယပလက်က ပ+…(မရှိလို့)=ယ ပါ။ပြောင်းပြန်ပြန်ကြည့်ပါက မတူပါ။
        မယုံရင် စာရွက်ပေါ်မှာရေးပြီးပြန်ကြည့်ပါ။သဒ္ဒါအကြောင်းရေးထားတာအများကြီးပဲဗျ။
        အတော်ရှူပ်တာတော့ မှတ်မိနေသေးတယ်။

        တော်သေးဘီ
        ဝင်ရှုပ်သွားတဲ့ တိမ်မိုး……..

  • nozomi

    August 9, 2012 at 12:15 am

    ဂီအင်ဇာ တို့ကတော့ ရေးလိုက်ရင် အနှစ်ကြီးပဲ
    စံ လုပ်ဘို့ လိုနေတဲ့ နေရာတွေကတော့ အများကြီးပဲ
    အခုလို ထောက်ပြကြ ဝိုင်းဆွေးနွေးကြ ပြင်ကြနဲ့ တဆင့်ပြီး တဆင့်သွားရမှာပဲ

  • အရီးခင်လတ်

    August 9, 2012 at 3:14 am

    စာတစ်ကြောင်း ကြောင့် တောက် ပြင်းပြင်းခေါက် သွားဒယ်။
    ပြန်လာမယ်။
    အခုတော့ မယ်လက်မလေးယူထား။
    ညည မအားဘူး။
    အားကစားကွင်းမှာ ပြေးနေရဒယ်။ 😉

  • MaMa

    August 9, 2012 at 7:16 am

    နာမည် အစ ကို ခင် တပ်ကြတာလေး က တော့ ခင်မင်စရာ ချစ်ခင်လေးစားစရာ အလွန်ကောင်းတဲ့သူတွေမို့ ခင် ထည့်မှည့်ထားတာပေ့ါကွယ်။

    (အခု အသက် ၄-၅ဝ တန်း တွေပေါ့ …အဟိ) တဲ့။
    အဟိ က ပါလိုက်သေး။

    တောက်ခေါက်တဲ့သူက ခေါက်နေပြီ။
    တော်သေးရဲ့ လက်သီးမပေးပဲ မယ်လက်မလေး ပေးသွားလု့ိ။ [:D]

    ုခုနောက်ပိုင်းတော့ အတွေ့အကြုံတွေကြောင့်ထင်တယ်။
    နာမည်တွေမှာ ဦး ဒေါ် မောင် မ တွေ မထည့်အောင် ပါ့စ်ပို့လုပ်တဲ့ ပွဲစားတွေက သတိပေးတတ်ပါတယ်။။

    မြို့ရွာလမ်းနာမည်တွေကို standard တစ်ခု သတ်သတ်မှတ်မှတ်ဖြစ်ဖို့ တာဝန်ရှိသူများ ဒီပိုစ့်ကို ဖတ်မိပြီး အမြန်ဆုံး လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

  • P chogyi

    August 9, 2012 at 8:35 am

    အနောက်တိုင်း စံယူနစ်နဲ့ မကိုက်ညီလို့ ဂွကျတယ်ပြောလို့မရပါဘူး။
    မြန်မာနိုင်ငံက သူ့ယဉ်ကျေးမှု သူ့စနစ်နဲ့ နှစ်ပေါင်းများစွာတည်ရှိလာတာပါ။
    အဆင်ပြေချင်ရင်တော့ ကိုလိုနီခေတ်ကလို ဂျော်နီဘတုတ်တို့ဘာတို့မည့်လိုက်ပေါ့။

  • Shwe Ei

    August 9, 2012 at 10:02 am

    နေရာကိတ်စတင် ဂွကျတာမဟုတ်ဖူးဗျ။ နာမည်ကိတ်စလဲ ထိုနည်းလည်းကောင်းဘဲ။ ဟိုနေ့က သူငယ်ချင်းတယောက် ဘဏ်မှာ ပိုက်ဆံသွားထုတ်တာ မှတ်ပုံတင်ထဲက ဗမာနာမည်ကြီးကို အင်္ဂလိပ်လိုပေါင်းထားတာ မှားတယ် မှန်တယ် အငြင်းပွားပြီး ထုတ်မလာခဲ့ရဘူး။ ဥပမာ။ ။ ဗမာလို စိမ်း ကို အင်္ဂလိပ်လို Sein လို့ပြောမလား Seinn လို့ပြောမှ မှန်တယ်ခေါ်မလား Sain ဆိုရင်ရောမှားသလား။ ဘယ်သူ အတည်ပြုပေးနိုင်လို့လဲဗျာ။

  • kyeemite

    August 9, 2012 at 10:09 am

    ကျုပ်က မင်းမျိုးမင်းနွယ်ဗျ..ဆြာဂီရ..မယုံကြည့်လေ..နာမည်ကို..
    ကျုပ်အဖေနာမည်က…..မိုက်ကြီး
    ကျုပ်နာမည်က…………ကြီးမိုက်..အဟီးးးး
    ~~~~
    ဒေါ်စုလည်းအတူတူပဲဗျ…ဖအေနာမည်ရှေ့တင်ထားသဗျ..ဒါပေမဲ့
    နှစ်လုံးလုံးတင်ထားတာ..
    ~~~~
    ခင်တဲ့ ..မင်းမျိုးမင်းနွယ်
    ကြီးမိုက်။

  • weiwei

    August 9, 2012 at 10:57 am

    ကိုကြောင်ကြီးလဲ တစ်ခါရေးခဲ့ဖူးတာ သတိရမိတယ် …
    နံမည်နဲ့ပတ်သက်လို့ ပြည်ပမှာ ခဏခဏ ဂွကျခဲ့ရတာတော့ အမှန်ပဲ ..
    တို့တွေက နံမည်ပေးတာတောင်မှ အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်ပေးနိုင်ကြတယ်ဆိုပြီး ကြံဖန်ဂုဏ်ယူပြီး ပြောရပေမယ့် ဂွကျခဲ့တာတော့ အမှန်ပဲ ….

  • amatmin

    August 9, 2012 at 11:02 am

    ကိုဂီရေ..
    ဘရာကြော်ပါ ဗျာ.
    လူနာမည်တွေကတော့ မလွယ်သမို့..
    မြို့ရွာနာမည်လေးများ တမျိုးတည်းပေါင်းဖို့ကိုတော့ ..
    ပြင်မယ်ဆို လွယ်ကူတာကြောင့်..လုပ်နိုင်သူတွေ .
    တွေးမိပါစေကြောင်း..နဲ့
    ပုဂံမင်းများ နာမည်ရာဇဝင်လေးအတွက်ရော..
    အားလုံးပေါင်း လက်တချောင်းဗျာ..
    စကားမစပ်.. စိုးမိုး ဆိုပီးမျိုးရိုးနာမည်တခု ထူထောင်ဖို့ အတွေးလေးရသွားသဗျ. 😛
    မိထူး လုပ်ထားကြတာများ ကျုပ်တို့တမျိုးလုံးနီးပါး စိုးမိုး တွေချည်းပဲကိုး.. 🙂

  • weiwei

    August 9, 2012 at 11:06 am

    တရုတ်နံမည်ပေးပုံနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စရာတစ်ခုလောက် ပြောပြအုန်းမယ် …
    တရုတ်တွေမှာ မျိုးရိုးနံမည်ကို ရှေ့ကနေထားကြတယ် …
    ဥပမာ … ချန်၊ ဟန်၊ လီ၊ ကျန်း၊ ကောင်း …..
    တစ်ခါတစ်လေ မျိုးရိုးနှစ်လုံးကို ထပ်ပြီးပေးတဲ့နံမည်နဲ့ ကြုံရလေ့ရှိတယ် ..
    ကျွန်မ အသိတစ်ယောက်နံမည်က Gao Gao (ကောင်းကောင်း) တဲ့ ..
    အဲဒီနံမည် ထူးဆန်းတယ်ဆိုပြီး စပ်စုကြည့်လိုက်တော့ မျိုးရိုး ကောင်း gao ချင်းတူတဲ့ မိဘနှစ်ပါးက မွေးလာခဲ့ရင် အဲဒီလိုမျိုးမျိုးရိုးနံမည်ကို နှစ်လုံးထပ်ပေးလေ့ရှိကြောင်း မှတ်သားခဲ့ရဖူးပါတယ် …
    အဲဒီလိုဆိုတော့ မျိုးရိုးတူရင် ယူလို့မရဘူးလို့ သိထားကြတဲ့သူတွေရှိလိမ့်မယ် … မျိုးရိုးစာလုံးတူပေမယ့် နေတဲ့နယ်မြေချင်း မတူရင် ယူလို့ ရပါတယ်တဲ့ ….

    • Liquid_Sn@ke

      August 11, 2012 at 3:51 pm

      တရုတ် အာဏာရှင် .. ရုပ်ဝါဒီ စာဆိုတော် Cao Cao က ရော အဲ့လို လားဟင်င်င်..

  • nigimi77

    August 9, 2012 at 11:20 am

    မျိုးရိုး နာမည် ခေါ်မလား ဘာခေါ်မလဲ

    ကျုပ်တို ့ တမျိုးလုံး တဆွေလုံးက နာမည် သုံးလုံး ရှိပြီး အနောက်ဆုံး

    စာလုံးက ကျား ဖြစ်ဖြစ် မ ဖြစ်ဖြစ် “ဖြူ” တပ် တယ် ။

    ဥပမာ ကျုပ် အဘိုးနာမည် “အောင်သာဖြူ”

    ကျုပ် နာမည် “ငယ်ဖြူ” :mrgreen:

  • ကြည်ဆောင်း

    August 9, 2012 at 11:27 am

    အဲဒီနေ့နံနဲ့ဘဲပေးရတဲ့ ဗေဒင်တွေဘဲပေါ့…
    ကလေးနာမည်မှာ အဖေနာမည်နောက်ကထည့်ရင် အဲဒီ့ကလေးက အဖေထက်မကျော်တော့ဘူးလို့
    ပြောသံကြားဖူးတယ် 🙄 (ကြားဖူးတယ်ဘဲပြောတာပါ တကယ်ဟုတ်မဟုတ်တော့မသိခဲ့ပါဘူး)
    ဒါကြောင့်ထင်ပါရဲ့ ကြည်ဆောင်းတို့လဲ အဖေနာမည်နောက်ကမပါခဲ့ဘူး …
    တကယ်က အဖေနာမည်နောက်က ထည့်တာသိပ်သဘောကျပေမဲ့ ..
    ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို စကြားဖူးကထဲကသိပ်ကြိုက်ခဲ့ရတာပေါ့
    မြို့ရွာလိပ်စာတွေကတော့ တပြည်လုံးညီအောင်ပြုပြင်သင့်ပါကြောင်း ထပ်ဆင့်ထောက်ခံသွားပါတယ်
    လေးခုမြောက်လက်မလေးနဲ့ပါ..

  • ahnyartamar

    August 9, 2012 at 11:53 am

    နဲနဲပြောကြည့်မယ်၊ အနောက်တိုင်း နံမည်မှဲ့ပုံမှာ first name ဆိုတာက လူတယောက်ရဲ့ ကိုယ်ပိုင်နာမည်ပေါ့၊ last name ဆိုတာကတော့ surname, family name ပါ။ ဘယ်မိသားစုအနွယ်လဲဆိုတာ သိအောင်ထည့်တာပါ။ ဒါက နံမည်မှဲ့တဲ့ အနောက်တိုင်း ယဉ်ကျေးမှုတခုခေါ်မလားပဲ၊ မည်သို့ပင်ဆိုစေကာမူ သူတို့မှဲ့လို့ ငါတို့ မြန်မာလူမျိုးတွေမှာ မရှိလို့ဆိုပြီး တွေဝေနေစရာမလိုပါဘူး၊ အနောက်တိုင်းနဲ့ မတူတာကိုက ကိုယ်ပိုင်ရတနာတခုပါ။ ဒါကြောင့် ကျနော့်ရဲ့ သီးသန့်ဖြစ်တည်မှု (ခေါင်းစဉ်ငှားသုးံခွင့်ပြုပါ) ကတော့ last name ဒါမှမဟုတ် surname ဒါမှမဟုတ် family name မရှိတဲ့ မြန်မာနံမည်နဲ့ပဲ ဂုဏ်ယူစွာနေပါတယ်။
    မောင်၊ ကို၊ ဦး၊ ဒေါ်…………….စသည် စသည်တွေကတော့ နိုင်ငံခြားနဲ့ စက်စပ်ပြီးလုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာရှိတာတော့အမှန်ပဲ။ ဒါပေမယ့် ဒါဟာလည်း ကျတော်တို့ရဲ့ ယဉ်ကျေးမှု တခုမို့လား။ တခုတော့ ပြောချင်သေးတယ်…ကျတော့ရဲ့ hand phone ထဲကို လူနာမည်နဲ့ ph no. ထည့်တော့ မောင်၊ မ၊ ကို၊ ဦး၊ ဒေါ် စသည်ဖြင့် ရိုက်ထဲ့တာပေါ့၊ အဲဒီမှာ ပြဿနာက ဦး…..ဘယ်သူရဲ့ ph no. ရှာတဲ့အခါ ဦး….ပေါင်းမြောက်များစွာထွက်လာတော့တာပဲ၊ ဒါကြောင့် ကျတော်လည်း အဲဒီ မောင်၊ မ၊ ကို၊ ဦး၊ ဒေါ်…..တွေကို ဖြုတ်ပြီး မောင်၊ မ၊ ကို၊ ဦး၊ ဒေါ် မပါပဲ မှတ်ထားလိုက်တော့မှ ပိုအဆင်ပြေသွားတယ်ဗျို့၊ ဆိုလိုချင်တာက လိုရင်သုံး၊ မလိုအပ်ရင် မသုံးနဲ့ပေါ့။
    မြန်မာနံမည်တွေကို အင်္ဂလိပ်လို ပြောင်းရေး၊ ပြန်ရေးတဲအခါမှာတော့ အာလုံးဟာ တူညီမှုရှိသင့်တာတော့ အမှန်ပါ။

  • pan pan chit

    August 9, 2012 at 11:55 am

    အွင်းး
    အနော်လည်း အဲ့ကိစ္စနဲ့ပတ်သက်ပီး ရုံးကဂျာကြီးနဲ့ခဏခဏ တိုင်ပတ်တာပဲ
    ရုံးကဒိုမိန်းနိမ်းနဲ့ မေးလ်အဒက်လက်လုပ်တုန်းကတစ်ခါ၊ ရုံးသုံးစကိုက်အကောင့်လုပ်တော့တစ်ခါ အနော့်နာမည်ကို ပန်ပန်ချစ် ပဲလားတဲ့
    မျိုးရိုးနာမည်က ဘာတုန်းတဲ့
    အဲ့ဒီဟာအကုန်လုံးက ကိုယ်ပိုင်နာမည်လားတဲ့
    ခက်ချေဘီကော
    အဲ့ဒေါ့ ဘားမိတွေမှာ မျိုးရိုနာမည်မရှိဘာဘူး
    ကိုယ်ပိုင်နာမည်သီးသန့်နဲ့ ရပ်တည်နေကြောင်းပေ့ါ
    သူလည်း လည်တည်တည်ဖြစ်သွားရှာတယ်
    ဖက်စ်နိမ်းနဲ့ လက်စ်နိမ်းမှာ ဘာဖြည့်ရမှန်းမသိလော့ဘူး
    အနော်ကပဲ ဖက်စ်နိမ်းမှာ ဒီထိရေးပါ
    လက်စ်မှာတော့ ကျန်တဲ့တစ်လုံးရေးပါလုပ်ရရော
    အဲ့ဒေါ့ ရသလားအမေးခံရသေးးး (ရှည်ထှာ) :mrgreen:
    ဝန်ထမ်းသစ်တွေအင်တာဗျူးတုန်းကလည်း တစ်ခါ
    လျှောက်လွှာမှာ မောင်တွေ မတွေပါတော့ သဌေးက မောင်….စံ၊ မ….စံ ဘာညာလုပ်နေလို့
    အာဟင့် 🙁

    • pan pan chit

      August 9, 2012 at 12:01 pm

      အဲ့…ကျန်သေးတယ်
      အဲ့အင်တာဗျူးတုန်းက ဝန်းထမ်းတွေရဲ့နာမည်မှာ အောင်တို့၊ ထွန်းတို့၊ ဘားမိတွေအသုံးများတဲ့နာမည်တွေပါလာရော
      အဲ့မှာ ကောင်လေးတွေနာမည်က အတူဆုံး
      ၃၊ ၄ယောက်လောက် နောက်ဆုံးအလုံးတွေလာတူနေတော့ အနှီအင်တာဗျူးတဲ့ ဂျာပွန်ကြီးတွေ အင်တာဗျူးလျှောက်လွှာတွေကြည့်ပီး တခွိခွိနဲ့
      ချဉ်ဇရာကောင်းသာ :mrgreen:

  • surmi

    August 9, 2012 at 12:07 pm

    ဒီလိုစိမယ်ထင်ပါတယ်
    အချိန်အများကြီးရလို ့ အသံထွက်အကြောင်းပဲ အရင်မန် ့တော ့မယ်
    ကျုပ်တိ်ု ့မြန်မာစာမှာ ရေးတော ့အမှန် ဖတ်တော ့အသံဆိုပြီး လျှာရှည်ထားကြတာကိုး
    အဲဒီမှာစတွေ ့တာဘဲ ။ မြန်းဂလိပ်လဲပေါင်းရော အသံကိုယူပြီး ပေါင်းတာနဲ ့ အမှန်ကိုယူပြီးပေါင်းတာ
    ကွာသွားရော ။ နောက်ပြီး မြန်မာအသံထွက်တွေနဲ ့ ဝေါဟာရ အသုံးအနှုံးတွေကလဲ ဘယ်လောက်ကွာ
    ဟသလဲဆိုရင် အညာသားအစစ်နဲ ့ အောက်ပြည်သားအစစ် စကားပြောခိုင်းရင် တစ်ယောက်ပြောတာ
    တစ်ယောက်နားမလည်လို ့ထရိုက်ကြလိမ် ့မယ် ။ဆိုတော ့ မြန်မာလူမျိုးစစ်စစ်တွေတောင် အသံထွက်
    လွဲနေကြရင် ၊ ရေးတော ့အမှန်ဖတ်တော ့အသံဆိုပြီး နှစ်မျိုးကွဲနေရင် တော်တော်ပြင်ဖို ့ခက်မည်ထင်ပါကြောင်း
    မြန်မာစာလုံးပေါင်များကို ခေတ်နဲ ့အညီ အသံထွက်အတိုင်းမှန်အောင် ရေးနည်းပြောင်းခိုင်းပြီးမှသာ
    အဆင်ပြေမည်ထင်ပါကြောင်း ၊ ဒီလိုအဆင်ပြေဖို ့ နောင် နှစ် နှစ်ဆယ်ခန် ့ကြာမည်ဖြစ်ပါကြောင်း
    ထို ့ကြောင် ့ အဆင်ပြေသလိုဘဲကြံဖန်ပြီး ဆောင်ရွက်စေလိုပါကြောင်း
    ကျုပ်လဲ တနေ ့ကြရင် အောက်ပြည်နှင် ့အညာ မတူတာလေးများရေချင်မိပါကြောင်း
    ဟူးးးးးးးမောထှာ

  • padonmar

    August 9, 2012 at 10:13 pm

    ဒီကလေးဟာ မအားဘူးပြောပြောပြီး အစဆွဲထုတ် လူကြီးတွေကို တိုင်ပတ်ခိုင်းနေတယ်။
    ဟိုတလောကလည်း ဋတွေ ဃ တွေ ဖျောက်ရမလားလုပ်နေသေး။
    သူပြောတာ ဟုတ်တော့လည်းဟုတ်သား။
    မလတ်ရဲ့ petition တုံးကတောင် နာမည်ဖြည့်တာ ၂ ကွက်တောင်းနေလို့ ma ထည့် ရိုက်ပေးလိုက်ရတယ်။
    passport မှာတော့ ဦးဒေါ်မ မပါတော့ဘူး။
    မြန်မာလိုတောင် သိန်းနဲ့ သိမ်း ကွဲကြသေးတယ်။
    ဘိုလိုဆို ပိုဆိုးပေါ့။
    လူနာမည်ကတော့ ကိုယ့် အကြိုက်နဲ့ကိုယ်။
    မြို့ရွာ နာမည်တော့ တညီတည်းသတ်မှတ်သင့်ပါရဲ့။
    ဒါပေမယ့် သူက ဦးစားပေး အဆင့်တော့ မရောက်သင့်သေးဘူး။

  • kai

    August 10, 2012 at 3:50 am

    အခုလူဖြစ်နေတဲ့..လူတွေဆိုတာ.. အရင်လူဖြစ်ခဲ့တဲ့.. လူတွေမဟုတ်ပဲ.. သီးသန့်ဖြစ်တည်နေတဲ့..လူတွေဆိုတာ…တွေ့သွားတယ် ဆိုတဲ့အကြောင်း.. :mrgreen:

    http://www.bbc.co.uk/news/science-environment-19184370
    Researchers studying fossils from northern Kenya have identified a new species of human that lived two million years ago.

  • etone

    August 10, 2012 at 11:45 am

    ကိုဂီရေ … ဖတ်ပြီး ပြုံးမိပါတယ် …. ။
    မြန်မာတွေမှာ First name , Last name မရှိတာ … တစ်ခါတစ်လေ .. အတော်လေး ဂွတီး ဂွကျနိုင်တယ် … ။ Europe ဘက်က ဧည့်သည်လင်မယားရယ် ၊ ကိုရီးယားလူမျိုး GM ရယ် ၊ ကျွန်မရယ် … လေးယောက်သား စားကြသောက်ကြရင်း ၊ လူတွေ နည်းနည်းထွေနေတုန်း …… စကားတွေတောင်ရောက်မြောက်ရောက်ကနေ …. နာမည်တွေ အကြောင်းကို ရောက်သွားပါရော ….. ။ ယူရိုပီယန်းတွေမှာလည်း …. မျိုးရိုးနာမည်ရှိတယ် … ကကြီးတွေမှာလည်း ရှိတယ် …. မြန်မာတွေမှာရောလို့ မေးတဲ့ အခါ …… ။ တဝိုင်းလုံးမှာ အသက်အငယ်ဆုံးလည်းဖြစ် ၊ မြန်မာနိုင်ငံသားဆိုလို့ တယောက်တည်းလည်း ဖြစ်တာကြောင့် …. နည်းနည်းမှ အလျော့မပေးချင်တာနဲ့ …. ရှိတာပေါ့ … ၊ ငါ့နာမည်ဆိုလျှင်တောင် နောက်ဆုံးတလုံးက family name ကိုယူထားတာ …… ။ ငါ့အဖေနာမည်က .. ဘယ်သူဖြစ်လို့ …. ငါက ဘယ်သူဖြစ်တယ် … လို့ .. ဖြေရှင်းချက်ပေးတော့ …. နင့်အဖိုးကရောတဲ့ ….. ။ လူလည်း နည်းနည်းထွေနေတာနဲ့ ……. လွတ်ခနဲ အဖိုးနာမည်လည်း ထွက်သွားရော ….. ရွှီးတာမှန်း သိသွားပြီး ဝါးလုံးကွဲ ဝိုင်းဟားကြပါရော …… ။ အဲ့ဒါမျိုး အမှတ်တရ ရှိခဲ့ဖူးတယ် … ။

    နောက်တစ်ခုက … ကကြီးသား Boss ရဲ့ ဟမ်းဆက်ပြောင်းတိုင်း … contact list ကို ကျွန်မက ပြန်ပြန်ရိုက်ထည့်ပေးရတယ် …. ။ သူကလည်း ခဏခဏကို ဟမ်းဆက်လဲပါတယ် …. ။ ဆင်းမ်ကဒ်ထဲကော်ပီလုပ်ထည့်မယ်ဆိုတော့လည်း ..ဖုန်း က သူသုံးနေတာမို့ … အဆင်မပြေပြန်တာနဲ့ …. ဟမ်းဆက်အဟောင်းက .. အတိုင်း အသစ်ထဲကို လက်နဲ့ manual ရိုက်ထည့်ပေးရပါတယ် … ။
    First name နဲ့ Last name ရိုက်ထည့်ပြီးမှ …. အရှေ့နဲ့ အနောက် ပြောင်းပြန်တွေပေါ်နေလို့ ဆိုပြီး … အသစ်တစ်ခါ ပြန်ရိုက်ပေးခဲ့ရတာလည်း အမှတ်တရပါ … ။
    ကိုယ့်ဖုန်းထဲ ကိုယ်ရိုက်လျှင် ဘယ်တော့မှ နှစ်လုံး ခွဲ မရိုက်ပါဘူး …. အာရုံတွေနောက်လွန်းလို့ … First name မှာပဲ … ရှိသမျှ နာမည် အကုန်တန်း စီရိုက်ပလိုက်တယ် …. ။ 😀 😀 😀

  • Wow

    August 10, 2012 at 12:27 pm

    မိဘမျိုးရိုးမလို ကိုယ်ပိုင်နာမယ်နဲ့ ထင်ရာလုပ်တာ တို့မြန်မာကွ…. 😀

  • marblecommet

    August 10, 2012 at 3:25 pm

    ဒါဆို
    ကျော့်နာမည်ဆို
    ဝေးကမ်း
    အားလုံးဂို
    လာဂဲ့ဘာလို့
    ဖတ်ခေါ်တာ….

  • ကြောင်ဝတုတ်

    August 10, 2012 at 5:02 pm

    ဂီဂီရေ…

    ပထမဆုံးပြောထားတဲ့နာမည်ကိစ္စတော့ မပြောတော့ဘူးနော်…
    ကျွန်တော်လဲ ဒွန်မောင်းလေဆိပ်ထဲမှာ ကိုယ့်နာမည်ကြီးပြောင်းပြန်ခေါ်လို့ ကိုယ့်ခေါ်မှန်းမသိတာမျိုးကြုံဖူးတယ်ဗျာ…
    အခုနောက်ပိုင်း ပတ်ပို့မှာရော မပုတင်မှာရော စတန်းဒတ်ဖြစ်အောင်လုပ်ထားတော့ ပြသနာသိပ်မရှိလှဘူး…

    မြန်ဂလိကိစ္စကိုပြောမယ်ဆိုရင်…
    MPT ကနေပြီးတော့ ပိုစတယ်ကုဒ်တွေနဲ့ မြန်ဂလိစာလုံးပေါင်းတွေကို တရားဝင်ထုတ်ပြန်ထားတာရှိပါတယ်…
    အဲဒီစာလုံးပေါင်းတွေကိုသိချင်ရင် Yellow Pages တွေနဲ့ တယ်လီဖုန်းဒိုင်ယာထရီတွေမှာရေးထားတဲ့ တရားဝင်စာလုံးပေါင်းရှိပါတယ်…

    အောက်ကလင့်လေးကိုသွားကြည့်ပါနော်…
    http://www.myanmars.net/myanmar/postal-codes.htm

    အဲဒီကိစ္စပြောရရင်ဖြင့် ကျွန်ုပ်တို့မြန်မာနိုင်ငံသားတွေက အနှီရုံးကနားတွေကိုကြောက်လန့်ရာက
    ရုံးကနားအသုံးအနှုန်းတွေနဲ့ ဝေးသည်ထက်ဝေးလာပြီး Official ဆိုတဲ့ Standard တစ်ခုထဲကို ဝင်အောင်မနေတတ်တာလို့
    ပြောရမလိုဖြစ်နေပြီဗျာ…
    အဲဒီကိစ္စတွေပြောရရင်ဖြင့် Official Email ကို Gmail သုံးတာမျိုးကအစပေါ့… Official ဆိုတာကို အကျွမ်းတဝင်ရှိအောင်
    လုပ်ကြရဦးမယ်လို့ဖြင့် ဆိုလိုပါသည်ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Liquid_Sn@ke

      August 13, 2012 at 9:05 am

      အဲဒီကိစ္စပြောရရင်ဖြင့် ကျွန်ုပ်တို့မြန်မာနိုင်ငံသားတွေက အနှီရုံးကနားတွေကိုကြောက်လန့်ရာက
      ရုံးကနားအသုံးအနှုန်းတွေနဲ့ ဝေးသည်ထက်ဝေးလာပြီး Official ဆိုတဲ့ Standard တစ်ခုထဲကို ဝင်အောင်မနေတတ်တာလို့
      ပြောရမလိုဖြစ်နေပြီဗျာ…

      စတန်းဒတ် မဖြစ်မှုတွေ အလွယ်လုပ်မှုတွေ ..ပီးစလွယ် တွေးတာတွေ …
      ကျဆုံးပါဇေသဒီးဗျာ…

      (ကြုံရင် အရှည် ဆွေးနွေးကြည့်ချင်သေးရဲ့ဗျို့)

      ခင်တဲ့…

  • R Ga

    August 10, 2012 at 5:56 pm

    ခင်တွေ ခေတ်စားတာက ခင်သန်းနုတို့ ဘာတို့ခေတ်ကနဲ့တူတယ်။

    ခင်စန်းဝင်းကတော့ ပြောဖူးတယ်။ သူနာမည်စန်းဝင်းကို အဲဒီကာလက ခင်တွေခေတ်စားလို့ ရှေ့ကခင်တပ်လိုက်တယ်ဆိုပဲ။

    နောက်နာမည်ပတ်သက်ပြီး စဉ်းစားမိတာ တစ်ခုက နာမည်ဆိုတာ မိဘတွေ ပေးတဲ့ အရာတစ်ခုပေါ့။
    ပြောရမယ်ဆိုရင် ကိုယ့်သဘောဆန္ဒ ဘာတစ်ခုမပါဘူး။
    ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံခဲ့ကြသူတွေများတယ်။
    တစ်ခါတလေဆိုရင် မိဘတောင် ပေးတာမျိုး မဟုတ်ဘဲ
    ဗေဒင်ဆြာ တွေပေးလိုက်တာမျိုးတောင်ခံရနိုင်တယ်လေ။
    တစ်ချို့ဆိုရင်လည်း ခွေးနီ တို့။ ခွေးမတို့။ ဝက်မတို့ စသဖြင့် ကိုယ်ကမကြိုက်ဘဲလက်ခံခဲ ရတာတွေလည်း ဒုနဲ့ဒေး။
    နောက်ပြီး မိဘပေးတဲ့ ကျောင်းနာမည်(ငယ်ငယ်ကခေါ်ပေါ့) ကပျောက်ပြီး… ကြက်ဖင်။ ပြာလောင် ၊အိဘုတ် စတဲ့ နာမည်တွေ နဲ့ တစ်သက်လုံး အရိုးထုတ်သွားကြရတဲ့လူတွေလည်းများလှသားဗျ။
    တချို့ကျတော့လည်း မိဘပေးတဲ့ နာမည်ကို အသက်ကလေး ရလာတော့ မလှဘူးဆိုပြီး သတင်းစာတွေဘာတွေထဲထည့်ပြီးလို့တောင် နာမည်လှလှ လေးတွေပြောင်းတက်ကျရဲ့…..။

    တော်ဘိလက်ညောင်းသွားဘိ ဆက်ရေးတော့ဘူး။

    • Liquid_Sn@ke

      August 10, 2012 at 6:08 pm

      နွယ်ဘင်ရေ ..
      ခင်လို့ လက်တို့မယ်ကွယ် ..
      ကိုကိုဂ က မရီးစန်း ပြောခဲ့တဲ့ နှုတ်ထွက်စကားကို
      မှတ်မှတ်ရရ ရှိနေတယ်ကွယ့် …

      တူးဘော်ဒီတိုင်းဂါး ပြောခဲ့တဲ့ စကားလားတောင် မဆိုနိုင်…

      အာ…ဟိ…

  • အရီးခင်လတ်

    August 11, 2012 at 5:44 am

    မောင်ဂီ ရဲ့ ဘိဇနက်ဒူး ရာမှာ ဆက်နွယ်သူများ ရဲ့ ပတ်စ်ပို့ ပြသနာ ကနေ ပေါက်ကွဲ နေပုံ ရတယ်။ 😛

    တကယ်တော့ မြန်မာပြည် မှ မဟုတ်ပါဘူး။ မျိုးရိုးနာမည် မရှိတဲ့ တစ်ခြားနိုင်ငံ တွေလဲ ရှိပါတယ်။
    အနီးဆုံး တိဘက် မှာ လဲ မျိုးရိုးနာမည် မရှိဘူး ထင်ရဲ့။

    သူတို့ မျိုးရိုးနာမည် ရှိတဲ့ လူအချင်းချင်း လဲ မျက်စိ လည်ကြပါတယ်။
    မင်းပြောတဲ့ ဂျပန်တွေ ရဲ့ မျိုးရိုးနာမည် က ရှေ့မှာ အနောက်တိုင်း က နောက်မှာ။
    တစ်ချို့ အာဖရိက (အီသီယိုပီးယား) နိုင်ငံ တွေ က ကလေး တွေ ရဲ့ မျိုးရိုးနာမည် က သူတို့ အဖေ ရဲ့ ပထမအမည် တဲ့။
    ဒါထက် ပိုရှုပ် သွားတာ က ပါကစ္စတန် မှာ အိမ်ထောင်ပြု ပြီးရင် မိန်းမတွေ က ယောကျာင်္းရဲ့ ပထမ အမည် ကို သူတို့ Surname (Family Name or Last Name) လုပ်ရသတဲ့။

    အင်္ဂလိပ် တွေ မျိုးရိုး နာမည် ယူပုံ က ရမျိုးတောင် ရှိ ဆိုဘဲ။ အဲဒီထဲ မှာ တစ်ချို့ က သူတို့ မျိုးရိုး အလုပ်အကိုင် ကို ယူတယ်။ ဥပမာ – မုန့်ဖုတ်သူ တွေ ဆို ၊ ငါးဖမ်းသူတွေ က ၊ အသားဆိုင် ဆို ၊ အိုးလုပ်သူဆို ၊ အမဲလိုက်သူဆို စသဖြင့်ပေါ့။
    တစ်ချို့ က နေတဲ့ အရပ် ကို မှီ ပြီး မှည့်သတဲ့။ ဥပမာ – Burton, Hamilton စသဖြင့်ပေါ့။
    တစ်ချို့ ကလဲ ကိုယ့် အသွင်အပြင် ကို မှည့်သတဲ့။ ဥပမာ – Young, Long, White
    မြန်မာ တွေ အဲလို အသွင်အပြင် ယူပြီး မှည့်တတ်တာတော့ ရှိသား။
    Surname သာ မဟုတ်တာ။

    ဒီတော့ မြန်မာ လူမျိုး အနေနဲ့ ငါတို့ မှာ မျိုးရိုးနာမည် ယူစရာ မလို ဘူး။ ကြိုက်တဲ့ နာမည် မှည့်လို့ ရတယ် ပြောရင် သူများ တွေ ကို ခေါင်းစားတောင် သက်သာစေပါတယ်။

    ဒါပေမဲ့ တစ်ခြားသူတွေတော့ မသိဘူး။
    အရီး ကတော့ နာမည် ထက် Title တွေ ကြားမှာ သူများကို ခေါင်းစားစေခဲ့ဘူး တယ်။
    အဲဒီ အတွေ့အကြုံ လေးကြုံတုန်း မျှပါရစေဦး။
    အနောက်တိုင်းမှာ ကျား တွေ အတွက် ကြီးငယ် ပျိုအို တစ်ခုလပ် မုဆိုးဖို မရွေး Mr ဆိုရင်ရှင်း ပေမဲ့
    မ တွေ မှာတော့ Miss, Mrs, Ms ဆိုပြီး ရှိတယ်။
    Miss ဆိုတာက အပျို (လူလွတ်) Miss + Father Surname
    Mrs ဆိုရင် အိမ်ထောင်ပြုပြီး Mrs + Husband Surname
    (အဲဒီမှာ Mrs ဆိုတာ နဲ့ သူတို့ Surname က ယောကျာင်္း Surname ပြောင်းရတာပေါ့။)
    Ms ဆိုရင် ပါတနာရှိ (သို့) တခုလပ် ပေါ့။ Ms + Father Surname

    ဒီတော့ ကိုယ့်မှာ Surname မရှိ တဲ့ အရီး က ရောက်ရောက်ချင်း Form တွေ ဖြည့်တော့ ခပ်တည်တည် ဘဲ။ Title ကို Mrs ကနေ တစ်ပြားမှ မလျှော့ဘူး။
    ကိုယ်က လက်ထပ်ထားသူကိုး။
    Surname ကတော့ ကိုယ့်နာမည် နောက်ဆုံးစာလုံးပေါ့။
    ဘယ်သူမှ ပြသနာ မလုပ်ပါဘူး အလုပ်ဝင်ချိန် အထိပေါ့။
    အလုပ်ဝင်တော့ အလုပ်သဘောအရ မှုခင်းကင်းစင်ခြင်း ရှိမရှိ အစစ်ခံ ရတယ်။
    အဲဒီမှာ လဲ Form ဖြည့်ရတာပေါ့။
    တင်လဲပြီးရော နောက်ရက် မှာ Admin က ခေါ်ပြော တယ်။
    အဲဒီ စစ်တဲ့ CRB ရုံးက နင့် အချက်အလက် တွေကို Happy မဖြစ်ဘူး လို့ ပြောနေတယ်တဲ့။
    ဘာဖြစ်လို့လဲ မေးတော့ နင်က Mrs သုံးပြီးတော့ နင့် Surname ကျတော့ နင့် ယောကျာင်္း Surname မဟုတ်လို့ တဲ့။
    အဲဒါ ကို ရှင်းစေချင်လို့ တဲ့။
    ကုသိုလ်ကံက ကောင်းချင်တော့ အဖေ့ နာမည် နောက်စာလုံး နဲ့ ကိုယ့်နာမည် နောက်စာလုံး တူနေတာဘဲ။
    အမည်ပေးရာမှာ ဘိုဆန် ခဲ့ တဲ့ မိဘ တွေကြောင့် သိပ်ရှည်ရှည်ဝေးဝေး ရှင်းစရာ မလိုခဲ့ဘူး။
    ငါတို့ ဆီမှာ လက်ထပ်ပြီး လဲ ယောကျာင်္း Surname ယူစရာမလို ဘူး လို့ ပြောလိုက် တယ်။
    ဒီတော့ သူက ဒါဆိုရင် နင့် Title ကို ပြင်ရမယ်တဲ့။
    ရောမ ရောက်တော့ ရောမ လို ကျင့်ပြီး သကာလ နာမည်မပြင် တော့ ဘဲ Mrs က နေ Ms ဘဝ သို့ ပြောင်းခဲ့ပါ တော့တယ်။

    နောက်ပိုင်းမှ သိလာတာ က သူတို့ ထဲ က နောက်ပိုင်း လူငယ် တစ်ချို့ ကလဲ လက်ထပ်ပြီး နာမယ် မပြောင်းဘဲ သူတို့ အဖေ Surname နဲ့ ဘဲ ဆက်နေကြတာ တွေ့လာတယ်။ ဒီတော့ သူတို့ ကိုလဲ Miss လို့ ဘဲ ဆက်ခေါ် ကြတာ တွေ့တယ်။
    ဘာလို့လဲဆိုတာတော့ မစပ်စု မိဘူး။
    ကြုံမှ စပ်စု ကြည့်ဦးမယ်။
    အဆင်ပြေ ခဲ့ရင် ကိုယ်လဲ Miss လုပ်လို့ ရမလားလို့။ 😀

    မြန်မာပြည်မှာ လဲ မောင်၊ ကို၊မ၊ ဦး၊ ဒေါ် တွေ က သူများ တွေကို မျက်စိလည် စေမှာ လဲ အမှန် ပါဘဲ။
    ဒီတော့ အကောင်းဆုံး က သူများတိုင်းတပါးသား တွေ နဲ့ မဆက်ဆံ ခင် ကိုယ့်ကို မျက်စိလည် စေမဲ့ သူတို့ အကြောင်း တွေ ကို သိထား ရင် တော့ ပိုကောင်းပါတယ်။
    ကိုယ့်ဘက် ကလဲ သူများ မျက်စိ မလည် အောင် ဖြစ်နိုင်သ၍ လုပ်သင့်ပါတယ်။

    ဒီတော့ ပြောရရင် ကိုယ့်မှာ Surname ရှိတာ၊ မရှိတာ က အကြောင်း မဟုတ်ပါဘူး။
    နာမည် တစ်လုံး ဘဲ ရှိလဲ အဲဒါကို Surname လို့သာ ယူလိုက်ပေါ့။
    တစ်ချို့ Online Form ဖြည့်လို့ မဖြစ်မနေ ဖြည့်ရရင် နာမည် အစား Letter တစ်ခု ဘဲ ထည့်လိုက်လို့ ရပါတယ်။
    ဥပမာ – ဒွေး ဆို ရင် First Name ကို D လို့ ဖြည့်ပေါ့။ Mr Dwe လို့ ဘဲ ခေါ်မှာပါ။ ရင်းနှီးသမှု နဲ့ First Name ကို ခေါ် လဲ D ဆိုတော့ မမှားပါဘူး မဟုတ်လား။

    ဒါပေမဲ့ မင်းထောက်ပြတဲ့ မောင်၊ ကို၊မ၊ ဦး၊ ဒေါ် တွေ ကို တော့ Passport Name မှာထည့်မသုံး သင့်ပါဘူး။
    နိုင်ငံ အပြင်ထွက် ရင် ကိုယ့် Passport Name ကလဲ International သုံးဖြစ်မှာမို့ Mr, Mrs, Miss တွေဘဲ ဖြစ်တော့ မှာမို့ ကိုယ့် ရဲ့ မောင်၊ ကို၊မ၊ ဦး၊ ဒေါ် တွေ နဲ့ ရှုပ်ကုန်မှာပါ။
    အဲဒါလေးကတော့ Passport လုပ်ပေးသူ သက်ဆိုင်သူများ စေတနာပိုပြီး ထည့်မပေးလိုက် ဖို့ပါဘဲ။
    ဒီတော့ အင်မတန် ကောင်းတဲ့ ထောက်ပြ မှု လေးမို့ လက်မ လေး နောက်တစ်ချောင်း ထောင်လို့ ရရင် ထောင်လိုက်ချင်ပါသေး။ 😉

    ဒါပေမဲ့ တစ်ချို့ အရာတွေ က လဲ ကိုယ့်ကိုယ်ကို သီးသန့် ဖြစ်တည် လို့ လဲ ရနိုင်ပါတယ် အေ။ ညှိလို့ ရဖို့ သာလိုတာပါ။

    ဆိုင်မဆိုင် တော့ မသိ.။ကိုယ်ထင်ရာ စွပ်တင် ခဲ့ပြန်ပြီ။ 😆

    • Liquid_Sn@ke

      August 16, 2012 at 3:04 pm

      ဒါပေမဲ့ တစ်ချို့ အရာတွေ က လဲ ကိုယ့်ကိုယ်ကို သီးသန့် ဖြစ်တည် လို့ လဲ ရနိုင်ပါတယ် အေ။ ညှိလို့ ရဖို့ သာလိုတာပါ။
      ဆိုင်မဆိုင် တော့ မသိ.။ကိုယ်ထင်ရာ စွပ်တင် ခဲ့ပြန်ပြီ။

      အဲ့ဒါလေးတွေ့လို့ .. ဝီကီထဲ သွားတူးတာ ..
      ဖန်မလီနိမ်း မသုံးတဲ့ တိုင်းပြည်တွေဆိုပြီး အခုလို ထွက်ကျလာပါတယ်ဗျား.

      Icelanders, Tibetans, Burmese, Javanese, and many people groups in East Africa do not use family names

      အဲ့နိုင်ငံတွေ မတိုးတက်တာချင်းတူတော့ သည် ရလာဒ်က ..သိပ်တော့ အားရစရာမကောင်း … ။
      ပြောရရင် မျိုးရိုး နာမည်တွေ (ကျနော်တို့ မျိုးရိုးနာမည် မရှိသူတွေ)
      ခံစားနားမလည်နိုင်မယ့် Value တခုခု ကိန်းတယ်.. တွန်းအားတခု အစွမ်းသတ္တိတခု ရှိတယ် ဆိုတာတော့..
      သေချာသလောက်ရှိရဲ့ …။ အဲ … နောက်ထပ် သေချာတဲ့ တန်ဖိုးတခုကတော့ ..မျိုးရိုးစဉ်ဆက် ဇယား ကို
      တူးဆွနိုင်ခြင်းပါပဲ ..။ သမိုင်း ဘက်ကနေကြည့်ရင် တန်ဖိုးတခုရှိသပေါ့ဗျာ ..။
      ကျနော်တို့မှာ မျိုးရိုးစဉ်ဆက် ၄-၅ခုလောက် ရဲ့ အထက်ကို ကျော်မမြင်တော့ဘူး ဆိုပါတော့ ….။

      ကျနော်တို့ သမိုင်းမှာ (လိုသွားတယ် ထင်တဲ့အချက်ကတော့) မျိုးရိုးနာမည် တွေထားပြီး Diversify ခဲ့ကြရမှာကို
      အဲ့လို မလုပ်ခဲ့ဘဲ လူမျိုး ဆိုတာတွေကို Diversify ခဲ့ကြမိတယ် မြင်ပါတယ်…
      ဒါကြောင့် အခု လူမျိုးစုံ ၁၃ဝကျော် နဲ့ ..ဘလားဘလား ဖြစ်နေသလားမှတ်တယ်..
      လူမျိုး ၁မျိုးတည်းထား … မျိုးရိုးနာမည်ပဲ ခွဲ ..မျိုးရိုးနာမည်၁၃ဝမကလို့ ၂၀ဝကျော်ဦး …သွေးစည်းညီညွတ်မှု ဆိုတဲ့ဘက်က
      ကြည့်ရင် စည်းရုံးမှု ဆိုတာဘက်ကကြည့်ရင် ….
      အင်း …..

      တကယ်တော့ ပြောရရင် အခုလည်း ..မျိုးရိုးနာမည် ရှိတဲ့ တိုင်းပြည်အချို့မှာတောင် …
      အိမ်ထောင်ပြုပြီးလည်း ယောက်ျား ရဲ့ နာမည်ကိုမယူဘဲ ကိုယ့်မျိုးရိုး ဆက်ထိန်းထားခွင့်ကို
      အမျိုးသမီးတွေ တိုက်ပွဲဝင်နေကြတာတွေ့ပါတယ်. .ကြိုဆိုပါတယ်ဗျာ ..။ လူအချင်းချင်း
      တန်းတူညီမျှမှုပါ… ဘယ့်နှယ့် သမီးမွေးမိရင် မျိုးရိုးပျောက်မှာ ကြောက်ရတဲ့ ..အယူအဆစွဲကြောင့်
      နိုင်ငံတချို့မှာ ..အမျိုးသမီးတွေ အနှိမ်ခံရတာ ကို မလိုလားတဲ့သူပါ. …။
      မျိုးရိုး ကိစ္စ အချုပ်ပြောရရင်တော့ …မျိုးရိုးမရှိတာဟာ ဂုဏ်ယူစရာ လည်းမဟုတ်သလို
      ခုမှ ထလုပ်ရမယ့် ဖက်ရှင်လည်း မဟုတ်ပါဘူး .. သမိုင်းမှာ မလုပ်ခဲ့ရတာလေးကိုသာ…။

      အမျိုးသမီး ဆိုတာ နှိမ်ဖို့ မဟုတ် ..ချစ်ဖို့
      လို့ တရားသေ လက်စွဲထားသော..
      ရီပါ့ဘလစ်ကင် (ယခုရက်ပိုင်း)
      ဂီ

  • လေပြေ ရှိုင်း

    August 13, 2012 at 10:18 am

    ပါဋ္ဌိဘာသာမှာ နာမည်မှဲ့ခေါ်တာနဲ့ ပတ်သက်လို့ ချစ်စရာကောင်းတဲ့ အသုံးလေးရှိတယ်ရယ်လို့
    သဲကုန်းဆရာတော်ဘုရားကြီးက တရားပွဲတစ်ပွဲမှာ ကြုံလို့ ပြောပြသွားဖူးပါတယ်။ ပုည ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ နာမည်ဆိုပါတော့။ ကုသိုလ်ရှင်ပေါ့။ ပုည ဆိုတာနဲ့ သူကိုယောက်ျားလို့ သိတယ်တဲ့။ အမျိုးသမီးက အဲဒီနာမည်မှဲ့မယ်ဆိုတော့ ရေးချာလေးရောက်လာပြီး နောက်ဆုံးက အသံလေး ပြောင်းသွားတယ်တဲ့။ ပုညာပေါ့။ အဓိပ်ါယ်ကတော့ တူတူပဲ။ နှစ်ယောက်လုံးက ကုသိုလ်ရှင်။ မောင်ပုည နဲ့ မပုည လို့စာလုံးတွေ မပြောင်းတော့ပဲ။ ပုည နဲ့ ပုညာရယ်လို့ အမျိုးသားနဲ့ အမျိုးသမီးကို ခွဲခြားနိုင်တယ်တဲ့။ အဲဒါ ပါဋ္ဌိဘာသာရဲ့ ချစ်စရာကောင်းတဲ့ အသုံးလေးပါလို့ ဆရာတော်ကြီးက မြတ်မြတ်နိုးနိုးပြောသွားတယ်။…. အခု ဒီပို့စ်ကို ဖတ်မိလိုက်မှ ပါဋ္ဌိဘာသာရဲ့ သီးသန့် ဖြစ်တည်မှုလေးတစ်ခုကို ကျွန်တော်သွားပြီး တွေ့လိုက်ရတယ်။…. ကျေးဇူးတင်ပါတယ်။…. ဆရာတော်ကြီးကတော့ နာမည်တွေ အများကြီးကို ဥပမာပြသွားတယ်။ ကျွန်တော်ကတော့ စဉ်းစားကြည့်သေးတယ် ထွက်မလာတော့ဘူး။…

  • Shar Thet Man

    August 15, 2012 at 11:43 am

    ကောင်းတယ်သိလား…တော်တော်လေးလည်းမိုက်တယ်…….ဆက်ရေးပါဦးအားပေးပါတယ်

  • ပန်းစံပါယ်

    August 16, 2012 at 2:18 pm

    (ပ) ကို မောက်ချ( ာ )နဲ့ ရေးကြည့်ပါ။ ပာ ဖြစ်သွားပါလိမ့်မယ်။

    • Liquid_Sn@ke

      August 16, 2012 at 2:44 pm

      အင်း….
      ကျုပ် ဆက်တူးရင် … ဟိုကိစ္စ ထွက်ကျလာလိမ့်မယ်…
      အဲ့ဒါကြောင့် မတူးတော့တာပါ…ကဲပါ ဆက်တူးပါ့မယ် …

      ပစောက် ကိစ္စက ဟုတ်ပါတယ်ဗျို့….. စလုံး ကို – ျ တပ် ရင် ဈ ဖြစ်သွားသလိုပေါ့…
      အဲ့ဒါတွေကို မသိလို့ အထက်ကလို ပြောခဲ့တာ မဟုတ်ပါဘူး..
      ခွဲမသုံးရင် အဓိပ္ပါယ်ကောက်လွဲမယ့်
      ဓား ဟာ ဓါး လည်း ဖြစ်လို့ ရသေးတယ်မဟုတ်လား ..

      သိတယ် မလား .. သိတယ်မဟုတ်လား ..သိတယ်မှတ်လား …
      ဘယ်ဟာ အမှန်တုန်း ..
      ကျန်သေးတယ် ဆက်ဆွဲမယ်..
      တချိန်တုန်းက အတော်ငြင်းကြတဲ့ ..ဖဦးထုပ် နဲ့ ဘ ကိစ္စ လိုမျိုး..
      ကျနော် ကျမ နဲ့ ကျွန်တော် ကျွန်မ တို့ …
      အဲ့ဒါတွေ လည်း… စတန်းဒတ် တခုဖြစ်ရဦးမယ်…

      ထပ်ဖြည့်ပြောချင်တာက …
      မွေးစားစာလုံးများ ..ဥပမာပြောရရင်
      ကွန်ပြူတာ က အမှန်လား .. ကွန်ပျူတာ က အမှန်လား..
      (၂ခုလုံး အမှန်လက်ခံမယ်..ရတယ် လက်ခံ.. သို့တည်းမဟုတ် ..တခုခုကို ရွေးချယ်ပြီး ရွေးချယ်ထားတာကို
      စနစ် အဖြစ်သုံးမယ်..ဒါလည်းဖြစ်တာပဲ … စတန်းဒတ်ဖြစ်ဖို့သာ လိုတာ.) ဒါမျိုးကို ဆိုလိုချင်လို့ပါ။

      ဒါစာလုံးအဆင့်ပဲရှိသေးတာနော။စာကြောင်းအဆင့်ကိုပြောမယ်။စာကြောင်းအဆင့်ပြောဖို့စကားစုဆိုတဲ့အဆင့်ကိုအရင်သွားပါမယ်
      (အဲ့အပေါ်က စာကြောင်းနဲ့ အခု အောက်ကရေးမယ့် စာကြောင်းတွေကို ယှဉ်ဖတ်ကြည့်ပါ။)
      စကားစုတွေကို လုံးဝ စပေ့တချက်မခံဘဲ ရေးတဲ့စာနဲ့ စပေ့တချက်ခံပြီး ခွဲရေးထားတဲ့ဟာ
      ဘယ်သင်းက ဖတ်ရလွယ်တယ် နားလည်ရလွယ်တယ် ဆိုတဲ့ ကိစ္စ…
      ကျုပ်တို့ ရေးတတ်တဲ့ စာကြောင်းအဆုံးတို့ .. ဒါမှမဟုတ်လည်း သည်တို့ ၏ တို့ နဲ့ မဆုံးချင်လို့..
      သို့တည်းမဟုတ်လည်း အချိန်ကာလ အပိုင်းအခြားတခုကို ပြချင်လို့ အဲ့သည့်လို ချတတ်တဲ့ စာကြောင်းအဆုံးက
      အစက် ၂စက် အကြောင်း … (ခေတ်ဟောင်းမြန်မာစာမှာ အဲ့ဒါ မပါဘူးနော..)

      အဲ့ဒါတွေ စနစ်မကျလို့ မဖြစ်ဘူး .. ဖြုတ်သင့်တာ မဖြုတ်လို့မဖြစ်ဘူး ပြောနေတာ..
      ဘာကြောင့်လဲဆို အဲ့ဒါတွေ စတန်းမဒတ်ရင် ပြုတ်သင့်တာတွေ မပြုတ်ရင်


      ဘာဖြစ်မလဲဆို .. ဘယ်တော့မှ ..မြန်မာစာ စပ္ပယ်လင် ချက်ခ် ဆော့ဖ်ဝဲ မထွက်ဘူး
      ဘယ်တော့မှ (ပါဝါဖူးလ်) မြန်မာစာ ထရန်စလိပ်တာ မထွက်ဘူး ..
      ဘစ်ဇနက် လက်တာ ဘိုလိုရေးတယ် ဆိုပါစို့ … ရေးတာ မှားနေလား
      အမှန်လား ..သိချင်တယ်.. F7 တချက်နှိပ်ပြီး စစ်ကြည့်လို့ရတယ်.. အဲ …
      colour နဲ့ color နေရာမှာ လိုင်းကလေး တားနေတယ်… ဩ သိပြီ ..American English Vs British English
      သည်တော့ ပို့မယ့် နေရာကို ပြန်စစ်တယ် ..အဲ့မှာ ဘာသုံးလဲပေါ့ …
      အဲ့မှာသုံးတဲ့အတိုင်း ..ပြင်သုံးပေးလိုက်ရင်. .. perfect ပေါ့ဗျာ..

      ကိုယ့် လူမျိုးတွေကို လည်း ကိုယ့်စာနဲ့ရေးတဲ့အခါ အဲ့လို သုံးနိုင်စေချင်တာပါပဲ …

      အဲ့ဒါတွေ မထွက်လည်း ခင်ဗျားတို့ ကျုပ်တို့ က သည်လောက်ရေးနိုင်ဖတ်နိုင်နေတာပဲ …
      ဘာမှမဖြစ်ပါဘူး ..နည်းနည်း တော့ အားပိုစိုက်ရတာပေါ့…
      ကျောင်းသားတွေ လူငယ်တွေ အတွက်တော့ .. တောနဲ့မြို့ ကွာခြားချက်တွေ အတွက်တော့..
      အဲ့ဒါတွေ ရှိမှ .. တာသွားမှာဗျ ..

      ကျုပ်တို့ဘာသာနဲ့ ရေးထားတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းတွေ အရမ်းနည်းနေသေးတယ်..
      – ထိုင်စောင့်မလား ..(မဖြစ်နိုင်)
      – ဒါဆို ကမာ္ဘသုံး ကိုသင်မလား .. (သင်ရမှာပေါ့ .. သို့ပေသိ ..တော-မြို့ အဆင့် အထူးသဖြင့် အိုင်တီပိုင်း
      ကွာခြားချက်လေးတွေရှိ)
      သည်တော့ ဒါတွေ ပေါ်လာဖို့ အားကောင်းလာဖို့ ….လိုလို့ ….သည်လိုရေးရခြင်း ဖြစ်ပါကြောင်း..

  • ahnyartamar

    August 17, 2012 at 9:24 am

    ကိုဂီရဲ့ post ကဆက်လက်အောင်ပွဲခံနေလို့ ခဏခဏ ဝင်ကြည့်မိပြီး comment တွေဖတ်ဖြစ်တယ်။

    Shwe Gone Taing လည်း ရွှေဂုံတိုင် Shwe Gone Taine လည်း ရွှေဂုံတိုင် Shwe Gone Daing လည်း ရွှေဂုံတိုင် …Myae Ni Gone လည်း မြေနီကုန်း Myay Ni Gone လည်း မြေနီကုန်း Chan Myae Thar Zi လည်း ချမ်းမြေ့သာစည် Chan Myay Thar Siလည်း ချမ်းမြေ့သာစည်

    နေအုံးဗျ ဒီဟာလေးကို နဲနဲထပ်ပြောချင်လာတယ်၊ မြန်မာနံမည်ကို အင်္ဂလိပ်လို ပြောင်းတာ မတူညီတာထက်၊ မြန်မာစကားကို မြန်မာလို ရေးတာတွေလည်း အခုထိကွဲလွဲနေတုန်းပါပဲ။ လူနာမည်ဆိုပါစို့ တချို့က ‘မစန်း’ ကို ‘မဆန်း’ လို့ ရေးသလို သတ်ပုံတွေလည်း မသိလို့ မှားရေးတာလား၊ သိသိနဲ့ တမင်ရေးနေတာလားဆိုတာ အခုထိတွေ့နေရသေးတယ်ဗျာ။ ကျ နဲ့ ကြ, ပဲ နဲ့ ဘဲ, ကျိုး နဲ့ ကြိုး, ဖူး နဲ့ ဘူး….ဟာ အများကြီးပါပဲဗျာ။ (ကျတော်ရေးတာတွေတောင် သတ်ပုံမှန်ရဲ့လားမသိဘူး)၊ ဒါကြောင့် ကျတော့်ရဲ့ သီးသန့် ဖြစ်တည်မှုကတော့ ကိုယ်ပိုင်စာကို သဒ္ဒါထက်၊ သတ်ပုံမှန်အောင်တော့ ရေးသင့်တယ်လို့ထင်ပါတယ်၊ မြန်မာ သဒ္ဒါရော သတ်ပုံပါ မှန်နေရင်တော့ ပိုကောင်းတာပေါ့ဗျာ။

    • Liquid_Sn@ke

      August 17, 2012 at 10:05 am

      အားပေးတာ ကျေးကျေးပါဗျို့ …
      ဟုတ်ပါတယ် ကိုအညာတမာရေ …
      အဲ့သည့် စလုံး နဲ့ ဆလိမ် က အတော်လေး ..ငြင်းကြရတယ်
      ဆု နဲ့ စု ဆန်း နဲ့ စန်း အများဆုံးပေါ့ …
      အဲ..
      ဆိုတော့ … အလုပ် အင်တာဗျူးလိုဟာမှာ ..
      ဗျူးတဲ့ လူကြီးက
      နာမယ် ပါးစပ်နဲ့ မေး ပြီး ချရေးတာမှာ ..
      အဲ့လို လွဲတတ်တယ် ဆိုပါတော့ ..
      နောက်ပိုင် း HR ဂျာ က သူကိုင်ထားတဲ့
      စာရွက်နဲ့ တိုက်ကြည့်တော့မှ ..လူ မတူ သလို..
      တခြားလူ ဖြစ်နေသလို …ဒန်တန့်တန်တော့တာရယ်…
      နာမည်မှာ အနှီစာလုံးတွေ ပါသူတွေ ..ဘယ်လိုပေါင်းတယ်
      ဆိုတာ ကို တဖက်လူ သိအောင် ကိုယ့် မပုတင် ထဲကအတိုင်း
      ရေးအောင် သတိတရ ပြောဖို့ ….အဲ့ဒါလေး ….ပါ…
      တရုတ် ဂျပန်မှာလည်း စာလုံး တလုံး ဆိုပါစို့
      အသံထွက် အမျိုးမျိုးရှိနေတတ်ပါတယ်… ။ အဲ ..အသုံးများတာက
      ၁မျိုးလောက်ဖြစ်ပြီး အသုံးမများတာက ၃-၄မျိုး ရှိမယ် ဆိုပါတော့ဗျာ..
      အဲ့ဒါကို ကိုယ်က အသုံးမများတဲ့ ၃-၄မျိုးထဲက စာလုံး ယူပေးမိတယ်
      ဆိုရင် … ကိုယ့်နာမည် အသံမှား ထွက်မယ့် အနေအထားရှိပါတယ်…
      ဥပမာ 愛 ဆိုပါတော့ … အဓိပ္ပါယ် က အချစ်တဲ့ …
      တရုတ်မှာရော ဂျပန်မှာပါ… အိုင်း (ဝါ) အအိ လို့ ထွက်တယ်..
      သူ့ရဲ့ ဖတ်ပုံကွဲတွေကတော့..
      まな、ちか、あき、めぐみ、な、まなみ、めぐむ、え、め
      mana, saka, aki, megumi, na, manami, megumu, e, me
      စသည်ဖြင့်ပေါ့ဗျာ …
      ဆိုတော့ အနှီစာလုံးကို သုံးပေမယ့် အိုင်း လို့ အသံထွက် နာမည်မဟုတ်ဘဲ
      စခ ဖြစ်စေ အခိ ဖြစ်စေ မယ်ဂုမိ ဖြစ်စေ နာမည်မှာ သုံးမိရင် …
      ဆိုတဲ့ အနေအထားပါပဲ … သည်တော့ ..ဒါကို ကျော်လွှားဖို့…
      သည်မှာ furigana ဆိုတဲ့ စနစ် ကို သုံးကြပါတယ်..
      လိပ်စာကတ်တွေ လဲကြတဲ့အခါ… နာမည်စာလုံးရဲ့အပေါ်မှာ
      စာလုံးသေးသေးနဲ့ အသံထွက် ကို ရေးကြပါတယ်…
      ဥပမာ ..
      Watanabe Ken
      わたなべけん
      ワタナベケン
      渡辺 謙
      တခုခုပေါ့ဗျာ …
      ဒါဆို ကျနော်တို့မှာလည်း … မလိုလားအပ်တဲ့
      နာမည်စာလုံး အမှားအယွင်း အကျအပေါက်မရှိရလေအောင်
      ဆိုပြီး တခုခုတော့ စတန်းဒတ်ထား ..သုံးစွဲသင့်ကြောင်းပါ…

      နောက်ဆုံး တခု သတိပြုမိတာတော့ .. မြန်မာနာမည်စာလုံး
      နွယ် ဆိုတာပါပဲ … (အဟိ ..အန်တီနွယ်ဘင် ရေ …)
      ဘိုလိုပေါင်းတဲ့အခါ Excel တွေ Word တွေမှာ ဖြည့်တဲ့အခါ…
      Nwe ပေါ့ဗျာ..
      သူ့ရဲ့ အော်တို စာလုံးပေါင်း ပြင်တဲ့စနစ်က Nwe ကို New
      ရဲ့ တိုက်ပင် အမှားပါ ဆိုပြီး … ထ.ထ ပြင်တတ်တယ်ဗျ..
      အဲ့သည်တော့ အနှီ နာမည်စာလုံး နွယ် ဆိုတာနာမည်မှာပါရင်..
      သတိထားပေတော့ဗျို့ … ကိုယ်ရေးတာတော့ Nwe
      သူအော်တို ပြင်သွားတာ New .. အဲ .. သတိမထားမိဘဲ
      စာရွက် စာတမ်းတွေ ဟိုတင် သည်တင် တင်တော့မှ…
      မတူဘူး.. ဖြစ်ရင်… အစအဆုံး အလွန်တိုင်ပတ်တတ်ပါကြောင်း…

Leave a Reply