*** အမှောင် ရင်ခွင် ***
တမ်းတစိတ်နဲ ့တစ်ရိပ်ရိပ်တတ်လာတဲ့
ရင်ထဲက မိုးတိမ်ရေ …..
ရွာပါ ….. သည်းပါ …. ငိုချလိုက် ပါ
ဒုက္ခဝေဒနာက … နှလုံးသားအတ္တရဲ့
အလိုမကျခြင်း လားးးးးးးးးး
ထပ်တူကျဖို ့… မျဉ်းပြိုင်နှစ်ချောင်းမှာ
အပြစ်မရှာချင် တဲ့အခါ …..
ရထားတစ်စင်းလို …. အရှိန်ပြင်းပြင်းနဲ ့
ချစ်ခြင်းမှာ …..
ကမူးရှူးတိုး ရိုးသားလိုက်ချင်မိ …
အလွမ်းကို ပန်းလိုပွင့်စေဖို ့…
မရည်ရွယ် ရိုးအမှန်ပါ
ကိုယ်တိုင်ပျိုးမိတဲ့ လက်အစုံမှာ
မျှော်လင့်ချက်တွေ … ကုန်သလောက်ရှိနေပေမယ့်
ရင်ခုန်သံ ကသွေးခုန်နှုန်းတိုးလို ့သာပေါ့ …
စိတ်ကူးယဉ်မှုဆိုတာ …
မျှော်လင့်ချက် ရဲ့ ပေါင်းကူးတံတား
အိပ်မက်ဆိုတာ …..
အနာဂတ်ကို ဆေးရောင်စုံခြယ်တတ်တဲ့
အလှတရား …
သံယောဇဉ် နဲ ့ …. ထမ်းထားရတဲ့
မေတ္တာတရားကို .. ဥပေက္ခာ ပြုဖို ့
ငါလို … ပုထုဇဉ်မှာ
သံသရာရဲ့ … ရေစက်လေးကို
ရင်ဘတ်ထဲ က
ထွက်ပြေးခွင့် မစွမ်းသာခဲ့တော့ ခက်ပေါ့….
လက်မလျှော့ချင်ပေမယ့် လည်း
နမ်းခွင့်မရှိတဲ့ … ပန်းဆိုတော့
အလွမ်းသင့်မှု နဲ ့ … ခြောက်ခမ်းလုလု
နှုတ်ခမ်းအစုံမှာ … ….
တမ်းတမှုတွေ တောင်လိုပုံကြောင်း
နင် ယုံအောင် ရင်ခုန်သံကို
ရောင်းတန်းမတင် … ပါရစေနဲ ့..
သံသရာ အဆက်ဆက်က …
အချစ်မှာ …. ကာရန်ပျက်ခဲ့လေသလား
တစ်ခါတစ်ရံ မဟုတ်တဲ့ …
လွမ်းဆွတ်ခြင်းတွေနဲ ့ … ရင်တစ်ခွင်လုံးစိုစွတ်လို ့
ကိုင်းညွတ်မလာတဲ့ … သက်တန် ့လေး ရေ …..
သတိတရ နဲ ့ … ရေးမိတဲ့ ကဗျာ
နင် ့နှုတ်ခမ်းနှစ်လွှာကို ….. လွမ်းလို ့ပါကွယ် ။။။
12 comments
ချစ်တိုးလေး
August 8, 2012 at 12:19 pm
မောင်ခင်မင်(ကျွန်းချောင်း) ရေ အားပေးသွားတယ်နော်
စာသားလေးတွေက လန်းတယ်နော်
အတိသဌ္ဇနာဂရ
August 8, 2012 at 1:26 pm
ဒီတစ်ခါ ကာရံညီပါစေဗျားးး
ခေတ် လုလင်
August 8, 2012 at 1:59 pm
ဆရာခင်ရေ ရေးတက်လိုက်တာဗျာ။
ရွာထဲရောက်တိုင်း ဆရာကဗျာတွေကို အရင်ဆုံးရှာဖတ်မိနေပြီ။
snow white
August 8, 2012 at 4:14 pm
ဖတ်ရှုသွားပါတယ် ကာရံတော်တော်လေးညီပါတယ် စနိုးတို့ကတော့ အဲ့လိုကဗျာမျိုးတွေဖတ်ပြီးသွားရင် ကိုယ့်ဘာသာရေးရမှာတောင် တော်တော်လေးရှက်မိတယ်။။
tharli kar
August 8, 2012 at 4:38 pm
” သံယောဇဉ် နဲ ့ …. ထမ်းထားရတဲ့
မေတ္တာတရားကို .. ဥပေက္ခာ ပြုဖို ့
ငါလို … ပုထုဇဉ်မှာ
သံသရာရဲ့ … ရေစက်လေးကို
ရင်ဘတ်ထဲ က
ထွက်ပြေးခွင့် မစွမ်းသာခဲ့တော့ ခက်ပေါ့………….” တဲ့….
သုံးပွင့်ဆိုင်လေးဗျာ….(ထင်မြင်ချက်)….
ရေးတတ်လိုက်တာ….
ကိုယ်ရယ်…မင်းရယ်….ပန်းပိတောက်ရယ်….မဟုတ်ပါပဲ…
ကိုယ်ရယ်…မင်းရယ်….တရားရယ်…လို့တောင်…တင်စားလိုက်ချင်ပါဘိ….
လေးစား..အားပေးလျက်ပါ…ခင်ဗျာ….။
maung khinmin
August 8, 2012 at 4:46 pm
ဟုတ်သားဗျ …..ဆရာသာလိကာရေ
မေ့သွားတယ် …. ဘာတဲ့
ကိုယ်ရယ် … မင်းရယ် … သာလိကာရယ် …ဟုတ်ပေါင် …. တရားရယ်တဲ့လား
tharli kar
August 8, 2012 at 5:04 pm
ရပါတယ်…ဆရာရယ်….
ဆရာသာမတွန့်တိုပါနဲ့…
တော်ကြာ…
ကိုယ်ရယ်…မင်းရယ်…သာလိကာရယ်…ဆိုရင်…
မမြင်ရင်တော်သေး…
မြင်မိရင်…နှုတ်က..သရမ်း…
လက်က…သျှမ်း…နဲ့…………ဟွင့်….လူဇျိုး…..။
မောင်ပေ
August 8, 2012 at 7:51 pm
နှုတ်ခမ်းလွှာကို လွမ်းတယ်လို ့ဆြာခင်က ရေးဖွဲ ့ထားမှတော့
မိန်းခလေးရဲ ့ နှုတ်ခမ်းလွှာလေးကို
နမ်းစုပ်ဖူးလို ့ပဲ ဖြစ်ရမယ်ဗျား
maung khinmin
August 9, 2012 at 12:59 pm
နှုတ်ခမ်းနှစ်လွှာက
လွမ်းစရာကောင်းတာပ
အနမ်းဆိုတာ … ကဗျာထဲမှာဗျ
ကျမ်းကိုင်ကာ ကြိမ်ကာပြောလို ့မှ
မနမ်းဘူးပေါင်ဗျာ …သည်လိုပြောရင်လည်း
ဆြာပေ …. တစ်ယောက်က … ရယ်မှာပ
အလင်းဆက်
August 8, 2012 at 8:39 pm
ကျွန်တော်လည်း..လွမ်းတယ်။
YE YINT HLAING
August 8, 2012 at 8:55 pm
လက်မလျှော့ချင်ပေမယ့် လည်း
နမ်းခွင့်မရှိတဲ့ … ပန်းဆိုတော့
အလွမ်းသင့်မှု နဲ ့ … ခြောက်ခမ်းလုလု
နှုတ်ခမ်းအစုံမှာ … ….
တမ်းတမှုတွေ တောင်လိုပုံကြောင်း
နင် ယုံအောင် ရင်ခုန်သံကို
ရောင်းတန်းမတင် … ပါရစေနဲ ့..တဲ့ ။ အဲဒီ အပိုဒ် လေးကို အကြိုက်ဆုံးဗျာ !
Nay Chi
December 11, 2012 at 10:00 am
လှလိုက်တဲ့ ကဗျာလေး..။
သံယောဇဉ် နဲ ့ …. ထမ်းထားရတဲ့
မေတ္တာတရားကို .. ဥပေက္ခာ ပြုဖို ့
ငါလို … ပုထုဇဉ်မှာ
သံသရာရဲ့ … ရေစက်လေးကို
ရင်ဘတ်ထဲ က
ထွက်ပြေးခွင့် မစွမ်းသာခဲ့တော့ ခက်ပေါ့….။ (y)