Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်ဟာ ဗမာ လူမျိုးတစ်စုအတွက်သာဖြစ်နေပြီလား။

politicalviewAugust 15, 20121min56813

ငြိမ်းချမ်းသာယာမှုအဖြာဖြာ စာဖတ်သူ အားလုံးပေါ်သို ့ကျရောက်ပါစေ။
အခုရက်တွေမှာ ရိုဟင်ဂျာကိစ္စနဲ ့ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ သော်လည်းကောင်း လွှတ်တော်ပြင်ပမှာသော်လည်းကောင်း ဆွေးနွေးသံ ဝေဖန်သံ ငြင်းခုန်သံတွေဟာပွက်လောရိုက်နေပါတယ်။ နောက်ပြီးမီဒီယာအများစုကလည်း ဒါဟာ အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်တာ မဟုတ်ဘူး ဘာသာရေးလွတ်လပ်ခွင့် ဟာ မြန်မာနိုင်ငံမှာ အရမ်းရှိပါတယ် ဆိုပြီးရေးသားနေကျတာကိုတွေ ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် အရမ်းရှိပါတယ် ဒါပေမယ့် ဗလီတွေမှာ တစ်ရက်ကို ငါးကြိမ် တစ်ကြိမ်ကို ငါးမိနစ်လောက်ရှိတဲ ့အာဇာန်ပေးခွင့်ကိုဒီနှစ်ဆန်းပိုင်းမှာ အပိတ်ခံလိုက်ရပါပြီ။ အော်လံနဲ ့အာဇာန် ပေးတာကို သက်ဆိုင်ရာ ခွင့်မပြုကြောင်း ငါးကြိမ်ပေါင်း မှာ ၂၅ မိနစ်သာ ရှိတဲ့ ဟာလေးကိုအပိတ်ခံလိုက်ရပါတယ်။ ရပ်ကွက် ဓမ္မာရုံတွေ အလှူတောင်းတဲ့ ပွဲတွေမှာ အော်လံနဲ ့နာရီပေါင်းများစွာ အသုံးပြုလို ့ရနေတဲ ့အချိန်မှာ ဗလီတွေမှာ အာဇာန်ဆိုခွင့်ကိုပိတ်လိုက်ခြင်းဖြစ်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ရှိပါတယ် ဒါပေမယ့် ဗလီအသစ်တည်ဆောက်ဖို ့မပြောနဲ ့ပျက်စီးနေတဲ့ ဗလီတွေတောင် ပြင်ဆင်ခွင့်ပါမစ် ပေးတာလုံးဝမရှိခဲ့ပါဘူး။ တောင်ငူမှာ အရင် တစ်ခါအကြမ်းဖက်ခံခဲ့ရတဲ့ဗလီတွေဟာ အခုထက်ထိ ပြင်ဆင်ခွင့်ရမသေးပါဘူးဗျာ။ အခု ရခိုင်မှာ ပျက်စီးသွားတဲ့ဘုန်းကြီးကျောင်းတွေပြန်လည်ပြင်ဆင်ခွင့်ရချိန်မှာ ပျက်စီးသွားတဲ့ ဗလီဝတ်ကျောင်းတွေ ကို ပြင်ဆင်ခွင့် မပြောနဲ ့ဝတ်ပြုခွင့်ကိုတောင်ပိတ်ထားတာကိုတွေ ့ရပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ရှိတယ် လို ့ ပြောနေကျနဲ ့မီဒီယာတွေနဲ ့လွှတ်တော်တွင်းက ပြည်သူကိုယ်စားလှယ်တွေကို သိစေချင်တာပါ ဗျာ။ မွတ်စလင်နဲ ့ပတ်သက်လာရင် ရိုဟင်ဂျာဘေးချိတ်ထားအုံး ပြည်တွင်းမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ ကိုအများကြီးဖိနှိပ်ခံနေရတာပါဘဲဗျာ မှတ်ပုံတင်လုပ်ရခက်တာတွေ လုပ်လို ့ရခဲ့ ရင် လည်းငွေအမြောက်အများ လာဘ်ထိုးနေရတာတွေ။ နောက်ပြီးတော့ မွတ်စလင်ဘာသာဝင် တစ်ယောက် အစိုးရ ဝန်ထမ်းဖြစ်နေပြီဆိုရင် ရာထူးတက်ဖို ့ဘယ်သောအခါမှ မရှိတော့ဘဲ အဲဒီ နေရာကနေဘဲ ပင်စင်စားအထိဖြစ်သွားတာတွေ နောက်အစိုးရစစ်တပ်မှာ ဘယ်သောအခါမှ အမှုထမ်းခွင့်မရှိတာတို ့။ ဒါတွေ ဟာ ရာစုနှစ်ပေါင်းများစွာ ဒီနိုင်ငံမှာ မွေးပြီး ဒီနိုင်ငံ မှာ ကြီးပြင် လာတဲ ့အစ္စလာမ်ဘာသာဝင်တွေရဲ့ကြုံတွေ ့နေရတဲ့ အဖြစ်အပျက်တွေပါဗျာ။ မျက်လုံးဇွတ်မှိတ်ပြီး အတင်းငြင်းနေကျတဲ ့မီဒီယာတွေ ဥပမာ Weekly Eleven တို ့ News Watch တို ့လိုမီဒီယာတွေ အများကြီးတွေ ့နေရပါတယ်။ ကျွန်တော်တစ်ခုပြောချင်တာ က အဲဒီယာမီဒီယာဝင်တွေ ကသတင်းထောက်တွေ သေချာခရေစေ့တွင်းကျမလေ့လာဘဲနဲ ့ရေးချင်တာရေးနေမဲ့အစား ကိုယ်တိုင် မွတ်စလင် အဖြစ် အချိန်ကာလာတစ်ခုလောက်နေကြည့်ပြီး အစ္စလာမ် ဘာသာဝင် တွေ ဟာ ဘာသာရေးလွတ်လပ်ခွင့်ရှိ မရှိကို လေ့လာသင့်ပါတယ်။ အပေါ်ယံ ဘာကိုမှ မကြည့် လူမျိုးစွဲ ဘာသာစွဲနဲ ့ရေးနေမယ့် အစား သေချာလေ့လာတော့မှ သေချာသိရမှာပေါ့ဗျာ။ မီဒီယာ ဆိုတဲ့ အခန်းကဏ္ဍဟာ အထူးအရေးပါတယ်ဆိုတယ်ဆိုတာ ကျွန်တော်အနေ နဲ ့တင်ပြစရာမလိုလောက်ပါဘူး ဒီလိုအရေးကြီးတဲ ့မီဒီယာတွေအနေနဲ ့တိုင်းပြည်မှာ ရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့အခက်အခဲတွေကို ပုဂ္ဂုလ်စွဲ ဘာသာစွဲ လူမျိုးစွဲ ကင်းကင်းနဲ ့ရေးသားသင့်ပါတယ်။ အခုတော့ ကျွန်တော်တို ့နိုင်ငံက မီဒီယာ ဟာဗမာလူမျိုးတစ်စုအတွက်ကောင်းစားရေး အတွက်သာ ရေးသားနေကျတဲ့ မီဒီယာမျိုးဖြစ်နေကျပါတယ်။ ကျွန်တော်ဥပမာ တစ်ခုလောက်တင်ပြချင်ပါတယ် စစ်အစိုးရလက်ထပ်တုန်းက မြန်မာစစ်သားတွေ ကချင်ပြည်နယ်မှာ ကချင်မလေးတွေ ကိုမဒိန်းကျင့်ခဲ့တာတွေ ကရင်ပြည်နယ်မှာ လည်းဘဲ မဒိမ်းကျင့်ခဲ့တာတွေ ဟာ ကျွန်တော် တို ့VOA, BBC နဲ ့အခြားမီဒီယာတွေ မှာ အမြဲလိုလိုကြားခဲ့ ဖတ်ခဲ့ရပါတယ်။ တစ်ခြားလူမျိုးတွေကို ဗမာလူမျိုးက မဒိမ်း ကျင့်ခဲ့ရင် ဒီသတင်းဟာ ထိပ်တန်းမရောက်ခဲ့သလို အခြားလူမျိုးက ဗမာ လူမျိုးကို မဒိမ်းကျင့်ခဲ့ရင်တော့ ဒါဟာထိပ်တန်းရောက်တဲ့ သတင်းပါဘဲဗျာ။ ပုဂံမှာ TAXI မောင်းတဲ ့အမျိုးသားတစ်ဦးဟာ ကမ္ဘာလှည့် ခရီးသည်တစ်ဦးဖြစ်တဲ ့ဂျပန်မလေးကိုမဒိမ်းကျင့်ခဲ့တဲ့အဖြစ်အပျက်လေးလဲပေါ်ပေါက်ခဲ့ဘူးပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို ့နိုင်ငံ ဟာ တစ်ခြားဘာသာ တစ်ခြားလူမျိုးတွေကိုဆိုရင် စာရင်းထားစရာမလို ဗမာလူမျိုးတစ်ခုကိုသာ စာရင်းထားရမယ် အရေးတစ်ယူရှိမယ့် ပုံစံမျိုးဖြစ်နေပါပြီ။ မြန်မာနိုင်ငံ ဟာ ဗမာလူမျိုးတစ်ခုကောင်းစားရေးကိုသာ စဉ်းစားတော့မှာလား?? ဖားကန် ့က ကျောက်မျက်ရတနာ ရခဲ့ရင် အဲဒီဒေသက လူမျိုးတွေ ကတော့ ဘာမှ မခံစား မစံစားရပဲ ရန်ကုန်အစိုးရဖြစ်တဲ ့ဗမာအစိုးရကသာ ခံစားရပါတယ် အဲဒီအကျိုးအမြတ်တွေအားလုံးကို။ ကျွန်တော်တို ့နိုင်ငံကိုကြည့်လိုက်ပါ တစ်ခြားပြည်နယ်နဲ ့တိုင်းတွေ က ထွက်တဲ ့ သစ်တွေ၊ ကျောက်မျက်ရတနာတွေ နဲ ့ အခြား တန်ဖိုးရှိ အရင်းအမြစ် တွေ ထွက်တိုင်း ထွက်တို်င်း အဆိုပါထွက်ရှိတဲ့ ဒေသ ကပြည်သူတွေ ဘာခံစားစံစားရလဲဆိုတာမြင်ကြည့်ပါ။ သူတို့ တွေဆင်းရဲပြီးဆင်းရဲနေရတယ် စုတ်ပြတ်ပြီးရင်စုတ်ပြတ်နေကျပါတယ်။ သူတို ့ရဲ့ရပိုင်ခွင့်တွေဟာပျောက်ဆုံးပြီးရင်ပျောက်ဆုံးနေကျပါတယ်ဗျာ။ ကရင် မတွေမဒိမ်းအကျင့်ခံခဲ့ရတာတွေ ကချင်သူလေးတွေ မဒိမ်းအကျင့်ခံခဲ့ရတာတွေ တစ်ခြားတိုင်းရင်းသူတွေ မဒိမ်းကျင့်ခံခဲ့ရတာတွေ ဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို ့ဒီက မီဒီယာတွေက မမြင်ကျဘူးလားခင်ဗျာ။ ကျွန်တော်တို ့မြန်မာပြည် ဟာ ဘာသာရေးလွတ်လပ်ခွင့်၊ရပိုင်ခွင့် လူမျိုးရေး လွတ်လပ်ခွင့်၊ ရပိုင်ခွင့် အင်မတန်ဆုံးရှုံးနေရပြီး ဗမာလူမျိုးတစ်စုအတွက်သာ အခွင့်ထူးခံရရှိနေပါတယ်။ ပြည်သူတစ်ယောက် ဟာ အခြားဘာသာဝင် အစ္စလာမ်ဖြစ်နေရင်သော်လည်းကောင်း အခြားတိုင်းရင်းသူဖြစ်နေခဲ့ပြီးဆိုရင် သော်လည်းကောင်း သူ ့အတွက်ရပိုင်ခွင့်ဘာမှမရှိသလောက်ပါဘဲဗျာ။ ရိုဟင်ဂျာ ကိစ္စ ကိုဘေးချိတ်ထားအုံး တစ်ခြား ပြည်တွင်းမှာ နေထိုင်နေကျတဲ့ မွတ်စလင်တွေရဲ့ အခွင့်အရေးတွေဘယ်လောက်တောင်ဆုံးရှုံးနေကျသလဲဆိုတာ ကိုတိုင်းပြည်ကိုယ်စားပြု ပြည်သူကိုယ်စားပြု မီဒီယာတွေအနေ နဲ ့သေချာလေ့လာဆန်းစစ်ကြည့်ကျပါ။ ပြည်သူ ့လွှတ်တော်ကိုဒီနေရာကနေတင်ပြချင်တာကတော့ ကျွန်တော်တို ့အစ္စလာမ်ဘာသာဝင်တွေရဲ့ ပျက်စီးသွားတဲ ့ဗလီဝတ်ကျောင်းတော်တွေကိုအမြန်ဆုံး ပြန်လည် ပြင်ဆင်ခွင့် ပေးပါ နောက်ပြီး အာဇာန်မဆိုရလို ့တားမြစ်ထားတာကိုလဲ အမြန်ဆုံး ပြန်လည်ရုတ်သိမ်းပေးပါ အစ္စလာမ်ဘာသာဝင်တွေ ကိုဖိနှိပ်ချုပ်ချယ်မှုတွေ ကိုလဲအမြန်ဆုံး ရပ်ဆိုင်းပေးပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ။

By
Political View
www.facebook.com/politicalview

13 comments

  • “အကြောင်းမဲ ့မည်သူတစ်ဦးတစ်ယောက်မျှ မသတ်ရ”
    မသိလျှင် စာများများဖတ်ပါဟု အကြံပြုပါတယ်ဗျာ။
    ပို ့စ်ရှင်အနေဖြင့်လဲ ဦးဆောင်ဆွေးနွေးပေးပါလို ့အ
    ကြံပြုပါရစေ။

    • ခင်များတို ့ကိုအပြုသဘောဆောင်တဲ့ ကွန်မန် ့ပေးထားတာကို မကြိုက်ရင်
      အနီ(၁၀၀)ပေးလဲ ကြိုက်ပါတယ်။ခင်များတို ့ကိုယ်တိုင်က ထမင်းစားပြီး
      ချီးဖြစ်နေတဲ့ ဦးနှောက်ဘဲ ပိုင်နေလေတော့ဗျာ။စိတ်မကောင်းဘူး။ပို ့စ်ရှင်
      ကိုတော့ အားနာပါရဲ့ဗျာ။

  • hein htet

    August 15, 2012 at 7:12 pm

    ပို စ် ့တင်တဲ ့သူက ဘာကိုပြောချင်တာလဲ…ဘာသာရေးလား…လူမျိုးရေးလားဗျ…ဘာသာရေးဆိုရင်တော့. အစ္စလာမ်ဘာသာ ကို တစ်ကဘာလုံးက မုန်းနေတာဗျ.အဲတော့ မြန်မာတွေမုန်းတာ သူတို ့အပြစ်ဟုတ်ဘူး..ခင်များတို ့အစ္စလာမ်ဘာသာဝင်တွေကသာ.ငပွကြီးတွေမလုပ်ကြနဲ ့ပေ့ါ..ခု နေရာတိုင်းမှာ မူဆလင်တွေ အကြောင်းသိနေကုန်ပြီဗျ..ဩစတေးလျှ လို ဒီမိုစစ်စစ် နိုင်ငံကြီးတွေ တောင်မှ နည်းနည်း ချဉ်လာနေပြီလေ…လူမျိုးရေး အကြောင်းပြောမယ်ဆိုရင်တော့..အထက်က စစ်ဗိုလ်ချုပ်တွေနဲ ့ဗမာတွေနဲ ့ရောရောမချကြနဲ ့ဗျ.ကျုပ်တို ့လည်း ကချင်မှာ စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ..လူသတ်ပြန်ပြီ.ကရင်မှာ စစ်တိုက်ပြန်ပြီ စတဲ ့သတင်းတွေကြားတိုင်း တိုင်းရင်းသားတွေဘက်က အများကြီး နာတတ်တယ်ဗျ..မှတ်ထား..အဲတော့.သိပ်စိတ်ပျက်အောင်တော့ မပြောကြနဲ ့ဗျာ..

  • Htoo thin

    August 15, 2012 at 7:17 pm

    အင်းလေကျွန်တော်ကတော့ ဘယ်လိုမှ တယောက်နဲ့တယောက် အငြင်းမပွားစေချင်သေးဘူးလေ ပြုပြင်တည်ဆောက် ဆဲ ကလာလိုပြော နေတဲ့ အချိန်တွေမှာ သမာသမတ်ကြတာလဲရှိရင်ရှိမယ် မသာမာတွေလဲ ရှိရင်ရှိမယ် အရိုးဆွဲနေခဲ့တာကိုပြောတာပါ ဘယ်သူမကောင်းဘူးမပြောပါဘူး အဓိက ဥပဒေ တည်မြဲလာရင် အခွင့်ရေးက တန်းတူညီမျှ ရကြမှာပါ ပုံဆန်အမျိုူးမျိုးနဲ့သွားနေတယ်ဆိုတာ ကြည့်ရင်သိပါတယ်ဗျာ မြန်မာပြည်မှာလေ နော်..။ကျွန်တော်မှတော့ လူမျိုဆွဲတွေ ဘာသာဆွဲတွေမရှိပါဘူး အဲဒီလိုဘဲ ငြိမ်းချမ်းရေး တရားဥပဒေ စိုးမိုးလေး တန်းတူညီမျှ အခွင့်တွေရလာရင်တော့ တော်လေးပ ပျေက်သွားမယ်လို့တော့မြင်မိပါတယ် …..။

  • Htoo thin

    August 15, 2012 at 7:22 pm

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    7. ဘာသာရေးနှင့် သက်ဆိုင်သော အမြင်လွဲမှူ့ များမ တင်ရဆိုသော အချက်ကြီးကို ဘေးထိုးထားနေသလားလို့
    ေ၈ဇက်မှာမိမိရဲ့ အမြင်များကိုတော့ တင်ပြခွင့်ရှပါတယ် နော် အထူးသဖြင့် စိတ်ဝမ်းကွဲအောင် ထကြွ သောင်းကျန်းစေလိုတဲ့စိတ်နဲ့ဆိုရင်တော့ မကောင်းပါဘူးလို မေတ္တာရပ်တာပါ…။

  • မောင်ပေ

    August 15, 2012 at 7:58 pm

    ကဲကဲ ဒီလောက်တောင် မွတ်စလင်တွေကို ဖိနှိပ်နေတယ်ထင်ရင်လဲ ကိုယ့်ဟာကိုယ် ဘာလုပ်ခဲ့လဲ အရင်ပြန်စဉ်းစားလိုက်ဦး
    မနှစ်က မိတီ္ထလာပလီ ထဲ မှာ တစ်လလောက် ပုံမှန်ထက်ထူးပြီး အော် တယ်
    အဲဒီအော်သံကြားရင် လူတွေစုလာတယ်
    ကြာတော့ ဘေးအိမ်က မြန်မာက မသင်္ကာလို ့စစ်တပ်သတင်းပေးလိုက်တော့ ၊ စစ်တပ်က ဝင်စိတယ်
    သေနတ်တွေ လောင်ချာတွေ ဗုံးနဲ ့အတူ မသင်္ကာစရာ လူတစ်သိုက်လုံးကို ဖမ်းနိုင်ခဲ့တယ်
    အဲဒီသတင်းကိုသာ တစ်နိုင်ငံလုံးသိအောင် အစိုးရက ဘာလို ့မလွှင့်ခဲ့သလဲ … ဆိုတာ မွတ်စလင် တွေ သိလား
    မျိုးတုံးသွားမယ်….

    • flamingo

      August 16, 2012 at 10:08 am

      ကိုပေ…ရေ…
      အရေးအသားကိုတော့ကြိုက်သွားပြီ

  • chityimhtoo

    August 15, 2012 at 8:35 pm

    ဟဟ…အဲ့လိုဖြစ်အောင်မင်းတို့ မွတ်စလင်ဘဲလုပ်ခဲ့တာ။သူများနိုင်ငံတွေထဲကျတော့ဗလီတွေ ရအောင်
    ဆောက် မရရင်ဘာသာရေးဖိနှိပ်တယ် ဘာညာဆိုပြီးအော်။မင်းတို့ ‘မကာ’ ဆိုတဲ့ နိုင်ငံထဲကျတော့
    ဘာသာချားဝင်ရင်လည်လှီးသတ်မယ်တဲ့။မင်းတို့ဗလီထဲ ကိုကျတော့ ဘယ်ဘာသာမှဝင်ခွင့်မရှိဘူး။
    တစ်ခြားဘာသာတွေ ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ ဘယ်ဘာသာမဆို ဘုရားပေါ်ဘဲဖြစ်ဖြစ် အားလုံး welcome
    ဘဲ။တစ်ကမာ္ဘလုံးမှာအကြမ်းဖက်ပြီး ဗုံးခွဲတိုက်ခိုက်တာလည်း မင်းတို့ဘာသာဘဲ၊ရောက်လေရာအရပ်၊
    ကိုယ်နေတဲ့ကိုယ့်မြေ ကိုယ့်ရေ ကိုပြန်ပြီးအကြမ်းဖက်တာလည်း မင်းတို့ ဘဲ။ကဲ ဒါတောင်အခွင့်အရေးမပေး
    လို့တဲ့ ဗျာ။ခုလိုပြောတာ မြန်မာနိုင်ငံထဲမှာတစ်သက်လုံးနေတဲ့ အစ္စလာန်ဘာ
    သာဝင်တွေနဲ့ စိတ်ဝမ်းကွဲဘို့မဟုတ်ပါဘူး။ဖြစ်နေတာလေးတွေပြောပြတာပါ။

  • ko win

    August 15, 2012 at 8:59 pm

    zeitgeistguy…..ရေ
    မြန်မာ့တပ်မတော်တွင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ရှိပါတယ်။ ရှိတာမှ ကြည်း/ရေ/လေ တပ်အစုံမှာကိုရှိပါတယ်။
    ခင်ဗျားရဲ့ကလိန်စေ့ ငြမ်းဆင်ဉာဏ်နဲ့ ဟိုလှည့်တိုက်၊ ဒီလှည့်တိုက် အကွက်တွေ သည့်ထက်ပိုပြီး သပ်ရပ်စေသင့်တယ်။
    ခင်ဗျားရဲ့ ကြိုးစားမှုတွေ အဟောသိကံ ဖြစ်ကုန်လို့ အကြံပေးကြည့်တာပါ။

    • Davit

      August 16, 2012 at 10:33 am

      Ko Win ရေ…နည်းနည်းထပ်ဖြည့်ချင်တယ်ဗျာ…..
      မြန်မာ့တပ်မတော်ထဲမှာမှ ဘာသာခြားဆိုရင် ဝင်ခွင့်မပေးတာတို့ ရာထူးမတိုးတာတို့မဟုတ်ပါဘူး…. ကျွန်တော်သိသလောက် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်အာရှနိုင်ငံတွေရဲ့ စစ်တပ်တွေမှာ ဘာသာခြားဆိုရင် ရာထူးအမြင့်ကြီးအထိတိုးဖိုးဆိုတာကမရှိသလောက်ပါ။ ဒါဘာကြောင့်လည်းဆိုတော့ နိုင်ငံတစ်ခုရဲ့ စစ်တပ်ရေးရာနဲ့ပါတ်သက်တဲ့ ပေါ်လစီတစ်ခုလို့မြင်ပါတယ်။ မြန်မာ့စစ်တပ်မှမဟုတ်ပါဘူး….(အနောက်နိုင်ငံတွေတော့ ကျွန်တော်မသိလို့ မပြောတတ်ပါ) ….. အဲ …………ဒါတောင် အရင်တစ်ခေတ်က မြန်မာ့တပ်မတော်၊ မြန်မာ့အစိုးရတပ်ဖွဲထဲမှာ မှက်မှက်ရရ ဂျူးလူမျုိုး ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ဦးအေဘယ်လ် ကြီးကတော့ ဗိုလ်မှူးချုပ်ရာထူးအထိရရှိခဲ့ဖူးတယ်နော်….ခုခောတ်ကြီးထဲမှာ မြန်မာ့တပ်မတော်မှမဟုတ်ပါဘူး အခြားသောနိုင်ငံတပ်တွေထဲမှာ (မွတ်စလင်နိုင်ငံရှိတပ်များမှလွဲပြီး) မွတ်စလင်လူမျိုးဆိုရင် အစကလည်းက ဝင်ခွင့်မပေးတော့ပါဘူး။ ကျန်တဲ့ဘာသာတွေဆိုရင်တော့ ဝင်လို့ရပါတယ်….ဒါပေမဲ့ ရာထူးတက်နှေးတာတို့ …. ရာထူးရပ်သွားတာမျိုးတော့ရှိတာပေါ့ဗျာ …… ဒါဘာကြောင့်တုန်းဆိုတော့ စကားပုံတစ်ခုရှိတယ်ဗျ…. “လူဆိုတာ ကိုယ်ခူးတဲ့အသီးကို ကိုယ်ပဲပြန်စားရတယ်” တဲ့ ………………

      ဗစ်ဗစ်

  • Shwe Phyu

    August 16, 2012 at 9:57 am

    Kalar Gyi,
    Yes, Buddha was born in Nepal but not like you kalars. If you think Buddha was the same kalar like you, then act like Buddha too … Encourage the peace and love upon all the living things no matter their beliefs or sex. I have replied your comments earlier in many posts where Buddha was born and from which kind of family and all but you are still saying Buddha similar like you kalars…
    zeitgeistguy,
    If Islam were the religion that welcome others no matter what their beliefs are, think how peacful this world would be (No killing/No oppressing upon each religions/No oppressing women/dealing all the men in the world as brothers (like you now do only to muslim bothers) … Consider your religion first and your Friday prayers which you pray to your Allah to eliminates those non-islam followers and crush them from this earth… Seriously, consider your religion first ….

  • Foreign Resident

    August 16, 2012 at 10:34 am

    မွတ်ဆလင် ညီနောင်တို့ရေ ။
    MG မှာ စွဲစွဲမြဲမြဲ ဖတ်တဲ့သူတွေဆိုရင် အဘ ရဲ့သဘောထားကို သိကြပါတယ် ။
    မွတ်ဆလင် ညီနောင် တွေကို ဆဲဆို ခြိမ်းခြောက်တဲ့ အထဲမှာ အဘ ဘယ်တော့မှ မပါပါဘူး ။

    အဘဟာ ၊ ဘာသာ လူမျိုး မခွဲပဲ ၊
    လူသားဆန်မှု ၊ မျှတမှု ဖက်ကပဲ ရပ်ပါတယ် ။
    ဒါပေမယ့် ၊ အဘ ဟာ မွတ်ဆလင်တွေ ဘက်က ၊
    ( ဘယ်တော့မှ ) ရပ်တည်လို့ မရဘူး ဖြစ်နေပါတယ်ကွယ် ။

    ဘာဖြစ်လို့လဲဆိုတော့ ၊
    မွတ်ဆလင် ညီနောင်တို့ရဲ့ ဘာသာရေး တိုင်းပြည်တွေ ကိုယ်နှိုက်က ၊
    လူ့အခွင့်အရေး ၊ လူသားဆန်မှုကို ၊ အစိုးရကိုယ်တိုင် ဦးစီးပြီး ၊
    တရားဝင် ဥပဒေ ပြဌာန်းပြီးကို ချိုးဖေါက်နေလို့ပါ ။
    ဥပမာ – ဆော်ဒီ ။
    ( ဘာသာပြောင်းရင် သေဒါဏ် ၊ ဘုရားရုပ်ထု သယ်လာခွင့်မပြု ၊ စသဖြင့် )

    အဲဒီတော့ကာ ၊ မွတ်ဆလင် ညီနောင်တို့ အနေနှင့် ၊
    တရားမျှတမှုကို အမှန်တကယ် လိုလားတယ်ဆိုရင် ၊

    ၁ ။ မြန်မာ အစိုးရ ၊ ဗမာ လူမျိုး ရဲ့ မတရားမှုတွေကို အခုလို ထောက်ပြတာကို ၊
    အဘ လက်ခံပါတယ် ၊ မတားပါဘူး ။

    ၂ ။ အဲဒီလိုပဲ ၊ လူ့အခွင့်အရေး ၊ လူသားဆန်မှုကို ၊ တရားဝင် ဥပဒေ ပြဌာန်းပြီးကို
    ချိုးဖေါက်နေ တဲ့ မွတ်ဆလင် အစိုးရတွေ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေ ကိုလည်း ၊
    ထောက်ပြကြ ၊ ရှုံချကြ ၊ ကန့်ကွက်ပြကြ ပါလားကွယ် ။

    အဲဒီတော့မှ တရားမျှတမှုကို အမှန်တကယ် လိုလားရာ ရောက်မပေါ့ကွယ် ။
    ဥပဒေ ရေးရာမှာ ဆိုရိုး စကားလေး တစ်ခုရှိတယ် ။
    ” တရားမျှတမှုကို တောင်းဆိုတဲ့ လက်ဟာလဲ သန့်ရှင်းရမယ်တဲ့ ”

    အရင်ဦးဆုံး ကိုယ့်ဘာသာ ရဲ့ အစွန်းရောက်မှုတွေကို အရင်ရှင်းပါဦးကွယ် ။

  • MTY

    August 16, 2012 at 12:07 pm

    အခွင့်အရေး (သို့) လိုချင်တာရှိရင်တောင်းဆိုတာလက်ခံနိုင်ပေမဲ့ တစ်ခြားမဆီမဆိုင်စော်ကားမော်ကားပြောဆိုရေးသားပြီးတောင်းဆိုတာတော့လုံးဝမကောင်းဘူးလို့မြင်မိ ပါတယ်.

Leave a Reply