တရုတ်ပြည်နယ်စပ်ရှိ အနှိပ်ခန်းများတွင် အသက်(၁၈)နှစ်အောက် တိုင်းရင်းသူလေးများ ပိုများ
ကျယ်ဂေါင် ၂၂၊၈၊၁၂
တရုတ်ပြည်နယ်စပ် ကျယ်ဂေါင်မြို့ရှိ အနှိပ်ခန်းများတွင် အသက်(၁၈)နှစ်အောက် မိန်းကလေးများ များပြားနေပြီး အများစုမှာ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှ ဖြစ်ကြသည်။အနှိပ်ခန်း အများစုမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်နေပြီး ၎င်းတို့ ပိုင် အနှိပ်ခန်းများတွင် လုံခြုံသော စောင့်ရှောက်မှုကို ရရှိကြသော်လည်း တိုင်းတပါးသား အနှိပ်ခန်းများတွင် လုံခြုံမှု မရှိပါ။”သမီးတို့ကို အပြင်ထွက်ခွင့် မပေးပါဘူး၊မလွှဲသာလို့ ထွက်ရရင်လည်း အုပ်ထိန်းသူ ပါ ပါတယ်၊ဒီအလုပ်က မိန်းကလေးတွေနဲ့ မသင့်တော် မှန်း သိပါတယ်၊သမီး ငွေစုပြီးရင် ပြန်မှာပါ ” ဟု အသက် ဆယ့်လေးနှစ်ရှိ ရခိုင်သူလေး အိမြတ်သူက ပြောပြသည်။ထိုမိန်းကလေးများ အတွက် သင့်တော်သော အလုပ်အကိုင်များ ဖန်တီးပေးပြီး နယ်စပ်ရှိ ရွှေ့ေ့ပြာင်း အလုပ်သမားများကို ထိရောက်သော ကူညီမှုများပေးရန် လိုအပ်ပါသည်။နိုင်ငံတော်မှ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိရောက်စွာ အရေးယူမည်ဟု ပြောကြားနေသော်လည်း နယ်စပ်များ တွင် ထိုကဲ့သို့သော ကလေးသူငယ်များ အတွက် မသင့်တော်သော အလုပ်အကိုင်များမှာ အောင်မြင် ကြီးပွားနေကြသည်။
8 comments
YE YINT HLAING
August 22, 2012 at 1:46 am
ဆယ့်လေးနှစ် ဆိုတော့ ကလေး/ကလေးသာသာ အရွယ်လေးပဲ ရှိသေးတယ်ဗျ ! မိဘတွေ မရှိတော့ဘူးလား မသိ ! ဂျယ်ဂေါင် ကို ကျွန်တော်ရောက်ဘူးပါတယ် ။ နည်းနည်းတော့ကြာပြီ ။ ပိုက်ဆံရှိရင် အကုန် ရတဲ့နေရာ ။ မိန်းမ ၊ မူးယစ်ဆေး အစုံပေါ့ ။ အေကိုက်တဲ့ လူတွေ ဘိန်းစားတွေ ရာမ သုံးတဲ့ အမျိုးသမီး အမျိုးသားတွေလည်း အများကြီးတွေ.ဘူးတယ် ။ကလေးမလေးတွေ အနေနဲ့ မိဘမောင်ဘွား တွေနဲ့ အတူနေပြီး ရောင်းဝယ်လုပ်ကိုင်တာမျိုး မဟုတ်ရင် ဘယ်လိုမှ မနေသင့် မလုပ်ကိုင်သင့်တဲ့ အရပ် ။
kai
August 22, 2012 at 3:15 am
မြန်မာပြည်ကနေ.. နို်င်ငံခြားထွက်အလုပ်လုပ်.. နေထိုင်နေကြတာ.. မြန်မာလူဦးရေ… ၄-၅သန်းလောက်ရှိမယ်..
မြန်မာပြည်ထဲလာအလုပ်လုပ်နေထိုင်နေတဲ့.. နို်င်ငံခြားသား.. ဘယ်နှယောက်လောက်ရှိမလဲ. ??
Khin Nwe
August 22, 2012 at 7:38 am
ye yant hlaing ရေ
ရခိုင်ပြည်နယ်မှာ ပြည်သူလူထုတွေကဒုက္ခအမျိုးမျိုးရောက်ခဲ့ကြတာက ဦးနေဝင်း ခေတ်ကနေ စစ်အစိုး၇
ခေတ်(စစ်တပ်တွေကလယ်ယာမြေတွေသိမ်း၊လူတွေကို အမျိုးမျိုးဒုက္ခပေး) ၊ခေတ်အဆက်ဆက်ပါပဲ ယောက်ကျားတွေ ဆိုရင် သူများနိုင်ငံမှာ ကျွန်ခံ၊မိန်းခလေးအများစုကတော့
သူများနိုင်ငံမှာအိမ်ဖော်၊ပြည့်တန်ဆာ ဖြစ်ကုန်ကြတယ်လေ။ မိဘဆွေမျိုးတွေ ရှိကြပေမဲ့ အလုပ်လက်မဲ့ဘဝ
နဲ့ ကြာကြာမရပ်တည် နိုင်ပါဘူး။ အဲ့ဒီတော့ အရင်းအနှီးမလိုတဲ့ ခန္တာကိုယ်ရောင်းစားတဲ့ ဘဝကိုရောက်သွား
ကြတာပါပဲ ရဲရင့်လိုှင် ေ၇။ကျွန်မကတော့ ရခိုင်ပြည်မှာတာဝန်ကျခဲ့တုန်းကအတွေ့အကြုံ လေးတွေပါပဲ……..
အတိသဉ္ဖာ နာဂရချစ်သူ
August 22, 2012 at 2:29 pm
ကျနော်တို ့ဆီက ရခိုင်တွေခုလို ကြားရတော့ စိတ်မကောင်းပါ
သမီးတို ့။ကျနော် တို ့ညီမအရွယ်၊အမအရွယ်တွေမဟုတ်လားးးး
မဟာရာဇာ အံစာတုံး
August 22, 2012 at 5:57 pm
အကိုလား .. အမလားတော့ သိဘူး ..
သတင်းဓါတ်ပုံနဲ့တွဲတင်တာ မရလို့ ဆိုလားပဲ ..
အဲ့ဒါကလေ ..
ကွန်နက်ရှင်ကြောင့်လည်း ဖြစ်တတ်ပါတယ် …
ပုံ တင်ပုံ တင်နည်းတွေကိုလည်း ညာဖက်အခြမ်းက …
“ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။”
ဆိုတဲ့ အောက်က လင့်ခ်တွေကို လိုက်ဖတ်ကြည့်ပါလို့ ..
ဘရားသား
August 22, 2012 at 6:34 pm
စားဝတ်နေရေးအတွက်သာမက ဝတ်ချင်စားချင် တာက တမျိုး ၊ မိဘကိုလုပ်ကျွေးပြုစုချင်
တာက တဖုံ ၊ ဘဝပေးအခြေအနေအရပ်ရပ်တွေကြောင့် လုပ်မိလုပ်ရာလုပ်ကြရတာ ။
ကိုုယ့်နိုင်ငံက အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်း စီမံပေးနိုင်မယ်ဆိုရင်
တဖြည်းဖြည်း ပပျောက်နိုင်ကောင်းပါရဲ့ဗျာ ။
မောင်ပေ
August 22, 2012 at 8:03 pm
မန်းတလေးမြို ့က အနှိပ်ခန်းတစ်ခုမှာလဲ ၁၅နှစ်လောက်ပဲရှိသေးတဲ့ ကရင်မလေးတွေ တွေ ့ခဲ့ဖူးတယ်
သူရို ့ခဗျာလဲ ဒါလုပ်မှပဲ လခကောင်းကောင်းရပြီး…အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေကို ထောက်ပံ့နိုင်ကြတာကလား။ ဘောစိတွေရဲ ့ကစ်ပင်း / ရည်းစားဖြစ်သွားတဲ့အခါကြ ၂သိန်းဖုန်းတို ့၊ ဆိုင်ကယ်တို ့နဲ ့ဖြစ်သွားကြတာလဲ မြင်ဖူးပါရဲ ့
Sweet Tooth
August 24, 2012 at 8:51 pm
သူတို့လည်း လစာကောင်းလို့ လုပ်ကြရတာပါ။အိမ်က ဒီအလုပ်,လုပ်နေ မှန်း မသိကြပါဘူး။လစာ ကလည်း သူတို့ ကိုပေးရတဲ့ ငွေရဲ့ သုံးပုံတစ်ပုံ ပဲရကြပါတယ်။အရေးကြီးတာက သူတို့ကို ဟိုလိုဟာတွေနဲ့ တစ်တန်းစားတည်းလို့ မသတ်မှတ်ကြပါနဲ့။သူတို့ ဘဝ ကိုပြန်ထူထောင်လို့ ရပါသေးတယ်။
******************************************************************
မဟာရာဇာ ကိုအံဇာတုံး ခင်ဗျာ ဓာတ်ပုံက တင်လို့ ရသွားပါပြီ၊ကျွန်တော်က မကျွမ်းသေးလို့ပါ။ပြီးတော့ ဟိုလေ ကျွန်တော်က နောက် ၃ နှစ်လောက်နေရင် မိန်းမ ယူတော့မှာ ခင်ဗျ။အစ်ကို ထင်သလို ဟိုဟွာ ဟုတ်ဘူးရယ်။Sorry နော်။ကျေးဇူး တင်ပါတယ်။