Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မဂေါက်ခင် ကူညီဂျစေချင်

ဖြစ်ပုံက ဒီလိုဗျ ….။

မနေ့ညက မင်းကွန်းဆရာတော်ကြီး ရေးသားပြုစုတော်မူတဲ့ မဟာဗုဒ္ဓဝင် ဒုတိယတွဲကို ဖတ်မိခဲ့တာက စခဲ့တာပါပဲ …
“ ကြီးကြီးကျယ်ကျယ် မင်းက မဟာဗုဒ္ဓဝင် ဖတ်တယ် … ” အဲ့လို မေးမငေါ့ကြပါနဲ့။ တကယ် ဖတ်ဖြစ်ခဲ့တာပါ။
“ကဲ … ဆိုစမ်းပါဦး၊ မင်းပြဿနာက” လို့ မေးရင် “လေးတော်တင်ခဏ်း” ထဲက ပြဿနာလို့ပဲ ဖြေပါရစေဗျာ ….။

Note : မင်းကွန်း ဆရာတော်ကြီး ရေးသားပြုစုတော်မူခဲ့သော ” နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် – ပဌမတွဲ (ပဌမပိုင်း) မှ ဆဌမတွဲ (ဒုတိယပိုင်း) အထိ” စာအုပ်များကို Download ရယူလိုသူများ အနေဖြင့် ဒီနေရာကို နှိပ်ပါ။

ဟုတ်ကဲ့ …။
လေးတော်တင်ခဏ်းထဲမှာ ဘုရားလောင်းက သူမတူတဲ မြှားရေးတွေကို ပြသတယ်။ ထုထည်ကြီး ခုနှစ်မျိုးကိုလည်း တိုးလျှိုပေါက် ထုတ်ချင်းထွင်းအောင် ပစ်ခွင်းပြတော်မူတယ်။

အဲ့ဒီ လေးတော်တင်ခဏ်းနဲ့ ဆက်စပ်ပြီး ကျမ်းပြု မင်းကွန်းဆရာတော်ကြီးက အလောင်းတော် နုစဉ်ဘဝတုန်းကလည်း လေးပစ်တဲ့ ပညာရပ်ကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းခဲ့တယ်ဆိုတဲ့ အကြောင်းကို အကျဉ်း ဖော်ပြထားပါတယ် (မဟာဗုဒ္ဓဝင် ဒုတိယတွဲ၊ လေးတော်တင်ခဏ်း၊ စာ-၁၄၅) ။

ဘုရားလောင်း နုစဉ်ဘဝ အသဒိသမင်းသား ဘဝကပေါ့။ ဆယ့်ခြောက်နှစ်အရွယ်မှာ ထုံးစံအတိုင်း တက္ကသိုလ်ပြည်ကို သွားပြီး အတတ်ပညာတွေ သင်ခဲ့တယ်။ ဗေဒင်သုံးပုံနဲ့တကွ တစ်ဆယ့်ရှစ်ရပ် ပညာရပ်တွေကို ကမ်းဆုံးခတ် တတ်မြောက်ခဲ့တယ်။ အဲ့ဒီ အတတ်ပညာတွေထဲမှာ လေးအတတ်ကိုတော့ သူမတူတန်အောင် တတ်မြောက်ခဲ့ပါတယ်။

ပညာတွေစုံတော့ ပြည်တော်ပြန်လာတယ်။ ဖခမည်းတော် နတ်ရွာစံတဲ့အခါ မှူးကြီးမတ်ရာတွေက ဘုရားလောင်း အသဒိသမင်းသားကို မင်းမြှောက်ဖို့ လုပ်ကြတယ်။ ဒါပေမယ့် ဘုရားလောင်းက မင်းအဖြစ်ကို မလိုချင်ဘူးဆိုပြီး ငြင်းတယ်။ ပြီးတော့ သူ့ညီတော်ကို မင်းမြှောက်ဖို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ သူ့ညီက ဘုရင် တက်ဖြစ်ရောပေါ့ဗျာ။

ဘုရားလောင်းနဲ့ ညီတော်ဘုရင်ကို သွေးကွဲစေချင်တဲ့ မှူးမတ်တွေက ညီတော်ဘုရင်ကို ဘုရားလောင်း ပုန်ကန်တော့မယ် ဆိုပြီး ကုန်းတိုက်ကြတယ်။ ဒီအခါ ညီတော်ဖြစ်တဲ့ ဘုရင်က ဘုမသိ ဘမသိ ကုန်းတိုက်တာကို ယုံပြီး အကိုတော် ဘုရားလောင်းကို ဖမ်းဖို့ မိန့်တော်မှတ်တယ်။

ဒီအခါမှာ ဘုရားလောင်းကို ချစ်တဲ့ မင်းချင်းယောက်ျားတစ်ယောက်က ဘုရားလောင်းဆီကို လာပြီး ဒီအကြောင်း ပြောတယ်။ ဘုရားလောင်း အသဒိတ မင်းသားလည်း တင်းသွားပြီး အဲ့ဒီပြည်ကြီးကနေ တိတ်တဆိတ် ရှောင်ထွက်သွားခဲ့ပါတယ်။ အခြားတိုင်းပြည်တစ်ခုကို ဘုရားလောင်း မင်းသား ရောက်သွားတဲ့အခါ လေးဆရာအဖြစ်နဲ့ ဘုရင့်ထံပါး ခစားတဲ့အလုပ်ကို ရသွားပါတယ်။

တော်ရုံ လေးဆရာ မဟုတ်ဘူးနော်။ အခြား လေးဆရာတွေထက် လခ နှစ်ဆ ရတယ်ဆိုပဲဗျ။ ဒီလိုနဲ့ပေါ့ …။ တစ်နေ့က ဘုရင်ကြီးက ဥယျာဉ်ထဲကို သွားတယ်။ အရိပ်ကောင်းတဲ့ သရက်ပင်ကြီးနားမှာ ဘုရင်ကြီးက နားနေတယ်။ ဘုရင်ကြီးက ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်းနဲ့ သရက်ပင် ထိပ်ဖျားက သရက်ခိုင်ကို သွားတွေ့ပါရော။

ဒါနဲ့ ဘုရင်ကြီးက သူ့လေးသမားတွေ ခေါ်ပြီး အဲ့ဒီ သရက်ခိုင်ကို မြှားနဲ့ပစ်ပြီးယူပေးဖို့ ပြောပါတယ်။ ဒီမှာ လေးသမားကြီးတွေအတွက် အကွက်ဆိုက်လာတယ်။ အခြားအကွက် မဟုတ်ပါဘူး။ သူတို့ထက် လစာနှစ်ဆ ရနေတဲ့ ဘုရားလောင်း လေးဆရာရဲ့ ပညာစွမ်းကို အကဲစမ်းဖို့ အကွက်ဆိုက်လာတာပါပဲ။ သူတို့က ဘုရင်ကြီးကို လျောက်ကြတယ်။ ကျွန်တော်မျိုးတို့ရဲ့ လက်စွမ်းကို ဘုရင်ကြီး သိပြီး ဖြစ်ပါတယ်။ ဟိုက လစာနှစ်ဆ ယူထားတဲ့ လေးဆရာလေးရဲ့ လက်စွမ်းကို မသိ၊ မမြင်ဘူးသေးပါဘူး။ ဒါကြောင့် သူ့ကို ပစ်ချခိုင်းရင် ပိုကောင်းပါတယ်လို့ လျောက်ကြတယ်။

ဒါနဲ့ ဘုရင်ကြီးလည်း သရက်ခိုင်ကိစ္စကို ဘုရားလောင်းဘက် မြှားဦးလှည့်ပါလေရော။ ဒီအခါ ဘုရားလောင်းက ဘုရင်ကြီးကို ပြောတယ်။ ဘုရင်ကြီး နေနေတဲ့ နေရာကနေ ပစ်ခွင့်ရမယ်ဆိုရင် သရက်ခိုင်ကို ပစ်ချနိုင်ပါတယ်လို့ ပြောပါတယ်။ ဘုရင်ကြီး ရှိနေတဲ့ နေရာက အဲ့ဒီ ခေါင်းဖျားနားက သရက်ခိုင်ရဲ့ အညှာနဲ့ အထက်အောက် တည့်နေလို့ပါပဲ။

ဒီအခါ ဘုရင်ကြီးက OK ဆိုပြီး နေရာဖယ်ပေးလိုက်တယ်။ ဘုရားလောင်းက ထပ်မေးတယ်။ “သရက်ခိုင်ကို အထက်တက်သွားတဲ့ မြှားနဲ့ တစ်ခါတည်း ကျလာအောင် ပစ်ပေးရမလား၊ အောက်ကို ဆင်းလာတဲ့ မြှားနဲ့ ကျအောင် ပစ်ပေးရမှာလား” ဆိုပြီး မေးတာပါ။ ဘုရင်ကြီးက အထက်ကို တက်တဲ့မြှားနဲ့ ပစ်ချတာတွေက ရိုးနေပြီ။ အောက်ကို ဆင်းတဲ့မြှားနဲ့ သရက်ခိုင် ကျလာအောင် ပစ်ပေးပါလို့ ပြောလိုက်တယ်။

အဲ့ဒီလိုလည်း ဘုရင်ကြီးက ပြောလိုက်ရော ဘုရားလောင်း လေးဆရာက “မြတ်သော မင်းကြီး၊ ဤယခု အကျွန်ုပ် ပဌမ ပစ်မည့် မြှားသည် စတုမဟာရာဇ် နတ်ပြည်တိုင်မြောက် အဝေးသို့ တက်ရောက်ပါလိမ့်မည်၊ ထို စတုမဟာရာဇ် နတ်ပြည်မှာ မြှားပြန်ကျလာသည်တိုင်အောင် အရှင်မင်းကြီးတို့သည် သည်းခံ စောင့်ဆိုင်းသင့်ပါသည်” လို့ ပြောတယ်ဗျ …။

အဲ့ဒီမှာ ကျုပ် ပြဿနာ စလာတာပဲ ….။ ကျုပ်သိထားတဲ့ နတ်ပြည်ခြောက်ထပ်ဆိုတာက … အရှေ့ကျွန်း၊ အနောက်ကျွန်း၊ တောင်ကျွန်း၊ မြောက်ကျွန်းဆိုတဲ့ ကျွန်းကြီး လေးကျွန်းရဲ့ အလယ်မှာ မြင့်မိုရ်တောင်ကြီး ရှိတယ်။ အဲ့ဒီ မြင့်မိုရ်တောင်ကြီးရဲ့ အထက် အဆင့်ဆင့်မှာမှ နတ်ပြည်ခြောက်ထပ် တည်ရှိတယ်လို့ သိထားတာပါ။

အခု ဘုရားလောင်း ပြောတဲ့အတိုင်းဆိုရင် နတ်ပြည်ဟာ ကျုပ်တို့ သာမန်မျက်စိနဲ့ မမြင်နိုင်ပေမယ့် ဟိုးအပေါ် ကျုပ်တို့အခေါ် ကောင်းကင်ပြင်ကြီးပေါ်၊ ကျုပ်တို့ရဲ့ ခေါင်းပေါ်မှာ ရှိနေပါတယ်။ ဒါဟာ နတ်ပြည်ရဲ့ အကျယ်အဝန်း ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ဒါနဲ့ စပ်ဆက်ပြီးတော့ ကျုပ် တွေးမိပါသေးတယ်။ နတ်ပြည်တွေ မြင့်မိုရ်တောင်မှာ ရှိတယ်ဆိုတဲ့ အချက်က အမှန်အားဖြင့် မြင့်မိုရ်တောင်ဟာ နတ်ပြည်တွေရဲ့ အလယ်ဗဟိုချက် ဖြစ်ပါလိမ့်မယ်။ နတ်ပြည်ရဲ့ အကျယ်အဝန်းကတော့ စကြဝဠာတံတိုင်းထိအောင် ကျယ်ဝန်းနေမလားပါပဲ။ ဒါက သို့လောသို့လော ထင်နေမိတဲ့ အထင်ပါပဲ။

ဇာတ်လမ်းကို ထပ်ဆက်ရရင် – ဘုရင်ကြီးက စောင့်မယ်၊ ပစ်ပေါ့။ ဒါနဲ့ ဘုရားလောင်း လေးဆရာက ပစ်လိုက်တယ်။ အဲ့ဒီမြှားက သရက်ခိုင် အညှာရဲ့ တစ်ဝက်ကို ဖြတ်ပြီး အထက်ကို တက်သွားတယ်ပေါ့ဗျာ။ မြှားပစ်ပြီး အချိန်လေး ကြာတဲ့အခါ ဘုရားလောင်းက ဒီမြှား စတုမဟာရာဇ် နတ်ပြည်ကို ရောက်ခါနီးလောက်ပြီ ဆိုပြီး နောက်ထပ် မြှားတစ်စင်းကို ထပ်လွှတ်လိုက်တယ်။ ဒုတိယ လွှတ်တဲ့ မြှားရဲ့အရှိန်အဟုန်က ပထမမြှားထက် ပိုပြီး မြန်ဆန်ပါတယ်။

ဒုတိယမြှားက ပထမမြှားနောက်ကို အရှိန်နဲ့ လိုက်သွားပြီး စတုမဟာရာဇ် နတ်ပြည်ကို ရောက်နေပြီဖြစ်တဲ့ ပထမ မြှားရဲ့ မြှားရွက်ကို သွားပြီး ရိုက်ခတ်တယ်။ ဒီအခါ ပထမ တက်သွားတဲ့မြှားဟာ လည်ပြီးတော့ အောက်ကို ပြန်ဆင်းလာတယ်။ ဒုတိယ မြှားကတော့ အထက်ကို ဆက်ပြီး တက်သွားတယ်။ အဲ့ဒီ ဒုတိယ မြှားကို တာဝတိံသာနတ်တွေက ဖမ်းယူလိုက်တယ်ဆိုပဲ။

ဒီအခါ ကျုပ် ထင်မိတာ ထပ်ထင်မိသွားတယ်။ ဟုတ်လောက်တယ်ပေါ့။ နတ်ပြည်တွေရဲ့ အကျယ်အဝန်းဟာ စကြဝဠာ တံတိုင်းထိ ရောက်လောက်အောင် ကျယ်ဝန်းလောက်တယ်ပေါ့။ ဒါ ဟုတ်လောက်၏။ မဟုတ်လောက်၏ ဆိုတာကို ကျုပ်အနေနဲ့ ဒီရွာထဲက ဗုဒ္ဓစာပေတွေကို လေ့လာလိုက်စားဖူးတဲ့ သူတွေနဲ့ ဆွေးနွေးကြည့်ချင်တာပါ။

သဂျီးဂဒေါ့ အဲ့နတ်ပြည်တွေ ဘာတွေကို ပုံပြင်သဘောမျိုးပဲ ထားတဲ့လူ့ဂွစာကြီးဆိုတော့ … :mrgreen:
လကား .. နောက်ထာဘာ …

ငရဲဆိုတာ ကျုပ်တို့ နေထိုင်နေတဲ့ မြေကြီးရဲ့အောက် ရွှံမြေလွှာရဲ့အောက်မှာ သံသေတ္တာကြီးတွေလို ဖြစ်တည်နေကြတယ် ဆိုလားပဲ။ နတ်ပြည်၊ ဗြဟ္မာပြည်တွေကို အစကတော့ မြင့်မိုရ်တောင်အထက် အဆင့်ဆင့်မှာပဲ သီးသန့် ဖြစ်တည်နေတယ်လို့ နားလည်ထားခဲ့တာပါ။ အခု ဗုဒ္ဓဝင်ကို ထပ်ပြီး ဖတ်မိတဲ့အခါမှ ခုလို အတွေးတွေ ဝင်လာခဲ့တာပါပဲ။ ဒီဘုရားလောင်း နုစဉ်ဘဝ အသဒိတမင်းသား ဖြစ်စဉ်အခါက အတိုင်းဆိုရင် နတ်ပြည်ဟာ ကျုပ်တို့အထက် ကောင်းကင်ပြင်ကြီးပေါ်မှာ ရှိမှာ အမှန်ပါပဲ။ ဒါဖြင့် ဂယ်လီလီယို ကော နတ်ပြည်တွေကို မှန်ပြောင်းနဲ့ မြင်တွေ့ခဲ့ဖူးသလား ဆိုပြီး တွေးမိပြန်ရော။ ဒီလို ဟိုတွေးဒီတွေးနဲ့ ဂေါက်သွားမှာစိုးတာနဲ့ ခဏခေါက်ထားလိုက်ရတယ်။

ပြီးတော့လည်း ဘုရားဖြစ်မယ့်နေ့မှာ ဘုရားလောင်းက ပလ္လင်ထက်မှာ နေရင်းနဲ့ မာနတ်ကို အောင်နိုင်တဲ့ အခန်းအပြီး ပု၊ဒိ၊အာ-ဝိဇ္ဇာသုံးပါးကို ရတော်မူခြင်းဆိုတဲ့ အခန်း (စာ-၃၁၅) မှာလည်း ဒီလို ရေးထားပါသေးတယ်။ “ဤစကြဝဠာ သိကြားမင်းသာလျှင် မဟုတ်၊ ဇာတိခေတ်ပေါင်း စကြဝဠာတစ်သောင်းအတွင်းရှိသည့် သိကြားနတ်မင်း အားလုံးပင် ခရုသင်းကို မှုတ်ကြလျက် ဘုရားအလောင်းတော် ထံမှောက်သို့ လာရောက်ကြလေသည်” ….။

ဒီလိုဆိုတော့ အခြားစကြဝဠာတွေမှာလည်း နတ်သိကြားတွေ ရှိကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး မေတ္တာပို့ထဲမှာလည်း “အနန္တ စကြဝဠာ၊ အနန္တ သတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ” ဆိုတာကို ထပ်ပြီး ထောက်လိုက်ရင် အခြား စကြဝဠာတွေမှာလည်း သတ္တဝါတွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

“မဟာပထဝီမြေကြီး၊ မဟာသမုဒ္ဒရာအပြင် ပတ်ဝန်းကျင်၌ စကြဝဠာတောင်၊ အလယ်၌ မြင်းမိုရ်တောင်၊ ထိုမြင်းမိုရ်တောင်၏ အပြင်ပ၌ အသီးသီး သီတာသမုဒ္ဒရာ ခုနစ်တန်ဖြင့် ဝိုင်းရံအပ်ကုန်သော သတ္တရဘန် တောင်စဉ် ခုနစ်ထပ်။ ထိုမှ ပြင်ပ၌ ကျွန်းကြီးလေးကျွန်း နှင့် ကျွန်းငယ်များစွာတို့သည် လည်းကောင်း၊ အထက်နတ်ပြည် ခြောက်ထပ်နှင့် ဗြဟ္မာဘုံ နှစ်ဆယ်တို့သည် လည်းကောင်း၊ တစ်ခုသော ဩကာသလောက မည်၏။ စကြဝဠာတိုက်တစ်ခု ဟူ၍လည်း ဆိုအပ်၏။ ဤစကြဝဠာတိုက်မှ အရပ်ရှစ်မျက်နှာ တို့၌ ဤကဲ့သို့ စကြဝဠာတိုက်တို့သည်လည်း အနန္တပင် ရှိကြကုန်၏။”

ဒါကတော့ စကြဝဠာတိုက် ဆိုတာကို နည်းနည်းလေး ရှင်းထားတဲ့ စာပိုဒ်လေးပါ။ အပြည့်ဖတ်ချင်ရင်တော့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လထုတ်၊ သူရဇ္ဇ မဂ္ဂဇင်းထဲမှာ “လောကသုံးပါးနှင့် ကမ္ဘာကြီး ပျက်ပုံ၊ တည်လာပုံ” ဆိုတဲ့ အကြောင်း ပါရှိပါတယ်။

ကျုပ် တွေ့မိတာက အထက်က စာပိုဒ်ထဲမှာ အထက်နတ်ပြည် လို့ သုံးနှုန်းထားတာကြောင့် နတ်ပြည်တွေဟာ အထက်မှာ ရှိတယ်ပေါ့။ ပြီးတော့ စကြဝဠာ တိုက်တစ်သောင်းက သိကြားနတ်တွေ လာကြတယ်ဆိုတော့ အဲ့ဒီ စကြဝဠာတိုက်တွေမှာရော သိကြားနတ်တွေအပြင် လူသားတွေရော ရှိနိုင်မလားလို့ ကြံကြံဖန်ဖန် ထပ်ပြီး တွေးမိပြန်ပါတယ်။ ဖတ်မိသလောက်ထဲမှာတော့ အဲ့ဒီလိုတွေ မပါဘူး ဖြစ်နေပါတယ်။

ကျုပ် အခု အဲ့ဒါတွေ တွေးမိပြီး ဂေါက်တော့မလို ဖြစ်နေလို့ မဂေါက်ခင်လေး ရွာထဲကို လာလိုက်တာပါ … 😀

ငယ်ငယ်က နားထောင်ခဲ့ဖူးတဲ့ နီနီဝင်းရွှေရဲ့ သီချင်းကို သွားပြီး အမှတ်ရမိပါတယ် ..
ဘာတဲ့ …
.. ♫ .♪. ဒီလိုဆို မလွယ်ဘူး မောင် .. ♫ .. ♪.. ဒီလိုဆို မလွယ်ဘူး မောင် . ♫ . ♪ .. 😀

ကျုပ်အဖြစ်က လေးပေါက်ကြီး ငယ်ငယ်က ဆဒ္ဒန်ဆင်းမင်းဇာတ်လမ်း ဖြစ်မလာအောင် တွေးမိသလိုမျိုး ဖြစ်နေပြီလားပဲ …
ဒါတွေ တွေးရင်းနဲ့ ခေါင်းကို ခါခါလည် နေတာပဲ ….
ဒါနဲ့ အခြားသူတွေလည်း ဒုက္ခပေးရအောင် ဆိုပြီး .. အဲလေ .. ဟုတ်ပါဘူး … အခြားသူတွေရဲ့ အထင်လေး အမြင်လေးတွေကိုလည်း သိရအောင်ဆိုပြီး ဒါကို ရေးပြီး တင်လိုက်တာပါလို့ …

မဂေါက်ခင် ရွာထဲရောက်လာတဲ့
မောင်မောင်ဂေါက်

29 comments

  • YE YINT HLAING

    August 25, 2012 at 12:05 pm

    ကျွန်တော်လည်း နည်းနည်း ဝင်ဂေါက် အဲ — နည်းနည်း ဝင်တွေးကြည့်မယ် ။ ခုကျွန်တော်တို့ နေတဲ့ ဂဘာ က သက်တမ်းနုတဲ့ ဂဘာ လို့ ဖတ်ဖူးတယ်ဗျ ! စကြဝဠာ အနန္တ ဂဘာ အနန္တ လို့လည်း ဆိုထားတာရှိတော့ ဟုတ်မယ်လို့ထင်တယ်ဗျ ! ဂဘာတွေ အများကြီး ရှိတယ်ဆိုတာကိုလေ — သက်တမ်း နုတဲ့ ကျွန်တော် တို့ ဂဘာ တောင် ဒီလောက်တီထွင် မှုတွေ အသိညဏ်တွေ တိုးတက်နေရင် တခြား သက်တမ်းရင့်တဲ့ ဂဘာတွေဆိုရင် ဘယ်လောက် လိုက်မမှီလောက်အောင် တိုးတက်နေမလဲ လို့ တွေးမိတယ်ဗျာ ! ဖန်ဆင်းရှင်ကြီး တွေလို နတ်တမျှ တိုးတက်နေမှာပေါ့ဗျာ ! ကျွန်တော့ အထင် နဲ့ မှန်းပြောကြည့်တာပါ ။

    • မောင်မောင်ဂေါက်

      August 25, 2012 at 12:29 pm

      ပထမဆုံး ဝင်ရောက်ကာ ဂေါက်ပေးသွားတဲ့အတွက် ကျေးဇူးဘာ .. :mrgreen:
      ခု စိတ်ကူးယဉ် သိပ္ပံအယူအဆမှာတော့ တခြားနေရာတွေမှာ ဉာဏ်ပညာ မြင့်မားတဲ့ ဂြိုလ်သားတွေ ရှိတယ်လို့ စိတ်ကူး ယူဆကြပါတယ် ..
      ဗုဒ္ဓဝင်ထဲမှာ ပါတဲ့အတိုင်းဆို အခြား စကြဝဠာတွေမှာ နတ်သိကြားတွေ ရှိတယ်ဆိုတာကို တွေ့လိုက်ရပါတယ် ..
      ကျန်တဲ့ သတ္တဝါတွေရော ရှိလား၊ မရှိလား ဆိုတာကို တွေးမိလိုက်တာပါ …
      ခုလို အထင်နဲ့ မှန်းပြောပေးသွားတဲ့အတွက် ကိုရဲရင့်ကို ကျေးဇူးဘာ …

  • မောင်ပေ

    August 25, 2012 at 12:09 pm

    မောင်မောင်ဂေါက် ဆိုလို ့ဘူများပါလိမ့်လို ့
    မဟာအံကြီး ဖြစ်နေတာကိုး
    စကြဝဠာ အထဲထိ အ​တွေးဖြန် ့ကျက် ကျယ်ရောက်လာတဲ့
    အတွေးတွေမြင့်လာပုံကို သဘောကျမိပါတယ်
    ဘုံ
    မောင်ပေ

    • မောင်မောင်ဂေါက်

      August 25, 2012 at 12:31 pm

      ကျုပ် နည်းနည်း
      ဂေါက်ချင်သလိုလို ဖြစ်နေဒါကြောင့်
      နံမယ်ဂို ပြောင်းလိုက်ဒါဘာ .. 😀
      ကျုပ်အတွေးက မြင့်လာတာ ဟုတ်ဘူး ..
      ဂယ်ဒေါ့ .. ဂေါက်ဖို့ နီးကပ်လာဒါ ..

      အားပေးသွားဒဲ့အတွက် ရောင်းရင်းကြီးကို ကျေးဇူးကမ္ဘာပါ ..

  • YE YINT HLAING

    August 25, 2012 at 12:18 pm

    ဟိုဘက် က မန့်မှာ ခညား ဆိုတာတွေ.မှ မဟာရာဂျာ စိုင်းပိစိကွေး မှန်း သိသွားဂျောင်းပါ ။

  • ရဲစည်

    August 25, 2012 at 1:53 pm

    ဒီအတို်င်းဆို ကျုပ်တက်ကြည့်မှ ဖြစ်တော့မယ်
    ဆိုတော့ 。。。。
    အသင် ဂေါက်မင်းတြားကြီး အနန ္တစင်္ကြဝဠာကြီး တခွင် နတ်တွေ လူတွေ ဘယ်လောက်ရှိလဲ သိဖို့အရေး
    အကျွှန်ုပ် ဒုံးကျည်ဇင်ယော်(ယောနသံလောက်နဲ့ မရတော့ဘူး)တက်ကြည့်ပေဦးမည်။
    အဖြေကိုတော့ ပြန်လာတဲ့အထိ မဂေါက်ဘဲ စောင့်ရစ်ပါလေ 😀

    ခွစ် … ရှူး … ဒုန်း (တက်သွားပီ)
    မျိုးကြီးရဲ့ သီချင်းစာသားလို … ” ပြန်လာချင်လေး ….

  • မောင်မောင်ဂေါက်

    August 25, 2012 at 2:04 pm

    သူ တက်သွားသံဂျီးက
    ခွစ် … ရှူး … ဒုန်း …. တဲ့ .. 😀
    အင်း .. အသင် ပြန်လာတဲ့ဒိ မဂေါက်ဘဲ စောင့်ရအုံးမှာပေါ့နော် ..
    အကယ်၍များ ခညား ပြန်လာတဲ့အချိန် ကျုပ် ဂေါက်နေပီဆိုရင်တော့
    ကျုပ်ဆီ လာနဲ့တော့နော် ..
    ကျုပ်က ဂေါက်ဂေါက်နဲ့ တစ်ခုခုကို ကောက်ကိုင်ပြီး ထုလိုက်မှ ..
    ဟုတ်ပေ့ ဖြစ်နေမှာ စိုးလို့ဘာ .. 😀

  • surmi

    August 25, 2012 at 3:20 pm

    ဒီမှာလဲ မန် ့ရခက်နေလို ့ ဂေါက်ချင်နေတာ
    တခြားမှာလူရှိမရှိဆိုတာသိချင်ရင် မဟာသမယသုတ် နိဒန်းကိုပြန်ဖတ်ဗျာ
    ဖတ်လို ့မှမရှင်းသေးရင် လက်ဘက်ရည်တိုက်ကွာ
    လာပြီးရှင်းပြမယ်

    • မောင်မောင်ဂေါက်

      August 25, 2012 at 8:56 pm

      ဦးဆာမိဂျီးကို
      လက်ဖက်ရည် တိုက်မှ ရတော့မယ် ထင်တယ်ဂျ ..
      လက်ဖက်ရည်တင် ဟုတ်ပါဘူး ..
      ဆေးလိပ်လေးပါ အဆစ်ပါဦးမယ် ..
      သားသားဂို မဂေါက်အောင် ကူညီဘာဦးနော် .. 😀

  • pooch

    August 26, 2012 at 12:48 am

    ဒီမယ် ကိုမောင်မောင်ဂေါက် အထက်ပြည်မှာ လူတွေရှိတယ်ရှင့် ။ ရှင်မယုံရင် battleship တို့ avatar တို့ကို ကြည့်။ 😀

    နောက်တာပါ။

    အကြံလေးတခုပေးချင်တာက တရားစခန်းတွေ ဘာတွေ ဝင်ကြည့်စေချင်ပါတယ်။ ရက်ရှည်ပေါ့ ။ အနည်းဆုံး ၁ ပတ် ၁ဝ ရက်။ အဲ့ဒီမှာ နေ့စဉ်ရက်ဆက် တရားတွေ နာရတယ်။
    သူငယ်အံ သိချင်တာကို အကျယ် မပြောပြတတ်ဖူး။ သိတော့သိတယ် ။ အပြောမလည်ရင် လွဲသွားမှာ စိုးလို့။

    ဒါလေးနဲ့တော့ မဂေါက်ပါနဲ့ အေ ။ သိတဲ့သူတွေ လာဖြေပါလိမ့်မယ်။ :mrgreen:

  • kai

    August 26, 2012 at 1:55 am

    ”တတိယ အချက်ကတော့ ခင်ဗျားတို့ကို စိတ်ဝင်စားအောင် ကြံကြံဖန်ဖန် ပြောတာကို ခင်ဗျားတို့က ယုံတာ အံ့ဩစရာပေါ့ဗျာ..
    ဂွတ်နိုက်..ကိုသန့်”…..

    (ဦးသန့်ရဲ့လက်ရွှေးစင် စာစုမှ) :mrgreen:
    http://myanmargazette.net/142923/creative-writing/short-story

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 7:53 pm

      ဒို့သဂျိန်းဂဒေါ့ ..
      ထင်ဒဲ့ အတိုင်းဘဲ …
      ဂလို ဆန်းကြယ်တဲ့ အကြောင်းတွေကို
      နဖူးတွေ့ ဒူးတွေ့ တွေ့မှ ယုံမယ့်လူဂျီး …
      ခညားဂျီး ငရဲရောက်မှ .. အဲလေ .. နတ်ပြည်ရောက်မှ
      အော် .. ဂယ်ဟုတ်ပါလား ဖစ်နေလိမ့်မယ် …
      အဲ့အခါ ကျုပ်က သိကြားမင်းဂျီးဘော့ .. ခွီ .. ခွိ .. :mrgreen:

  • ဦးဦးပါလေရာ

    August 26, 2012 at 8:29 am

    ကို ဆယ့်ခွန်နှစ်မျက်နှာရေ-
    ကျုပ်လဲ မောင်ရင့်နာမည်တွေလိုက်မှတ်ရင်း ဂေါက်တော့မယ်… 😀

    စကြာဝဠာ၊ နတ်ပြည် နဲ့ နတ်သိကြားတွေအကြောင်းကတော့ ဘုန်းကြီးများ ဆရာတော်များ ရေးကြပြောကြတဲ့အခါ စာအုပ်ထဲကအတိုင်းပဲ ပြောရပါလိမ့်မယ်…။
    သူတို့က ဘုန်းကြီးကိုး…။ စည်းဖေါက်ပြီး လက်ရှိပိဋကတ်ကို ဆန့်ကျင်ပြီး ဘယ်လိုပြောလို့ဖြစ်မှာလဲ…။

    သို့သော် အဲဒါတွေက အကာတွေပါ..။
    အကာဆိုတာ အနှစ်တည်အောင် ဆောင်ထားရတဲ့
    စားရမှာမဟုတ်တဲ့ အရာတွေပါဗျာ…။

    သူ့ဟာသူ နတ်ပြည်ခြောက်ထပ်ပဲရှိရှိ၊
    စည်ပင်နဲ့ပေါင်းပြီးထပ်ခိုးတင်ထားလို့ ခွန်နှစ်ထပ်ခွဲပဲရှိရှိ
    တကယ်ရှိရှိ မရှိရှိ၊ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ
    အဲဒါတွေဟာ အရေးမကြီးပါဘူး…။

    အဲဒီအကာတွေက ခိုင်ခိုင်ခံ့ခံ့ဆောင်ထားလို့
    ဒီကနေ့အထိ မပျက်မယွင်းရှိသေးတဲ့ အနှစ်တွေကိုသာ
    အာရုံစိုက် ရယူကြရမှာပါ။

    သိက္ခာ(အကျင့်)အနေနဲ့ပြောရရင်
    သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့သိက္ခာသုံးပါး…
    ပုညကိရိယာ(ကောင်းမှု့)အနေနဲ့ပြောရရင်
    ပုညကိရိယာဆယ်ပါး ဆိုတဲ့ ကောင်းမှု့တရားများ…
    စသည်…. စသည်….
    အနှစ်သာရများစွာကိုသာ…….

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 7:58 pm

      ဦးဦးပါ ..
      ခုလို ပြောပြပေးသွားတာ ကျေးကျေးပါ …
      ကျနော်က စာအုပ်ဖတ်ရင်း
      အရင်သိထားတဲ့ အကြောင်းအရာ နည်းနည်းလေးတွေနဲ့
      ဆက်စပ်တွေးမိရင်း ဂေါက်ချင်သလိုလို ဖြစ်သွားတာပါ …

  • ကြောင်ကြီး

    August 26, 2012 at 9:31 am

    သုံးဆဲ့တဘုံသည် စတြာဝဠာတိုက်တိုင်းမှာ ရှိတယ် သို့သော် ဒီစတြာဝဠာမှာပဲ သဗ္ဗေညုတညဏ်ပိုင်ရှင် မြတ်စွာဘုရားက ပွင့်တယ်လို့ စာထဲမှာဆိုကြောင်း မှတ်သားဖူးတယ်။ (သုံးဆဲ့တဘုံစလုံးလား၊အဲဒါထက်နည်းသလား မသေချာပါ)။ စွန်းလွန်း၊ သဲအင်းဂူ ထေရုပတ္တိများမှာ ဆရာတော်ကြီးတွေ အရဟတ္တဖိုလ်ဆိုက်စဉ် သိကြားတွေ၊ ဗြဟ္မာတွေ နတ်ဒေဝါတွေ လာရောက်ဖူးမျှော်ကြောင်း ဆရာတော်ကြီးများ ကိုယ်တိုင်ပြောပြချက်ရှိလို့ အခြားစတြာဝဠာများမှာလည်း သိကြားမင်းများရှိကြောင်းပါခင်ဗျား။

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 8:03 pm

      ဦးကြောင်ကြီး …
      ကျုပ် စဉ်းစားမိတာကလေ ..
      အဲ့ဒီလို အခြားစကြဝဠာတွေမှာ သိကြားမင်း ရှိကြတယ်ဆိုတတော့ ..
      နတ်ပြည် ဆိုတာ ရှိတယ်လို့ ဆိုနိုင်တာပေါ့နော် …
      ဒီလိုဆိုရင် လူ့ပြည် (တစ်နည်း) လူတွေရော ရှိနေမလားလို့ပါ …

  • နေ ့သစ်/ ဘဝသစ်

    August 26, 2012 at 10:37 am

    တစ်ယောက်တစ်ပေါက်နဲ့ အနော်တော့တကယ် ဂေါက်တော့မယ်ထင်တယ်။

  • aye.kk

    August 26, 2012 at 12:36 pm

    ယထာဘူတဉာဏ်မြင်ဂေါက်ကင်းစင်။။

  • kotun winlatt

    August 26, 2012 at 6:18 pm

    ကိုအံစာရေ….
    ဘယ်လိုပြောရမလဲ…ဘယ်လိုပြောရမလဲ…ဘယ်လိုပြောရမလဲ…
    အဟိ…..

  • padonmar

    August 26, 2012 at 9:32 pm

    မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့မှာ
    အထက်အရပ် အောက်အရပ် ဆိုရင် ဒီစကြဝဠာရဲ့ အောက်အထက်မှာ စကြဝဠာတွေဆင့်ကဲဆင့်ကဲထပ်နေတယ်ထင်မှာစိုးတဲ့အတွက် ရှေ့က “ထက်ဝန်းကျင် အနန္တစကြဝဠာ”
    (စကြမှာ ရေးချမပါရပါဘူး)လို့ ဘေးပတ်ပတ်လည်ကို ရည်စူးပြီးဆိုခိုင်းပါတယ်။
    ……….
    ဆိုတော့ အခြားစကြဝဠာမှာလည်း သက်ရှိတွေရှိနိုင်တယ်လို့ဆိုပါတယ်။
    လူအသွင်နဲ့ တူမတူကိုတော့ မြတ်စွာဘုရားဟာ အခြားသောစကြဝဠာသို့လည်းကြွပြီး
    အထုံပါရမီရစေခြင်းငှာ (ကျွတ်တန်းဝင်ရန်မစွမ်းနိုင်ကြ) တရားဟောတတ်ပါတယ်။အဲဒီအခါ အဲဒီအရပ်ကသူတွေဟာ မြတ်စွာဘုရားကို သူတို့ပုံပန်းသဏ္ဍာန်မျိုးပဲရှိတဲ့ သူတို့ရဲ့မင်းလို့ပဲ ထင်ကြပါတယ်တဲ့။
    မြတ်စွာဘုရားတရားဟောပြီးထွက်သွားတဲ့အခါ သူတို့မင်းအလာမှာ ခုနက မင်းတစ်ပါး အခုမင်းတစ်ပါးလို့ ထင်ကြပါတယ်တဲ့။
    ဆိုတော့ လူအသွင်နဲ့ တူချင်မှတူပါမယ်။
    ………….
    သတ္တဝါ။စကြဝဠာ စသည်တွေဟာ မြတ်စွာဘုရားက
    ကြံစည်၍ အကျိုးမရှိဆိုပြီး ဟောတော်မမူခဲ့ပါ။
    သံသရာမှ လွတ်ကြောင်းမဟုတ်၍ တွေးတောကြံစည်ခြင်းဖြင့် အကျိုးမရှိပါတဲ့
    (သို့သော် အန်တီလည်း သိလို့ရရင် သိချင်ပါရဲ့၊ဒိဗ္ဗစက္ခု ရအောင် လုပ်လိုက်အုံးမယ်):D

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 8:11 pm

      အန်တီရေ ..
      ခုလို ပြောပြပေးတာ ကျေးဇူးပါဗျို့ …
      ဒါနဲ့ မြတ်စွာဘုရားရှင်က အဲ့ဒီလို အခြား စကြဝဠာတွေကို ကြွရောက်ပြီး တရားဟောတဲ့ အကြောင်းက ဘယ်ထဲမှာ ဘာတာတုံးဗျ ..
      ကျနော် တကယ် မဖတ်ဖူးလို့ …
      ပြောပြပါဦးနော့ …

      ဒါနဲ့ အန်တီ ဒိဗ္ဗစက္ခု ရရင်လည်း ကျနော့်ကို ပြောဦးနော် ..
      မေးချင်တာ မေးရအောင်လို့ .. 😀

  • MaMa

    August 26, 2012 at 10:05 pm

    ဒီနေ့ပဲ ပဲခူးဆယ်မိုင်ကုန်း ဓမ္မဒူတကျောင်းကို သွားတော့ စာကြည့်တိုက်ထဲမှာ စာအုပ်တွေမျိုးစုံတွေ့ရလို့ လိုက်ကြည့်တာ အဲဒီ နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် ကျမ်းစာအုပ်ကြီးတွေကို တွေ့ခဲ့တယ်။
    ဖတ်ဖို့အတော်အချိန်ပေးရမယ်လို့တောင် တွေးမိသေးတယ်။
    ခုတော့ ဖတ်ပြီးတဲ့လူက ဂေါက်ချင်နေပြီဆိုတော့………..
    ဆက်ဖတ်ရမလား မဖတ်ရဘူးလား………… [O:] [:))]

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 8:13 pm

      အန်တီမမ ကလည်း ..
      အနော်က ဖတ်သာဖတ် ..
      အငြိမ်မနေပဲ ပေါက်ကရ လျောက်တွေးမိလို့ ..
      ဂေါက်ချင်ချင် ဖြစ်သွားတာပါ .. အဟဲ .. 😀
      ဆက်ဖတ်ပါဗျာလို့ ..

  • MaMa

    August 26, 2012 at 10:06 pm

    ပြောဖို့ ကျန်ခဲ့လို့။
    ပေးလိုက်တဲ့ လင့်ခ်လေးအတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။ [:)]

  • မွန်မွန်

    August 27, 2012 at 4:30 pm

    နည်းနည်းလောက် ဝင်ရွှီးပါရစေနော်…
    တစ်ခါသား စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်။ လူတစ်ယောက်က နေရာတစ်ခုကို ရောက်သွားတာ။ တရားကျင့်နေတဲ့သူတွေနဲ့ အရမ်းအေးချမ်းတဲ့ နေရာတစ်ခုပေါ့။ ကမ္ဘာမြေပေါ်မှာပဲရှိတယ်။ သာမန်လူတွေ မမြင်ရဘူး။

    အဲဒီမှာ မွန်မွန်လည်း နတ်ပြည်တို့ ငရဲပြည်တို့ဆိုတာ ဒီကမ္ဘာမြေပေါ်မှာပဲ ရှိတယ်။ သာမန်လူတွေရဲ့မျက်စိနဲ့ မမြင်ရတဲ့ ဘုံနေရာတစ်ခုလို့ ထင်ထားမိတယ်။ မိုးပေါ်တို့၊ မြေကြီးအောက်တို့ဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။

    အယူလွဲနေပြီလား မသိဘူး… 🙂

    • မဟာရာဇာ အံစာတုံး

      August 27, 2012 at 7:40 pm

      ဒီလိုပါ မမွန်မွန် …
      ကျနော် အနေနဲ့ နတ်ပြည်ဆိုတာ မိုးပေါ်မှာ ရှိတယ်လို့ ထင်မိတဲ့ အကြောင်းကိုလည်း အထက်မှာ ဖော်ပြပြီးပါပြီ …

      အဲ့ဒီ ဇာတ်တော်ထဲမှာပေါ့ ..
      ဘုရားလောင်းက မြှားနဲ့ သရက်ခိုင်ညှာကို လှမ်းပစ်လိုက်တယ် ..
      မြှားပစ်ရမယ့် နေရာနဲ့ သရက်ခိုင်ညှာက အထက်အောက် တည့်တည့်လို့ ဆိုထားတော့ ..
      မြှားဟာ အထက်ကိုပဲ တက်ရမယ်လို့ ထင်မိပါတယ် …
      ဘုရားလောင်းက အဲ့ဒီမြှားဟာ စတုမဟာရာဇ် နတ်ပြည်အထိ ရောက်မယ်လို့ ဆိုပါတယ် ..
      ဒါကြောင့်မို့ ကျနော်က နတ်ပြည်ဟာ အထက်မှာ ရှိရမယ်လို့ တွေးမိလိုက်တာပါ ..

      ဒါနဲ့ ကျနော် အယူလွဲသေးပါဘူးနော် … 😀

      • မွန်မွန်

        August 28, 2012 at 10:02 am

        ဟုတ်….
        အယူလွဲတာ မွန်မွန် လား မသိဘူးနော် ပြောတာပါနော်…. တစ်ခါတစ်လေကျတော့ ကျွန်မကလည်း ဂေါက်တောက်တောက်ရှင့်…. 🙂

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:21 pm

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ယခုကဲ့သို့ ကျွန်ုပ် မဂေါက်စေရန်
    လာရောက် ကူညီသွားကြပါကုန်သော သူအပေါင်းအား ..
    ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောပါရစေ ခင်ဗျာ…

    ချစ်တဲ့ …
    မောင်မောင်ဂေါက် တစ်ဖြစ်လဲ ..
    အံစာတုံး

Leave a Reply