Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေ့လည်စာ (ကြက်ပဲဟင်းနဲ့ ကျောက်ပွင့်သုပ်)

NovyAugust 27, 20122min95129

နိုဗွီလည်း ဒီတစ်ပတ် Sunday ရုံးပိတ်ရက်မှာ ဘာစားချင်လည်းလို့

စဉ်စားလိုက်တော့ မော်တင်စွန်းဘုရားသွားဖူးတုံးက စားခဲ့ရတဲ့

ရခိုင်မလေးတွေရောင်းတဲ့ ကျောက်ပွင့်သုပ်ကို အရမ်းပြန်ပြီးစာချင်နေမိတယ်

အိမ်မှာလည်းကျောက်ပွင့်တွေရှိနေတာနဲ့ သုတ်စားဖြစ်သွားတယ်

သူနဲ့လိုက်မဲ့ဟင်းကို စဉ်စားလိုက်တော့ ကြက်သားနဲ့ ပဲဟင်းလေးတွဲပြီးစားချင်သွားတယ်

ကိုယ်အစားကောင်းစားရရင် ချစ်တဲ့ခင်တဲ့သူတွေကို သတိရကျတယ်တဲ့

နိုဗွီလည်း ရွာသူားတွေကို သတိရသွားလို့

စားကျပါအုံး ကြက်ပဲဟင်း

မလောက်မှာစိုးလို့ အိုးလိုက်ချပေးလိုက်မယ်

ဒါကတော့ ရေကို 10ခါထက်မနည်းဆေးလိုက်ရတဲ့ကျောက်ပွင့်

အာလူး၊ကြက်သွန်နီ၊ သံပုရာ

ဆရာကြီးနှစ်ယောက် (ငရုပ်သီး၊ငပိမီးဖုတ်)

 

အားလုံးရောနယ်လိုက်တော့ကျောက်ပွင့်သုပ်ဖြစ်ရော

့်

ဒါကတော့ အစပ်ပြေ ဒူးရင်သီးစေ့ပြုတ်လေစား

ဆီဆားလေးလည်းတို့စားအုံး

 

 

 

29 comments

  • Ma Ei

    August 27, 2012 at 11:35 am

    နိုဗွီရေ…
    ကျောက်ပွင့်သုပ် အကြိုက်ခြင်းတူမို့
    အားမနာတမ်း အားပေးသွားတယ်နော်…

  • manawphyulay

    August 27, 2012 at 11:40 am

    ကျောက်ပွင့်သုပ်တဲ့ ရခိုင်မှာတုန်းက ကျောက်ပွင့်တွေ ကောက်ပြီး ခဏခဏသုပ်စားတာ သတိရမိတယ်။ ဒါနဲ့ ကျောက်ပွင့်သုပ်က လည်ပင်းကြီးရောဂါတွေအတွက်ကောင်းတဲ့ဆေးနည်းဆို ဟုတ်လား… ရှလွတ်… စားချင်လာပြီနော်။

    • Novy

      August 27, 2012 at 11:49 am

      မအိနဲ့ မနောရေ.
      အားမနာနဲ့ များများစား

    • ရွှေ ကြည်

      August 27, 2012 at 3:54 pm

      မမနောရေကြားဖူးတာကတော့ လည်ပင်းကြီးတာက အိုင်အိုဒင်းများတာရယ်နည်းတာရယ်နှစ်ခုစလုံးကြောင့်ဖြစ်တတ်ပါတယ်တဲ့။
      ကျောက်ပွင့်ကတော့အိုင်အိုဒင်းနည်းလို့ဖြစ်တဲ့လည်ပင်ကြီးဆိုရင်ကောင်းတဲ့ဓါတ်ဆာလို့တော့ကြားဖူးပါတယ်။

  • aung moethu

    August 27, 2012 at 12:04 pm

    ကျတော်တို့ကျောက်ပွင့်သုပ်စားရင်တော့ ဒီလိုမဟုတ်ဘူးဗျ။။ ဒီလိုလေးလည်းကောင်းမယ်ထင်တာပဲ ဒါမယ့် ကြက်ပဲဟင်းကတော့ ဆီတွေများနေတယ် ကျတော်ထင်တယ်။

    • Novy

      August 27, 2012 at 12:50 pm

      ဘကြီးအောင်ရေ.
      မနိုလည်းဆီသိပ်များရင် မစားပါဘူး
      ဆီပျံရေကျန်စတိုင်လေးချက်ထားလို့ အပေါ်မှာ ဆီတွေတက်နေတာပါ
      အောက်မှာ ရေတွေပါ ရဲရဲသာစား

  • etone

    August 27, 2012 at 12:06 pm

    အောင်မငှီး မနိုရယ် .. တိုက်တိုက်ဆိုင်ဆိုင် … နေ့လည်စာ ရှောင်ထားပါတယ်ဆိုမှ …. အစားသောက်ပို့စ်ထဲ တန်းဝင်မိတော့တာပဲ .. အဟိ … ရင်မှာ ဝေဒနာ နှစ်ဆတိုးပြီ … 😛

    မနိုရဲ့ ကြက်သားနဲ့ ပဲဟင်းလေးကို ကြည့်ရတာနဲ့တင် နှာခေါင်းထဲ မဆလာ နံ့လေး မွှေးလာသလိုပဲ … ရှလွတ်ရှလွတ် … 😉
    ဒီလိုပုံထဲက ကျောက်ပွင့်တော့ တစ်ခါမှ မစားဖူးဘူး မနိုရေ … ရွှေပုစွန်ခြောက်ကြီးတွေနဲ့ … သံပုရာသီးလေးကလည်း မွှေးနေမှာပဲ ……… ညီမစားဖြစ်တဲ့ ကျောက်ပွင့်ကလေ … ရေစိမ်လိုက်ရတဲ့ ဟို အဖြူ အပွင့် ကြီးတွေလေ … အဲ့တာကိုပဲ သိတာ … ။
    ဂလု .. ဂလု … စားချင်လျှက်နဲ့ ပြိတ္တာဖြစ်နေရတဲ့ ဘွ ဘွ … 🙁
    ဒူးရင်းသီးအစေ့ပြုတ်က ပိန္နဲသီးပြုတ်ထက်ပိုစားကောင်းတယ်နော် ….. ။ ဒါပေမယ့်အစ်မရေ .. ညီမတော့ ဒူးရင်းသီးစားပြီးလျှင် တန်းပြီး အစေ့ကို တန်းပြီးလွင့်ပစ်လိုက်တာပါပဲ … ။ ဘာလို့လဲ ဆိုတော့ .. အစေ့ကို ပြုတ်စားမယ်ဆိုလျှင် ရေ အကြိမ်ကြိမ်စေးရလို့ …. စိတ်မရှည်လို့ပါ .. ။
    မနိုကိုတော့ အရမ်းအားကျသွားပြီ … တနင်္ဂနွေ ပိတ်ရက်လေးမှာ မိသားစုကို နွေးထွေးမှုပေးနိုင်တဲ့ အိမ်ရှင်မအဖြစ် တာဝန်ကျေလို့ပါ ။ 🙂

  • Novy

    August 27, 2012 at 12:57 pm

    အိတုံ ညီမလေးဝါရှောင်တာမသိလိုက်ဘူးကွယ် 🙂
    ညီမပြောတဲ့ ကျောက်ပွင့်အဖြူက တရုပ်ပြည်ကသွင်းတာလေ
    ဒီကျောက်ပွင့်ကတော့ မြန်မာပြည်ဖွား ရခိုင်းသားလေးပေါ့
    မော်လမြိုင်ဘက်ကလည်း ကျောက်ပွင့်ထွက်တယ်

    အိမ်က ဂျူနီယာနိုဗွီက ဒူးရင်းသီးမစားပေမဲ့
    ဒူးရင်းသီးအစေ့တော့ ကြိုက်တော်မူတယ်
    ဒါကြောင့် သူ့အတွက် ပြုတ်ပေးရတယ်လေ

  • ကို ခင်ခ

    August 27, 2012 at 1:15 pm

    မနိုဗွီ ခင်ဗျ။ ဒူရင်းသီးပြုတ်တော့ တစ်ခါမှမတွေ့ဘူးပါ။
    အရသာက စိမ့်တာလား ဘယ်လိုလဲ နောက်ဒူးရင်းသီးစားဖြစ်ရင် စမ်းကြည့်အုံးမှ။

  • Mon Kit

    August 27, 2012 at 1:26 pm

    ဟုတ်တယ် မနိုဗွီရေ.. မွန်ကစ်လဲ ဒူးရင်းသီး အသားဘဲစားရတယ်မှတ်တာ…
    အစေ့ကို ပြုတ်စားလို့ရမယ် မထင်မိဘူး… နောက်ဆို ပြုတ်စားအုံးမှ…
    ကျောက်ပွင့်သုပ်ရော.. ဒူးရင်းစေ့ပြုတ်ရော အားပါးတရ ဗိုက်အဝ အားပေးသွားတယ်နော်..
    ရှဲ့ ရှဲ့…:)

    • Novy

      August 27, 2012 at 1:56 pm

      ကိုခင်ခ & မွန်ကစ် @
      ဒူးရင်းစေ့ အရသာကတော့
      ပိန်းဥနဲ့ အားလူးရောထားတဲ့ အစိမ့်/အစီး အရသာလေးပေါ့
      စမ်းပြီးပြုတ်စားကြည်လေ

      မိုချို@
      ဒူးရင်း စေ့ပြုတ်ပြီးသားကို ရေနဲ့ထိရင် ချွဲကျိကျိ လေးဖြစ်သွားတယ်
      ဒါကြောင့်မို့ သူ့ကို ပြုတ်ရင် ရေခန်းလေးပြုတ်တယ်
      ပြီးရင် ရေခြောက်သွားမှ အခွံခွာရင် မချွဲတော့ဘူးလေ
      မီးဖုတ်စားရင်လည်း မွှေးပြီး သိပ်မချွဲတော့ဘူး

      • ရွှေ ကြည်

        August 27, 2012 at 3:51 pm

        မနိုရေ ရွှေကြည်ကဒူးရင်းသီးစေ့ပြုတ်စားပါတယ် ကြိုက်လည်းကြိုက်တယ်
        ဒါပေမယ့်ချွဲနေတာကိုဘယ်လိုပြုတ်ရမလဲမစဉ်းစားမိဘူးရယ်။
        ကျေးဇူးပါ နော် ကြက်ပဲဟင်းကိုကြည့်ပြီးကိုယ့်နေ့လည်စာဟင်းကိုမကျေနပ်ဖြစ်သွားတယ်။
        စားချင်လိုက်တာ။

        • ကထူးဆန်း

          August 28, 2012 at 6:30 am

          ဂွတ် ထ ဂွတ်ထ ။ မဒမ်ထူးဆန်းကို ဆရာ လုပ်စရာ ရသွားပြီ..
          ူဒူးရင်းသီ အစေ့ပြုတ် စားလို့ ရမှန်းမသိဘူး ..
          ရှဲရှဲ . ကျေးကျေး ..

        • mayjuly

          August 29, 2012 at 10:41 am

          ဒူးရင်းသီးအစေ့ကို မီးဖုတ်ပြီး စားရတာပိုကောင်းတယ် ဗျ …

          ပြီးတော့ ကလေးတွေ ကို ကျွေးရင်လည်း တုတ်တိ်ု့ သန် တို့ ကျတယ်လို့ ဆိုပါတယ် …

          မနိုရဲ့ ကျောက်ပွင့်သုတ်က်ို အားရပါးရ လွေး လိုက်ချင်၏ 😛

  • mocho

    August 27, 2012 at 1:39 pm

    ဟယ် မြန်မာ ကျောက်ပွင့်သုပ် လေး ပါလား ။ အဲဒီ ကျောက် ပွင့်သုပ် စားချင်နေတာ မနိုရေ…ကျလုဆဲ သွားရေ ကို သိမ်း လို့ အားပေး သွား ပါ တယ်။ ဒူးရင်း စေ့ ကိုတော့ ပိန္နဲ စေ့လောက်မကြိုက်ဘူး။ ချွဲကျိကျိ မို့ လို့ ။

  • pooch

    August 27, 2012 at 2:18 pm

    ကျောက်ပွင့်သုတ်တော့ ကြိုက်တယ်။ ကြက်ပဲဟင်းကတော့ အိမ်မှာ သိပ်မစားဖြစ်လို့ ကြိုက်တယ်လည်း မဟုတ် မကြိုက်ဖူးလည်း မဟုတ်။

    ဒီလိုကြည့်တော့လည်း စားချင်သဖွယ်ပဲ။

    စကားမစပ် မနို ပြောသလို စိုုက်တာ အဆင်ပြေနေကြောင်းပါ။ ကျေးဇူးပါ။

  • YE YINT HLAING

    August 27, 2012 at 4:00 pm

    ရွှေပုစွန်ခြောက်ကြီးတွေနဲ့ … ပုံကိုကြည့်ပြီး တီးချင်လာကြောင်းပါခင်ဗျ ! ( မှတ်ချက် ။ ။ စားစရာ မှန်သမျှ ကြိုက်ပါ၏ များများတင်ပေးကြပါ ။ ကြည့်ပြီး သွားရည်ကျရင်း နည်းယူနိုင်တာမို့ပါ )

  • Novy

    August 27, 2012 at 4:06 pm

    ပုရ်ရေ..
    စိုက်ရတာအစဉ်ပြေနေတယ်လို့ကြားရတော့ဝမ်းသာပါတယ် ညီမရေ.

    ရွှေကြည်@
    “ကြက်ပဲဟင်းကိုကြည့်ပြီးကိုယ့်နေ့လည်စာဟင်းကိုမကျေနပ်ဖြစ်သွားတယ်။
    စားချင်လိုက်တာ”
    ဒါများညီမလေးရယ် ယူစားလိုက်အားမနာနဲ့နော်

  • MaMa

    August 27, 2012 at 4:53 pm

    မနိုရေ-
    ကျောက်ပွင့်သုပ်လေး ကြည့်ပြီး မစားရလို့ သွားရည်ကျသွားပါကြောင်း။
    အဲဒီကျောက်ပွင့်ကို (ကျမတို့ဇာတိမှာတော့ ကျောက်ခက်လို့ခေါ်တယ်။) သိပ်ကြိုက်တာ။
    ဒါပေမယ့် ရန်ကုန်မှာ ဝယ်ရ ခက်သလားလို့။

  • မောင်ပေ

    August 27, 2012 at 8:26 pm

    ပုံမြင်
    ဗိုက်ဆာ
    သွားရည်ကျ
    အနိစ္စ
    ရှလွတ် ရှလွတ်

  • si tone

    August 27, 2012 at 8:31 pm

    အကုန်စားချင်တယ်…………………

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 9:06 pm

    ပုံတွေကို မြင် .. စားချင် ..
    ဂလု ……
    ကြက်ပဲဟင်း ကြိုက်တယ်ဗျာ ..
    မြင်တော့ စားလည်း စားချင်တယ် ..
    လကုန်တာကျမှ အမုန်းဆွဲပစ်လိုက်ဦးမယ် .. :mrgreen:

  • အရီးခင်လတ်

    August 27, 2012 at 9:11 pm

    အားပါးပါး။
    စားချင်စရာကြီးတွေချည်းဘဲ။
    အားလုံးကြိုက်။
    ပဲ၊ ကြက်သား ကို တော့ ချက်စားလေ့ရှိတယ်။
    ကျန်တာတွေကတော့ ဝေးဝေးကသာ လွမ်းပါတော့မယ် မနို ရေ။
    အစားကောင်းစားရရင် ချစ်တဲ့ခင်တဲ့သူတွေကို သတိရ ဟင်းလေးတွေ အတွက် ကျေးဇူးပါ။ 🙂

  • ma me kyaw

    August 28, 2012 at 10:11 am

    မစဉ်းစားတော့ဘူးဒီဟင်းဘဲချက်တော့မယ် ကျေးဇူးတင်ပါတယ်

  • Novy

    August 28, 2012 at 10:23 am

    YE YINT HLAING@
    ပုဇွန်ခြောက်ကြီးပဲ နိုက်မစားနဲ့နော်

    ကထူးဆန်း @
    ပြုတ်စားလောက်အောင် အစေ့မများလို့
    4-5စေ့ပဲရှိတယ်ဆိုရင်လည်း အစေ့ကို ဓားအရာပေးပြီး
    မီးဖုတ်စားလို့ ရတယ်နော်

    မမ@
    ရန်ကုန်မှာတော့ မဝယ်ဖူးဘူး
    ရခိုင်၊ ဧရဝတီတိုင်းတို့ ၊ မွန်ပြည်နယ်ဘက်ကတော့ အထွက်များတယ်
    အဲ့ဒီဘက်ကနေ လူကြုံမှာစားတာ

    ကပေ@
    သွားရည်ပြန်သိမ်းပါ

    si tone@
    နည်းနည်းတော့ချန်ထားပါကွယ်

    ခြောက်မျက်နှာရေ.
    စားပိုးလည်းနှစ်နေအုံးမယ်နော်

    အရီးလက်ရေ..
    မြန်မာပြည်လာလည်မှ အဝစားတော့နော်
    လူကြုံရှိရင်ပြောပါ ကျောက်ပွင့်ခြေက်တွေ ပါဆယ်ထဲ့ပေးပါမယ်

  • ကထူးဆန်း

    August 28, 2012 at 10:55 am

    မဒမ်ထူးဆန်း ကို ဆရာ လုပ်ရာ မအောင်မြင်ပါ ။
    ဒူရင်းသီးစေ့ မီးဖုတ်စားပါက ဗိုက်တွင်း သံရှိလျင် သံကျကြောင်း ပြန်ဆရာလုပ်ခံလိုက်ရ ပါသည် ။ 🙄

  • ကြောင်ကြီး

    August 29, 2012 at 10:07 am

    အသဲနှလုံးနဲ့ ကျောက်ပွင့်အသုပ် နိုဗွီလေးကျွေးတာ စားရရင် သေဗျော်ပါပီ…။
    တချိန်က နိုဗွီရဲ့ ကိုကိုကြောင် 😎

  • Mobile

    December 16, 2012 at 6:36 pm

    တဝ တပြဲးအားပေး စားသောက် ဗိုက်မှောက် သွားပါကြောင်းးးးးးးးးးးး

Leave a Reply