Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” ပို့(စ) ဖြစ်သွားသော ကွန်မန့်လေး တစ်ခု “

YE YINT HLAINGSeptember 4, 20121min80845

ကိုရင်စည်သူ ရဲ့ ပို့ ( စ ) ကို ဖတ်ပြီး တချိန်က ပင်လည်ထဲက အကြောင်းလေး သတိရ သွားတယ် ။ ပထမ တော့ ကွန်မန့် အဖြစ် ရေးနေတာ ။ ရေးရင်း ပြန်စဉ်းစားတယ် ။ ကိုယ့် အကြောင်း ကို ရေးမိတာဖြစ်ပြီး ကွန်မန့် အနေနဲ့ကြတော့လည်း ရှည်လွန်းနေတယ် ။ ရေးပြီး ဖျက်ပစ်ရမှာလည်း နှမျောတာနဲ့ ပို့ ( စ ) အဖြစ် ရေးလိုက်မိပါတော့တယ် ။

မုတ်တမ ကွေ. ကနေ ပင်လယ်ထဲ ကို  ( ၁၃ ) ရက်လောက် စက်လှေကြီးနဲ့ ထွက်ဘူးတယ် ။ လှိုင်းမူးပျောက်ဆေး ( အဝါရောင် သေးသေး ) ဆယ်လုံးဝယ်သွားတယ် ။ နေ့တိုင်း ရေပြင် ၊ ရေလှိုင်း နဲ့ လင်းရှူးတွေ ငါးလိပ်ကျောက် တွေ ဒါတွေပဲမြင်ရတယ် ။ ( ၃ ) ရက် လောက်ကစပြီး ပျင်းရိငြီးငွေ လာတယ် ။ ဒါနဲ့ ပထမ သီချင်းလေး ညည်းမိတယ် ။ လှေသား နှစ်ယောက် ဖြစ်တဲ့ မွန်တစ်ယောက် နဲ့ ကရင် တစ်ယောက် အနား ရောက်လာပြီး ဆက်ဆိုပါဦး ဗျ ! လို့ တကယ်နားထောင်ချင်တဲ့  ပုံစံ နဲ့ ကျွန်တော့ ဘေးမှာ လာထိုင်ပြီးပြောတဲ့ နေ့က စပြီး နေ့တိုင်း အာညောင်းအောင် ဆိုပြရတယ်ဗျာ ! သူတို့  ကုန်းပေါ် နေရတဲ့ အချိန် နည်းတယ်ဆိုပဲ ။ ကျန်တဲ့ အချိန်တွေမှာ – ပါလာတဲ့ စာအုပ်တွေဖတ်တယ် ။ ဖတ်စရာ ကုန်တော့ လှေသူကြီး မွန်ကြီးနဲ့ စကားပြောတယ် ။ သူက အများအားဖြင့် အတွင်းခံ ဘောင်းဘီ ပဲဝတ်ပြီး အပေါ်က စွပ်ကျယ်အင်းကျီ လေး နဲ့အမြဲလိုလို နေတယ် ။ ဒါပေမဲ့ ပင်လယ် နဲ့ ပတ်သက်ပြီး တော်တော်သိတဲ့ လူကြီးဗျာ ! မိုး သားမရှိတဲ့ ညဘက်ဆိုရင် ကြယ်တွေနဲ့ အရပ် မျက်နှာတွေ တည်နေရာ တွေ အကြောင်း ရှင်းပြတယ် ။ ကျွန်တော် နားမလည် ဘူးဗျ ! ဒါပေမဲ့  နားထောင်ကောင်းသလို ဗဟုသုတရတော့ ဟုတ်ကဲ့ ! ဟုတ်ကဲ့ ! နဲ့တော့ ပြန်ပြောရတာပေါ့ဗျာ ! သူပြောတဲ့ အထဲမှာ ဒီနေ့ အထိ မှတ်မိတာကတော့ ပေါ့ဆိုက် နဲ့ စတားပေါ့ ဆိုက် အကြောင်းလေးပဲ ! ကုန်းဘက် နဲ့ ရေပြင် ဘက်ကို မှန်းဆတဲ့ အကြောင်းလေးပါ ။ ကုန်းမြေခံနေတဲ့ဘက်က ကြယ်ကို နောက်ကျမှမြင်ရပြီး ရေပြင်ပဲ ရှိတဲ့ဘက်က ကြယ်ကို အရင်မြင်ရတဲ့ အကြောင်းလေးပါ ။ ပြီးတော့ ရှေးခေတ်က ပင်လယ်ခရီးသွားတွေ ၊ ပင်လယ်ဓားမြ တွေက ဆယ်မိုင်လောက် ပျံသန်းနိုင်တဲ့ ငှက်တွေ သယ်သွားတယ်တဲ့ ။ ကျွန်း ဒါမှမဟုတ် ကုန်းမြေအကွာအဝေး ကို ခန့်မှန်း တွက်ချက်ချင်ရင် ရောက်တဲ့နေရာ ရေထဲက လှေပေါ်ကနေ ငှက်တကောင် လွှတ်လိုက်တယ် ။ ဆယ်မိုင် ပျံသန်းနိုင်တဲ့ ငှက်ဟာ သူပျံ သန်းနိုင်တဲ့ နှုန်းထားကို သူ့ဟာသူ သိတယ် ။ ငါးမိုင် လောက် ပျံနေရင်း ကုန်းမြေ မတွေရင် သူ့ မှာ နားစရာ မရှိ ဖြစ်မှာဆိုးလို့ သူလာရာ လှေဆီကို ပြန်သွားတယ် ။ လှေပေါ်က လူတွေက ပြန်လာတဲ့ ငှက်ကို တွေရင် ( ၅ ) မိုင် အတွင်း ကုန်းမြေမရှိဘူး တွက်သတဲ့ဗျာ !

တနေ့ ညနေ ( ၃ ) နာရီ လောက် ကောင်းကင်ပေါ်မှာ ပန်းချီဆရာ အလျှား လိုက် ဆုတ်ချက် ဆတ်ကနဲ ဆွဲထားတဲ့ပုံမျိုး အဖြူရောင်တိမ်မျှင်တန်း ပါးပါး ကို ကောင်းကင် ပေါ်မှာမြင်တော့ သူက ( လှေသူကြီး ) လှေပေါ်က ပစ်စည်းတွေ အခိုင်အမာ ချည်သင့်တဲ့ အရာတွေ ချည်ခိုင်းတယ်ဗျ ! လေပြင်းကျမယ်တဲ့လေ ! ကျွန်တော့ကိုလည်း လုံခြုံတဲ့ နေရာမှာ နေဖို့ပြောတယ် ။ ဘဝ မှာ တခါမှ မမြင်ဘူး မကြုံဘူးတာ မြင်ရ ကြုံရတော့ ပထမ ပျော်တယ်ဗျို့ ! ဆယ်မိနစ် လောက် အတွင်းပေါ့ ! လှိုင်းတွေ လေတွေလေဗျာ ! တဖြည်းဖြည်း ကြမ်းလာတော့ ကြောက်လာပြီး ဘုရားပါ တမိတယ် ။ သေခြင်း တရားက အနီးလေးဖြစ်သွားတာကိုဗျ ! အီးအိပ် ( ချ ) အင်ဂျင်လောက်နဲ့ မောင်းတဲ့ စက်လှေက လှိုင်းတွေကြားမှာ သစ်ရွက်လေးလို ဖြစ်မယ်ထင်တယ် ။ မျက်နှာပေါ်ကနေ ပါးစပ် ထဲဝင်လာတဲ့ ရေတွေက ငန် တာထက်ပိုတယ် ။ လူတွေ ကလည်း ဘောလုံးထီ ခြင်းထဲက ဘောလုံးလေးတွေ လိုပေါ့ဗျာ ! ဒါနဲ့ ကျွန်တော် ပိုက်ပုခက်ကို လက်နှစ်ဘက်နဲ့ လိမ်ထားတယ် ။ ဒီလိုနဲ့ လှိုင်းလေငြိမ်သွားတော့ ကျန်တဲ့ ဆေး လေးတွေ ပျက်စီးသွား သလို ထမင်းစားပြီး မိနစ်ပိုင်း အတွင်း အစိမ်းလိုက် အန်တော့တာပဲ ! ( ၃ ) ရက်  လောက် တရက် ထန်းလျှက် ခဲ ပြဲပြဲ နှစ်လုံး သုံးလုံးလောက်ပဲ စားနိုင်ပြီး ထမင်းမစားနိုင်လို့ လူက ဂိ လာတယ် ။  ဒါပေမဲ့ စက်လှေ က မပြန်ဘူးဗျ ! ကြာရင် သေသွားနိုင်တဲ့ ကျွန်တော့ အခြေအနေ ကြောင့် ကော်ထမင်း ဘူးနဲ့ စကားပြော အထိုင် စက် လုပ်ထားတဲ့ စက်နဲ့ ပတ်ဝန်း ကျင်က လှေတွေ ကိုစုံစမ်းတယ် ။ ပထမ တ စီး နဲ့ လိုင်းချိတ်မိပေမဲ့ ထိုင်းလှေ ဖြစ်နေတယ် ။ ထိုင်း စကား တတ်တဲ့ မွန်တွေ ပါတော့ ပြောရင်း စုံစမ်းရင်းကနေ ကျဆိပ် ပြန်မဲ့ လှေနဲ့ ဆက်ချိတ်မိတယ် ။ ကျွန်တော့ ပြန်ထည့်ဖို့ လှေချင်း ကပ်တော့ နီးနီးကပ်လို့ မရပြန်ဘူး ။ လှိုင်း က အသင့်အတင့် ရှိနေသေးတော့ လှေ ကိုယ်ထည် ချင်း ရိုက်မှာ ကြောက်ရသေးတားကို ။ ဒါနဲ့ ဟိုဘက် ဒီဘက် ခပ်လှမ်းလှမ်း ကနေ ကြိုးလုံးကြီး တန်းတယ် ။ ကျွန်တော့ ကို အားရှိလား ဟိုဘက်ဒီဘက် ကူးနိုင် ပါ့မလား မေးတယ် ။ ကျွန်တော်လည်း ပြန်ချင်တာပဲ သိတော့ ရတယ် ကူးမယ် ဆိုပြီး ကြိုးကိုင်ကူးသွားတယ် ။ လှေ နှစ်စီး အလယ် မရောက်တယောက် မှာ ပင့်ပြီးပြန်ကျလာတဲ့ လှိုင်းလုံးကြီး ကြောင့် လှေနှစ်စီး က ပိုဝေးသွားပြီး ကြိုးတန်း ကလည်း ဒန်ကနဲ တောင့်သွားတော့ ကျွန်တော် — လွင့်ထွက်သွားတယ် ။ ပင်လယ်ထဲ ကို ပလုံ ကနဲပေါ့ ။ ငန်ပုပ်နေတဲ့ ပင်လယ်ရေတွေ အာခေါင်ကို ဖြတ်ပြီး ဝမ်းခေါင်းထဲ ဝင်သွားတယ် ။ အစာ မရှိ တဲ့ အစာအိမ် ထဲ ဝင်သွားတာပေါ့ဗျာ ! ရေအောက် က ငါးသေး ငါးမွှားတွေ ကိုယ်ကလည်း အလင်းရောင်တွေ ထွက်နေတယ်ဗျ ! လှေ နှစ်စီးနဲ့လည်း လှိုင်းလုံးတွေကြောင့် တဖြည်းဖြည်းဝေးလာတယ် ။ လှိုင်းဒဏ်တွေ မိထားတာရယ် ထမင်း ( ၆ ) နပ်လောက် မစားခဲ့ရတာရယ် လှိုင်းတွေကြားမှာ ရေကူး နေရတာရယ်ကြောင့် ခြေကုန် လက်ပန်း ကျလာတယ် ။ ကျွန်တော် စီးလာတဲ့ လှေပေါ်ကနေ အော်လန် သေးနဲ့ တယောက် တလဲ ကျွန်တော့ နာမည် အော်ခေါ်နေတာ ကြားတချက် မကြားတချက် ။ သူတို့ လက်လျှော. သွားရင် ကျွန်တော် ပင်လယ်အောက်မှာ ထာဝရ နေရတော့မှာ ! ကျွန်တော်ဒီမှာ ! ကျွန်တော်ဒီမှာ ! နဲ့ သူတို့ မကြားနိုင်မှန်း သိပေမဲ့ ပြန်အော်တယ် ။ ငါမသေရဘူး ! ငါမသေရဘူး ! နဲ့ လည်း ပါးစပ်က အရူးတယောက်လို တတွတ်တွတ် ရွတ်ပြီးကူးတယ် ။ အဲဒီမှာ တချက် ကျွန်တော်သေနေ့ မရောက်သေးတဲ့ အကြောင်းပေါ်လာတယ် ။ တလှေလုံး က ကျွန်တော့ကို ချစ်ခင်နေကြတာလည်းပါတယ် ။ဒါကြောင့် သူတို့ စိတ်ရှည်ရှည် နဲ့ ရှာတယ် ။  အချိန် နည်းနည်း ကြာသွားတဲ့ အချိန်မှာ ကျွန်တော်စီးလာတဲ့လှေကော အကြုံလိုက်မဲ့ လှေပါ ခပ်ဝေးဝေး ရောက်နေတာကနေ ကျွန်တော့ဆီ ဦးတည်လာတယ် ။ သူတို့ ကျွန်တော့ကိုယ် မြင်လို့ တွေ.လို့ မဟုတ်ဘူး ။ အမှန်းနဲ့ ရမ်းဆ ဦးတည်လိုက်တာ လို့ပြောတယ် ။ အဲဒီမှာ မဖြစ် စလောက်မီးရောင်လေး နဲ့ ထိုးရှာနေတဲ့ အလင်း က ကျွန်တော့ဘက် တချက်တချက်ဝေ့လာလို့ အားတက်သွားတယ် ။ ကျွန်တော့ စိတ်ထင် အဲဒီမီးရောင် ဝေ့ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက် အကြာမှာ သူတို့ ကျွန်တော့ကို တွေသွားတယ် ။ ကျွန်တော့ အသက် သခင်တွေထဲက ကိုကုလားပု ( မွန်-ဗမာ ) တစ်ယောက် ရေထဲ ဒိုက်ဗင် ထိုးဆင်းလာပြီး ကျွန်တော့ဆီ ရောက်လာတယ် ။ အားကုန်နေပြီ ဖြစ်တဲ့ကျွန်တော်  — သူ့ကိုတွေတွေ.ချင်း ခြေထောက်နှစ်ချောင်းနဲ့ သူ့ခါးကို ဖြတ်ချိတ်ပြီး သူ့လည်ပင်းကိုဖက်လိုက်တယ် ။ အဲဒီမှာ ကျွန်တော့ ပါးချိပ် ကို ကိုကုလားပု က လက်သီး ပြင်းပြင်း တစ်လုံး ကျွေးထဲ့လိုက်တယ် ။ သူဘယ်လိုမှ ကူး လို့ မရတော့ပဲ ကျွန်တော် က သူ့ကိုပါ ရေထဲဆွဲနှစ်သလို ဖြစ်သွားလို့လေ ! ကျွန်တော် မေ့သွားတယ် ။ သတိ ပြန်ရလာတဲ့ အချိန်မှာတော့ အပြန်ခရီး အကြုံလိုက်တဲ့ စက်လှေပေါ်ရောက်နေပြီ ! အဲဒီ လှေပေါ်က ထားဝယ်သားတွေ ပြောတဲ့ မန်းအိုး တို့ ကလော့ ကလန်တို့ ဆိုတဲ့ သူတို့စကားပြောပုံလေးတွေ ခုထိမှတ်မိသေးတယ် ။ ထမင်း အိုး ဆူနေပြီ ယောင်းမနဲ့ မွှေလိုက် လို့ ဆိုတဲ့စကား ကို ထားဝယ် သားတွေလိုပြောရရင် ” မန်းအိုး အော့အန် ကလော့ကလန် နှောနူး ” တဲ့ !

 

ဖတ်ရှုအားပေးကြသူများအား ကျေးဇူးပါဗျား !
ရဲရင့်လှိုင်

 

45 comments

    • YE YINT HLAING

      September 4, 2012 at 2:13 pm

      ကျိုက်ခမီဘုရား မရောက်ခင် ကျောက်တိုင် လို့ခေါ်တဲ့နေရာကနေ ညာဘက် လမ်းအတိုင်း ဝင်သွားရင် ဆိပ်ကမ်း နဲ့ ပင်လယ်ငါးလှမ်းတဲ့စင်ကြီးတွေ အိမ်တွေ ရှိတယ်ဗျ ! ကျွန်တော့ ကျေးဇူးရှင် က အဲဒီနေရာမှာ နေတာ ။ ပင်လယ်ထဲမှာ ငယ်ငယ်ကတိုင် နေထိုင်လုပ်ကိုင်ခဲ့လို့ အသားအရောင် နည်းနည်းညိုသွားပြီး ဂင်တိုတိုမို့ ဒီနာမည်ပြောင်ခေါ်ကြရင်းက တွင်သွားတာပါ ။ အဲဒီတုန်းကတိုင် စက်လှေအင်ဂျင်တွေပြင်တတ်သလို မောင်းလည်း မောင်းတတ်သူတစ်ယောက်ပါ ။

  • surmi

    September 4, 2012 at 1:13 pm

    အောင်မလေး သဲထိတ်ရင်ဖို
    ကောင်းတယ်ဗျာ ဒါမျိုးတွေကတွေ့ရခဲတယ်
    အတွေ ့အကြုံလေးတွေ အားရင်ဆက်ရေးပါဦး

    • YE YINT HLAING

      September 4, 2012 at 2:16 pm

      ဦးဆာမိ နဲ့ ကိုနာဂ ရေ ! ဖတ်ရှု အားပေးလို့ ကျေးကျေးပါဗျာ !

  • ကထူးဆန်း

    September 4, 2012 at 1:31 pm

    သေရွာပြန် ပါလား…
    ညဘက် ပင်လယ်ထဲ ကျလို့ကတော့ တော်ရုံပြန်ရှာဖို့ဆိုတာ မလွယ်ဘူး ထင်ပါ့ ..

    • YE YINT HLAING

      September 4, 2012 at 2:28 pm

      ကိုထူးဆန်း ရေ ! ဧရာဝတီမြစ်လောက် ဇက်နဲ့ စက်လှေနဲ့ ဖြတ်ကူးဘူးတဲ့ကျွန်တော်က တကဲ့ ပင်လယ် ထဲကို လှိုင်းလေရှိတဲ့ အချိန် မျိုးမှာ ရောက်သွားတာ ! ခေတ်မှီ ကိရိယာ ဆိုတာလည်း ဘာတခုမှ ပါဘူးဗျ ! ပြီးတော့ ညဘက်ဆိုတော့ကာ လှေနဲ့ခပ်ဝေးရောက်သွားတဲ့ အချိန် မျှော်လင့်ချက်မဲ့သွားတယ် ! ဒါပေမဲ့ သေမင်းက ရုပ်ဆိုးလို့ ခေါ်သေးဝူးတဲ့ !

  • pooch

    September 4, 2012 at 1:51 pm

    သေနေမစေ့သေးတဲ့အခါ ဘယ်လောက်ကြမ်းတမ်းတဲ့ ခက်ခဲတဲ့ အချိန်တွေ ကြုံရပါစေ ကြံဖန်ပြီး လွတ်လေ့ရှိတယ်။
    ဟိုး အရင် က စစ်ပြန်တွေ ရေးလေ့ရှိတဲ့စာအုပ်တွေထဲမှာဆိုရင်လည်း သေချင်တဲ့သူများဆို ကြံဖန်ပြီး သေတတ်လို့ မိုင်းတွေမှာ ကိုယ်ပိုင်နံပါတ်ရှိတယ် လို့တောင် ပြောကြတယ်။

    ကိုယ်တိုင်လည်း motion sick ရှိတာမို့ ဘာစီးစီး မူးလေ့ရှိတယ်။ ဒါေပေမဲ့ ခရီးကတော့ ပုံမှန်သွားတာပဲ ။ ဒီလောက်နဲ့တော့ အရှုံးမပေးဘူး။

    • YE YINT HLAING

      September 4, 2012 at 2:40 pm

      မပု ( ရှ ) ရေ ကြယ်ငါးပွင့် သင်းဘောတွေလို ပင်လယ်ကူးသင်းဘောတွေလိုဟုတ်ဘူးဗျ ! ဂီယာ နှစ်ချက်ပဲတပ်ထားတဲ့ စက်လှေပါ ! လှိုင်းလူး လှေလူးနဲ့ အသက် အန်ဒရယ် ( အန်သမင် မဟုတ်ပါ – ရွဲစည် ကြောက်လို့ ) လုံခြုံမှုက တစ်ရာပုံ တစ်ပုံ လောက်ကွာတယ်ဗျ ! ဘယ်အရာမျိုးမှလွယ်လွယ် အရှုံးမပေးတတ်မှန်း မပု ( ရှ ) စာတွေဖတ်ပြီး စိတ်ကိုတော့ မှန်းလို့ရနေပါတယ်ဗျ !

  • may flowers

    September 4, 2012 at 2:18 pm

    သဲထိတ်ရင်ဖို ဖြစ်ရပ်မှန်ပါလား ကိုရဲရင့်လှိုင်ရေ တစ်ခါတစ်ခါမှာ အပြင်ကတကယ့်ဖြစ်ရပ်မှန်တွေက

    စိတ်ကူယဉ်ဇာတ်လမ်းတွေထက်တောင် ဆန်းကြယ်တတ်ကြတယ်နော်..။

    အော်…ဒါနဲ့..ကျွန်မလည်း မွန်+ ဗမာပဲနော်…။

  • YE YINT HLAING

    September 4, 2012 at 3:08 pm

    ကျဆိပ် ရောက်တော့ ကျွန်တော်စီးလာတဲ့ လှေက လှေသားတွေက ကျွန်တော့ အကြောင်းကိုပြောကြရင်း နီးစပ်ရာလူတွေ သိပြီး တချို့ပြုံးကြတယ် ။ တချို့က အညာသား ပင်လယ်ဘာမှတ်နေလဲ တစ်ခါမှမလိုက်ဘူးပဲ မိုးတွင်းကြီး လိုက်သွားတယ်တဲ့ ! အဲဒီ ပတ်ဝန်းကျင်က ကောင်မလေး ချောချောလေးတွေနဲ့ တွေ.ရင် ချက်တယ် ! ကယ်ပါယူပါ ပုံစံ ကိုယ်ကဖြစ်ခဲ့တာကိုး ! မြန်မာတိုင်းရင်းသားတွေထဲမှာ နာဂတို့ ဆလုံတို့ လောက်ပဲ အပြင်မှာ မဆုံဘူးတာ ။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ အကုန်နီးပါးလောက်ဆုံဘူးတယ် ။ အဲဒီကနေပြန်တော့ ဘားအံ ဘက် ကနေ ထုံးအိုင်ရွာ ကို ရောက်တော့ မွန်တွေ ကရင်တွေနဲ့ ဆက်ပြီးရင်းနှီးလာတာပေါ့ ။ မွန်မလေး တွေ က များသောအားဖြင့် ဖော်ရွေခင်မင်ကြပြီး ယဉ်ယဉ်လေးတွေနဲ့ တစ်ယောက်တမျိုးဆီ လှကြတာကလား ! ကျွန်တော် ကတော့ ကျစ်ပိန်း ဆိုလား ကျစ်ပဲ ဆိုလား ပါတဲ့ စကားတစ်ခွန်းကို မှတ်ထားတယ် ။ ရောက်လေရာ မွန်အိမ်တွေမှာ အဲဒီစကားက ထမင်း စားပါဦး ! လို့ ပြောတဲ့စကားလေ ! ဟုတ်တယ်မလား !

  • may flowers

    September 4, 2012 at 3:17 pm

    ကိုရဲရင့်လှိုင်ကတော်လိုက်တာနော် ပင်လယ်ထဲကျခဲ့ပေမဲ့ အပြန်မှာမွန်စကားလေး တစ်ခွန်းတောင်

    တတ်အောင်သင်လာသေးတယ်…တိုင်းရင်းသားတွေရိုးသားကြတာကတော့အမှန်ပါပဲ ကိုရဲရင့်သိန်းရေ။

  • may flowers

    September 4, 2012 at 3:18 pm

    ဆောရီး ရဲရင့်သိန်းလို့မှားရေးလိုက်မိပြန်ပီ….စိတ်မဆိုးနဲ့နော်…….တမင်လုပ်တာဟုတ်ဖူး။

  • YE YINT HLAING

    September 4, 2012 at 3:53 pm

    ရပါတယ်ဗျာ ! ခုလို ကျွန်တော့ Reply ကို Response လေး ပြန်လုပ်ပေးတာကို ကျေးဇူးတင်လှပါပြီ ! ရဲရင့်သိန်း ဆိုတဲ့ နာမည် လည်းကောင်းပါတယ်ဗျ ! ရဲရဲရင့်ရင့် နဲ့ သိန်းချီမဲ့ငွေတွေ ပိုင်ဆိုင်လာမဲ့ သဘောပေါ့ဗျာ ! နော —– ဟဲဟဲ !

  • မွန်မွန်

    September 4, 2012 at 3:56 pm

    မနက်ကတည်းက ဖတ်ပြီး မမန့်ဖြစ်လိုက်တာ..
    ကျွန်မတော့ မျက်လုံးထဲမယ် တိုင်တန်းနစ်ကို မြင်လာပါရောရှင်…

    • YE YINT HLAING

      September 4, 2012 at 4:09 pm

      တိုက်တန်းနစ်ဆိုလို့ သတိရ သွားတယ် ။ ပထဆုံး ကျွန်တော်ကြည့်တဲ့ ရက်က စာမေးပွဲ ဒုတိယ ဘာသာ ဖြေမဲ့ညကြီး ! ကြေငြာတဲ့သူက မကြည့်ချင်ရင်တောင် ကြည့်ချင်လာအောင် စွဲဆောင်ကြေငြာနိုင်တော့ အမေ လစ်တာနဲ့ စာကျက်နေရင်း ကနေ သွားကြည့်တယ် ။ အပြန်လည်း ရောက်ရော မားသားကြီး က အိမ်လှေကား ထိပ်ကနေ စောင့်ပြီး ဆူလိုက်တာဗျာ ! မကြီး မငယ် နဲ့ တစ်ချက်လည်း အတီး ခံလိုက်ရသေးတယ် ။

  • ရဲစည်

    September 4, 2012 at 3:56 pm

    ဖတ်သွားတယ်ဗျို့
    သည်းထိတ်ရင်ဖိုပါဘဲ
    ဧကန်န ခင်ဗျား စက်လှေကြီးက 4 Series ကြီးလားဗျ

    ခွစ် ခွစ် ….

  • YE YINT HLAING

    September 4, 2012 at 4:21 pm

    “ဧကန်န ခင်ဗျား စက်လှေကြီးက 4 Series ကြီးလားဗျ”
    ကိုရဲစည် ပြောလိုက်ရင် တစ်ခါတည်းနဲ့ နားလည်ဝူးဗျို့ ! လင်းပါဦးဗျ အဲဒါလေး!

    • ရဲစည်

      September 4, 2012 at 5:56 pm

      ရေတပ်က သင်္ဘောတွေ ၁ဝစီးလောက်ပဲ ရှိတာကို လူရှိန်အောင် 441 / 442 /444/ 447 အစသဖြင့်ရေးတတ်တာ မြိတ်မှာ မြင်ဖူးတာကိုး … နောက်ပိုင်း တရုတ်သဘောင်္တွေကလဲ အရေးရယ် အကြောင်းရယ်ဆို EX-300/500/700 အင်ဂျင်တပ်ထားတဲ့ စက်လှေတွေတောင် အမှီမလိုက်နိူင်ကြဘူးရယ်။ ဆီမရှိရတာနဲ့ ဂျင်နရေတာ အလုပ်မလုပ်လို့ ဆလိုက်မီး ထွန်းမရတာတို့ အမြဲဖြစ်နေကျ။ ကျနော်တို့ မြိတ်(မိုးရေခံကျွန်းနား)မှာ မုန်တိုင်းမိတော့( စီးလာတာက ဥပေါသထတဲ့ ရန်ကုန်-မြိတ် သဘောင်္) ရေတပ်သဘောင်္တွေ့လို့ အကူအညီတောင်းပါတယ် သူတို့ကလဲ အင်ဂျင် ၂လုံးလုံး နိူးမရလို့ ကျနော်တို့ကို ပြန်အကူညီတောင်းတာတဲ့ ဟိဟိ ..။

      အဲ့ အဖြစ်အပျက်လေး ပြန်တွေးမိလို့ ကိုယ့်ဆြာစာ ဖတ်ရင်း နောက်ပီး မန့်တာဗျို့ …. ခွစ်..ခွစ်။

      • Foreign Resident

        September 4, 2012 at 6:14 pm

        ” ရေတပ်က သင်္ဘောတွေ ၁ဝစီးလောက်ပဲ ရှိတာကို လူရှိန်အောင် 441 / 442 /444/ 447 ”

        အဲဒီ ရှေ့ဆုံးက 4 ဆိုတဲ့ ဂဏန်းဟာ သင်္ဘော အမျိုးအစားကို ကိုယ်စားပြုတာပါ ။
        လူရှိန်အောင် ပေးထားတဲ့ ဂဏန်းတွေတော့ မဟုတ်ပါဘူးကွယ် ။
        ဥပမာ – 441, 442, 443 သင်္ဘောတွေဟာ တစ်ပုံစံထဲပါ ။

        အမှန်တော့ သူတို့ Engine ၂ လုံးလုံး ကောင်းရင် ၊
        သူတို့ စက်လှေတွေကို အမှီလိုက်နိုင်ပါတယ် ။
        ဒါပေမယ့် တိုင်းပြည်က ဆင်းရဲတော့ ၊
        သင်္ဘောရဲ့ အချိန်မှန် Runner Hour နှင့် လဲရတဲ့ ၊
        ပစ္စည်းတွေကို မလဲနိုင်တော့တဲ့အခါမှာ ၊
        သင်္ဘောလဲ ဂျုန်းဂျုန်းကျ သွားတော့တာပါပဲ ။

        • Foreign Resident

          September 4, 2012 at 6:19 pm

          Sorry, Running Hour. 😛

      • YE YINT HLAING

        September 6, 2012 at 4:05 pm

        ရွာက တရက် ပျောက်သွားတယ် ။ ပြီးတော့ တရက် ပြန်ပေါ်လာတယ် ။ ပြီးတော့ ပြန်ပျောက်သွားပြန်ရော ! ဟောအခု ပြန်ပေါ်လာပြန်ပြီ ! ဝ မီနားလည်တော့ဘူး ! ခုလို Reply ပြန်လုပ်ပေးတဲ့ ကိုရဲစည် နဲ့ ပိုမိုနားလည်အောင် ရှင်းပြသွားတဲ့ အဘဖောကို ကျေးကျေးပါ ခင်ဗျား !

  • အင်း .. ဖတ်ပြီး ဘာပြောရမလဲဆိုတော့ ..
    အင်း .. အင်း ..
    ဖတ်လို့ ကောင်းတယ်ဗျာ …
    အားပေးသွားပါတယ်ဗျာ လို့ပဲ ပြောပါရစေ ကိုရဲရင့်ရေ ..

  • YE YINT HLAING

    September 4, 2012 at 4:25 pm

    အားပေးသွားတဲ့ အတွက် ကျေးကျေးပါ ဂဂျာဆရာ ကိုဟိုဒင်းရေ !

  • moonpoem

    September 4, 2012 at 4:35 pm

    ဖတ်ရတာ သဲထိတ်ရင်ဖို စရာပါပဲ။ တိုင်တန်းနစ်ဇာတ်လမ်းနဲ ့ခပ်ဆင်ဆင်ပေမယ့် ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကို ကယ်မယ့်လူတွေ ရောက်လာတာပေါ့နော်။ 🙂

    • YE YINT HLAING

      September 4, 2012 at 4:42 pm

      ဟဲဟဲ —– ဘဝ ဆိုတာ ပြဇတ် တပုဒ် မဟုတ်သလို ခင်ဗျားတို့ ကျွန်တော် တို့ ကလည်း ဇတ်လိုက် မဟုတ်ပါဘူးလို့ စာရေးဆရာ မင်းခိုက်စိုးစန် ကပြောသဗျ ! စာရေးဆရာ ရေ ! ဒီမှာ မလကဗျာ က အနော့ ကို မင်းတား လို့ ကျောနေပီဗျ !

  • Hnin Hnin

    September 4, 2012 at 6:19 pm

    ‘ ရဲရင့်သိန်း ‘ ဆိုတာ မမကြီးရဲ့အမျိုးသား (တစ်ဝမ်းကွဲအစ်မ)။ သူ့ကျတော့ နာမည်နဲ့ပြောင်းပြန်။
    ကိုယ့်ထက်ဆိုးတယ်။ လူတွေ့ရင် အမျိုးတောင် အခန်းထဲပဲအောင်းနေပြီး ထွက်လာစကားမပြောလို့ အဲဒီအစ်ကိုကို လူကြီးများအလွန်ချစ်ပါတယ်။ ပြီးတော့ သူ့စတိုင်က ကုပ်ကုပ်၊ကုပ်ကုပ်နဲ့။ ဒါကြောင့် မမကြီးရဲ့ ဦးလေးများက သူ့ကိုချစ်စနိုးနဲ့(ကြည့်မရလို့) ဒီကောင် ညွှန်မှူးသာလုပ်နေတယ် လူကြီးလည်း ထွက်လာပြီးစကားပြောရမှန်းမသိဘူး။ နာမည်က ‘ ရဲရင့်သိန်း ‘ ။ ဘာမှမဆိုင်ဘူး။ ‘ကြောက်ချီးသိန်း’ လို့
    မှည့်ရမယ်တဲ့..း)..။ အဲတော့ ‘ ရဲရင့်သိန်း’ နာမည် လိုချင်သေးပါလားရှင်။

    ဇာတ်လမ်းကတော့ တကယ်ပဲဖတ်ကောင်းပါတယ်။ thumbs up! ကိုယ်တိုင်လည်း ရေနစ်ခဲ့ဖူးသူမို့ ခံစားသွားပါတယ်။ ရေမကူးတတ်ဘဲနဲ့ ရေငုပ်ခဲ့မိလို့ ကြောက်စိတ်ဝင်ခဲ့တာလည်း သွားသတိရမိတယ်။
    ရေးချင်စိတ်ပေါ်လာလို့ ရေငုပ်တဲ့အကြောင်း အတိုဆုံးချုံ့ပြီး အရှည်ကြီး ရေးပါရစေနော်။
    – ရေနစ်ခဲ့ပေမယ့် မမှတ်သေးပါဘူး။ မြိတ်ပုလဲကျွန်းမှာ ညွှန်ချုပ်ကြီးကို လောင်းကြေး တိုးတိုးတောင်းပြီး Challenging လုပ်ထားကြတဲ့ပိုက်ဆံ ၃သောင်း၅ထောင် မက်ပြီး ရေလုံးဝမကူးတတ်ဘဲနဲ့ ရေထဲဆင်းပြီး ငုပ်ခဲ့ပါတယ်(သိပ်တော့အထင်မကြီးပါနဲ့၊ ဘေးကလူနှစ်ယောက် အကူပါပြီး ကြိုးတန်းအတိုင်းဆွဲဆင်းငုပ်
    ရေအနက် ပေ ၂ဝ seabedကို ခြေထောက်နဲ့ထိရင်ရပြီဆိုလို့ပါ)။ ရေကူးတတ်တဲ့သူပဲ ငုပ်ရမယ်လို့
    ပြောတော့ မကူးတတ်တာက ၁၄ ယောက်မှာ ၂ယောက်ပဲ(သိက္ခာကျမှာစိုးလို့ ကူးတတ်ချင်ယောင်ဆောင်
    နေကြတာလားတော့မသိပါဘူး)။ အဲဒီတစ်ယောက်က အရင်ကတော့ ကူးတတ်တယ်၊ခုမကူးတတ်ဘူးတဲ့
    ပြောပေမယ့် သူ့ကျတော့ ပေးငုပ်လိုက်တယ်။ ကိုယ်ကလည်း သူ့အားကျမခံပေါ့။ကိုယ်က ပိုက်ဆံလည်း လိုချင်၊ဖေဖေ့ ရေငုပ်ဓာတ်ပုံတွေကြည့်ပြီးတော့လည်းအားကျနေ၊ အတွေ့အကြုံလည်းရချင်တော့ ငုပ်ချင်တယ်။ ရွံတတ်တဲ့စိတ်ကိုလည်း မျိုချထားခဲ့ရတယ်။ fibre boat ပေါ်က ဌာနကလူကို ဘေးကနေ ငုပ်ချင်တာ၊အကူတွေလည်းပါတာပဲ၊ပေးမငုပ်ဘူးလို့ပွစိ၊ညည်းပြောလေးပြောလိုက်လို့ သနားသွားတယ်နဲ့
    တူတယ်။ ငုပ်ပါတဲ့ ခွင့်ပုလိုက်တယ်။ နောက်ဆုံး ၁၁ ယောက်မြောက်ပဲ ငုပ်ခွင့်ရခဲ့တာ။ မှတ်မှတ်ရရ scuba mask က regulator ကို ပါးစပ်ထဲထည့်တော့အာပုပ်စော်အတော်နံတယ် း)..။အီလည်လည်ကြီးနဲ့။
    ရေကူးတတ်တဲ့သူတိုင်းလည်း မငုပ်ကြပါဘူး။ ရေကူးတတ်တဲ့သူတိုင်းလည်း တခါထဲနဲ့ seabed မထိဘဲ သူငယ်ချင်း ၂ယောက်က ၂ခါပြန်ငုပ်ရတယ်။တခါပဲငုပ်ပြီး ချက်ချင်းပြန်တက်အထမမြောက်တဲ့သူတွေ
    လည်း ရှိတယ်။ ၁၁ယောက် ငုပ်တာ ရယောက်လား၊၈ယောက်လား အဲဒါပဲ အထမြောက်တယ်။
    ရေအောက်အသက်ရှုနည်းတွေ သင်ပေးပေမယ့် ခုမှငုပ်ရတာဆိုတော့ အတွေ့အကြုံမရှိတော့ အသက်မရှုတတ်လို့ရယ်၊နားတွေကိုက်လို့ဆိုပြီး လမ်းတစ်ဝက်နဲ့ပြန်တက်လာကြတာ။ ပါးစပ်က ရှုရတာဆိုတော့ မလွယ်ပါဘူး။ life vest နဲ့ပေမယ့် ရေထဲဆင်းလိုက်တော့ သူများလိုလည်းမဟုတ်ဘူး။
    ခြေထောက်နှစ်ချောင်းက fibre boat မှာအရှည်လိုက်ကြီး သူ့အလိုလိုသွားကပ်နေတယ်။ ရယ်ရမလို၊ငိုရမလို။ ရေထဲမှာကိုယ့်သဘောနဲ့ကိုယ် ကြောက်စိတ်ဝင်မိတာ ပထမဆုံးပါပဲ။ ဖေဖေကတော့ သမီးရေမကူးတတ်လို့ အဲဒီလိုဖြစ်တာတဲ့။ ရေထဲကြောက်သလိုလိုနဲ့ ငုပ်ပြီးဆင်းရတာ နားကိုက်တာတော့ နည်းနည်းပါပဲ။ seabed ကို ဘေးနားကအကူတစ်ယောက်က မထင်မှတ်ဘဲ ခြေထောက်ကိုလှမ်းဆွဲပြီး ထိပေးလိုက်လို့ထိပြီးတာနဲ့အသက်ရှုရခက်လာလို့(ထိပြီးတော့မှနော်..ပိုက်ဆံရပြီဆိုမှ..အစောက သည်းခံထားတာ..) ဘေးနားကပင်လယ်ကြမ်းပြင်နဲ့ရေသတ္တဝါအလှလေးတွေကိုတောင် သေချာမကြည့်လိုက်ရပါဘူး။ မြန်မြန်ချက်ချင်းပြန်တက်လာခဲ့တယ်။ တခါထဲပဲ ငုပ်လိုက်ရတယ်။ သူငယ်ချင်းတွေက ဘာမြင်လဲ၊ပင်လယ်ကြမ်းပြင်က အရမ်းကြည်တယ်၊ငါးလေးတွေလှတယ်မဟုတ်လားတဲ့။ ရေတွေကလည်း မှုန်နေတယ်၊ဘာမှမမြင်လိုက်ဘူးဆိုတော့ ဟာဒယရွှင်ဆေးများ တိုက်ကျွေးမိသလားမသိ ဌာနကဟိုလူကြီး
    ပါ အားလုံးဝိုင်းရယ်ကြတယ်..ဟွန်း..သိသိကြီးနဲ့။ ညဘက် မီးပုံပွဲနဲ့ ပါတီပေးတော့ အောင်မြင်စွာရေငုပ်နိုင်
    သူများကို ၃၅၀၀ဝ စီ ဆုချပါတယ်။ သူငယ်ချင်းများတိုင်ပင်ပြီး ဘေးအကူလူနှစ်ယောက်ကို တစ်ယောက် ၅၀၀ဝစီ ၁၀၀၀ဝစီ ဆုရတဲ့သူတိုင်းက ပြန်ပေးခဲ့ပါတယ်။ ကျန် ၂၅၀၀ဝကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း
    မေမေ့အတွက် ကျိုက်ထီးရိုးဘုရားမှာ မီးဆလိုက်လှူခဲ့ပါတယ်။ ပြီးတော့ ညွှန်ချုပ်ကြီးက ချီးမြှင့်တဲ့ လှတပတ ခဲသားရောင် ပုလဲနားကပ်လုံးလုံးကြီးလည်း ဆုရခဲ့ပါတယ်။ အဲဒီမြိတ်ပုလဲကျွန်း လေ့လာရေး
    ခရီးစဉ်ကပထမဆုံးနဲ့ နောက်ဆုံးလို့ အဲဒီကတည်းက ပြောပါတယ်။သင်တန်းထပ်ဖွင့်၊ထပ်ပို့ပေး၊မပေး
    တော့မသိပါဘူးရှင်။ဆရာများနဲ့လည်း အဆက်အသွယ်မရှိတော့လို့ပါ။ ဒီလူအုပ်နဲ့ ချက်ပြုတ်၊ကျွေးမွေးတဲ့
    သူတွေက မြင်နေရတာ မလွယ်ပါဘူး။ ညဘက် စားရင်၊ကောင်လေးများ သောက်ရင် သောက်သလောက် ကတ်လိုက်free၊ ဝန်ဆောင်မှုကလည်း အပြည့်ပါ။ အခုထိ တွေးမိရင် အားလုံးကိုကျေးဇူးတင်နေတုန်းပါပဲ။
    ၂၀၀၆ ပုလဲသင်တန်းကတော့ တက်ဖူးသမျှသင်တန်းထဲမှာတော့ အပျော်ဆုံးနဲ့ဗဟုသုတအရဆုံးပါပဲ။
    ကျေးဇူးတင်ပါတယ်ရှင့်။

    • YE YINT HLAING

      September 6, 2012 at 4:16 pm

      ကိုယ်တိုင် ရေငုပ် ဘူးတဲ့ အကြောင်းလေးကို စာဖတ်သူတွေ မျက်လုံးထဲမြင်လာအောင် စိတ်ရှည် လက်ရှည် ရေးပြီး မန့်ပေးသွားတဲ့ အတွက် ကျေးကျေးပါ မနှင်းနှင်း ရေ !

    • အရီးခင်

      September 3, 2013 at 5:15 am

      တစ်ချိန်က ဒီလို မှတ်ချက်လေး တွေ အရေးကောင်း ခဲ့တဲ့ မိန်းကလေး ကို အပိုင်သိမ်း သွားတဲ့ အဲ့ လူကြီး ကို တုတ် နဲ့ ထိုးချင်တယ်။
      တုတ် နဲ့ အထိုးမခံချင်ရင် ပြန်ခေါ်ပေး။ 😉

      • ဦးကျောက်ခဲ

        September 3, 2013 at 8:29 am

        အရီးရယ်… အာဝါဟဝိဝါဟ ခမျာလေးမှာ မအားရှာလို့ပါ…
        နောက်ပြီး မောင်ကျောက်က မျက်နှာပြောင်နေတာကို…
        ရှက်တော်မူရှာသတဲ့လေ… အား ဟိ
        တုတ်နဲ့တော့မထိုးပါနဲ့ ဝက်သားတုတ်ထိုးလုပ်ကျွေးပါ့မယ်…
        😀

      • Hnin Hnin

        September 3, 2013 at 9:55 am

        အရီးရယ်..မှတ်ချက်လေးတွေပေးချင်ပေမယ့် အဲ့လူကြီးကို ရှိန်နေတာနဲ့ပဲ အရင်လို မန့်ရဲတော့ဘူး။
        မန့်တုံးရင်းကနေ မန့်ပုန်း လိုဖြစ်နေတော့တာ။
        စိတ်ထဲရှိတိုင်း မန့်ခဲ့တဲ့ ဟိုစဉ်အချိန်တွေကို တမ်းတမက်မောမိပါတယ်။

        ချစ်ခင်သတိရလျှက်
        နှင်းနှင်း

  • အရီးခင်လတ်

    September 4, 2012 at 7:11 pm

    အောင်မယ်လေးလေးလေး။ မောင်ရဲ ရယ်။
    ရုပ်ရှင်တွေ ထဲကလို တွေ အပြင်မှာ ကိုယ်တွေ့ကြုံ သွားတာပေါ့။
    သေကံမရောက် သက်မပျောက် ဆိုတာမျိုးဘဲ။

    မင်းရေးထားတာ အသက်ပါလွန်းလို့ ကိုယ်တောင် ရေထဲ ရောက်သွားသလို။
    သဘော အတွေ့ဆုံးကတော့ “ကိုကုလားပု က လက်သီး ပြင်းပြင်း တစ်လုံး ကျွေးထဲ့လိုက်တယ်” ဆိုတာဘဲ။
    အဲဒါအမှန်ဘဲ ရေနစ်တဲ့သူ ကို ကယ်ဖို့ သူ့ကို အရင်သတိမေ့အောင် လုပ်ရသတဲ့။
    မဟုတ်ရင် သူက သွေးyရူးသွေးတန်း နဲ့ ကယ်သူ ကိုပါ ကူးလို့ မရအောင် ဆွဲတော့တာကိုး။

    ဒီတော့ တစ်ခါတစ်ခါ ကိုယ့်ကို လက်သီးစာ ကျွေး လိုက်သူဟာလဲ ကိုယ့်ကို အသက်ကယ်ဖို့ သူ ဖြစ်နေတာဘဲ။
    Post လေးအတွက် ကျေးဇူး ပါ မောင်ရဲ ရေ့။ 🙂

    • YE YINT HLAING

      September 6, 2012 at 4:30 pm

      ဒီ ပို့ ( စ ) ရေးရင်း က နေ ကျွန်တော် ကိုကုလား ပု နဲ့ ကျန်တဲ့ ကျွန်တော့ အသက်ကယ်ခဲ့တဲ့သူတွေကို ေ.ရှနှစ် ထဲလောက် သွားတွေ.ဦးမယ်လို့ တွေးထားပါတယ် ။ သူတို့ကို သွားတွေ.ရင်း ကျိုက်ခမီ ဘုရားကြီးလည်း ဖူးလို့ရတယ် စက်စဲ ကမ်းခြေလည်း ဝင်လို့ရတယ် ။ အကယ်၍ အရင်ကလို ပင်လယ်ထဲ ထွက်နေရင်တော့ မတွေ.ရ နိုင်ဘူးပေါ့လေ ။ ကွန်မန့်လေး အတွက် ကျေးကျေးပါ အရီးလတ် ခင်ဗျာ !

  • pyopyo may

    September 4, 2012 at 7:52 pm

    ဖတ်ရတာ အူတုန်သဲတုန်ရှိလိုက်တာ ကိုရဲရင့်လှိုင် ရေ
    မသေကောင်း မပျောက်ကောင်းနော်
    ပင်လယ်ပြင် အတွေ့ အကြုံ လေးတွေ ရေးထားတာ
    ကြောက်စရာ ကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်
    အားပေးသွားတယ်နော်
    အတွေ့အကြုံ ကောင်းလေးတွေကို ဆက်ရေးပါအုံး

    • YE YINT HLAING

      September 6, 2012 at 4:58 pm

      ကျွန်တော့ ဝါသနာ ကြောင့် နေရာဒေသစုံ ရောက်ခဲ့သလို အတွေ.အကြုံ အဆိုး အကောင်း တွေလည်း အများကြီးပါပဲဗျာ ! တချို့ အတွေ. အကြုံ တွေ ကို တော့ ရေးရဲပါတယ် ။ တချို့ အတွေ. အကြုံ တွေကိုတော့ မရေးရဲသေးဘူးဗျ ! အဲဒီ အထဲ က ရေးလို့ ရမဲ့ အရာလေးတွေ ရေးသွားပါ့မယ် ။ ကွန်မန့် လေး အတွက် ကျေးကျေးပါဗျာ !

  • မောင်ပေ

    September 4, 2012 at 8:22 pm

    မေကလာ နဲ ့တွေ ့ခဲ့တဲ့ ကိုရဲရင့်လှိုင်ပေါ့ဗျာ 🙂

    • YE YINT HLAING

      September 6, 2012 at 5:01 pm

      ဟုတ်ပါဘူးဗျ ! ဇော်ပိုင် နဲ့ တွေတာပါ ! ရှဲရှဲ ကိုပေ !

  • nozomi

    September 6, 2012 at 5:05 pm

    ကိုရဲရင့်လှိုင် ဖတ်ကောင်းတယ် ဗျ
    တကယ့် အဖြစ်အပျက်ကို ရေးထားတော့ ဖတ်ရတာ အသက်ဝင်နေတယ်
    နောက်အတွေ့အကြုံတွေ ရေးပါဦး
    ကျွန်တော်ကတော့ ဧရာဝတီမြစ်ထဲ ပဲ့တောင် စီးတာတောင် လှိုင်းမှုးနေလို့ သင်္ဘောစီးရမှာတော့ ခပ်ကြောက်ကြောက်ရယ်

    ကိုရဲရင့်လှိုင် ပြောတဲ့
    ” ဒီနေ့ အထိ မှတ်မိတာကတော့ ပေါ့ဆိုက် နဲ့ စတားပေါ့ ဆိုက် အကြောင်းလေးပဲ ! ”
    ဆိုတာ ဖတ်မိတော့ ကြားဖူးတာလေး တစ်ခု သွားသတိရတယ်
    port နဲ့ starboard ပေါ့ port က ဘယ် ၊ starboard က ညာ ဘက်တဲ့
    ရှေးခေတ်က သဘောင်္များ ခရီးသွားရင် ဆိပ်ကမ်းရှိတဲ့ဘက် ကြယ်တွေ ရှိတဲ့ဘက် ကို ရည်ညွှန်းရင်းက ဖြစ်လာတဲ့ စကားလို့ ကြားဖူးတာပဲ ( ဟုတ် မဟုတ်တော့ မသိ ရွှီး ကြည့်တာ )
    ရွာထဲက သင်္ဘောသီးတွေ ရှင်းပြရင်တော့ ပို ပြည့်စုံမယ်

  • YE YINT HLAING

    September 7, 2012 at 5:05 am

    အဲဒီလိုဘယ်ညာ ခွဲတာတော့ ကျွန်တော် လည်းသေသေ ချာချာ မသိသေးဘူး ကိုနို ရေ ! ကွန်မန့် လေး အတွက် ကျေးကျေး ပါဗျာ ! ဒါနဲ့ Log In က တခါတလေမှ ဝင်လို့ရတယ်ဗျာ ! အရင် လို မရတော့ဘူးလား ? ကျွန်တော် တယောက်ထဲ လား ? အားလုံးလည်း အဲဒီပဲလား သိချင် လိုက်တာဗျာ !

    • kai

      September 7, 2012 at 5:10 am

      အားလုံးဖြစ်နေတာပါ..

      ကောင်းပါလေ့…
      အရင်က.. တရက် မန့်တာ.. အခု၃ရာလောက်…. ပို့စ် ၁ဝခုလောက်ဆိုတော့.. တရက် ၁ဝဒေါ်လာလောက် ထွက်နေတာ..
      အဲ.. ထွက်တယ် ယူဆနိုင်တာ..

      သာဓု.. အမျှ.. :mrgreen:

      • amatmin

        September 3, 2013 at 11:00 am

        ဂလိုမျိုး. ၁ဝ ဒေါ်လာနှုန်းနေ့တိုင်းထွက်နေတယ်..
        ညည်းထားခဲ့မိလို့..
        ကျုပ်တို့ရွာသူားဒွေ.ခုဆို..
        တရက် ၃ ပုဒ်နှုန်း.
        ကွန်မန့် ၁၀ဝ အောက်နဲ့ခရီးဆက်ပေးနေကြတာနေမှာ..။
        သဂျီး ဆုတောင်းပြည့်သကိုးး ။
        :kwi:

        • KZ

          September 3, 2013 at 11:11 am

          တဂျီး ပျောက်နေတာ မနေ့ကတည်းကပဲ။
          နာ တို့ကို မန်းဂဇက် တင်းဘောဂျီး နဲ့ တူတူ ဖစ်ချင်ရာဖစ် အဘန်ဒန် လုပ်တွားဘီလားမတိဘူးးးး
          :kwi:

        • Inz@ghi

          September 3, 2013 at 11:32 am

          သူပြောသွားတာတော့ တာကီလာတွေ သောက်နေတယ်ဆိုလား
          အသည်းခြောက်ပီး ပလပ်ကျွတ်သွားဘီထင့်..။
          ကတောက်စ် …။
          ကျော်နဲ့ နော်ရှီးရဲ့ မင်ဂလာအယက်လေးတောင် မသောက်သွားနိုင်ရှာဝူး…

        • ဦးကျောက်ခဲ

          September 3, 2013 at 11:45 am

          ရွာထဲမှာ စည်စည်ကားကား ဖြစ်နေတာ ကြည့်လှည့်ပါဦးသဂျီးရဲ့…
          ဟီး ဟီး အနီပေးဂိုဏ်းသားတွေနဲ့လို့ ပြောတာ…
          😀

        • Mr. MarGa

          September 3, 2013 at 11:51 am

          ဒီသဂျီး ရွာထဲက သရဲအကြောင်းတွေ ဖတ်မိပြီး ကြောက်သွားတာလားတော့ မသိ :mrgreen:

  • YE YINT HLAING

    September 7, 2012 at 7:14 am

    သာဓု.. အမျှ… ဆိုတော့ ကောင်းလေစွ ယူကြပါပေါ့နော် သူကြီး ! ကျွန်တော် တို့ များများ အရင် ကလို ပြန်ယူချင်ပါတယ် !

Leave a Reply