မိမိကိုယ်မိမိ မညာပါနဲ့တော့

zaw winSeptember 10, 20121min1651

ဒို့နိုင်ငံမှာ ခေတ်သစ်ပြောင်းခဲ့ပြီ
ဒို့ရင်ထဲမှာ အတွေးအခေါ်တွေပြောင်းခဲ့ပြီ
နှစ်ပေါင်းများစွာ ဟိုလူ့ကိုညာ
ဒီလူ့ကိုညာ မိမိကိုယ်ညာ
ညာခဲ့ပေါင်းလည်းများခဲ့ပြီ
ဒို့နိုင်ငံလည်း မွဲပြာကျခဲ့ပြီ
ကိုယ့်နိုင်ငံကိုတိုးတက်စေဖို့
မိမိကိုယ်မိမိမညာဘဲ ကြိုးစားကြပါစို့
အလုပ်လုပ်ကြပါစို့ သူငယ်ချင်း။

မင်းသုတ
21:00 PM
10.9.2012

One comment

  • Kyaw Myo Thet

    September 11, 2012 at 10:01 pm

    ဗိုလ်ချူပ်အောင်ဆန်း ပြောခဲ့တဲ့အတိုင်းပဲ ” ခင်းဗျာတို့အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ”
    အတိုင်းပါပဲ အစိုးရအဖွဲ့ကပြုပြင်ပြောင်းလဲမှူတွေကို စနစ်တကျနဲ့ တိတိကျကျလုပ်ဆောင်ဖို့လိုသလို
    ကျနော်တို့ ပြည်သူတွေဖက်ကလည် ချမှတ်ထားတဲ့ဥပဒေတွေ စည်းကမ်းတွေကို တိတိကျကျနဲ့လိုက်နာ
    ဆောင်ရွက်ကြဖို့လိုပါတယ်။ အရေးကြီးတာကတော့ ကျနော်တို့အားလုံး အလုပ်လုပ်ကြဖို့ပါ။ မိမိတစ်ဦးတစ်
    ယောက်ကောင်းစားဖို့ဖြစ်စေ မိမိ၏တစ်ဆွေလုံး တစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ တစ်နိုင်ငံလုံးကောင်းစားဖို့
    ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားကိုမှ မထိခိုက်ဘဲနဲ့လုပ်ဆောင်နိုင်တာဟာ တရားမျှတမှု
    ရှိတဲ့တိုတက်ခြင်းပဲဖြစ်ပါတယ်။ ကျနော်တို့အားလုံးရဲ့ လွပ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်း
    ပြောခဲ့သလို/ ဖြစ်စေချင်ခဲ့သလို မိမိတစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက် မိမိ မိသားစုတစ်စုကောင်းစား ဖို့အတွက်လူအများအား ထိခိုက်မည့်အလုပ်တွေကို ရှောင်ရှားကြဖို့ စည်းကမ်းရှိရှိ တာဝန်သိသိနဲ့ မြန်မာပြည်သားတိုင်း မြန်မာပြည်သားတိုင်း ကြိုးစားကြဖို့ . . . . .

Leave a Reply