နံပါတ်မှာငါး

ကြောင်ဝတုတ်September 13, 20123min52934

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှာ ကာလီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီမှ မျိုးဆက် (၅)ခုမြောက် iPhone ကို စတင်မိတ်ဆက်ခဲ့ပါတယ်….

အရှေ့ကကြည့်လဲယဉ်တယ်…

အိုင်ဖုန်းဖိုက်ရဲ့ မျက်နှာပြင်ကို ကန့်လန့်ဖြတ်တိုင်းရင် ၄လက်မအရွယ်အစားရှိလာပြီး၊ Resolution အားဖြင့် 1136 x 640 ရှိလာကာ၊ ppi အနေနဲ့တော့ iPhone 4 ရော iPhone4S ရောနဲ့အတူတူ 326 ppi အဖြစ်ရှိပါတယ်… အပြောင်းအလဲသိပ်မရှိပါဘူး…

Resolution နဲ့ မျက်နှာပြင်အရွယ်အစားအရ iPhone 4/4S တို့ထက် 0.32 လက်မပိုပြီး ရှည်လာတာကိုတွေ့ရပါတယ်… အရပ်နဲနဲပိုရှည်လာသော iPhone ပေါ့…

Display ကိုတော့ဖြင့် Apple ရဲ့နာမည်ကျော် မျက်ကြည်လွှာဖန်သားပြင် (Retina Display) ကိုပဲအသုံးပြုထားတာကိုတွေ့ရပါလိမ့်မယ်…

အခုလို ကြည်လင်ပြတ်သားတဲ့မျက်နှာပြင်လေးနဲ့ပေါ့…

Two in One Pixel လို အူကြောင်ကြောင် Display မဟုတ်ပါဘူး… ဟိဟိ

အကျယ်ကတော့ iPhone 4 / 4S တို့နဲ့ အတူတူဖြစ်ပေမယ့်… အထူမှာ 0.07 လက်မ ပိုပါးသွားပြီး… တစ်အောင်စမရှိတရှိပေါ့သွားပါတယ်…

ဆက်သွယ်နိုင်တဲ့ကွန်ယက်တွေကိုတော့ 4G စနစ်အထိ ဆက်သွယ်နိုင်တယ်လို့ဆိုသဗျ… ပိုပြီးထူးခြားတာပြောရရင်တော့

အရင်မော်ဒယ်တွေတုန်းက သုံးခဲ့တဲ့ Micro SIM ကဒ်အစား၊ Nano SIM ကိုသုံးမယ်လို့ကြေငြာသွားသဗျ… ပုံမှန် SIM တွေကို iPhone 4 ကနေစပြီး သုံးမရလို့ Cutter တွေနဲ့ Micro SIM ဖြစ်အောင် ဖြတ်ပြီးသုံးခဲ့ရပါတယ်… အခုလို Nano SIM သုံးရမယ်ဆိုတော့ ရှိပြီးသား SIM ကိုပဲ ထပ်ပြီးဖြတ်ရဦးမယ်ထင်ပါ့ဗျာ… ရှာဖွေသလောက် Nano SIM ဆိုတာတော့… အောက်မှာကြည့်ဗျာ…

Apple ကတော့ သူ့ရဲ့ Intelligent Assistant ဖြစ်တဲ့ Siri ကိုထည့်သွင်းထားသလို… iOS6 ရဲ့ ထူးခြားမှုဖြစ်တဲ့ ကိုယ်ပိုင် Map Application အပြင် Passbook လိုမျိုး Function အသစ်တွေနဲ့ အတူတူ iPhone 5 ကို စတင်ရောင်းချမယ်လို့သိရပါတယ်…

ထူးထူးခြားခြားနှစ်ခုအနေနဲ့ iPhone 5 မှာ ယခင် Version တွေမှာသုံးခဲ့တဲ့ 30pin Connector အစား Lightning လို့အမည်ပေးထားတဲ့ Connector အသစ်ကိုသုံးမယ်လို့သိရပါတယ်… ပိုမိုသေးငယ်သွားတဲ့ Connector မို့လို့ အရင် အပေါ်ပိုင်းမှာရှိတဲ့ Headphone အပေါက်ကို အောက်ခြေပိုင်းကိုရွှေ့ထားတာတွေ့ရပါတယ်…

ဒီလိုခေါင်းအသစ်လေးနဲ့လာမယ်…
ဒီလိုနားကြပ်အသစ်လေးနဲ့ အောက်ခြေမှာ ဒီလိုတပ်ပါ…

 

နောက်ထပ်တစ်ခုထူးခြားတာကတော့ အရောင်ပါ… အရင်တုန်းက iPhone4 /4S မှာတုန်းက အဖြူနဲ့အနက်ကို ဘေးဘောင် ငွေရောင်နဲ့ကွတ်ထားပေမယ့် အခု iPhone 5 မှာတော့ အနက်ရောင်ကို ဘေးဘောင် အနက်အမှိန် (Slate) အရောင်နဲ့ ကွတ်ထားပြီး အဖြူကိုတော့ဘေးဘောင်ငွေရောင် (Sliver) နဲ့ကွတ်ထားမယ်မယ့်သိရပါတယ်…

အဖြူနဲ့အမဲ… ဘယ်ဟာရွေးမလဲ…?

ကင်မရာအနေနဲ့တော့ iPhone 4S မှာသုံးထားတဲ့ iSight Camera ကိုပဲပြန်သုံးထားပြီး အရှေ့ Face Time Camera ကိုတော့ 1.2 MP Photo နဲ့ 720 HD ရိုက်လို့ရအောင် အဆင့်မြှင့်ထားတာကိုတွေ့ရပါတယ်…

ဟောဒီလို ကင်မရာလေးနဲ့….

အဓိကဖြစ်တဲ့ Processor ကို A6 နဲ့ အဆင့်မြှင့်ထားပြီး…

ဘက်ထရီသက်တမ်းအနေနဲ့… 3G အပေါ်မှာ စကားပြောချိန် (၈)နာရီအထိသုံးနိုင်ပြီး၊ 3G / 4LTE အပေါ်မှာ အင်တာနက်သုံးချိန် ၈နာရီအထိ သက်တမ်းခံနိုင်ရည်ရှိပါတယ်… Wifi နဲ့သုံးမယ်ဆိုရင်တော့ (၁၀)နာရီအထိအသုံးခံတယ်လို့ ဆိုထားပါတယ်…

Standby ထားထားမယ်ဆိုရင်တော့ (၂၂၅)နာရီအထိ ကြာရှည်ထားလို့ရမယ်လို့လဲ Official Website မှာ ကြေငြာထားပါသေးတယ်…

ရောင်းဈေးကတော့ဖြင့် AT&T, Sprint နဲ့ Verizon တို့နဲ့စာချုပ်ချုပ်ဝယ်မယ်ဆိုရင်တော့…

16GB = ၁၉၉ ဒေါ်လာ

32GB = ၂၉၉ ဒေါ်လာ

64GB =၃၉၉ ဒေါ်လာ… ပါတဲ့…

မည်သည့် SIM Card မဆိုနဲ့သုံးဖို့အတွက် Official Unlock Version ကိုတော့ဖြင့်..

ဟောင်ကောင်မှာ 16GB ကို ၅၅၈၈ ဟောင်ကောင်ဒေါ်လာ၊ 32GB ကို ၆၃၈၈ ဟောင်ကောင်ဒေါ်လာ၊ 64GB ကို ၇၁၈၈ ဟောင်ကောင်ဒေါ်လာအသီးသီးရောင်းချမှာဖြစ်သလို… မကြာခင်မှာပဲ အွန်လိုင်းမှ အမှာစာများကို လက်ခတော့မယ်လို့ သိရပါတယ်…၏

iPhone 5 ကို Apple စတိုးတွေမှာ စက်တက်ဘာလ (၂၁)ရက်နေ့ကျရင်တော့ ဈေးကွက်တင်ရောင်းချမည်ဖြစ်ကြောင်း…

ပန်းသီးချစ်သူများ… အိုင်ဖုန်းမြတ်နိုးသူများကို သတင်းကောင်းပါးလိုက်ပါတယ်ဗျာ…

 

မန်းဂဇက်ရဲ့ပန်းသီးဘရမ်းအေဘိုကိတ်-

ကြောင်ဝတုတ်

34 comments

  • Shwe Ei

    September 13, 2012 at 11:02 am

    မြည်းဂျင်ဒယ် မြည်းဂျင်ဒယ် 🙂

  • ဦးဦးပါလေရာ

    September 13, 2012 at 11:05 am

    အကြံတူ နောက်လူသာသတဲ့…
    ကျုပ်က ဒီခေတ်ကြီးမှာ ဘိုးတော်ဘုရားခေတ် (ပြက္ခဒိန်နှစ်အရဆိုရင်တော့ လွန်ခဲ့တဲ့ ၂ နှစ်) က ဖုံးအစုတ်ကြီးကိုသုံးနေတုန်း..။
    ဆိုတော့ မကြာမီ လဲ ပါတော့မည် (မလဲရင်လဲ မဖြစ်၊ ကောင်းကောင်းမကြားရတော့)
    home minister ဆီက ဘတ်ဂျက်လဲ တောင်းထားပါပြီ
    အဲ့ အပြားလေး မြန်မာပြည်ရောက်တာနဲ့ အချိန်ကိုက်လောက်ဖြစ်မှာပဲ

    ဒါထက်-ဟောင်ကောင်ဒေါ်လာဆိုတာ မြန်မာငွေနဲ့ ဘယ်လောက်ရှိမှာပါလိမ့်နော်…

    • ကြောင်ဝတုတ်

      September 13, 2012 at 11:12 am

      ဦးဦးပါလေရာရေ…
      ဟောင်ကောင်က သူငယ်ချင်းတစ်ယောက်က ပို့ပေးနိုင်တယ်ဆိုလို့ ကျွန်တော်ဟောင်ကောင်ဆိုဒ်မှာဝင်ကြည့်လိုက်တာပါ…
      ခန့်မှန်းဈေး ဒီအရောက်ကို ဝန်ဆောင်ခ၊ ပို့ခအပါ… ရသိန်း၃သောင်းလောက်ကြမယ်လို့မှန်းပါတယ်…
      တစ်ဝက်ပေးပြီးမှာရင်တော့ စရောင်းတဲ့နေ့ကနေ တစ်လဝန်းကျင်လောက်မှာအရောက်ပို့ပေးမယ်လို့ပြောပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • စိန်ဗိုက်ဗိုက်

    September 13, 2012 at 11:06 am

    ထီပေါက်ရင် ဝယ်မဗျာ….
    ဒါနဲ ့..ကဒ်ကို ကိုယ့်ဘာသာ ညှပ်ပြီးထည့်လို ့ရလားဟင် 🙂

    • ကြောင်ဝတုတ်

      September 13, 2012 at 11:18 am

      ကိုပေါက်ဖော်ရေ… ထုံးစံအတိုင်း Micro SIM Cutter လိုမျိုး၊ Nano SIM Cutter ထပ်ပြီးထွက်ဦးမယ်ထင်ပါတယ်…
      ထပ်ဖြတ်ကြတာပေါ့ဦးလေးရာ…
      အိုင်ဖုန်းရဲ့ထုံးစံအတိုင်း… သူ့ဖုန်းသုံးထားတဲ့ SIM က တခြားဖုန်းတွေမှာလွယ်လွယ်ကူကူပြန်ထည့်လို့မရတာကြောင့်
      ပန်းသီးကမ္ဘာထဲမှာ တဝဲလည်လည်နေနေရတာပါ့… ပြန်မထွက်ချင်တာလဲပါပါတယ်ဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ဒဿ ဖွတ်ကျား

    September 13, 2012 at 11:15 am

    ရင်ခွင်လွှာကို ပူ ….
    အသွေး ..အသားတွေ ဆူ လို့ ..
    အသည်းထဲ ပေါက်အောင် ကြည့်တဲ့ …
    ကျနော့် ချစ်သူ …..

    😳
    😳
    😳
    😳
    😳
    😳

    တလောက တော့ လိခ် ဖြစ်လာတဲ့ ဖုန်းစကရင် မှန်ပါးပါးလေးကို…
    အိမ်သော့ ထိပ်ဖျားနဲ့ ဇိကနဲ ဇိကနဲ နေအောင် ခြစ်ပြတာ….
    အစင်းမထင်ဘူး တော်ရေ့ … ယှဉ်ခြစ်ကြည့်တော့
    4s ကလည်း အစင်း မထင်သလောက်ပဲ…

    ဆိုတော့ … ဒါတောင် ပိုပါးတဲ့ ..ပြန်ဖြည့် ကွန်ပေါင်း တချို့ ပါဝင်တဲ့
    မှန်ချပ်လေးပဲ ရှိသေးတာ …. ညင်းညင်း …

    ကျန်တာတွေ ထပ်ပြောဖို့ ပြန်လာခဲ့ပါ့မယ် ဗျာ…

    • ဒဿ ဖွတ်ကျား

      September 13, 2012 at 1:16 pm

      ပြန်လာခဲ့ပါဘီ..

      The major feature changes in the new iPhone 5

      1. Thinner and lighter body.

      – 20 percent lighter, down to 114 grams from 146 grams.

      2. Bigger screen.

      – 1136 x 640-pixel resolution, 326 pixels-per-inch Retina display, and a 16:9 aspect ratio
      – 44 percent more color saturation
      – iOS has added a fifth row of icons on the main screen

      3. A faster data network.

      – (LTE) data networks
      – A6 chip, twice as fast as the A5

      4. A slightly better camera.

      – Same Camera but A6 processor allows it to capture images 40 percent faster
      – 720p front-facing camera, FaceTime is now high-definition, and with iOS 6

      5. A new connector

      – a new, all-digital 8-signal designed plug, called “Lightening”

      နည်းနည်း ရှာရဖွေရ အပျင်း တစ်နေလို့
      အန်ထွာ ပရက်ညော ကနေပဲ ကူးချလိုက်ပါတယ်ဗျာ..

      Camera က နည်းနည်း ပို wide လာတယ် iOS6 ကြောင့်
      Panorama ရိုက်လာနိုင်တယ် ဆိုတာလေးတော့ ကြားမိသား.

      အဓိကပြောချင်တာကတော့ Connector ကိစ္စဗျ…
      ဟုတ်တယ် ..ပန်းသီး ကော်နက်တာက အားသွင်းတာ မြန်တဲ့အထဲမှာမပါဘူး..။
      ဘက်ထရီ ပိုကြီးလို့ ဆိုတဲ့ အကြောင်းပြချက်က နောက်ပိုင်း ဘက်ထရီကြာကြာပိုခံတယ်
      ဆိုတဲ့အချက်ကို ပြိုင်ဘက်တွေ မတိမ်းမယိမ်း လိုက်လာကြတဲ့အချိန်မှာ ..
      Charging Time Shortening ကို Re-novate လုပ်လိုက်တယ်ပဲ ထင်ပါရဲ့….။
      လက်ရှိ ဖုန်းသာ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်မနေရင်..ကျုပ်အတွက် ဖုန်းမလိုပါဘူး…
      (ခုတော့ ဒင်းကလေးကလည်း သေခါနီး အခွံဖိုး ထပ်ပေးဖို့လည်းမလို …)

      ဟီဟိ… မျှော်ရကြိုးနပ်ပါပေ့အေ..။

      မျှော်လင့်ချက်ကတော့ သိပ်မြန်တဲ့ LTE ကွန်ယက်ထဲမှာ ဆိုတော့ သူကနေ tethering လွှတ်မယ်ဆိုရင်
      (၈လုံးထိ ရသတဲ့..) ကျန်တဲ့ လက်ပကျွတ်တွေ တက်ဘလွတ်တွေကို အဲဗရီးဝှဲ အွန်လိုင်း
      ထောက်ပံ့ပေးနိုင်ဖို့ ပါပဲ ….။

      အိုဘယ့် ..ပန်းသီး..

      Ref:
      http://www.entrepreneur.com/blog/224407

      • ကြောင်ဝတုတ်

        September 14, 2012 at 11:16 am

        အားဖြည့်သွားသော သူငယ်ချင်းကြီးဂီဂီအားကျေးဇူးတင်ပါကြောင်း…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • ဦး ကျောက်ခဲ

    September 13, 2012 at 11:50 am

    အား….ဟိ၊ ဟောင်ကောင် က ဆိုရင်တော့ သိချင်တာ မေးပါလေ!
    ဒီမှာ အင် ကလဲ ပေါသလား မမေးနဲ့။ Mong Kok ဈေးသွားရင် မျက်စိ ကျွတ်သွားမယ်!
    အင် လိုချင်ရင်တော့ Sham Shui Po သွားပေါ့!

  • surmi

    September 13, 2012 at 1:01 pm

    သရေပဲကျသွားနိုင်တယ် ကြောင်ဝရေ
    ကျုပ်တို ့ဘွက ဟွာဝေးပဲကိုင်ရတာဆိုတော့
    ဒါထက်မဆီမဆိုင်အကူအညီတောင်းလိုက်ဦးမယ်
    ၈၀ဝ CDMA အတွက် တရုတ်ဖုန်းမဟုတ်တဲ ့ ကောင်းတာလေးများ
    ရှိရင် ပြောပေးပါဦး ။

    • ကြောင်ဝတုတ်

      September 13, 2012 at 1:18 pm

      CDMA800 အတွက်ပြသနာက ခက်တော့ခက်နေပါတယ်…
      ကျွန်တော်တို့ဆီက CDMA800 က ကဒ်နဲ့ဖြစ်နေတာပါ…
      iPhone4S မှာ CDMA ကို Support လုပ်ပါတယ်… ဒါပေမယ့် SIM နဲ့မဟုတ်ဘဲ… Code နဲ့လို့ဆိုပါတယ်…
      အဲဒီတော့ CDMA သုံးတဲ့လူများက iPhone 4S ကိုသုံးမရဘူးဖြစ်နေပါတယ်…
      အဲဒီတော့ ဟွဝေးလေးနဲ့သာ ကျေနပ်နေပါတော့နော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • etone

        September 13, 2012 at 2:48 pm

        ကိုဆာမိရေ ကျွန်မလည်း CDMA 800 မို့ HUAWEI နဲ့ နှစ်ပါးသွားနေရတာပါ ။ C8800ပြောင်းပြီးတာမှ မကြာသေးဘူး … 8818 ထိ ခုန်ပေါက်ပြီးထွက်လာတာ ၊ အသစ်ဝယ်ချင်ပေမယ့် ခဏတော့စိတ်ထိန်းထားတယ် …. ။ ဆမ်ဆောင်းစီးရီးထဲမှာလဲ စီဒီအမ်အေ800အတွက်ရှိပေမယ့် HUAWEIလောက် ကြည့် မကောင်းဘူး ။ ဒါပေသိ … တရုတ်ဖုန်းကတော့ တရုတ်ဖုန်းပါပဲ …. တခါလေး ကိုင်ပေါက်မိပါတယ် ဆိုင်တစ်ခေါက်ရောက်သွားတယ် ….. ။ ဟီး :mrgreen:
        CDMA800 တွေအင်တာနက်သုံးလို့ …. အဆင်ပြေတာလောက်ပဲ ရှိတယ် … တခြား ဘာမှ အလုပ်သိပ်မဖြစ်ဘူး ။ ဒါတောင် ဂျီတွေထက် အင်တာနက်ခက နှစ်ဆ ၊ နယ်သွားလည်း ဟမ်းဆက်ချိန်းရသေးတယ် …… ။

        ချစ်ကိုကြီး ကြောင်ဝတုတ်ရယ် …. အိုင်ဖုန်းကတော့ ညီမတို့လို လက်လုပ်လက်စား ၊ အခြေခံ လူတန်းစားတွေ အတွက် အလှမ်းဝေးလွန်းနေလို့ စိတ်ကူးတောင် မယဉ်မိပါဘူး ။ ဒါပေသိ ….. လက်ရှိကိုင်နေတဲ့ အိုင်ဖုန်းလေးပြန်စွန့် ကြဲမယ်ဆိုလျှင်တော့ … ကျေးဇူးအများကြီးတင်မိမှာပါပဲ … ခွိခွိ ။ 😆

        (တက်တော့ မသွားနဲ့နော် ……….. တော့်ဆိုဒ် အဝှာ မရှိသေးဘူး .. အဟီးးးးးးးးးးးးးးးးးးးးး နောက်တာ …… အာပွား .. ခွိခွိ 😳 )

        • ကြောင်ဝတုတ်

          September 13, 2012 at 5:11 pm

          အောင်မလေးဒေါ်အိတုန်းရယ်….

          အခုကိုင်နေတဲ့ အိုင်ဖုန်းဖိုးလေးကို ရောင်းပြီး အိုင်ဖုန်းဖိုက်ကိုင်ချင်တာမှ ရွနေတာပဲ…
          တစ်နေ့လုံး ဘယ်နားက ပိုက်ဆံရမလဲဘဲ လိုက်ချောင်းနေတာ ခုနစ်သိန်းသုံးသောင်းလောက်ဆိုတော့လဲကွယ်…
          မစွန့်ကြဲနိုင်သေးပါဘူးကွယ်… ဘီယာအငတ်ခံဝယ်ထားတဲ့ ဖိုးလေးနဲ့ဘဲ တစ်နှစ်လောက်ထပ်နေဦးမယ်… နေနိုင်မယ်ထင်လားလို့တော့မမေးပါနဲ့ကွယ်… အညှာခပ်လွယ်လွယ်မို့… ရှာကြံမဝယ်မိအောင်… ပန်းသီးဆိုဒ်ကို ထပ်တက်မကြည့်ဖို့ဆုံးဖြတ်ထားကြောင်း…

          ခင်မင်လျက်-
          ကြောင်ဝတုတ်

        • etone

          September 14, 2012 at 11:27 am

          အဟီး … ပန်းသီးကြိုက်တဲ့ ချစ်ကိုကြီး …..
          ယူထားတဲ့ မိန်းမကလည်း … ပန်းသီးshape လေးနဲ့ ……….. အဟိ …. :mrgreen:

  • manawphyulay

    September 13, 2012 at 1:18 pm

    ကြောင်ဝတုတ်နော်.. နာ ဖုန်းတောင်မဝယ်နိုင်သေးတာ.. ဒါတွေ လာကြွားမနေနဲ့ ဝယ်လည်းမပေးပဲနဲ့များ ဟွန်း စိတ်ချိုးတယ်.. ဒါပဲ

    • ကြောင်ဝတုတ်

      September 13, 2012 at 5:12 pm

      မကြွားပါဘူး မမမနောရယ်…
      ကျွန်တော်ကိုယ်တိုင် သွားရည်ကျနေတာပါ…
      တစ်ချိန်က ထက်ထက်မိုးဦးပြောသလိုလေးပြောရရင်…
      ပိုက်ဆံများရှိလို့ကတော့လေ… ပန်းသီးစတိုးက ပစ္စည်းတွေဝယ်ပြီး တစ်အိမ်လုံးမှာ တပ်ပြစ်လိုက်ဦးမှာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • မောင်ပေ

    September 13, 2012 at 1:26 pm

    အိမ်း…
    အရင်တုန်းကတော့ အိုင်ဖုန်း4အက်စ်ဝယ်ပေးဖို ့ပူဆာတဲ့ ချူသစ်လေးများ
    အခုဆိုရင် အိုင်ဖုန်း5 ပြောင်းပူဆာကြကုန်ရှာတော့မယ်
    အနိစ္စ

  • pooch

    September 13, 2012 at 1:30 pm

    ငေး၍ မျှော်ကာ ကြည့်နေဆဲပါ ဘဝပါ 😥

  • ahnyartamar

    September 13, 2012 at 1:36 pm

    အင်း… ဖတ်ပြီးသရေ တမျှားမျှားကျမိပါ၏။ ဒါပေမယ့်လိို့……….. တည်ထွင်မူအသစ်တွေနောက်ကို အဆက်မပြတ်ဖို့၊ ပေါ်လာတိုင်း ထည်လှဲသုံးနိုင်ဖို့ အလုပ်လုပ်နေတာပဲကောင်းပါတယ်………..။

  • kyeemite

    September 13, 2012 at 2:03 pm

    တတ်စကရင်တောင်မကိုင်နိုင်သေးပါ
    ဘေဘီမိုက်တွေကိုဦးစားပေးနေရလို့
    ကိုယ်ကတော့ ခပ်ချာချာဖုန်းစုတ်လေးနဲ့ပဲ…စခန်းသွားနေသေးပါဂျောင်း…

  • nozomi

    September 13, 2012 at 3:43 pm

    ကျွန်တော်သာ ပန်းသီးစီအီးအို ဆို ကိုဖက်ကက်ကို မြန်မာပြည်ရဲ့ပန်းသီးသံတမန်ခန့်တယ်
    တစ်လုံးလောက်တော့ အသစ်ကိုင်ချင်တယ်
    စိတ်နောက် ကိုယ်မပါနိုင်တော့ သည်းခံနေရတယ်
    တစ်ခုရှိတာက ပန်းသီးက နဲနဲ သီးသီးသန့်သန့် နိုင်သလိုပဲ
    သူ့ထဲ ထည့်ဘို့ ဆင်းမ်ကဒ်ကို ဖြတ်နေရတယ် ဆိုတာမျိုးပေါ့
    သုံးနေကျ မဟုတ်ရင် သိပ် အဆင်မပြေချင်ဘူး

    တစ်လုုံးလောက်တော့ အသစ်ခေတ်မှီတာလေး ကိုင်ချင်ပါတယ်
    ယောက္ခမ ဘက်က နတ်တွေ ဒီအတိုင်းကြည့်မနေ့ကြပါနဲ့ ဗျို့

    • ကြောင်ဝတုတ်

      September 13, 2012 at 5:16 pm

      အစ်ကိုကြီးရေ…
      မက်ဘွတ်အဲယားလေးကို ကြည့်ပြီးစိတ်ကူးယဉ်နေတုန်း…
      အိုင်ဖုန်းဖိုက်တဲ့… ဖိုးအက်(စ)တုန်းကတော့ ငါ့ဖုန်းလေးမော်ဒယ်တစ်ဆင့်ပဲနိမ့်တာဆိုပြီး ဖြေသိမ့်နိုင်ပေမယ်….
      ဖိုက်ကျတော့ မော်ဒယ်တော်တော်အောက်သွားပါလားဆိုပြီး အားမလိုအားမရဖြစ်ရပြန်ပြီ…
      ပန်းသီးသံအမတ်မဖြစ်ခင်… ပန်းသီးပစ္စည်းဝယ်ဖို့ ငွေကျစ်ရလွန်းလို့ မိန်းမနဲ့မကွဲရင်ကံကောင်းပါအစ်ကိုကြီးရာ…
      ညက မနက်ဖြန် အိုင်ဖုန်းဖိုက်ထွက်မယ်သိလား မိန်းမလို့ စကားလေးစမိတာ… အဲဒါဘာဖြစ်တုန်းတဲ့…
      ရီပလိုင်းတွေက ချိုသာမှုမရှိဘူးအစ်ကိုရယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ဒဿ ဖွတ်ကျား

        September 13, 2012 at 5:28 pm

        ပန်းသီးနဲ့မိန်းမ. တွဲမသုံးရဝူး အူးလေးရဲ့.
        တခုကို စွဲသုံးရင် တခုကို ဘီတာ ဗားရှင်းပဲ တင်လို့ကောင်းတယ်
        အူးလေးက irreversible software ကို အရင် install တာကိုး.
        ခိခိ

        🙂

  • နွယ်ပင်

    September 13, 2012 at 4:45 pm

    အူးကြီးဖက် လိုချင်အောင်လုပ်တာလားပြောဘာာာာာာာာာ
    ဒါပင်မယ့် မဝယ်နိုင်သေးပါဘူးလေ အဲတော့ လိုချင်အောင်ရေးပြတဲ့
    အူးကြီးဖက် တာဝန်ယူပေးပါ ဒါဘဲ ………… 😀

  • ညလေး

    September 13, 2012 at 5:17 pm

    အူးကြောင်ဝတုတ်ရယ်…..ငါးလေးတော့လိုချင်ပါရဲ….
    မျှားဖို.ကတော့…အဟိဟိ…..ခက်သားးးးးး

  • မဟာရာဇာ အံစာတုံး

    September 13, 2012 at 6:47 pm

    ငါး မပြောပါနဲ့ဦး
    ဖဦးထုပ် နားတောင် မကပ်နိုင်သေးပါဘူး အူးလေးရာ ..
    ဂယ်ဘာ …
    ပိုက်ဆံ သိန်းတစ်ထောင်လောက် ကောက်တွေ့ခဲ့ရင်တော့
    အမေဒိကန်ကို ကိုယ်တိုင် သွားဝယ်ပစ်လိုက်ချင်ဘာရဲ့ဗျာ ..

  • Fall Guy

    September 13, 2012 at 7:19 pm

    ကြိုက်၏။ မဝယ်နိုင်သေး။

  • MaMa

    September 14, 2012 at 10:34 am

    ကြောင်ဝတုတ်ရေ-
    ္လCDMA 800 အတွက် ဘာတွေများ တွေ့ရှိချက်တွေရမလဲလို့ ရင်တထိတ်ထိတ်နဲ့ ဖတ်ကြည့်နေတာ….(အဲဒီတော့ ဟွဝေးလေးနဲ့သာ ကျေနပ်နေပါတော့နော်…)
    ဆိုတော့ ဝမ်းသာသွားတယ်။
    ပိုက်ပိုက်မထွက်တော့ဘူးပေ့ါ။ 😀

    • ကြောင်ဝတုတ်

      September 14, 2012 at 12:37 pm

      အန်တီမမရေ…
      အိုင်ဖုန်းပေါ်မှာ CDMA800 SIM ထည့်သုံးဖို့နည်းလမ်းတွေကို ရှာကြံနေသူတွေလဲ ရှာကြံနေသလို…
      စောင့်ကြည့်နေသူတွေလဲ… စောင့်ကြည့်နေကြပါတယ်…
      အဲဒီတော့ မကြာသောအချိန်မှာ အန်တီမမရင်တထိတ်ထိတ်နဲ့ဖတ်ဖို့ အိုင်ဖုန်းအပေါ်မှ CDMA ဆိုတဲ့ပိုစ့်မျိုးလေးရေးချင်ပါသေးတယ်…
      ကျွန်တော်လဲ မျှော်လင့်နေပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Novy

    September 14, 2012 at 12:23 pm

    လက်ဝါးပိုင်ရှင်နဲ့ တွေ့ချင်ပါကြောင်း
    ငွေမရှားသော လက်ဖြစ်မည်ဟု ယူဆပါသည်
    မတူနဲ့ အမြင်နဲ့ ပြောကြည့်တာ 🙂

    • ကြောင်ဝတုတ်

      September 14, 2012 at 12:41 pm

      မမနိုဗီတွေ့လိုသော လက်ဝါးပိုင်ရှင်မှာ ကျွန်တော်ကြောင်ဝတုတ်ပင်ဖြစ်ပါကြောင်း….
      ခဏခဏလက်ဖြန့်တောင်းတတ်သောအကျင့်ကြောင့် ငွေမရှားသောလက်ဖြစ်ပါကြောင်း… ဟိဟိ
      မတူသောအမြင်ဖြင့်ပြောခြင်းဖြစ်ပါကြောင်း…

      ကြောင်ဝတုတ်

  • သူရဇော်

    September 14, 2012 at 12:53 pm

    ငွေမရှားတဲ့လူနဲ့တွေ့ချင်သား ဟေဟေ့….. ရှားရဲရှားကြည့်ပေါကွာ…..ဟွင်းဟွင်း

  • mayjuly

    September 14, 2012 at 12:58 pm

    ဖိုက်..ဖိုက်..ဖိုက်..
    အိမ်မက်ထဲမှာလဲ ကြိုက် …
    မျှော်တွေးရင်းနဲ့ ငိုက် …
    ခုများတော့ ဒိုက် …..
    ဘယ်တော့များမှ ဖိုက် …
    အဟိုက် .. ဟိုက် ….. 😀

  • Rose Minn

    September 14, 2012 at 4:09 pm

    မရှိမရှား လူတန်းစားမို့ သွားရည်တများများသာ ကျရုံသာ ကျနိုင်ပါသည်။ ယခု ဘဝတွင် ပန်းသီးစား ရဖို့။ ရက်တရာ အငတ်ခံရပေမည်။ အော် ဘွဘွ။ ဘကုန်းနဲ့ ဝနဲ့ နှစ်လုံးသာ ရှိပေလို့နော်။

Leave a Reply