Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြည်တော်ပြန် ဟင်္သာကြီးများသို့….

ဒီကဗျာလေးကတော့ လုံမလေးရဲ့ ဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးထားတဲ့ ကဗျာလေးဖြစ်ပါတယ်။ တပည့်တွေကို အင်တာနက်မှာတင်ဖို့ ခွင့်ပြုပေးပြီး ရေးထားတာ ဖြစ်ပါတယ်။ တနေ့က နယ်ပြန်ရင်း ဆရာကြီးနဲ့တွေ့ဖြစ်လို့ ဆရာကိုယ်တိုင် ရေးပေးခဲ့တာ ဖြစ်ပါတယ်။

 

“ပြည်တော်ပြန် ဟင်္သာကြီးများသို့”

 

မြန်မာပြည်သူတွေကို ချစ်သတဲ့

အနှစ်မပါတဲ့အသံနဲ့

သူတို့ပြန်လာကြ

ကျန်ခဲ့တဲ့ နှစ်(၂၀)

ငါတို့တွေ သောကပင်လယ်ဝေတုန်း

အမှောင်ဆုံးညတွေမှာ

ငါတို့ကိုစွန့်ခွာသွားတဲ့

ဇာတ်တူသားစားသူတို့ရဲ့စကား

ဘယ်လိုနားနဲ့ ငါတို့ယုံစားရမလဲ။

 

ငါတို့ရင်ထဲက သူရဲကောင်းဆိုတာ

“ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်

မငိုက်ဦးခေါင်း၊ သူရဲကောင်း” ဟေ့

ဇာတ်တူသားလည်းမစား

ပြည်သူတွေကိုလည်း စွန့်မသွား

ဝံ့စားရဲရင့်

(မင်းကိုနိုင်၊ ကိုကိုကြီး တို့လို)

အရေးကြုံလျှင်

ပြည်သူအတွက် အသင့်ရှိသူများသာ။

 

ဒီမယ်ကိုယ့်လူတို့

ကိုယ့်သမိုင်းကိုယ်ရေးလို့မရ

ပြည့်သူတွေရေးကြလိမ့်

“ပါချောင်“ စခန်းက ကိစ္စတွေ

ကျွန်တော်တို့မသိရပါဘူးလို့

ဘယ်လိုပဲဘူးခံဘူးခံ

အပုပ်နံ့တွေ တစ်ပြည်လုံးနံခဲ့ပေါ့

ကိုယ့်ပြုတဲ့ကံ၊ ကိုယ့်ထံပြန်

ကံ ကံ၏ အကျိုးလို့သာ

ယုံကြည်လိုက်ကြစမ်းပါလေ။   ။

 

မင်းသန်းထိုက် (ဒေးဒရဲ)

၆.၉.၂၀၁၂

 

28 comments

  • Mon Kit

    September 18, 2012 at 11:15 am

    ကိုယ့်ပြုတဲ့ကံ၊ ကိုယ့်ထံပြန်

    ကံ ကံ၏ အကျိုးလို့သာ

    ယုံကြည်လိုက်ကြစမ်းပါလေ။ ။

    ယုံကြည်ပါသည်…လှည်းဘီးရာလို ထပ်ချပ်မကွာ လိုက်ပါ ပါလိမ့်မည်….

    • ကထူးဆန်း

      September 18, 2012 at 11:23 am

      လှည်းဘီးရာ တွေ မိုးရွာ၊ ရေ ပါလို့ ပျောက်ကုန်ပြီတဲ့ ….. 😀

  • kai

    September 18, 2012 at 11:57 am

    အင်း..
    မြန်မာပြည်ထဲ.. ဒေါ်စုအပါအဝင်.. မင်းကိုနိုင်တို့အားလုံး အဖမ်းခံ..ထောင်နန်းစံနေတုံးက…
    ပြန်လွတ်စေဖို့.. အဓိကတွန်းအား…
    အခုမြန်မာပြည်လျှောက်နေတဲ့လမ်းကို.. ရောက်အောင်.. တွန်းတင်ခဲ့တဲ့ အားဟာ.. မြန်မာပြည်တွင်း..တခုထဲကလာတာမဟုတ်ဖူးလို့.. သတိထားမိတယ်..

    ပြည်ပအားသာမပါရင်.. မြန်မာပြည်ဟာ.. မြောက်ကိုရီးယားလမ်းလျှောက်နေရမှာသေချာတယ်..။

    ဆိုတော့…
    ဟင်္သာဖြစ်ဖြစ်.. ကျီးဖြစ်ဖြစ်..
    ရန်သူကို.. စုစုစည်းစည်းနဲ့.. ထိုးဆိတ်နိုင်ဖို့.. အနိုင်ရဖို့.. အဓိကလို့.. ဆိုချင်..ဆိုကြပါစို့…

    အဲဒါလေးတော့.. ကြောင်းကွဲပေးမယ့်… သံတူစေချင်.. :mrgreen:

    • pooch

      September 18, 2012 at 12:33 pm

      ပြည်တွင်းအားတခုထဲက လာတာမဟုတ်ပဲ ပြည်ပအားတွေပါနေကြောင်းကို ခုနောက်မှာ ပို၍ သတိထားမိလာကြောင်းပါ
      သူကြီးမင်းဖုရာ့ :mrgreen:

    • အိမ်လွမ်းသူ

      September 18, 2012 at 2:55 pm

      Thumb up သူကြီး ! I also have same point of view ! In current situation, better don’t segregate who is insider or outsider. Unity is essential in order to reach the common goal ( genuine democratic country) !

  • YE YINT HLAING

    September 18, 2012 at 12:58 pm

    “ဟင်္သာဖြစ်ဖြစ်.. ကျီးဖြစ်ဖြစ်..
    ရန်သူကို.. စုစုစည်းစည်းနဲ့.. ထိုးဆိတ်နိုင်ဖို့.. အနိုင်ရဖို့.. အဓိကလို့.. ဆိုချင်..ဆိုကြပါစို့…”
    မှန်၏။ ရန်သူရဲ့ သွေးခွဲစကားတွေ အောက်မှာ အတွင်းအပြင်မကွဲပဲ တစုတစည်းတည်း ရှေဆက်ဖို့လိုပါတယ် ။ လူဆိုတာ အမှားမကင်း ပါဘူး ! အတွင်းပဲ ဖြစ်ဖြစ် အပြင်ပဲ ဖြစ်ဖြစ် ရည်ရွယ်ချက် တူနေသ၍ ကတော့ မိတ်ဆွေပဲ !

    • YE YINT HLAING

      September 18, 2012 at 1:43 pm

      ပုံစံအမျိုးမျိုး နဲ့ ရပ်တည်ခဲ့တဲ့ ရှိပြီးသား အတိုက် အခံ အင်အားစုတွေဟာ အကြောင်းအမျိုးမျိုး အမြင်အမျိုးမျိုးနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲသွားကြမယ်ဆိုရင် နောက်ထပ် နှစ် ( ၁၀ဝ ) အာဏာရှင် ပေါ်လာဦးမယ် ။ ခုမှ စ လုံး ရေး စ မလို့ရှိသေးတယ် ! ေ.ရှကို တွေးပါ ! ေ.ရှဆက် ဖို့တွေးပါ ! ရိုဟင်ဂျာ အရေးအခင်း ကနေ စပြီး ပြည်ပ အဖွဲ့အစည်းတွေ အတိုက် အခံ အင်အားစု တွေအပေါ်မှာ အရင်က အမြင်တွေ ဟာ စတင် ပြောင်းလဲလာခဲ့တယ်ဆိုတာ သတိချပ်ပါ ! ပြည်တွင်းစစ်ပွဲတွေရပ်တန့်ဖို့ လယ်ယာမြေ သိမ်းယူနေမှုတွေ ရပ်တန့်ဖို့နဲ့ လုပ်ခလစာ နဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေမှုတွေမှာ အထိုက်အလျှောက် ခံစားခွင့်တွေ ရရှိဖို့အတွက် စုပေါင်း အားနဲ့ အလုပ်လုပ်ရမဲ့ အချိန်ပါ ။

  • အရင့်ရောင်

    September 18, 2012 at 1:59 pm

    ဟင်္သာတော့ မသိဘူးဗျို့…………….
    အရင့်ရောင်…….ရွာထဲပြန်ရောက်နေပီ…………..ဟိဟိ

  • Wow

    September 18, 2012 at 2:35 pm

    ဟသာင်္က ရွာဇဝင်ထဲကျ အတောင်တွေကလှမှလှ အပြင်မှာကျ အုတ်ခဲကျိုးရောင် ဘဲဂျီး… ဟီး.. ဘာရယ်မဟုတ်… ထင်ရာမြင်ရာပြောသွားချင်း…
    mrgeen redface evil eek

    • Wow

      September 18, 2012 at 2:39 pm

      ဟင် ဘာမှလဲမပေါ်ဘူး….
      lol:
      mrgeen:
      redface:
      evil:
      eek:

      • ဒဿ ဖွတ်ကျား

        September 18, 2012 at 2:46 pm

        အစက် နှစ်စက်က lol ရဲ့ ရှေ့မှာ ရော နောက်မှာပါ ထည့်ရတာဗျ…
        ခုဟာက ရှေ့မှာ မထည့်လို့ မပေါ်တာ

        အာ..ဟိ

        😆

        • Wow

          September 18, 2012 at 3:00 pm

          အော် ဂလိုလား… ကျေးကျေး ဒတ်ဂီဂီသဖွတ်
          😆
          :mrgeen:

  • kyeemite

    September 18, 2012 at 2:35 pm

    အင်း..
    မြန်မာပြည်ထဲ.. ဒေါ်စုအပါအဝင်.. မင်းကိုနိုင်တို့အားလုံး အဖမ်းခံ..ထောင်နန်းစံနေတုံးက…
    ပြန်လွတ်စေဖို့.. အဓိကတွန်းအား…
    အခုမြန်မာပြည်လျှောက်နေတဲ့လမ်းကို.. ရောက်အောင်.. တွန်းတင်ခဲ့တဲ့ အားဟာ.. မြန်မာပြည်တွင်း..တခုထဲကလာတာမဟုတ်ဖူးလို့.. သတိထားမိတယ်..

    မှန်တာပေါ့ သူဂျီးရေ…အဲဒီတစ်လျှောက်လုံးအတွက် ပြည်တွင်းကအသံ
    ကျယ်ကျယ်တောင်စကားမပြောရဲတဲ့အချိန်မှာ သူတို့တွေ အသံကျယ်ပေးခဲ့ကြတာပါ..
    ပြည်ပမီဒီယာတွေလည်း ထစ်ကနဲရှိဝိုင်းအော်ပေးနေခဲ့လို့ ပြည်တွင်းကခံရသူတို့အကြောင်း
    ကမ္ဘာကသိပီး တွန်းအားမျိုးစုံပေးခဲ့လို့ ဒီအခြေအနေ မြန်မြန်ရောက်ခဲ့တာလို့ယုံတယ်..

  • garuda

    September 18, 2012 at 2:50 pm

    ဖတ်သွားပါတယ်။ debate တော့ ဝင်မလုပ်တော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် ရှေး/နောက် လုုပ်ခဲ့တာတွေ အသာထား၊ တစ်ချိန်ကြရင်တော့ ကောင်းတယ်/မကောင်းဘူး ပြည်သူတွေဆုံးဖြတ်ပါလိမ့်မယ်။ ခေတ်ကပြောင်းလည်းလာပြီ လို့ထင်ပါတယ်။ အရင်ကလောက် လွယ်လွယ်နဲ့ တော့ ဗမာတွေကို သနားအောင်/ကျအောင် ညာဖြီးလို့ မရတော့ဘူးလို့ထင်တယ်။ ခံရပေါင်းများပီလေ ဟဲဟဲ။ အနာဂတ်သူတို့ရဲ့ လုပ်ရပ်ပေါ်မူတည်ပီးတော့ ချစ်ချင်ရင်လည်းချစ်သွားမှာပေါ့။ ကိုမိုးသီးဇွန်/ကိုနိုင်အောင်တို့ အဖွဲ့ အောင်မြင်ပါစေပေါ့ဗျာ။ ခံလိုက်ရတဲ့သူတွေကတော့ တရားစွဲမယ်တဲ့။ ပြည်ကြီးကို ချစ်လို့ပြန်လာတာပဲ ထောင်ကျခံစရာရှိလည်းခံလိုက်ပေါ့။ မြင်ယောင်သေးတယ်….ဒီနေ့ ထောင်အနှစ်လေးဆယ်ချ…နောက်တစ်ပတ်နေ..သမ္မတကြီး အမိန့်နဲ့…လွတ်ငြိမ်းခွင့်ရ…ကိုမိုးတို့ ကိုနိုင်တို့လည်း သမ္မတကြီးကိုပိုချစ်…မိုက်ဖူးလား. 😀
    အားလုံးပေါင်းတော့..ပန်းဝေသီပေါ့ဗျာ….

  • မောင်ပေ

    September 18, 2012 at 8:13 pm

    မန်းတလေးမြို ့မှာ လုပ်တဲ့ ပါဂျောင်ရှင်းတမ်းမှာတော့
    မိုးသီးဇွန်တို ့တစ်သိုက် ကို ဒီမှာ တရားအမှုဆိုင်မယ် ၊ ဒီမှာ မလုပ်ပေးရင် အပြည်ပြည်ဆိုင်ရာ အထိ တက်တိုင်မယ်တဲ့ဗျာ
    ခံခဲ့ရသူတွေဘက်ကတော့ ဘယ်လိုနေနေ ကမ္ဘာမကျေချင်စရာပါဘဲ
    ဇါတ်တူသား စားခဲ့တဲ့ ဟင်္သာတွေဆိုလား

  • မဟာရာဇာ အံစာတုံး

    September 18, 2012 at 8:47 pm

    ကျုပ်ကို အတယ်ပဲ ပြောပြော
    ဒူတယ်ပဲဆိုဆို …
    ဘယ်လိုပဲ ပြောကြပါစေ ..
    မှန်တဲ့အတိုင်း ဝန်ခံရရင် ..
    ပြည်တော်ပြန်ဆိုတဲ့ မိုးသီးဇွန် ကို မနေ့တစ်နေ့ကမှ သိတယ် ..
    ကိုမင်းကိုနိုင်တို့ ဆိုတာကိုလည်း ထောင်ကလွတ်လာလို့ ဂျာနယ်ထဲမှတ် ဖတ်လိုက်ရမှ သိတယ် …
    ပြောရရင် နိုင်ငံရေး နဲ့ ပတ်သက်လို့တော့ ဘာမှ မသိခဲ့ပါဘူး …
    ဒါပေမယ့် ဘယ်သူ့ကို သူရဲကောင်း ထင်သလဲဆိုရင်တော့ “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတဲ့ လူသားတစ်ယောက်ကိုတော့ တန်းပြေးမြင်မိတတ်တာပဲ …
    ဒါက ကျုပ်ပြောချင်တာ ပြောသွားတာပါ .. ဘာမှ မဟုတ်ပါဘူး ..

    • လုံမလေး မွန်မွန်

      September 19, 2012 at 10:30 am

      အမှန်အတိုင်းပြောရရင် လုံမလေးလည်း ဘာမှမသိပါဘူး…ဆရာကြီးရဲ့ကဗျာကို ကြိုက်လို့သာ တင်လိုက်တာပါ… ရွာသူားတွေရဲ့ ကွန်မန့်တွေကိုလည်း ဖတ်ချင်လို့ပါ…လုံမလေးတို့ မသိတာတွေ သိချင်လို့လည်း ပါတာပေါ့…

      မိုးသီးဇွန်ဆိုတာဘယ်သူလဲ… ဒေါက်တာနိုင်အောင်ဆိုတာ ဘာလဲ… ပါချောင်ဆိုတာ ဘာကိစ္စလဲ… တကယ်ကို မနေ့တနေ့ကမှ သိသလိုလိုလေး ဖတ်မိတာပါ..

      လုံမလေးတို့လို ၈၈ နောက်ပိုင်းလူငယ်တွေ နိုင်ငံရေးသမိုင်းကြောင်းတွေကို လေ့လာသိရှိဖို့ အများကြီး လိုသေးတယ်လို့ ထင်တာပဲ.. 🙄

      • ရွှေ ကြည်

        September 19, 2012 at 3:35 pm

        မှန်ပါ့ လုံမလေးရယ် ပါချောင်ကိစ္စကိုအခုမှရေးတေးတေးသိရတယ်။

  • ဦးဦးပါလေရာ

    September 18, 2012 at 11:52 pm

    လောတာကိုး…
    ဒီလူမျိုးက ကိုယ်လုပ်ချင်တာကို အချိန်အခါမကြည့်ပဲ အလောသုံးဆယ် ထ ထ လုပ်တတ်တယ်။

    အဲလိုနဲ့ ဇတ်ခေါင်းကွဲဦးမှာ မြင်သေး…။

  • aemoshu

    September 19, 2012 at 11:30 am

    ကဗျာပါအကြောင်းအရာနဲ့ပတ်သက်လို့တော့ဘာမှမပြောချင်ပါဘူး … သူ့အမြင်သူရေးတာဆိုတော့လည်း…
    ဒါပေမယ့်ဆရာကြီးကိုတော့လွမ်းမိတယ် ညီမလေးရေ…

    အရေးကြီးဆုံးကတော့ စည်းလုံးချင်းသည်အင်အားလို့ဘဲမြင်ပါတယ် … လူဆိုတာအမှားနဲ့မကင်းတတ်ပါဘူး.. ဒါပေမယ့်ကိုယ်အမှားကိုယ်ဝန်ခံတာဝန်ယူတတ်ဖို့တော ့လိုတာပေါ့နော်။
    တို့ှဗိုလ်ချုပ်ကတော့ခပ်ရှင်းရှင်းပဲ၊ သာယာဝတီဘက်က သူကြီးတစ်ယောက်ကို သတ်မိန့်ပေးခဲ့လို့ အဂ်လိပ်ပြန်ဝင်လာလို့ သူကြီးမိသားစုကတိုင်တော့ ဗိုလ်ချုပ်က ဟုတ်လို့ဟုတ်တယ်ဝန်ခံခဲ့တာပါပဲ…

    • လုံမလေး မွန်မွန်

      September 19, 2012 at 12:05 pm

      ဆရာကြီးရဲ့ စာတွေကို 7days ဂျာနယ်နဲ့ မဟေသီမဂ္ဂဇင်းမှာ ဖတ်နိုင်ပါတယ်ရှင်… ပြန်လာရင်ပြောပါတယ်… 🙂

      • aemoshu

        September 19, 2012 at 1:10 pm

        ဟုတ်လား.. ဝမ်းသာစရာပါပဲ..

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 19, 2012 at 7:22 pm

    တစ်ခါတစ်လေကျတော့လည်း ဘယ်သူကဘယ်သူမှန်းမသိဘူး
    ပြည်ပအတိုက်ခံတွေကို ပြန်ခေါ်ပြီး ပြည်တွင်းအတိုက်ခံတွေနဲ့
    ရန်တိုက်ပေးနေတဲ့ သဘောတွေရှိတဲ့အတွက်
    ပြည်တွင်းပြည်ပအတိုက်ခံတွေ သတိထားဂျဘို့
    ပြောခြင်ဘာဒယ်

    • kai

      September 20, 2012 at 1:49 am

      အဲဒီအောက်ကစာအုပ်အတိုင်းလုပ်နေတာလို့.. မပြောလိုပါ..။ မပြောလိုပါ..။ :gee:

      The Prince
      books.google.com
      The Prince is a political treatise by the Italian diplomat, historian and political theorist Niccolò Machiavelli. From correspondence a version appears to have been distributed in 1513, using a Latin title, De Principatibus. Wikipedia
      Published: 1532
      Author: Niccolò Machiavelli
      Preceded by: Discourses on Livy
      Genres: Treatise, Non-fiction

  • အရီးခင်လတ်

    September 20, 2012 at 2:41 am

    စာအုပ်မျက်နှာဖုံး က တော့ ခြင်္သေ့မှာ အတောင်ပံ နဲ့။
    ဟသာင်္တွေ ရဲ့ အတောင်ပံ ကို ဓားပြတိုက်ယူထားလိုက်တာလို့ ဆိုလိုတာလား သူကြီးမင်း။

    အဲဒီ စာအုပ် ရဲ့ အဆုံးမတော့ အီတလီဘာသာ နဲ့ ကဗျာထင်ရဲ့။
    ရင်းဂလိပ် လိုက
    Virtue against fury shall advance the fight,
    And it i’ th’ combat soon shall put to flight;
    For the old Roman, valour is not dead,
    Nor in th’ Italians’ breasts extinguished.

    ဖတ်ချင်သူများ အတွက်
    http://www.constitution.org/mac/prince00.htm

    ကျွန်မတော့ သူကြီး ဘာကို ဆိုလိုတာလဲ ဆိုတာကို
    နည်းနည်းလေးမှ
    နားမလည်ပါ။ နားမလည်ပါ။ 😆

  • ကြောင်ကြီး

    September 20, 2012 at 6:51 am

    အဲဒီကဗျာဆြာဂျီးကို ဟင်္သာဇာတ်အပြင် မင်းသားခေါင်းဆောင်းထားတဲ့ဘောင်းဘီချွတ်ဘီလူးများ၊ သိုးယောင်ဆောင်နေတဲ့ စစ်ကျွန်မြေခွေးများ၊ အမိန့်ဆိုတဲ့ အမှောင်ထုအောက်မှာ အုပ်စုဖွဲ့ပြီး ကိုက်ဖဲ့တတ်တဲ့ ဘဘဂျီးလက်ပါးစေ ခွေးအများအကြောင်းလဲ အခုလို ကဗျာရေးဖွဲ့ပါအုံးလို့….။ လွတ်လပ်စွာရေးခွင့် ရနေပြီပဲဟာ…ဘေးကင်းရန်ကင်း ကိုယ့်ကိုပြန်မလုပ်နိုင်သူ တဖက်ထဲတော့ မလုပ်ပါနဲ့လို့…။ ပြော..ပြော…ပေးပါနော် လုံမလေး…။ 😀

Leave a Reply