Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြံကြံဖန်ဖန် တွေးမိပ။

ခင္ခOctober 6, 20121min51148

ကြံကြံဖန်ဖန် တွေးမိပ။

တစ်နေ့က နေ့လည်ခင်း သင်တန်းတစ်ခုတက်တုန်းက စတင်လို့ရင်းနှီးခင်မင်လာတဲ့ အသိမိတ်ဆွေ တစ်ယောက်ဆုံးပါးသွားလို့ ဈာပနပို့ဆောင်ဖို့ နာရေးအိမ်ကိုရောက်သွားတာပေါ့၊ မန္တလေးမှာက အများအား ဖြင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို အိမ်မှာဘဲ ပြင်ဆင်ထားပြီး အိမ်ကနေဘဲ သုဿန်ကို သင်္ဂြု ိလ်တဲ့နေ့မှ ကားနဲ့ပိုဆောင်ကြတာများတယ်၊ ရန်ကုန်လို ရုပ်အလောင်းကို သုဿန်ရဲ့ ရေခဲတိုက်မှာ သေဆုံးတဲ့နေပို့ပြီး ဈာပနချမယ့်နေမှ သေဆုံးသူအလောင်းထုတ် အခန်းတစ်ခုမှာ ပြင်ဆင်ပြီး မီးသင်္ဂြု ိလ် ဒါမှမဟုတ် ဂူသွင်း အဲလိုမျိုးမဟုတ်ဘူးလေ။

ဆုံးပါးသွားတဲ့သူငယ်ချင်းက သေဆုံးချိန်ထိ ကုမ္မဏီတစ်ခုမှာမန်နေဂျာအဖြစ် လုပ်နေတဲ့သူတစ်ဦးပေါ့၊ ဒါနဲ့ နာရေးအိမ်ရောက်တော့ သေဆုံးသူရဲ့ ဇနီးနဲ့တွေ့ အားပေးနှစ်သိမ့်စကားပြော လွမ်းသူ့ပန်းခွေလေး အလောင်း ပြင်ထားတဲ့ သင့်လျော်ရာနေရာမှာထားပေါ့။ ဒီလိုနဲ့ ဈာပနချမယ့်အချိန်ရောက်တော့ နေအိမ်မှ သုဿန်ကို အသုဘလိုက်ပါပို့တဲ့ ယာဉ်တန်းနဲ့မောင်းလာကြပြီး သုဿန်ကိုလည်းရောက်ရော သေဆုံးသူရဲ့ရုပ်အလောင်း ကို နာရေးကူညီမှု့ကားပေါ်ကချပြီး မီးသင်္ဂြု ိလ်ခန်းထဲမထဲ့မှီ မိသားစု ဆွေမျိုးကန်တော့ကြလို့အပြီးမှာတော့ သေဆုံးသူ သူငယ်ချင်းမသေဆုံးခင်ထိ လုပ်သွားတဲ့ကုမ္မဏီက တာဝန်ရှိသူတစ်ဦးက ရုပ်အလောင်းနားရပ်ပြီး စာရွက်တစ်ခုကိုဖွင့်လို ဒီလိုဖတ်ပါတယ်။

ဦး———— အသက် (     ) သည်၊ ( ၂.၁၀.၂၀၁၂ )၌ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်

သွားပြီဖြစ်သဖြင့်၊ အသင်သည် ကျွန်ုပ်တို့နှင့် ဘဝခြားသွားပြီဖြစ်သောကြောင့် အသင်အား

——————-ဤ ကုမ္မဏီဝန်ထမ်းအဖြစ်မှ ( ၂.၁၀.၂၀၁၂ )နေ့မှစပြီး ထုတ်ပယ်လိုက်ကြောင်း

အသိပေးလိုက်သည်။ ထိုကြောင့် အသင်သည် ကျွန်ုပ်တို့ ကုမ္မဏီနှင့် မည်သို့မှ မပက်သက်တော့ပါ

သဖြင့် သင်သွားလိုရာသွားနိုင်သည်။ ဦး————– ကောင်းရာသုဂတိလားပါစေ။

ဆိုပြီးခုနဖတ်တဲ့ စာရွက်လေးကို ရုပ်ကလပ်အခေါင်း လေးထဲထဲ့လိုက်တာပေါ့၊ အဲလိုဖတ်တဲ့အချိန်မှာ ကျန်ရစ်သူမိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေထဲက တစ်ချို့ လည်းဒီလိုဘဲ ဖတ်မယ်ဆိုတာသိနေပေမယ့် မခံစားနိုင်လို့ မကျေနပ်စွာ ဖတ်တဲ့သူကို စူးစူးစိုက်စိုက်ကြည့်နေ ကြသလို၊ ဖတ်တဲ့သူကလည်း လုပ်ထုံး လုပ်နည်း တာဝန်အရမို့ အားနာစွာနဲ့ ဖတ်ရတယ်ဆိုတာကို နားလည်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် လည်း အဲလိုဘဲ မျက်နှာပူပူ အားနာစွာဖတ်ခဲ့ရဖူးတာကြောင့်လေ။ ဒါနဲ့ဘဲ မီးသင်္ဂြိုလ်စက်အခန်းထဲ သေဆုံးသူ ရုပ်အလောင်းထဲ့ပြီးချိန်နောက်တော့ သေဆုံးသူမိတ်ဆွေရဲ့ ကျန်ရစ်သူဇနီး ကိုနုတ်လေးဆက် ပြန်ခဲ့ပေါ့ဗျာ။

အဲလိုပြန်လာရင်းနဲ့ ကားပေါ်မှာတွေးနေမိတာက အကယ်လို့များ ခင်ခလည်း သူများဆီမှာလခစားလုပ်နေတုန်း သေဆုံးခဲ့ရင် အခုလိုဘဲ အမိန့်စာပြန်တမ်း လာဖတ်မှာဘဲလေ၊ ဒါဆိုရင်တော့ သူတို့လာဖတ်ပြီး အလုပ်ထုတ် တော့မခံဘူးကိုယ်က ဦးအောင်ထွက်စာအရင်ပေးမယ် နုတ်ဆက်မယ်လို့၊ အဲဒီအခါကျ တာဝန်ရှိသူ အမိန့်ပြန် တမ်း မဖတ်မှီ ကိုယ်ဘက်ကနေစပြီး ဟိုးဆရာ သေဆုံးသူက ကြိုတင် စာလေးပေးထားပါတယ် အဲဒါအရင်ဖတ် မယ်ဆိုကာ ဒီလိုဖတ်စေမယ်ဗျာ။

ဦးခင်ခ အသက် (     ) သည်၊ (            )နေ့၌ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန် သွားပြ ီ

ဖြစ်သောကြောင့် အသင်တို့ နှင့် ကျွန်ုပ် ဦးခင်ခ မှာ ဘဝခြားနေပြီဆိုတာ သိပြီးဖြစ်ပါသည်၊

ဒါကြောင့် အသင်တို့——————- ဝန်ထမ်းအဖြစ်မှ ကျွန်ုပ်သည်ကွယ်လွန်ခဲ့သော (           )

နေ့မှ စတင်ပြီးနုတ်ထွက်ပြီးဖြစ်ကြောင်း အသိပေးတင်ပြပါသည်။ ထိုကြောင့် အသင်တို့ နှင့်မည်သို့

မှ မပက်သက်တော့ပါသဖြင့် အကျွန်ုပ်သွားလိုရာ ကောင်းရာသုဂတိသို့ သွားပါပြီ၊ တာ တာ့ ဘိုင် ဘိုင်။

 

စသည်ဖြင့် ဖတ်စေခဲ့မယ်လို့ ကြံကြံဖန်ဖန် တွေးမိပ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

48 comments

  • candle .

    October 6, 2012 at 2:22 pm

    အဲတော့..
    တတ်လဲတတ်နိုင်တဲ့ ကိုခင်ခ ဘဲနော်..တွေးတတ်ပါပေ့..
    ဘာဘဲဖြစ်ဖြစ်
    ဖတ်တဲ့သူက ဘယ်လို ခံစားချက်မျိုးနဲ ့ဘဲဖတ်ပါစေ
    ကျန်ရစ်သူ မိသားစုအဖို ့တော့ ပိုမိုဝမ်းနည်း မိတာအမှန်ပါ..

    • ကိုခင်ခ

      October 6, 2012 at 3:10 pm

      ဦးဆုံးကွန်မန့်ပေးသူ candle ရေ ကျေးဇူးပါဗျာ။
      ဟုတ်ပ ငိုချင်ရက်လက်တို့ ဆိုသလိုပေါ့လေ။

  • hee…
    ဟုတ်ပါ့ လေးလေးရယ်…
    ဒါပေမယ့် နိမိတ်တွေကိုကြောက်တတ်တဲ့ သမီးကတော့ အဲလို ကြိုရေးထားမိမှာ မဟုတ်ဘူး… :kwi:

  • ကိုခင်ခ

    October 6, 2012 at 3:22 pm

    မြန်မာမှာတော့ ကြိုတင်နိမိတ်တွေကို ကြောက်တတ်ကြတာများတယ်လို့ ပြောလို့ရတယ် လုံမလေးရေ။
    အနောက်နိုင်ငံတွေမှာတော့ သေတမ်းစာတောင် ကြိုရေးကြကြောင်း ဖတ်ဖူးမှတ်ဖူးတယ်လေ။

  • mayjuly

    October 6, 2012 at 3:42 pm

    ဟုတ်တယ်ဗျာ .. အဲလိုအမိန့်စာပြန်တော့ အရမ်းကို ဝမ်းနည်းဖို့ကောင်းတယ်..
    ကျောင်းမှာတုန်းက ကျောင်းသားလေးတစ်ယောက် ရေနစ်ပြီး ဆုံးတော့ …
    အဲ လိုပဲ အမိန့်စာပြန်တာ အကုန်လုံးနီးပါကို မျက်ရည်ကျရတယ်…
    တကယ်လို့ အမိန့်မပြန်မိရင်လည်း သူဘဝက ကျောင်းမှာပဲ တဝဲလည်လည် ဖြစ်နေမှာတဲ့..
    အဲလိုလည်းတစ်ကယ်ဖြစ်မှာ သေချာလို့လား..
    သေပြီးတဲ့သူက တခြားဘဝမှာ သူ့ ကုသိုလ်၊ အကုသိုလ်နဲ့ ဆိုင်ရာကို သွားတာမဟုတ်ဘူးလား..
    :hee:

  • linnlinnn

    October 6, 2012 at 4:26 pm

    အသုဘပို့ပြီးတာနဲ့ ကြောက်လို့ တန်းလစ်တာပဲ..ကိုခ စဉ်းစားသလိုတော့ တခါမှ မစဉ်းစားမိဘူး..အဟီး

  • Thu Wai

    October 6, 2012 at 5:56 pm

    ကျွန်တော်တို့ company မှာတော့ အဲလိုမျိုးမရွတ်ဘူးဗျ ဒီအတိုင်း စာရွက်လေးပဲခေါက်ထည့်ပေးလိုက်တယ်
    ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ company နဲ့ မိတ်ဆွေ company တစ်ခုမှာ အဲလိုရွတ်တာ ကွယ်လွန်သူက လာပြီး နုတ်ဆက်လို့ ရွတ်တဲ့သူ တစ်ပါတ်လောက်ဖျားသွားတယ် ဆိုတဲ့သတင်းကြားတာကိုး
    အဲဒါကြောင့် ဘယ်သူမှ မရွတ်ရဲဘူး။

  • မောင်ပေ

    October 6, 2012 at 9:13 pm

    ကုမ်ပဏီမှာဝန်ထမ်းဖြစ်နေတဲ့အချိန် ၊ အကြီးအကျယ် ဖျားနာဖြစ်ခဲ့ရင်တော့ တင်ကြို ထွက်စာ တင်ထားသင့်တယ်လို ့ထင်ပါကြောင်း
    အကောင်းကြီးကနေ ရုတ်တရက်ရှောသွားတာမျိုးကြ မစဉ်းစားတတ်ဘူးဗျို ့

  • အလင်းဆက်

    October 6, 2012 at 10:10 pm

    ကြံကြံ ဖန်ဖန်…

    ခင်ခင်မင်မင်ရှိရပါသော….

    ခခ ရယ်….

  • Fall Guy

    October 6, 2012 at 11:03 pm

    စာကြိုရေးတာလောက်တော့ နဲေတောင်နဲနေသေးတယ်…….။
    တရုတ်တွေဆို သေရင်ထည့်ဘို့ခေါင်းနဲ့ သင်းင်္ချိုင်းမြေနေရာပါဝယ်ထားကြတာဗျ။
    ခေါင်းကိုအိမ်မှာဘဲယူထာကြတာ။

    • ကိုခင်ခ

      October 7, 2012 at 12:15 pm

      ကွန်မန့်ပေးကြသော မေဂျူလိုင် ၊ ကိုသုဝေ ၊ ဘော်ဒါကြီးကိုပေ ၊ ခင်ရပါသော ကိုအလင်းဆက် ၊ Fall Guy တို့ကို ကျေးဇူးနော်။

  • Mobile

    October 6, 2012 at 11:04 pm

    ကျနော် ကတော့ သေဆုံးပြီးတဲ့အချိန်မှာ နိဗ္ဗာန် ကိုသွားမည်ဖြစ်ပါသောကြောင့်
    မန်းဂေဇတ် ရွှာသားများအားလုံးကို နှုတ်ဆက်ခဲ့ပါကြောင်း

    • ကိုခင်ခ

      October 7, 2012 at 12:09 pm

      Mobile ရေ ဟုတ်ကဲ့ တာ တာ့ ပါ။

  • Hnin Hnin

    October 7, 2012 at 2:06 am

    သရီးခေ့စာဖတ်မယ့်သူက အဲ့ဒီစာကိုဖျောက်ပစ်လိုက်ရင်ရော ငါ့စာဘယ်မှာသွားထားပစ်
    လိုက်တာလဲလို့ လက်သွားတို့မှာလားဟင်…ကျောချမ်းလိုက်တာ…ဟိ…

    • ကိုခင်ခ

      October 7, 2012 at 12:05 pm

      သွားလေသူကို ကျန်ရစ်တဲ့သူတွေက အတတ်နိုင်ဆုံးတော့ စိတ်ဖြောင့်အောင် လုပ်ပေးတတ်ကြပါတယ် နှင်းနှင်းရေ၊ ပြီးတော့ စာအနေနဲ့ ထား ထားဖို့က ဘယ်အချိန်ကြွမှန်းမှမသိတာ Computer ထဲမှ save လုပ်ထားပြီး မှာခဲ့မယ်လေ။
      လိုတော့မှ Date လေးဖြည့် Print လေးထုတ် အဲလိုပေါ့ဗျာ။

  • ကထူးဆန်း

    October 7, 2012 at 7:37 am

    ကုမ္မဏီ နံမည်က ကြိုရေးလို့ ရပေမဲ့ ရက်စွဲထည့်ဖို့တော့ တစ်ယောက်ယောက် က ထည့် ပေးရမယ်ထင်တယ် ။ :hee:
    ဪ . ကျန်သေးတယ် .. တစ်ချို့ ကုမ္မဏီတွေ က ထွက်မယ်ဆို notice ကြိုပေးရတာ ဆိုတော့ အခုလို စာနဲ့ဆို ချက်ခြင်းထွက်သလိုဖြစ်နေလို့ လစာ ပြန်အမ်းနေရဦးမယ် ..
    အဲ့ဒါလေး လဲ စဉ်းစားပါဦး … :kwi:

    • ကိုခင်ခ

      October 7, 2012 at 12:07 pm

      လစာတော့ ပြန်မအမ်းဘူးဗျာ မကျေနပ်ရင် တစ်လဆက်ပြီး ရုံးတက်ပေးလိုက်မယ်လေ။

  • kai

    October 7, 2012 at 7:48 am

    ဘဝခြားသွားတာကို.. ဘာလို့ကုမ္ပဏီဝန်ထမ်းအဖြစ်က ထုတ်ပစ်ရသလဲ..
    မသကာ.. ဘဝခြားနဲ့အလုပ်လုပ်ချင်သူများရှိရင်.. ပိုတောင်ကောင်းသေး..

    ဆိုတော့..
    ကျုပ်က.. “ဘဝခြားကုမ္ပဏီ”ထောင်ပြီး.. အဲလိုနည်းနဲ့အလုပ်ပြုတ်လာသူတွေကို.. အလုပ်ခန့်ချင်တယ်ဗျာ..
    ပြောသာပြောတာ..
    အဲဒီဘဝခြားလူတွေ.. “ဘဝခြားကုမ္ပဏီ”မှာ.. ဘာအလုပ်မှလုပ်စရာမလို.. တပါတ်..တရက်ပဲ.. ဖန်ခွက်တလုံး လေထဲ.. တမိနစ်တိတိ.. တပေအမြင့်.. လေထဲမြှောက်ပြ.. ပွဲပြီးပြီ..
    ရလိုက်မဲ့ငွေ.. သောက်သောက်လဲ..
    လစာအဖြစ်.. တလ.. ဒေါ်လာ ၁သောင်းလောက်ပေးလို့တောင်ရတယ်..။ :harr:

    အချိန်ပိုအနေနဲ့.. ကျုပ်တို့တိုင်းပြည်ကို.. ဖျက်စီးလိုစိတ်ရှိသူအိမ်က.. မှန်ကို.. တလ တချပ်ပဲခွဲပေး..
    တိုင်းပြည်တိုးတက်လာလိုက်မယ်ဖြစ်ချင်းးးးးး

    ကြံကြံဖန်ဖန် တွေးမိပ။
    အမှန်အကန် အရေးထိက
    လန်ပြန်ကြံဖန် ရေးကြည့်ချ
    ကာရန်မဆန် တွေးမိသည့်
    အာဟိ..အာဟိ..။ ။ :kwi:

    • ကိုခင်ခ

      October 7, 2012 at 12:16 pm

      သူကြီးရေ ကုမ္မဏီအသစ်ပါလား စိတ်ဝင်စားစရာဘဲနော်။

    • ကြောင်ဝတုတ်

      October 8, 2012 at 2:44 pm

      အဲဒါဆိုရင်သူကြီးရေ…
      မန်းဂဇက်ကိုလဲ တမလွန်လော့အင် ပေးလုပ်မှဖြစ်မယ်…
      ရွာထဲက ပုံမှန်ဝင်ထွက်နေသူတစ်ယောက်ယောက်များသေသွားရင်… ဂဇက်ကလဲပြန်တမ်းဖတ်ပေးမှဖြစ်မယ်…
      ခက်တာက ကျွန်တော်ဆို အလုပ်ထက် ဂဇက်ကိုပိုပြီးစိတ်ဆွဲနေတတ်သေး…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • uncle gyi

    October 7, 2012 at 8:22 am

    ကြံကြံဖန်ဖန်ရန်ကုန်သူရယ်မန်းလေးရောက်မှမန်းလေးသားဖြစ်ရတယ်လို့တမူ
    ကိုခရန်ကုန်သူပဲရှိတယ်နော်
    ကြံကြံဖန်ဖန်မန်းလေးသားမကြားဖူးသေးဘူး

    • ကိုခင်ခ

      October 7, 2012 at 11:59 am

      uncle gyi ရေ ခင်ခ က မန်းသားလည်းမဖြစ်နိုင်သလို မန်းသားလည်းမဟုတ်ပါဗျာ။
      ကျွန်တော်ရန်ကုန်သားဖြစ်ကြောင်း စမ်းချောင်းမှာမွေးဖွားကြောင်း အတိအလင်းရေးထား ပါတယ်ခင်ဗျ။ မိမိမွေးဇာတိရပ်မြေကိုတော့ ဘယ်တော့မှမမေ့သလို ကွယ်ဝှက်ပြောဖို့လည်း အစီအစဉ်မရှိဘူးလေ ပိုစ့်လေးတစ်ခုတောင် ရေးခဲ့ပါသေးတယ်ဗျ။ လက်ရှိမန်းမှာနေတာပါ။
      uncle gyi ရဲ့ပိုစ့်လေးတွေကိုလည်း ခင်ခ ဖတ်ချင်မိပါတယ် ခင်ဗျ။

  • စိန်ဗိုက်ဗိုက်

    October 7, 2012 at 3:54 pm

    ရဝူး…ရဝူး..များဒို ့ကတော့ အမိန် ့မပြန် မချင်း ဘီအီးဆိုင်ထဲက ခွါမှာဟုတ်ဝူး..
    ဗျစ်စ်..ဗျစ်စ်..

    ကုန်မနီတွေကတော့ အပို လုပ်တယ်လို ့မြင်မိတယ်.
    စစ်သားတွေကြတော့ ဘာလို ့အမိန် ့ပြန်ကြတာလေး သိချင်သဗျ

    ပြန်ချင်းမပြန်ချင်းရဲ့ အကျိုးသက်ရောက်မှုလေးတွေ အတွေ ့အကြုံလေးတွေ ပြောပြကျဘာ..ခင်ဗျ

    ပြန်တန်းဝင် အယာယှိ – မြောင်းဒဂါ အူးဗိုက် ဘီအီးခိုက်

    • ရွှေ ကြည်

      October 8, 2012 at 10:47 am

      စစ်သားတွေကနိုင်ငံတော်တာဝန်ထမ်းဆောင်သူတွေဆိုတော့ မင်းမိန့်လိုမယ်ထင်လို့ အမိန့်ပြန်ကြတယ်ထင်ပါ့
      ပြန်ချင်းမပြန်ချင်းကတော့ ခွင့်ရလျှင်ပြန်မည်ဖြစ်ပြီးခွင့်မရပဲပြန်ပါက အလုပ်ထုတ်ခံထိပါလိမ့်မည် ဟိ နောက်တာ

  • ကိုခင်ခ

    October 7, 2012 at 4:19 pm

    ကိုစိန်ဗိုက်ဗိုက်ရေ ခင်ခတစ်ခုတွေးမိတာရှိတယ် အမိန့်ပြန်တမ်းဆိုတာ သွားလေသူအနှောင့်အဖွဲ့ မဖြစ်စေလိုလို့ ပြုလုပ်ကြသလို သူလုပ်ကိုင်ခဲ့တဲ့ဝန်းကျင်က သူတွေစိတ်လုံခြုံအောင်လည်း ပါမလားလို့လေ။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 7, 2012 at 10:39 pm

    အဲ့သည်အစဉ်အလာက ဘယ်ကနေဆင်းသက်လာသလဲပြောတတ်ဘူးနော
    ဗုဒ္ဓဘာသာတွေ လူသေလို့ ရက်လည်ရင် ပရိတ်ရွတ်တရားနားသလိုဘဲလားမပြောတတ်
    အမှန်မှာ ဒီလိုအကြောင်းက အဘိဓမ္မာထဲကနေပြောလို့သိပ်ကောင်းတဲ့စကားဗျ
    လူသေသွားတဲ့အခါ ဝိဥဉ် ဆိုတာကလေးက မသေဘဲ ဟိုဖက်ကူးသွားတယ်လို့ယုံကြည်တာ
    တည်မြဲဝါဒနော မြန်စွာဘုရားမဟောထားဘူး
    ဟင်းဟင်းဟင်း :mrgreen:
    ကျုပ်လည်းမသေခင်ကိုယ့်ကိုယ်ကိုယ် အမိန့်စာပြန်ခဲ့ရရင်တော့
    ဂေဇက်ထဲမှ ရွာသူရွာသားလိင်တူချစ်သူအပေါင်းသိစေသောဝ်
    ကျွန်ုပ်သည်ယ္ခုအခါ နတ်သမီးတစ်ဖက်ငါးသောင်းခြံရံလျှက် နတ်စည်းစိမ်ကိုခံစားနေပြီဖြစ်သဖြင့်
    ရေးဘိုးမီးဘိုးအင်တာနက်ဘိုးပေးနေရသော သင်တို့နှင့် ဘာမှမဆိုင်တော့ပါ
    စုံစမ်းခြင်းသီးခံပါ ဆက်သွယ်ခြင်းသီးခံပါ

  • P chogyi

    October 8, 2012 at 8:57 am

    ကိုခင်ခရဲ့ နှုတ်ထွက်စာကို ကျွန်တော်လာဖတ်ပေးပါမယ်။

  • ကိုခင်ခ

    October 8, 2012 at 10:15 am

    ဒုဗိုလ်ကြီးခင်ဗျ တည်မြဲဝါဒ မြန်စွာဘုရားမဟောထားဘူး ဆိုတာတော့ ကျွန်တော်လည်းသိဘူးဗျ။

    ဟုတ်ကဲ့ကျေးဇူးပါ P chogyi ရေ၊ ဆက်သွယ်လိုက်ပါ့မယ်။

  • surmi

    October 8, 2012 at 10:38 am

    အပေါ်က မိုက်ကယ်ဘပုရဲ ့ စကားကိုဆက်ပြီးဆွဲဆန် ့ရရင်
    ကျုပ်တို ့လူတွေများ သေမှသရဏဂုံတင်ကြတယ် ။သရဏဂုံဆိုတာ
    အသက်ရှင်သူ တွေသာဆောက်တည်နိုင်ကြတာ။သေပြီးသူကဘယ်လိုလုပ်ပြီး
    သရဏဂုံ တည်ပါ ့မလဲ ။ လားရာ ဂတိနိမိတ်အတိုင်း ဘဝရောက်သွားတာပဲ ။
    တစ်ခုတော ့ရှိပါတယ် အသုဘရှုသူတွေအတွက်ဆိုရင်တော ့တမျိုးပေါ ့လေ။
    ဒီလိုရိုးရာဓလေ ့တွေနဲ ့ လူမျိုးစု ရိုးရာဓလေ ့တွေက ထေရဝါဒ ဗုဒ္ဓဘာသာနဲ ့လာရောထွေး
    နေတော ့ ထေရဝါဒကို ပြောစရာလုပ်ကြပါရော ။ ဘာသာနဲ ့ ဓလေ့ ခွဲမြင်ကြဖို ့
    ကောင်းပါတယ်
    ကိုခကြီးရေ
    သရဏဂုံပါကြိုတင်ထားဗျာ ။ သေမှတင်ရင် သဘာဝမကြဘူး

    • ကိုခင်ခ

      October 8, 2012 at 11:29 am

      ကိုဆာမိရေ မနက်အိပ်ယာကနိုးထခဲ့ရင် အသက်ရှင်လျှက်ရှိနေသေးတာဘဲဆိုပြီး မျက်နှာသစ်ပြီးတာနဲ့ ဦးဆုံးလုပ်တဲ့အလုပ်က သရဏဂုံတည် ဘုရားရှစ်ခိုးတာမို့ အထွေအထူးတည်စရာမလိုတော့ပါဘူးဗျ။
      အသုဘကို ရှေ့ထားပြီး သရဏဂုံတည်တယ်ဆိုတာ ကျန်ရစ်သူတွေ သံဝေဂရရန်အတွက် ဖြစ်ကြောင်း လို့ တော့ ငယ်ငယ်ကမေးကြည့်စဉ် ဘကြီးဘုန်းတော်ကြီးတစ်ပါးမိန့်တာ နာခံဘူးပါတယ်ခင်ဗျ။

    • kai

      October 8, 2012 at 1:38 pm

      ဒီလိုရိုးရာဓလေ ့တွေနဲ ့ လူမျိုးစု ရိုးရာဓလေ ့တွေက ထေရဝါဒ ဗုဒ္ဓဘာသာနဲ ့လာရောထွေး
      နေတော ့ ထေရဝါဒကို ပြောစရာလုပ်ကြပါရော ။ ဘာသာနဲ ့ ဓလေ့ ခွဲမြင်ကြဖို ့
      ကောင်းပါတယ်

      အဲလိုကျုပ်ကခွဲခွဲပြောနေလို့.. ခင်ညားတို့တတွေပဲ.. ကျုပ်ကို မိုးပြာနဲ့ပေးစားလိုက်..။ ဂျပန်ဇမ်ဗုဒ္ဓဘာသာနဲ့ပေးစားလိုက်.. မူစလင်လုပ်လိုက်.. လုပ်နေတာလေကွယ်..။
      ကိုရင်ကြီးဆာမိတို့.. ဂိုဏ်းသားတွေ.. . ထိ်ပ်ဆုံးကတောင် ပါမလားပဲ.. :kwi:

      • surmi

        October 8, 2012 at 2:21 pm

        ရွှေစိတ်တော်မညှိုးလိုက်ပါနဲ ့ သဂျီးမင်းရယ်
        ချစ်ရို ့စဒါဘာ ဟဲဟဲ
        တကယ်တော ့ ကျနော်ကိုယ်တိုင် သိပ်အကျိုးမများတဲ ့ ဓလေ ့ထုံးစံတွေကို
        သိပ်မလိုက်နာဘူးဗျ ။ သို ့သော် သူများတော ့အမုန်းခံပြီးမပြောဘူးလေ။
        အဌကထာတွေကိုဝေဖန်နိုင်တဲ ့ညဏ်တော ့မရှိပါဘူးဗျာ။
        သို ့သော် ကျင် ့ကြံအားထုတ်မှုနဲ ့ နည်းလမ်းကိုတော ့ချွင်းချက်မရှိလက်ခံပါတယ် ။
        အမည်ခံထေရဝါဒတွေကြောင့် သိက္ခာကျရတာတွေလည်းရှိနေတော ့
        ကျနော်တို ့ ဘာမှမတတ်နိုင်ပါဗျာ။ သာသနာတော်တည်တန် ့စေလိုသူတိုင်း
        မိမိကိုယ်တိုင် သာသနာတည်အောင်ပြုသင် ့တယ်လို ့တော ့ခံယူထားပါတယ် သဂျီးရေ

      • ကိုခိုင်ရေ
        အိုယောဂီအသင်ဘယ်ဆီသွားမလဲဆိုတဲ့ စာအုပ်လေး ရဲ့ရှေ့မျက်နှာစာမှာ ရေးထားတာလေးသတိပြန်ရမိတယ်။
        အတိအကျတော့ မဟုတ်ဘူးနော် မှတ်မိသလောက်။
        “ကောင်းကင်တွင်ငွေ့ရည်ထုဖြင့်ဖွဲ့တည်သော မိုးတိမ်တို့မှဘဝပြောင်းလာသော
        သန့်စင်သောပေါင်းခံရေတို့သည် မိုးအဖြစ် မြေပြင်သို့သက်ဆင်းကျကုန်၏။
        ကောင်းကင်မှမြေပြင်သို့အဆင်း လေထုအတွင်းမှ မသန့်စင်မူ့တို့နှင့်သော်၎င်း။
        မြေပြင်သို့သက်ရောက်သော် ချောင်မြောင်းသို့စီးဆင်းရာလမ်းတစ်လျောက်တွင်
        ရွှံ့နွံတို့ဖြင့် လိမ်းကျံသောကြောင့် မသန့်စင်သော ရေအဖြစ်ပြောင်းလဲသွားကုန်၏။
        ထို့အတူပင် နှစ်ပေါင်းများစွာ ဖြတ်သန်းသယ်ဆောင်ခဲ့သော နဂိုရ်မူလမှသန့်စင်သော
        တရားဓမ္မတို့သည်လည်း ခေတ်အဆက်ဆက်ဖြတ်သန်းရာလမ်းတွင်အခြားသောအယူတိုဖြင့်
        လိမ်းကျန်သောကြောင့် ပကတိအတိုင်း မသန့်စင်နိုင်တော့ပေ………….”
        လို့ သဘောရတာလေးကို မှတ်သားမိပါကြောင်း။
        ကိုခရေ ကျနော်ကတော့ ကျနော်ကိုယ်တိုင် သေသွားပြီးနောက်ဖြစ်လာမယ့်အကြောင်းတွေကို
        ကြိုတင်ပြီးမခံစားဘူးဗျာ။
        သူ့ဘာသာသူ အမိန့်ပြန်ချင်ပြန် မပြန်ချင်နေ သူ့ကိစ္စ။
        ကျနော်က သေသွားပြီးရင် ဘာမှ မသိတော့ဘူးလေ.

  • ရွှေ ကြည်

    October 8, 2012 at 10:51 am

    လေးခင်ခရေ လေးခင်ခအတွေးလေးမိုက်တယ်ဗျ ရွှေကြည်လည်းရေးထားရင်ကောင်းမလားပဲ..။
    သေခါနီး အစွဲ ကတော်တော်လေးကြောက်စရာကောင်းဆိုပဲ( ကြားဖူးတာပါလေ)
    အဲဒီတော့ကာ အဲဒီအစွဲလေးတွေအတွက် သတိပေးတာလည်းဖြစ်မယ်ထင်တယ်နော်..။

    • ကိုခင်ခ

      October 8, 2012 at 11:41 am

      တကယ်တော့ သေဆုံးချိန် စုတေစိတ်ကျခါနီးမှာ အလုပ်ဘဲဖြစ်ဖြစ် ဘာကိုဘဲဖြစ်ဖြစ် သံယောဇဉ်လွတ်ရင် အဲဒီလို အမိန်ပြန် ပြန် မပြန် ပြန် သွားလေသူက သိမှာတောင်မဟုတ်ဘူး၊ ဒါပေမယ့် လူဘဝက အကောင်းပြော ဖို့ထက် ကဲ့ရဲ့ပြောဖို့ ဆို ပိုလုပ်ကျတာဆိုတော့ အမှန်တော့ အမိန့်ပြန်တမ်းရွတ်တယ် ဆိုတာ ကျန်တဲ့သူတွေ စိတ်ဖြေရာ စိတ်လုံရာ အတွက်လုပ်နေကြတာလို့ဘဲ ကျွန်တော်တော့ယူဆတယ်၊ ဒီပိုစ့်ကို ကျွန်တော FB မှာလဲ တင်လိုက်တော့ တစ်ချို့ဘော်ဒါတွေက ကျွန်တော်ကို နိမိတ်မရှိရေးလို့ မကြောက်ဘူးလား ဆိုပြီး gmail မှာ ဝိုင်းကစ်ကျတာလည်းရှင်းရပ မရွှေကြည်ရေ။ ခင်ခက မကြောက် လို့ကို ရေးပြီးပိုစ့်တင်တာလေ။

  • kyeemite

    October 8, 2012 at 11:18 am

    တောက်တီးတောက်တဲ့တော်…
    :harr:

    • ကိုခင်ခ

      October 8, 2012 at 11:43 am

      တောက်တဲ့ တောက်တီး ပါဗျာ။ ကွန်မန့်အတွက် ကျေးဇူးပါ ကိုကြီးမိုက်ရေ။

  • Novy

    October 8, 2012 at 3:16 pm

    ကိုခင်ခရေ.
    နိုဗွီလည်းကြုံဘူးတယ် ရုံးကညီမလေးအသက်25နှစ်နဲ့ဆုံးတာ
    အမိန့်စာပြန်ဖိုု့စာရွက်ကလေးတော့ပါသွားပါရဲ့
    ကိုယ်ငိုနေရတာနဲ့ အမိန့်စာဖတ်ဖို့စိတ်မကောင်းတာနဲ့
    စာရွက်ကလေးကို အခေါင်းထဲဒီတိုင်းထဲ့ပေးပြီး
    ညီမလေးရေစိတ်ချမ်းချမ်းသာသာနဲ့ မြင့်မြတ်ရာဘဝကိုသွားပါလို့ဆုတောင်းပေးဘူးတယ်

  • ဦး ကျောက်ခဲ

    October 8, 2012 at 5:45 pm

    ကိုခင်ခ ရေ

    ကျွန်တော် မောင်ကျောက် ကတော့၊ ဘယ်အရပ်မှာ ဘယ်ဇတ်နဲ့ သေမယ်မှန်း မသိတာမို့၊ ဘဏ်ကာဒ် PASS WORD နဲ့ အကောင့် တွေကို ညီမကို ပေးသိထားသဗျ!
    ရုံးကိုလဲ သေရင်၊ သေတဲ့အရပ်မှာဘဲ ကြုံသလို သင်္ဂြိုလ် လိုက်ဖို့ မှာထားတယ်။
    သေမှတော့ ဘာထူးမှာလဲဗျာ၊ ဘာမှလဲ မစွဲလန်း ချင်သလို၊ သူများလဲ ဒုက္ခ မပေးချင်ပါဘူး……

  • ကိုခင်ခ

    October 8, 2012 at 8:46 pm

    မနိုဗွီရေ အဲဒီအမိန့်စာဖတ်ပေးဖို့ဆိုတာကလည်း နာရေးမိသားစုကို အတော်အားနာရတဲ့ အလုပ်ပါဗျာ။

    မှန်ပ ဦးကျောက်ခဲရေ သေပြီးမှတော့ ဘာမှပြန်စလို့ရတာမှ မဟုတ်တာလေ၊ ကျန်ရစ်သူတွေ ဆန္ဒရှိသလိုသာ လုပ်စေဗျာပေါ့။

  • pooch

    October 8, 2012 at 11:03 pm

    ဦးခရေ တီချယ်ဆိုရင် သူ့ရဲ့ နာရေးကြေငြာစာကို သူကိုယ်တိုင် စီခဲ့ပြီးသားပါ။ သားဖြစ်သူ မစီတတ်မှာစိုးလို့တဲ့ ။ အစစအရာရာ ပြင်ဆင်ထားတယ်တဲ့။ ကြားစက စိတ်ထဲမကောင်းဘူး ။ ဒါပေမဲ့ သေချာတွေးကြည့်လိုက်တော့ ကိုယ်တွေ မလွဲမသွေသွားရမဲ့ ခရီးတခုကို စိတ်ရော ကိုယ်ပါ ပြင်ဆင်ထားနိုင်တာမို့ ခရီးဖြောင့်တာပေါ့လို့ တွေးမိတယ်။

    အများစုုက သွားရမှာ သိပါရဲ့နဲ့ ကိုယ်အပါအဝင် နည်းမျိုးစုံငြင်းဆန် အချိန်ဆွဲပြီး တွန့်ဆုတ်ပြီး မှ သွားချင်တတ်ကြတာကိုး။

  • ကိုခင်ခ

    October 9, 2012 at 6:24 am

    မမယ်ပုရေ နောက်ဆုံးသွားရမှာပါဘဲ ဆိုပေမယ့်လည်း များသောလူတွေကတော့ မသွားချင်တတ်ကြတာလဲ သဘာဝဘဲမဟုတ်လားဗျာ။

  • etone

    October 9, 2012 at 3:19 pm

    အန်ကယ်အတွေးက တကယ့်ကို ဆန်း ပြားပါတယ် … ။ တစ်ခါမှ မတွေးခဲ့ဖူးပါတယ် .. ဒီအသက်ရွယ်ထိ .. ။

    သေလို့ .. .. အမိန် ့စာပြန်လျှင် ရင်နာစရာတော့ အလွန်ကောင်းတယ် … သေသွားတဲ့ လူကတော့ သိမှာ မဟုတ်ပေမယ့် .. ကျန်ခဲ့တဲ့ မိသား စုက ခံပြင်းစရာကောင်းတယ် … ဘယ်နှယ့် မသေခင်ကတော့ အလုပ်အတွက်လုပ်ပေးခဲ့ပြီး ၊ တစ်ခါတစ်လေ တာဝန်နဲ့ မဆိုင်တာတွေတောင် ခိုင်းချင် ခိုင်းဖူးခဲ့မှာ ၊ ကြည့်ရတာ .. စွဲလမ်းပြီးခြောက်လှန့်မှာ ကြောက်လို့ ၊ မကျွတ်မလွတ် ဖြစ်မှာ စိုးလို့လား မသိဘူး ..ဟီး ။ 😛
    သမီးတို့ တက္ကသိုလ်ပြီးလို့ ဘွဲ ့ယူခါနီး … သူငယ်ချင်းတစ်ယောက် သေသွားတယ် .. သွေးကင်ဆာနဲ့ပါ … မသေခင်ကမှာခဲ့တယ် … သူ hons တက်ဦးမှာ … အမိန်းစာ လာမပြန်ပါနဲ့တဲ့လေ … အသုဘချမယ့်နေ့မှာ ကျောင်းက အမိန် ့စာလာပြန်တဲ့ကား မရောက်ခင် အကြောင်းအမျိုးမျိုးကြောင့် စောပြီး သဂြိုလ်လိုက်ရတယ် …. ။ ဒါတောင် ကျောင်းဘက်ကလည်း အားမလျော့ဘူး မီးလောင်နေတဲ့ အထဲ ဒီစာလေး ထည့်ပေးပါဆိုပြီး ပစ်ထည့်ပေးလိုက်သေးတယ် … လူတွေများ.. အဲ့ဒီလို ….. 🙁

  • Ma Ei

    October 9, 2012 at 3:44 pm

    ကျောင်းတုံးက သူငယ်ချင်းတစ်ယောက် ဆုံးတာ
    အမိန့်စာပြန်တာပါဘဲ…ဒါပေမဲ့
    ကျောင်းမှာခြောက်တယ်တဲ့လေ…
    စာကစာပါဘဲနော်…

    • ကိုခင်ခ

      October 9, 2012 at 3:56 pm

      မအိတုံရေးသလို စွဲလမ်းပြီးခြောက်လှန့်မှာ ကြောက်လို့ ၊ မကျွတ်မလွတ် ဖြစ်မှာ စိုးလို့ လုပ်နေကြတာလို့ ကျွန်တော်လည်းအဲလို တွေးမိပါတယ် သမီးရေ။

      မအိရေ အမိန့်စာ ဖတ်တဲ့အချိန် သူက လျှောက်လည်နေလို့ မကြားမိလို့နေမှာပေါ့ (နောက်တာပါနော်)

  • (စွဲလမ်းပြီးခြောက်လှန့်မှာ ကြောက်လို့ ၊ မကျွတ်မလွတ် ဖြစ်မှာ စိုးလို့ လုပ်နေကြတာလို့ ကျွန်တော်လည်းအဲလို တွေးမိပါတယ် သမီးရေ။)

    မဟုတ်ဘူးကိုခရေ သူ့ကို ဝန်ထမ်းအဖြစ် အချုုပ်အနှောင်နဲ့ ထားခဲ့ရာကနေ လွတ်လပ်ခွင့်ပေးလိုက်တဲ့သဘောပါ
    နည်းလမ်းကျတာ မကျတာအပထား ကောင်းသောစိတ်နဲ့ဖြေလျော့ပေးလိုက်တယ်လို့ယူဆနိုင်ပါတယ်

  • ကိုခင်ခ

    October 13, 2012 at 1:45 pm

    ကိုပေါက်ဆွေးနွေးတာလည်း လက်ခံပါတယ်၊ ဝန်ထမ်းအဖြစ် အချုုပ်အနှောင်နဲ့ ထားခြင်းကလည်း
    မကျွတ်မလွတ် ဖြစ်စေမှုမှာ သွယ်ဝှိက်သောနည်းနဲ့ ပက်သက်တယ်လို့ယူဆရင် ယူဆလို့ ရပြန်ရောလေ။
    ဒါကိုခြုံပြီး မကျွတ်မလွတ် ဖြစ်မှာ စိုးလို့ လုပ်နေကြတာလို့ ကျွန်တော်လည်းအဲလို တွေးမိတာပါ။

  • kaungsumyatsan

    October 13, 2012 at 9:45 pm

    ကိုခင်ခရဲ့အတွေးကကြံကြံဖန်ဖန်လေးနဲ့
    သံဝေဂရစရာပါဘဲ။
    သေသွားတဲ့သူရဲ့အပေါ်မှာတန်ဖိုးထားတဲ့စိတ်နဲ့ကြည့်ရင်တော့
    ခံစားရခက်ပေမဲ့၊ ရှေးထုံးလဲမပယ်နဲ့ဆိုတာလိုပေါ့ ၊
    ဝန်ထမ်းဘဝဆိုတာဘယ်လောက်ဘဲစိတ်ညစ်ပါတယ်၊
    မပျော်ပါဘူးဆိုလဲ၊အလုပ်ပေါ်မှာစိတ်စွဲတာကတော့အမှန်ဘဲ၊ဒါကြောင့်
    သက်ဆိုင်ရာကလဲအမိန့်ပြန်၊ သေမဲ့လူကလည်း ကျန်ခဲ့တဲ့လူတွေ
    စိတ်သက်သာရာရအောင် အလုပ်ထွက်စာကိုကြိုရေးထားခဲ့မယ်ဆိုရင်
    ပိုပြီးအဆင်ပြေမယ်ထင်တယ်၊ဒီတော့ အိမ်ကလူတွေ
    ဘာဘဲပြောပြောကြိုရေးထားရင်ကောင်းမလား……

Leave a Reply