“ကျွန် မ ဘ ဝ အ တွက် စံ န မူ နာ ကောင်း ခဲ့ သော ကျွန် မ ၏ အစ် ကို”အ ပိုင်း-(၁)

aye.kkOctober 7, 20121min29912

ကျ မ ၏ ဘ ဝ ၌ စံ န မူ နာ ကောင်း ခဲ့ သော ။ အား ကျ စ ရာ ကောင်း ခဲ့ သော အစ် ကို တ ယောက် အား ပိုင် ဆိုင် ရ ရှိ ခဲ့ ဘူး ပါ တယ် ။
ရှေ့ ဆောင် နွား လား ဖြောင့် ဖြောင့် သွား သော် ၊ ငယ် သား နွား က ဖြောင့် ဖြောင့် လိုက် ၏ ။ ဆို သော ဆောင် ပုဒ် က ၊ အ ကျိုး ကျေး ဇူး မည် မျှ ကြီး မား လှ သည် ကို ။ ကျ မ အ နေ ဖြင့် သိ မြင် ခံ စား နား လည် နိုင် ခဲ့ ရ ခြင်း မှာ အစ် ကို ကြောင့် ဟု ဆို ချင် မိ ပါ တယ် ။
ကျ မ မှ စံ န မူ နာ ကောင်း သော အစ် ကို ့အား ၊ လေး စား ချစ် ခင် တွယ် တာ မြတ် နိုး မိ ခဲ့ ရ ပါ တယ် ။

ကျ မ ၏ အစ် ကို သည် ကား စေ့ စပ် သေ ချာ ၏ ။ ပ စ္စည်း တ ခု ၏ တန် ဘိုး ကို နား လည် ၏ ။ ဉာဏ် ပ ညာ လည်း လွန် စွာ ထက် မြက် ၏ ။ ဇွဲ လုံ ့ လ ဝီ ရိ ယ ကြီး မား ၏ ။ အ ရာ ရာ မှာ လည်း ဘက် စုံ ထူး ချွန် ခဲ့ သူ တစ် ဦး ဖြစ် ခဲ့ ၏ ။
ကျ မ ဘ ဝ အ တွက် စံ န မူ နာ ယူ ထိုက် သော အစ် ကို တစ် ဦး ဖြစ် ခဲ့ ၏ ။

အ ဖေ့ အ တွက် တန် ဘိုး ထား ချစ် မြတ် နိုး ရ သော ရ တ နာ နှင့် တူ သည့် သား ဖြစ် ခဲ့ ရ ၏ ။
ကျ မ ငယ် စဉ် ကျောင်း စ တက် သည့် အ ရွယ် ၌ က ပင် ။ အစ် ကို ၏ ပြု မူ နေ ထိုင် သည့် အ ကျင့် ။
လက် ပွန်း တ တီး နေ ထိုင် ခဲ့ ရ သ ဖြင့် ။ အစ် ကို ၏ ရိုး သား သည့် အ ကျင့် စ ရိုက် ။
စည်း ကမ်း ကောင်း မွန် သေ ဝပ် မှု တို ့ကို ၊ မျက် ဝါး ထင် ထင် မြင် တွေ ့ခဲ့ ရ ၏ ။
အ တူ တူ နေ ထိုင် ကြီး ပျင်း ခဲ့ သ ဖြင့် ၊ အစ် ကို အား တန် ဘိုး ထား လေး စား ချစ် ခင် ပြီး ။
ချစ် ကြောက် ရို သေ မိ ခဲ့ ရ ၏ ။

အ ဘယ် ကြောင့် ဆို သော်……….။

အ ဖေ သည် အစ် ကို ့အား အ လယ် တန်း စ တက် သည့် အ ရွယ် မှ ၊ စ တင် ၍ မုန် ့ဘိုး ငွေ အား ပေး သုံး ၏ ။
ထို ခေတ် က သုံး စွဲ သော ငွေ ပ ဏာ မ အား ၊ အ ခြား က လေး များ နှင့် တန်း တူ သုံး စွဲ နိုင် သည့်
ငွေ ကြေး ပ ဏာ မ မျှ လောက် ကို သာ သုံး စွဲ တတ် စေ ရန် ပေး ခဲ့ ၏ ။ ဆင်း ရဲ ချမ်း သာ လူ လတ် တန်း စား ဟူ ၍ ။
ခွဲ ခြား ပေး သုံး မှု မျိုး အား ၊ အ ဖေ က အ ကျင့် မ ပြု လုပ် ပေး ခဲ့ ပါ ။

တစ် ခါ တွင် အစ် ကို က ၊ အ ဖေ့ အား တောင်း ဆို မှု တ ခု ပြု လုပ် ခဲ့ ရ သည် ကို ၊ ကျ မ သိ မြင် မှတ် မိ နေ ဆဲ ပင် ဖြစ် ပါ သည် ။
“အ ဖေ”……။ အ ခု …သား က ၊ ပ ဉ္စ မ တန်း က နေ ခု သ တ္တ မ တန်း လည်း ရောက် ပြီ ။
အ ဖေ က မုန် ့ဘိုး ငွေ (၁၀) ပြား သာ ပေး ၏ သား သူ ငယ် ချင်း အ ဖေ တွေ က ၊ (၂၅)ပြား ပေး သုံး နေ ကြ ပြီ။
သား က (၁၀) ပြား သာ လျှင် ရ တယ် ။ သား သူ ငယ် ချင်း တွေ က ။ သား ကို မင်း မုန် ့ဘိုး ဘယ် လောက် ရ လည်း မေး ကြ တယ် ။
သား က (၁၀) ပြား ဘဲ ရ တယ် ဆို တော့ သား ကို ဝိုင်း ဟား ကြ တယ် ။ မုန် ့ဟင်း ခါး တစ် ပွဲ ဝယ် စား ချင် ရင် (၂၅) ပြား ။
အ ရင် က လို (၁၀) ပြား မ ရ တော့ ဘူး အ ဖေ ဟု အစ် ကို က အ ဖေ့ အား ပြော ပြ နေ သည့် အ သံ ကြား ရ ၏ ။

အ ဖေ က……၊ အစ် ကို ့အား ။
မင်း က မုန် ့ဘိုး ငွေ ကို တိုး ပေး ခိုင်း တာ ဟုတ် ပါ ပြီ ။
မင်း က မုန် ့ဝယ် စား တာ မှ မ ဟု တ် တာ ဘဲ ။ မင်း မုန် ့ဘိုး ငွေ စု ထား တာ တွေ ၊ နှစ် ကုန် တဲ့ အ ခါ တိုင်း ။
မင်း လို ချင် တဲ့ ပ စ္စည်း ရ နေ တာ ဘဲ မ ဟုတ် လား…. ။ “အ ဖေ”… သား က အ ခု အ တန်း ကြီး လာ ပြီ ။
သား လို ချင် တဲ့ ပ စ္စည်း က သား ရ တဲ့ ပိုက် ဆံ တန် ဘိုး ငွေ နဲ ့တွက် ကြည့် တော့ ဝယ် လို ့မ ရ နိုင် တော့ ။
သား က မ မှန်း ထား ရဲ ဘူး ။
သား အ ဋ္ဌ မ တန်း နှစ် ရောက် ရင် ၊ ဆီ ဆေး ပန်း ချီ ဆွဲ တာ ဝင် ပြိုင် ချင် တယ် ။ ရိုး ရိုး ရေ ဆေး နဲ ့မ ဆွဲ ချင် တော့ ဘူး ။
သား ဆ ဋ္ဌ မ တန်း အ ဆင့် တုံး က ၊ ရေ ဆေး ပန်း ချီ ဆွဲ တာ ဝင် ပြိုင် တယ် ။ အ ခု သား က ဆီ ဆေး နဲ ့ပန်း ချီ ဆွဲ လေ့ ကျင့် ချင် လို ့။
သား မုန် ့ဘိုး တွက် ကြည့် တာ ။ ဝယ် လို ့မ ရ နိုင် ဘူး အ ဖေ ။
ထို အ ခါ ….။ အ ဖေ က… သား လို အပ် တဲ့ ငွေ ပ မာ ဏ ကို အ ဖေ စိုက် ဝယ် ပေး မယ် ။
ပြော လိုက် တော့ အစ် ကို က ငို မဲ့ မဲ့ ဖြစ် လာ ပါ တယ် ။ အ တန်း တိုင်း မှာ သား က ပ ထ မ ရ အောင် အ မြဲ ကြိုး စား ခဲ့ တယ် ။
အ ခု သား ကို ကျောင်း မှာ သူ ငယ် ချင်း တွေ မေး တော့ အ လှောင် ခံ ရ တော့ ရှက် တယ် ။
အ ရမ်း ဆင်း ရဲ တဲ့ သူ တောင် မုန် ့ဘိုး (၁၅) ပြား က နေ ၊ (၂၀) ပြား ထိ ရ တယ် ဟု ပြော လျှင်…..။
အ ဖေ က အေး အေး တိုး ပေး မယ် ။ ကျောင်း စာ တ ခု ထဲ တင် မ က ဘူး ။ အား က စား လည်း ထူး ချွန် ရ မယ် လို ့ပြော ပါ တယ် ။

အစ် ကို သည် နှစ် စဉ် နှစ် တိုင်း ပင် ။ အ ဖေ ပေး သော မုန် ့ဘိုး ငွေ ရ ရှိ လျှင် ။
ထို မုန် ့ဘိုး ငွေ ကို အစ် ကို တ ပြား တ ချပ် မှ မ သုံး စွဲ ဘဲ စု ဆောင်း ထား တတ် ၏ ။
အ ဖေ က လည်း အစ် ကို မ သုံး တတ် မှန်း သိ သ ဖြင့် ၊ မုန် ့ဘိုး ငွေ ကို တိုး ပေး ရန် မေ့ လျော့ ၏ ။
ထို နှစ် အ ဖေ က အား က စား မှာ လည်း ထူး ချွန် ရ မယ် လို ့ပြော လိုက် တော့…. ။
အစ် ကို က ရေ ကူး တာ ကို အား ကျ သ ဖြင့်။
လာ မယ့် နွေ ရာ သီ ကျောင်း ပိတ် ရက် ၌ ရေ ကူး သင် ချင် ကြောင်း ခွင့် တောင်း ခံ ခဲ့ ၏ ။ အ ဖေ က ခွင့် ပြု ပေး ခဲ့ ၏ ။

အစ် ကို သည် ။ ရေ ကူး သင် ပြီး သူ ငယ် ချင်း များ နှင့် အ မြဲ ရေ ကူး ပြိုင် လေ့ ရှိ ၏ ။
အား လပ် ရက် တိုင်း ၌ ရေ ကူး လေ့ ကျင့် လေ့ ရှိ ၏ ။
အ ဖေ က အစ် ကို ့အား ။တစ် နေ ့တာ မိ မိ ဆောင် ရွက် ရ မည့် ကိ စ္စ အ ဝ ဝ အား ။
အ ချိန် ဇ ယား နှင့် လုပ် ထား တတ် သည့် အ ကျင့် ရ ရှိ ရန် ငယ် စဉ် ထဲ က ပုံ စံ ချ ထား ပေး ခဲ့ ၏ ။
အ ဖေ့ ၏ စည်း ကမ်း က လ နား အ တိုင်း နေ ထိုင် ခဲ့ သ ဖြင့် ။
နေ ့ စဉ် ဆောင် ရွက် သည့် အ ချိန် ဇ ယား က ၊ အစ် ကို ့အ တွက် ခေါက် ရိုး ကျိုး နေ ပြီ ဖြစ် ၏ ။
ရေ ကူး တတ် ကျွမ်း သည့် အ ချိန် တွင် ၊ အ တန်း တူ သူ ငယ် ချင်း များ နှင့် ရေ ကူး ပြိုင် လျှင် ၊
အစ် ကို က အ မြဲ တန်း သာ လျှင် ၊ အ ပြတ် သတ် အ နိုင် ရ သူ ဖြစ် ခဲ့ ၏ ။

ကျ မ တို ့ခေတ် တုံး က သူ ငယ် တန်း (က) ၊ (ခ) ။ (၂) နှစ် တက် ရ ၏ ။
သူ ငယ် တန်း နှင့် ပ ထ မ တန်း အ ရွယ် ထိ ကျောက် သင် ပုန်း ၊ ကျောက် တံ သာ သုံး ရ ၏ ။
ဒု တိ ယ တန်း အ ရွယ် ၌ ခဲ တံ ကို စ တင် သုံး စွဲ ရ ၏
မျဉ်း လေး ကြောင်း စာ အုပ် တွင် ၊ လက် ရေး လှ အား ခဲ တံ ဖြင့် လေ့ ကျင့် ခဲ့ ရ ၏ ။
ကျ မ ဒု တိ တန်း နှစ် ခဲ တံ သုံး စွဲ သော အ ချိန် ၌ အစ် ကို သုံး ပြီး သား ခဲ တံ အ တို အ စ ရှိ လို ရှိ ငြား တောင်း တတ် ခဲ့ ပါ တယ် ။ အစ် ကို က ငါ့ ဆီ မှာ ခဲ တံ အ တို အ စ မ ရှိ ဘူး ဟု သာ ပြော တတ် ပြီး ။
အ ဖေ့ ထံ မှ အ သစ် တစ် ချောင်း သာ တောင်း သုံး ရန် သာ ပြော ပါ တယ် ။

ကျ မ က ….ရံ ဖန် ရံ ခါ တွင် ။ အစ် ကို ကျောင်း စာ အုပ် များ ထဲ့ သည့် ဘီ ဒို အံ ဆွဲ ထဲ တွင် ၊ ခဲ တံ အ တို အ စ များ ရှိ လို ရှိ ငြား ။ တွေ ့လို တွေ ့ငြား ခ ဏ မ က ရှာ တတ် ပါ တယ် ။
ရှာ တိုင်း လည်း မ တွေ ့ ပါ ။ မ ရှိ ပါ ။ ခဲ တံ အ စွပ် တတ် ထား တာ တွေ တော့ တွေ ့မြင် ဘူး ပါ တယ် ။
ကျ မ စ တ္တု ထ တန်း အ ရွယ် နား လည် သည့် အ ချိန် ထိ လည်း ။ အစ် ကို ဆီ မှာခဲ တံ အ တို အ ထွာ များ ရှိ မ လား ဟု ရှာ တတ် မြဲ ပါ ။
ဇွဲ တော့ မ လျော့ ။ ထူး ဆန်း သည် က ခဲ တံ တို လျှင် လွှင့် ပစ် လိုက် လို ့များ လား ဟု လည်း ။ ကျ မ စိတ် က ထင် မှတ် မှား မိ ပါ တယ် ။

မူ လ တန်း အ ဆင့် စာ မေး ပွဲ အ တန်း တင် ကြီး ၊ ဖြေ ဆို ပြီး ချိန် ။ အ လယ် တန်း ကျောင်း သူ တက် ရောက် ရ မည့် အ ချိန် ။ နွေ ရာ သီ ကျောင်း ပိတ် ရက် တွေ ထဲ က နေ ့တ ရက် မှာ ။ ဖောင် ဖောင် ဝါး ဆစ် ရိုး များ အား ။ အ များ ကြီး လို ချင် ကြောင်း ။ အစ် ကို က အ မေ့ အား မှာ နေ တာ သိ လိုက် ရ လို ့။ ဘာ လုပ် မှာ ပါ လိမ့် လို ့ထင် မိ ပါ တယ် ။ အ မေ က ငါ့ သား က…သူ ငယ် ချင်း တွေ အ တွက် ပါ မှာ နေ တာ လား ။ က စား စ ရာ ပ စ္စည်း အ များ ကြီး မှာ ပြီး ၊ ဘာ လုပ် မှာ လည်း မေး ပါ တယ် ။
သား လုပ် စ ရာ ရ်ှိ လို ့ပါ ။ ဆော့ ဖို ့တွက် က အ များ ကြီး မှ မ လို တာ လို ့ပြော ပြီး ၊ အ မေ့ အ နား ပြေး သွား ပြီး ။
အ မေ့ ပါး နား အပ် ပြီး လက် က လေး အုပ် ပြီး တိုး တိုး ပြော နေ တာ တွေ ့လိုက် ရ ပါ တယ် ။
အ မေ က လည်း ပြုံး ပြီး….အေး အေး ။
အ များ ကြီး ဝယ် လာ ပေး မယ် လို ့အစ် ကို ့ကို ပြော ပြီး ။ ဈေး ဝယ် ထွက် သွား ခဲ့ ပါ တယ် ။

အ မေ ..ဈေး က ပြန် လာ တော့ ။ အစ် ကို မှာ လိုက် တဲ့ ဖောင် ဖောင် ဝါး ဆစ် ရိုး တွေ အ များ ကြီး ပါ လာ ပါ တယ် ။
အ မေ က အစ် ကို ့ကို ၊ ဖောင် ဖောင် လုပ် တဲ့ ဝါး ဆစ် ရိုး တွေ အ များ ကြီး လှမ်း ပေး လိုက် တာ ကို ။
ကျ မ မြင် ရ တော့ အစ် ကို ့နား က မ ခွါ ဘဲ ပေ ကပ် ပြီး ၊ ဖောင် ဖောင် ဆော့ ချင် လို ့ တွယ် ကပ် နေ ခဲ့ မိ ပါ တယ် ။
အစ် ကို က ဖောင် ဖောင် မှုတ် တတ် အောင် ။ ဖောင် ဖောင် အ သီး လေး တွေ ထဲ့ ပြီး မှုတ် တတ် အောင် က စား ပြ ပေး ပြီး ။
ဝေး ဝေး မှာ သွား ဆော့ ခိုင်း ပါ တယ် ။

အစ် ကို က တော့ ၊ တစ် နေ ကုန် သူ ့ ကျောင်း စာ အုပ် ပုံ တွေ ကြား မှာ အ လုပ် ရှူတ် လို ့နေ ပါ တယ် ။
ကျ မ က စား လို ့ဝ တော့ ၊ အစ် ကို ဘာ လုပ် နေ လည်း သိ ချင် စိတ် နဲ ့။ အစ် ကို ရှိ တဲ့ နေ ရာ မှာ ပြန် လာ ပြီး ။
အစ် ကို ့ဘေး နား ထိုင် ကြည့် နေ မိ ပါ တယ် ။
ဖောင် ဖောင် ဝါး ဆစ် ရိုး အ စိမ်း ရောင် က နေ အ ဖြူ တွေ ဖြစ် နေ တဲ့ အ ပြင် ။ အစ် ကိုယ့် ဘေး နား မှာ ဖောင် ဖောင် ဝါး ဆစ် ရိုး သင် ထား တဲ့ အ စိမ်း ရောင် အ မြှင် ဖတ် တွေ ကြဲ ပြန် ့လို ့နေ ပါ တယ် ။ ခဲ တံ အ တို အ ပိုင်း တွေ ။ ခဲ ဖျက် ဖင် နား ထိ ရောက် နေ တဲ့ အ တို အ ပိုင်း တွေ အ များ ကြီး တွေ ့ လိုက် ရ လို ့ ။ အံ့ ဩ မှင် သက် ဖြစ် သွား ခဲ့ ပါ တယ် ။ အစ် ကို ဘေး နား ငုတ် တုတ် ထိုင် ရင်း ။ အား လုံး ကို ၊ အ စိမ်း ရောင် အ မှေး ပါး တွေ ကုန် စင် အောင် သင် ထား တဲ့ ။ ချော မွတ် နေ တဲ့ ဖောင် ဖောင် ဝါး ဆစ် ရိုး ဖြူ ဖြူ တွေ ကို ။ ခဲ တံ အ ရှည် သာ သာ လောက် လှီး ဖြတ် ထား တာ တွေ ကို တွေ ့ မြင် လိုက် ရ ပါ တယ် ။

အစ် ကို ဘာ ဆက် လုပ် မ လည်း ဆို တာ ကို စိတ် ဝင် တ စား ကြည့် နေ မိ ပါ တယ် ။ ပိုင်း ဖြတ် ထား တဲ့ သင် ပြီး သား ဖောင် ဖောင် ဝါး ဆစ် ရိုး ကို ။ လက် တ ဖက် က နေ ကိုင် ထား ပြီး ။ တို နေ တဲ့ ခဲ တံ ရဲ ့ခဲ ဖျက် တွေ ကို ပါ ။ ကုန် စင် အောင် ထုတ် ထား တဲ့ ခဲ တံ ရဲ ့ဖင် ပိုင်း က နေ ။ ကျန် တဲ့ လက် တ ဖက် နဲ ့မ ဝင် ၊ ဝင် အောင် ထိုး သွင်း ပြီး တပ် ဆင် နေ တွေ ့ တော့ မှ ။ ကျ မ လည်း ရေ ရေ လည် လည် ။ နား လည် သ ဘော ပေါက် သွား ပါ တော့ တယ် ။
ခဲ တံ စ သုံး တတ် စ အ ရွယ် တုံး က ။ အစ် ကို သုံး တဲ့ ကျောင်း စာ အုပ် တွေ ထဲ့ ထား တဲ့ ။ ဘီ ဒို အံ ဆွဲ ထဲ မှာ အ စွပ် တွေ တပ် ထား တဲ့ ခဲ တံ ရှည် ရှည် တွေ ကို မြင် ဘူး ပါ တယ် ။ လက် တွေ ့မြင် ရ လိုက် တော့ မှ ။ ခဲ တံ အ တို တွေ ကို အ စွပ် ပြန် တပ် ထား မှန်း ဆက် စပ် သိ မိ ရ ပါ တယ် ။

ကျ မ …ပ ဉ္စ မ တန်း တက် တော့ ။ သ ချာင်္ အ ကြမ်း ချ တွက် ဖို ့အ တွက် ။ အစ် ကို ့ ဆီ က ၊ သုံး ပြီး သား ကျောင်း လေ့ ကျင့် ခဏ်း လုပ် တဲ့ ။ စာ အုပ် များ ထဲ က ၊ ဗ လာ စာ ရွတ် အ လွတ် အ နည်း ငယ် ကျန် ရှိ နေ တဲ့ စာ အုပ် တွေ ကို အ ရမ်း လို ချင် လာ မိ ပါ တယ် ။ အစ် ကို နဲ ့အစ် မ က အ ထက် တန်း အ ဆင့် ပ ညာ သင် ကြား နေ ကြ လို ့ ။ အ ရင် တက် ခဲ့ တဲ့ အ တန်း တုံး က သူ တို ့ရဲ ့လေ့ ကျင့် ခဏ်း လုပ် ထား တဲ့ ။ ဗ လာ စာ အုပ် တွေ တောင်း တော့ ။ အ ရွတ် လွတ် တ ရွက် တောင် မ ကျန် ဘူး လို ့ဘဲ ဖြေ ကြ ပါ တယ် ။
လေ့ ကျင့် ခဏ်း လုပ် တဲ့ စာ အုပ် တွေ ထဲ က နေ ။ အ ရွက် လွတ် တ ရွက် တ လေ မျှ မ ကျန် ရှိ ဘူး ဆို တဲ့ စ ကား က ။ ကျ မ စိတ် ထဲ မှာ လက် မ ခံ ချင် လောက် အောင် ခံ စား ရ ပါ တယ် ။ တ ရက် တော့ အစ် ကို ကျောင်း စာ အုပ် တွေ ထဲ့ ထား တဲ့ ဘီ ဒို စာ အုပ် စင် မှာ ။ အ လွန် ထူ ထဲ မြင့် မား တဲ့ ဗ လာ စာ အုပ် ထူ ထူ ကြီး ကို ၊ တွေ ့လိုက် ရ တော့ အံ့ အား သင့် မိ ပါ တယ် ။ တစ် ခါ မှ လည်း မ မြင် ဘူး ပါ ဘူး ။ ကျောင်း သုံး လေ့ ကျင့် ခဏ်း ဗ လာ စာ အုပ် ရောင်း ချ ပေး တာ ။ အ ရွက် (၈၀) ပါ တာ ဘဲ မြင် ဘူး ပါ တယ် ။

အစ် ကို ့စာ အုပ် ဘီ ဒို စင် မှာ တွေ ့ လိုက် ရ တာ ။ အ ရွက် (၅၀၀) ခန် ့ရှိ ပါ တယ် ။ စာ ရွက် ရေ ဘယ် လောက် ရှိ လည်း သိ ချင် လို ့။ တ ရွက် ချင်း ရေ ကြည့် မိ ပါ တယ် ။ သေ သေ သပ် သပ် ထူ ထူ ထဲ ထဲ တွေ ့ရ တာ မို ။ စာ အုပ် ကို စိတ် ဝင် စား ပြီး ဖင် တ ပြန် ခေါင်း တ ပြန် လှန် လျော လို ့ယူ ကြည့် နေ မိ ပါ တယ် ။ လက် နဲ ့လုပ် ပြီး ချုပ် ထား တယ် လို ့မ ထင် ရ အောင် ၊ စာ အုပ် က သေ သပ် လှ ပ နေ ပါ တယ် ။
မ မေး ကြည့် ရဲ လို ့၊ စာ အုပ် ကို ဘီ ဒို စင် ပေါ် ပြန် တင် ထား လိုက် ပါ တယ် ။ အ ဖေ တို ့ပြည် သူ ပိုင် မ သိမ်း ခင် က ၊ လက် ကျန် အ ဖြစ် ကျန် ရှိ နေ တဲ့ စာ အုပ် များ ဖြစ် နေ မ လား ဆို ပြီး ၊ စိတ် က ထင် မြင် မိ ပါ တယ် ။

အ ဖေ သုံး နေ တဲ့ မှန် ဘီ ဒို အ ကြီး ထဲ က ပ ထ မ ထပ် အ ဆင့် မှာ ။ လုံး ဝ မ သုံး ရ သေး တဲ့ က ထ္ထူ စာ အုပ် တွေ ၊ အ ပုံ လိုက် အ ထပ် လိုက် ရှိ နေ တာ ၊ မြင် နေ ရ ပေ မယ့် ၊ မ မေး ရဲ ။ မ ကိုင် ရဲ ပါ ဘူး ။ စာ အုပ် တွေ က ၊ ကျောင်း သုံး စာ အုပ် တွေ လို မျိုး ဟုတ် မ နေ ခဲ့ ပါ ဘူး ။
နွေ ရာ သီ က တော့ အ မြန် ပြန် ရောက် လာ သ လို ပါ ဘဲ ။ ကျ မ က ….။ လာ မဲ့ နှစ် ဆ ဋ္ဌ မ တန်း တက် ရ မှာ ပါ ။ အ လယ် တန်း တွေ ဖြေ ဆို ပြီး ပေ မယ့် ။ အ ထက် တန်း အ ဆင့် တွေ က နောက် ကျ ပြီး မှ ဘဲ ပြီး ပါ တယ် ။ အစ် ကို နဲ ့အစ် မ တို ့ အ ထက် တန်း ဖြေ ဆို ပြီး တဲ့ နောက် ဆုံး ရက် မှာ ။ တက် ကြွ လန်း ဆန်း စွာ နဲ ့အောင် နိုင် သူ ပ မာ အစ် ကို နဲ ့အစ် မ တို ့ပြန် လာ ကြ ပါ တယ် ။
အစ် ကို က တော့ ရောက် ရောက် ခြင်း ထ မင်း စား ရေ မိုး ချိုး ပြီး တာ နဲ ့သူ ့ကျောင်း စာ အုပ် တွေ ထဲ့ ထား တဲ့ ၊ ဘီ ဒို ကို ရှင်း လင်း နေ ခဲ့ ပါ တယ် ။ လေ့ ကျင့် ခဏ်း လုပ် ထား တဲ့ ဗ လာ စာ အုပ် တွေ ကို တ ရွက် မ ကျန် လှန် လျော ယင်း စစ် ဆေး ကြည့် ရှူ နေ တာ တွေ ့ပါ တယ် ။
ကျ မ က ….အစ် ကို ဘာ လုပ် မ လည်း လို ့စိတ် ဝင် စား မိ ပါ တယ် ။ ။

12 comments

  • Passing By

    October 7, 2012 at 7:52 pm

    တော်ပါပေတယ်ဗျာ။ ကျွန်တော်လည်းအဲ့လိုအကိုလိုချငိတယ်။ ဖြစ်တော့မဖြစ်ချင်ဘူး ဟီး။

  • ကိုခင်ခ

    October 7, 2012 at 8:39 pm

    ကျွန်တော်လည်း မအေး အစ် ကို ဘာ လုပ် မ လည်း လို ့စိတ် ဝင် စား နေရင်း
    နောက်အပိုင်းကိုမျှော်နေလျှက်–။

  • မောင်ပေ

    October 7, 2012 at 8:42 pm

    ရည်းစားစာရေးဖို ့ ဗလာစာရွက်များ ပါလေမလားလို ့
    သေချာလိုက်စစ်နေတာများလား…
    ဟီဟိ
    ဒေါ်လေးကေရေ.. နောက်တစ်ပိုင်းမှ ဖြေပေါ့ဗျာ

  • Hnin Hnin

    October 7, 2012 at 8:53 pm

    တော်လိုက်တဲ့ တီကေ့အစ်ကို….နှင်းနှင်းအစ်ကိုတွေကတော့ လေးစားအားကျရတဲ့
    အစ်ကိုတွေမဟုတ်ဘူး…(သတ်ရင်သတ်ပါစေ :mrgreen: ) သူတို့က လက်ကလည်း
    ဖွာတယ်(သူတို့အတွက်ပဲ)
    …နောနော် နဲ့ အမျိုးတော်တယ်လေ..’အတိုင်းထက်အလွန်’ …..
    နှင်းနှင်းကိုတော့ မ,စေ့စပ်သေချာတဲ့….အစ်ကိုတွေ မှာစရာ၊ပြောစရာရှိရင် တစ်ခြမ်း
    လွတ်စာရွက်တွေ(တစ်ခြမ်းရေးပြီးသား)သိမ်းထားပြီး အဲဒီ့အပေါ်မှာ ရေးပြောတတ်လို့
    အစ်ကိုက သုံးပြီးသားစာရွက်တွေနဲ့လျှောက်ရေးနေတယ် note ရေးဖို့ ငါစာအုပ်လေး
    နှစ်အုပ်ဝယ်လာတယ်ဆိုပြီး ဟို့နေကတည်း လာပြတာ ခုထိမသုံးဖြစ်သေးဘူး….
    ပိုက်ဆံ ၁၀၀၊၂၀ဝ ကို ကပ်တွက်တာတော့မဟုတ်ဘူး.အကျင့်ကိုက ဖြစ်သွားတာ…
    တီကေ…..နောက်ပြီး အင်္ကျီချုပ်ဖို့ design ဆွဲတဲ့ pattern စာရွက်က ပုံညှပ်လိုက်လို့
    ထွက်လာတဲ့ စက္ကူအပိုင်းအစတွေလည်း ပြန်ညှပ်ပြီး စာရင်းအကြမ်းလုပ်သေးတယ်….
    အိမ့်လွှဲအပ်စာရင်းကိုင်ချုပ် ဆိုတော့ အသုံးဝင်နေတာ…ဒီလိုလုပ်တာက ကိုယ့်ဟာ
    ကိုယ်တော့ဘာမှမဟုတ်ဘူးလို့ထင်ပေမယ့် သူများတွေ့ရင်တော့ ကပ်စီးကုပ်လိုက်
    တာလို့ပြောမယ်ထင်တယ်…ကပ်စီးနည်းတဲ့သူတော့ မဟုတ်ဘူး…စားသင့်၊သုံးသင့်၊
    ဝယ်သင့်တာ စား၊သုံး၊ဝယ်တယ်…တခါတခါကျရင်လည်း မယုံနိုင်လောက်အောင်
    အတိုင်းထက်အလွန် ဝယ်ပစ်တတ်သေးတယ်… (ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပေါက်ကွဲပစ်
    လိုက်တာပဲ..ဘာဖြစ်လဲနော့.. :mrgreen: )

  • padonmar

    October 7, 2012 at 10:17 pm

    aye.KK အကို ဘာလုပ်မလဲမှန်းလို့ရပါတယ်။
    ဗလာစာအုပ်ထဲက မရေးရသေးတဲ့ စာရွက်လွတ်တွေ ဖြဲယူမှာလို့ထင်ပါတယ်။
    ဘာလို့လဲဆိုတော့ ကျမတို့ငယ်ငယ်ကလည်း အဲဒီလို သုံးခဲ့ရလို့ပါ။ ခဲတံတိုလည်း ဘောပင်အဖုံးစွပ်ပြီးရေးခဲ့ရပါတယ်။
    စာရွက်ဆို တစ်ဖက်လွတ်ကျန်ရင်တောင် တူရာတွေစုပြီး အကြမ်းရေးဖို့ အပ်ချည်နဲ့ ချုပ်ခဲ့ရပါတယ်။
    ခုခေတ်ကလေးတွေကတော့ ရီမှာပဲ။

    • ကထူးဆန်း

      October 7, 2012 at 10:36 pm

      ဟီး ဟီး :hee:

  • padonmar

    October 7, 2012 at 11:25 pm

    ကထူးဆန်း
    ကိုယ့်ကိုကိုယ် ခုခေတ်ကလေးပါလို့ပြောတာလား။

  • ကြောင်ကြီး

    October 8, 2012 at 3:33 am

    အဲလိုလူဂျီးမျိုးတော့ ယောက္ခမတော်ချဉ်ပေါင်ဗျာ။ ရှိသမျှအမွေတွေ အားလုံးလွှဲပေးပြီး “သားကြောင်ကြီး သင့်သလို စီမံပါ” ဆိုရင် တမျိုးပေါ့လေ။ :kwi:

  • eipu

    October 8, 2012 at 11:55 am

    တော်လိုက်တဲ့အကိုနော်။
    အကြီးတစ်ယောက်ပီသပါတယ်။
    အငယ်တွေအတွက် အတုယူစရာလေးတွေကို ရှေ့ဆောင်လမ်းပြလုပ်ပေးနိုင်တယ်။

  • aye.kk

    October 8, 2012 at 5:19 pm

    ကွန်မန်းပေးသူအားလုံးကိုကျေးဇူးအထူးတင်မိပါတယ်။

  • etone

    October 9, 2012 at 4:11 pm

    အန်တီအေးရေ …
    အစ်ကိုဆိုတာ… အခုလို လူမျိုးဖြစ်သင့်တာ …. ၊အားကျစရာကောင်းတဲ့ အစ်ကိုမျိုးရတယ်ဆိုတာ သိရတာဝမ်းသာပါတယ် ။ ကိုယ့်အရှေ့က အကြီးက … အခုလို အတုယူစရာအဖြစ်နေပြတော့ ၊ နောက်က ညီမဖြစ်တဲ့လူကလည်း အတုခိုးပြီး အကျင့်ကောင်းတွေ ကူးစက်ကုန်တာပေါ့ ။ အန်တီအေး ကံကောင်းတယ်လို့ ပြောရမယ် ။

    အိမ်က အစ်ကိုကတော့ ၊ ရှိတာမှ မောင်နှစ်မ နှစ်ယောက်တည်း ၊ ခဏခဏ နပမ်းသတ်ရတယ် ။ စိတ်မတိုတိုအောင် အရမ်းအစသန်သလို ၊ ဘယ်တုန်းကမှလည်း လွယ်လွယ်နဲ့ အလျော့မပေးခဲ့ဘူး ။ ငယ်ငယ်ကတော့ ခဏခဏ ထထသတ်လို့ ဗျင်းခံရတယ် …. ။ သူကတော့ တကယ်မထုရက် မရိုက်ရက်ပေမယ့် ကိုယ်က ဒေါသထွက်လာလျှင် မျက်စိထဲ ဘာမှ မမြင်ပဲ ၊ လက်လွန်ခြေလွန်တွေ ဖြစ်တတ်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ……… မောင်နှမဆိုတာ ….. သတ်လည်း ခဏပေါ့ … အရေးကြီးတဲ့အချိန် စည်းလုံးကြရပါတယ် ။ အခုလို အိမ်ထောင်ကျပြီး တစိမ်းဝင်လာတဲ့အချိန်မှာ အရင်ကလို နပမ်းလုံးနေတဲ့ အချိန်ကလောက်တော့ မနွေးထွေးတော့တာအမှန်ပါပဲ ။ 🙄

    ဒုတိယပိုင်းကိုပြေးဦးမယ် … ဒီနေ့ပမှ ပထမပိုင်းဖတ်တာက … ၊ အပိုင်း အကုန်တင်ပြီးမှ ဖတ်မယ်ဆိုပြီးစောင့်နေတာကြောင့်ပါ ။ :hee:

  • aye.kk

    October 9, 2012 at 8:14 pm

    etone,..ရေ။
    ကျေးဇူးပါ။
    မောင်နှမတွေဆိုတာကအရမ်းချစ်လွန်းတော့၊အကျီစားသန်ပြီးရန်ဖြစ်တာမျိုးတွေက
    မိသားစုတွေထဲမှာအများဆုံးဖြစ်ကြပါတယ်။
    အစ်ကိုကအကြီးဆုံးဖြစ်တဲ့အပြင်၊အန်တီနဲ ့က(၈)နှစ်ကွာတော့။အရွယ်ကအတော်ကွာဟမှုဖြစ်
    ခဲ့တာလည်းပါတာနေမှာပါ။မောင်နှမအရင်းတွေဖြစ်ကြပေမယ့်ဉာဏ်ရည်ကတော့မတူလာကြပါဘူး။
    အန်တီကလိုက်မမှီပေမယ့်အရမ်းလေးစားခဲ့မိရပါတယ်။

Leave a Reply