လောကဓာတ်ဆြာဂျီး နှင့် ပန်းသီးဖီလင်
မန်းဂဇက် သဂျီးမင်း တယောက် အလုပ်ရှုပ်နေ၏။
ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း သူက ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်ကို
အသေးစိတ် စေ့ငုသူ ဆိုလေတော့ … အော်တိုငုတ်တုတ် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ
ရထားလေသူတည်း။ ယခုလည်း တမလွန် ကို သွားမယ် တကဲကဲ လုပ်လေသည်။
ယခင်ကတော့ အတိတ်ကလူ ပစ္စုပ္ပန်ကိုလာ .. ပစ္စုပ္ပန်ကလူ အတိတ်ကို ပို့နှင့်
အမျိုးမျိုး စမ်းဖူးလေသည်။ ယခုမူကား … တမလွန်ဆိုသော နေရာကြီးသို့
ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ပေအံ့ ဟု စိတ်ကို ဒုံးဒုံးချလိုက်သတည်း။
ခက်သည်။ အလွန်ခက်သည်။ ခက်သည်မှာ ရွာသူရွာသားများတည်း။
သဂျီးတယောက် မကြံကောင်းမစည်ရာ ကို ကြံစည် သည်ကို လည်း သိလျက်
ဘယ်သူမှ မတားကြသည့်အပြင် မြှောက်ထိုးပင့်ကော်ကြလေသည်။
ရွာ့သမားတော် ကို မင်ခ (ခင်တာနဲ့ မင်တာ တူတူဗျဲ) ဆိုသူက သဂျီး၏
တမလွန် ခရီးအတွက် အလှမပျက် ချွေးမထွက်ဘဲ လိုရာခရီး နီးစေရန်
ဆေးနည်း အဖြာဖြာကို စီရင် ရေးသားလေသည်။ ရွာ့ ကာလသားခေါင်း
ကြောင်အဆီပိတ် ဆိုသူမှလည်း ..သဂျီးနောက်ဆံမတင်းစေရန် အက်ဒမင်
ပါ့စ်ဝါ့ဒ် ကို ကျိတ်တောင်း လေ၏။ သည်ကြားထဲ ရွာ့ အရီး- အရီးလစ် (လစ်တာနဲ့
လတ်တာ ဘာကွာတုန်း) ကလည်း သဂျီး မခံချိမခံသာ ဖစ်အောင် တိုးတိုး တစ်မျိုး
ကျယ်ကျယ်တဖုံ ကြပ်ပေးလေသည်။ ပေါက်သည့်နှဖူး မထူးတော့ဘီ။
ထွက်ပြီးသား ဆင်စွယ် သို့လည်းကောင်း သဂျီးတို့မည်သည်ပြောပြီစကား ပြန်ပြင်ရိုးမရှိပေ။
ဖတ် — ဖတ် …။ လျှင်သည် သွက်သည်။ ခြေလုံပြီး အနှုတ်အသိမ်းမှာ မက်ဆီ အလား…။
ဟုတ်သည် .. ပုဆိုးခါးတောင်းကျိုက်ထားသော စိုင်းထီးဆိုင် ကို ကျွဲကော်ကိုင်း တပ်ပေးပီးသကာလ
မိုက်ကယ်ဂျက်ဆင်၏ မွန်းဝေ့ါခ်လှုပ်ရှားပုံမျိုးနှင့် မြင်ကြည့်ပါ စာဖတ်သူ။
အိပ်ခန်းတွင်းသို့ ခြေဖော့ ဝင်လာသော အူးခိုင်၏ ပုံဖြစ်ပေသည်။ ခြေမဖော့ ဝင်လို့မဖြစ်။
လေဒီခိုင် သိလျင်မိုးမီးလောင်မည့်ကိစ္စတည်း။ ဟုတ်ပါသည်။ နန်းတွင်းသမားတော် မျိုးဆက်
ကိုမင်ခ ၏ အွန်ယွာဝေးထူ တမလွန် ဆေးနည်း ပေါင်းစုံတွင်းမှာမှ ရှင်မတောင်နှင့် ပန်းသီးဖီလင်
ဆေးအမယ်ကို အူးခိုင် ရွေးချယ်ခဲ့ပြီ ဖြစ်သည်။ ရေမချိုးမီ လေဒီခိုင် ေသွးထားသော သနပ်ခါး
ကျောက်ပြင်ကို တကော် ကော်ရန် အားထုတ်ခြင်းပင် ဖြစ်လေသည်။ ဒါ လျှို့ဝှက်အပ်တဲ့ကိစ္စမို့
ယခုကဲ့သို့ လေဒီခိုင် ရေချိုးနေတုန်း နင်ဂျာလှမ်း လှမ်းရခြင်းဖြစ်ပေသည်။
ဘယ်ဘက်လက်တွင် အရွယ်တော် ပန်းသီးတစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၍
ပါးစပ်တွင် စတီးလ်ရောင် တောက်နေသော အသားလှီးဓားကို ကိုက်ထားရင်း ညာဘက်လက်က
တစ်ချောင်းတိတိသော လက်ညှိုးကို ထောင်ကာ ဒီတစ်တာ ဇာတ်ကားထဲက ဓါတ်ရှင်မင်းသား
အမူအယာနှင့် ကျောက်ပြင်ထက်မှ သနပ်ခါးကို တစ်ကော်တိတိကော်လေသည်။ ထို့နောက်
ပလွတ်- ဂျွတ် …။
ရှင်းပါမည်။ ပလွတ် ဆိုသည်မှာ .. သနပ်ခါး ကော်ထားသော လက်ညှိုးကို စုပ်သံဖြစ်ပြီး..
ဂျွတ် ဆိုသည်မှာ ဘယ်ဘက်လက်မှ ဆုပ်ကိုင်ထားသည့် ပန်းသီးကို မိမိရရ ကိုက်ချလိုက်သံဖြစ်သည်။
ထို့နောက်အူးခိုင်တယောက် မူးရိပ်မူးရိပ်ဖြင့် စားပွဲပေါ်က အရာတစ်ခုကို တိုက်ချလိုက်မိလေတော့သည်.။
♪ .. ♫ ..
♪ .. ♫ ..ကြည်ပြာ … မင်းသမီးလေး ကို လိုဂျင် တပ်မက်မောလွန်းသူ ..♪ .. ♫ ..
♪ .. ♫ ..ရာမတ် … မင်းသားလေးနဲ့ မယှဉ်နိုင် အသောက် ပြိုင်ပွဲမှာ..♪ .. ♫ ..
♪ .. ♫ ..ဟံသာဝတီမှာ ကားပွဲစားနဲ့ တအားသောက်ခဲ့တာများ .. ဘာဒဲ့ ..♪ .. ♫ ..
♪ .. ♫ ..ပန်ချာပီတွေ တအားစွဲသွားတဲ့ မင်းသမီးလေး ကြည်ပြာ .. ဘယ်သူလဲ …♪ .. ♫ ..
♪ .. ♫ ..အချစ်ရှုံးသမား .. ဒဿဖွတ်ကျား … ဒဿဖွတ်ကျား ..♪ .. ♫ ..
♪ .. ♫ ..ကျမကို ညှစ်တာ ဘူတဲ့လဲ …ကျမကို ဖျစ် တာ ဘူတဲ့လဲ …♪ .. ♫ ..
♪ .. ♫ ..ဒဿဖွတ်ကျား … ဒဿဖွတ်ကျား ..♪ .. ♫ ..
ဟိုက်. .. သွားပီ ။ ဘူမှ မသိအောင် သနပ်ခါး လာကော်စားပါတယ် ဆိုမှ
ကတ်ဆက်ခလုပ်ကို တိုက်ချမိသည်။ ထွက်လာသော သီချင်းသံမှာကား ..
သမီးတော်ကလေး အသည်းစွဲ ယနေ့နာမည်ကျော် လူငယ်အဆိုတော် ဖားသက်ပြင်း၏
၂၁ရာစု ဒဿ ဖြစ်သည် …။ သွားဘီ … လေဒီခိုင် ကြားသွားလောက်ပြီ ..
ဘယ်လိုလုပ်ရပါ့ …။ ဂွီ ….။
သည်တခါတော့ အသံက ဝမ်းဗိုက်မှ …။ မတတ်နိုင် ၊ ဓားနှင့် ပန်းသီးကို ပစ်ချပြီး
အိမ်သာသို့ တချိုးတည်း ယွန်းရတော့သည်…။ စက္ကန်း ..ဂွီ…။
ထို့နောက်တွင်ကား .. အမှောင်အတိ။
ဒီမယ်ရာမ … ဗိုလ်လုပ်ချင်တဲ့ လူဆိုတာ .. ဟောသလို မှန်အောင်ပစ်ရဒယ်ကွ …။
ဒိုင်းညှောင့် …။ ပြောပြောဆိုဆို .. ကွေးနေအောင်က-တော့သည်။ ခေါင်းနှင့် ရင်ဘတ်တွင်
ပုဝါ အနီစီးထားပီး ကြက်ကင်နှင့် အရက်ပုလင်း စွဲကိုင်ထားသူတည်း …။ ဒါ … ဒါ ….
ဟုတ်သည် … ဦးမင်းကျော်တည်း …။ သဂျီး ခေါင်းနားပန်းကြီးသွားသည်။ တဖက်ကိုကြည့်ပြန်တော့
ယောင်ကြီးဗွေနှင့် စောင်းကောက်ပိုက်ကာ မှုန်တေတေ ရပ်ကြည့်နေသူတစ်ဦး ။ ပိုမို၍ကျောချမ်းမိသည်မှာ
အနောက်အရပ်မှ တခစ်ခစ်ရီသံ ဖြစ်သည်။ လှည့်ကြည့်မိတော့ လားလား … မနှဲလေး ပါလား…..။
ကြက်ဥလေးတစ်လုံးကိုင်ကာ အတောမသတ်အောင် ခစ်ခစ် နေလေ၏။
သွားဘီ ..။ လူ့ဘဝတုန်းက အင်းနား သာတီဆဲဗင်း အောက်တား သာတီဆဲဗင်း စပ္ပါယ်ယာ သာတီဆဲဗင်း
ဆိုပီး ပြောချင်တိုင်းပြောခဲ့သမျှ၊ ယခု နှဖူးတွေ့ဒူးတွေ့ တွေ့လေပြီ။နှဖူးမှ ချွေးစေးများကား ဇီးကင်းခန့် ..။
ဘေးပတ်ချာလည် ဝိုင်းရံထားသည်မှာ နတ်စိမ်း နတ်ကျက် နတ်ရေလုံပြုတ် နတ်ကင် နတ်နှပ်တွေ ချည်း။
မောင်မင်းလား ..ဒို့ကို အမေဒစ်ကင်န် စစ်တပ်ကို ပြစားမယ် ဆိုတာ …။
ဟင်င်င်င်င်…..။
နံကရိုင်းမယ်တော် မှ မေးခွန်းထုတ်လိုက်ခြင်းပေတည်း…။
ကိုင်း… မောင်မင်းကို နတ်ချုပ်ကြီး ဆီ သွင်းမယ်။ … ကိုင်း ဆိုစမ်း ..
မောင့် လပြည့်ဝန်း …။
ဟာာာာာ….။
သွားဘီ… ဟုတ်သည် ..။ တမလွန်ကို လာတာတောင် ကိုယ်နဲ့မကွာပါလာသည့်
ကျွဲကော်ကိုင်း တခမ်းမွေး(c/d to ကိုရင်ရှုံး) နှင့် အလယ်ခွဲဆံပင်ကေ ၏ ကောင်းမှုတည်း..။
လူမှားမယ့်မှားတော့ဘိုထီးနှင့် မှားရတယ်လို့ ..။ မတတ်နိုင် .. ဆိုဆို ..ဆိုလိုက်ယုံသာ ..။ ထုတ်ပြစရာ
မပုတင်သော်လည်းကောင်းပါ့စ်ပိုတ့်သော်လည်းကောင်း ဗစ်ဇင်းတစ်ကတ်သော်လည်းကောင်း
ပါမှမလာပဲကိုး …။
စ-ဆိုပါပြီ… စတီဗင်တိုင်လာ ကောက်ညင်းပေါင်း စားထားသည့်လေသံဖြင့် …..။
♪ .. ♫ ..အမှောင်ညကို စွန့် သွား ဒဲယ် ဟဲ့ဟဲ့ .. မောင့် လက်ပစ်ဗုံး ….♪ .. ♫ ..
==============================================================
တော့မလဲတော် ..တကလဲတော် .. တကလဲတော် ….
ထိပ်ဆုံးကြားရသည်မှာ လေဒီခိုင်၏ ပြစ်တင် ရေရွတ်သံ ..။
ထို့နောက် သတိထားမိသည်မှာ နံရံမျက်နှာကျက်နှင့် ကြမ်းပြင် ..။
ဒါ.. ဒါ … ငါ့ အိမ်. . ငါ့အိမ်ဘဲ ..။ ငါ. .. ငါ မသေဝူး … ငါမသေဝူး..။
ထိုသို့ တွေးပီး .. ဝေးဟေးဟေး .. ငါမသေဝူးကွ … ။ ဟု အော်မိသည်။
အဲ.. ပတ်ဝန်းကျင်ကို စူးစမ်းကြည့်တော့မှ လားလား ….။
ကုတင်၏ ဘေးတဖက်တချက်ဝယ် ရွာ့ သမားတော် အန်ကယ် ဒုံ က နားကြပ်ကလေး တပ်လျက် ..။
ပယောဂဆရာ တွံတေး ဦးနက်ချောက ကွမ်း တမြုံ့မြုံ့ .. ။ သူ့ဘေးတွင်မူ မြန်မာဆေးဆရာ ကိုထက်ဝေး။
သူတို့ပုခုံးကိုကျော်ကြည့်လိုက်တော့ လက်ပိုက်ရင်း ခေါင်းတွင်တွင်ယမ်းနေသူ ကိုကိုကြောင်။
နေကြာစေ့ တဖောက်ဖောက် ကိုက်နေသော အန်တီဝေါင်း …။ လှုပ်လီလှုပ်လဲ့နှင့် သူသတိလစ်တုန်း
သူ့ပုလင်းတွေ အကုန်တွယ်ထားကြသော ကိုဗိုက်၊ကိုအံ နှင့် ချိုင်းနိစ့်မာဖီးယား ဗလာဒီမာ ယွဲစည် ။
သမီးတော်ကလေးကို ကလူ၏ သို့ မြှူ၏သို့ လုပ်နေသူ မိဂီ။ ထို့အတူ ထီပေါက်ပီး ထီလက်မှတ်ပျောက်သလို
မျက်နှာပေးနှင့် ရွာသူရွာသားများ..။ လက်ခမောင်းတဖြောင်းဖြောင်း ထခတ်ကုန်သော ဝါတာကာလာ ဂိုဏ်းသားများ …။
အိခ် … သေတယ်ဆိုတာ ခန အိပ်သလိုပဲတို့ … သုံးကိုယ်ခွဲတာတို့ .. ပရလောက မယုံဝူးတို့
ကြွေးကျော်ခဲ့သမျှ ပြန်အမှတ်ရကာ အရှက်သည်းနေ၏။
တော့်မလဲတော်. .တကလဲတော် တကလဲတော် … လေထိုးလို့ သနပ်ခါးစားချင်တယ်ဆို
ပြောပါလား .. ရေသန့်နဲ့သွေးပေးမပေါ့ … ခုတော့ ဘုံဘိုင်ရေနဲ့ သွေးထားတာကို .. စားစရာလား..။
လေဒီခိုင် ထပ်မံ မြည်တွန်တောက်တီးလေတော့၏။
ဟုတ်သည်.. ။ ဤသို့နှင့် အစားမတော်တကော် ဆိုသော စကားအသစ် သဂျီးကောင်းမှုကြောင့်
ပေါ်ထွန်းလာပေသတည်း …။ တကယ်တော့ သနပ်ခါးတွင်ပါသော ရေမသန့်သောကြောင့်
ဝမ်းတော်လားကာ သတိလစ်ရင်း .. ထင်ရာမြင်ရာတွေ တွေ့ခြင်းတည်း။
သဂျီး မသေ ဟူသော သတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရွာ့ အသီးသီးသော
ဂိုဏ်းဂန အဖွဲ့အစည်း အပေါင်းမှ ပြန်ကြားချက်များ အလျှိုလျှို ထွက်ပေါ်လာကြပေတော့သည်။
ပံတျာအမတ်မင်းနှင့် ချစ်တောမောင် တို့ ဦးစီးသမှုပြုအပ်သော နယ်စီးမခြား အရက်သမားသမဂ္ဂမှ
ဝမ်းနည်းခြင်း အခမ်းအနား ပျက်ပြားသွား၍ လွန်စွာ ဝမ်းနည်း သည် ဟူ၍လည်းကောင်း ၊
ချစ်တောနွယ် တို့၏စားဖိုမှူးအသင်းမှလည်း … လက်စွမ်းပြခွင့်မကြုံရ၍ စိတ်မကောင်း ဟူ၍လည်းကောင်း။
ရွာ့ ဘောဝါသနာရှင်များအသင်းကတော့ ကြုံတောင့်ကြုံခဲ ဆူဇူကီး ဖလားပွဲဝင် လက်ရွေးစဉ်အသင်းကို
မှိုင်းမတော်မမူသောကြောင့် ကန့်ကွက်သည် ဟူ၍ လည်းကောင်း နှူးဘာဂိုဏ်း မှလည်း အိုကီနာဝါရောက်
နှမတော်လေး ဆုရစေရန် မကြိုးကုတ်သောကြောင့် မကျေနပ် ဟူ၍ လည်းကောင်း .. အသီးသီး
မှတ်ချက်ပြုကြပေသတည်း..။
လောကဓါတ်ဆြာကြီးအူးခိုင် နောက်ဆုံး လေးလေးပင်ပင် ပြောချလိုက်သည်မှာကား …။
အနှစ်တထောင်ကျိန်စာ ..
အနိစ္စ..။
21 comments
ကြည်ဆောင်း
October 10, 2012 at 11:19 am
တဂျီးနဖူးကချွေးစေးတွေက ဇီးကင်းခန့်ဟုတ်ဘူးဗျို့ ..
ကြက်ဥလောက်တဲ့ ….
:harr:
တမလွန်ပြန်တဂျီးဆိုပြီး ရုံသွင်းပြစားလိုက်ရင်ရော…
:bar:
surmi
October 10, 2012 at 11:27 am
ဖြစ်ရလေသဂျီးရယ်
ကျုပ်မလဲ ဈာပနမှာ ဂျလေဘီရောင်းရနိုးနဲ ့မျှော်နေတာ ခုတော ့
:harr:
မောင်ဂီရေလုပ်ထားဟေ ့
အန်တီမမပြောသလို ရွာသားပီသအောင်တဲ ့ ဟားဟားဟား
Novy
October 10, 2012 at 11:44 am
ဒီကတော့ အချိုပွဲအတွက် ရွှေဖယုံသီးအော်ကေ့ကြည်တွေလုပ်ပြီးစောင့်နေပါတယ်ဆို
တေလဲတေဝူး ပြန်ချင်လာတယ်
Khaing Khaing
October 10, 2012 at 12:32 pm
သူ့မလဲ .. ပို့စ်တပုဒ်တင်တိုင်း သကြီးကို အမျိုးမျိုးပုံဖော်နေတယ် … ဒီတစ်ခါ သူကြီးမပါအောင်ရေးအေ … တစ်ခါလာလည်း ဒီမင်းသား တစ်ခါလာလည်း ဒီမင်းသား … မင်းသားအသစ်ကလေးဘာလေး တင်ပါဦးဗျို့ …
လုံမလေး မွန်မွန်
October 10, 2012 at 12:34 pm
သဂျီးဈာပနဆိုတော့ ရွာဘုန်းကြီးပျံလိုပဲ စည်မှာပဲဆိုပြီး ရွာရိုးကိုးပေါက် လျှောက်ဆော့မလို့ကို…ခုတော့…
ပြန်ရှင်လာတာ..ဝမ်းသာပါတယ်လို့.. 😆
kai
October 10, 2012 at 12:41 pm
အဲဒါကိုရင်ခအပြစ်ဗျ..
အစထဲက.. သနပ်ခါးနဲ့ပန်းသီးခရီးသွားလမ်းစဉ်မလုပ်ပဲ..
တခါတည်း…ဆိုင်ယာနိုက်နဲ့.. တံတွေးမတည့်ဘူးလုပ်ထည့်လိုက်ပြီးတဲ့ဟာကို.. ပဲ..ဟာကို..
အခုတော့.. တမလွန်နတ်မျက်စိခဏငှားပြီး.. အဲဒါနဲ့.. ချောင်းစရာချောင်း.. အဲ..ကြည့်စရာကြည့်တာလုပ်မလို့ဟာ..
အနိစ္စ.. :kwi:
marblecommet
October 10, 2012 at 2:12 pm
လောကဓာတ်ဆြာဂျီးရဲ့
မောင့်လပြည့်ဝန်းကို
စတီဗင်တိုင်လာ ကောင်းညှင်းပေါင်းစားထားတဲ့အသံ
မျိုးနဲ့ ဆိုလေခြင်းကို
နားထောင်ချင်ထှာ
ဘယ်လိုဗားရှင်းမျိုး ထွက်မလဲလို့
သိချင်ထှာ
….
သူရာရောက် ဗားရှင်းပေါ့….
Mon Kit
October 10, 2012 at 2:19 pm
မိဂီမ……
ဖတ်ပြီး ရယ်ရလွန်းလို့ကွယ်….
ရေးလည်းရေးတတ်ပါပေရဲ့…
မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ဘဲ… သူကြီး ပုံစံကို…
:hee: :hee: :hee:
myanmarcitizen
October 10, 2012 at 2:28 pm
“ဘယ်ဘက်လက်တွင် အရွယ်တော် ပန်းသီးတစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၍
ပါးစပ်တွင် စတီးလ်ရောင် တောက်နေသော အသားလှီးဓားကို ကိုက်ထားရင်း ညာဘက်လက်က
တစ်ချောင်းတိတိသော လက်ညှိုးကို ထောင်ကာ”
သဂျီးပုံကို ကွက်ကွက်ကွင်းမြင်မိတယ်ဗျာ။ ဒါနဲ့ အစကစဉ်းစားမိတယ် သဂျီးနှယ် သေမှာတောင်ပန်းသီးကို ဓါးနဲ့ခွဲပြီးစားအုန်းမှာလား။ ကြာလို့ ဒီအတိုင်းကိုက်စား … မြန်မြန်သေပြီးတယ်မလားပေါ့… ဟီး ဟီး။ နောက်တော့လဲ ဂျွတ် ဆိုပြီး ကိုက်စားတာပဲ ဆိုတော့။ သဂျီးတစ်ယောက် ဓါးကိုက်ထားတာ တမလွန်မှာ သုံးဖို့ထင်တယ်နှော်။ 🙂
နာမည်အမျိုးမျိုးနဲ့လူကြီးရေ အရေးကောင်းသမို့ ရီပြီး ဖတ်ရူု့သွားပါကြောင်း
MaMa
October 10, 2012 at 2:34 pm
တရားပွဲတစ်ခုမှာ တချို့လူတွေ သေခဲတယ်ဆိုတာကို ဟောသွားတာလေး သွားသတိရမိတယ်။ :kwi:
တခါက သားဖြစ်သူ အခြေအနေမကောင်းလို့ ကိုးကွယ်နေတဲ့ သံဃာတော်များကိုပင့်ပြီး လူနာနားမှာ တရားတော်တွေ ရွတ်ဖတ်စေတယ်တဲ့။
သံဃာတော်များက ရွတ်ဖတ်နေရင်းမှာ လူနာက အသက်ကို ပြင်းပြင်းကြီး ရှုလိုက်၊ နှေးသွားလိုက်၊ ငြိမ်သွားလိုက်နဲ့ဆိုတော့ ဘေးလူတွေက မျက်တောင်မခတ်ရဲပဲ စောင့်ကြည့်နေကြရတာပေ့ါ။
အဲလိုနဲ့ ညနေစောင်းကတည်းက ဖြစ်နေလိုက်တာ အာရုဏ်တက်ခါနီးထိ မသေနိုင်တော့ ကြာတော့ တခြားလူမဟုတ်ပဲ လူနာရှင်ရဲ့ အမေကိုယ်တိုင်က သေပဲ မသေနိုင်ဘူး ဆိုပြီး ထွက်သွားတယ်တဲ့။ :harr:
လယ်ထွန်Z
October 10, 2012 at 2:46 pm
ချက်ထဲမှာ အပြင်ထွက်နေလို့ ပြန်မဖြေဖြစ်လို့
ဒီကနေပဲ ဖြေလိုက်ပါတော့မယ် မာမားရေ..
မာမား နည်းနည်း သတင်းနောက်ကျနေတာ..
တိုင်ဖုံး ဝင်တုန်းက မောင်ဂီ့ အိုကီနာဝါရောက်နေသဗျ..
တည့်တည့်ကြီးကို တိုးတာ … ဟီး..
အသက်၄ဝ တန်းလူကြီးတွေကတော့ ပြောရှာတယ်
သူတို့တသက် အပြင်းဆုံးပဲ တဲ့ .. တက်ဘလွတ်ပေါ်ကနေ ပုံတင်လို့မရလို့..
အဆင်ပြေမှပဲ ..ခရီးသွား ပုံတွေ တင်ပါတော့မယ်ဗျို့ …
http://en.wikipedia.org/wiki/Shuri_Castle
ခုတလောတော့ အဲ့သည့် အကြောင်း စာအုပ် ဝယ်လာပီး ဖတ်နေပါတယ်ဗျ
ကံဆိုးတာပေါပါတယ်… နန်းခင်ဇေယျာလေး နဲ့ ၁ပါတ်တည်း ကပ်လွဲသွားပီး
တိုင်ဖုန်းနဲ့မှ တည့်တည့် တိုးတယ်..
MaMa
October 10, 2012 at 3:21 pm
သနားထှာ :kwi:
pooch
October 10, 2012 at 3:36 pm
ကြက်ကင်ကိုက်ပြီး အရက်ပုလင်းကိုင်တာ ဦးမင်းကျော် မဟုတ်ဖူး ကိုကြီးကျော် နတ်တဲ့။
နာမည်မှားတာ မကျေနပ်လို့ ရွာထိပ်မှာ လာအော်သွားတယ်။ 😆
လယ်ထွန်Z
October 10, 2012 at 6:02 pm
အဲ့. သူ့နာမယ် ပါဗျ
အမှတ်မမှားဝူးထင်ပါ့
http://yoeyoeblog.blogspot.jp/2009/04/blog-post_23.html
amatmin
October 10, 2012 at 4:07 pm
သဂျီးဘဝပြောင်းသွားရှာပီး မှတ်လို့….ဝမ်းနည်းချင်ယောင်ဆောင်ပီး
ရွာ့သဂျီးသစ်ရွေးပွဲ လုပ်မယ်ကြံထားကြတာ..
အခုတော့ သွားပြန်လေပီ တမုံ့.. 🙂
Shwe Ei
October 10, 2012 at 9:32 pm
ဂီစိန်ကတော့ အဆိုကျော်တောင်ဖမ်းဖြစ်လိုက်သေး။ ဒါနဲ့ ဒို့သဂျီးက ဝမ်းလျောတာတောင် ဂလောက် ဂယောင်ချောက်ချားဖစ်နေရင် တကယ်သာ ဟဝှာပြုကျိ ဘလိုနေမယ်မသိအေ့နော် ခိခိ။ :harr:
padonmar
October 10, 2012 at 9:49 pm
အန်ကယ်ဒုံကလေ နားကြပ်လေးထောက် မျက်လုံးလေးဖြဲ လက်နှိပ်ဒုတ်မီးလေးထိုးကြည့်ပြီး ခေါင်းလေးကို ညင်ညင်သာသာလေးခါ` စိတ်မကောင်းပါဘူးကွယ်´ လို့ ပြောဖို့ မှန်ရှေ့မှာ အခါ တစ်ထောင်တိတိ လေ့ကျင့်ထားရတာ ၊သွားပါပြီ။ပြန်လျော်ပေး။
မိုးတိမ်
October 11, 2012 at 2:08 am
ကိုဂီရေ… ညစ်နေတဲ့စိတ်တွေကို ဖြေဖျောက်ပေးနှိုင်လို့ကျေးဇူးပါခင်ဗျာ။
အဲဂလို post တွေပဲ မန်းဂေဇက်မှာဖတ်ချင်ပါတယ်။အခုတော့……..[:-((]
ဘာပဲဖြစ်ဖြစ် ကိုဂီကိုတော့လေးစားပါတယ်။ဒီလိုရေးနှိုင်ဖို့ကလဲ တော်ရုံ ပါရမီနဲ့မရပါဘူး။
စိတ်ကူးကောင်းရမည့်အပြင် အတော်လက်ညောင်းအောင်ရေးရမှာပါပဲ။
ကျုပ်လဲရေးဖို့တော့ စိတ်ကူးမိပါရဲ ့။ဒီက ကော်နက်ရှင် ငတိမကောင်းတာရော မအားတာရော
ရေးဖို့ပျင်းနေတာရော ပေါင်းပြီး မတင်ဖြစ်တာပါ။ကျုပ်လို ဖွတ်ကျားကရေးလဲ ထူးမစွန်တော့
အိပ်နေတာပဲကောင်းပါတယ်လေ…[:))]
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 11, 2012 at 12:11 pm
ကျုပ်သာ ဒေါက်တာခင်ခဆိုရင် ပွဲကြမ်းဘလိုက်မယ်
ဒါ စေတနာကိုစောဂါးဒါ
( စော်စော်ကားကား ကားကားစော်စော် စော်ခြင်သလိုစော်ဒါ )
သနပ်ခါးဆိုတာ ဘယ်သတ္တဝါတွက်မှ အဟာရမဟုတ်ဘူးဗျ
သေခြာလည်းတွေးကြည့်ဘာအုန်း သနပ်ခါးစားပြီးကြီးလာတာဘယ်သူရှိလို့လည်း
သနပ်ခါးပိုး လို့ဒေါ့ ဂန့်လန့်မတိုက်နဲ့ပေါ့ဗျာ
ဒေါ်ဒိန်ပျဲ ကြီးလည်း သနပ်ခါးရောင်းပြီးထမင်းစားလာတယ်ပြောရင်ရသပေါ့
သနပ်ခါးနဲ့ပန်းသီးမှမဟုတ်ဘူး
သနပ်ခါးနဲ့ ဘိန်းမုန့်
သနပ်ခါးနဲ့ ပျောင်းဖူးဖုတ်
သနပ်ခါးနဲ့ ပျောင်းဖူးပြုပ်
သနပ်ခါးနဲ့ ပျောင်းဖူးအစိမ်း
သနပ်ခါးနဲ့ ဒိုနပ်စ်
သနပ်ခါးနဲ့ ကေအက်ဖ်စီ
သနပ်ခါးနဲ့ ဟမ်းဘားဂါး
သနပ်ခါးနဲ့ ပီဇာ
သနပ်ခါးနဲ့ ဘလက်လေဘယ်
သနပ်ခါးနဲ့ ဘီအီး
သနပ်ခါးနဲ့ ဂျော်နီဝါးကား ( ရောင်စုံ )
သနပ်ခါးနဲ့ တော
သနပ်ခါးနဲ့ စပါကတီ
သနပ်ခါးနဲ့ စတော်ဘယ်ရီ
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
သနပ်ခါးနဲ့
ပိုပြီးလက်တွေ့ကျခြင်ရင်
သနပ်ခါးနဲ့ အင်ဒလင်း
သနပ်ခါးနဲ့ ပေါ်တက် ရောပြီးစားကြည့်ဗျာ
kai
October 11, 2012 at 2:04 pm
သနပ်ခါးနံ့က..ရင်ခုန်စရာ မွေးပါတယ်..။
အဲ.. နမ်းရင်းနဲ့..ရောစားလိုက်လို့လဲ.. ရချင်ရမယ်ပေါ့..။
အဟာရ.. အပြည့်..။ :kwi:
ရဲစည်
October 11, 2012 at 5:45 pm
ကတောက်စ်…
သဂျီး လစ်သွားပီ ဆိုလို့
မီးညှပ်နဲ့ အုန်းရေ ဆောင်ထားတာ..
တခါသား သူပြောဖူးသလို အကြွင်းအကျန်လေးဒွေ အုန်းရည်ထဲ စိမ်ပီး
ဘာတဲ့ ဓာတ်တော်များကျမလားလို့
ဟဲ့..ဟဲ့ ရေးနေရင်းတန်းလန်း မိုးတွေခြိမ်းပီး လျှပ်စီးတွေ လက်လာပီ ပြေးမှ..
ဖလပ်..ဖလပ်