Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“စဉ်းစားကြစေလိုပါတယ်(၃၉)အတွက် အဖြေ”

ေမာင္ရိုးOctober 22, 20121min77839

အဘဖောကပြောတယ် ……အားကျမခံ ဒန်ပေါက်တဲ့ …..။

အင်းးးးး…….ခက်တာက အဲဒီဆိုင်တွေထဲက နှစ်ဆိုင်က ပွဲ (၅၀) အနည်းဆုံးရောင်းတာလေ ….။

ကောင်းသန် ့ ကျပြန်တော့လည်း သွားရလာရခက်တာနဲ့ ..ပြီးတော့ ဒန်ပေါက်တစ်မျိုးတည်းသီးသန် ့

ရောင်းတာမဟုတ်ပြန်ဘူး ….။ မဖြစ်သေးဘူး ….မဖြစ်သေးဘူး …….။

ဒီအတိုင်းဆို မောင်ဆာမိတို့ ရန်ကုန်သားတွေ အကြွားပိုတယ်ဖြစ်တော့မှာပေါ ့ ……ကဲ  ကဲ…..

ထင်ချင်သလိုသာထင်ကြတော ့…….သိကြားမင်း ဆင်းကယ်မှ ဖြစ်တော့မယ် …..။ ဒီလို….ဒီလို ….

မောင်ဆာမိက တစ်ချိန်က လူပျိုကြီးဘဝနဲ့  အကြာကြီးနေခဲ့တာဆိုတော့ ….အစားအသောက်လည်းခုန်မင်

အကောင်းကလည်းကြိုက်…..ပြီးတော့ ဒံပေါက်ဆိုအသေရရ အရှင်ရရ …။အဲဒီမှာ တိုက်ဆိုင်ချင်တော့

ရန်ကုန်မြို ့ရဲ ့ နာမည်ကျော်ဒံပေါက်ဆိုင်ကြီးက လက်ရင်းတပည် ့ကြီးချက်တာကို အစအဆုံး ထိုင်ကြည် ့

ခဲ ့ဖူးသဗျ ….။ ဘယ်ရမလဲ …ချက်ချင်း ပြန်ချက်ကြည် ့တာပေါ ့ …။

ဟုတ်ကဲ ့ …..အခု မောင်ဆာမိပြောမဲ့ ဒံပေါက်ချက်နည်းက အဲဒီ မြင်ဆရာဆီကပါ ….။ ဘယ်သူဖြစ်ဖြစ် ဆရာ

ဆိုတာ ဆရာပဲမို့  အရင် ပြောရတာဗျို ့ …..။တော်ကြာ “ဆရာကာပြန် ….ဒံပေါက်စားပိုးနင် ့”ဖြစ်နေမှာစိုးလို့ ..။

ကဲဗျာ ….အချိန်မရှိဘူး …စလိုက်ကြရအောင် ….

 

ပါဝင်ပစ္စည်းများ

–       ဆန်နို ့ ့ဆီဗူး (၄)လုံး

–       ကြက်သား (၆၀)သားခန် ့( ရင်အုပ်ပိုင်း ၊ပေါင်ပိုင်း )တစ်ကောင်လုံးအလေးချိန်၄၅ကျပ်သားခန့်ရှိကြက်

–       စပျစ်သီးခြောက် (၅) ကျပ်သားခန် ့

–       သီဟိုစေ ့ (၅) ကျပ်သားခန် ့ (မလှော်မှီ သဘာဝ)

–       ပဲစိမ်းဗူးတစ်ဗူး

–       ထောပတ် တစ်ဆယ်သားခန် ့ ( မြန်မာထောပတ်မရလျှင် မာဂျရင်း စမ်းသုံးကြည် ့ရန် )

–       နို့စိမ်း ဗူးတစ်ဝက် (သို့ ) နွားနို့ တစ်ခွက်ခန် ့

–       သစ်ဂျပိုးခေါက် (သို့) သစ်ဂျပိုး အမှုန် ့ အနည်းငယ်

–       ကရဝေးရွက် (၆)ရွက်ခန် ့

–       ဖာလာစေ ့ (၁၀)စေ ့ခန် ့

–       လေးညှင်းပွင် ့ (၅)ပွင် ့

–       ဆီ (၁၅) ကျပ်သားခန် ့

–       ဆား ၊ ကြက်သွန်နီ ၊ ဒံပေါက်မဆလာ ……

(ဒံပါက် မဆလာမရှိလျှင် တစ်အိုးစာ မဆလာလုပ်နည်းကို အဆုံးတွင်ဖေါ်ပြပါမည် ။)

ဦးစွာပထမ ကြက်သားကို ဒံပေါက်ဆိုင်များမှ ပုံစံအတိုင်း ပေါင် ၊ရင်အုပ်ပို်င်း ခွဲခြမ်းပြီး ဆား၊ နွားနို့(သို့)

နို့စိမ်း ၊ ဟင်းခတ်မှုန် ့ ၊ ဒံပေါက်မဆလာ တို့ဖြင် ့ တစ်နာရီခွဲခန် ့ နှပ်ထားပါ ။ နှပ်နေစဉ်အတွင်း အထက်က

စပျစ်သီးခြေက်များ ၊ သီဟိုစေ့များကို ထောပတ်ဖြင် ့ဆီပူထိုး၍ ထောပတ်ဆီသပ်သပ် ၊ ကြော်ပြီး သား

စပျစ်ခြောက်နှင် ့ သီဟိုစေ ့များကိုသပ်သပ်ခွဲထားပါလေ ….။

ထို့နောက် …..နှပ်ထားချိန်စေ့ပါက  ထမင်းပေါင်းအိုးအတွင်းသို့ ၄င်း ကြက်သားများကိုအောက်တွင်

စီ၍ ထည် ့ရပါမည် ….။ (လျှပ်စစ်ထမင်းပေါင်အိုးဖြင် ့ ချက်၍ရသည် )ကြက်သွန်နီသုံးမွှာခန့်ထောင်း၍

ထိုကြက်သားများနှင် ့ရောနယ်ပြီး ထည် ့ပါလေ ……..။ကြက်သားများနှပ်ထားစဉ်က

ထွက်ရှိသော အရည်များကိုရောမထည် ့သေးပဲ ရေထည် ့မည် ့အခါမှသာ ရေချိန်အတိုင်းတွက်ချက်၍

ထည် ့ရပါမည်  ၊ သို့မဟုတ်ပါက ရေအချိုးများပြီး ထမင်းပျော ့မည်ဖြစ်ပေသည် ။

ကြက်သားတုံးများထည် ့ပြီးပါက  ဆီတစ်ဆယ်သားခန် ့ ကိုထည် ့ရမည် …။ ပြီးနောက် …..ရေဆေးပြီး

အသင် ့စစ်ထားသော ဆန်ကို ၎င်းကြက်သားတုံးများပေါ်မှ ညီညာစွာဖြန် ့ထည် ့ရမည် ။ ဆန်များနှင့်အတူ

သစ်ဂျပိုးခေါက် သုံးလေးစခန် ့ ၊ ကရဝေးရွက် (၆)ရွက် ၊ နှင် ့ ပဲစိမ်းဗူး တစ်ဝက်ခန် ့ကိုသမမျှတစွာ ရော၍

ထည် ့ပါလေ …..။ဖာလာစေ့နှင် ့ လေးညှင် းပွင် ့ တို့ကို ကြက်သားနှင် ့အတူ ထည် ့ရန်မမေ ့ပါနှင် ့ …..။

ဆန်ထည် ့ပြီးပါက စောစောက ကြက်သားမှထွက်ရှိသောအရည်များ အပါအဝင် မိမိထည် ့နေကြ ရေခန်း

ချက်နည်းအတိုင်းရေကိုချင်တွယ်၍ထည် ့ပါ ။ ဆန်အမျိုးအစားမတူလျှင် လည်းကောင်း ဆန်သစ် ဆန်ဟောင်း

မတူလျှင်လည်းကောင်း ရေအချိုးကွာနိုင်သဖြင် ့ မိမိ ထည် ့ချက်နေကျပုံစံအတိုင်း ထည် ့စေခြင်းဖြစ်သည် ။

(ဆန်သစ်နှင် ့ လုံးဝ မချက်ပါနှင် ့) ရေထည် ့လျှင် ညင်သာစွာထည် ့ရပါမည် ..။ အသားများပေါ် ဖုံးအုပ်

ထားသော ဆန်များ ပုံမပျက်စေရန်ဖြစ်သည် ။

ပြီးနောက် …ထမင်းအိုးကိုပံမှန်အတိုင်း ချက်ပြီး ထမင်းနပ်သောအခါ ချက်ခြင်းမချသေးပဲ  မိနစ်နှစ်ဆယ်ခန် ့

ထပ်၍နှပ်ပါလေ …..။ နောက်ဆုံးအကြိမ်နှပ်ပြီးပါက အထက်က ဆီပူထိုးခဲ ့သော သီဟိုစေ ့ နှင် ့ စပျစ်ခြောက်

တို့ကို အိုးထဲသို့ ဖြူး၍ထည် ့ပြီးလျှင် ယခင်က သပ်သပ်ဖယ်ထားသော ထောပတ်ဆီများကို အဆိုပါထမင်း

အိုးထဲသို့ မျှတစွာ လောင်းထည် ့ပါ ။ အရောင်ဆိုးလိုပါက ဖျော်ထားသောဆေးရောင် အနည်းငယ်ကို

ထိုအချိန်တွင် ပက်ဖျန်းရမည်ဖြစ်သည် ။ ပြီးလျှင် …(၁၀) မိနစ်မျှ အဖုံးပိတ်ပြီး ပြန်နှပ်ပါ ။ ထို့နောက် အဖုံး

ကိုဖွင် ့၍ ထမင်းများကို ခတ်တုံးတုံးယောက်မ (သို့) ထမင်းခတ်ဖိုက်ဘာဇွန်းဖြင် ့ အထက်အောက် သမပြီး

အောက်ဆုံးမှ ကြက်သားတုံးများကို သီးသန် ့ ဖယ်ထုတ်ထားပါ ။ ယခုအချိန်မှစပြီး ရွာသူားတို့အကြိုက်

စတင်သုံးဆောင်နိုင်ပြီ ဖြစ်ပါသည် …..။

 

(ယခုချက်နည်းသည်  ဒံပေါက်အစိမ်းဖေါက် ဟုလူသိများပါသည် ။ ထမင်းသပ်သပ် ဟင်းသပ်သပ်

ချက်နည်းကို မဝေဝေမှ ရေးသားပြီးဖြစ်ပြီး  အကယ်၍များ မဝေဝေဖတ်ဖြစ်ပါက ယှဉ်တွဲလေ့လာနို်င်ရန်

ပြန်လည်၍ link လေး ထည် ့ပေးစေလိုပါကြောင်း )

မဆလာစပ်နည်း ။    ။ ဇီယာစေ့ စတီးဇွန်းတစ်ဇွန်း ၊ ဖာလာစေ့ (၇)စေ ့ ၊လေးညှင်းပွင် ့ (၃)ပွင် ့

နာနတ်ပွင် ့ဖတ် (၃)ဖတ် တို့ကို မီးမကျွမ်းစေအောင်လှော်ပြီး ညက်အောင်ထောင်းပါ ။

အသား (၆၀)သားခန့်အတွက် တစ်အိုးချက်အချိုးဖြစ်သည် ။

 

တစ်ခါအဆင်မပြေလျှင် နောက်တစ်ခါလုပ်ကြည် ့ပါ ။ တစ်နေ့တော့ဖြစ်လာပါလိမ့်မည် ၊။

 

တစ်ခါက ထမင်းချက်

မောင်ဆာမိ

 

 

39 comments

  • Hnin Hnin

    October 22, 2012 at 2:00 am

    ဒန်ပေါက်က စားခဲပေမယ့် လုပ်နည်းလေးဖတ်ကြည့်ပြီး စိတ်ဝင်စားသွားလို့ ချက်လိုချက်ငြား
    ကူးသွားပါပြီ…

    အရင်တုန်းက ဖေဖေ့ဒရိုင်ဘာတစ်ယောက်လည်း ဒန်ပေါက် ကောင်းကောင်းဖောက်တတ်
    တယ်…တစ်ခါပဲ စားဖူးလိုက်တာ….ဆီခြောက်ခြောက်လေးနဲ့မို့အရမ်းလည်း မအီ၊ spicy
    လည်း မဖြစ်ဘူး…ထမင်းအဖြူနဲ့စပ်ကျား အရောင်ဖောက်တာလေးကလည်း သုံးဘိန်းရဲ
    ဖျော့ဖျော့လိုနဲ့လှပြီး ဆွဲဆောင်မှုရှိပြီး စားကောင်းတယ်..(အရောင်မကြိုက်တာတောင်
    စားချင်သွားတာ)…ဆန်ကတော့ ရိုးရိုးဆန်မဟုတ်ဘဲ ဘာစမာတီ ဆန်(Basmati Rice)
    ဆန်လုံးရှည်ရှည်နဲ့ ဒန်ပေါက်ဖောက်ရင်သုံးတဲ့ဆန်ပါတဲ့…စတိုးဆိုင်မှာ ရှိမှာပါ….
    ဒီနားက စတိုးဆိုင်မှာတော့ ရှိတယ်…

    • ဦးကျောက်ခဲ

      July 31, 2013 at 9:28 am

      ဟရေး… ကိုရင်ဆာရဲ့ ဒီပို့စ်ကို လွတ်သွားတယ်…
      စိနတိုင်းကိုရောက်နေလို့ ဒန်ပေါက်ကတော့၊ ဝေးနေတာကြာပေါ့…
      ချက်စားဖို့ကလည်း တစ်ယောက်ထဲဆိုတော့ မနိပ်သေးဘူး…
      ဒီပို့စ်မှာ အရင်ဆုံးမန့်သွားသူကလေး ရောက်လာမှ၊ ချက်ကျွေးရမယ်… ဟီ ဟိ
      😀

      • GARFIELD

        August 1, 2013 at 11:12 am

        အမ်မလေး ဖေဖေ့ဒရိုင်ဘာအစားထိုးကြီးရယ်…

        ချက်ကျွေးခိုင်းမယ်များပြောမလား မှတ်တယ်… ချက်ကျွေးရမယ်ဆိုပဲ…
        ပြောဖူးပါတယ်… ကြီးမှဝက်သက်ပေါက်ရင်… ဘာဖြစ်တယ်ဆိုလား….

        ခင်မင်လျက်-
        ဂါဂါး

  • အရီးခင်လတ်

    October 22, 2012 at 2:34 am

    ကဆာမိ
    ထမင်းပေါင်းအိုး နဲ့ ဒန်ပေါက် တစ်ခါမှ မဖောက်ဖူးဘူး။
    ဖတ်ရတာတော့ လွယ်မဲ့နည်းဘဲ။
    ဒီမှာ ဒန်ပေါက်မဆလာတွေ အသင့်ရောင်းတာရှိတယ်။
    စမ်းကြည့်ဦးမယ်ရှင်။
    ကျေးဇူးပါနော်။ :hee:

    ဝေဝေ ရဲ့ “ဒန်ပေါက်အလွယ်ချက်စားမယ် easy cook” Post Link လေးက ဒီမှာပါ။
    http://myanmargazette.net/136447/health-fitness/food-drink

    • weiwei

      October 22, 2012 at 10:09 am

      လင့်ရှာပေးထားတဲ့ အရီးလတ်ကို ကျေးဇူးပါ …

      ကျွန်မက နှစ်တော်တော်ကြာအောင် ကုလားမဖြူဖြူတွေနဲ့ မီးဖိုချောင်တစ်ခုထဲ သုံးခဲ့ဖူးတယ် … သူတို့ချက်တဲ့ ဒါန်ပေါက်နဲ့တူတဲ့ ထမင်းတွေကို ကြည့်ပြီး ဗမာနည်းနဲ့ မော်ဒီဖိုင်း လုပ်ပြီး ကိုယ်ကြိုက်တဲ့ အရသာဖြစ်အောင် ချက်စားလေ့ရှိပါတယ် … ဗမာအကြိုက်ကတော့ ချိုပြီးစိမ့်တဲ့အရသာမျိုး …

      ထမင်းနဲ့ ကြက်သားရောချက်တဲ့ ဥဇဘတ်စတိုင် …
      http://myanmargazette.net/68279/health-fitness/food-drink

      • surmi

        October 23, 2012 at 10:19 am

        မဝေဝေ
        ကျေးဇူးပဲဗျာ ။ကျနော်ပြန်ရှာတာခက်နေလို ့ ။

        အရီး နဲ ့ မနှင်းနှင်း ရေ
        ကျနော် မချက်တော ့တာ အိမ်ထောင်ကျပြီးကတည်းကလေ
        ဆယ်နှစ်ကျော်ပြီပေါ ။ခုတော ့ကြက်ဥတောင်မပြုတ်တတ် ချင်ယောင်ဆောင်ထားတယ်
        :hee:

  • ကထူးဆန်း

    October 22, 2012 at 6:14 am

    ဪ .. မထသ ဦးဆာမိပါ …တကား ….. :chit: :harr:

    • ဂျလေဘီမရောင်းနဲ့တော့ဒါန်ပေါက်ပြောင်းရောင်း။
      နောက်ရွာထဲက အပျိုတွေ လူပျိုတွေမင်္ဂလာဆောင်ရင် ဖြစ်ဖြစ်
      ရွာသူသား မွေးနေ့ အလှူလုပ်မယ်ဆိုရင်ဖြစ်ဖြစ် ကိုဆာမိဒါန်ပေါက်ကို မယူမနေရ စံနစ်နဲ့ရောင်း
      အမြတ်10%ကို ရွာကလုပ်မယ့် အလှူအတွက်ရန်ပုံငွေဖယ်ထား
      ဒါဆိုအိုကေဘဲနော်

  • ကြည်ဆောင်း

    October 22, 2012 at 9:12 am

    အရောင်တော့မထည့်ချင်ဘူး ….
    အရောင်မဆိုးဘူးဆိုရင် ဒံပေါက်ကဘယ်လိုအရောင်များထွက်မှာပါလိမ့် …
    :bar:
    ချက်စားကြည့်ရအုံးမယ်…

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 22, 2012 at 10:47 am

    ဒံပေါက်
    ပြန်ဖောက်
    လံကျောက်
    ဆံတောက်
    ဟန်မောက်
    ရန်ကြောက်
    လှန်ထောက်
    သန်ပေါက်..။

    • သန်ပေါက်ဆိုတာက ရွတ်ဖို့
      လှန်ထောက်တာကတော့ကျန်စစ်သား
      ဟန်မောက်တာကတော့ ခရိုနီ
      ဆံတောက်ဆိုတာကတော့ တောကမိန်းမ
      လန်ကျောက်ဆိုတာက တော့ တရုတ်လိုဆိုရင်
      ??????????????????????????????????????????
      ပြန်ဖောက်တာကတော့ အစိုးရကပြင်ထားတဲ့လမ်းတွေ
      တစ်ယောက်ကလမ်းဖာ နောက်တစ်ယောက်က ရေပိုက်ပြင်ဘို့ဖောက်
      ဒံပေါက်ဆိုတာကတော့ စားပြီးရင်းလဲစားချင်ရင်း ဂျပန်မနေကြာနဲ့သိပ်မကွာဘူး
      ကိုဘခွေးဒါန်ပေါက်ကိုရော သတိမရဘူးလား
      ကြီးကြောင် မူမာမက်ဂျီးသစ်မွတ်တိတ်တန်တော်လုံးအားရေ

  • Thu Wai

    October 22, 2012 at 10:54 am

    786 ဒံပေါက် မစားချင်လို့ဖြတ်ထားတာကြာပြီ ၉၆၉ ဗမာဒံပေါက်ကလဲ တကူးတက သွားစားရမှာ အခုကိုဆာမိ ပြောလို့ နည်းတော့ရပြီ ရုံးပိတ်ရက်ကျရင် ရမ်းသမ်း cook ကြည့်ဖို့ပဲကျန်တော့တယ် ကျေးဂျူး ပါ။

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 22, 2012 at 11:23 am

    ရေခဲမုန့်လုပ်နည်းလေး သိကြရင်ရေးပေးကြပါအုံး။
    ဒါဆို ကိုဆာမိဆီက ဒါန်ပေါက်လုပ်နည်းရပြီးပြီမို့ အော်ဒါချက်ပြီး အလှု၊ မင်္ဂလာဆောင်တွေ ပို့လို့ရပြီဗျာ။

    • Hnin Hnin

      October 22, 2012 at 2:56 pm

      ရေခဲမုန့်လုပ်နည်းကတော့ အစားသင်တန်းတစ်ခုက TV မှာ လုပ်ပြတာ မြင်ဖူးတယ်
      သရီးခေ..ရေ…မလွယ်ဘူးနော်..လက်နဲ့အဆက်မပြတ်လှည့်နေရတာ တော်တော်ကြာ
      တယ်..အဲ့လိုမလှည့်ချင်ရင် စက်နဲ့လှည့်မယ်ဆို စက်တစ်လုံးဝယ်…ရေခဲတုံးတွေလည်း
      ဝယ်…ပြီးရင် ရေခဲမုန့်ခဲဖို့ ရေခဲမုန့်ပုံး(၂ ထပ် ၂ ပုံးထင်တယ်..သိပ်မမှတ်မိတော့ဘူး)
      တွေဝယ်…ဟူးးးးးးးးးး…လုပ်ရခက်..ပစ္စည်းဖိုးနဲ့တင် နည်းတောင် မမှတ်ချင်တော့ဘူး..
      စားချင်စိတ်ပြင်းပြနေရင်တော့ အကောင်းဆုးံဆိုင်တစ်ခုရွေးပြီးသာ စားလိုက်ပါတော့လို့
      အကြံပေးချင်ပါတယ်…. း) …

      • surmi

        October 23, 2012 at 10:46 am

        ကိုထူးဆန်း
        တိုင်စာတွေမှားပြီးရောက်လာဦးမယ်နော် ဟဲဟဲ

        အစ်ကိုကြီး ကိုပေါက်ရေ
        ကျနော်ကြိုက်တဲ ့ဒန်ပေါက်က ကျုံးဘေးမှာရောင်းတာလေ ။အရင်ကတော ့
        ဖက်နဲ ့ထုပ်ပေးတယ် သူ ့ထူးခြားချက်ကဆေးမဆိုးဘူး ။ နာမည်မေ ့နေလို ့ဗျ
        အခု သူ ့သားတွေဆက်ရောင်းနေတယ်ထင်တယ် ။
        အစ်ကို ရန်ကုန်ဒံပေါက်စားဖြစ်ရင် ယှဉ်ကြည် ့။အဲဒီကအစိမ်းဖေါက်က
        ပိုကောင်းမယ်ထင်တယ
        @ကြည်ဆောင်း
        ဆေးမဆိုးတာပိုကောင်းမယ်ထင်တယ်။ထမင်းကတော့ဖြူဖွေးမနေတော့ဘူး

        @အလင်းဆက်
        မင်ဂါဘွဲကျရင် ဆာဆာခြက်ဘေးမယ် စိတ်ချ

        ဦးကြောင် ကဗျာကို အစ်ကို ကိုပေါက် ရှင်းလင်းချက်ထုတ်တာဂွတ်ထ
        ဒါနဲ့ ကြောင်တွေကဒံပေါက်ဆိုသိပ်ကြိုက် တဲ ့

        ကိုသုဝေ
        အဆင်မပြေရင်ပြောနော် ။ဆီနဲ ့ ထောပတ်ကတော ့စိတ်ကြိုက်အတိုင်းထည် ့ဗျာ

        ဗျို ့ ကိုခင်ခ ရေ
        ကျနော်ပို ့စ်တင်ပြီးကတည်းက မဝင်ဖြစ်တော ့လို ့။ကျနော်လည်းအစ်မပဒုမ္မာ
        နည်းကို လုပ်ကြည် ့ပါဦးမယ် ။

  • မိုချို

    October 22, 2012 at 12:07 pm

    ဦး ဆာမိရေ
    ခုမှ ပဲ နာမည်နဲ့ ပိုစ့် နဲ့ လိုက် သွား တော့ တယ်။ သေချာ မှတ် သွား ပြီး လာမဲ့ ပိတ်ရက် မှာ စမ်းသပ် ကြည့် မည် ဖြစ်ပါသည်။ ဒီမှာ ဒံပေါက် မျိုး စုံ ရ ပေမဲ့ မြန်မာ ပြည်က ဒန်ေပေါက်နဲ့ တော့ မတူ ကြ ပါ။ ဦး ဆာမိရဲ့ ချက်နည်း ပြုတ်နည်း အရေး အသား လေးတွေ ဖတ် ရ တာ ငယ်ငယ်တုန်း က တောမှာ ဖတ်စရာ မရှိ လို့ ရှိတဲ့ စာအုပ်ပဲ အလွတ် နီးနီး ရအောင် ဖတ် ဖြစ် ခဲ့ တဲ့ ဦးကြီး ပု စာအုပ် ကို သတိ ရ မိတယ်။

  • စိန်ဗိုက်ဗိုက်

    October 22, 2012 at 12:15 pm

    တစ်ပွဲလောက် ချက်ကျွေးပါလား
    မြည်းကြည့်ရအောင်

  • kyeemite

    October 22, 2012 at 1:07 pm

    ကဆာမိက ဂျလေဘီတင်မက
    ဒန်ပေါက်လဲရသကိုး..
    ကထူးဆန်းပြောသလို မထသ ပါလား…
    :harr:

  • myanmarcitizen

    October 22, 2012 at 2:30 pm

    စာရေးပြီးချက်နည်းပြောတာထက်စာရင် တကယ်ချက်ကျွေးပါလားလို့။ လက်တွေ့လုပ်ပြတော့ ပိုပြီးတော့သေချာတာပေါ့ 🙂

  • pooch

    October 22, 2012 at 2:37 pm

    တွေ့ဆုံပွဲမှာ ဦးပါရဲ ဝါဆို ထမင်းရယ် ကိုဆာမိရယ် ဒန်ပေါက်ရယ်ဆို ရှယ်ပဲ နေမှာ :mrgreen:

    • pooch

      October 22, 2012 at 2:39 pm

      ကိုဆာမိရဲ့ ဒန်ပေါက်ရယ်လို့ ရေးတာပါဗျို့ ဘယ့်နှယ့်မှားပြန်တယ် မသိ 🙁

  • နေဝန်းနီ

    October 22, 2012 at 3:14 pm

    ဆာမိ ဒါန်ပေါက် ချက်စားကြည့်မယ်….။ အဆင်မပြေလို့တော့ အဟင်းးး တွေ့မယ်….။ ဦးဗိုက်နဲ့ တိုင်ပြောမယ်….။ အော်….။ အူးဗိုက်ကော… ဒန်ပေါက်နဲ့ ဘီအီးနဲ့ မြည်းပါဦးလား ……..

    • စိန်ဗိုက်ဗိုက်

      October 22, 2012 at 3:23 pm

      အုန်းထမင်းနဲ ့ အမဲနှပ်ပါ ရောကျွေးလိုက်ပါတော့ဗျာ…
      ကယ်ဘာဦး..အူးဗိုက်ကို လန်ကြုတ်နေကြပြီ အရပ်ဂဒို ့ရဲ့ 😳

  • မဟာ့မဟာ မဟာထိပ်ခေါင် ခေါင်းပြောင်ဖွတ်ကျား သောက်သောက်စားစား လူ့ငနွား

    October 22, 2012 at 7:43 pm

    ဟရေး. အားကို့ ဆားမိ
    ဒါမှ မြန်းမာ ဒန်ဖေါက် တဲ့ဟေ့
    ဆလမ် မွာလေကွမ်းသီး .။

  • မောင်ပေ

    October 22, 2012 at 9:48 pm

    ဒန်ပေါက်ဖော်
    ကြံဗေါက်သောက်
    မှန်ကျောက်ခေါက်
    လန်နောက်ရောက်
    ဖန်ခြောက်ခြောက်

  • padonmar

    October 22, 2012 at 10:17 pm

    ကိုဆာမိ
    ဆုပေးပွဲအတွက် ဒန်ပေါက်အော်ဒါ လက်ခံပါ။
    ……………….
    ကိုခင်ခ
    ရေခဲမုန့် လုပ်ချင်ရင်
    နွားနို့ကို ပျစ်ပျစ်ကျို
    ခေါက်ထားတဲ့ ကြက်ဥကို မီးအေးအေးနဲ့ ကျိုနေတဲ့ နွားနို့အိုး အပေါ်ကနေ ဖြည်းဖြည်းချင်း ကြွက်မြီးတန်း လောင်းထည့်ပေး၊
    အဲဒီအချိန် နွားနို့ကို အဆက်မပြတ်မွှေပေး(သမသွားအောင်)မမွှေရင် ကြက်ဥက အဖတ်အဖတ်တွေဖြစ်ပြီး ကျက်သွားတတ်တယ်။
    (ရောင်းတန်းကတော့ castard powder ထည့်တယ်။ကိုယ်စားဖို့ကတော့ အမှုန့်မပါလေကောင်းလေ)
    ပြီးရင် အအေးခံပြီး ရေခဲသေတ္တာ freezer ထဲထည့်ထား၊ခဲပြီဆိုရင် ခဏခဏ ထုတ်ပြီး ခြစ်ခြစ်ပေး(မွမွလေးနေအောင်)
    ရေခဲမုန့်လုပ်မစားတော့တာ အနှစ် ၂ဝလောက်ရှိပြီဆိုတော့ အချိုးမေ့နေတယ်။စာအုပ်ထဲမှတ်ထားတာတွေ့ရင် ရေးပေးမယ်။
    နွားနို့ ၁ ပိဿာကို ကြက်ဥ ၁ဝလုံးလောက် ထည့်ရတယ်ထင်တယ်။သကြားနဲ့ အနံ့ကတော့ ကိုယ်ကြိုက်သလိုထည့်။
    နွားနို့များရင် ရေခဲမုန့်ကြမ်းပြီး ကြက်ဥများရင် ပျော့တယ်။

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 23, 2012 at 9:15 am

      မပဒုမ္မာရေ ရေခဲမုန့်လုပ်နည်းလေး သေချာရေးပေးလို့ကျေးဇူးတင်သလို ကိုဆာမိရဲ့ဒါန်ပေါက်လုပ်နည်းနဲ့
      အမရဲ့ ရေခဲ့မုန့်လုပ်ပုံရော ကူးယူသိမ်းထားလိုက်တယ်လေ။ နောင်များစိတ်ကူးတည့်ရင် လုပ်ချင်လည်း ရတာပေါ့ခင်ဗျာ။

      မနှင်းနှင်းရေ ကျွန်တော်ကရေခဲမုန့်သိပ်မကြိုက်ဘူးဗျ၊ ရေခဲမုန့်နည်းလေးရေးပေးဖို့တောင်းဆိုရေးခဲ့တာ ကျွန်တော်စားချင်လို့မဟုတ်ပါ ဒါန်ပေါက်နဲ့ရေခဲမုန့်က တွဲလျှက်ကျွေးဖြစ်ကြတာများလို့ တစ်စုတည်း သိမ်ထားချင်လို့ပါခင်ဗျ။

  • nature

    October 22, 2012 at 11:18 pm

    ဒန်ပေါက်က ချက်စားဘူးတယ်။ အဲဒီတုန်းက ကြက်သားကိုနှပ်ရင်ဒိန်ချဉ်ထည့်နှပ်တယ်။ ဈေးထဲကဝယ်လာတဲ့ဒန်ပေါက်မဆလာနဲ့ကြက်သွန်နီဆီသတ် ေရောမွှေလိုက်တာနဲ့ဒန်ပေါက်နံ့သင်းနေတာပဲ။ ကြက်သွန်နီဆီချက်များမှအနှစ်များပြီးချိုတယ်။ နှပ်ထားတဲ့ကြက်သားရယ်ကြက်သွန်နီဆီချက်ရယ် ရောပြီးအိုးအောက်မှာခံထားချက်တာ တူးသွားတော့ ကြက်သွန်နီဆီချက်ကြက်သားတွေအကုန်တူးကုန်ရော။နောက်တခါချက်တော့ အောက်ကထမင်းနဲနဲတထပ်ခံပြီးမှ ကြက်သားနဲ့ကြက်သွန်နီဆီချက်ရောမွှေထားတာထဲ့တယ်။ ဂျိုးတူးရင်အသားတွေမတူးအောင်လို့။

    ကုလားတွေချက်တဲ့ဒန်ပေါက်နံ့နဲ့ ဈေးထဲကဝယ်တဲ့ဒန်ပေါက်မဆလာ နံ့ကွာတယ်။ ဈေးထဲကဝယ်တဲ့ဒန်ပေါက်မဆလာ က အများကြီးပိုမွှေးတယ်။

  • surmi

    October 23, 2012 at 11:24 am

    မမိုချိုရေ
    တကယ်ချက်မယ်ဆိုရင် မဝေ ပို ့စ်တွေကိုလည်းလေ ့လာကြည် ့ပါဦး ။
    နှစ်ခုရောပြီးအဆင်ပြေသလိုစမ်းကြည် ့ပါလား

    @ဗိုက်ဗိုက်
    ဘီအီးနဲ ့ရောသောက်ရင် အန်တတ်တယ် တဲ ့
    စားရဲရင်တော ့ပို ့ပေးလိုက်မယ်

    အစ်ကိုကြီးမိုက်
    စိတ်ဝင်စားရင် ထပ်လာဦးမယ်လေ ။စားဖိုမှုးဂိုဏ်း ပြောင်းမလားလို ့ ဟဲဟဲ

    @မြန်မာစီတဇင်
    တကယ်ကျွေးချင်ပါ ့ဗျာ ။ ကိုရင်သာလာနိုင်မယ်ဆိုလာခဲ ့
    မချက်နိုင်တော ့ပေမဲ ့ ကောင်းသန် ့မှာ ဧည့်ဝတ်ပြုပါ ့မယ်

    ဒေါ်ပုချ်
    တွေ ့ဆုံပွဲကြရင် လာခဲ ့ပါ ။ အနည်းဆုံးတော ့ ဝါဆိုထမင်းသေချာပါတယ် ဟဲဟဲ
    ကျုပ်က အခုထိ ကျုံးဘေးကဒံပေါက်ကိုသတိယနေတုန်းဗျ

    အဘနီ
    အဆင်ပြေစေရမယ်စိတ်ချ။ မပြေရင် မေး နဲ ့ ချက်ပို ့လိုက်မယ်

    @မဟာ ့မဟာထိတ်ခေါင်
    အမလေး မောထှာ စလံ အမလေးကွမ်းသီးအပုတိနဲ ့လည်းတိုးနေဦးမယ် သတိထားဗျ ။

    ကိုပေရေ
    တာဝန်မပျက် ထမ်းဆောင်ပေဦးနော ဒီည ချန်ပီယံရွေးမယ်

    အစ်မပဒုမ္မာရေ
    ဒန်ပေါက်ဘူဖေးကျွေးမလို ့လား ဟဲဟဲ
    ရေခဲမုန် ့က ကလေးတွေကြိုက်ကြလို ့ ပြန်လုပ်ကြည့်ဦးမယ်
    ကျေးကျေး

    ဦးနေးချားရေ
    ဒံပေါက်ရောင်းတန်းက မဆလာခိုသဗျ ။ စိတ်ကြိုက်မဆလာက ပိုကောင်းပါတယ်
    အဆင်ပြေရင် ကျနော ်ပြောတဲ ့နည်းအတိုင်း မဆလာစပ်ကြည့်
    တစ်ရပ်ကွက်လုံး မွှေးသွားစေရမယ် ဟဲဟဲ:harr:

  • may flowers

    October 23, 2012 at 11:53 am

    စွယ်စုံ ရတဲ့ကိုဆာမိပါလား။ ငါးပိလုပ်နည်းကိုလည်း ကူးသွားသလို ခုဒံပေါက်ဖောက်နည်းကိုလည်း

    ယူထားလိုက်ပါတယ်။ ပြန်ချက်စားကြည့်ဦးမယ် ..အော် ဒါနဲ့ ကြက်သွန်နီကို ဒီအတိုင်းထောင်းထဲ့

    ပြီးနယ်တာထက်စာရင် ကြွတ်အောင်ကြော်ပြီးနယ်တာက ပိုကောင်းမလားလို့…ဆရာလုပ်ကြည့်တာ

    :hee:

    • surmi

      October 23, 2012 at 12:54 pm

      @မေဖလားဝါး
      စမ်းကြည် ့သင် ့ပါတယ်။မူရင်းမှာတော ့ဆီသပ်တာမတွေ ့ဖူးပါ ။တူးတတ်သဖြင် ့
      သတိထားစေလိုပါကြောင်း
      အကယ်၍ ဒီအတိုင်းထည် ့လျှင်လည်းမဆလာနှင် ့ရောနယ်ပြီးထည် ့သဖြင် ့
      ကြက်သွန်များနွမ်းနေပြြီဖစ်ရာ ကျက်သောအခါ မဆလာအနှစ်များအဖြစ်မြင်ရပါမည်။
      ကြက်သွန်မများစေပဲအထူးညက်စေရန်ထောင်းထု ရပါမည်
      ကျေးကျေး :hee:

  • padonmar

    October 27, 2012 at 6:47 pm

    ကိုဆာမိရေ
    စမ်းသပ်ပြီးပြီ၊မအီပဲစားလို့ အလွန်ကောင်းပါကြောင်း။(ချန်ပီယံ အရသာနဲ့တူပါတယ်။ကုလားဒန်ပေါက်တွေလို အနံ့စူးစူးမထွက်သဖြင့် လေချဉ်မတက်ပါ)
    တစ်ခုပဲ၊ထမင်းထဲ ဆားမထည့်မိတော့ ပေါ့သွားပါတယ်။
    ဆီလည်း နည်းနည်းလေးလျှော့ရင် ပို အဆင်ပြေပါတယ်။
    ဒါကြောင့် အော်ဒါလက်ခံပါတော့။

    • surmi

      October 28, 2012 at 10:51 am

      အစ်မပဒုမ္မာရေ
      တိုက်တိုက်ဆိုင်ဆိုင် ကျနော်လည်း ရေခဲမုန် ့လုပ်ကြည် ့နေတာဗျ။
      အဆင်ပြေတယ် ရွှေပုဇွန်သွားစရာမလိုတော ့ဘူး။
      နှစ်ခါရှိပြီ စမ်းလုပ်ကြည် ့တာ ။ပထမတစ်ခါက အရောင် အနံ ့မရှိသေးလို ့
      မထညမ ့ပေမဲ ့ ကောင်းတာပဲ အခု ဒုတိယတစ်ခါကတော ့ အားလုံးအပြည် ့အစုံ
      ထည် ့ပြီးလုပ်လိုက်တာ OK ပဲဗျ။ ကျေးဇူးပဲ အစ်မကိုလည်း အော်ဒါပြန်မှာလို ့ရပြီနော် ဟဲဟဲ…….

      ဦးနေးချားရေ
      အဆင်ပြေတယ်ဆိုလို ့ ဝမ်းသာတယ်ဗျာ။ ဆီ ၊ အချို နဲ ့ အငန်ကတော ့
      ကိုယ် ့ကျန်းမာရေးနဲ ့ကြည် ့သုံးရတာပေါ ့။ နို ့စိမ်းနဲ ့ကြက်သားနှပ်တဲ ့အတွက်
      ထောပတ်ကိုလျော ့လို ့ရပါတယ်။ နှစ်ခါလောက်ချက်ကြည် ့ရင် အပြီးအပိုင်
      လက်တည် ့သွားမှာဗျ။ ဟဲဟဲ ကျနော်လည်းစားဖိုမှုးအဖွဲ ့ထဲ ရောက်တော ့မယ်ထင်တယ်
      ကရင်ရိုးရာ တာလဘော ့ ဟင်းချက်နည်း မူကွဲလေးလည်းရေးဖို ့အကြွေးကျန်နေသေး ………..
      :hee:

      • Ma Ma

        July 31, 2013 at 7:29 am

        ခုရက်ပိုင်းမှ ထပ်ဖတ်မိလို့။
        နောက်တစ်ကြိမ်တွေ့ဆုံပွဲအတွက် စရံပေးထားလို့ ရမလား။ 😀

  • nature

    October 27, 2012 at 10:15 pm

    surmi ရေ-
    ဒီနေ့ပဲစမ်းချက်ကြည့်တယ်။ ဆီနည်းနည်းလျှော့ထည့်ပြီး အရသာမရှိမှာစိုးလို့သကြားနည်းနည်းထည့်လိုက်တယ်။အလုပ်ရှင်းသော အရသာရှိပြီး မအီသော အဖိုးတန် ဒန်ပေါက်ချက်နည်းကောင်း တခုဖြစ်ပါကြောင်း ထောက်ခံစာ ရေးပေးလိုက်ပါတယ်။ 🙂

  • KZ

    July 31, 2013 at 8:22 am

    ဘယ်သူဖော်မှန်းမသိ ခုမှ ဖတ်မိတယ်။
    ဘက်စုံ ကိုရင် ဆာမိပါတကားးးးးးးး
    နောက် တစ်ပတ် ၄ ရက်ပိတ်မှာ စမ်းရမယ်။
    အစမ်းသပ်ခံလူတွေ ရှာထားမှ။ 😀

  • kyaw swar kaung

    August 1, 2013 at 2:40 am

    ကိုဆာ..
    ဒန်ပေါက်နဲ ့ရေခဲမုန် ့ အရောင်ဆိုးတာ ကျနော် တာဝန် ယူမယ်..
    ဆီဆေး ကြိုက်လား.. ရေဆေး ကြိုက်လား…. စားသုံးမယ့် ရွာသားတွေ သဘောထားကို ကြိုမေးတား..
    အကူအညီကတော့.. ခပ်မိုက်မိုက် လက်ရဲ ဇက်ရဲ ..ဓါတ်သိတွေထဲက ၂ယောက်လောက် လိုမယ်..။

Leave a Reply