ပြည်သူအားလုံး၏နေထိုင်စားသောက်မှုဘဝလုံခြုံရေးကိုအာမခံချက်အပြည့်ပေးသင့်သော -၂၀၁၄ မြန်မာနိုင်ငံလုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးစီမံကိန်းကြီး

maungmoenyoNovember 6, 20121min50120

မှတ်မိသလောက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူတဲ့ မဟာလုပ်ငန်းကြီးကို မြန်မာနိုင်ငံတဝှမ်း လှည်းနေလှေအောင်းမကျန် နောက်ဆုံးလုပ်ခဲ့တာက (၁၉၈၃)လောက်ကလို့ထင်ပါတယ်။ သန်းခေါင်စာရင်းဌာနကြီးရဲ့ညွှန်ကြားရေးဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းညွန့် (အရမ်းသန်းညွန့် လို့လဲနံမယ်တွင်တဲ့ ဗိုလ်နေဝင်းရဲ့ ငယ်မွေးခြံပေါက်) ကဦးစီးလုပ်ခဲ့တာပါ။ မောင်မိုးညိုတို့ အခြေခံပညာအလယ်တန်းအဆင့် လောက်ဘဲရှိမယ်ထင်ပါတယ်။ စာရင်းကောက်လုပ်ငန်းကိုဝင်ရောက်ပြီး တပျော်တပါးလုပ်အားပေးခဲ့ ကြတာကိုအမှတ်ရမိပါတယ်။ အကိုအမ တက္ကသိုလ်ကျောင်းသားကြီးတွေက စာရင်းကောက်အဖွဲ့ခေါင်းဆောင် အဖြစ်၊ နောက်အတန်းကြီး၊ ဘွဲ့ရတက္ကသိုလ်ကျောင်းသားတွေက စာရင်းစစ်အနေနဲ့ လုပ်အားပေးခဲ့ကြပါတယ်။ ဒီကိစ္စကိုလွှတ်တော် စတင်စဉ်ကတည်းကအမတ် အချို့ကတင်ကြတာတွေ ကြားမိပါတယ်။ သန်းခေါင်စာရင်း ဆိုတဲ့အတိုင်း၊ သတ်မှတ်ထားတဲ့ရည့်ညွှန်းရက် Census date ညသန်းခေါင်ယံ(၁၂)နာရီတိတိမှာ၊ စာရင်းကောက်ယူရာအိမ်ပေါ်ရောက်ရှိနေသူအားလုံကိုစာရင်းကောက်ယူရတဲ့ထုံးစံမို့၊ အဲ့ဒီအချိန်မှာ ခရီးလွန်နေသူ၊ ဝေးရပ်တာဝန်ကျနေသူ၊ အကြောင်းတစုံတရာကြောင့် မိသားစုနဲ့ကင်းကွာနေသူ၊ လင်ကွဲမယားကွဲကအစ၊ ဒီလိုကိစ္စတွေကိုဘယ်လိုသတ်မှတ်မလဲဆိုတဲ့ ကိစ္စကအရေးကြီးလာပါတယ်။ လာမဲ့ ၂၀၁၄ သန်းခေါင်းစာရင်းကို မတ်(၂၉)သန်းခေါင်ယံ(၁၂)နာရီတိတိမှာစတင်ပြီး၊ တနိုင်ငံလုံအတိုင်းအတာ နဲ့တော့၊ ဧပြီ (၁၀)ရက်နေ့အထိ (၁၂)ရက်ကြာကောက်ခံပါလိမ့်မယ်။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု ကိုအကြောင်းပြုပြီးထားရ တဲ့အစီအမံပါ။ ဒီတကြိမ်လုပ်မဲ့ကိစ္စမှာ ကုလသမဂ္ဂဆိုင်ရာအဖွဲအစည်းတွေနဲ့ နိုင်ငံတကာလူမှုစီးပွားရေးအဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုနဲ့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ခံရာမှာအကြီးမားဆုံးသောစိမ်ခေါ်မှုကတော့ စာရင်းကောက်ခံသူတွေက ကောက်ခံမဲ့အချက်အလက် (raw data) တွေကို ဘယ်လိုပုံစံနဲ့ဘယ်အထိမေးမြန်မားမှာလဲ၊ ဘာမေးခွန်းတွေလဲ၊ ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမှာလဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် မိမိစီးပွားဥစ္စာနဲ့အိမ်တွင်းရေးကိစ္စ၊ တွေမှာအစိုးရကထောက်လှမ်းချက်ရယူမှာလားဆိုတဲ့ မေးခွန်းက၊ အကြီးမားဆုံးသောကိစ္စကြီးဖြစ်လာပါတယ်။ အဆက်ဆက်သောအစိုးရတွေရဲ့အင်အားကြီးမားခဲ့တဲ့ ထောက်လှမ်းရေးအချက်အလက်ရယူမှု ဟာ ပြည်သူတွေရဲ့ အိုးအိမ်ဘဝလုံခြုံမှုကို ချင်းနင်းဝင်ရောက်စွက်ဖက်ချယ်လှယ်မှုတွေရှိခဲ့တာမို့၊ အစိုးရကဘယ်လိုဘဲ ကာကွယ်ပေးပေမဲ့၊ ပြည်သူတွေရဲ့ယုံကြည်စိတ်ချမှုကိုတော့ အတော်လေးရအောင်လုပ်ယူရမဲ့အခြေရှိနေပါတယ်။ အစိုးရကသတင်းစာတွေမှာခုကတည်းက ဖေါ်ပြနေတဲ့ကိစ္စတွေကတော့ ဒီသန်းခေါင်စာရင်းကောက်ယူခြင်းဟာ၊ နိုင်ငံသားဖြစ်မှု၊ ပျက်မှု၊ အိမ်ထောင်စုစာရင်းတို့နဲ့မည်သို့မှပါတ်သက်ခြင်းမရှိကြောင်းထပ်ခါတလဲလဲ ပြောနေပါတယ်။ ဒီသန်းခေါင်းစာရင်းကရလာမဲ့အကျိုးကျေးဇူးတွေက ပြည်သူတွေအတွက်အကျိုးရှိမယ်ဆိုတဲ့ မျှော်လင်းချက်တွေရှိပေမဲ့၊ ပြည်သူတွေရဲ့နေထိုင်စားသောက်ရေးဘဝလုံခြုံမှုကိုကာကွယ်ပေးမယ်၊ အနှောက်အရှက်အလျင်းမရှိစေရပါဘူးဆိုတဲ့အာမခံချက် စကားတွေ ဖေါ်ပြချက်တွေတော့ ခုထိမတွေ့ရသေးပါဘူး။

စာရင်းကောက်ယူရာမှာ GIS   Geographic Information System နည်းပညာကိုအသုံးချမယ် လို့ဆိုထားပါတယ်။ ဒီအတွက်ခုကတည်းက အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်ပြီးလုပ်ငန်းတွေဆောင်ရွက်နေပြီလို့ဆိုပါတယ်။

တကယ်တော့ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အမေရိကလိုနိုင်ငံမှာ (၁၀)စုနှစ် တခုတိုင်းကောက်ယူဘို့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးမှာအတိအလင်းပြဌာန်းထားပါတယ်။ သန်းခေါင်စာရင်းဟာ ပြည်သူအပေါင်းရဲ့နေထိုင်စားသောက်ရေးကအစ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး။ ပညာရေး၊ ကျန်းမာရေးတို့သာမက၊ နိုင်ငံရဲ့အခြားအရေးပါတဲ့အခြေခံဖွံ့ဖြိုးတို်းတက်ရေးလုပ်ငန်းတွေမှာမရှိမဖြစ် အသုံးချရပါတယ်။ ဒီကရလာတဲ့အခြေခံအချက်အလက်တွေဟာ အဲ့ဒီနိုင်ငံရဲ့ လူနေမှုဘဝကိုရောင်ပြန်ဟပ်နေသလို၊ နိုင်ငံတိုးတက်မှုညွှန်ပြကိန်းတွေမှာ၊ အခြေခံ prime များအဖြစ် အသုံချရတာမို့ အလွန်ရေးကြီးပြီးမဖြစ်မနေလုပ်ရတဲ့ကိစ္စပါ။ (၁၀)စုနှစ်တိုင်းသန်းခေါင်စာရင်းကောက်ရသလို၊ နှစ်စဉ် (သို့) (၃)နှစ်တစ်ကြိမ်လည်း community survey တွေ (American Community Survey ACS) တွေ ကိုပြုလုပ်ပြီး၊ သန်းခေါင်စားရင်းမူရင်းကိန်းဂဏန်းတွေပေါ်မူတည်တဲ့ ဦးတည်ချက် projections တွေကိုရေးဆွဲရပါတယ်။

မြန်မာနိုင်ငံရဲ့ လာမဲ့ ၂၀၁၄ သန်းခေါင်စာရင်းလုပ်ငန်းကုန်ကျစရိတ်ပဏာမတွက်ချက်စရိတ်က ဒေါ်လာ (၅၅) သန်းကုန်ကျမှာမို့၊ မြန်မာပြည်သူတစ်ဦးအတွက် (၁)ဒေါ်လာအကုန်ကျခံဆောင်ရမဲ့ပုံတွက်ချက်ရပါတယ်။ သန်းခေါင်းစာရင်းကောက်ယူရေးရဲ့ ရှေးပြေးလုပ်ငန်းစဉ်တွေအချိန်နဲ့တပြေးညီလုပ်နေချိန်မှာ ခေတ်မမှီတော့တဲ့ (၁၉၇၂) လမ်စဉ်ပါတီခေတ်ကပြဌာန်းခဲ့တဲ့ သန်းခေါင်စာရင်းဥပဒေဟာ လက်တွေမကျနိုင်တော့ပါဘူး။ ဒီအတွက် ဥပဒေသစ်ရေးဆွဲဘို့ ခုချိန်နေ့မီးညမီးတွေနဲ့စိုင်းပြင်းနေတဲ့အတွက်၊ အလုပ်ကဥပဒေရှေ့ရောက်နေတဲ့၊ နွားရှေ့ထွန်ကျူးတဲ့အဖြစ်ရောက်နေလားလို့ မြင်မိပါတယ်။ ပြည်သူတွေကိုတော့ မီဒီယာတွေကနေ လှုံဆော်မယ်လို့ဆိုထားပေမဲ့၊ လူထုကယုံကြည်မှုအပြည့်အဝရရှိဘို့တော့ အစိုးရအနေနဲ့အတော် ကျိုးစားရပါလိမ့်မယ်။ စာရင်းဇယားကိန်းဂဏန်းမှန်ကန်တိကျမှုနည်းပါးရာမှာ ပြိုင်စံရှားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်သော အစိုးရမှတ်တမ်းများဟာ၊ ဒီသန်းခေါင်စားရင်းကရလာမဲ့ ကိန်းဂဏန်းတွေ အပေါ်မှာအတော်ကြီး အရိပ်မဲထိုးလွှမ်းမိုးနေလိမ့်မယ်လို့မြင်ပါတယ်။ အရင်ကကျောင်းသား/သူ တွေဥိးဆောင်ကောက်ခဲ့ပေမဲ့ ခုတကြိမ်မှာတော့အခြေခံပညာကျောင်းဆရာဆရာမတွေကို အပြည့်အဝအသုံးချသွားမယ်လို့ဆိုပါတယ်။ defacto ရောက်ရာအရပ်မှာအရှိအတိုင်းကောက်ခံတဲ့နည်းရော canvass တအိမ်တက်ဆင်းကောက်ယူမဲ့နည်း(၂)မျိုးလုံးကိုသုံးမယ်ဆိုတဲ့အတွက်ကြောင့် ပေါ်ထွက်လာမဲ့စားရင်းဟာ ဘယ်လိုအဓိပ္ပါယ်ဖေါ်ထုတ်ရမလဲဆိုတဲ့စိမ်ခေါ်မှုလဲရှိလာနိုင်ပါတယ်။

ဒီလုပ်ငန်းကြီးအောင်မြင်မှုရနိုင်သမျှရရှိရေးဟာ လူထုရဲ့စိတ်ဝင်တစားပါဝင်လာမှုဟာ အခရာကျနေပါတယ်။

ဆိုခဲ့တဲ့အတိုင်း- လူထုရဲ့ယုံကြည်ကိုးစားမှုဟာ ဒီလုပန်ငန်းကြီးအောက်မြင်ရေးအတွက်အသက်သွေးကြော ဖြစ်နေတာမို့၊ အစိုးရကမကြာခနပြောဆိုနေတဲ့ transparency ဆိုတဲ့မူဝါဒကိုခုချိန် လက်တွေ့ပြရမဲ့အချိန်ရောက်နေကြောင်းပါ။

(၁၉၈၀-၉ဝ လွန်ကာလအတွင်း ရန်ကုန်မြို့၊ စတော့ဂိတ်ဂုန်း ကျန်းမာရေးစီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန၊  ၅၂-လမ်း ဖွားသေစာရင်းအင်းဌာနစိတ်၊ ကမ်းနာလမ်း(၆)ထပ်ရုံး ရှိ ဗဟိုစာရင်းအင်းအဖွဲ့၊ ဗန္ဓုလပန်းခြံဘေး ပြည်သူ့အင်အားစာရင်းအင်းဌာနခွဲ (ထိုစဉ်ကဌာနခွဲအဆင့်သာ) တို့တွင် အအိပ်ပျက်အစားပျက်၊ အတူလက်တွဲ၍၊ ကျန်းမာရေးဆိုင်ရာစာရင်းဇယားများအတူရေးဆွဲခဲ့ကြသော ရောင်းရင်းကြီးများကိုဂုဏ်ပြုလျက်)

20 comments

  • koyinmaung

    November 6, 2012 at 11:20 am

    ဌာနေမပြန်နိုင်သူတွေအတွက် သန်းခေါင်စာရင်းမှာ
    ဘယ်လိုအကျိုးသက်ရောက်မှု့ရှိမလဲဆိုတာလေးလဲသိချင်သား…..

  • myanmarcitizen

    November 6, 2012 at 11:26 am

    သန်းခေါင်စာရင်း ကောက်ယူမှုကိုကြိုဆိုပါတယ်။ မိမိနိုင်ငံမှာ ပြည်သူဘယ်လောက်ရှိတယ် တိတိကျကျသိရှိ ထားတော့အကျိုးများပါတယ်။

  • kai

    November 6, 2012 at 11:37 am

    (၁၉၈၃)လောက်ကလို့ထင်ပါတယ်။ သန်းခေါင်စာရင်းဌာနကြီးရဲ့ညွှန်ကြားရေးဝန်ဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းညွန့် (အရမ်းသန်းညွန့် လို့လဲနံမယ်တွင်တဲ့ ဗိုလ်နေဝင်းရဲ့ ငယ်မွေးခြံပေါက်) ကဦးစီးလုပ်ခဲ့တာပါ။ မောင်မိုးညိုတို့ အခြေခံပညာအလယ်တန်းအဆင့် လောက်ဘဲရှိမယ်ထင်ပါတယ်။

    အဟမ်း..
    ဆရာရေ့..
    ၁၉၈၃ကတော့.. မှန်ပါတယ်..။
    အဲဒီနှစ်က…. အခြေခံပညာအလယ်တန်းအဆင့်လောက်ပဲဆိုတာ.. ဆရာ့သမီးလားဟင်င်..။ :mrgreen:

    • မိုးတိမ်

      November 7, 2012 at 10:30 pm

      ခင်ဗျားဂျီးသေချာမသိပဲနဲ့ လျှေက်ပြီး ၁၉၈၃ လို့စွတ်မပြောနဲ့ဗျ။အဲကောင် ပေါက်တတ်ကရ ကြောက်လန့်တကြားလျှောက်ရေးတာကို သဂျီးကအမှန်ထင်နေတာလား။ခင်ဗျားနဲ့ ကျုပ်မတည့်တာဟာ အဲဒါလဲပါတယ်။ခင်ဗျားစဉ်းစားပါ။ဘယ်ဟာမှန်လဲသေသေချာချာတွေး။တစ်ခုမှမှန်ဘူးသောက်တလွဲတွေချည်းပဲ သောက်ညင်ကပ်လို့ကို တစ်ခုချင်းစီရှင်းမလို့ ခင်ညားမပါနဲ့။အေးအေးနေပါ။

      • kai

        November 8, 2012 at 12:10 am

        Demographics of Burma – Wikipedia, the free encyclopedia
        en.wikipedia.org/wiki/Demographics_of_Burma
        At the time of the last official census in Burma, 31 March 1983, the population was 35,442,972. As of July 2012, this was estimated by the CIA World Factbook to …

        ကိုရင်မိုးတိမ်..
        ကျုပ်နဲ့ကိုရင်နဲ့က..စကားလုံးကြမ်းကြမ်းနဲ့.. ငြင်းခုန်တာပြောတာ.. ပြဿနာမရှိဘူး..။ :528:

        ဒါပေမယ့်.. ဆရာမောင်မိုးညိုကိုဘယ်သူမှန်းမသိရင်တောင်မှ.. ရွာသူားအချင်းချင်း.. အပြန်အလှန်လေးစားသမှုနဲ့.. ပြောသင့်ရေးသင့်ပါတယ်.။
        အချက်အလက်တွေ.. မှားတယ်ထင်လို့..ထောက်ပြပြောချင်..ငြင်းချင်လည်း.. ကောင်းကောင်းမွန်မွန်ပြောလို့. …ရေးလို့ရပါတယ်ဗျ..။
        လွတ်လပ်စွာရေးသားခွင့်ရှိတယ်ဆိုတာမှာ.. တဖက်သားကို.. လွတ်လပ်စွာ.. အပုပ်ချဆဲဆိုခွင့်မပါဘူးဗျ..။
        သတိပေးပါကြောင်း…။

  • MaMa

    November 7, 2012 at 7:17 am

    ဆရာမောင်မိုးညိုပြောမှပဲ –
    (စာရင်းကောက်ခံသူတွေက ကောက်ခံမဲ့အချက်အလက် (raw data) တွေကို ဘယ်လိုပုံစံနဲ့ဘယ်အထိမေးမြန်မားမှာလဲ၊ ဘာမေးခွန်းတွေလဲ၊ ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမှာလဲ) ဆိုတာကို စိတ်ဝင်စားသွားတယ်။ စိတ်ပူသွားတယ်လို့ ပြောရင် ပိုမှန်မလားပဲ။
    ဆရာမောင်မိုးညိုရဲ့ အတွေးအမြင်တွေ ဖတ်ပြီး ကိုယ့်ထက်အများကြီး ကြီးမယ်ထင်နေတာ….
    ၁၉၈၃မှာ အလယ်တန်းဆိုတော့ မျက်လုံးတောင်ပြူးသွားတယ်။ :harr:

  • maungmoenyo

    November 7, 2012 at 10:28 am

    အမှားကိုထောက်တဲ့သဂျီးနဲ့ မမကိုကျေးဇူးတင်ပါတယ်။ အမှန်တော့ ခုနှစ်ကို သေသေချာချာထဲ့သင့်ပါတယ်။ မောင်မိုးညို တို့ ကျောင်းသားဘဝကကြုံခဲ့တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကြီးက (၁၉၇၃)မှာပါ။ (၁၉၈၃) ဟာနောက်ဆုံးလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို ပြီးခဲ့တဲ့အပါတ်ထုတ်ကြေးမုံသတင်းစာမှာ ဖေါ်ပြထားတောတွေ့လိုက်ရပါတယ်။ (၁၉၇၃) မှာ ပြုလုပ်ခဲ့တဲ့သန်းခေါင်စာရင်းကို လူငယ်တွေက တတိနိုင်သမျှ (ရန်ကုန်နဲ့မြို့ကြီးများမှာ) တိတိကျကျလုပ်နိုင်ခဲ့ပါတယ်။ ဘယ်လောက်တောင်လည်းဆိုတော့၊ အဓီကပုံစံကြီးမှာစာရင်းကောက်တွေကိုတောင်စာရင်းမထဲ့သွင်းစေပဲမိတ္တူ ကော်ပီတွေမှာသာ စာရင်းကောက်ယူထဲ့သွင်းခဲ့ပြီး၊ ညနေပိုင်းရောက်မှ မူရင်းပုံစံတွေမှာတက္ကသိုလ် ကျောင်းသားကြီးတွေကြိကြပ်မှုနဲ့ပြန်ဖြည့်ကြရတာပါ။ ဒါပေမဲ့အထက်ကိုရောက်သွားတာနဲ့အမျှ စာရင်းတွေကမောက်ကမဖြစ်သွားပုံရပါတယ်။ ဒီကိစ္စတွေဝေဖန်ခဲ့တဲ့ Ismael ခင်မောင်က(၁၉၇၃)census ကိုဝေဖန်ခဲ့လို့ ဗိုလိနေဝင်းက မြန်မာနိုင်ငံထွက်ခွာသွားခိုင်းလိုက်တယ်လို့ကြားဖူးပါတယ်။ ဘယ်လောက်မှန်သလဲတော့မပြောတတ်ပါဘူး။ သူကစာရင်းအချက်အလက်တွေနဲ့ (၁၉၇၃) သန်းခေါင်စာရင်းစစ်တမ်းကို ထောက်ပြဝေဖန်ခဲ့ပါတယ်။ (ခုချိန် အဲ့ဒိပုဂ္ဂိုလ်ဘယ်ရောက်နေပါလိမ့်)
    ကိုရင်မောင်ရဲ့ ပြည်တော်ပြန်များကိစ္စကိုကိုင်တွယ်မှာက ခုလာမဲ့လွှတ်တော်မှာစတင်ဆွေးနွေးမဲ့ နိုင်ငံသားပြုမှုဖြစ်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ကိုင်မှာပါ။ ကိုယ်မွေးခဲ့တဲ့နိုင်ငံက ကိုယ်ပြန်သွားချိန် permanent resident အဆင့်ဘဲပေးမယ်ဆိုတဲ့ကိစ္စကတော့ သိပ်မနိပ်ပါဘူး။ ကိုယ်မွေးဖွားတဲ့နိုင်ငံမှာနိုင်ငံသားအဖြစ်ဟာအလိုအလျောက်ရသင့်တဲ့ အများကလက်ခံတဲ့ လူ့အခွင့်အရေးခံစားချက်ပါ။ ဘယ်သူကမှနျုတ်ယူလို့မရပါဘူး။
    မောင်မိုးညိုတို့အပါအဝင်အရင်အဆက်ဆင်ကောက်ခံခဲ့တဲ့သန်းခေါင်စာရင်းကောက်ခံမှုလုပ်ငန်းအပေါ်စိုးရိမ်စိတ်ရှိခဲ့ကြသူတွေအတော်များပါတယ်။ အစိုးရက အာမဘန္တေခံပြီး လူထုရဲ့ ဘဝကိုဘာမှမထိခိုက်စေရပါဘူးဆိုတဲ့ အာမခံချက်ခိုင်ခိုင်မာမာပေးနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဆောင်းပါးကိုရေးထားတာပါ။ သက်ဆိုင်သူများဆီသို့လဲပို့ထားပါတယ်။ U.S. မှာလုပ်ခဲ့တဲ့ Census 2010 မှာလည်းဒီလိုခံစားမှုတွေခံစားရတဲ့ လူလတ်တန်းစားနဲ့ လူဆင်းရဲနဲ့ အထူးသဖြင့်တရားမဝင်ရောက်ရှိနေထိုင်ကြသူတွေက အယုံအကြည်မရှိဖြစ်ခဲ့ပါတယ်။ ဒါဒီမိုကရေစီဘိုးအေနိုင်ငံကြီးမှာရှိတဲ့အခြေအနေပါ။ မြန်မာနိုင်ငံဆိုတော့ပိုဆိုးတာပေါ့

  • Thu Wai

    November 7, 2012 at 1:02 pm

    အဓိက ကတော့ မွေးတဲ့သူကိုသာ ဖအေ ဘက်သန်းခေါင်စာရင်းကော မအေဘက်သန်းခေါင် စာရင်းကော နှစ်ဘက် ခွထည့်ထားကြတာတစ်ယောက်ယောက်သေသွား ရင် သခေါင်စာရင်းထဲက တော်တော်နဲ့ သွားလျှော့ကြတာမဟုတ်ဘူး အဲဒါတွေပါစစ်လိုက်မှ လူဦးရေအတိအကျထွက်လာမယ်

  • nature

    November 7, 2012 at 6:17 pm

    တအိမ်တက်ည ၁၂နာရီ မှာလိုက်ပြီး တအိမ်ဆင်းကောက်ရတဲ့အလုပ်ကြီး က တော်တော် ဝန်လေးပြီး ခရီးတွင်မယ်မထင်ဘူး ။ စာရင်းကောက်တဲ့သူတွေ ဦးရေ ဘယ်လောက်ထားမှ လုံလောက်နိုင်မယ် ဘယ်လို training ပေးမယ် ဆိုတာတွေက အရေးကြီးမယ်ထင်တယ်။ စာရင်းကောက်တဲ့သူတွေ သတ်ပုံမမှားဖို့လည်းလိုတယ်။

    ပိုမြန်သွားအောင် နိုင်ငံတော်စီမံကိန်းအနေနဲ့ကောက်တာဖြစ်တဲအတွက် သန်းကောင်စာရင်းကောက်မဲ့ရက်ကို တရားဝင်အားရုံးပိတ်ရက်အဖြစ် ကြေငြာပြီး အိမ်ထောင်စု စာရင်းနဲ့တကွ ရပ်ကွက်ရုံး သို့မဟုတ်တနေရာရာမှာ စုရပ်ထားပြီး ကွန်ပြူတာစာစီစာရိုက်ကျွမ်းကျင်သူတွေကိုစာရင်းသွင်း ရိုက်ခိုင်းရင်ပိုမြန်မယ်ထင်တယ်။ စာရင်းသွင်းပြီးသူတွေကို စာရင်းသွင်းပြီးကြောင်းလက်မှက်ပေး။ နောင်ရုံးလုပ်ငန်း ဘာလုပ်လုပ် ဒီ စာရင်းသွင်းပြီးကြောင်းလေး ပြ ရမည်ဖြစ်ကြောင်း အသိပေးထားရင် ပိုမြန်နိုင်မယ်ထင်တယ်။

    ပိတ်ရက်သတ်မှတ်ရင်တော့ နေ့စားအလုပ်သမားတွေအတွက် ဝင်ငွေမရှိတဲ့အတွက် စားဝတ်နေရေးအခက်အခဲတော့ ဖြစ်စေနိုင်ပါတယ်။

    • maungmoenyo

      November 8, 2012 at 7:54 am

      ကြားသိရသလောက်တော့ ပြည်ပကုမ္ပဏီကြီး(၂)ခုနဲ့ workshop တွေလုပ်ပြီးပါပြီ။ မြန်မာ့ ဓလေ့ကိုအခြေခံမဲ့ အသုံးအနှုန်းကိုအခြေခံမဲ့၊ software တွေကိုအသုံးြ့ပြုမှာမို့ ချောချောချူချူမဖြစ်စရာအကြောင်းမရှိပါဘူး။ တခုဘဲရှိပါတယ် ငွေကြေးထောက်ပံ့မှုပါဘဲ။ ဒါတွေလည်းစကားအတော်ပြောထားပြီးလို့ကြားပါတယ်။
      အဓိက က လူထုရဲ့ယုံကြည်ကိုးစားမှုနဲ့ ပါဝင်ကူညီမှုဟာ အခရာကျပါတယ်။

  • မိုးတိမ်

    November 7, 2012 at 7:42 pm

    ကဲပါကိုယ့် ဆရာ ကျုပ်ပါလာရတော့မယ်။၁၉၈၃ မဟုတ်ပါဘူးဗျ။၁၉၈၂ ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၄)မြန်မာနိုင်ငံသားဥပဒေအခန်း(၆) ဥပဒေပုဒ်မ(၆၇)ကို ခင်ဗျားပြန်ဖတ်ဦး။နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းကို ပုဒ်မ (၄၂) ၁၉၄၈ ဇန်နဝါရီလ ၄ ရက်မတိုင်မီကာလမှာ ပြည်ထောင်စုအတွင်းနေထိုင်သူနှင့် ထိုသူတို့မှနိုင်ငံတော်အတွင်းမွေးဖွားသည့်သားသမီးသည် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှူ့ဥပဒေအရ လျှောက်ထားရန်ကျန်ရှိနေကြောင်းခိုင်လုံရင် အထောက်အထားနဲ့ ဗဟိုအဖွဲ့ကို လျှောက်ထားနှိုင်ပါတယ်။လျှေက်ထားနှိုင်တဲ့သူတွေကတော့ ပုဒ်မ(၄၃)(၁၅.၁၀.၁၉၈၂)မှာကြေညာချက်အရ နိုင်ငံပြင်ပမှာမွေးဖွားသူတွေတောင်လျှောက်ထားနှိုင်ပါတယ်။
    (က) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘ နှစ်ဦးမှမွေးဖွားလာသူ။
    (ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားလာသူ။
    (ဂ) ဧည့်နိုင်ငံသား(PR)နှင့် နိုင်ငံခြားသားမိဘနှစ်ဦးမှမွေးဖွားလာသူ။
    (ဃ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွားလာသူ။
    (င) နိုင်ငံသားပြုခွင့်ရသူနဲ့ နိုင်ငံခြားသားမိဘ နှစ်ဦးမှမွေးဖွားလာသူလို့ ပါပါတယ်ခင်ဗျား။အဲဒီလောက် ဖွင့်ပေးထားတာတောင် ခင်ဗျားက မတရားဘူးထင်နေတာလား။ခင်ဗျားမတရားဘူး၊မမျှတဘူးထင်နေရင် ဒီနိုင်ငံထဲမှာမနေပါနဲ့။ကျုပ်ဆိုလိုချင်တာ စပြောမယ်။ခင်ဗျားအမျိုးတွေကို ၂၀၁၃ မှာ နိုင်င်ငံသားဟုတ်၊မဟုတ်ကို အပြီးစစ်ဆေးပါတော့မယ်။အဲဒါကို ခင်ဗျားမခံနှိုင်ဖြစ်နေတာလဲ ကျုပ်ခံစားမိပါတယ်ဗျ။အဲဒီတော့ ဟိုလူဆွဲထည့်၊ဒီလူဆွဲထည့် ဟိုကောင်မတရားဘူး၊ဒီကောင်မတရားဘူးလျှောက်ပြောနေမယ့်အစား ခင်ဗျားမြန်မာနိုင်ငံမှာမနေပါနဲ့။မြန်မာ့ရေမသောက်ပါနဲ့၊မြန်မာ့ဆန်မစားပါနဲ့။မြန်မာစကားမပြောပါနဲ့၊မြန်မာစာမရေးပါနဲ့။ဖိနှိတ်ချုပ်ချယ်တယ်ထင်တဲ့ မြန်မာနိုင်ငံနဲ့ ဘာမှမပါတ်သက်ပါနဲ့။အခုရှင်းပြနေတာတောင် မြန်မာစာနဲ့မို့လို့ မြန်မာဖြစ်တဲ့ကျုပ်က မြန်မာပီပီ ခင်ဗျားအစားရှက်တယ်ဗျို ့။

    • အရီးခင်လတ်

      November 8, 2012 at 3:18 am

      မောင်မိုးတိမ်

      ဆရာမောင်မိုးညို ရေးတဲ့ အကြောင်း ကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။
      သန်းခေါင်စာရင်း အကြောင်းကို မင်းနားလည် မယ် ဆိုရင် သူပြောထားတာမှာ ဘာမှ သဘောထားကွဲလွဲ စရာ၊ မကျေနပ်စရာမပါပါဘူး။
      ဝီကီ ထဲမှာလဲ မြန်မာပြည်ရဲ့ နောက်ဆုံး သန်းခေါင်စာရင်းကောက် ခဲ့တာ ၁၉၈၃ လို့ပြောပါတယ်။

      http://en.wikipedia.org/wiki/Demographics_of_Burma
      Population
      At the time of the last official census in Burma, 31 March 1983, the population was 35,442,972. As of July 2012, this was estimated by the CIA World Factbook to have increased to 54,584,650; however, many other estimates put this much higher, at around 60 million

      ဒါထက် မင်းပေးခဲ့တဲ့ မှတ်ချက်တွေ ကရော သူပြောတဲ့ သန်းခေါင်စာရင်းအကြောင်းဟုတ်ရဲ့လား။

      မောင်မိုးတိမ်ရေ – လူလူချင်း ဆက်ဆံရာမှာ မတူကွဲလွဲတာတွေရှိသပေါ့။
      ကိုယ် မှန်နိုင်တဲ့အပိုင်းရှိသလို မှားနိုင်တဲ့ အပိုင်းလဲ ရှိပါတယ်။
      တံခါးတွေကိုပိတ်ပြီး မကြည့်စေချင်ပါ။
      အမြင် အတွေး တွေ ကိုယ်နဲ့ မတူပေမဲ့လဲ အဲဒါကို နားလည်ဖို့ ကြိုးစားကြည့်ပါ။
      သဘောတူဖို့ပြောတာမဟုတ်။
      သူပြောတာ ဘာလဲ ဆိုတာ ကို ဘောင်ခတ်မထားဘဲ ကြည့်လိုက်ဖို့ပါဘဲ။
      မဟုတ်ရင် ကိုယ့်နေရာ ကျဉ်းကျဉ်း လေးကိုဘဲ အကျယ်ကြီးလို့ ထင်တတ်တဲ့ သဘောရှိလို့ပါ။

      • maungmoenyo

        November 8, 2012 at 8:33 am

        အရီးခင်လတ်ကိုလေးစားမိပါတယ်။ အမှန်ကိုထောက်ပြနိုင်တာက ကောင်းတဲ့အကွက်ပါ။မှားတာကိုမှားကြောင်း၊ လိုတာရှိတာကိုလိုတာရှိကြောင်းဝန်ခံနိုင်ခြင်းဟာ၊ စာဖတ်သူတွေကို လေးစားရာရောက်စေတဲ့အပြုအမူဖြစ်သလို၊ ဖြီးဖြန်းတာကိုဒီလိုနည်းနဲ့ကာကွယ်ရမယ်ဆိုတဲ့၊ စာပေကျင့်ဝတ်၊ လူ့ကျင့်ဝတ်တွေကို လိုက်နာရာရောက်စေပါတယ်၊ အားပေးစေရာရောက်ပါတယ်။
        ကိုမိုးတိမ်ကို ဒေါသရှူးရှုးရှားရှားဖြစ်အောင်လုပ်မိတယ်လို့ထင်ရင်လဲတောင်းပန်ပါတယ်။ ဒါပေမဲ့ ကိုမိုးတိမ်က မောင်မိုးညိုအပေါ်ဒေါသထွက်လောက်ရတဲ့အကြောင်းရင်းကို မြေလှန်ရှာကြည့်တာရှာမတွေ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖေါ်ပြခဲ့တဲ့ အချက်တွေကပုဂ္ဂိုလ်ရေးအလျင်းကင်းသလို၊ အပုတ်ချခြင်းမရှိခဲ့လို့ဆိုတဲ့အချက်ကိုသတိပြုမိမှာပါ။
        ဖေါ်ပြခဲ့တဲ့အချက်တွေက factual ဆိုတဲ့အချက်ကိုမျက်ချေမပြတ်ပါနဲ့။ (၁၉၇၂) မှာတည်ခဲ့တဲ့ဥပဒေက မြန်မာနိုင်ငံသန်းခေါင်စာရင်းဥပဒေဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီကပြဌာန်းခဲ့တာပါ။ သတိအထူးပြုရမှာက အဲ့ဒီဥပဒေဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမြုတေပါတီကာလမှာ ပြဌာန်းခဲ့တာလို့ဆိုရင် ဥပဒေရဲ့ ကျိုးကြောင်းချင်းရာ နဲ့ လက်ခံနိုင်မှုအတိုင်းအတာ ကဘွင်းဘွင်းကြီးပေါ်သွားမှာပါ။ ဒီဥပဒေရဲ့ ခေတ်နဲ့မလျော်ညီတော့မှုကိုသိကြလို့ ခုအချိန်မှာ technical workshop တွေလုပ်နေပါပြီ။ ဒါတွေပြီးရင်ပြည်ထောင်စုရှေ့နေချုပ်ဆီကနေတဆင့်လွှတ်တော်ထဲရောက်လာပါလိမ့်မယ်။ အဲ- (၁၉၈၂) နိုင်ငံသား)ဥပဒေကတော့ အချိန်တော်တော်ယူရပါလိမ့်မယ်။ မနေ့ကကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကရင်ပြည်နယ်က ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း စောထွန်းမြအောင် (ယခင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး) က တိုင်းရင်းသားမျိုးနွယ်စုတွေ သတ်မှတ်ချက်အမှားအယွင်းနည်းအောင်၊ အိမ်ထောင်စုစာရင်းရယ်လို့သတ်မှတ်ရာမှာလည်း မှန်ကန်တိကျအောင် ဒေသခံတိုင်းရင်းသားတွေကိုယ်တိုင်ပါဝင်ပြီး ရေးဆွဲဘို့အဆိုတင်သွင်းပြီး အဲ့ဒီအဆိုကိုဆွေးနွေးကြဘို့သဘောတူတယ်လို့မှတ်သားလိုက်ရပါတယ်။
        ကိုမိုးတိမ်ဖေါ်ပြတဲ့ (၁၉၈၂) ပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့တဲ့ နိုင်ငံသားပြုမှုဖြစ်မှုနဲ့ဆိုင်တဲ့ဥပဒေပါ။ (၁၉၈၃) ခုနှစ်ဟာ မြန်မာနိုင်ငံလုံးကျွတ်သန်းခေါင်စာရင်းကောက်ခံခဲ့တဲ့နှစ်ပါ။ ဒီ(၂)ခုကသီးခြားကိစ္စတွေဖြစ်ပါတယ်။ (၁၉၈၂) ဥပဒေအရ မိသားစုတိုင်းအတွက် မရှိမဖြစ်ရှိရမဲ့ အိမ်ထောင်စုစာရင်း ဟာ မြန်မာနိုင်ငံသားတွေအတွက် အမျိုးသားမှတ်ပုံတင်ကဲ့သို့အရေးပါလာပါတယ်။ (၁၉၇၃) သန်းခေါင်စားရင်းကောက်ခံချိန်မှာကိုယ်တွေ့ကြုံခဲ့ရတဲ့ကိစ္စကတော့ – အိမ်တအိမ်တက်သွားတာနဲ့ မိသားစုစာရင်းကိုထုတ်ပြကြပါတယ်။ စာရင်းကောက်အားလုံးကိုညွှန်ကြားထားတာက မိသားစုအိမ်ထောင်စုစာရင်းကိုကူးယူတာမလုပ်ကြပါနဲ့ဆိုတဲ့တင်းကြပ်တဲ့ တားမြစ်ချက်ပါဘဲ။ ဒါဟာ သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုစာရင်းရဲ့ကွာခြားရတဲ့ အဓိကအချက်ပါဘဲ။ (နိုဝင်ဘ ာ ၃ရက်နေ့ထုတ် သတင်းစာတွေမှာ) ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ရဲ့ ရှင်းလင်းဆွေးနွေးချက်တွေမှာ ဒီ(၂)ခုကို မရောနှောမိကြဘို့အထူးသတိပေးထားပါတယ်။

  • ၂၀၁၂ ရဲဝင်း

    November 8, 2012 at 7:37 am

    အဟိ…
    အမေ့အိမ်မှာ မောင်ဂီ့က သားအဖြစ် သန်းခေါင်စာရင်းဝင်တယ် …
    အဲ ..မြို့နယ်မတူတဲ့ တခြား ရန်ကုန်မြို့က တနေရာမှာ အမွေရတဲ့
    တိုက်ခန်းမှာတော့ အိမ်ထောင်ဦးစီးတဲ့ခည ..
    စာရင်း ဝင်တာ ပေါပါတယ်. ..

    အဲ့တိုက်ခန်းရောင်းပီး နောက်တိုက်ခန်း ဝယ်တော့ နောက်တိုက်ခန်းမှာ
    နောက်ထပ် အိမ်ထောင်ဦးစီး ထပ်ဖြစ်တယ်.. ရောင်းထားတဲ့တိုက်ခန်းက
    အခွန်ကိစ္စကြောင့် ပိုင်ရှင်နာမည် မချိန်းရသေးဝူး ..ပိုင်ရှင်သစ်က
    ဧည့်သည် သန်းခေါင်စာရင်းနဲ့ နေတယ်…

    တချိန်တည်းမှာ မောင်ဂီ့က တဝမ်းတခါးကြောင့်
    နိုင်ဂျံဂါး ရောက်နေပြန်တယ်… ဒါရှို မောင်ဂီ့ ၄ယောက် ဖြစ်မှာလားဟင်င်င်င်
    အနှီ သန်းဂေါက်စာရင်းရီး ကောက်တဲ့အခါ…

    ပေါပါတယ်…. အိုင်တီ သုံးကို သုံးရပါတော့မယ်ဆိုတာ ….
    အော်ရီကယ် ဒေတာဘေ့စ်တေရမယ်
    မိုက်ခရိုဆော့ဖ် ဒေတာဘေ့စ်တေရမယ်…

    ဒက်ဂလောက်…ဒက်ဂလောက်…

    • maungmoenyo

      November 8, 2012 at 8:41 am

      လူတယောက်ထဲကိုတကြိမ်ထက်မက စာရင်းပြန်မကောက်မိအောင် ရည်ညွှန်းရက်(reference date)တခုတိတိကျကျသတ်မှတ်ပြီးကောက်ခံခြင်းဟာ သန်းခေါင်စာရင်းကောက်ခံခြင်းရဲ့ အနှစ်သာရပါဘဲ။ လေူတယောက်ကိုရောက်တဲ့နေရာမှာကောက်ယူခြင်းဟာ သန်းခေါင်စာရင်းရဲ့ အခြေခံပါဘဲ။ အဲ့ဒီလိုအမှန်ဖြစ်အောင်လုပ်ပေးဘို့က ပြည်သူတွေရဲ့ပါဝင်ပူးပေါင်းမှုကအရေးကြီးလာပါတယ်။
      (၁၉၇၃) တုံးက ပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းကောင်ယူပွဲမှာ “ကျောင်းတော်သားတို့လာခြေပြီ” ဆိုတဲ့ သီချင်းသံမြို့တိုင်းညံခဲ့တာပြန်ကြားယောင်မိပါတယ်။ ခုတကြိမ်မှာတော့ “ကျောင်းဆရာ/မ တို့ လာခြေပြီ” ဖြစ်မလားဘဲ….။

      • nature

        November 8, 2012 at 12:37 pm

        ကွန်ပြူတာ က data sort လုပ်လိုက်ရင် နာမည်တူ အသက်တူ ဖခင်အမည်တူ နေရပ်တူသူတွေကို အလွယ်တကူပြန်ရှာနိုင်တယ်။ စာလုံးပေါင်းမှန်ဖို့ပဲလိုတယ်။

        • nature

          November 8, 2012 at 12:59 pm

          ရပ်ကွက်အလိုက် ဗိုလန်တီယာ တွေခေါ်ပြီး ထရိန်နင်ပေးရင် ကောင်းမလားလို့။

  • မိုးတိမ်

    November 8, 2012 at 6:22 pm

    အခု ကျုပ်သိနေတာကတော့ ၂၀၁၃ မှာသန်းခေါင်စာရင်းအပြီးကောက်ပါလိမ့်မယ်။မူလတန်းပြဆရာဆရာမတွေလိုက်ကောက်ရပါမယ်။
    အလယ်တန်းပြက ဦးစီးလုပ်ဆောင်ရပါလိမ့်မယ်။ဒေတာတွေတိတိကျကျထွက်အောင်လဲ လုပ်ဆောင်ပါလိမ့်မယ်။အဲဒီမှာပြည်သူတွေက မညာဖို့၊ပူးပေါင်းဆောင်ရွက်ဖို့တော့လိုပါလိမ့်မယ်။ကိုမိုးညို ခင်ဗျားဘာကြောင့် ဒီလို post မျိုးရေးတာလဲဆိုတာ ခင်ဗျားကိုယ်တိုင်သိပါတယ်။စိတ်ဆိုးလို့ပြောတာထက် စိတ်မကောင်းလို့ ဝင်ပြောတာဆိုရင်ပိုမှန်ပါလိမ့်မယ်။နိုင်ငံတော်က သူဆောင်ရွက်သင့်တာတွေဆောင်ရွက်နေတဲ့အချိန်မှာ ခင်ဗျားက ဘေးထိုင်ဘုမပြောသင့်ဘူးထင်ပါတယ်။အဲဒီ သန်းခေါင်စာရင်းကောက်ပြီးရင် နိုင်ငံသားဥပဒေအရ စစ်ဆေးပါတော့မယ်။ခင်ဗျားက အဲဒါကို လက်မခံချင်ဘူးဆိုတာ post ကိုဖတ်ကြည့်ရင် မြန်မာစာတတ်ရင်သိပါတယ်ခင်ဗျား။အချက်အလက်တွေထပ်ရှာလိုက်ပါဦးမယ်။post တင်ဖို့လိုအပ်တယ်ထင်ရင် ဒီကိစ္စကို post တင်ပြီးကိုရှင်းပါဦးမယ်။

  • အရီးခင်လတ်

    November 9, 2012 at 3:46 am

    မြန်မာနိုင်ငံ ရဲ့ အခုလုပ်မဲ့ သန်းခေါင်စာရင်းကောက်ယူမှု အတွက် ဆရာမောင်မိုးညို ပြောသလို
    အစိုးရတာဝန်ရှိသူများကနေ ပြည်သူတွေ ကို အသေအချာရှင်းပြဖို့ တော့ အမှန်လိုနေတာ အသေအချာ ပါဘဲ။
    ကိုယ့်နိုင်ငံ က သန်းခေါင်စာရင်းကောက်ရခြင်း အကြောင်း ဟာလဲ တစ်ခြား နိုင်ငံတွေ လိုဘဲ ဦးတည်ချက် တူညီမယ်လို့ မျှော်လင့်ပါတယ်။
    သန်းခေါင်စာရင်းကောက်ရခြင်းဟာ လူဦးရေ ရေတွက်လိုခြင်းထက် ရည်ရွယ်ချက် အများကြီး ပို ကြီးမား သင့်ပါတယ်။

    နိုင်ငံကြီးတွေမှာလဲ သန်းခေါင်စာရင်းကို ၁ဝနှစ် တစ်ခါကောက်ပါတယ်။
    ဟိုးအရင်တွေ ကတော့ မသိဘူး။
    အခု မှာတော့ အိမ်တွေကို သန်းခေါင်စာရင်းနဲ့ ပါတ်သက်တဲ့မေးခွန်းတွေပါတဲ့ Form ပုံစံ တွေ ပို့ပါတယ်။
    အဲဒါကို ကိုယ့်ဟာကို ဖြည့်ပြီး စာတိုက်က ပြန်ပို့ ပေးရုံပါဘဲ။
    သန်းခေါင်စာရင်းပါ အချက်အလက်တွေဟာ သူတို့အနာဂါတ်အကျိုး ကို ဘယ်လောက် ကူညီပံ့ပိုးမှု ပေးမယ် ဆိုတာ ကို နားလည် နေပြီးဖြစ်တဲ့ တိုင်းသူပြည်သား တွေ မို့ အားတက် သရော မှန်မှန်ကန်ကန် ဖြည့်ပို့ ပါတယ်။
    ဒါဟာလဲ ပြည်သူ/သား တွေ ရဲ့ သမိုင်းပေးတာဝန်မို့ တာဝန်ကျေ ရမယ်လို့ ခံယူချက ်ရှိကြပါတယ်။
    သူတို့ အစိုးရကလဲ ကောက်ယူရရှိတဲ့ အချက်အလက် တွေ ကို အနာဂါတ် နိုင်ငံ တွေမှာ အရေးကြီး တဲ့ အထောက်အပံ့ အဖြစ်သုံးပါတယ်။
    ဥပမာ –
    လူဦးရေများတဲ့ နေရာတွေမှာ ဆေးရုံ/ဆေးခန်း တွေ ထပ်တိုးတာမျိုး၊ လမ်း တံတားသစ်ဖောက်တာမျိုး၊ အိမ်ယာတိုးချဲ့တာမျိုး ၊ သယ်ယူပို့ဆောင်ရေး အတွက် တိုးချဲ့တာမျိုး
    ကလေးတွေ များလာမဲ့ အလားအလာရှိရင် ကျောင်းတိုးချဲ့တာမျိုး၊ စာကြည့်တိုက်တွေ ပန်းခြံတွေတိုး ပေးတာမျိုး၊
    စီးပွါးရေးသမားတွေကလဲ အဲဒီအချက်အလက် တွေကို ကြည့်ပြီး ရုပ်ရှင်ရုံတွေ ဈေးဆိုင်တွေချဲ့ တာမျိုး၊ စက်ရုံတွေ ဆောက်ပြီးအလုပ်တွေ ဖန်တီးပေးတာမျိုး
    စသဖြင့် ဘတ်ဂျက်တွေ ရာထားနိုင်ပါတယ်။
    ဒါတင်မက အစိုးရ က သိမ်းဆည်းပေးထားတဲ့ ဒီ အချက်အလက်တွေ ကို သားစဉ်မြေးဆက် တောင်းကြည့်နိုင်လို့ ကိုယ့်ဘိုးဘွားတွေ ရဲ့ အကြောင်း အသေးစိတ် ရနိုင်ပါတယ်။

    ပြောရရင်တော့ တိုးတက်ပြီးနိုင်ငံတွေမှာ အစိုးရ နဲ့ ပြည်သူကြား အတိုင်းအတာ တစ်ခု အထိ ယုံကြည်မှု ရပြီးဖြစ်လို့ ပြည်သူတွေ က အချက်အလက် အမှန် ဖြည့်ဖို့ ဝန်မလေးပါဘူး။
    မြန်မာပြည်မှာ လူဘယ်နှစ်ရာနှုန်း က ကိုယ့် အလုပ်အကိုင် နဲ့ ဝင်ငွေ အမှန် ပြောမလဲ။
    ကိုယ့်ပိုင်ဆိုင်မှု တွေ အမှန်အကန် ပြောမလဲ။

    ပိုက်ဆံအကုန်အကျခံပြီး လုပ်တဲ့ အချက်အလက်ယူပွဲကြီးဟာ မမှန်ကန်တဲ့ အချက်အလက် တွေ နဲ့ ဟန်ပြ ရတာမျိုးမဖြစ်ရင်တော့ တိုင်းပြည်အတွက် အတော်လေးတန်ဖိုးရှိမှာပါ။
    ဆရာမောင်မိုးညို ပြောသလိုဘဲ အချက်အလက် စုဆောင်းတဲ့ မေးခွန်းတွေဟာ ပြည်သူတွေ ကို အကျိုးပြုနိုင်ဖို့ အစိုးရ နဲ့ စီးပွါးရေးသမား တွေကို ဘယ်လောက် အထောက်အပံ့ ပေးသလဲ ဆိုတာ အများကြီး စကားပြောပါမယ်။
    မဟုတ်လဲ အနဲ ဆုံးတော့ ဘယ်မှာ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာ လေးသိရုံ နဲ့ ကျေနပ်ကြတာပေါ့။
    ဒါတောင် လူတွေ ထပ်မနေ၊ လျှော့မနေ ရင်ပေါ့လေ။

    အစိုးရ အနေနဲ့လဲ တစ်ခြားနိုင်ငံတွေ ရဲ့ နမူနာတွေ လေ့လာမယ် ဆိုတာတော့ သေချာလောက်ပါတယ်။
    မှန်ကန်တဲ့ နည်းပညာရယူလိုခြင်း ဖြစ်ပါစေလို့ ဘဲ ဆုတောင်းပါတယ်။

    ဒီလို Post လေးအတွက် ကျေးဇူးပါ ဆရာမိုးညိုရှင့်။
    ဆက်ပြီး ဖြစ်သင့်တဲ့ မေးခွန်း တွေအကြောင်း ဆွေးနွေးနိုင်ရင် ဆွေးနွေး ပေးပါဦးလို့လဲ ပန်ကြားချင်ပါတယ်။
    ဆရာ့ အချိန်လေးများ မျှနိုင်ချိန်ပေါ့။

    PS – ယူကေမှာတော့ census ၁ဝနှစ် တစ်ခါကောက်ယူ တာ ကို ဖျက်ဖို့ ဖြစ်တော့မယ်ထင်ရဲ့။
    သူတို့ အဆိုအရ လူတွေ အရွှေ့အပြောင်း နှုန်း က အရင်နဲ့ မတူဘဲ အရမ်းမြန်တာကြောင့် ၁ဝနှစ် ဆိုရင် ဘယ်လိုမှ မတူအောင် အချက်အလက်က ကွဲနေပြီဖြစ်လို့တဲ့။
    ဒီနေ့ ခေတ်က တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ၊ တစ်မြို့ နဲ့ တစ်မြို့ ပြောင်းနေထိုင်ဖို့ အရမ်းလွယ် လာပြီမဟုတ်လား။

  • kai

    November 9, 2012 at 4:50 am

    ယူအက်စ် ၂၀၁ဝသန်ခေါင်းစာရင်းကောက်တာမှာ..Burmese Complete Count Committee (BCCC) ထဲပါပြီးလုပ်ပေးခဲ့တယ်..။
    ဆိုတော့…
    ကျုပ်ကနေ… မြန်မာတွေအတွက် မြန်မာလိုသန်းခေါင်စာရင်းအကြောင်းရေးပေးတဲ့.. အော့ဖ်ဖစ်ရှယ်စာနဲ့.. ပရိုမိုးရှင်းတီရှပ်ဒီဇိုင်း.. ညကျ..ရှာတင်ပေးမယ်ဖြစ်ပါကြောင်း…။ :kwi:

    မြန်မာပြည်မှာ သန်းခေါင်စာရင်းကောက်ရင်လည်း.. ပါဝင်ကူညီပေးလိုစိတ်ရှိပါကြောင်း…

Leave a Reply