Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ-အပိုင်း(၆)

aye.kkNovember 14, 20121min60124

၆။ ခြေဖနောင့်အဆင်းနီင်္ကြန်လာပါက ကောင်းကျိုးချမ်းသာ သုခခံစားရ ။
မွေးရာပါ ရုပ်လက္ခဏာအရ မိန်းကလေးများ ခြေဖနောင့်အဆင်းနီင်္ကြန် လာသော် ထိုမိန်းကလေးများသည် ။
သူဆင်းရဲ မိဘကပင် မွေးဖွားလာလင့်ကစား ကောင်းကျိုးချမ်းသာ သုခခံစားရမှာ
အမှန်ပင်ဖြစ်ကြောင်း ဘကြီးက ပြောပြထားဘူးပါတယ်။
နားလည်အောင် ရှင်းပြရပါလျှင် ။ အသားလတ်သူ ၊ အသားဝါသူ ၊ အသားဖြူသူ ၊ အသားညိုသူ မိန်းကလေးများ ခြေဖနောင့်အဆင်းနီင်္ကြန်ပါက ကောင်းကျိုးချမ်းသာ သုခခံစားရ ပါတယ်။ အသားဖြူတိုင်း ခြေဖနောင့်အဆင်း နီင်္ကြန်ခြင်း မဖြစ်ပေါ်နိုင်တာကိုလည်း ကွဲပြားသိစေချင်ပါတယ်။
ကျမငယ်စဉ်ကတော့ ခြေဖဝါးဖနောင့် အဆင်းနီင်္ကြန်လာသည့် မိန်းကလေးများ မြင်ရပါက အားကျမိစမြဲ အမြဲပင် ဖြစ်ခဲ့ရပါတယ်။ ကျမအနေနဲ ့ အသားဖြူသူဟု ဆိုနိုင်ပါသော်လည်း ခြေဖနောင့်အဆင်းနီင်္ကြန်လာမှု မရှိလို ့ပါ ။ ခြေဖနောင့်အဆင်း နီင်္ကြန်မှု မရှိသည့် အတွက်လည်း ။ မရောင့်ရဲချင် သည့်စိတ် ၊ ကျမနားမလည်သည့် အရွယ်က ဖြစ်ပေါ်ခံစား မိ်ခဲ့ဘူးပါတယ် ။
ကျမပတ်ဝန်းကျင်မှာလည်း ခြေဖဝါးဖနောင့် အဆင်းနီင်္ကြန်လာသည့် မိန်းကလေးများ မြင်တွေ ့ရတာ များပြားပါတယ် ။ ကျမတွေ ့မြင် သိကျွမ်းဘူးတဲ့ မိန်းကလေးများအချို ့ငယ်စဉ်ကချို ့တဲ့လာမှုအားတွေ ့ရှိရသော်လည်း ကံအကြောင်း ကောင်းမွန်လှစွာ ကောင်းကျိုးချမ်းသာသုခ ခံစားပိုင်ဆိုင်ရရှိ နေရသူများအဖြစ်နဲ ့သာ အများအပြား တွေ ့မြင်ရပါတယ် ။ ချမ်းသာသည့်မိဘများက မွေးဖွားလာလျှင်တော့ ပြောစရာ မရှိဟုပင် ထင်မြင်မိပါတယ် ။
တသက်တာလုံး ချမ်းသာသုခ ပိုင်ဆိုင်ရရှိ ခံစားနိုင်သည့် ကံအကျိုးပေး ကောင်းမွန်သည့်သူ များဟုသာ ဆိုချင်ပြောပြချင်မိ်ပါတယ် ။ ကျမကိုယ်တိုင်နှစ်များစွာကြာ လေ့လာ သိရှိတွေ ့မြင်ထားရတဲ့ မိန်းကလေး များအကြောင်း ပြောပြချင်မိပါတယ် ။ တစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်ပါ ။ ထိုမိန်းကလေး ရဲ ့အဖေက ဝန်ထမ်းပါ ။ အမေကတော့ လယ်ယာလုပ်သူပါ ။ ငယ်စဉ်အခါက ဒုက္ခ အခက်ခဲတွေနဲ ့ရင်ဆိုင်ကြုံတွေ ့ခဲ့ရဘူးတာ သူကိုယ်တိုင်ပြောပြလို ့သိရှိရပါတယ် ။ သူမမှာ မောင်နှမ သားချင်းများပြီး တက္ကသိုလ်တက်ခဲ့စဉ်က ချိုးခြုံချွေတာစွာ သုံးစွဲနေထိုင်ခဲ့ရသည့် အကြောင်းနဲ ့ မိဘများကလစဉ် ပုံမှန်ပို ့ပေးသည့်မုန် ့ဘိုးငွေများအားလည်း မသုံးစွဲရက်ခဲ့ကြောင်း ပြောပြပါတယ် ။
ဘွဲ ့ရရှိပြီး အလုပ်ဝင်တော့ သူမဟာ သူနေချင်တဲ့ ဆန္ဒရှိတဲ့ မြို ့မှာသာ ။ တာဝန် ထမ်းဆောင်ရလို ့ လွန်စွာကံကောင်း ခဲ့ကြောင်း ပြောပြပါတယ် ။ ရာထူးဋ္ဌာန တိုးတက်ပြီး နေရာအရွေ ့အပြောင်းမရှိဘဲ နှစ်ရှည် နေထိုင်ခဲ့ရတာဟာ အင်မတန်ကုသိုလ် ကောင်းမွန်တဲ့သူလို ့ဆိုရမှာ ဖြစ်ပါတယ် ။ ကောင်းကျိုးချမ်းသာ သုခရရှိ ပိုင်ဆိုင်ခံစားရတာ သိမြင်ရပါတယ် ။
နောက်တစ်ဦးက ကျမတွေ ့မြင် မိတ်ဆွေဖြစ်ခဲ့ရတဲ့ သူတစ်ဦးပါ ။ သူမကသင့်တင့်တဲ့ ရုပ်ရည်ချောမောသူ တစ်ဦးဖြစ်ပြီး ခြေဖနောင့်အဆင်းက နီင်္ကြန်နေပါတယ် ။ သူမ၏မိဘများက လွန်စွာဆင်းရဲခဲ့ပါတယ်။ ကျောင်းပညာအား ဘွဲ ့ရသည်အထိ သင်ကြားနိုင်ခြင်း မရှိခဲ့တာ သိရပါတယ် ။ မိဘများအား သူမတတ်သည့် လက်မှုပညာဖြင့် သိုးမွှေးထိုးခါ ရှာဖွေလုပ်ကိုင် ကျွေးမွေးနေထိုင် ဆောင်ရွက်ပြီး ။ သူမအား သဘောကျခါ လက်ထပ်လိုသည့် အမျိုးသားက သူမ၏မိဘများထံ လာရောက်တောင်းရမ်း ခဲ့သဖြင့် ထိုသူနှင့်အိမ်ထောင်ကျပြီး အလုပ်အကိုင် ကောင်းမွန်ခါ အကျိုးပေးသဖြင့် တစ်တစ်စကြွယ်ဝ ချမ်းသာလာခဲ့ကြောင်း ပြောပြပါတယ် ။ ယခုအခါမှာလည်း လုပ်ငန်းတွေ အများအပြား ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ် ။ သူမခြေဖဝါးဖနောင့် အဆင်းနီင်္ကြန်မှုက သူမကိုကောင်းကျိုးချမ်းသာ သုခခံစားရရှိစေနိုင်တာ ကျမသိမြင်ခဲ့ရပါတယ်။
နောက်တစ်ဦးက သူငယ်ချင်းအစ်မပါ ။ သူမက ကျမတို ့ဘကြီးအိမ်အနောက်မှာ ငှားနေတဲ့သူပါ ။ သူမအမေက စက်ချုပ်ပြီး သူမအဖေက အစိုးရဝန်ထမ်း တစ်ဦးပါ ။ သူမငယ်စဉ်က လွန်စွာဒုက္ခရောက်ခဲ့တာ ကျမမျက်မြင်ပါ ။ ဆန်အိုးထဲဆန်မရှိလို ့ သူမရဲ ့မိဘများ မကြာခဏ စကားများကြတာကို ကျမမှတ်မိနေပါတယ် ။ ထိုမိန်းကလေး၏ မွေးရာပါ အင်္ဂါရုပ်လက္ခဏာ ပိုင်ဆိုင်လာမှုအရ ခြေအဆင်းနီင်္ကြန်နေသည့်အတွက် ကြီးလာပါက ကောင်းကျိုးချမ်းသာသုခ ခံစားရရှိပိုင်ဆိုင်မည့်သူ ဖြစ်ခါ ထိုမိန်းကလေးအား ဆင်းရဲမည့်သူ မဟုတ်ကြောင်း ကျမခပ်ငယ်ငယ် အရွယ်တုံးကတည်းက ဘကြီးကပြောပြပါတယ် ။
ကျမတို ့ကြီးပျင်းလာတဲ့အချိန် ။ သူမကိုလာရောက် တောင်းရမ်းသူဟာ ချမ်းသာကြွယ်ဝ မျိုးရိုးကောင်းမွန်တဲ့ ဂုဏ်အရှိန်အဝါ ရှိတဲ့အသိုင်းအဝိုင်းက ဖြစ်ပြီး သူမကို လွန်စွာကြင်ကြင်နာနာနှင့် ကောင်းကောင်းမွန်မွန် ထားရှိတာသိရပါတယ် ။ သူမမိဘများငွေကြေး မချမ်းသာသော်လည်း ယောက္ခမဖြစ်သူ အသိုင်းဝိုင်းတို ့ကဖိနှိမ်တာမျိုး မရှိလို ့ကျမကိုယ်တိုင် သူမကို အားကြမိတာမျိုး ဖြစ်ခဲ့ရဘူးပါတယ် ။
တစ်ယောက်ကတော့ ဆဋ္ဌမတန်းတုံးက အတန်းတူခဲ့တဲ့သူပါ ။ သူမက လွန်စွာဆင်းရဲပါတယ် ။ တရက်မှာ ကျောင်းလာမတက်လို ့မေးမိရာက စားစရာဆန် မရှိလို ့ ကျောင်းလာမတက်နိုင်တာ ဖြစ်ကြောင်း ပြောပြပြီး သူမ မျက်နှာပြင် တစ်ခုလုံး နီမြန်းပြီး ။ ကျမအပေါ်မှာ ရှက်စိတ်မွှန်ထူသွားခဲ့ပါတယ် ။ သူမဟာ နောင်တစ်ချိန် မှာကျမနဲ ့ဆွေမျိုးဖြစ်ပြီး ကျမအစ်ကိုတော်စပ်သူကိုလက်ထပ်ယူခဲ့ပါတယ် ။
ကျမကိုမခံနိုင်လို ့လက်ထပ်ယူခဲ့တာ ဖြစ်ကြောင်း ။ သူမအား ကျောင်းလာမတက်နိုင်သည့် အကြောင်းရင်း မေးခဲ့စဉ်က စိတ်ကနာကျည်းမှု နာကျင်မှု များစွာဖြစ်ထားခဲ့ကြောင်း ။ ကျမအစ်ကိုတော်စပ်သူက လာပိုးပန်းခဲ့သဖြင့် ချမ်းသာချင်၍ လက်ထပ်ခဲ့တာ ဖြစ်ကြောင်း ပြောပြပါတယ် ။ ကျမအမေကလည်း သူမအပေါ်မှာ အတော်လေးကြည့်ရှူစောင့်ရှောက်ခဲ့တာ ကျမသိမြင်ပါတယ် ။ အခုထက်ထိ သူမဟာ ချမ်းသာနေပါတယ် ။ ကျမအစ်ကိုတော်စပ်တဲ့သူနဲ ့ကွဲပြီးအမွေများကိုလည်း ရအောင်ပိုင်ဆိုင် ရယူနိုင်ခဲ့ပါတယ်။ နောက်အိမ်ထောင်ခင်ပွန်းကလည်း လွန်စွာချမ်းသာတဲ့အပြင် သူမစိတ်တိုင်းကျ ချစ်ခင်အလိုလိုက်တာ တွေ ့မြင်ရပါတယ် ။ သူမက ကျမနဲ ့ဆွေမျိုးတော်စပ်ပြီး ကတည်းက အခုချိန်ထိ ကျမကို အခင်အမင်မပျက် အဆက်အသွယ်ပြုလုပ် ဆက်ဆံနေခဲ့ပါတယ် ။
သူမဟာ ခြေဖနောင့်အဆင်းနီင်္ကြန်လာတဲ့ မွေးရာပါရုပ်လက္ခဏာ အင်္ဂါ ပိုင်ဆိုင်ခဲ့လို ့ ကောင်းကျိုးချမ်းသာ သုခ ခံစားရတာ ကျမသိမြင်ခဲ့ပါတယ်။

ရှေးပြုအတိတ်ကံ ဖြစ်တည်မှုအပေါ် ရုပ်တရားတို ့ကွဲပြားခြားနား လာကြကာ ။ မွေးရာပါ ရုပ်လက္ခဏာ ဘဝအကျိုးပေး ကောင်းမွန်ခြင်းအား ၊ လေ့လာတွေ ့ရှိခဲ့ရမှုအပေါ် ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေ ပြောပြခြင်း သာလျှင်ဖြစ်ပါတယ် ။။

24 comments

  • aye.kk

    November 14, 2012 at 11:14 pm

    အပိုင်း(၆)ထပ်မံတင်ပေးလိုက်ပါတယ်။

  • pooch

    November 14, 2012 at 11:24 pm

    ဟုတ်ကဲ့အန်တီအေး အဲ့ဒီလို မျိုး အမဝမ်းကွဲတယောက်ကို မြင်ဖူးပါတယ်။ သူ့ယောက်ျားက သူ့ကို အလွန်ချစ်ပြီး လောလောဆယ်မှာ သိပ်ပြီး ကျိကျိတက်ချမ်းသာမနေပေမဲ့ အစစအရာရာ ပြည့်စုံပြီး စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားပါတယ်။

    နောက်ဆက်ရန်တွေလည်း စောင့်ဖတ်နေပါတယ်။

    • aye.kk

      November 15, 2012 at 9:23 am

      ံHin Hin,ရေ။
      ဖတ်ရှုအားပေးနေတာသိရလို ့အန်တီအနေနဲ ့အတိုင်းထက်အလွန် ဝမ်းသာမိပါကြောင်း ပြောချင်ပါတယ်။
      မွေးရာပါရုပ်လက္ခဏာအရ ခြေဖဝါးကြမ်းပြင်နဲ ့ထိကပ်နေတဲ့အပိုင်းပေါ့နော် ။တွေ ့မြင်ရတဲ့ခြေဖနောင့်အသား အဆင်းနီင်္ကြန်လာမှုဟာ မိန်းကလေးများအတွက် ကောင်းကျိုးချမ်းသာ သုခရရှိ ခံစားနိုင်ရမှာ အမှန်ပါဘဲကွယ်။

  • aye.kk

    November 14, 2012 at 11:41 pm

    pooch,ရေ။
    ပထမဆုံးကွန်မန်းအတွက်ကျေးဇူးပါနော်။
    ခြေဖနောင့်အဆင်းနီင်္ကြန်တာက ကောင်းကျိုးချမ်းသာရရှိနိုင်တာ ခံစားရပါတယ်။
    ဧကန်မုချချမ်းသာပြီး (ကတော်ဆယ်ပါးမှာတစ်ပါးပါဝင်) ဥပဓိရုပ်ရည်ပိုင်ဆိုင်လာတဲ့ သူဋ္ဌေးဖြစ်မယ့် ရုပ်လက္ခဏာပါရှိလာသည့်သူအား ထပ်မံရေးတင်ပေးပါဦးမယ်။။

  • Hnin Hnin

    November 15, 2012 at 1:31 am

    တီကေရေ..ခြေဖနောင့်နီတယ်ဆိုတာ
    မျက်စိနဲ့မြင်နေရတဲ့ ဖနောင့်နေရာပိုင်းတင်ပဲလား။
    ကြမ်းပြင်နဲ့ထိကပ်နေတဲ့အပိုင်းရော ပါသေးလား။

    ဖေဖေကတော့ ဖနောင့်ကို ရဲနေတာပဲ မြင်ဖူးထားလို့…ယောကျာ်းလေးတွေရော အဟောရှိလား?

    • ဦးကြောင်ကြီး

      November 15, 2012 at 8:45 am

      အံမှာ.. နှင်းနှင်းဂေးက ဖေဖေ ဖေဖေနဲ့ ဦးကြောင်ကြီး ဖနောင့် နီမနီ သိချင်လို့ အန်တီအေးကတဆင့် မေးလိုက်တာမရား…။ ဖြေဘူးကွာ… ခြစ်တယ်ပြောမှ ဖြေမယ်..ဒါဗျဲ…။

      • Hnin Hnin

        November 15, 2012 at 9:43 am

        ဘူးကြက်ဝေါင်(တရုတ်နာမည်ဆိုသော်ငြား…ဆွေမျိုးတောင် နည်းနည်းလေးမှ
        မတော်စပ်ပါ)ကို ခြစ်ပါတယ်..သင်္ဘောခြစ်နဲ့…Infinity……….

    • aye.kk

      November 15, 2012 at 9:30 am

      Hnin Hnin,ရေ။
      ခြေဖနောင့်အဆင်းနီင်္ကြန်တဲ့တွေ ့မြင်ရတဲ့နေရာက ကြမ်းပြင်နဲ ့ထိကပ်နေတဲ့နေရာ လက်မတစ်ဆစ်သာသာ နေရာလေးပါ နီင်္ကြန်တဲ့အဆင်း အင်္ဂါရှိနေတာဟာ ကောင်းကျိုးသုခ ခံစားရပါတယ်။
      ယောက်ကျားေလေးမှာ တွေ ့ရတာထက် မိန်းကလေးရဲ ့အဆင်းအင်္ဂါမှာပါရှိလာတာက ပို၍အဓိကကျပါတယ်ကွယ်။။
      ——————————————————————————————————
      ကြောင်ကြိီး
      ဖတ်ရှူအားပေးတာကျေးကျေးနော်။။

      အန်တီအေး။။တူမလေးပေးမယ်နော်။(စတာ)

  • အန်တီအေးရေ..

    ခြေဖနောင့်နီတယ်လို့ဆိုတော့ကာ ကျွန်တော်များ ကျောက်မဲနယ်ဘက်မှာ နေခဲ့စဉ်ကပေါ့နော်… ကျွန်တော်များ သျှမ်းပျိုမေများဟာ ပါးအို့တွေဆို နီရဲနေတာပဲ… နေပူထဲမှာ အလုပ်လုပ်လေ ပိုနီရဲလေပေါ့… ဆိုတော့ ခြေဖနောင့်များဆိုလဲ တောင်ပေါ်တွေ မကြာခဏတက်ရတော့ အားစိုက်ရလေ ပိုနီရဲလေပေါ့.. တောင်ယာသွားတဲ့အခါမှာ တောင်မြေတွေကချော်နေတော့ ပိုအားပြုတက်ရပါတယ်.. မိုင်းတဉ်းရွာသူတွေဆို ပလောင်တွေများတယ်ပေါ့နော်… အဲဒီခေတ် အခါတုန်းက အဲဒီဘက်လဲ အရောက်အပေါက်နည်းကြတယ်… ကျွန်တော်များ သျှမ်းတွေမှာ ဆိုရိုးစကားရှိတယ်.. လင်ကိုဘုရား၊ သားကို သခင် လို့ပြောကြတယ်။ မြန်မာစကားပုံရှိတာလဲ သိပါရဲ့။ ဒါပေမယ့် အဲလိုစကားတွေကြောင့် ယောကျာ်းသားတော်တော်များများက အဲဒီခေတ်အခါတုန်းကပေါ့ အိမ်မှာ ဘိန်းလေးရှူပြီး မှိန်းနေကြတာလား… မိန်းမတွေကလဲ အရက်သမားထက် ဘိန်းသမားက စကားချိုတယ်ဆိုပြီး ပိုလက်ထပ်ချင်ကြတာပေါ့…

    ဒီတော့ ပြောလိုတာက အဲလိုခြေဖနောင့်တွေနီနေတဲ့၊ နီနေအောင် တောင်ပေါ်လမ်းတွေကို ကုတ်ကပ်တက်ပြီး လင်ယောကျာ်းတွေကို မြို့ပေါ်က ဈေးနေ့တွေတိုင်းသွားရောင်းပြီး ရှာဖွေကျွေးမွေးနေရတဲ့ မိန်းကလေးတွေလဲ အဲလိုအစားထဲမှာ ပါသလားလို့ပါ။

    (မတူတဲ့ အမြင်တစ်ခုကနေ မန့်ကြည့်ပါကြောင်း)

    • aye.kk

      November 15, 2012 at 9:51 am

      ရှုံးနိမ့်မှုများနဲ ့…လူ
      တိုတိုပဲခေါ်လိုက်ပါရစေနော်။
      အန်တီရဲ ့အရေးအသားလိုအပ်မှုအတွက် အားနာမိပါတယ်။
      ထပ်မံဖြည့်စွက်ပြင်လိုက်ပါပြီကွယ်။
      မိန်းကလေးများရဲ ့ခြေဖနောင့်အသား ကြမ်းပြင်နဲ ့ထိပြီး လက်မတဆစ်သာသာအမြင့် ခြေဖနောင့်အဆင်း
      နီင်္ကြန်လာမှုဟာ မိဘမွေးရာပါရှိလာတဲ့ ရုပ်လက္ခဏာ အင်္ဂါအဆင်း ပိုင်ဆိုင်သူကို ဆိုလိုခြင်းဖြစ်ပါတယ်။
      မွေးရာပါ သဘာဝတရားအတိုင်း ဖြစ်တည်ရှိလာတဲ့ ရုပ်လက္ခဏာ အဆင်းပါရှိသူဟာ ကောင်းကျိုးသုခ ရရှိပိုင်ဆိုင်
      ခံစားရသူပါဘဲ ။ တောင်ပေါ်တက်လို ့ အေးခဲဒေသတွေနေရာမှာနေထိုင်
      လို ့ ခြေဖနောင့် နီကျင်တာ လုံးလုံးမသက်ဆိုင်ပါဘူးလို ့ပြောပြချင်ပါတယ်။ တောင်ပေါ်တက်လို ့ခြေထောက်နီကျင်တာနဲ ့
      မသက်ဆိုင်သလို ဘယ်အချိန် ဘယ်အခါမှာ ကြည့်ကြည့် ခြေဖနောင့်အဆင်းနီင်္ကြန်လှပမှု ရှိတဲ့မိန်းကလေးတွေကို ဆိုလိုတာဖြစ်ကြောင်း ထပ်မံရှင်းပြ ပြောပြလိုက်ပါရစေကွယ်။။

  • Mon Kit

    November 15, 2012 at 9:30 am

    အန်တီအေးရေ..
    သေချာတာ တစ်ခုက မွန်ကစ်ခြေဖနောင့် နီင်္ကြန်ခြင်း မရှိတာပါဘဲ.. :byae:
    အဲလို အင်္ဂ ါရပ် ရှိတဲ့သူတွေကိုလည်း အကျိုးပေးကောင်းမွန်သူအဖြစ် အားကျ မုဒိတာပွားမိပါတယ်..
    နောက်လာမဲ့အပိုင်းဆက်များ စောင့်မျှော်လျှက်…..

  • aye.kk

    November 15, 2012 at 10:08 am

    Mon Kitရေ။
    တူမလေးအားပေးဖတ်ရှူနေတဲ့အတွက်ဝမ်းသာမိပါတယ်ကွယ်။
    ခြေဖနောင့်အဆင်း မနီတာကတော့ အန်တီနဲ ့အတူတူ အဖော်ရှိပါတယ် ။
    ကံအကျိုးပေးပါဘဲ တူမရေ ။အကြောင်းကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်ရတာ။
    ရှေးကံ ဝိပါက် အကျိုးပေးကောင်းမွန်သည့်သူ မိန်းကလေးများ ခြေဖနောင့်အဆင်း နီင်္ကြန်လှပ ပိုင်ဆိုင်ခွင့်ရတာဟာ အန်တီလည်း မုဒိတာပွား အားကျမိတာ အမှန်ပါဘဲကွယ်။

  • weiwei

    November 15, 2012 at 11:03 am

    အန်တီအေးပို့စ်ဖတ်ပြီး ကိုယ့်ခြေထောက်ကိုယ် ပြန်ကြည့်မိတယ် … နီကြန်လှပမနေဘူး … :byae:
    ဒီနေ့တော့ ရုံးမှာတွေ့သမျှ အမျိုးသမီးအားလုံးရဲ့ဖနောင့်တွေကို သုတေသနလုပ်ရမယ် … :kwi:

    • aye.kk

      November 15, 2012 at 3:29 pm

      wei wei
      ဖတ်ရှူအားပေးသွားတာကျေးဇူးပါ။
      ခြေဖနောင့်အဆင်းနီင်္ကြန်လှပမှုဟာမိန်းကလေးတွေရဲ ့
      ကောင်းခြင်းချမ်းသာထဲကတစ်ပါးအပါအဝင်ပါဘဲ။

  • Novy

    November 15, 2012 at 11:39 am

    မမအေးရေ
    ရုပ်လက္ခဏာနှင့် သိကောင်းစရာများကို ရေးပေးလို့ကျေးဇူးပါနော်
    အခုလည်း ကိုယ့်ဖနောက်လေးကိုယ်ကြည့်မိတယ်
    ပန်ရောင်သန်းရုံကလေးပဲတွေ့တယ်
    ရုံးကလူတွေကိုလည်းလိုက်ကြည့်လိုက်အုံးမယ်

    • aye.kk

      November 15, 2012 at 3:32 pm

      Novy
      ဖတ်ရှူအားပေးတာသိရလို ့ဝမ်းသာမိပါတယ်။

  • jullies cezer

    November 15, 2012 at 12:27 pm

    နောက်ထပ် post များကိုလည်းစောင့်မျှော်နေပါတယ် မမအေးရေ ……

    • aye.kk

      November 15, 2012 at 3:35 pm

      jullies cezer
      အန်တီအတွက်အားဆေးဖြစ်ရပါတယ်
      ထပ်မံရေးတင်ပေးမည့်အကြောင်းပြောပြပါရစေ။။

  • ခိုင်ဇာ

    November 15, 2012 at 12:54 pm

    တီအေးရေ။ ဒီနေ့ကတော့ဖြင့် ရုံးမှာ တခြားသူတို့ ဖနောင့်တွေကို လိုက်ကြည့်ရမဲ့နေ့ပဲ။
    :harr:
    ဝေမျှဗဟုသုတအတွက် ကျေးဇူးတင်ပါတယ်။

    • aye.kk

      November 15, 2012 at 3:41 pm

      ခိုင်ဇာ
      ဗဟုသုတရတာသိရလို ့ဝမ်းသာမိရပါတယ်ကွယ်။။

  • MaMa

    November 15, 2012 at 1:22 pm

    မအေးရေးတဲ့စာတွေဖတ်လိုက် ကိုယ့်ခြေဖနောင့်ပြန်ကြည့်လိုက်နဲ့။
    နီလား မနီလားတော့ မသိဘူး။
    နီပါစေလို့တော့ ဆုတောင်းမိသား။ :hee:

  • aye.kk

    November 15, 2012 at 3:47 pm

    မမ
    အားပေးဖတ်ရှူတာကျေးဇူးပါနော်။
    မမကိုစိတ်ရင်းနဲ ့ခန် ့မှန်းချင်မိတဲ့စိတ်ဖြစ်ပေါ်မိပါတယ်။
    မမခြေဖနောင့်အဆင်းနီင်္ကြန်နေမှာပါလို ့လေ။။(ခင်လို ့ပါနော်မမ)

  • မောင်ပေ

    November 15, 2012 at 9:32 pm

    အန်တီအေးရေ
    အန်တီအေး စာဖတ်ပြီး အသိတိုးရပါတယ်
    ကျုပ် ရဲ ့ လက်ရှိဘဝ ဆွေမျိုးသားချင်း အသိ မိတ်ဆွေ အားလုံးထဲမှာ အန်တီအေး အချက်အလက် နဲ ့အကြုံးဝင်တဲ့လူ မရှိပါဘူး ။ ဂေဇက်က အသိတွေထဲတော့ မသိဘူးရယ်

  • aye.kk

    November 15, 2012 at 10:53 pm

    မောင်ပေ
    ကျေးဇူးပါ
    အန်တီကရုပ်လက္ခဏာကိုငယ်ငယ်ထဲက
    မိတ်ဆွေဘကြီးကျေးဇူးကြောင့်နားလည်ဝါသနာပါခဲ့ရပါတယ်။
    အခုတရားအားထုတ်မိတော့ရုပ်နာမ်နှစ်ပါး(ငါ)ဆိုတာမရှိတာသိနားလည်ခဲ့ရပါတယ်။
    အကြောင်းကြောင့်အကျိုးတရားဖြစ်ပြီးသံသရာမပြတ်တာ။
    ရုပ်လက္ခဏာများဖြစ်တည်လာမှုများဟာလည်း ရှေးပြုအတိတ်ကံများကြောင့်သာ ကွဲပြားခြားနားလာကြပြီး
    ချမ်းသာတာဆင်းရဲတာ ကောင်းတာ ဆိုးတာ ဖြစ်ကြရပါတယ် ။ ပစ္စုပ္ပန်တည့်တည့်မှာလည်း ကံဆိုတာအလုပ်။
    အလုပ်ကောင်းမှ ကံကောင်းမည် ။ ကံကောင်းမှကောင်းကျိုးရသည်
    လို ့ရှင်တော်ဗုဒ္ဓကမြတ်ဆိုမိန် ့ထားခဲ့ပါတယ် ။
    ရုပ်ဆိုးတာတွေ ရုပ်ချောတာတွေ အကြောင်းမထားတာ အကောင်းဆုံးဘဲ
    လို ့ပြောပြချင်ပါတယ်ကွယ်။။(ရုပ်လက္ခဏာသဘောတရားကိုတော့ဗဟုသုတအဖြစ်သာပြောပြလိုတာပါ)

Leave a Reply