Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပိန်သောသူများ အတွက်ရည်ရွယ်၍

ခင္ခNovember 15, 20121min92837

ပိန်သောသူများ အတွက်ရည်ရွယ်၍

လူရယ်လို့ ဖြစ်လာရင် တစ်ချို့ကပိန်သည်၊ တစ်ချို့က ဝ သည်ဟူ ၍ ကွဲပြားလာကြပါသည်။
ထိုသို့ကွဲပြား သလို လူတွေရဲ ့စိတ်ထဲမှာလဲ  ကွဲပြားသောခံစားချက်များ ကိုယ်စီ ရှိနေကြပါသည်။ ပိန်တဲ့သူက ဝချင်သည် ဝတဲ့သူကပိန်ချင်သည်။ အခု ပိန်တဲ့သူရဲ ့ ဝ ချင်တဲ့ စိတ်အဟာရ ပြည့်သွားအောင် မြန်မာ့တိုင်းရင်း
ဆေးပညာ နဲ ့ လေ့လာ ဓါတ်စာ စားကြည့်ရအောင်၊ လူရယ် လို ့ ဖြစ်လာရင် လူတစ်ယောက်မှာ ဓါတ်ကြီး လေးပါးနဲ ့တည်ဆောက်ထားကြတယ်လို ့ ဆိုပါသည်။ ဓါတ်ကြီးလေးပါး ဆိုသည်မှာ အရပ်သုံးစကား ဖြစ်ပါသည်။မြန်မာ့တိုင်းရင်းဆေးပညာမှာတော့ ဓါတ်ကြီး  ငါးပါးဖြစ်ပါသည်။ အရပ်ထဲက ဓါတ်ကြီးလေးပါးမှာ ပထဝီဓါတ်၊ အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ် တို ့ဖြစ်ပြီး၊ မြန် ့မာ့တိုင်းရင်းဆေးပညာ မှာရှိတဲ့ ဓါတ်ကြီး ငါးပါးမှာ ပထဝီဓါတ်၊ အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ်၊ အာကာသဓါတ် ဆိုပြီး အာကာသဓါတ် တစ်ခု တိုးသွားခြင်းဖြစ်ပါသည်။
အခု ပိန်သူကို ဝ စေမည်ဖြစ်သော ဓါတ်စာအကြောင်းပြန်ဆက်ပြောပါ့မယ်၊ အရပ်စကားသုံး ဖြစ်တဲ ့ ဓါတ်ကြီးလေးပါးနဲ ့ပဲ ရှင်းပြပေးပါ့မယ်၊ အရင်ပြောချင်တာ က လူသားတွေ မှာ အပူလို ့ခေါ်သော ဥဏှစွမ်းအင် ၊ အအေးလို့ခေါ်သောသီတစွမ်းအင်  ညီမျှသော စည်းချက်ညီသည့် စွမ်းအင်နှစ်ခု နဲ ့အသက် ရှည်ရပ်တည်ကြခြင်းဖြစ်သည်။ထိုစွမ်းအင်နှစ်ခု မှာ အပူလို့ခေါ်သောဥဏှစွမ်းအင်သည် များလျင် လူသားကို ပိန်စေပြီး၊ အအေးဟုခေါ်ဆိုသော သီတစွမ်းအင်များလျင် လူသားကို ဝစေသည် လို ့ မြန်မာ့တိုင်းရင်း ဆေး ပညာမှာဆုံးဖြတ်ကြပါသည်။
အဘယ့်ကြောင့်ဆိုသော်   အပူစွမ်း အင် (ဥဏှ)သည်  လူသား၏ကိုယ်ထဲတွင် တေဇောနှင့်
ဝါယောဓါတ်ကိုလွန်စေသောကြောင့် လူကို ပိန်စေခြင်းဖြစ်ပြီး ၊ အအေးစွမ်းအင်(သီတ)သည် လူသား၏ကိုယ်ထဲ
တွင် ပထဝီဓါတ်နှင့် အာပေါဓါတ်ကိုလွန်စေသောကြောင့် လူကိုဝစေခြင်းဖြစ်ပါသည်။ ဒါဆိုရင် ပိန်တဲ့သူတွေမှာ
အပူစွမ်းအင် ဓါတ်စာများဖြစ်သော ပူစပ်သောအစာများအစားများလို့ ပူခါးသောအစာများအစားများလို ့ဆုံးဖြတ်
ချက်ချနိုင်ပါသည်။ ဝတဲ့ သူတွေကတော့ အအေးစွမ်းအင်များဖြစ်သော  အေးချိုစိမ့်သောအစာများအေးချိုစိမ့်
ဖန်ဖြစ်သောဓါတ်စာများ စားလို့ ဝခြင်းဖြစ်ပါသည်လို့ဆုံးဖြတ်ချက်ချနိုင်ပါသည်။
ထို့ကြောင့် ပိန်နေလို ့ ဝချင်တယ်ဆိုရင် သီတပထဝီစာများ ဖြစ်သော အေး၍ ချိုစိမ့်သောအ
စာများ များများစားပါ ၊ သီတအာပေါစာများဖြစ်သော အေး၍ ချိုဖန် ချိုစိမ့်ဖန် ဖြစ်သောအစာများ များများစား
ပါ၊ စုပေါင်းလို့ သီတပထဝီအာပေါ ဓါတ်စာများမှာ  ဖေါ်ပါအတိုင်းဖြစ်ပါသည်။   ငါးမျိုးစုံ၊ ဝက်သား ၊ဘဲသား၊
ဘဲဥ၊ ရေကြက်၊ငါးဥများ၊ ကြက်ဥ၊ဖွတ်ဥ၊လိပ်ဥ၊ထန်းမြစ်၊ငှက်ပျောသီးမျိုးစုံ၊ပဲနီလေး၊ပဲရာဇာ၊အာလူး၊ပြောင်းဖူး၊
ပဲကြား၊နွားနို ့၊ ကျွဲ နို ့၊ဆိတ် နို ့၊ထောပတ်၊ နနွင်းမကင်း၊ကိတ်မုန် ့မျိုးစုံ၊ဖာလူဒါ၊ချိုစိမ့်သောမုန့်များ၊ ပလာတာ၊
ပေါင်မုန် ့၊ ကြံရည်၊ သကြား၊ထန်းလျက်၊သခွါးသီး၊ဘူးသီး၊ကျောက်ဖရုံသီး၊ဘူးညွန် ့၊ကျောက်ဖရုံညွန် ့၊ကန်ဇွန်း
ရွက်၊ မုံလာဥ၊ ကိုက်လန်၊ဂေါ်ဖီများဖြစ်ပါသည်။ ထိုဓါတ်စာများသည် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် လူကို
ဝအောင်စားသောက်ရသောဓါတ်စာများဖြစ်ပါသည်။ အကယ်၍ အဆိုပါဓါတ်စာများစားနေစဉ် အစပ်စားချင်
လျင် ငရုပ်သီးစိမ်းများကို စားသောက်နိုင်ပါသည်။ အဓိက ဝစေသောဟင်းလျာမှာ ဝက်သားဟင်း၊ငါးကြင်း
သား ၊ဘဲသား ၊ ဘဲဥ ၊ကြက်ဥ ၊နွားနို ့ချိုချို ဖျော်သောက်ခြင်း၊ကိတ်မုန့်များဖြစ်ပါသည်။ ပိန်နေသူများ ဝချင်လျင်
အထူးရှောင်ရသော ဓါတ်စာမှာ ငရုပ်သီးခြောက်အစပ်မှုန့်များဖြစ်ပါသည်။
ဖော်ပြပါ ဓါတ်စာများကို နားလည်သွားပါလျင် ပိန်နေ၍ ဝချင်သူများ မိမိဘာသာရွေးချယ်
စားသောက် တတ်မည်ဖြစ်သည်။ အစားကိုမှန်မှန်စားခြင်း နှင့် အိပ်ရာစောစောဝင်ခြင်းသည် လည်းလူကို၀
စေပါသည်။ အိပ်ရေးပျက်များလျင်လည်း လူကိုပိန်စေပါသည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့်ဖော်ပြပါဓါတ်စာများကို
စားလျင် အမှန်တကယ် တဖြေးဖြေးဝလာပါလိမ့်မယ်၊။ မုန် ့ဟင်းခါးကြိုက်လျင် ငရုပ်သီးမထည့်ပဲ စားပါက လူ
ကိုဝစေပါသည်။ အခုလောက်ဆို  ဝချင်သူများ အဆင်ပြေလောက်ပြီထင်ပါသည်။

 

ဝတဲ့သူတွေပိန်စေတဲ့ နည်းလမ်းတွေဘဲ ရေးနေကြတာ ပိန်တဲ့သူတွေ ဝစေတဲ့နည်းလေးရော မရှိဘူးလားလို့ မေးဖူးသောသူများအတွက် ရေးသားမျှဝေလိုက်တာပါ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

 

37 comments

  • Hnin Hnin

    November 16, 2012 at 12:10 am

    ကိုခရေ…မပိန်မဝ စာရင်းထဲမှာပါ..
    ပိန်လည်း မပိန်ချင်သလို ဝတုတ်ကြီးလည်း မဖြစ်ချင်ပါဘူး…
    ဇရာလည်း ထောင်းနေပြီဆိုတော့ ထိန်းနိုင်သလောက်တော့ ထိန်းနေရမှာပေါ့လေ… :mrgreen:
    ဖတ်ရင်း စားစရာ စာ၅ကြောင်းဆက်ဖတ်လိုက်ရတာ မောပြီး အစားအသောက်တွေပါ
    ကောက်စားချင်စိတ်ပါ ပေါက်သွားပါရဲ့…ဒီလိုနဲ့ဝိတ်တက်လိုက်ရင်တော့… 🙂

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 12:27 am

    ဦးဆုံးကွန်မန့်ပြုသူ ခင်ခပိုစ့်တွေမှာ ကွန်မန့်လေးတွေအမြဲပေးတတ်သူ နှင်းနှင်းရေ အလွန်ပင်ကျေးဇူးတင် မိပါတယ်။ ခင်ခ ဒီရွာထဲမှာ ကျန်းမာရေးပညာပေးပိုစ့်ရေးတာ သိမ်မကြာမှီ အဆုံးသတ်တော့မှာမို့ အရင် ပိုစ့်တွေပြန်ဖတ်ရင်း ပိန်တဲ့သူတွေအတွက်ရော ဝ အောင်လုပ်တဲ့နည်းလေးမရှိဘူးလားလို့ မနှောဖြူလေး မေးခဲ့ဘူးတာတွေ့လို့ အကြွေးဆပ်တဲ့အနေနဲ့ ဒီပိုစ့်လေးကို မျှဝေရေးလိုက်တာပါ။

  • Hnin Hnin

    November 16, 2012 at 12:32 am

    ဟယ်..လွမ်းနေရတော့မှာပဲ(ကိုခရေးတဲ့ ကျန်းမာရေးပို့စ်တွေ)..စိတ်မကောင်းလိုက်တာ
    ဘာကြောင့်လဲဟင်…တခြားစာတွေပေါ်အာရုံစိုက်မလို့လား…..ဖြေလို့ရရင် သိချင်ပါတယ်
    ကိုခရေ…
    နှင်းနှင်းကလည်း မန့်တတ်ရင် အမြဲဝင်မန့် ဖတ်ရှု့အားပေးနေပါတယ်…

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 12:43 am

    မနှင်းနှင်းရေ ခင်ခ ဂျီတော့လိပ်စာက KhinKha39@gmail ပါ။ အခြား သရော်စာတွေ၊ ခင်ခရဲ့ အတွေးပါးပါး အရေးများတွေတော့ တစ်ခါတရံရေးဖြစ်မှာပါ။

  • Hnin Hnin

    November 16, 2012 at 1:04 am

    invite လုပ်လိုက်ပါပြီရှင့်…

  • P chogyi

    November 16, 2012 at 9:23 am

    ကိုခင်ခရေ
    ကျွန်တော်အလုပ်က တစ်ခါတစ်လေ
    ညလုံးပေါက်မအိပ်ဖြစ်ဘူး၊ ညမအိပ်လို့ နေ့အိပ်တယ်မထင်နဲ့
    နေ့ဖက်လဲ နှစ်နာရီလောက်ပဲအိပ်ဖြစ်တယ်၊
    ဒါပေမဲ့မပိန်ပါဘူး၊ ပင်ပန်းလေဝလေဖြစ်နေတယ်။
    ခွင့်ယူပြီးနားလိုက်တဲ့လဆိုရင် ပိန်သွားတယ်၊
    ဘယ်လိုလုပ်ရမလဲ။

  • ခိုင်ဇာ

    November 16, 2012 at 9:38 am

    ပိန်သူများအတွက် ရည်ရွယ်၍ဆိုလို့ ဝင်မဖတ်တော့ဘူးလို့ပဲ။
    ကိုကြီးခရေးတာမို့လို့ ဝင်အားပေးသွားပါတယ်။
    ကိုယ့်ကိုယ်ကို ပိန်အောင်မလုပ်နိုင်လို့ ဘေးနားက လူတွေကို ဝအောင်လုပ်မဲ့ အကြံကြီးကြီး ကြံသွားပါရဲ့။ :kwi:

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 9:39 am

    P chogyi ရေ အိပ်ရေးပျက်ပါများရင်ပိန်စေတယ်ဆိုတာ ကိစ္စရပ်တစ်ခုခုကြောင့် အိပ်ရေးတွေပျက် အစားတွေမမှန်တဲ့ အဖြစ်တွေ ကြုံရင်ပြောတာပါ၊ ပုံမှန်စားသောက်နေတဲ့သူကတော့ လုံလောက်တဲ့အိပ်ချိန် မပြည့်ဝခြင်းသည်လည်း လူကို ဝစေပါတယ်၊ ခွင့်ယူပြီးနားလိုက်တဲ့လဆိုရင် ပိန်သွားတယ်ဆိုတာကတော့ အိပ်ချိန်လုံလောက်ပြီး ပုံမှန်စားလို့ဖြစ်မှာပါ။ လူတစ်ယောက်သည် ၆-၈ နာရီ အတွင်းအိပ်ချိန်ရှိဖို့လိုအပ် ပါတယ်၊ ဝ ဖို့ ပိန် ဖို့ထက် ခန္ဓာကိုယ်ရဲ့လိုအပ်မှု့အရပါ ဒါမှလည်း သွေးသားလည်ပတ်မှု့ကောင်းစေပါတယ်ဗျ။

    တော်သေးတယ် မခိုင်ဇာရဲ့ လက်လှမ်းမှီရာဘေးမှာကျွန်တော်မရှိနေလို့၊ ဒီပြင်ဆို ဒီထက်ဝလာရင် မလွယ်လောက်တော့ဘူးဗျ။ အကြံဆိုးနဲ့ဝင်ဖတ်သွားတာကိုလည်းကျေးဇူးပါ။ အသက်အရွယ်ကြီးသူများ အတွက် ကျန်းမာရေးရှု့ထောင့်ပြောရင် ဝ ခြင်းသည်မကောင်းတာမို့ နည်းနည်းလေးတော့စဉ်းစားပြီး တိုက်တွန်းပါလို့တော့ ခင်လို့ပြောပါရစေ။

  • Mလုလင်

    November 16, 2012 at 9:57 am

    ကျေးဇူးပါ ပိုစ့်ပိုင်ရှင် – Ko Khin Kha ရေ ….. ကျုပ်အတွက် တော့ “ဒီထက် ပို ဝ” ဖို့ လိုအပ် တာ မို့ … ကျေးဇူး အကြီးကြီး တင်ပါတယ်ဗျာ ……..။

  • ကိုခင်ခရေ ကျွန်မကပိန်ပါတယ်။နည်းနည်းလည်းဝချင်ပါတယ်။
    အရိုးကသေးတော့ ဝနိုင်ပါတော့မလား။
    အချဉ်အစပ်လည်းကြိုက်တယ်။ကော်ဖီလည်းကြိုက်တယ်။
    ကွန်ပျူတာကြည့်တာများလို့အိပ်မပျော်ဘူး။အိပ်ရေးမဝတာတွေများတယ်။
    တကယ်ကိုနည်းနည်းလောက်ဝချင်တယ်။
    ကျွန်မအကောင့်က linnseesar22 ပါရှင်

  • weiwei

    November 16, 2012 at 10:24 am

    လူ့အလို နတ်မလိုက်နိုင်ဆိုတာ တကယ်ပါပဲ …
    လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ ဘယ်လိုဝအောင်လုပ်ရမလဲလို့ ဝဝေမယ့်နည်းလမ်းတွေပဲ ရှာခဲ့ပါတယ် ..
    အခုတော့ ပြောင်းပြန်ဖြစ်သွားပြန်ပါပြီ ..
    ဘယ်လိုနည်းတွေက ပိန်စေလဲလို့ ပိန်နည်းတွေကိုပဲ လေ့လာနေရပါတော့တယ် … :byae:

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 10:43 am

    ငါးမျိုးစုံ၊ ဝက်သား ၊ဘဲသား၊ဘဲဥ၊ကြက်ဥ၊ငှက်ပျောသီးမျိုးစုံ၊အာလူး၊ပြောင်းဖူး၊ဖာလူဒါ၊ချိုစိမ့်သောမုန့်များ၊ ပလာတာ၊ပေါင်မုန် ့၊ ထိုဓါတ်စာများ များများစားပေးပါ ဟင်းအဖြစ်ချက်ရင် ငရုတ်သီးသိပ်မထဲဘဲ ချက်စားပါ အားလူးကိုမျိုးစုံလုပ်စားပါ။ အချဉ်အစပ်တော့ အဲဒီအချိန်မှာခဏမစားဘဲထားပါ၊ မနေနိုင်ရင် ငရုတ်သီး စိမ်းစားနိုင်ပါတယ်။ ပြီးတော့ နေ့လည်စာနဲ့ ညစာကို ပုံမှန်ချိန်လေးလုပ်ပြီးစားပေးလို့ အိပ်ချိန်ကိုလည်း ပုံမှန်လေးအိပ်ပေးပါ ကိုယ်လိုသလောက်အတိုင်းအတာလေး ဝလာရင်တော့ ခါတိုင်းစာနေကြပြန်စားပေါ့
    ဒါပေမယ့်တစ်ခုတော့ရှိတယ်နော် မိန်းခလေးတွေဟာ အသက် ၃ဝ အရွယ်အတွင်းရှိတဲ့ ကိုယ်အလေးချိန်ဟာ အသက် ၃ဝ အရွယ်ကျော်ရင် ပုံမှန် ၄- ရ ပေါင်တွင်း တိုးသွားတတ်တယ်နော်။ အဲဒါနဲ့လဲချိန်ဆပါအုံး မနန်းတော်ရာသူရေ။ အကောင့်ကို invite လုပ်ပေးပါမယ့်။

    မဝေရေ အရွယ်ပေါ်လည်းမူတည်ပါတယ်၊ အသက်အရွယ် ၄ဝ ကျော်လာရင် ဝတာမကောင်းဘူးဗျ၊ အဲဒီအရွယ်နောက်ပိုင်းဆို တဖြေးဖြေး အရိုးတွေရဲ့ရိုးတွင်းချဉ်ဆီဟာ တဖြေးဖြေးခန်းခြောက်လာတတ်တယ်၊ အဲဒီမှာ လူကဝရင် ကိုယ်ခန္ဓာကိုယ်ကို ထမ်းထားရတဲ့ ဒူးတွေ၊ ခြေဖနောင့်၊ ခြေမျက်စိနေရာတွေမှာ နာကျင်လာတတ်တယ်၊ အဲလိုဖြစ်ရာကနေ တစ်ချို့လေဘက်နာတို့ အဆစ်အမြစ်ကိုက်တာတို့
    ဖြစ်တတ်တယ်၊ ဒါကြောင့် ဝ ချင်တာကိုအားမပေးချင်ပေမယ့် မေးထားတာလေးရှိလို့ ပြန်ဖြေရင်းပိုစ့် တင်ပေးလိုက်တာပါ။ ပိန်တာဘဲဖြစ်ဖြစ် ဝတာဘဲဖြစ်ဖြစ်ကျန်းကျန်းမာမာလေး ရှိစေချင်ပါတယ်ဗျာ။
    ကျန်းမာခြင်းကလည်း လာဘ်တစ်ပါးလို့ဆိုတာကိုး။

    • ရွာစားကျော်

      November 16, 2012 at 2:49 pm

      အသက် ၃၃… အထီးကျန် ဆန်တုန်းပဲ… (အမယ်.. ဘယ်ဒူ သိတာမှတ်လို့ 😛 )
      ပိန်နေတုန်းပဲဗျာ.. ဥကေ ပြောတဲ့ အေး၍ ချိုစိမ့်သောဓာတ်စာများကို မှတ်သားထားလိုက်ပါပြီ
      ကျေးကျေးပါဗျ

    • ဒါဖစ် အသက် ၃ဝကျော်တဲ့အထိစောင့်ကြည့်ရင်ကောင်းမလားပဲ။
      ပိန်တာကကောင်းပေမယ့် တစ်ခါတစ်လေကျတော့မြန်မာဝတ်စုံလေးတွေဝတ်ချင်ရင်မလိုက်ဘူးဖြစ်ဖြစ်နေတယ်။

  • jullies cezer

    November 16, 2012 at 10:59 am

    ကျေးဇူးပါကိုခင်ခရေ ညီမလဲပိန်တဲ့အထဲပါတယ် ကိုခင်ခပြောတဲ့ဝစေတဲ့အစားအစာတွေ
    ထဲညီမမစားတာဆိုလို့ဝက်သားပဲရှိတယ် ကိတ်မုန့်တို့ချို့ဆိမ့်အေးတာတွေဆိုလဲ
    ကြိုက်မှကြိုက်မက်မက်မောမောကိုစားဖြစ်တယ် ဒါပေမဲ့ အစ်ကိုရာ 6 လွှာမှာနေလို့လား
    မသိဘူးဘယ်လောက်စားစားဝတယ်ကိုမရှိဘူး စားသမျှလဲဘယ်ရောက်သွားမှန်းကို
    မသိတော့ဘူး 🙂
    ခင်တဲ့
    julliescezer12@gmail- invite လုပ်ထားတယ်နော်

    • Ko Khin Kha ( သရီးကေ )

      November 16, 2012 at 11:13 am

      jullies cezer ရေ အသက်အရွယ်ကြီးရင် ပိန်တာကောင်းတာမို့ အရမ်းမဝချင်ကြစေချင်ပါ။
      ဂျီတော့လိပ်စာ အသိပေးရိုက်ရင် ( .com ) မထဲ့လည်းရတယ်၊ အဲလိုထဲ့ရင် လင့်ဖြစ်တတ်လို့လေ။

  • ရွှေ ကြည်

    November 16, 2012 at 6:07 pm

    လေးခင်ခရေ ရွှေကြည်အတွက်မဖတ်မဖြစ်ပို့စ်မို့မအားတဲ့ကြားကဝင်ရောက်ဖတ်ရှုလိုက်ပါတယ်။
    ကျေးဇူးအကြီးကြီးတင်ပါကြောင်း..။
    ကျန်မာရေးပို့စ်များမရေးတော့ပါကဝမ်းနည်းရမည်ဖြစ်ပါကြောင်း..။
    ဒါပေမယ့် အတွေးတွေအရေးတွေအကုန်မရပ်သေးဘူးဆိုသဖြင့် ဝမ်းသာမိပါကြောင်း..။

    • ဦးခင်ခ

      November 16, 2012 at 7:25 pm

      မရွှေကြည်ရေ မဖတ်မဖြစ်ဖတ်သွားတာသိရလို့ ဝမ်းသာမိပါကြောင်း၊ ကျန်းမာရေးပိုစ့်တွေ မရေးတော့ တာကလည်း လတ်တလော အခြားအကြောင်းလေးတွေကြောင့်ပါ၊ ဒါပေမယ့် ကွန်မန့်လေးတွေနဲ့ကြုံ ရင်တော့ ဆွေးနွေးပေးပါ့မယ်။ ရွာထဲကိုတော့ လည်ဖြစ်ရောက်ဖြစ်မယ်လေ။ ခင်ခက ရွာကိုခင်တာကိုး။

  • manawphyulay

    November 16, 2012 at 6:17 pm

    ကျေးဇူးပါလေးလေးခရေ…
    ဝနည်းလေး ဖော်ပြလို့ ဝမ်းသာမိပါတယ်။ ခုစားရမယ့် အသား ငါး ဟင်းသီးဟင်းရွက်တွေကို အလျဉ်းသင့်သလိုစားရင် ဝမှာပေါ့နော်။ ဝက်သားက မစားတော့ ကျန်တာတွေ မျှစားလို့ရပါတယ်။ သမီး လေ့ကျင့်ကြည့်ဦးမယ်။ နည်းနည်းလေးဝလာရင်လည်း မဆိုးပါဘူး။ သေချာမှတ်သွားပြီရှင့်။

  • ဦးခင်ခ

    November 16, 2012 at 6:53 pm

    ကျွန်တော်တစ်ခါရေးတင်ဖူးတဲ့ ဝ သောသူများအတွက် ပိန်နည်းပိုစ့်မှာ သမီးမေးခဲ့တဲ့ ပိန်သောသူများ ဝ စေတဲ့နည်းမရှိဘူးလားလို့ ရှိရင်ပြောပေးပါဆိုတာလေးကိုပြန်ဖတ်မိလို့ ရေးတင်ပေးလိုက်တာလေ။
    ဝင်ရောက်ဖတ်ပြီးအားပေးသွားလို့ ကျေးဇူးပါ မနှောရေ။ တစ်ခုတော့ရှိတယ် အတော်အသင့်လောက်ဘဲ ဝ စေတာအကောင်းဆုံမို့ ချင့်ချိန်လို့တော့ စားသုံးပါလို့။

  • Hnin Hnin

    November 16, 2012 at 7:41 pm

    အမ်..အခုလေးတင် ကိုခင်ခကနေ ဦးခင်ခ ဖြစ်သွားပြီ…
    နာမည်ကြည့်ပြီး တော်တော် အသက်ကြီးသွားသလိုပဲ…
    ကိုခင်ခပဲ ဆက်ခေါ်သွားပါမယ်… ဦးခင်ခ ရှင့် 🙂
    7:40 p.m.

    • ဦးခင်ခ

      November 17, 2012 at 8:31 am

      စိတ်ချမ်းသာလို သဘောတော်အတိုင်းပါဘဲ နှင်းနှင်ခင်ဗျ။ ကျွန်တော်အတွက် ပြဿနာမရှိပါဘူး။
      ခင်ခက အာလုံးသူသဘောဆန္ဒအတိုင်း စိတ်ချမ်းသာစေချင်သူပါ။

  • မောင်ပေ

    November 16, 2012 at 7:59 pm

    လေးခရဲ ့ပို ့စ်ထဲမှာ
    ကျုပ်ရဲ ့ဝနည်းလေးတစ်ခုကို ဝင်ကြေငြာကပ်ရရင်ဖြင့်
    တစ်နေ ့ကို ၊ အထူးသဖြင့် ညနေပိုင်း ၅နာရီနဲ ့၆နာရီကြားပေါ့
    နံပြား (သို ့မဟုတ်) ချပါတီ ၂ချပ်လောက်နဲ ့ ဆိတ်စွပ်ပြုတ် + အရိုးအရွတ်ခြင်ဆီများပါ တစ်ပွဲ
    အဲဒါကို တစ်ပတ် ကို ၅ရက်လောက် ပုံမှန်ဆွဲပေးရုံပါပဲ
    အဲဒီလို စားမယ်ဆိုရင် ၊ မဝမှာ ၊ ဝိတ်မတက်မှာ လုံးဝ စိုးရိမ်စရာ မလိုတော့ပါဘူး
    ဟုတ်ကဲ့
    ရှဲရှဲ

    • ဦးခင်ခ

      November 17, 2012 at 8:32 am

      အဲ ဆရာပေရဲ့ နောက်တစ်နည်းပေါ့ မှတ်ထားပြီနော်၊ နောက်ကျရင် မျှဝေရေးတဲ့အခါ သုံးမလို့လေ။

  • ဒီမှာဖြင့် ဝလွန်းလို့ စိတ်ညစ်နေရတဲ့ အထဲ။
    ပိန်တာကို ဝအောင်လုပ်ဘို့ မခက်ပေမယ်။
    ဝတာကိုပိန်အောင်လုပ်ဘို့က ပင်ပန်းတယ်ဗျို့။
    အဲတော့ မဝချင် နဲ့။

    ကျနော်ကတော့ နာမယ်အတည်ပေးလိုက်ပြီ နော်
    Dr.3K

  • ဦးခင်ခ

    November 17, 2012 at 8:38 am

    Dr.3K တဲ့လား ဆရာကြီးပေါက်ရေ မလုပ်လိုက်ပါနဲ့ မခေါ်လိုက်ပါနဲ့ ။ ကျွန်တော်က ဆရာဝန်တစ်ယောက်မဟုတ်ပါဘူးဗျ၊ ဖတ်မှတ်ဖူးတဲ့ စာပေတွေကို မျှဝေရေးရုံမို့ စာကယ်ရီသမားအဆင့် လောက်ဘဲရှိတာပါဗျ။ ဆရာဝန်တစ်ယောက်မဟုတ်ဘဲ
    အခုလိုကျန်းမာရေးစာတွေ အတော်ရေးနေဖြစ်လို့ အခုခက်နေရတဲ့အထဲမှာဗျို့။

  • ရွာသူ jujuma .

    November 17, 2012 at 11:22 am

    ပိန်တဲ့သူက ဝ ချင် .. ဝ တဲ့က ပိန်ချင် ..
    လူ့အလိုနတ်မလိုက်နိုင်ဆိုသလိုပေါ့ ..
    ဂျူးမတို့က မပိန်မဝ ဆိုတော့ နတ်က အလိုလိုက်ထားတယ်ထင်ပါ့ … :kwi:
    0 နည်းလေးတော့ မှတ်ထားလိုက်ပါပြီ … ပိန်သောသူများအတွက် မျှဝေပေးပါမယ် ….

  • ဦးခင်ခ

    November 17, 2012 at 1:33 pm

    ဒါဆိုရင် မပိန်မဝ ကြည့်လိုလှ
    မမ မဂျူးမ ပေါ့နော်။
    ငယ်ငယ်တုန်းက အဲလိုကြည့်လိုလှတဲ့
    မိန်းကလေးတွေမြင်ရင် အဖွားကပြောတတ်တယ်
    ဆုတောင်းကောင်းခဲ့တဲ့ ကလေးမလေးတွေတဲ့။
    မဂျူးမလည်း ဆုတောင်းကောင်းခဲ့တယ်ပေါ့နော်။

    • ရွာသူ jujuma .

      November 17, 2012 at 1:47 pm

      ဂျူးမရဲ့ အဘွားကတော့ ပြောဘူးတယ် လေးခင်ခရဲ့ ….
      ဘယ်လိုကြည့်ကြည့် မလှ ဘူးတဲ့ … 😆
      မိတ်ကပ်မလိမ်းတတ်တဲ့ တောသူစစ်စစ်လေ …
      ဆုတောင်းမကောင်းခဲ့ဘူးထင်ပါတယ်ဂျာ … :kwi:

  • natthamee

    November 17, 2012 at 2:48 pm

    ကျေးဇူးပါ ကိုခင်ခရေ ။ နတ်သမီးကတော့ အသီးအရွက်နဲ့ ပဲမျိုးစုံတွေကို စားပေမယ့် အချိုအစိမ့် လုံးဝမစားလို့လားမသိပါဘူး။ အခုအချိန်ထိ ဝ မလာသေးဘူး။ 😀

  • kai

    November 17, 2012 at 2:56 pm

    ပိန်တဲ့သူတွေ..မဝချင်ကြပါနဲ့..
    ရှိသင့်တဲ့ကြွက်သား.. အဆီတွေ.. ရှိသင့်တဲ့နေရာရှိအောင်.. အားကစားလုပ်..အားထုတ်ကြပါလို့..
    ကျမ်းမာရေးနဲ့လည်းညီညွတ်တယ်..
    ကမ္ဘာတန်းဝင်အလှရှင်လည်းဖြစ်ပါတယ်..။

    ဆိုလိုတာက..
    ပိန်တယ်ဆိုပြီး.. ဗိုက်ကလေးထွက်.. ဖင်ပြား..ရင်ကပ်နေတာမျိုးမဖြစ်စေလို..
    အဆီမရှိချပ်ရပ်တဲ့ဗိုက်.. ဖွံ့ဖြိုးတဲ့..ရင်..တင်.. စသဖြင့်ရှိစေလိုတာပါ..
    ယောကျာ်းလေးတွေကတော့..
    ပိန်နေရင်.. ကြွက်သားထွက်အောင်ရှိအောင်လုပ်သင့်ပါကြောင်း..။ :528:

  • ဦးခင်ခ

    November 17, 2012 at 3:47 pm

    သူကြီးရေ ငယ်ငယ်တုန်းက ဘိုဘိုဟန်ဆိုတဲ့ သီချင်းလေးသတိရသွားတယ်။

    ဒီလိုဒီလို ပိန်တယ်ပိန်တယ် ပြားချပ်ချပ်
    ကမ္ဘာမှာဒါတွေ ခေတ်စားနေ၊
    ဒီလိုဒီလို ပိန်တယ်ပိန်တယ် ပြားချပ်ချပ်
    ဒါကိုပင် မက်မပြေ မက်မပြေ
    ပိန်တာဟာ တစ်မျိုးချစ်စရာ ပိန်စမ်းပါစေ
    ခင်ဗျားတို့လည်းဘဲ ဘယ်နယ့်လဲဗျ ပိန်တာလေးဘဲ ရွေးရွေးကြိုက်——တဲ့လေ။

    ပိန်တာနဲ့ ဝတာမှာ ပိန်တာက အရွယ်သုံးပါးစလုံးအတွက် ကောင်းမွန်စေပါ၏။

  • Hnin Hnin

    November 17, 2012 at 4:31 pm

    ‘ ပိန် ချင် ရင် တစ် ပတ် ၂ ရက် ကျင့် ကြံ ရမယ့် ကိုယ် တွေ့ နည်း လေး ‘
    ‘ ဟို တစ် လော က ပေါ့ ‘ :kwi:

    (၁) အိမ်က သဘောမတူတဲ့ သင်တန်းတွေပဲ ကိုယ့်ပိုက်ပိုက်နဲ့ ရွေးတက်ပါ။
    (အာခံခြင်းမဟုတ်..သူများမထိခိုက် ကိုယ်ကြိုက်ရာ ကိုယ်လုပ်ခြင်း :mrgreen: )

    ***တစ်နေကုန် မိုးလင်း၊မိုးချုပ်သင်တန်း တစ်ပတ် ၂ရက်ဆို လုံလောက်ပါသည်***
    (အိမ်က သဘောမတူလို့ လိုက်မပို့တော့ အငြိမ့်သား အိမ်ကားစီးပြီး မသွားရပါဘူး)
    ၉၆၉၃ နဲ့ တက္ကစီထွက်ငှား၊ ကပ်စီးကုပ်တဲ့နေ့ အပင်ပန်းအဆင်းရဲခံ ဘတ်စ်
    ၂ဆင့်၊၃ဆင့် စီးပြီးပြန်။ နှစ်ခုလုံး လမ်းဝေးဝေးလျှောက်ရ၊ကားတိုးကြိတ်စီးရ၊ပင်ပန်းရလို့
    ကယ်လိုရီတွေ အတော်လောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။ 🙂

    ကုန်ကျစာရင်းကြီးကြည့်၊ ကိုယ့်ပိုက်ဆံတွေ အတော်ကုန်ရတဲ့ စိတ်ဆင်းရဲခြင်းလည်း
    ဝိတ်ကို အတန်အသင့် ကျစေမှာပါ :mrgreen:

    (၂) တစ်ပတ်၂ရက်ထဲဆိုတော့ သင်တန်းချိန် စိတ်ဝင်တစားနဲ့ ကြိုးစားရလို့
    သင်တန်းချိန်မှာ အစာစား နည်းပါတယ်(ဝိတ်ကျစေခြင်း)။

    ပဲနို့တစ်ဘူး(စက္ကူဘူး)၊ ပေါင်မုန့် ၁လုံး(အလုံးသေး တစ်ယောက်စာ) (သို့)
    ့အိမ်လုပ် sandwich တစ်ခု၊ ရေတွေ လှိမ့်သောက်နဲ့ပဲ ညနေစောင်းအထိ ပြီးသွား
    ပါတယ်။ (ညဘက်တော့ ထမင်းမစားရလို့ဆိုပြီး အများကြီးတော့ အပီစားနဲ့ပေါ့လေ)
    ကြိုက်ကြိုက်၊မကြိုက်ကြိုက်၊ရိုးရိုး၊မရိုးရိုး ဗိုက်ပြည့်ပြီးရော……
    ၃လလောက် တစ်ပတ် ၂ရက် အဲ့လို မရိုးနိုင် ‘ ပဲနို့၊ပေါင်မုန့်အတွဲ’ စားပြီးသကာလ
    နံပါတ် (၁) ပါ ပေါင်းပြီး ၁၁၈ ပေါင် ကနေ sweet 16 ပေါင်ချိန်မီဖို့ ၄ပေါင် အလို
    အထိတောင် ကျသွားပါတယ်…၈ပေါင်(၁၁ဝထိ) ပေါ့ …၃ပတ် ၂ပေါင် နှုန်းပေါ့ရှင်..
    သာမန်အချိန် ၁ပတ်ကို သဘာဝအတိုင်း ၁ပေါင်ကျဖို့တောင် အတော် အဆာငတ်ခံ
    ရတာလေ..ပိန်ကြည့်ကြည့်တာ..ဟီး..၂ပတ်လောက်ပဲ ခံတယ်..
    ပိန်ပေမယ့် ဆာတဲ့ဒဏ် မခံနိုင်လို့..၁ခါ ပိန်ကြည့် ပွဲပြီး၏………

    ‘ ခု တစ် လော ကိုယ် တွေ့ တော့ ‘
    အခုတော့ သင်တန်းတစ်နေကုန် တစ်ပတ် ၂ရက်လည်း နားနေတာ ၄လလောက်
    ရှိနေပြီမို့ နဂိုနေအတိုင်း ပြန်ရောက်သွားပြီး ဆက်လက်ထိန်းသိမ်းနေရပါကြောင်း :mrgreen:
    ***** ဝဖို့လွယ်လျက်..အပိန်ခက်လို့…ပိန်နေသူများ ဆင်ခြင်သုံးသပ်ပြီးမှ
    စားသုံးကာ ဝစေလိုပါကြောင်း***** 🙂

  • Hnin Hnin

    November 17, 2012 at 4:35 pm

    အိပ်ငိုက်ငိုက်နဲ့ရေးလိုက်တာတောင် အရှည်ကြီးဖြစ်သွားတယ်..ဝန္ဒာမိ..ဟီဟိ.. :mrgreen:

    • ဦးခင်ခ

      November 17, 2012 at 4:47 pm

      ပိန်တာဝတာထက် မိမိသွေးထဲမှာ အဆီဓာတ်ဆိုတဲ့ ကော်လက်စရော များတာ မများတာက ပိုအဓိက ကျပါတယ် နှင်းနှင်းရေ ၊ မိမိသွေးထဲမှာ မလိုလားတဲ့ ကော်လက်စရော အဆီများနေရင် အဲဒါက လူကိုဒုက္ခ ပေးစေတာ၊ တစ်ချို့က ဝပေမယ့်အဲဒီ ကော်လက်စရော သွေးထဲနည်းလို့ ကျန်းမာပါကြောင်းဗျာ။

  • Hnin Hnin

    November 17, 2012 at 4:56 pm

    ဟုတ်…မှတ်သားသွားပြန်ပါပြီ…
    မိန်းကလေးတွေ အတွက်တော့ မြင်ရတဲ့အလှအပကလည်း အရေးကြီးသမို့ လိုတာထက်
    ဝနေရင်တော့ လှဘူးပေါ့ဂျ 🙂

Leave a Reply