မေမြို့သို့မဟုတ်…………………သို့တစ်ခေါက်
“မေမြို့သို့မဟုတ်…………….သို့အသွားလမ်း”
မန်းလေးမြို့ နဲ့ ၄၁ မိုင်အကွာမှာရှိတဲ့ နာမည်များစွာပိုင်ဆိုင်တဲ့ တောင်ပေါ်မြိုှုလေးကို သွားဘို့ ကိစ္စပေါ်လာခဲ့ပါတယ်။
ခါတိုင်းတော့အဖော်တွေနဲ့အတူသွား။
ဒီတစ်ခေါက်ကတော့တစ်ယောက်တည်း။
ဟိုကလူတွေကလှမ်းသတင်းပေးပါတယ်
“မနက်ပိုင်းဆိုရင် အတော်လေးအေးတယ်နော်”တဲ့။
ဒါနက်သိပ်အစောကြီးမတက်ဘဲ မနက် ရနာရီခွဲလောက်မှာ မနက်စာ စားသောက်ပြီးထွက်လာခဲ့ပါတယ်။
သိပ္ပံလမ်းအတိုင်းအရှေ့တက်အောင်ပင်လယ်ရောက်။
မေမြို့ (ခ)ပြင်ဦးလွင်(ခ)ပန်းမြို့တော်(ခ)ပန်းကမ္ဘာမျှော်စင်လို့ ခေါ်ကြတဲ့ခရီးလမ်းကိုစခဲ့ပါတယ်။
လက်ဆော့စရာ ဟိုငေးဒီငေး ။
ဆောင်းနေအခမှာ အလင်းတန်းလေးကျနေတာမြင်တော့ မနေနိုင်တော့ပါဘူး။
အဲဒါနဲ့ဆင်းပြီးရိုက်။
လမ်းသွားနေရင်းကိုယ့်ရှေ့ ကမုန့်သယ်က ဆိုင်ကယ်အပြည်တင်လာတာကိုရိုက်ချင်တော့ မှီအောင်လိုက်။
ကင်မရာကို ဘယ်လက်နဲ့ကိုင်ရိုက်လိုက်တာ လိုချင်တဲ့ပုံလေးကိုရလို်က်ပါတယ်။
လမ်းမှာ ဆိုင်ကယ်ကားရေဆေးတဲ့နေရာက ရေပန်းလေးတွေမြင်ပေမယ့် ဗျုးပွိုင့်မှာကြာအုံးမယ်ဆိုတာသေချာတော့ မရိုက်ဖြစ်။
ဗျူးပွိုင်မရောက်ခင်ခြောက်ထပ်ကွေ့လမ်းခွဲလေးမှာ ဆင်းရိုက် .
အဝေးတောင်တန်းတွေလှမှလှပါဘဲ။
ဗျုးပွိုင့်ရောက်တဲ့အခါ မှာတေ့ာ အတော်လေးနှစ်သက်စရာအနေအထားရပါတယ်။
အနောက်မြောက်ဘက် တောင်မှာ တောင်ခိုးတွေဝေနေပေသကိုး။
အဲဒါနဲ့ အပြာရောင်နောက်ခံနဲတိမ်ခိုးတွေကိုရိုက်။
အားမရတော့ ဘုရားပေါ်တက်ရိုက်။
ဝတော့မှဆက်ထွက်လာခဲ့ပါတယ်။
နောက်၂၁မိုင်အရောက် အမြဲတမ်းကျော်သွားတဲ့ဘုရားလေးကိုရိုက်။
အဲဒီကနေ နည်းနည ်းလေးလွန်သွားတဲ့အခါမှာတော့ မြေလမ်းဖောက်နေတဲ့နေရာအရောက်မှာတော့ အင်မတန်လှပတဲ့ကောင်းကင်ပြာ တိမ်အဆုပ် တောအုပ် ကိုတွေ့တဲ့အခါ
………………………………………………………………..
ကိုပေါက်လမ်းသလားနေသည်
(21-11-2012)
16 comments
Ma Ei
November 27, 2012 at 11:40 am
ကိုယ်တိုင်သွားရင်တောင် ကားပေါ်က ဖြတ်သွားဖြတ်လာမို့
ဒီလိုအလှပလေးတွေ သေချာမခံစားခဲ့ရတာပါ။
သေချာကြည့်လေ ပိုလှနေတဲ့ ဓါတ်ပုံလေးတွေ ကြည့်လိုက်ရလို့
စိတ်ချမ်းသာသွားပြီ…….
etone
November 27, 2012 at 12:25 pm
လေးလေးရေ ….
ပုံတွေ မြင်လိုက်ရတာနဲ့ …. မေမြို့ရဲ့ အငွေ့သက်လေး စိတ်ထဲ ဖြတ်ပြေးသွားတယ် ။
လေထုထဲက လေကလည်း သန့်စင်ပြီး လတ်ဆတ်နေတယ် …. ရာသီဥတုက စိမ့်စိမ့်လေးနဲ့ …… နားအေးပါးအေးရှိတဲ့ အဲ့မြို့လေးကို သဘောကျမိတယ် ။
မင်းနန္ဓာ
November 27, 2012 at 12:48 pm
ဓာတ်ပုံဆိုတာထက် ကဗျာဆန်တယ်လို့တောင် ပြောရမလား.. လှလိုက်တာ
kyeemite
November 27, 2012 at 2:30 pm
ကိုပေါက်ကြီး မေမြို့ကိုဆိုင်ကယ်နဲ့တက်တာလား…??
လေအေးတွေတော်တော်တိုးမှာနော်။ ဓါတ်ပုံတွေတွေ့တော့
ထုံးစံအတိုင်း သွားချင်စိတ်တွေဖြစ်လာပြန်ရောဗျို့… :hee:
ကိုပေါက်(မန္တလေး)
November 27, 2012 at 2:49 pm
ကိုမိုက်ရေ
ဟုတ်ပါတယ် ဆိုင်ကယ်နဲ့တက်တာပါ။
အေးတော့ ရင်ဘတ်အောက်က သားရေပြားခံပြီးလေမတိုးအောင်လုပ်ရသပေါ့။
ကိမင်းနန္ဒာ
ပုံကသာ ကဗျာဆန်ချင်ဆန်မယ် ကိုပေါက် က ဂျမ်းတောကြီးဆိုတာတော့ မြင်ဘူးသူတိုင်းသိ။
တေးကလုံရေ
မေမြို့ကတော့ ရောက်ဘူးရင် သတိရ နေလောက်အောင်လှတဲ့မြို့လေးပါ။
မယ်အိရေ
ကားပေါ်က တော့ ရိပ်ကနဲမြင်လိုက်ရတာလေ။
ဆို်င်ကယ်ကတော့ ထိုးရ့ပ်ပြီးရိုက်ထဲ့လိုက်ရုံဘဲ။
ဒီတစ်ခါ မေမြို့သွားတာ မနက်7း30ကထွက်တာ 10နာရီကျော်မှရောက်တယ် အကြာဆုံးစံချိန်ပါဘဲ။
ပြန်အဆင်း 2နာရီကျော်ကျော်လောက်က ဆင်းတာ 6နာရီထုးိမှ မန်းလေးပြန်ရောက်
ပုံလှလှလေးတွေရခဲ့ပါ၏
Foreign Resident
November 28, 2012 at 4:55 pm
” ဆို်င်ကယ်ကတော့ ထိုးရ့ပ်ပြီးရိုက်ထဲ့လိုက်ရုံဘဲ ”
ဟုတ်တယ် ၊ အဲဒါ ဆို်င်ကယ်ရဲ့ အားသာချက်ပဲ ။
မောင်သုည
November 27, 2012 at 3:17 pm
ရွာလိုမလိုလို မရွာမလိုလိုနဲ့…လေယူရာ လွင့်သွားတဲ့ မိုးတိမ်တွေ..(.မြင်သာမြင် မကြင်ရတဲ့ ဘဝမှာ)
ရင်ထဲကို အေးမြစေပါတယ်…တောင်တန်းကြီးတွေက ပန်းချီကားချပ်ကြီးအလား အလွန်လှပပါ၏…
ကျေးဇူးပါပဲ…ဦးပေါက်ရေ…ဒီတစ်ခါ ရွာပြန်ရောက်ရင်တော့ ရွှေမန်းက ဦးပေါက်ဆီလာလည်ပါအုံးမည်…။
•*¨နန်းတော်ရာသူ •*¨
November 27, 2012 at 3:35 pm
အူးပေါက်ကိုအားကျလိုက်တာ။ကင်မရာလေးတစ်လုံးနဲ့ခရီးတွေထွက်နေတာများ။
candle .
November 27, 2012 at 7:32 pm
ကိုပေါက်ကျေးဇူးနဲ ့ရောက်ရပြန်ပေါ့ မေမြို ့တစ်ခေါက်..
နာမည်ကြီးတဲ့ နှစ်ဆယ့်တစ်မိုင် ရဲ ့ ထိုစေတီလေးကို စိတ်နဲ ့မှန်းဖူးသွားပါကြောင်း….
ဒါနဲ ့ စေတီလေးက တောင်ကုန်းရဲ ့အစွန်းလေးမှာလားဟင်..တစ်ခါမှ မေမြို ့မရောက်ဖူးလို ့….
ကိုပေါက်(မန္တလေး)
November 27, 2012 at 9:42 pm
ဟုတ်ပါတယ်ဗျ တောင်ကမ္ဘာယံလေးမှာ တည်ထားတာပါ။
နက်ဖြန် မေမြို့ထပ်တက်အုံးမယ်။
အဲဒီမှာရွာသားကြီး ဘိိုစိန်သော့နဲ့ရွာသားလတ် ရန်ကုန်သားလေးတစ်ယောက်ရောက်နေနှင့်ပြီ
ရန်ကုန်သားလေးက ဒီနေ့မနက်ရောက်လာတယ် သူနဲ့ကျနော်တောင်သမန်သွားလက်ဆော့တယ်။
နောက်မေမြို့တက်မယ့်ကားပေါ်တင်ပေးလိုက်တယ်။
ဟိုမှာ ဘိုစိန်သော့ကရောက်နေနှင့်ပြီ။
ကျနော်က နက်ဖြန်ဆိုင်ကယ်နဲ့လိုက်သွားမယ်။
အတွေးနဲ့တောင်ပျော်သဗျာ
Mobile
November 28, 2012 at 4:08 am
ဒီတစ်ခါပုံတွေကိုတော့ ၉၀.၂၄ ရာခိုင်နှုန်းလောက် သဘောကျသဗျာ။
အဲဒါကြောင့် အကုန်လုံးကို ကူးယူထားလိုက်ပါတယ်ဗျာ။
ကိုပေါက် ပြင်ဦးလွင် ကရှု့ခင်းလေးတွေ ရိုက်ပြီးလို့ အချိန်ရရင်
မဲဇာတောင်ခြေက ရှု့ခင်းလေးတွေကိုလဲ သွားရောက်ရိုက်ကူး တင်ပြပေးဖို့
ကျွန်ုပ်မောင်မိုဘိုင်းမှ တောင်းဆိုလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
kai
November 28, 2012 at 9:04 am
ပြင်ဦးလွင်ဆိုတဲ့နာမယ်လေးလည်း… လှတာပါပဲ..
ဗိုလ်မှုးကြီးမေ.. နာမယ်နဲ့မြို့ကို.. မေမြို့အတိုင်းဆက်ပရိုမိုးရှင်းလုပ်ရင်.. တိုးရစ်ဇင်နဲ့.. လူတွေသိန်းချီရနိုင်တာပါ..
ဆိုတော့…
တခါမှကို မရောက်ဖူးပါ…။ ဓါတ်ပုံလေးတွေကြည့်ပြီး.. အဲဒီလမ်းအတိုင်း
လည်လည်သွားချင်သား…။ :harr:
စကားအတင်းစပ်… ဝီကီမှာစစ်တော့.. မေမြို့က.. အင်္ဂလိုဘားမီးစ် Anglo-Burmese တွေအများကြီးရှိနေခဲ့တယ်ရေးထားတယ်..
အခုရောရှိကြသေးလား သိချင်သား..
အဲဒါနဲ့..အလွန်ထူးခြားတာလေး.. မမေ့အောင်.. ကူးတင်ထားလိုက်ပါတယ်..
ဘာလည်းဆိုတော့…
Burmese ဘီးမီးစ်ဆိုပြီး.. မြန်မာ(Burman) တွေကို.. -ese အဆုံးသတ်နဲ့ အတင်းပြင်လုပ်.. အင်္ဂလိပ်တွေနှိမ်ခေါ်ခဲ့ပုံရတယ်လို့.. အထောက်အထားတခုတွေ့ရလို့ပါ..။
ဘာတဲ့..
သူတို့သွေးလည်းပါသွားရော… Anglo-Burmans အင်္ဂလို-ဘားမန်းင်ပြန်လုပ်ထားတာလေး. :kwi:
-ese နဲ့လူမျိုးနွယ်အမည်ကို.. အဆုံးသတ်မှည့်ခေါ်တာဟာ.. ကျွန်စိတ်ရောက်အောင် နှိမ်ခေါ်တာဖြစ်တယ်လို့.. ယူဆပါကြောင်း…
ဥရောပသားတွေအနွယ်အမည်တွေ ရိုမန်ဘာသာနဲ့ရေးရာမှာ.. -ese နဲ့ဆုံးတာ..မရှိသလောက်ဖြစ်ကြောင်း..
သခင်မျိုးဟေ့.. ဒို့ ဘားမင်န်း(မြန်မာ) :harr:
The Anglo-Burmese, also known as the Anglo-Burmans, are a community of Eurasians of Burmese and European descent, and emerged as a distinct community through mixed relations (sometimes permanent, sometimes temporary) between the British and other European settlers and the indigenous peoples of Burma from 1826 until 1948 when Burma gained its independence from the United Kingdom. Most who remained after 1962 adopted Burmese names, and converted to Buddhism to protect their families, jobs and assets.[citation needed] Those who could not adjust to the new way of life after Independence and the coming of military rule are dispersed throughout the world, with very few accurate estimates as to how many remain behind in military-ruled Burma.
မောင်ပေ
November 28, 2012 at 3:49 pm
သည်နေ ့လို တန်ဆောင်မုန်း လပြည့်မျိုး မေမြို ့မီးပုံးလွှတ်တဲ့ဆီက သဂျီး ကို ရောက်စေချင်တယ်
လွှတ်တဲ့နေရာကို ရောက်ဖို ့တော်တော်ကြီးမလွယ်သလို ၊ သွားရာလမ်းမှာလဲ စိတ်ပျက်စရာအတိ
Courage
November 28, 2012 at 7:02 pm
ကျေးဇူးပါ ဆရာပေါက်။ မမြင်ရတာကြာပြီဖြစ်တဲ့ မန်းမြို့နဲ့ ၄၂မိုင်အကွာက ကျွန်ုပ်ရဲ့ဇာတိ တောင်လှေကားမြို့တော်သို့အသွား အလှတွေမြင်ရတာ ကြည်နူးလိုက်တာဗျာ။ ဒုဌဝတီမြစ် နဲ့အတူ ကျွဲနှာဖား တောင်ကိုတွေ့လိုက်ရတော့ အလွန်ကိုပဲ လွမ်းစွတ်မိပါရဲ့
Hnin Hnin
November 29, 2012 at 12:13 pm
ခဏခဏ ဖြတ်သွားခဲ့ပေမယ့် ၂၁ မိုင်စေတီဆိုတာ သိတောင်မသိခဲ့ဘူး…
မေမြို့တစ်ဝိုက် ရှုခင်းတွေက အပြင်မှာ ဒီလိုမခံစားဖူးဘူး…သိပ်လှပြီးတော့ စိတ်ကို အေးချမ်းသွားတာပဲ…
ကျေးဇူးပါနော်..လေးပေါက်…
ကိုပေါက်(မန္တလေး)
November 29, 2012 at 12:37 pm
ကိုခိုင်ရေ
မေမြို့မှာအရင် က ဂေါ်ရခါးတွေ ရှမ်းတိုင်းရင်းသားတွေ အိန္ဒိယတိုင်းရင်းသားတွေနဲ့
ကိုခိုင်ပြောတော့ အင်္ဂလိပ်-မြန်မာတွေအများကြီးနေခဲ့သပေါ့။
အခုအချိန်မှာတော့ မြောက်အရပ်က လာတဲ့ တိမ်တွေဘဲ ပေါနေပါပြီ။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက် က မေမြု့ိ မှာ ကုတ်အကျီ သက္ကလပ်ဘောင်းဘီနဲ့
အိန္ဒိယအနွယ်တွေအတော်များများ တွေ့ရသေးပေမယ့် အခုတော့ နည်းသွားပါပြီ
ကျနော်တို့ မန်းလေးမှာနေသူက အခုချိန်ထိ မေမြို့လို့သုံးနေကြတုံးပါဘဲ.
35လမ်းထိပ်က မေမြို့ဂိတ်က လူတွေ လူခေါ်ရင်တောင်
“မေမြို့ကို …………….မေမြို့ကို……………”လို့အော်ပြီးလူခေါ်တုံးပါဘဲ။
မယ်နှင်းရေ 21မိုင်စေတီက ညဆိုရင်မန်းလေးက လှမ်းမြင်နိုင်ပါတယ်။
အဲဒီဘုရားက မီးအစိမ်းလေးထွန်းထားတော့ အဝေးကမြင်နိုင်ပါသည်ပေါ့။
နွေဦးပေါက် တောမီးလောင်ရင် မေမြို့ရှိတဲ့ ရှမ်းရိုးမ တောင်တန်းကြီးကို မန်းလေးက လှမ်းမြင်နေရတာ
မမေ့နိုင်စရာ