Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သခွားသီးကပေးတဲ့အကျိုးရလာဒ်

ခင္ခDecember 3, 20121min73031

သခွားသီးကပေးတဲ့အကျိုးရလာဒ်

သခွားသီးကနေ ရနိုင်တဲ့ အကျိုးရလာဒ်တွေကို သိစေချင်လို့ ခင်ခ ဖေ့ဘုတ်ကို ပို့လာတဲ့ထဲကပြန်လည်ဝေမျှ ရေးပေးတာပါ။

 

၁။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင်စီ

၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၄။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထ လာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင်ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။

၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည် သံ ပျောက်သွား ပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်း မှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရ မယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

 

သခွားသီးရဲု့အသုံးဝင်တဲ့ အကျိုးရလာဒ်လေးတွေ ဗဟုသုတအဖြစ် တင်ပြဖြစ်တာပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

 

 

31 comments

  • surmi

    December 3, 2012 at 9:48 am

    ဂွတ်ထ ကောင်းပါလေ ့ဗျာ
    အစကတည်းက ကြိုက်ပြီးသားမို ့ ဒီလောက်အသုံးဝင်ရင်
    ထမင်းလျော ့စားပြီး သခွားသီးအစားထိုးလိုက်ရင် ဒိုင်ယက်
    လုပ်ပြီးသားပဲ ။ ရန်ကုန်မှာ ရေလမ်းကလာတဲ ့ သခွါးသီးပေါက်စလေးတွေက
    တော်တော်စားကောင်းပါတယ် ။ ဘိုကလေးဘက်ကလာတယ်လို ့
    သိရပါတယ် ။ ဘာသခွါးဖြစ်ဖြစ် အကျိုးရှိမယ်ထင်တယ် ။
    ကျေးကျေးကုဋေပါဦးခ …….

    • ခင်ခ

      December 3, 2012 at 10:03 am

      ဦးဆုံးကွန်မန့်အတွက်ကျေးဇူးပါ ကိုဆာမိရေ။
      သခွားသီးက စားသုံးရုံတင်မက ဟိုလိုဒီလိုလေးတွေလည်း အသုံးဝင်သမို့တင်ပေးလိုက်တာလေ။
      ကြားဖူးတဲ့စကားတစ်ခုက ဖရဲ သခွား အမြဲစား၊ ရေငတ်ကင်းဝေး ကျန်းမာမှု့ပေး တဲ့ဗျ။

  • ဦးဦးပါလေရာ

    December 3, 2012 at 10:11 am

    သခွားသီးက စားနေကျမဟုတ်ရင် သိပ်မကြိုက်ကြဘူး
    ကြိုးစားပြီးဖိစားပေးလို့ကြိုက်သွားရင်
    အင်မတန်အကျိုးများပြီးဈေးပေါတဲ့သီးနှံတစ်ခု ဟင်းတမယ် ရလာတာပေါ့။
    ငယ်ငယ်တုန်းကဆို ရတဲ့မုန့်ဘိုးကို မုန့်ဝယ်မစားပဲ သခွားသီးဝယ်ပြီး တဂျွမ်းဂျွမ်းကိုက်စားခဲ့ဘူးတယ်….။

    • ခင်ခ

      December 3, 2012 at 10:19 am

      ဦးပါရေ ကျွန်တော်ကတော့ အိမ်မှာအသုပ်သုပ်စားဖြစ်ရင် ကြက်သွန်ထက် သခွားသီးကို ပါးပါးလှီးပြီး သုတ်စားတတ်တယ်လေ။ ကြက်သွန်နီ အစိမ်းကများများစားရင် အစာအိမ် အစာခြေအက်စစ်ဓာတ် အထွက်များစေလို့လေ။ ဦးပါရဲ့ တဂျွမ်းဂျွမ်းကိုက်စားခဲ့ဘူးတယ် ဆိုတာလေးကို သဘောကျနေမိတယ်ဗျ။

  • candle .

    December 3, 2012 at 10:15 am

    သခွားသီး သိပ်မကြိုက်ပေမဲ့ အသက်ရလာတော့ ကျန်းမာရေး အထောက်အကူအဖြစ်
    နဲနဲတော့ စားလာမိပါတယ်..အခုလို အကျိုးကျေးဇူးတွေသိရတော့ ပိုအဆင်ပြေသွားတာပေါ့..
    ကျေးဇူးအထူးပါ ကိုခင်ခ ရေ….

  • ခင်ခ

    December 3, 2012 at 10:24 am

    candle ရေ အရည်ရွှမ်းတဲ့ အသီးတွေကတော့ စားပေးတာကောင်းပါတယ်ဗျ။ အထူးသဖြင့် ခုလိုဆောင်းကာလမှာ ပိုစားခြင်းဖြင့် ဝမ်းတွင်းအပူငြိမ်းပြီး ဝမ်းချုပ်မှု့ကင်းတယ်တဲ့လေ။
    တိုင်းရင်းဆေးအယူအဆကတော့ ဆီ ဝမ်း သွေး လေ မှန်ပါစေတဲ့။ ရောဂါတစ်ခုခုအရ ခွဲစိတ်ကုသပြီးရင်လည်း ဆရာဝန်တွေလှည့်လည်ပြီး လူနာကြည့်တဲ့အခါမှာလည်း ဆီးသွားတာနည်းလား များလား၊ လေလည်ပြီလား၊ ဝမ်းကောသွားပြီလား အဲဒါတွေ အစုံပြုပြီး သွေးပေါင်ကလည်းမှန်နေမှ ဆေးရုံကဆင်းစေတတ်ပါတယ်။
    ဒါကြောင့် ဆီ ဝမ်း သွေး လေ က လူတစ်ယောက်အတွက်အရေးကြီးတယ်လေ။

  • ဟာ !!!!!!!!!
    သခွားသီး အစွမ်းက မသေးပါလားနော် …
    ကျုပ်နဲ့ သခွားသီးနဲ့ကတော့ ကွက်တိပဲ ..
    ဒီကနေ့ကစပြီး သခွားသီးနဲ့ အစွမ်းကို
    ကောင်းကောင်းကြီး အသုံးချတော့မည် ဖြစ်ပါကြောင်း …
    နည်းလမ်းပေးတဲ့ ဦးခင်ခကိုလည်း ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …

    • ခင်ခ

      December 3, 2012 at 12:58 pm

      ကိုမဟာရာဇာ အံစာတုံးရေ သခွားသီးအစွမ်း ကိုကောင်းကောင်းအသုံးချမယ်ဆိုလို့
      လူချင်းတွေ့ခဲ့ရင် သတိပေးဗျ ( အရွယ်လေးရတော့မေ့တတ်လို့ပါ )။ သခွားသီးရဲ့ ထဲ့မရေးဖြစ်တဲ့ အစွမ်းတစ်ခု ကိုပြောပြမလို့လေ။

  • သုရှင်

    December 3, 2012 at 12:38 pm

    ဖတ်ဖတ်ချင်းတော့ အင်း အခြားအသီးတွေလို ဘာရောဂါပျောက်တယ် ညာရောဂါပျောက်တယ် ဒါနဲ့ ပြီးမှာပါ လို့ကြိုတွက်ထားမိတာ ကွင်းလုံးကျွတ်ကြီးကို မှားပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ် ဗဟုသုတတွေ ကို တနင့်တပိုး ရလိုက်လို့ဗျို ့။

    • ခင်ခ

      December 3, 2012 at 12:53 pm

      ကိုသုရှင်ရေ တစ်ခါတလေတော့လည်း လွဲတာလေးက ကောင်းတတ်ပါတယ်နော့။
      ကျေးဇူးပါဆုံးတဲ့ထိဖတ်ပြီး ကွန့်ပေးတဲ့အတွက်လေ။

  • မောင်ပေ

    December 3, 2012 at 1:00 pm

    သခွါးသီး ၏ နောက်ထပ် အသုံးဝင်သော လျှို ့ဝှက်ချက်
    ဟဲဟဲ
    အားလုံးဖတ်ခဲ့ပြီးသား ဖြစ်မှာပါ
    လေးခ ရေ သည်ကွန်မင့်အတွက် စိတ်မရှိပါနဲ ့နော်
    တစ်ခါက မိန်းမသုံးယောက် ဈေးမှာ သခွားသီးဝယ်နေကြသတဲ့
    ပထမ မိန်းမ က ဒီလိုပြောတယ်
    “ ကျွန်မ ကို ရှည်ရှည်နဲ ့အလုံးပေး ”
    ဒုတိယ မိန်းမ ကြတော့
    “ ကျွန်မ ကို တုတ်တုတ်လေး ပေး ”
    တတိယမိန်းမ အလှည့်ရောက်တော့ ဈေးသည်က အရင်မေးတယ်
    “ ဘယ်လို အလုံးပေးရမလဲပေါ့ ”
    တတိယမိန်းမ က
    “ ပေးချင်တဲ့ဟာပေးပါ ၊ ကျွန်မ က ဟင်းချက်စားမှာပဲ ” တဲ့
    ဆိုတော့
    အဲဒါလဲ သခွားသီး အသုံးဝင်ပုံ နည်းတစ်ခု နေမှာပေါ့နော

    ဘယ်သူမှ စိတ်မဆိုးရဘူးနော
    ဟီဟိ

    • ခင်ခ

      December 3, 2012 at 1:26 pm

      သခွားသီးရဲ့ အသုံးဝင်ပုံနည်းလေး ထပ်ဖြည့်ပေးတဲ့ ဆရာပေရေ ကျေးဇူးနော်။
      တတိယသူက ဟင်းချက်စားမှာဆိုတော့ ၊ အရင် နှစ်ယောက်က ဟင်းချက်မစားဘဲ ဘာလုပ်စားမလဲ တွေးကြည့်လိုက်တော့???????
      အော် သူတို့က တို့စရာအဖြစ် တို့စားမလိုထင်တာဘဲ။

      • ရွာသူ jujuma .

        December 3, 2012 at 3:39 pm

        အမ် ဥူးရေးတို့ကလဲ …
        ရှည်ရှည်နဲ့ အလုံးက တို့စား မလို့ …
        တုတ်တုတ်လေးက အသုတ်ထဲ ထည့်စား မလို့ …
        တိလဲတိပဲနဲ့ ဟွင့် … :kwi:

        • ခင်ခ

          December 3, 2012 at 4:36 pm

          အော် ရွာသူ jujuma ရှင်းပြလိုက်မှဘဲ ရှင်းတော့တယ်ဗျာ။

  • ကမ္ဘာဦးအစ ကျောက်ခေတ်လူသား အင်အားကြီးမျိုးနွယ်စု၏ တစ်ဦးတည်းသော ခေါင်းဆောင် ဗုဒ္ဓသက်တော်ထင

    December 3, 2012 at 1:01 pm

    သခွားသီး ကိုမကြိုတ်တော့ခက်လှတယ်ကွယ်
    ဒါပေသိ အခြားတစ်ပါးသူများကိုတော့ဖြင့် ဆရာလုပ်ပြီး ပြောပြလိုက်ပါ့မယ်။
    အဲ့အဲ့ မှားသွားလို့
    အခြားတစ်ပါးသူများကို စေတနာထားပြီး ပြောပြလိုက်ပါ့မယ်။
    သံပုရာသီးရဲ့ အကျိုးပေးအာနိသင်ကိုတော့ဖြင့် သိချင်လွန်းလှတယ်ကွယ် . . . . . . .

    • ခင်ခ

      December 3, 2012 at 1:48 pm

      မောင်ရင့် အမည် ပေးထားပုံကလည်းကွာ။

      • Mobile

        December 3, 2012 at 8:22 pm

        ဒီလိုပါ ဒီလိုပါ ကျနော် ရဲ့အမည်အရင်းက
        ကမ္ဘာဦးအစ ကျောက်ခေတ်လူသား အင်အားကြီးမျိုးနွယ်စု၏ တစ်ဦးတည်းသော ခေါင်းဆောင် ဗုဒ္ဓသက်တော်ထင် ရှားရှိစဉ်ကာလ၌လည်း ပါလလုင် အမည်ဖြင့်တစ်ကြိမ်လူဖြစ်ဖူးသော
        ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင်မိုဘိုင်း

        • ခင်ခ

          December 4, 2012 at 9:23 am

          ကိုမိုဘိုင်းရယ် ဒီလိုဆိုလည်း တိုတိုလေးအမည်ပေးပေါ့ ခုတော့ပြန်ပြီးရေးရမှာတောင် လက်ညောင်းတယ်ကွယ့်။

  • Novy

    December 3, 2012 at 2:25 pm

    မှတ်သားသွားပါတယ်ရှင်
    မျက်နှာလေးကိုလဲသခွားသီးကပ်အုံးမှ
    ဇေယျာကို အန်တုမလို့ :harr:

  • ကြည်ဆောင်း

    December 3, 2012 at 3:21 pm

    သခွားသီးနဲ့အဆီချလို့ရပုံလေးကဆန်းသဗျို့
    စမ်းကြည့်အုန်းမှဘဲ…

  • kyeemite

    December 3, 2012 at 3:47 pm

    သခွားသီးကိုတော့ သုတ်စားတာအကြိုက်ဆုံးပဲ
    ဒီတိုင်းတို့စားလည်းကောင်းတာပါပဲ..ကျေးဇူးပါ ကိုခင်ခရေ..

    • ခညားက သခွားသီး သုတ်စားတာ
      ကြိုက်တယ်ဆိုလို့ မေးရဘာအုံးမယ် ..

      ရှည်ရှည် ကြိုက်လား ..
      တိုတိုတုတ်တုတ် ကြိုက်လား …
      ဘာလိုပုံပဲဖြစ်ဖြစ် ကြိုက်တာလား … ငွင်း .. ငွင်း .. :mrgreen:

  • candle .

    December 3, 2012 at 4:36 pm

    ဒို ့မောင်လေး မောင်အံစာများ..ဟိုဘက်ပိုစ့်မှာ ယောင်တာတောင် ဒီအမကို တပြီးတော့..
    ကောင်လေးဘုန်းကြီးအုံးမယ်.. 🙂

    • ခင်ခ

      December 3, 2012 at 7:11 pm

      မနိုဗွီရေ နဂိုလှပြီးသားမျက်နှာပိုဝင်းနေမှ မနာလိုစရာတွေဖြစ်နေအုံးမယ်နော်။

      ကိုကြည်ဆောင်ခင်ဗျ စမ်းကြည့်ပြီး အဆင်ပြေရင် လက်ပြန်တို့အုံးနော်။

      သခွားသီးကို သုတ်စားတာ ကျွန်တော်လည်းကြိုက်တယ်ဗျ ကိုကြီးမိုက်ခင်ဗျ။

      ကိုမဟာရာဇာ အံစာတုံးရေ သခွားသီးကတော့ သခွားသီးဘဲ မဟုတ်ဘူးလားဟင်။

      Candle လည်းဝင်မန့်တာကို ကျေးဇူးပါ။

      ကိုပေါက်ရေ မမေးတော့ပါဘူးဗျာ။ မတူးဖော်ကောင်းတဲ့အတိတ်ကို တူးဖော်မိရင် ကံမကောင်းတတ်ဘူးလို့ ကြားဖူးတယ်ဗျ။ လက်ရှိအခြေအနေအတိုင်းဘဲ ခင်မင်ကြတာကောင်းပါတယ်နော်။

      • ဦးခင်ခကြီးရယ် …
        “ကိုမဟာရာဇာ အံစာတုံး” လို့ ခေါ်ဘာနဲ့ဂျာ .. :mrgreen:
        ဖတ်ရဒါ တငြိုးဂျီးဘဲ …
        တိုတိုတုတ်တုတ်ပဲ .. အဲ .. ဟုတ်ဘူး .. ဟုတ်တယ် .. အင်း .. အဲ့လိုပေါ့ဗျာ ..
        အဲလို ခေါ်ဘာလို့ .. အဟီးးးး

        အပေါ်က ဥကြီးမိုက်ကို ကြောဒါလည်း ..
        အင်း .. သခွားဒီးဘဲ ဖစ်မှာဘာလေ … :mrgreen:

  • အရီးခင်လတ်

    December 3, 2012 at 7:08 pm

    ကိုခင်ခ
    သခွါးသီး ကိုအင်မတန် ကြိုက်ပါတယ်။
    အကျိုးကျေးဇူး တွေ အတွက်ကျေးဇူးပါ။

    ဒါထက် အရင် Post မှာ ရေးထားတဲ့ ကြက်ဥ အကြောင်းမှာ ကြက်ဥ ကို ထမင်းအိုးကျက်ခါနီးပေါ်မှာ ထည့်လိုက်ရင်ရော၊
    အဲဒီလို အလွယ် လုပ်နေကျမို့။
    သူငယ်ချင်းတစ်ယောတ်က အဲဒါမကောင်းဘူး ပြောဘူးလဲ လုပ်နေတာ။
    အခု ကိုခင်ခ ရဲ့ ဂျူးစာ ကို ဖတ်ပြီး တွန့်သွားတယ်။ 😆

  • ခင်ခ

    December 3, 2012 at 7:34 pm

    ကြက်ဥအခွံကို ရေမဆေးဘဲခွဲခဲ့ရင်သာ၊ ဒါမှမဟုတ် အလုံးလိုက်ရေမဆေးဘဲ ထမင်းအိုးထဲ မြုပ်တာကတော့ကြက်ဥအခွံမှာ ပါလာတတ်တဲ့ ရောဂါပိုးတွေက အခြားစားစရာကို ကူးမှာကို ဆရာမဂျူးကဆိုထားတာပါ။ ကျွန်တော်ကတော့ ဈေးကဝယ်လာတဲ့ ကြက်ဥ၊ ဘဲဥ ဆိုရင် ရေလေးဆေးပြီး ခေတ္တ အခြောက်ခံပြီးမှ ရေခဲသေတ္တာထဲ သိမ်းပြီထားတယ်လေ။ အဲလိုအလုံးလိုက် ရေဆေးပြီးသား ကြက်ဥကို ခွက်ကလေး၊ ပုဂံလုံးလေးထဲမှာ ကြက်ဥအရည်ကြည်နဲ့အနှစ်ရယ် ရေ သို့မဟုတ် ဟင်းရည်အနည်းငယ်ရယ် ရောမွှေပြီး ထမင်းပေါင်းအိုးထဲ တဲ့ပေါင်းတာကတော့ ရပါတယ် အရီးရေ။

  • Hnin Hnin

    December 3, 2012 at 8:54 pm

    နှင်းနှင်းကတော့ ကြက်ဥ၊ဘဲဥဆို ရောဂါက..ရေနဲ့ ဆေးရုံတင်မက ရေမိုးချိုးပေးလိုက်သေးတယ်..
    ဆပ်ပြာနဲ့တိုက်ပစ်လိုက်တာကို ပြောတာ… 🙂 ..
    မကျက်တကျက် ကြော်ရင်တော့ မကြော်ခင် အဲဒီလို အကုန်ဆေးပြီးမှ ကြော်တယ်..

    ချက်ရင်တော့ ရေပဲပြောင်အောင်ဆေးပြီး ပြုတ်လိုက်ပါတယ်…
    CP တံဆိပ် ကြက်ဥက ကတ်နဲ့ဆိုတော့ သန့်တာတော့ များပါတယ်…ချေးပေခဲတယ်…
    ဈေးကဝယ်မိရင်တော့ အဝတ်နဲ့ပြောင်အောင်သုတ် ထည့်ရတယ်…
    ရေဆေးလိုက်ရင် ပုပ်လွယ်သွားမလားလို့(ထင်တာ) မဆေးဘူး…

    နံပါတ် ၆ ဖတ်ပြီးတော့ သူငယ်ချင်းတစ်ယောက်ဆို သခွားသီးအနံ့ရရင် မူးလို့ သူ့မခံနိုင်ဘူး..
    စားလို့လည်း မရဘူး….သူ့မျက်နှာ ကပ်ရင်လည်း allergic ဖြစ်တယ်…

  • etone

    December 4, 2012 at 5:02 pm

    သခွားသီးက ဒီလိုလည်း အသုံးဝင်တာကိုး … အစကတော့ မသိတောင် မသိခဲ့ဘူး အန်ကယ်ရေ ။
    အိမ်ရောက်မှ မှန်တွေ တိုက်ကြည့်ဦးမယ် ။
    သမီးကတော့ သခွားသီးလုံးဝ စားလို့မရဘူး ။ စားတာနဲ့ ဗိုက်အောင့်တာ 5 မိနစ်တွင်း .. စမ်းပြီးပြီ အကြိမ်ကြိမ်မို့ .. ထပ်မစားရဲတော့ဘူး .. ဟီး :mrgreen:

  • ခင်ခ

    December 4, 2012 at 9:17 pm

    အိမ်ရောက်လို့ စမ်းကြည့်ပြီး ရေးထားတဲ့အတိုင်းမဟုတ်ဘူးဆိုရင် ဖုန်းဆက်လိုက်လေ။
    မှန်ကြည်ဆေးရည်ဗူး အစားပြန်ပို့ပေးမယ် သမီးရေ။

Leave a Reply