လောကရဲ ့ အပြင်ဖက်က “လူ”
ပဲခူးရိုးမ အနီး တစ်နေရာပါ …… ကားဖြတ်သွားတာတွေ ့လို့ ခတ်ငေးငေး လေးပါ ့ …..
နေရာလေးက အေးချမ်းတယ်လို့ ထင်ရပေမဲ ့ လူတစ်ယောက်အတွက် မပြည် ့စုံပါဘူး…..
မျှော်လင် ့နေတဲ့မျက်ဝန်းတွေမှာ အရောင်ကင်းမဲ့နေလေရဲ ့ …။ ဘယ်တော့လဲ … ဘယ်မှာလဲ ….
ဘာတွေလဲ ….. ရွှေပြည်တော်မို ့ မျှော်မိတိုင်းဝေးနေဆဲပါ ……
သူတို့ ဘာတွေစားကြလဲ …. နေမကောင်းရင်ဘယ်လို ဆေးကုသလဲ …. ရေကရော သန် ့ရဲ ့လား…
အဖြေအတွက် ပေးဖို့ခက်ပါတယ် ….။ သူတို့ဘဝ နဲ့ သူတို့ ပျော်နေတယ်လို့ ထင်ပါသလား …?
တစ်ခါတစ်လေ လူ ့လောကထဲကိုလာချင်ရှာမှာပဲလေ …. သူတို့မှာ အဖေါ်များများမရှိပါဘူး …
အိမ်ကလေးတွေ ခတ်ကျဲကျဲ ….။. ပညာရေးလား …. မြန်မာလိုတောင်မှ ဖတ်တတ်ရဲ ့လားမသိ ။
ဘုန်းကြီးကျောင်းလဲမရှိ …… သင်းချိုင်းလည်းမရှိ …. စာသင်ကျောင်းလည်းမရှိ ……။
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်နေရုံနဲ့ သူတို့ရဲ ့ လူ ့ဘဝ ပြည် ့စုံပြီလား ……
ကျနော်တို့ကိုတွေ့တော့ သူတို့တွေ ပျော်နေလိုက်တာ ….. ရှိရှိသမျှလူတွေအားလုံး ထွက်ကြည် ့ကြတယ် …..
ပျော်ပါစေလေ ….. ဒီနေရာမှာ သူတို့ကို အရေးတယူလုပ်တာ ရှာမှရှားဖြစ်ရပ်ထင်ပါရဲ ့ ….။
ဪ …………ပြောရဦးမယ်………… သူတို့တွေက ကားတွေတွေ ့ရင် သိပ်ပျော်ကြတာလေ ….
ကားဆိုတာ သူတို့အတွက် ထူးထူးဆန်းဆန်းပဲပေါ ့ …. တစ်ပတ်နေလို့ တစ်စီးတောင်ဖြတ်မသွားကြဘူး ….
ကားပေါ်ကလူတွေကို နှုတ်ဆက်ကြတာ …… ပျော်လွန်းလို့လေ ….
ဓတ်ပုံရိုက်တော့ သိပ်ပျော်နေကြတယ် …. သူတို့ပုံလေးတွေကို အင်တာနက်ပေါ်တင်ပေးမယ်လို့
ပြောတော့ …. အင်တာနက်ဆိုတာ ဘာကောင်လဲ တဲ ့ …။ ဟုတ်ပါတယ် ….ကျနော်မှားတာပါ ။
မြန်မာစာတောင် သင်ကြားဖို ့မသေချာတဲ့နေရာမှာ အင်တာနက် ဆိုတဲ့ စာလုံးကြီးသွားသုံးမိတာကိုး….
အနီးစပ်ဆုံး ရှင်းပြလိုက်တယ် ….. တစ်ကမ္ဘာလုံးကလူတွေ အားလုံး မင်းတို့ပုံတွေ မြင်အောင်
လုပ်ပေးမလို့ …လို့ ပြောလိုက်ရတာ ….။ သူတို့ ကမေးတယ် ” အင်္ဂလိပ်တွေလား..”တဲ့ …။
ဟုတ်တယ် ..လို့ပဲ လွယ်လွယ် ဖြေလိုက်ပါတယ် …..။
ကျနော် သူတို့အပေါ် နှုတ်ကြွေးတင်နေခဲ ့တာ …အခုတော့ ပြန်ဆပ်နိုင်ခဲ့ပါပြီ …။ ကျနော် ကတိတည်ခဲ့ပါပြီ ။
ရိုးမတောင်ခြေမှာ လူဖြစ်နေရတဲ့ကလေးတို့ရေ ……
ဦးလေးတတ်နိုင်တာ လောလောဆယ်ဆယ် ဒါလောက်ပါပဲကွယ် …. တစ်နေ ့ကျရင် မင်းတို့မျှော်လင် ့နေတဲ့
မင်းတို့တမ်းတနေတဲ့ …. မင်းတို့ရဲ ့ အိမ်မက်လေးတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါရဲ ့ …..။
ဦးလေး ပြန်လာခဲ့ပါဦးမယ် …. တစ်နေ ့ကျရင်ပေါ ့…. ဦးလေးနဲ့အတူ မင်းတို ့ အံ ့ဩ ရမည် ့သူတွေပါ
ခေါ်လာခဲ့ပါဦးမယ် ….။
အားတင်းထားကလေးတို့ရေ ….. မုန်တိုင်းပြီးရင် …လေညှင်းလာပါလိမ် ့မယ် ……။
(တင်ရှိနေတဲ့ နှုတ်ကတိတစ်ခုကို ပြန်ဆပ်တာပါ )
မောင်ဆာမိ
38 comments
မဟာရာဇာ အံစာတုံး
December 6, 2012 at 12:13 am
ဦးဆာမိရေ …
“ကားတွေ့ရင် သိပ်ပျော်တာ” ဆိုတာလေးကို တွေ့လိုက်ရတော့
ကျနော်တို့ ငယ်ငယ်တုန်းက အဖြစ်ကို သတိရလိုက်မိလို့ပါ ..
အဲဒီတုန်း ကျနော်တို့ ရွာမှာ ကားလေးက ရောက်ခါစကိုး …
အဲဒီကား ရွာကို ပတ်ပြီး ကုန်တင်ပြီဆို ကလေးတွေ တစ်ပြုံတစ်ခေါင်း လိုက်ပြီး စီးကြတာ …
ကားနဲ့ ပတ်သက်ပြီးတောင် စာကလေး တွင်ခဲ့သေး …
တစ်ယောက်ယောက်က ကြောက်တာနဲ့ ပတ်သက်ပြီး လှောင်တော့မယ်ဆိုရင် ..
“ကိုကျော်အေး ကားကြီး ပွမ် ပွမ်” တဲ့ …
ကားပိုင်ရှင်က ကိုကျော်အေး ဆိုတဲ့လူ …
ကားဟွန်းတီးသံ ပွမ် ပွမ် ဆိုတာက အဟဲ ..
ဖင်ပွာ = ကြောက်တာ
ပွာ => ပွမ် …. အဲလိုပေါ့လို့ ..
ပို့စ်နဲ့တော့ သိပ်ပြီး မဆိုင်ပါဘူး …
နည်းနည်း ဝင်ပွားတာပါလို့ ….
surmi
December 6, 2012 at 12:34 am
ကိုရင်အံရေ
သူတို ့အပေါ် ကတိပေးခဲ ့တာ တစ်နှစ်နီးပါးရှိသွားပြီ
ကျုပ်ကလည်း ဒီကွန်နက်ရှင်နဲ ့ ဓတ်ပုံတင်ဖို ့ပြင်းလို ့…..ဒါနဲ ့
ကိုရင် ့ကော့မန် ့လေးထဲက အသုံးအနှုံးလေးတွေက ဆန်းတယ်နော်
မြေလတ် ဖက်ကများ လားပဲ ။ ပထမဆုံးရောက်လာတာကျေးကျေးပါဗျာ …
မဟာရာဇာ အံစာတုံး
December 6, 2012 at 12:00 pm
မြေလတ်လား မလတ်းလားဒေါ့ သိဝူးးး
ရေနံချောင်း ဘက်ကလို့ ပေါရမှာဘဲ …
koyinmaung
December 6, 2012 at 12:18 am
ကိုဆာမိရေ ဓါတ်ပုံလေးကိုကြည့် ကိုဆာမိရဲ့စာကိုဖတ်ပြီး
စိတ်မကောင်းဖြစ်မိတယ်ဗျာ…..
တို့နိုင်ငံကြီးအလျှင်အမြန်ဖြောင့်ဖြောင့်ဖြူးဖြူးပြောင်းနိုင်ပါစေလို့ဘဲ
ဆုတောင်းမိပါရဲ့….
အော်..အသေအချာကြည့်ရင် အိမ်ထဲကလူတွေကလဲ
လှမ်းကြည့်နေကြတယ်နော်….
surmi
December 6, 2012 at 12:42 am
အစ်ကိုကြီး ကိုရင်မောင်ရေ
ပျောက်နေတာကြာပေါ ့နော ….. ကျနော်တို ့ နိုင်ငံမှာ တောင်တန်းဒေသမဟုတ်ပဲ
လူတွေနဲ ့နီးပါလျက်နဲ ့ မဖွံ ့ဖြိုးတာအများကြီးပါဗျာ
မှန်ကန်တဲ ့ဖြစ်ရပ်လေးတွေကိုသိစေချင်လို ့ပါ ။
အရင်အစိုးရအဆက်ဆက်လို ရွှေပြည်ကြီးသိပ်တိုးတက်ပါတယ်လို ့
ထင်နေရင် လုပ်စရာတွေ မလုပ်ဖြစ်မှာစိုးလို ့ပါ
ဆက်လျှောက်ရဦးမယ်အစ်ကိုရေ ့…………
Mobile
December 6, 2012 at 12:59 am
ဆက်လျှောက်ကြတာပါ့ ညီလေးတို့ရေ . . .
ကြားရတဲ့သတင်းနဲ့ မြင်ရတွေ့ရတာလေးတွေက စိတ်မကောင်းစရာလေးတွေဗျာ
ကိုယ်ချင်းစာမိပါရဲ့။ ဒါပေမယ့် သူတို့လေးတွေလဲ သူအတိုင်းသူတော့ ပျော်နေကြတာပဲနော်
အမြင်နည်းတော့ လိုချင်တပ်မတ်မှုနည်း တဲ့သဘောလားမသိဘူးဗျ။ တစ်ဖက်ကပြန်ကြည့်ရင်လဲ
သူတို့လေးတွေရဲ့ ဘဝကအေးချမ်းပါတယ်ဗျာ။ ကိုဆာမိ တို့လိုအင်တာနတ်ထဲမှာ ဟိုဆိုဒ်ဝင်
ဒီဆိုဒ်ဝင်နဲ့ ဟိုဟာလုပ်ချင်ပြန်ပါပြီ အိုင်ဖုံး လေးဝယ်ချင်ပြန်ပါပြီ စတဲ့ ဒီလိုလောဘမျိုးတွေ
သူတို့မှာမရှိနိုင်ဘူးဗျ။ ဘယ်ရှိမလဲ သိမှမသိတာကို။
flamingo
December 6, 2012 at 2:02 am
ကိုဆာမိ
ကားပေါ်မှာတယောက်ပါသေးတယ်နော်..
kai
December 6, 2012 at 5:10 am
ပညာရေးကအရေးကြီးတယ်ထင်မိတယ်..
ကျောင်းလေးတွေလိုက်ဖွင့်နိုင်ရင်.. တော်တော်ကောင်းမှာ..
ဦးဦးပါလေရာ
December 6, 2012 at 6:09 am
တနေ့နေ့မှာတော့ အဲဒီကို ဘုန်းကြီးတပါးပါး ရောက်လာပါလိမ့်မယ်
ပြီးတော့ နဲနဲကြာလာတော့ ဘုန်းကြီးကျောင်းသားဘဝနဲ့ (အလွန်စံနစ်မကျသော) စာသင်ကြားရေးလေးဖြစ်လာပါလိမ့်မယ်..
ဒါ့ထက်တော်တော်ကြာသွားရင်တော့ ဘုန်းတော်ကြီးသင်မူလတန်းကျောင်းလေးဖြစ်ကောင်းဖြစ်လာမှာပေါ့…..
အစိုးရကျောင်းလား..? စံနစ်ကျနတဲ့ အဆင့်မီပညာရေးလား..?
ဟင်း…. ဟင်း….
first last
December 6, 2012 at 8:08 pm
Dokkha…. Dokkha…..
Inz@ghi
December 6, 2012 at 6:26 am
စွံ့ … အ .. ကြေ …ကွဲ …
:byae:
MaMa
December 6, 2012 at 8:53 am
ကျမတို့ဇာတိကလည်း မြစ်သေးသေးလေးပေါ်မှာ ရှိတာမို့………
ဟိုးးးးးးး အရင်ကဆိုရင် ကုန်းလမ်း မပေါက်ဘူး။
မော်တော်ကားတို့ ဆိုင်ကယ်တို့ မဆိုထားနဲ့ ဆိုက္ကားတောင် မရှိဘူး။
မြို့တွင်းသွားဖို့၊ ရွာနီးချုပ်စပ်တွေ သွားဖို့ဆို စက်ဘီးပဲ ရှိတယ်။
မြစ်က ကျဉ်းတော့ ရေလမ်းဆိုလည်း စက်လှေလောက်၊ မော်တော်လေးတွေလောက်သာ ဝင်လို့ရတယ်။
မိုးတွင်းရောက်လို့ မြစ်ထဲရေမြင့်တက်လာရင်တော့ ဧရာဝတီသင်္ဘော ဝင်ပါတယ်။
မိုးတွင်းရောက်လို့ ဧရာဝတီ စဝင်တဲ့နေ့မို့ ဆိပ်ကမ်းကနေ သဘောင်္ ဥဩဆွဲသံကြားရင် တမြို့လုံး ကလေး လူကြီးမကျန် ဆိပ်ကမ်းကို ပြေးကြတာပဲ။
အဲဒီတုန်းက ဝမ်းသာပျော်ရွှင်ခဲ့ရတာကိုတောင် သတိရမိသွားတယ်။
ခုတော့လည်း ရန်ကုန်ကို ၁နာရီခွဲ၊ ၂နာရီ ခရီးပဲ ရှိတော့တယ်။ 🙂
Mon Kit
December 6, 2012 at 9:07 am
ကိုဆာမိ ပို့စ်လေးဖတ်ကြည့်ပီး စိတ်မကောင်းဖြစ်မိပါတယ်…
တကယ်ကို လောက အပြင်ဘက်က လူတွေဘဲနော်…
ပထမ တော့ ခေါင်းစဉ် ကြည့်ပီး လောကအလွန်ဘက်က လူဆိုတော့ သရဲ. တစေ များလားလို့…
:hee:
Hnin Hnin
December 6, 2012 at 9:23 am
စာသားတွေက ဖတ်ရင်းနဲ့ကို ရင်ထဲထိ ရောက်သွားတာပါပဲ…
သူတို့ဘဝနဲ့ သူတို့ကတော့ အပူအပင်မရှိ၊လောဘမရှိ ရောင့်ရဲမှုတွေနဲ့ အေးချမ်းနေကြတာပဲနော်…
ဆုတ်ယုတ်မှု၊ တိုးတက်မှုတွေဆိုတာရော ခံစား၊ စံစား နေတတ်ကြပါ့မလား…
ခင်ခ
December 6, 2012 at 9:28 am
တောင်ပေါ်မှာရောက်နေတဲ့လူက ဟိုး တောင်ခြေကလူကိုကြည့်ပြီး သေးသေးလေးဘဲမြင်ရတယ် ငါအရမ်းအမြင့်ကြီးရောက်နေတာဘဲဆိုပြီး ဘဝင်မြင့်ပျော်နေတယ်၊ တကယ်တော့ အဲဒီတောင်ခြေက လူကလည်း တောင်ပေါ်ကလူကိုလှမ်းကြည့်တာ သေးသေးလေးဘဲမြင်ရတာကို သူသတိမေ့နေ ဟန်ဘဲလေ။ တကယ်တော့ တောင်ပေါ်ရောက်နေသူနဲ့ တောင်ခြေကသူတို့ အရမ်းအလှမ်း ကွာဝေးနေတော့ သေးသေးလေးတွေဘဲမြင်နေရတာပါ၊ အကယ်တို့သာ သူတို့တွေ အလှမ်းမကွာတဲ့ လက်တကမ်းလောက်မှာဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး အမြင်ရှင်းလို့ သေးသေးလေးမြင်စရာအကြောင်း မရှိနိုင်တော့ဘူးပေါ့ဗျာ။
အလှမ်းမကွာဝေးသောနေရာမှ တစ်ဦးနှင့်တစ်ဦးကြည့်နိုင်ကြမယ်ဆိုရင်ဖြင့်ပေါ့ ကိုဆာမိရေ။
ဗုံဗုံ
December 6, 2012 at 9:57 am
စိတ်မကောင်းဘူး ဦးဦးဆာမိရယ် ဒါပေမယ့် တစ်ခါတစ်လေ လောကရဲ့ အပြင်ဖက်က လူ လေးတွေလို အေးချမ်းချင်မိတယ် အဲ့ဒီကလေးလေးတွေကို သွားပြီး စာသင်ပေးချင်လိုက်တာ သူတို့အရမ်းပျော်ကြမှာဘဲနော်
kyeemite
December 6, 2012 at 10:03 am
ကိုရင်ဆာမိ တာဝန်ကြေပါတယ်…ကျနော်လည်း အဲလိုခေါင်တဲ့နေရာလေးတွေ
ရောက်ခဲ့ဖူးတယ်ဗျ..အဲတုန်းက ကင်မရာ ဆိုတာကြီး ခေတ်မစားသေးတော့
မှတ်တမ်းတော့မတင်ခဲ့နိုင်ဘူး…နှစ်၂ဝ ကျော်ကြာပီးတော့ အဲဒီဒေသဖက်က
ပြန်လာတဲ့မိတ်ဆွေတစ်ယောက်ပြောပြတာတော့…အရင်းအတိုင်းလုံးဝမပြောင်းသေးပါဘူးတဲ့..
စိတ်မကောင်းစရာ… :byae:
“ဘုန်းကြီးကျောင်းလဲမရှိ …… သင်းချိုင်းလည်းမရှိ …. စာသင်ကျောင်းလည်းမရှိ ……။”
ဦးပါပြောသလိုပဲ…ဘုန်းကြီးတပါးပါး ရောက်လာဖို့ မျှော်တာက ပိုနီးစပ်ပါလိမ့်မယ်
အစိုးရ က အဲဒီရွာလေးတွေ လောက်ကို အာရုံမထားနိုင်သေးပါဘူး..မြို့ ဆင်ခြေဖုံးနေရာတွေတောင်
ဘယ်မှာပြည့်စုံလို့လည်း… :chee:
jullies cezer
December 6, 2012 at 10:26 am
ဖတ်ရင်းနဲ့စိတ်မကောင်းလို့ မျက်ရည်တောင်လည်မိတယ် ဒါပေမဲ့တစ်ဘက်
ကပြန်တွေးပြီးဖြေသိမ့်လိုက်တာက အပေါ်က comment တွေထဲကလို
လောဘမရှိ ရောင့်ရဲမှုလေးတွေနဲ့အေးချမ်းနေတဲ့ဘဝလေးပါပဲလေ မြို့မှာလို
ကောက်ကျစ်စဉ်းလဲမှုရဲ့ဒဏ်တွေ တစ်ယောက်တစ်ယောက် အတ္တအတွက်
ခြေထိုးနေတဲ့အဖြစ်တွေ လိုတာမရရတာမလို ပြိုင်ဆိုင်မှုတွေတော့နဲ
နေမယ်လို့ထင်ပါတယ် အားလုံးအေးချမ်းပါစေ ……
မောင်ပေ
December 6, 2012 at 9:25 pm
လောဘ ဒေါသ မောဟ နဲတဲ့ အေးချမ်းတဲ့ နယ်မြေလေးပေါ့
ဦးပိုင် တို ့ ပိုက်လိုင်းတို ့မရောက်သေးခင်ပေါ့ဗျာ
surmi
December 6, 2012 at 10:25 pm
ကျနော် ့ရဲ ့ ဒီပို ့စ်ကို ဝင်ရောက်ဖတ်ရှု အားပေး ကော့်မန် ့ ချီးမြှင် ့ရေးကြကုန်သော …
ကိုအံစာ ၊ ကိုရင်မောင် ၊ ကိုမိုဘိုင်း ၊ ကိုရင်Flamingo ၊ သဂျီးမင်းဦးခိုင် ၊ ဦးဦးပါလေယာ ၊ first last ၊
ကိုရင်ဂီ ၊ အန်တီမမ ၊ မမွန်ကစ် ၊ မနှင်းနှင်း ၊ ကိုခင်ခ ၊ မဗုံဗုံ ၊ ဦးမိုက် ၊ ဂျူးလိယက် နှင် ့ ကိုပေ တို့အား
အထူးကျေးဇူးတင်ရှိပါကြောင်း ….နှင် ့ ထပ်တူ ထပ်မျှ ခံစား နားလည်ပေးသည် ့ အတွက်လည်း
ကလေးများကိုယ်စား ကျေးဇူးတင်ရှိပါတယ် ….။
ဒီနေရာတွေမှာ ဖွံ ့ဖြိုးဖို ့ မဖြစ်နိုင်သေးပေမဲ့ မြို ့နဲ့မဝေးလှသေးတဲ့ ဒီလိုနေရာတွေမှာ ဒီလောက် ကျန်နေသေး
တယ်လို့ သိထားကြရင် ကျနော်တို့တွေလျှောက်ရမဲ့ခရီးအတွက် တွန်းအား ဖြစ်လိုဖြစ်ငြားပေါ ့ …….
လေးစားလျှက်
မောင်ဆာမိ
ဦးကြောင်ကြီး
December 7, 2012 at 11:29 am
လောကပြင်ဖက်
မောဟစဉ်တက်
လောဘရင်ဘတ်
ဒေါသချဉ်ဖတ်
ရောသမဝင်နှက်
သောမထင်မှတ်
ချောလှမြင်ကပ်
အောချရွှင်ဓာတ်..။
မိုချို
December 7, 2012 at 12:02 pm
ဦးဆာမိ
ကျမ ကတော့ အတွေး ခေါင် တာလား ၊အတွေး ကြောင် တာ လား မသိဘူး ။ အဲ လို ဘဝ မျိုး လေး တွေ ကို တခါ တရံ အား ကျ မိတယ်။ ( ကိုယ် တိုင် လည်း ငယ် ဘဝ မှာကြုံ တွေ့ ခဲ့ ဖူး သလို အရွယ်ရောက် လာ ရင် အဲလို ကျေး လက် ဒေသ တွေ က အား ထား ရ တဲ့ သူ ဖြစ် ရမယ် လို့ ရည် ရွယ် ချက်ထား ခဲ့ ဖူး တယ်)။ ကိုယ် ကသာ အား မလို ၊ အား မရ ဖြစ် မိပေမယ့် သူတို့ ကတော့ ဘာ မှ သိပ် မသိတဲ့ အဖြူထည် ဘဝ မှာ ကိုယ့် ဘဝ ကို ရောင့် ရဲ့ ကျေ နပ် ပျော် ရွှင် နေကြ မှာ သေချာ တယ်။ အဲဒီတော့ ကျမ အမြင် က သူ တို့ ရဲ့ အခု အခြေ အနေ က သူတို့ အတွက် မုန်တိုင်း မဟုတ် လောက်ပါဘူး ။
မတော် လို့ များ သူ တို့ ဒေသ မှာ ရေ နံ ကြောတို့၊ ရွှေ သိုက် တို့ ရှိ နေ ခဲ့ ရင်သာ၊ သူတို့ ဘဝ အချိုး အကွေ့ တွေ ကြုံ လာ နိုင် သလို ၊ ကျေ နပ်ခြင်း ၊ မကျေ နပ် ခြင်းတွေ နဲ့ စိတ် ဓါတ် တွေ လည်း အရောင် တွေ စွန်း လာ နိုင် လို့ အဲ လို အခြေ အနေ တွေ ကို မှ မုန် တိုင်း လို့ တင်စား ချင်တယ်။
ဘယ် လို ပဲ ဖြစ်ဖြစ်မြို့ ပြတွေမှာ တောင် ပညာရေး၊ ကျန်း မာ ရေး ပြည့် စုံ အောင် ကြိုး ပမ်း နေဆဲ ဆိုတော့ ကျေး လက် တွေ အတွက်တော့ အလှမ်း ဝေး နေ ဦး မှာ ပါ။
Moe Z
December 7, 2012 at 1:00 pm
ဦးဦးဆာမိရေ
အဲဒီလိုနေရာမျိုးရောက်ဖူးတယ်ရှင့်..
မြေစိုက်တဲလို ကျောင်းကလေးတစ်ကျောင်းမှာ ဆရာမ ၂ယောက်ရှိတယ်ဆိုတော့ ဒီထက်တော့နဲနဲသာတယ်ပြောရမှာပေါ့နော်
ကျောင်းသင်ခန်းစာတွေနဲ့တော့ ကမောက်ကမပေါ့
တယ်လီဖုန်းဆိုပြီး ပုံနဲ့အသုံးပြုပုံတွေပြောပြရင် ကြောင်စီစီမျက်လုံးကလေးတွေနဲ့ နားမလည်သလိုကြည့်နေတာလေးတွေ ပြောရမယ်ဆိုရင်မကုန်နိုင်တဲ့ဇာတ်လမ်းတွေအများကြီးရှင့်
အချိန်ကလည်း လွန်ခဲ့တဲ့ ၉နှစ်လောက်ကဆိုတော့ ဆက်သွယ်ရေးကသိတဲ့အတိုင်း ..
အဲဒီရွာလေးကနေ ၁၅ မိုင်လောက်ဝေးတဲ့ မြို့ကလေးနဲ့ စာတိုက်တစ်ခုရှိလေရဲ့
တကယ့်ကို တစ်ခြားကမာ္ဘတစ်ခုကိုရောက်နေသလိုပဲ..
သူတို့လေးတွေအတွက်ကတော့ ၁ရက်ကျောင်းသွားဖို့ထက် ၁နပ်စာဟင်းစားရဖို့က ပိုအရေးကြီးကြတယ် ငါးရှာဖားရှာနဲ့ ပျော်နေကြတာ နိုင်ငံရဲ့အခြေခံအုတ်မြစ်ကလေးတွေလေ… မြန်မာပြည်အနှံ့မှာ အဲဒီလိုနေရာမျိုး အဲဒီလိုကလေးမျိုးတွေ ဘယ်လောက်တောင်များလိုက်မလဲ တွေးမိရင်စိတ်မကောင်းဘူး
ဦးဦးဆာမိရေ တစ်တပ်တစ်အားအနေနဲ့ ကူညီဖို့က ကိုယ်တိုင် အဲဒီမှာ ၈လအပြင်ပိုမနေနိုင်ခဲ့ဘူး ..
အဲဒီ ၈လတောင် အခွင့်အရေးတစ်ချို့ လက်လွှတ်ခဲ့ရတယ်.. 🙁
Inz@ghi
December 7, 2012 at 1:06 pm
ကြွက်ပေါက်စလေးတွေ ချက်စားတဲ့ ကာလကိုညွှန်းတာလား ဂျေပီလေး..??
:kwi:
Moe Z
December 7, 2012 at 1:21 pm
ဘယ်သူကချက်စားတာတုန်း 👿
သူများတွေ ထင်ယောင်ထင်မှားဖြစ်ကုန်တော့မှာပဲ 🙁
Inz@ghi
December 7, 2012 at 1:30 pm
မရှက်ပါနဲ့ကွယ်…
မပြောနဲ့ဆို မပြောတော့ပါဝူး
:hee:
သီဟသူရချာလတာအာပေတူး
December 7, 2012 at 1:12 pm
လောလောဆယ်တော့ ကျနော့်အနေနဲ့သေချာဖတ်ပီးတာတောင်
သေချာတွေးပီးတာတောင် ပြောစရာစကားမထွက်လာလို့ …… ရှက်မိပါတယ်။
မမပြောတဲ့မြို ့သေးသေးလေးကနေ
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်တစ်ယောက် ထွက်ရှိလာခဲ့ဖူးပါဒယ်………
kai
December 7, 2012 at 3:14 pm
အင်းနော..
ပြောသာပြောတာ…
အခုလည်း. လက်ပံတောင်တောင်မှာ.. အဓိကလှုပ်ရှားသူ၂ယောက်ဖြစ်တဲ့..
မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း တို့.. ..ကမ္ဘာကျော်သွားနိုင်ခြေတွေရှိပါတယ်..။
မြန်မာပြည်မှာ.. အခွင့်အလန်းတွေအများကြီး..ရှိသား…
လုပ်ကြ.. :harr:
မဟာရာဇာ အံစာတုံး
December 7, 2012 at 5:07 pm
သူညားဒွေကို လုပ်ခိုင်းနေဒယ် ..
သဂျီးရော အိုက်ထဲ ပါဝင်ဝူးးးလား …
ပါချင်ရင် ပန်လာဂဲ့ .. ငွင်း .. ငွင်း ..
:harr:
MaMa
December 8, 2012 at 5:17 pm
အဲဒါကြောင့် မီဒီယာတွေကို ကြောက်ရတာ :kwi:
သွေးထိုးလှုံ့ဆော်တာတွေ မလုပ်ကြဖို့
အကျိုးရှိမယ့် အကျိုးပြုတဲ့ဘက်က ရေးကြပြောကြဖို့ မီဒီယာသမားတွေကို ဒေါ်စုက မကြာခဏ ပြောနေသံကြားမိတယ်။
ခုရက်ထဲ ရွာထဲက သတင်းထောက် ကိုမြတ်ကျော်တစ်ယောက်တောင် ပျောက်ချက်သား ကောင်းနေတယ်။
သတင်းသမားတွေရဲ့ အမြင်လေး သိချင်သား။
surmi
December 8, 2012 at 12:34 am
ကျနော့်ပို့စ်ကို ဝင်ရောက်ဖတ်ရှုပြီး ရင်ဘတ်နှင် ့ ခံစား ဦးနှောက်နှင် ့တွေးတောပေးကြကုန်သော
ဦးကြောင် ၊ မမိုချို ၊ မိုးစက် ၊ မောင်ဂီ ၊ ချာတူး ၊ ဦးခိုင် ၊ မောင်အံ တို့ကို အထူးပဲကျေးဇူးတင်ရှိကြောင်းပါ ။
အကြောင်းအမျိုးမျိုးကြောင် ့ ရွာထဲမဝင်နို်င်သဖြင် ့ တစ်ဦးချင်း သီးသန် ့ မပြန်ကြားနိုင်ခဲ့တာကိုလည်း
ခွင် ့လွှတ်ပေးပါ ။ မိမိတို့ရဲ ့ အတွေ ့အကြုံနှင် ့ ခံစားပြီး ဆွေးနွေးပေးခဲ့ကြတာကိုလည်း
အထူးဝမ်းမြောက်စွာဖြင် ့ လေးလေးစားစားကျေးဇူးတင်မိပါကြောင်း …..
လေးစားစွာဖြင် ့
မောင်ဆာမိ
ဦး ကျောက်ခဲ
December 8, 2012 at 10:11 am
ဆရာဆာမိရေ
နောက်ကျသွားတယ်ဗျို့
ကျောင်းသားဘဝတုန်းက ကွင်းဆင်းရရင် သူရို့ကသူတို့ဘဝကို နေတတ်ကျေနပ်နေပေမည့်
မောင်ကျောက်တို့ကတော့ စိတ်ခိုင်ခိုင်ထားရတယ်…….
ကွင်းပြန်ရင် တတ်နိုင်သရွေ့ စွန့်ကြဲခဲ့ရတာပါပဲ၊ အဓိက ကတော့ “အိမ်သုံးဆေး” ပါ
“ငါ့ဘဝကတော့ ဆိုးပါတယ်” လို့ ငြီးတွားနေကြသူများ အဲသည့်သာ ပို့လိုက်ချင်ရဲ့
surmi
December 8, 2012 at 11:27 am
အစ်ကိုဦးကျောက်ရေ
အဲဒီကွင်းဆင်းတုန်းက အတွေ ့အကြုံလေး အားရင်ရေးပါဦးဗျာ
ကျနော် ့ထက်ပိုပြီးပြည် ့စုံမှာသေချာတယ် ။
အခုဟာက မြို ့နဲ ့ နဲနဲလေးအလှမ်းကွာသွားတာနဲ ့ အရမ်းကွာဟသွားပါပြီ
မြို ့မှာရော ဆိုတော ့လည်း ……… ဒုံရင်းပါပဲဗျာ
မျှော်နေမယ်နော ရေးပါဦး ။
pooch
December 8, 2012 at 3:14 pm
ပြောစရာတွေကတော့ အများကြီးပါ ကိုဆာမိ ကျမမှာလည်း တူညီတဲ့ ခံစားချက်တွေ ရှိတယ်။
“ကိုယ့်မှာရှိတာနဲ့ကိုယ်ရောက်ရာအရပ်ကနေ ကိုယ်တတ်နို်င်တာကို လုပ်ပါ ”
ဆိုတဲ့ စကားလေးကို လက်ကိုင်ထားပြီး ပြောရရင် ကိုဆာမိကို ကိုယ်နိုင်တာကို လုပ်ပေးလိုက်တာပါ။
ဒီထက်ပိုလုပ်ပေးနိုင်အောင် အားလုံး အတူတူ ရုန်းကြရအုန်းမှာပါ။
surmi
December 8, 2012 at 10:50 pm
ဒေါ်ပုချ် နဲ ့ ရွှေအိ ရေ…..
ဒီလိုနေရာ ဒီလိုဒေသတွေမှာ ကျနော်တို့ မြို ့ပေါ်နေသူများ ဘယ်လိုမှမထင်ရတဲ့ အဖြစ်လေးတွေ
ရှိနေခဲ့ပါတယ် ….ပြောစရာတွေမကုန်နိုင်သလို ကိုယ်တိုင်လည်း ပြောင်းလည်းဖို ့မှမတတ်နိုင်တာ ဆိုတော့
စိတ်မကောင်းစွာနဲ့ပဲ တတ်နို်င်သလောက်ပေါ ့ဗျာ ….
ဖြစ်နိုင်ရင် ဒေါ်ရွှေအိရဲ ့ နယ်ဆင်းတုန်းက အတွေ ့အကြုံလေးတွေလည်း ရေးပါလားဗျာ ….
စိတ်ဝင်စားကြမှာပါ ….. ဒါနဲ့ ..သူတို့ပြောတာလေးမှတ်မိသလောက်ပြောရရင် ….
ကျနော်တို့က သကြားလုံးဆို အတော်လေး အမြင်ကပ်နေပါပြီ ။ အကြွေမရှိတိုင်း အမ်းလွန်းလို့လေ …..
သူတို့ကတော့ ဘယ်လောက်များတန်ဖိုးထား စားချင်ရှာလည်းမသိဘူး …
” ဦးလေး …. သကြားလုံးပါသေးလား တဲ ့”
Shwe Ei
December 8, 2012 at 5:19 pm
အန်ကယ်ဆာရေ တခါတလေ ကို့အနီးနားက
ဇီဇာကျောင်တတ်သူများ
သူတို့ရဲ့လိုတရပြည့်စုံတဲ့ဘဝ ကျီးတေအပေါ် အလိုမကျသလိုညီးညူနေတာမြင်ရင်
ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ရိုးစင်းနုံချာတဲ့ ဘဝတေအကျောင်းပျောပျချင်တာ
ဘဒူမှစိတ်မဝင်စားလို့နေရတာ ဟီးးးးး
မင်းနန္ဓာ
December 8, 2012 at 11:50 pm
ကိုယ်တွေမှာ
မီးပျက်လို့ ညူစူ
ဖုန်းလိုင်း/အင်တာနက်လိုင်း မကောင်းလို့ ညူစူ
ကားတောင် တစ်လနေလို့ မြင်ဖို့မလွယ်တဲ့ သူတို့ဘဝ ပြောင်းအောင် ကောင်းအောင်
ဘယ်သူက ဝင် ပူလို့ ဘယ်လို ကူညီပါလိမ့်ရယ်လို့…
:528:
surmi
December 9, 2012 at 12:02 am
ဟုတ်ပါတယ် ကိုမင်းနန္ဒာရေ ….
တစ်ခါတစ်လေ အလိုမကျဖြစ်ရင် ဒီလိုမျိုးလေးတွေတွေးပြီး စိတ်ဖြေရပါတယ် ….
လိုပါသေးတယ် …. နှစ်ပေါင်းများစွာ
ဒါပေမဲ့လည်း ခေတ်အဆက်ဆက် ဒီလိုပဲ နေတတ်ကျေနပ်လာခဲ့ ကြတာပါပဲဗျာ …………