ရင်ခွင်မုန်တိုင်း

Nay ChiDecember 11, 20121min1633

လေပြေဟာ မုန်တိုင်းရဲ့အစမှန်း

မရိပ်စားမိခဲ့တဲ့ အမှားကြောင့်

အရှိန်ပြင်းပြင်း တိုးဝှေ့တိုက်ခတ်သံတွေနဲ့အတူ

စိတ်ဓါတ်တွေ တဖြောင်းဖြောင်း ရိုက်ချိုးခံနေရတယ်..။

 

နာကျင်ကွဲအက်မှုတွေက

ငါ့ရင်ဘတ်နဲ့မတန်တဆ…။

 

မိုးခြိမ်းသံတွေအဆက်မပြတ်ပေးမိနေပေမဲ့

စိုစွတ်စွတ်မျက်ရည်စက်တချို့နဲ့

နင့်ကိုုအေးမြနေစေချင်ဆဲ…။

 

ဟုတ်တယ်…

လောကဓါတ်တစ်ခုလုံး

မှောင် အ တိ ကျ လို့..။

 

ဒါပေမဲ့…

လျပ်စီးတချက်ပြက်လိုက်ချိန်မှာ

အမိအရမြင်အောင်ကြည့်စမ်းပါ..။

 

ငါတစ်ချက်ရှိုက်လိုက်တိုင်းမှာ

တိမ်ညိုတွေလွင့်ပါးစတမ်းဆိုရင်တော့

ထာဝရငိုပေးဖို့လဲ အဆင်သင့်..။

 

မုန်တိုင်းဆဲအပြီး နေသာချိန်မှာတောင်

ငါတို့ဆက်နွယ်မှုအတွက်

သက်တန့်တစ်စင်းနဲ့

ကျေကျေနပ်နပ် တံတားခင်းပေးဦးမယ်..။

 

နေခြည်

3 comments

  • ခံစားချက်ရှိသူတွေအတွက်တော့ ခံစားလို့ကောင်းမယ့်ရသလေးပါ။
    ပထမဆုံးအားပေးသွားတယ်နော်
    :528:

    • Nay Chi

      December 13, 2012 at 1:15 pm

      ကျေးဇူးတင်ပါတယ်ရှင်..။ အားပေးမဲ့သူမရှိရင် ပွိုင့်ပြန်နှုတ်ခံရမယ်ဆိုလား တွေ့မိတယ်..။ 😛

  • ခိုင်ဇာ

    December 13, 2012 at 1:18 pm

    တိမ်ညိုတွေ၊ လျှပ်စီးတွေ မုန်တိုင်းတွေနဲ့ ကြောက်စရာပါလား ခြည်ခြည်။
    :harr:

Leave a Reply