Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်နှင့် ဘာသာစကား

စဆရ ႀကီးDecember 20, 20121min48112

ပြောချင်နေတာလဲ အတော်လေးကြာနေပြီဖြစ်သည်။ ပြောပြန်လျင်လည်း ကိုယ့်နိုင်ငံသားအများစုနှင့် ကန့်လန့်တိုက်သည်လဲ အပြောခံရမည်စိုးသဖြင့် ထိုအကြောင်းကို အစမဖော်ပဲ နေခဲ့ရာမှ ယနေ့တွင်မတော့ အစလေးတစ်စ ဆွဲထုတ်လိုက်မိသဖြင့် ပြောရပေတော့မည်။

ကျွန်တော်နှင့် အင်္ဂလိပ်ဘာသာစကား

ဝမ်းနည်းစရာလား၊ ဝမ်းသာစရာလားတော့မသိ။ ကျွန်တော်တို့နိုင်ငံ၏ ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကားနီးပါးအဖြစ်(တရားဝင်ဟုတ်မဟုတ် မသိရ) ထည့်သွင်းပြဌာန်းထားသော်လည်း သက်ဆိုင်ရာ ပြည်နယ်များတွင်မတော့ သက်ဆိုင်ရာလူမျိုးများ၏ ယဉ်ကျေးမှုပြယုဂ်တစ်ခုဖြစ်သည့် တိုင်းရင်းသားဘာသာစကားများကို တတိယအနေနှင့်သော်မျှ ထည့်သွင်းပြဌာန်းထားခြင်းမရှိပေ။ ထိုမှတစ်ဖန် လက်လှမ်းမှီရာများသို့ စုံစမ်းပါသော်လည်း တိုင်းရင်းသားဘာသာစကားများကို လေ့လာသင်ယူရန်သော်မျှ ရှာဖွေမတွေ့နိုင်ပေ။ သင်ယူစရာစုံလင်လှပါသည်ဆိုသော ရန်ကုန်မြို့တော်ကြီးတွင်သော်မျှ မည်သည့်တိုင်းရင်းသားဘာသာစကားသင်တန်းမျှ မတွေ့ရပေ။ အဘယ်မျှ ရင်နာစရာကောင်းလှပေသနည်း။ ကိုရင်စိုင်းမှာ သျှမ်းစာကို မတတ်တခေါက်သာ ရေးတတ်သည်ဟုဆိုလျှင် ခန့်မှန်းပုံဖော်နိုင်ပေလိမ့်မည်။ တိုင်းရင်းသားစာပေများမှာလည်း ထိုသက်ဆိုင်ရာလူမျိုးများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်းများကို ထင်ထင်ရှားရှားပုံဖော်ပြနေခြင်းဖြစ်သည်။ စာပေပျောက်လျင် လူမျိုးပျောက်မည်ဟု တစ်ချို့ကလည်းဆိုကြသေးသည်။

တစ်ချိန်က၊ ထိုတစ်ချိန်ကဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း(၂၀) ခန့်ကဟုပင်ဆိုရမည်။ ကျွန်တော်သျှမ်းပြည်တစ်လွှား နေထိုင်ခဲ့စဉ်ကာလများကဖြစ်သည်။ အဘွားဖြစ်သူမှာ အသက်ကြီးနေပြီကတစ်ကြောင်း၊ ငယ်စဉ်က ပညာကောင်းစွာမသင်ခဲ့ရသဖြင့်လည်းကောင်း ကိုရင်စိုင်းတို့ကို သျှမ်းယဉ်ကျေးမှု၊ သျှမ်းစာပေများကို ပြန်လှန်လက်ဆင့်ကမ်း သင်ကြားပို့ချခြင်းမပြုနိုင်တော့ပေ။ ကိုရင်စိုင်းဖခင်မှာလည်း အညာသူကို ယူပြီးသည့်နောက်တစ်ကြောင်း၊ အစိုးရဝန်ထမ်းဘဝတွင် မွေ့ပျော်နေသည့်အတွက် တိုင်းရင်းသားဆိုလျင် ရာထူးမတက်နိုင်ဟု ဆိုသည့်အတွက်ကြောင့်တစ်ကြောင်း ရိုးရာဖျောက်ပြီး ဗမာ/ဗုဒ္ဒ နေရာတိုင်းဖြည့်သွင်းလျက် အိမ်တွင် သျှမ်းစကားပြောသည်ကိုသော်မျှ ခွင့်မပြုသည့်အတွက် ငယ်စဉ်ကပင် သျှမ်းစာပေ၊သျှမ်းယဉ်ကျေးမှုကို နီးစပ်ခွင့်မရခဲ့ပေ။ သို့ပါသော်လည်း ကိုယ်တွင်းစီးဆင်းနေသည့်သွေးကိုတော့ ပြောင်းလဲမရနိုင်ပေ။ အမျိုးကိုချစ်သည့်စိတ်ဖြင့် စာပေတတ်ကျွမ်းသူ၊ သျှမ်းစာဆိုတော်ကြီးအဖြစ် ဖြစ်လိုသည့်အတွက် လေ့လာရန်နေရာ လိုက်လံရှာဖွေသော်မျှ ရှာဖွေမတွေ့နိုင်ပေ။ လွန်စွာမှ ဝမ်းနည်းဖွယ်ရာကောင်းလှပေစွ။ ရှိစေတော့၊ ကမ္ဘာနှင့်ချီပြီး ဘာသာစကား၊ စာပေများ မြောက်များစွာ တိမ်မြုပ်ပျောက်ကွယ်သွားလျက်ရှိရာမှ တစ်ခုသော ဘာသာစကားအဖြစ်နှင့်သာ မှတ်ယူလိုက်ပါသည်။ ထိုစဉ်က သျှမ်းစာသင်ကျောင်းများသာမရှိသော်လည်း တရုတ်စာသင်ကျောင်းများမှာတော့ မြို့အတော်များများတွင် လာဖွင့်ကြလေသည်။ တတ်နိုင်သူ သျှမ်းလူငယ်များမှာတော့ ထိုကျောင်းများသို့သွားတက်ပြီး မသိသူများမှမေးလျင် သျှမ်း-တရုတ်များဟု ဂုဏ်ယူစွာပြောကြသည်ကိုလည်း ရင်နာစွာကြားရသေးသည်။ တစ်ကယ့်တစ်ကယ်တွင်မတော့ သျှမ်းများအဖို့မှာ အင်အားကြီး ဗမာနှင့် တရုတ်လူမျိုးတို့၏ ဘာသာစကားများ ဝါးမြိုခြင်းကို တတိတိ ခံနေရခြင်းသာဖြစ်တော့သည်။

ပြောရင်းနှင့်ပင် ဆိုလိုရင်းမှ လမ်းချော်ထွက်သွားသလိုဖြစ်ပေတော့မည်။ ကြုံကြိုက်သဖြင့် စကားသင့်သွားခြင်းသာဖြစ်သည်။ ကိုရင်စိုင်းကျောင်းတက်သောအခါ အဓိက ဘာသာစကားကြီးနှစ်မျိုးနှင့်သာ ယဉ်ပါးကြီးပြင်းခဲ့ရသည်။ ဦးစွာပထမ ဗမာစာ။ ကိုရင်စိုင်း သဒ္ဒါကိုမကျေညက်ပါ၊ စိတ်လဲမဝင်စားပါ။ ကိုရင်စိုင်းကျောင်းသားဘဝက စာစီစာကုံးတိုင်း ဝတ္ထုတစ်ပုဒ်ပမာရေးသားလေ့ရှိသဖြင့် အမှတ်လဲမရခဲ့ပါ။

ဥပမာအားဖြင့် ကြည့်ပါလေ…

ဆရာမမှ ကျွန်တော့်ရည်မှန်းချက် ဟုရေးခိုင်းသည်ဆိုပါစို့…. ကိုရင်စိုင်းအစချီသည်မှာ..
ကျွန်တော်သည် ကြီးလာသောအခါ အင်ဂျင်နီယာကြီးဖြစ်ချင်ပါသည်။ အင်ဂျင်နီယာကြီးဖြစ်လာသောအခါ ဘာလုပ်ပါမည်။ ညာလုပ်ပါမည်။ ဟိုဟာလုပ်ပါမည်။ အစရှိသည်များဖြင့်မရေးပဲ

ကျွန်တော်နေထိုင်ရာအိမ်လေးသည်ကား သာယာလွန်းလှပေသည်။ နွေရာသီတွင် အေးမြပြီး ဆောင်းရာသီတွင် နွေးထွေးမှုကို ပေးစွမ်းနိုင်လေသည်။ ထိုအကြောင်းအရင်းကိုရှာလိုက်သည့်အခါ အိမ်တည်ဆောက်ထားသည့် ပုံစံကျခြင်းကြောင့်ဖြစ်ကြောင်း သတိထားမိတော့သည်။ ထိုမှစပြီး ကျွန်တော်သည်လည်း လူအများအတွက် ကောင်းကျိုးပြုနိုင်မည့် လုံခြုံနွေးထွေးနားခိုရာ အိမ်များ ဆောက်လုပ်ပေးသည့် အင်ဂျင်နီယာကြီးဖြစ်ချင်တော့သည်… အစချီသည့် စာများရေးမိတော့သည်။ ဥပမာပေးခြင်းသာဖြစ်သည်… ထိုစဉ်ကတော့ ထိုကဲ့သို့ရေးသားခြင်းမဟုတ်ပဲ အကြောင်းအရာတူကို ကလေးအတွေးဖြင့်ရေးသားခြင်းဖြစ်သည်။

ထားလိုက်ပါတော့… ပြောလျင် ပညာရေးစနစ်အကြောင်းများရောက်သွားတော့မည်။

ကိုရင်စိုင်းတို့ကျောင်းတွင် Grammar သင်ချိန်ဆိုလျင် လူတိုင်း အိပ်ချင်ကြသည်၊ အတန်းလစ်ကြသည်။ ထိုအချိန်ကို အကြောက်ဆုံးဖြစ်သည်။ အကြောင်းမှာ Grammar ကို မြန်မာမှုပြုပြီးသင်ကြားသည့်အခါ အတော်လေး ကိုးလိုးကန့်လန့်နိုင်သဖြင့်တစ်ကြောင်း၊ သက်ဆိုင်ရာပညာရပ်ကို ထဲထဲဝင်ဝင် မလေ့လာမသင်ယူခဲ့ကြသော တစ်ချို့သောဆရာများကြောင့်တစ်ကြောင်း မြန်မာအများစု Grammar မပိုင်ကြပါ။ ဘိုစကားဆိုသည်မှာ မြန်မာစကားနှင့် ဆန့်ကျင်ဘက်ပြောရသည်များလဲဖြစ်သောကြောင့် မြန်မာတော်တော်များများအတွက် ခက်ခဲလေသည်။ ဖြစ်သင့်သည်မှာ ထိုအချိန်များတွင် ရှင်းလင်းပြောကြားသည်မှာလည်း ဘိုလို၊ ကျောင်းသား/သူများမှလည်း တတ်စွမ်းသလောက် လိုက်နားထောင်၊ လိုက်ပြောကြလျင်ဖြင့် ပိုအကျိုးများနိုင်မည်ဟုထင်သည်။ ( ILBC ကဲ့သို့သောကျောင်းများကိုကြည့်ပါလေ) ခုတော့အဲလိုမဟုတ်ပါပဲ အင်္ဂလိပ်စကားလုံးများကို မြန်မာမှုပြုပြီးပြောခြင်း၊ မြန်မာစကားလုံးနှင့် တိုက်ရိုက်မြန်မာပြန်ပြောခြင်းများကြောင့် ကျွန်တော်တို့မြန်မာများ အင်္ဂလိပ်စာကို ရွံကြောက် အထင်ကြီးလေးစားခြင်းဖြစ်နေခြင်းဟုလဲထင်သည်။ တော်တော်လေးကို ခက်ခဲသည့် ဘာသာတစ်ရပ်အနေနှင့် ထင်မှတ်ကြခြင်းလဲဖြစ်သည်။ သို့နှင့်ပင် သူငယ်တန်းမှ စတင်ထိတွေ့လေ့လာခဲ့ရသော အင်္ဂလိပ်ဘာသာစကားမှာ ဘွက်ရသည်ထိပင် သင်ရိုးတစ်ခုအနေနှင့် ပါခြင်းဖြစ်သည်။ သို့ဆိုလျင် ကျွန်တော်တို့ မြန်မာလူမျိုးများ အင်္ဂလိပ်စာ ပိုင်နိုင်သင့်ပေသည်မလား? တစ်ကယ့်တစ်ကယ်မှာတော့ မပိုင်နိုင်ကြပါ။

အဘယ့်ကြောင့်နည်း?

ပညာရေးစနစ်ကိုပဲ အပြစ်ပုံချရမည်လော၊ လူတွေကိုပဲ အပြစ်ပုံချရလေမည်လော။ ကျွန်တော်မသိပါ။

တစ်ကယ့်တစ်ကယ်တွင်မတော့ အင်္ဂလိပ်ဘာသာစကားဆိုသည်မှာ 4 Skills ဖြင့် သင်ယူလေ့လာမှသာ ကောင်းစွာတတ်ကျွမ်းနိုင်လေသည်။ ကိုရင်စိုင်းငယ်ငယ်ကတော့ 2 Skills ဖြင့် လေ့လာခဲ့ရသည်။ စာဖတ်ခြင်း၊ နားထောင်ခြင်းတို့ဖြင့်ဖြစ်သည်။ ထိုစဉ်က ဇာတ်ကားများမှ ဘိုလိုပြောသမျှကို နားလည်နိုင်သမျှ နားလည်အောင်နားထောင်၊ ဘိုလိုရေးထားသည့်စာလုံးတိုင်းလိုက်ဖတ်၊ ဘာသာပြန်ကြည့်၊ မသိလျင်ရေးမှတ်ထားပြီး အိမ်ရောက်လျင် ဆရာတက်တိုးအဘိဓါန်စာအုပ် နှစ်အုပ်တွဲကြီးကိုလှန်ကြည့်ပြီး ဘာသာပြန်ကြည့်ကာ စိတ်တွင်မှတ်သားခြင်းဖြစ်သည်။ ထိုမှ အတန်ငယ်ကြာလာသောအခါ ဇာတ်ကားကြည့်လျင် စာတန်းထိုးကားများသာ ငှားကြည့်သည်။ စာတန်းထိုးနှင့် စကားပြောများကိုလေ့လာသည်။ ထိုမှတစ်ဖန် သူတို့ပြောသလို လိုက်ပြောကြည့်သည်။ ထို့နောက်တွင်မတော့ ဘာသာပြန်ကြည့်သည်။ လူငယ်အရွယ်ရောက်လာသောအခါ သီချင်းများကို လိုက်ဆိုရင်း၊ ဘာသာပြန်ရင်းနှင့် အပြောမှန်စေရန် လေ့ကျင့်သည်။ ကိုရင်စိုင်းအဖေမှ အင်္ဂလိပ်စကားပြောသင်တန်းတက်ရန် အားမပေးသဖြင့် မတက်ဖြစ်ခဲ့ပါ။ နီးစပ်ရာလေးများဖြင့်သာ လေ့ကျင့်ရသည်။ ကိုရင်စိုင်းလူငယ်ဘဝမှ ကျော်စအချိန်တွင်မတော့ အင်္ဂလိပ်စကားကို အတော်လေးပြောနိုင်ခဲ့ပြီဖြစ်သည်။ သဒ္ဒါမှန် မမှန်၊ ပုဇွန်တောင်ဈေးရှင်း မှန် မမှန်တော့ ခုထိမသိပေမယ့် ပြောရဲဆိုရဲ ရှိခဲ့လေသည်။ ထိုမှတစ်ဆင့် ကိုရင်စိုင်းလေ့လာလိုသည်များကို အချိန်နှင့်တစ်ပြေးညီ လေ့လာနိုင်တော့သည်။ ပညာရပ်ဆိုင်ရာအများစုမှာ ဘိုလိုသာရေးထားခြင်းကြောင့်ဖြစ်သည်။

ထိုမှတစ်ဆင့် တစ်မြေရပ်ခြားသို့ ထွက်လာသောအခါ ပြောရဲဆိုရဲရှိသူ၊ စာဖတ်အားရှိသူသည်သာ အခွင့်အရေး ပိုရမြဲဖြစ်လေသဖြင့် ကိုရင်စိုင်းလဲ သူများထက် နှာတစ်ဖျားအသာတော့ ပြေးနိုင်ခဲ့သည်ချည်းသာဖြစ်သည်။ တစ်မြေရပ်ခြားတွင်မတော့ ကိုယ်ပြောချင်တာလဲသူသိမှ၊ သူပြောချင်တာလဲ ကိုယ်သိမှ နေရာဝင်ဆန့်နိုင်သဖြင့် မြန်မာနိုင်ငံတွင် ဘိုလိုပြောသူများကို ဘူးယိုဟု ကန့်ကွက်ကြသူများမှာ ခြေတစ်လှမ်းနောက်ကျနေပြီလဲဖြစ်သည်။

ကျွန်တော်တို့ မြန်မာတွေ အင်္ဂလိပ်စကားပြောဖို့၊ အင်္ဂလိပ်စာကိုလေ့လာဖို့ မရှက်မကြောက်သင့်ကြပါကြောင်း..

(အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ?) ဆိုသည့်ပို့စ်လေးမှရသော အတွေးလေးတစ်မျှင်ကို ချရေးလိုက်ရပါကြောင်း…

စိုင်းကွမ်းခေး
(မန့်သလေးဂွဇွတ်)

12 comments

  • ခိုင်ဇာ

    December 20, 2012 at 9:51 am

    ဘယ်သူ့ကို မှ ရည်ရွယ်ခြင်းမရှိပါနော့။
    ကျနော်တို့ ဟိုး မူလတန်းတုန်းက အင်္ဂလိပ်စာ စသင် ရချိန်က ပေါ့၊ မူလတန်း ကို တကယ်တော်ပြီး အတွေ့အကြုံများတဲ့ ကလေး သဘောကို သိတဲ့ ဆရာကြီး ဆရာမကြီးတွေ သင်တာဗျ။ စာကို မကြောက်အောင် သင်နိုင်တယ်
    ပေါ့ဗျာ။ အသံထွက်လည်း တကယ်ကောင်းကြတယ်။ ဂရမ်မာလည်း နိုင်တယ်။ ခု တော့ မူလတန်းဆိုတာ အရေးမပါဘူးလို့ ယူဆလို့လားမသိ။ အလုပ် စ ဝင်တဲ့ ဆရာမ ငယ်လေးတွေကို “”သွား၊ မူလတန်း”” ဆိုပဲ။
    ခုလဲ တစ်ချို့ ဘွဲ့ရတွေ စာမေးပွဲ ဖြေဖို့ အက်ဆေးကို သူများရေးခိုင်းပြီး ကျက်ဖြေသတဲ့။ ကျနော့ ဆရာတစ်ယောက်ပြောတာ။
    ကျနော် ကိုးတန်း၊ ဆရာမ ကျက်ခိုင်းတဲ့ ခေါင်းစဉ်ကို စာမေးပွဲမှာ ကိုယ့် စကားလုံးနဲ့ကိုယ် သွားရေးမိလို့ အမှတ်မရ ပါ။
    တက္ကသိုလ်တက်တော့ စံနစ်ကြီး တစ်ခု ထွက်လာပြန်ရော။ ဆရာ၊ ဆရာမတွေ အင်္ဂလိပ်လို ပြောသင်ရမယ် ဆိုပဲ။ သူတို့လည်း ဒုက္ခရောက်ပါတယ်။ ကျနော်တို့လည်း စိတ်ညစ်မိတယ်။ အစကတည်းက အခြေခံကတည်းကမှ မလုပ်ခဲ့ကြတဲ့ ကိစ္စတွေကိုး။ :harr:
    ဘယ်ဘာသာစကားမဆို စံနစ်တကျသင်ရင် အကောင်းဆုံးပေါ့လေ။ အပြောအဆိုအတွက်ကတော့ နည်းနည်း ရဲတင်းဖို့လိုတာပေါ့။ ကျနော် အပြင်မှာတွေ့ဖူးသလောက်ဆို မြန်မာတွေ အရေးအဖတ် ညက်ပြီး တော်ကြတယ်ဗျ။
    အပြောအဆိုမှာပဲ သူများနဲ့ကွာသွားတာ။
    (မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြန်လည် အကောင်အထည်ဖော်ရင်ကောင်းမလားပဲ။ ဟိဟိ) :mrgreen:

    • မောင့်ကျက်သရေ ဂီ့

      December 20, 2012 at 10:06 am

      အွန်…. ဂျီးတော် ကတော့ မဘီ…
      တကယ်တမ်း တန်းဝင်တဲ့ ရုံးသုံးဆိုပီး လုပ်ရင် ပြုတ်လိုက်ကြမယ့် ဖြစ်ခြင်း
      အဲ့အခါကျ လစ်လပ်နေရာတွေကို ဂျီးတော် ဗော်လန်ဒီယာ ဝင်လုပ်ပေးမား ဟင်င်င်င်င်င်င်

      :harr:

      • ခိုင်ဇာ

        December 20, 2012 at 10:15 am

        အဲ။ အမှုကြီးအောင်မလုပ်ပါနဲ့ကွယ်။ ခုမှ ဟိုဘက်က Green Rose စာကိုဖတ်လာတာ။
        ဘာသာစကားနဲ့ ပြုတ်ရင်လည်း အတတ်ပညာရှင်တွေ ကျန်ကောင်းကျန်နိုင်ပါသေးတယ်လေ။ တို့ လူမျိုးက တော်ပါတယ်။ ဦးနှောက်လည်းကောင်းပါတယ်။
        အသုံးချတဲ့ နေရာတွေလွဲနေကြသလားပဲ။ :harr:

        (အို။ ဂျီးတော်လည်းမသိတော့ပါဘူး ငါ့တူ။ အသက်ကြီးပြီး ထင်ယောင်ထင်မှားလျှောက်ပြောမိနေပါပြီလေ။) :mrgreen:

    • မင်းနန္ဓာ

      December 20, 2012 at 10:21 am

      ရုံးသုံးအဖြစ် အင်္ဂလိပ်စာကို သုံးဖို့လုပ်ရင် ဘောင်းဘီချွတ်ကြီးတွေကို ဘာသာပြန်ပြရတာ တစ်လုပ်ပိုလာမှာပေါ့လို့..
      တိုင်းရင်းသားဘာသာစကားနဲ့ ပတ်သက်လို့ ရုံးမှာ တနေ့ကပဲ ပြောဖြစ်ကြသေးတယ်
      ရုံးက မွန်အစ်မကြီး တစ်ယောက်က သူ့အိမ်မှာ အချင်းချင်းမွန်စကားပြောဖြစ်တာပေါ့
      ရန်ကုန်မှာ အနေကြာခဲ့ပြီမို့ မွေးထားတဲ့ သားက ရန်ကုန်သားစစ်စစ်ဖြစ် မွန်စကားလည်း မသင်ဖြစ်ဘူးပေါ့
      တနေ့ လူကြီးတွေ မွန်လိုပြောနေတာ သားလုပ်သူက နားမလည်.. စိတ်ထဲဘယ်လိုဖြစ်လို့ရယ်မသိ
      “အမေတို့ကလည်း လူစကား ပြောကြစမ်းပါ…” လို့ ထပြောတယ်တဲ့ (သုံးလေးနှစ်သားကလေးဆိုတော့ စကားလုံး ဘယ်လိုသုံးရတယ်မသိပဲကိုး..)..
      တိုင်းရင်းသာဘာသာစကားတစ်ခုကို တက္ကသိုလ်တွေမှာ စိတ်ကြိုက်အပိုဘာသာ တစ်ခုအနေနဲ့ ရွေးပြီး မသင်မနေရ လုပ်ပေးရင်ကောဗျာ.. တိုင်းရင်းသားတွေကိုယ်တိုင်လည်း ကိုယ့်နောက် မျိုးဆက်တွေကို ဘာသာစာပေဝါးမျိုခံရလို့ ကိုယ်စာပေစကား ပျောက်မသွားရအောင် လက်ဆင့်ကမ်းဖို့ လိုလိမ့်မယ်ထင်တယ်

      • ခိုင်ဇာ

        December 20, 2012 at 10:31 am

        ကိုယ်နဲ့၊ ကိုယ့်လူမျိုးနဲ့ ဆိုင်တဲ့ ဘာသာစကားတွေ မပျောက်ပျက်အောင် လက်ဆင့်ကမ်းရမှာက မွေးရာပါ အသိစိတ်လိုဖြစ်နေရင် အကောင်းဆုံးပေါ့ဗျာ။
        ဒီမှာလည်း အဖေ၊ အမေ မြန်မာက မွေးပြီး သား၊ သမီးက မြန်မာလို “”မတတ်တော့ဘူး၊ မပြောချင်ဘူး”” ဆိုတာတွေကို ကြံဖန်ကြွားနေတဲ့ သူတွေရှိသဗျ။ 🙁

        (ကျနော်တော့ တခြားဘာမှ မသိရင်တောင် စကားတစ်ခွန်းကိုတော့ဖြင့် ဘာသာစကား တော်တော်များများနဲ့ ပြောတတ်အောင် လေ့လာထားတယ်။ လက်ဆင့်ကမ်းရမယ် မဟုတ်ပါလား။) :mrgreen: :mrgreen:

    • kai

      December 21, 2012 at 4:06 am

      မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြန်လည် အကောင်အထည်ဖော်ရင်ကောင်းမလားပဲ။

      အဲဒါတကယ်ကိုလုပ်သင့်တယ်..
      Clean Governance အလိုအလျှောက်ဖြစ်ဖို့.. မောင်းနှင်အားကြီးတခုဖြစ်သွားမယ့်အပြင်.. ဝန်ထမ်းတွေ.. ရွေးစွန်းစွဲကလွတ်ဖို့.. အတွေးအခေါ်အဆင့်မြှင့်လာဖို့.. တော်တော်သေချာသွားမယ်..။ :kwi:

      • ခိုင်ဇာ

        December 21, 2012 at 10:15 am

        “ကြောင်ကို ဘယ်သူ ခြူ ဆွဲ ပေးမလဲ”

        ကဲ။ သူကြီး!! ပြန်လာပြီး အဲ ကိစ္စ ဦးဆောင်လိုက်တော့.။ :kwi:

      • Moe Z

        December 21, 2012 at 10:52 am

        ဟမ်.. ဒါဆို သများတို့ဘယ်လိုလုပ်ရမလဲ
        အငယ်တန်းစာရေးလစာနဲ့ ကလေး ၅ယောက်ကို ကျောင်းထားရသေးတယ်
        ကယ်ကြပါဦး ပညာဒါနအင်္ဂလိပ်စာသင်တန်းလေး ညွှန်းကြပါဦးတော် 😆

  • mobile (mandalay)

    December 20, 2012 at 4:03 pm

    မြန်မာနိုင်ငံမှာ သင်ရိုးတွေနဲ့ပတ်သတ်လို့ကတော့
    အားလုံးကို မြန်မာလို ရှင်းရှင်းလင်းလင်း နဲ့ အသေအချာတတ်မြောက်အောင် သင်ပေးနိုင်ဖို့
    ရေးသားသင့်တယ်လို့ထင်ပါတယ်။ အင်္ဂလိပ်ကို လည်းကမ္ဘာသုံး ဘာသာရပ်တစ်ခုအနေဖြင့်
    အရေး အဖတ် အပြော နားထောင် ဒီလေးခုလုံးကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်အောင်
    ဘာသာတစ်ခုအနေနဲ့ သီးသန့်သင်ပေးသင့်တယ်လို့ထင်ပါတယ်။ ရှင်းသွားတာပေါ့
    ဘာသာတိုင်းကို မြန်မာလိုပဲသင်မယ်။ အင်္ဂလိပ် အတွက် သီးသန့် အင်္ဂလိပ်ဘာသာစကားပေါ့
    အခြား တိုင်းရင်းသား ဘာသာစကားတွေကိုလဲ သီးသန့် စိတ်ပါဝင်စားသူတွေ လေ့လာနိုင်ဖို့
    သင်ရိုးရေးပြီး ဘာသာရပ်တစ်ခုအဖြစ် တစ်ခုစီတစ်ခုစီ လုပ်ပေးထားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့
    မြင်ပါတယ်။

  • အလင်းဆက်

    December 20, 2012 at 8:36 pm

    ရွာသားအသစ်ဇွက်ဇွက်ကလေး..
    ရေးသားတင်ပြ လိုက်တဲ ့…ပိုစ့်ကို..
    ရွာသား..မဟောင်းတဟောင်းဇွက်ဇွက်ကလေးက…
    ဖတ်သွားတာ…

    ပြေးပြီ ။
    ဇွက်…
    ဇွက်…
    🙂

  • uncle gyi

    December 21, 2012 at 10:02 am

    တိုင်းရင်းသားစာပေတွေကလည်းမပျောက်ပျက်သင့်တဲ့စာတွေပေါ့နော်
    ထိမ်းသိမ်းသင့်ပါတယ်ဘယ်လိုထိမ်းမယ်ကနားလည်သူပညာရှင်များကိုတာဝန်ပေးပါကြောင်း

    ဟုတ်ပါတယ်ကိုစိုင်းရေမြန်မာမှာအင်္ဂလိပ်စာညံ့တာကိုယ်တိုင်အားထုတ်မှုအားနည်းတာလည်း
    တခုအပါဖြစ်ပါတယ်တဆင့်ကြားမဟုတ်ကိုယ်တွေ့ဖြစ်ပါတယ်ကိုယ်တိုင်လည်းအားထုတ်မှုညံ့တယ်
    ဆိုတာဝန်ခံပါတယ်ကြိုးစားသူတွေပိုမိုတတ်မြောက်သွားတာလည်းကိုယ်တွေ့ပါပဲ
    ကိုယ်တွေကသာမကြိုးစားခဲ့လို့ကျန်ခဲ့တာဖြစ်ကြောင်းနောက်လူငယ်များသင်ခန်းစာယူနိုင်ရန်
    မရှက်မကြောက်ပြောကြားလိုက်ပါတယ်

  • Mr. MarGa

    December 25, 2012 at 10:52 am

    အောက်ခြေကစပြင်ရမယ်ထင်ပါတယ်။
    ငယ်ကတည်းက သေချာသင်ပေးမယ်ဆိုရင် ဒီလို မဖြစ်နိုင်ဘူးလေ

Leave a Reply