ဖတ်ကြည့်လိုက်ပါအုံး

zaylayJuly 18, 20101min1380

မိသားစုဝင်နည်းနည်းနဲ့ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ
နည်းကုန်ကြတယ်။

ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။

ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။

ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။

ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။

ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။

ရယ်တာတော့ အတော်နည်းသွားပြီ။

ကားမောင်းတာ အတော်မြန်လာကြတယ်။

ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။

အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။

စာဖတ်တာ အတော်လေးနည်းတယ်။

ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။

ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။

ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။

ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘဝအတွက်မဟုတ်ဘူး။

ကျွန်တော်တို့ သက္ကရာဇ်မှာ ဘဝကို မြှုပ်နှံနေကြတယ်။ ဘဝအတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။

ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။

ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။

ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။

ကျွန်တော်တို့ အလှူအတန်းတွေ အများကြီးပြုလာနိုင်တယ် ။ ဒါပေမယ့် သဒ္ဒါတရားမပါလို့
လှူချင်စိတ်တွေနည်းသွားကြတယ် ။

ကျွန်တော်တို့ များများစားစား ဝယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။

ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။

ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။

ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။

ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ
တရားကို မဟုတ်ဘူး။

ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။

ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။

ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။

ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။

ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။

ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့။

အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။

လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။

အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။

အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။

နှစ်ယောက်စာ ဝင်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။

လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
နေ့ထူးနေ့မြတ်တွေပါပဲ။

အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။

သင့်အိမ်ရှေ့ ဝရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
မြင်ကွင်းကို ခံစားကြည့်ပါ။

သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။

သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။

ဘဝဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
သက်သက်မဟုတ်ပါဘူး။

သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။

သင်ဟာအမှန်တကယ်လှူသင့်တဲ့နေရာမှာ လှူချင်စိတ်လေးပါထည့်ပြီးလှူလိုက်ပါ ။

နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။

သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
ဖယ်ရှားလိုက်ပါ။

ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။

သင့်ဘဝကို ပျော်ရွင်စေမယ့်၊ ဘဝအမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။

နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။

နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။

အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။

လူ့ဘဝ၏ လိုက်နာစရာလေးများ

၁။ လူ့ဘဝ၏ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင်ဖြစ်သည်။

၂။ လူ့ဘဝ၏ အကြီးမားဆုံးသော ဆုံးရှူံးခြင်းသည် မိမိ၏မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘဝ၏ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိကိုယ်ကို လိမ်လည်နေခြင်းဖြစ်သည်။

၄။ လူ့ဘဝ၏ အကြီးမားဆုံးသော ဝမ်းနည်းခြင်းသည် မိမိ၏မနာလိုဝန်တိုသောစိတ်ကြောင်
့ဖြစ်သည်။

၅။ လူ့ဘဝ၏ အကြီးမားဆုံးသော မှားယွင်းမှု့လုပ်ရပ်သည်
မိမိ၏စိတ်ဓါတ်ကျဆင်းခြင်းကြောင် ့ဖြစ်သည်။

၆။ လူ့ဘဝ၏ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိ၏စိတ်အားငယ်မှု့
ကြောင့်ဖြစ်သည်။

၇။ လူ့ဘဝ၏ အကြီးမားဆုံးသော ပြစ်မှု့ ပြုခြင်းသည် မိမိ၏
အနိူင်ကျင့်လိုသောစိတ်ဓါတ်ကြောင့်ဖြစ်သည်။

၈။ လူ့ဘဝ၏ အကြီးမားဆုံးသော လေးစားခံရခြင်းသည် မိမိ၏ ကြံခိုင်သောစိတ်ကြောင့်ဖြစ
်သည်။

၉။လူ့ဘဝ၏ အကြီးမားဆုံးသောစီးပွားပျက်ရခြင်းသည် မိမိ၏ကိုယ်ပိုင်
အနာဂါတ်မျှော်လင့်ချက်
ကင်းမဲ့ခြင်းကြောင့်ဖြစ်သည်။

၁၀။ လူ့ဘဝ၏ အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိ၏ကျန်းမာရေး
ကောင်းမွန်သောကြောင့်ဖြစ်သည်။

၁၁။ လူ့ဘဝ၏ အကြီးမားဆုံးသော အကြွေးသံသရာဖြစ်ခြင်းသည် လုုုူမှု့
ရေးရာအကြွေးသံသရာဖြစ်သည်။

၁၂။ လူ့ဘဝ၏ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိ၏
သည်းခံခွင့်လွှတ်တတ်သောစိတ်ဓါတ်ဖြစ်သည်။

၁၃။ လူ့ဘဝ၏ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိ၏
အကြင်နာတရားမေတ္တာစိတ်ဓါတ်ဖြစ်သည ်။

၁၄။ လူ့ဘဝ၏ အကြီးမားဆုံးသော ပီတိသည် အလှူဒါနပြုခြင်းဖြစ်သည်။

****ဤစာဖတ်ခါ မိတ်သဟာ …. ချမ်းသာကိုယ်စိတ် မြဲပါစေ****

ပြည့်စုံထွန်း