နာလျက်မျက်ရည် ဝေရစေ…
နာလျက်မျက်ရည် ဝေရစေ…
ရင်မှာနစ်မွန်း သွန်းသည့်ရုပ်လွှာ
ညှာရင့်ရွက်အို ညိုညနေခင်း
သင်းပျံ့ကြူမွှေးတွေးတသသ
လရိပ်မှိန်ဖျော့ပေါ့ပါးလွတ်လပ်
ကပ်လျက်ခွာနိုး စိုးစိတ်ရင်မှာ
လာခိုတွယ်မိ ငြိသည့်ဆူးခတ်
ပြတ်လပ်အားအင် ကြင်သူမရှိ
ပိဝန်လေးလံ ကံနှယ်မိုးမှောင်
သောင်ထက်လွန့်လူး ကူးခတ်ရေပြင်
ထင်ရာအရိပ် ဆိပ်တက်မှလွမ်း
ကျွမ်းမြရင်ဖို ငိုချင်လျက်သား
မှားသည့်ဝန်တာ သာစေကြောင်းနှင့်
သင့်ရာနှလုံး နုံးချိဖေးကူ
မြူတစ်မှုန်လား ခါးသည်းအဆိပ်
အိပ်ပျက်သန်းခေါင် ယောင်ရမ်းလန့်နိုး
ခိုးခြွေလျက်လည်း ဝဲတက်ဆဲလေ
ဝေနိုင်လွန်းခက်မျက်ရည်စွေမှ
မြသွေးသက်လှယ် ရယ်လှောင်ပြုံးရွှင်
ပင်ကိုယ်စိတ်ဝမ်း ခမ်းနားဖွင့်ဟ
ကြွရွမြူးပျော်……..။
တော်သင့်ရာနေ နွေဘဝလူ
ပူလောင်သက်လုံး နုုံးချိလို့သာ
နာလျက်မျက်ရည် ဝေရစေ…။ ။
တောက ကိုရင်
၁၃.၀၉.၂၀၁၂
One comment
မောင်ပေ
December 26, 2012 at 1:32 pm
နာလျက်မျက်ရည်
စာဖတ်တတ်စေ
မာဆတ်ဖွက်ငွေ
တာထွက်သက်ရှည်