ခရီးနီး၍မသိပါ

အေတြးေလးDecember 28, 20121min2367

(၁)ဟေ့ကောင်တွေ ဟေ့ကောင်တွေ ဟာ ဒီကောင်တွေငါခေါ်နေတာကို ဘာလို့လှည့်မကြည့်တာပါလိမ့် ကျတော်စိတ်တိုသွားသည်။ သူတို့တွေ ကျတော်ခေါ်နေတာက်ိုဂဂုမစိုက်ပဲနှင် သူတို့တွေူက မြစ်ကမ်းပါးဘက်ကိုစိတ်ဝင်တစားကြည့်နေကြသည်။ သူတို့တွေဘာကိုကြည့်နေတာပါလိမ့်ကျတော်လည်းစိတ်ဝင်စားကြည့်လိုက်တော့ အလို မြစ်ကမ်းပါမှာလူတွေစုပြုံပြီး မြစ်ထဲကိုငေးနေကြတယ် ရင်ဘက်ကို လက်နှင့်ဖိတဲ့သူကဖိလို့ပေါ့။ အဲဒီအချိန်မှာ ပန်ပန်ရဲ့ စိုးရိမ်တကြးီအော်လိုက်သံကို ကြားလိုက်ရတယ်။

“ဟဲ့ကောင်း ဘယ်ရာက်သွားလဲ ကောင်းဘယ်ရောက်သွားတာလည်း” ဟင်ဒီကောင်တွေဘာတွေဖြစ်နေလဲမသိပါဘူးငါ့ကိုတောင်မမြင်ကြဘူးလားမသိဘူး။ ဟား ဟား ဟား….. ဘာလို့မမြင်တာလဲမသိဘူးနော်”ဟေ့ ငါဒီမှာလေ နင်တို့ကလည်း ကန်းနေလားဟဲ့ငါဒီမှာလေ ”

ကျတော သူတို့ကိုအော်ရလွန်းလို့အာခေါင်တွေလည်းနာလာသည်။သူတို့ကတော့ မကြားကြသေးပေ။ သူငယ်ချင်းတွေအားလုံးက ကျတော်နာမည်ကို သာအော်ခေါ်ပြီ မြစ်ကမ်းပါးကို ပြေးသွားကြပြီ ကျတော်လည်း သူတို့နော်ကကူနေ လိုက်ရတော့ တာပေါ့။ မြစ်ကမ်းပါးကိုရောက်တော့ သူတို့တွေကအနားကလူတစ်ယောက်ကို မေးနေကြတယ်

“ဦးလေး ဒါဘာလုပ်နေတာလဲဟင်”ညိမ်းရဲ့မေးလိုက်တဲ့အသံပါ။နောက်ပြီးသူကပဲ ဆက်ပြီးတော့ “ဟို ဟိုလေ ဦးလေး ဒီနာ းမှာလေ အရပ်ရှည် ရှည်နဲ့ ဘောင်းဘီ အနက် အင်္ကျီအဖြူဝတ်ထားတဲံ့ကောင်လေးကိုမတွေံမိဘူးလားဟင်”

သူကအဲလိုမေးလိုက်တော့ အဲဒီဦးလေးကြီးက “သူတို့ ကသမီးတို့နဲ့ဘယ်လိုတော့လို့လည်း”လေးလေးနက်နက်မေးလိုက်သံပါ။ “သူကကျတေ်တို့သူငယ်ချင်းပါ ခင်ဗျ “ကိုရဲကဖြေလိုက်ခြင်းပင်။” အေး မင်းတို့သူငယ်ချင်းရေနစ်နေလို့ ဟိုမှာသွားဆယ်နေကြတယ်လေ မမြင်ဘူးလား

ဟင် “ဘယ်လို ငါကရေနစ်တယ် မဟုတ်တာ ငါကဒီမှာလေ ဘာလို့ရေနစ်ရမှာ လဲ “ဟိတ်ကောင်တွေ ညိမ်း ငါဒီမှာလေ ငါကဘာလို့ရေနစ်ရမှာလဲ မဟုတ်ဘူးငါ ရေမနစ်ဘူး နင်တို့ကိုအဲဒီလူကြီးးညာနေတာမအယုံ ကြပါနဲ့ငါဒီမှာလေဟာ “ငါနဲ့ပန်ပန် ရေဆော့နေကြရင်းနဲ့ ပန်ပန် ပရေဆာလို့ရေသွား သောက်တယ်။ ငါကသူပြန်မလာတာ ကြာနေလို့ အနောက်ကနေလိုက်သွားတယ် နောက် သူူတို့နာ်းကို ရောက်တော့ သူတိုု့ကငါခေါ်တာကို မကြားကြဘူးလေ ။အဲဒါကို ငါကဘာလို့ရေနစ်တယ်လို့ပြောရတာလဲ။

ဒီလိုနဲ့ သူတို့တွေအားလုံး မြစ်ထဲကို ရင်တမမ နှင့် စောင့်ကြည့်နေကြတယ်။တော်တော်ကြာနေပြီ သွားဆယ်တယ်ဆိုတဲ့ လူတွေလည်း ပြန်တက်လာ လိုက်ပြန်ငုပ်လိုက်နဲ့ ပေါ့။မြစ်ကမ်းမှာဆိုတော့ ရှာရတာတော့သက်သာ တယ်ထင်ပါရဲ့ (2 )နာရီလောက် ကြာတော့ သူတို့တွေ လူတစ်ယာက်ိုကို ထမ်းပြီး ကမ်းပေါ်တက်လာကြတယ်။ ကြည့်ထား ကြ ငါမဟုတ်ပါဘူးဆိုတာကို အလကား ရှာ ကြံပြီး စိတ်ပူနေတယ်။

ဟော ကမ်းပေါ်ကိုရောက်လာပြီ သေချာ ကြည့် ကြည့် ရမယ် ဘယ်သူမှန်းမသိတဲ့လူကိုတော့ ငါလို့ထင်ပြီး သူငယ်ချင်းတွေ စိတ်ပူနေမှာကိုတော့ မလိုလား ဘူး။ကျတော် သေသေချာချာ ကြည့်လိုက်တယ် ဟင် ကျတော် မျက်စိတွေ ပျာဝေသွားတယ်။သူသူ က ကူျတော်ပါလား ဒါ ဒါ ဆိုရင် ကျတော်က ……………………..။

(၂) ” ဟေ့ ကောင်း သန်ဘက်ခါ ငါ့မွေးနေ့နော် ” သူငယ်ချင်းမလေး ညိမ်းက ပြောလာတော့ ကျတော် ခေါင်း ညိတ်လိုက် သည်။နောက် ကျတော်က ပြုံးစိစိ နှင့်”မွေးနေ့ဆိုတော့ ဘယ်မှာ လိုက်ကျွေး မှာလဲ ငါတို့အားလုံးလား လက်ဆောင်တော့ မပေးနိုင်ဘူးနော် ကြိုပြောထားလိုက်မယ်။ မုန့်က ဘယ်မှာကျွေးမှာလဲ” ကျတော် စလိုက်တော့် ညိမ်းက နှုတ်ခမ်းစူကာ” အငတ်ကောင် စားဖို့ပဲသိတယ် လက်ဆောင်ကျတော့မပေးချင်ဘူး ရပါတယ် လက်ဆောင်မပေးလဲ ကန်ပတ်လမ်းမှာ အကုန်လုံးကို လိုက်ကျွေးမှာပါ။”

“အင်း ကတိနော် ငါကစတာပါ ဟကိုယ့်သူငယ်ချင်းပဲလက်ဆောင်တော့ ပေးရမှာပေါ့”ဒီလိုနဲ့သူ့ကိုနှုတ်ဆက်ပြီး ကျတော် အဆောင်ကိုပြန်လာ လိုက်တယ် ကျောင်း ကပြန်လာတာမို့ ပင်ပန်း လွန်းတာ ကြောင့် အိပ်ပစ်လိုက်တယ်။အိပ် လို့ပျော်လု ပျော် ခင်လေးမှာပဲ အမေ့ရဲ့စကားသံလေး က နားထဲကို ဝင်လာတယ် ။

“သား ရေတွေ ဘာတွေ သွားမကူးနဲ့နော်”ဒါက အဆန်းမဟုတ်တော့ပါ။အမေကအမြဲတမ်း ကျောင်းတက်သွားရင်ပဲ ဖြစ် ဖြစ် အပြင်ကို သူငယ်ချင်းတွေနဲ့ လည်ရင်ပဲဖြစ်ဖြစ် မှာနေကြစကားလေ။ဒါနဲ့ကျတော်ိလည်းဒီစကားကို ပေါ့ပေါ့ပါးပါး ပဲသဘောထား လိုက် တယ်။ နောက်နေ့မနက် ကေသီကကျောင်းသွားဖို့လာခေါ်တယ် ထူးထူးဆန်းဆန်းပါလား သူကကျေားင်း သွား ဖို့တွေဘာတွေ လာခေါ်လို့ပါလား။

ဒါနဲ့သူငယ်ချင်းတွေ ကျောင်းသွား ကြတယ် နေ့လည်ပိုင်းမှာ ကေသီတို့အဆောင်ကိုသွားပြီးတော့ ကေသီကို ညိမ်း အတွကလက်ဆောင် သွားဝယ်ဖို့သွားခေါ်တော့ ကေသီက “ဟဲ့နင်ကလဲ လက်ဆောင်ပေးဖို့ဆိုတာလွယ်တယ်မှတ်နေလား သူက ပိုက်ဆံ ရှိတဲ့လူဟ နင် နဲ့ငါက ဘယ်လောက် တန်ဖိုးရှိတဲ့လက်ဆောင်ကိုပေးနိုင်မှာလဲ ဟာ” သူကညှိုးငယ်စွာနှင့် ဆိုတော့ ကျတော်လည်း “နင်ကလည်း ဟာ ဘာ ပဲ ဖြစ်ဖြစ် အမှတ် တရဆိုတာက တန်ဖိုး နည်းတာများတာနဲ့မဆိုင်ပါဘူးဟာ။ငါလည်း ငါပေးနိုင်သလောက်ကို ဝယ်ပေးမယ် နင်လည်း နင်ပေးနိုင်သလောက်ကို ဝယ်ပေးပေါ့ဟ မဟုတ်ဘူးလား။” ကျတော်အားပေးလိုက်တော့မှ ကေသီက မျက်နှာ ပြန်ပီး ပြုံးပြုံးရွှင်ရွှင် နှင် ့ ဖြစ်လာပြီး”ဒါ ဆို ရင်ဘယ်မှာ သွားရွေး ကြမလဲဟင်”အင်း ဒို်င်း မွန်းမှာပဲ သွား ဝယ်ကြတာပေါ့” ဒီလို နဲ့ ကေသီနှင့် ကျတော်တို့ ဒိုင်းမွန်း ပလ ာဇာမှာလက်ဆောင်ရွေးလိုက်ကြတယ် ။နောက်နေ့မနက် ကြရင် သူငယ်ချင်းလေးကို လက်ဆောင်ပေး ဖို့ သူငယ်ချင်းလေး ကျွေးတဲ့အခါမှာ ဘာ တွေမှာစားကြမယ် ဆိုတာတွေက်ို စိတ်ကူ ယဉ်ပြီး တညတာကုန်ဆုံးစေခဲ့တယ်လေ။

(၃) မွေးနေ့မနက် မနက်စောစောထပြီးရေမိုးချိုုုုး ပြီး သူငယ်ချင်း ညိမ်း ဆီက်ို ဖုန်းဆက်တော့် ၉ နာရီ မှာ ပန်ပန်တို့အဆောင်မှာ ဆုံကြမယ်တဲ့

အဲဒါနဲ့ ပဲ ညိမ်းအတွက်မွေးနေ့လက်ဆောင် ကဗျာလေး တစ်ပုဒ်ကို ရေးလိုက်တယ်။ကဗျာလေး က…………… သူငယ်ချင်းညိမ်းအတွက် ကဗျာ တစ်ပုဒ် တို့သူငယ်ချင်းတွေ အဝေးသင်ဆိုတဲ့ကျောင်းတော်ကြီးမှာဆုံတွေ့ခဲ့ကြတယ် ပျော် ရွှင်မှုတွေနှင့် အတူ ပေါ ဝမ်းနည်း မှုတွေ ကြေကွဲမှုတွေက်ို ဝေမျှခံစာ းရင်းနဲ့ပေါ့ တစ်နေ့ခွဲရမည်မှာ သေချာ နေလည်း သဘာဝတရားကို လျစ်လျူရှု လို့ပျော်နေလိုက်ကြတယ်။ တစ်နေ့မှာများ ဝေးကွာခဲ့ရင် သူငယ် ချင်းက ပြုံးနေမှာလား မုန်းမှာလာ မုန်းမည်ကြံသော် ……. တို့သူငယ်ချင်းတွေ အတူ သွားခဲ့ ကြပုံ အတူစားပုံက်ိုပြန်မြင်ယောင်၍ကြည့်ပါလေ။ ထိုကဗျာလေးကိုရေးပြီးနော်ကကျတော်လည်း ပန်ပန်တို့အဆောင် ်ကို သွား ညိမ်းတို့တွေ ကိုရဲတို့တွေကို စောင့် ကြ နောက် သူတို့တွေလာ မှ ကန်ပတ်လမ်းက စားသောက်ဆိုင်လေးမှာ စာ းကြသောက် ကြနှင့် ညိမ်း ၏ အမက ဘာစိတ်ကူးပေါက်သည်မသိ “ငါတို့ဘယ်သွားကြမလဲ ဟင်” အားလုံးကစဥ်းစားနေကြသည် ။

အစကအစီစဉ်တွင် ဘယ်မှ သွားဖို့မပါ ချေ သူငယ်ချငိ်းတွေ စားကြမည် ပြီးလျှင် ကိုယ့်အဆောင်ကိုယ်ပြန်ပြီးစာကျက် ကြမည်။ ထိုကဲ့သို့တွေးထားကြသည် ပင်။ကျတော်တို့တွေစဉ်း စားနေခို်က် ကိုရဲက “ငါတို့အင်းဝသွားမလား “အင်းဝ အင်း ဝ “ကျတော်စိတ်ဝင်စား၍တီးတိုးရေရွတ်ိလိုက်သည်။ “အေး ဟုတ်တယ် အင်း ဝဆိုရင်ငါလည်း စိတ်ဝင်စားတယ် သွားရအောင် ဟာ” ကျတော် ပြောတော့ ကေသီက”ဟာနင်ကလဲ အင်းဝမှာဘာရှိလို့တုန်း ဟ” ကျတော်က တုံး ရန်ကော ဆိုသောအကြည့်နှင့် ကေသီ ကိုကြည့်ပြီး “နင်ကလည်း အဲဒီမှာ နန်းမတော်မယ်နု အုတ် ကျောင်းရှိတယ်လေဟာ”ကျတော်ပြောတော့ ညိမ်းညိမ်းနှင့် သူ့အမက ဟုတ်တယ်ကေသီရ အဲဒီမှာအုုတ်ကျောင်း တင်မကဘူး ဗား ကရာကျောင်းတိုက် ြ့ကီးရယ်နောက် အင်းဝခံတပ်လည်း ရှိတယ်လေ” “ဟုတ်တယ် သွားကြမယ်မဟုတ်လား” ကျတော်ကစကားစလိုက်တော့ အား လုံးက သဘောတူူညီ ကြသည်။သည်လိုနှင့်ကျတော်တို့သူငယ်ချင်းတစု အင်းဝကို ထွက်လာ ကြသည်။

(၄) အင်း ဝ ဒီလိုနှင့် ဆိုင်ကယ်ကိုယ်စီ စီးကာ အင်း ဝသို့ သူငယ် ချင်းတစ်စု ပျော်ရွှင်စွာ နှင့်ပင် အင်းဝခရီးကို စတင် ကြလေသည်။အင်း ဝမြီု့အဝင်မှ နန်း မတော် မယ်နု အုတ်ကျောင်းသို့ ဆိုင်ကယ်နှင့်တော်တော် သွားရသည်။ နန်းမတော် မယ်နု အုတ်ကျောင်း အရောက်တွင် သူငယ်ချင်းတွေ အားလုံးကဆိုင်ကယ် များကို မအပ်တော့ ဘဲနှင့် ကျောင်း ၏ တံတိုင်း နားထိစီးလာတော့ ကလေး နှစ်ယောက်သုးံယောက်လောက် က “ဟေ့လူတွေ ဆိုင်ကယ် အပ်ခဲ့ေ လ ဘာလုပ်တာလဲ”ဆိုပြီး ဝိုင်း အော် ကြတော့ ကျတော်တို့ထဲက ကိုဟိန်း က “ဟာ ငါတို့လာနေကြပါ ဒီနေရာမှာ ဆိုင် ကယ်အပ်စရာမှမလိုတာ ကို မအပ်ဘူးကွာ “ဆိုပြီး အုတ်ကျောင်း ထဲကို သူငယ်ချင်းတွေအကုန် လိုက်လေ့လာ ကြတယ်။

နိုင်ငံခြားသား ဧည့်သည်တွေ တွေ့လျှင်နှုတ်ဆက် ကြ ဓါတ်ပုံတွေ ရိုက်ကြနှင့် အားရမှ ပြန်ထွက်လာ ခဲ့ကြသည်။ အပြင်ရောက်လို့ဆိုင်ကယ်တွေကိုစီးမယ်လုပ်တော့် ကိုရဲက”ဟေ့ကောင်တွေဆိုင်ကယ်တွေကို စစ်ကြည့်အုံး ဟို သေူကာင့် သာ းတွေက ဆီဘားတွေကိုူပိတ်ထားတယ်။”ဆိုတော့ကျတော်တတို့တွေလည်း ဆိုင်ကယ်တွေကို စစ် ဆီဘားပိတ်ထားတာ်တွေကို ပြန်စစ် ပြီး ဗားကရာကျောင်း တိုက် ဖက် ထွက်လာခဲ့ကြတယ်။ မိုးဒဏ်ကြောင့်မို့ထင်၏ ဗားကရာကျောင်းတိုက် ကို သွားရာ လမ်းမှာ ရွှံ့ နွှံတွေ ထူနေတာမို့ဆိုင်ကယ်ကစီး၍မရချေ ဒါနှင့် ကျတော်တို့လည်းထိန်း စီး ကြပေမယ့် ကျတော်ဆိုင် ကယ်က လမ်းဘေး သို့ချော် ကျ ပြီး ကန်ဘောင် အောက် သို့ပြုတ်ကျသွားတာမို့ သူငယ်ချင်းတွေအား လုံးက ဝိုင်းမိပြီး ကမ်း ပေါ်ကို တင်လိုက်ကြတယ်။

ဒီလိုနှင့်ရှေ့ဆက်ရမှာကို စိတ်မချတာနှင့် ဗားကရာ ကျောင်းသို့မသွားကြတော့ ဘဲ နောက်ပြန်လှည့်ကာ အင်း ဝခံတပ်ကို ဆက်လာ ခဲ့ကြတယ်။ ခံတပ် ခံတပ် ကိုရောက်တော့ အရင်ဆုံးတွေ့ရတာက မြေအောက်ကို တဝက်လောက်မြုပ်နေပြီဖြစ်တဲ့ ခံတပ်တံတိုင်းကို စတွေ့လိုက်ရတယ်။နောက်တော့ ဧရာဝတီမြစ်ဖက်ကိုမျက်နှာမူထားတဲ့အမြှောက် နှစ်ခုပေါ့။ သူငယ်ချင်းတွေ က အမြှောက်ကြီးနားမှာ တစ်ယောက်ကိုတစ်ယောက်စကြနောက် ကြ ဓါတ်ပုံတွေ ရိုက်ကြ နှင့် ပျော်နေကြသည်။

ကျတော်တို့ထဲက အအေးဆုံးဖြစ်တဲ့မသီရိတောင် အမြှောက်ကြီးနားရောက်တော့ မနေနိုင်ဘူး ဓါတ်ပုံကိုအတင်းရိုက် ခိုင်းတော့တယ်။ဒီလိုနှင့် ညိမ်းညိမ်းရယ် သူ့အမရယ် ကိုရဲ၊ကိုဟိန်း ။ဇွဲထက်နိုင် ၊နှင့်အခြားသူငယ်ချင်းတွေက ပျော်ပျော်ပါးပါး ဖဲရိုက်ကျန်ခဲ့တယ်။ ကျတော်နှင့်ပန်ပန်ကတော့ ဧရာဝတီမြစ် ရဲ့ကမ်းပါးကို ထွက်လာခဲံပြီးတော့ စကား ပြောရင်းရေဆော့နေ လိုက်ကြတယ်။

ကျတော်က”မြစ်နားကိုရောက်မှတော့မြစ်ရေလေးတော့ ထိရမှာပေါ့နော် ပန်ပန်”လို့ဆိုတော့ ပန်ပန်က “ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်ငါနည်းနည်းတော့ကြောက်တယ်ဟ ဟဲ့ ဟဲ့ ကောင်း ဟိုမှာဟိုမှာ အဲဒါဘာလဲဟင် ရေထဲမှာလေ ချိုင့်ခွက်လေး လည်နေတာလေ” ပန်ပန်ကရေဝဲကိုလက်ညှိုးလေးထိုးပြီး စိတ်ဝင်တစားမေးနေသည်။

ကျတော်က” အဲဒါရေဝဲလေ အဲဒါတွေကကြီးရင်လူကိုတောင်ဆွဲနိုင်တယ်ဟ တစ်ခါတစ်လေ ရေနစ်ရင် ပြန်မတက်နိုင်တာ အဲဒါတွေက ဆွဲထားလို့လေဟာ နင်ကလည်းဒါတောင်မမြင်ဖူးဘူးလား”ဆိုတော့ “ဘယ်မြင်ဖူးမလဲဟ နင်ပြောလို့သိတာကျေးဇူးပဲသူငယ်ချင်း”လို့ဆိုပြီး ခဏနေတော့ “ဟဲ့နင် အရမ်းမဆင်းနဲ့လေ နစ်နေလိမ့်မယ်ဟ “လို့စိုးရိမ်စွာပြောလာသော သူငယ်ချင်းစကားကို ကျတော်ကပြုံး ရွှင်စွာနှင့် “နင်ကလည်းကြောက်တတ်လိုက်တာမနစ်ပါဘူးဟ” ကျတော်က ပြောလိုက်တော့သူက “‘ဒါဆိုလည်းပြီးရောဟာ သူငယ်ချင်း ငါရေစာ လို့ရေသွားသောက် အုံးမယ်နော် နင်ခဏနေခဲ့အုံး ငါပြန်ခဲ့မယ် ရေနက်ထဲတော့မသွားနဲ့နော်” ပန်ပန်ထွက်သွားတော့ ကျတော်ရေပြန်ဆော့ ရင်းနဲ့ တဖြည်းဖြည်းရေနက်ထဲကို အရဲစွန့်ပြီးသွား ကြည့်လိုက်တယ် ။

အဲဒီအချိန်မှာခြေချော်ပြီး ကျတော်ရေထဲကိုလဲကျသွားတော့တယ် ကျတော်ကိုတစုံတစ်ခုက ဆွဲခေါ်သွားတယ်လေ။

ဒါပေမယ့်ကျတော်ဘာမှမဖြစ်ပါဘူး သူငယ်ချင်းတွေနားကိုကျတော်ပြန်သွားနိုင်တယ်လေ။သူတို့ကိုလည်းကျတော်မြင်ရတယ် ခေါ်လို့လည်း ရတယ်လေ ဒါ ဒါပေမယ့်သူတို့ကျတော်ခေါ်သံကိုမကြားဘူး ဟုတ်တယ်သူတို့မကြားကြပါဘူး။ဒါဘာဖြစ်လို့လဲ ဟင် ။အခု အခုလည်းရေထဲကဆယ် လာတာက ကျတော်တဲ့လေ ကျတော်ဘာလုပ်ရမလဲ။ တဖြည်းဖြည်းနှင့် ကျတော်ခန္ဓာကိုယ်က ပေါ့ပါးလာပြီးလေထဲကိုရောက်သွားတော့ တယ်။လေထဲမှာလည်း ကျတော်လို လူတွေအများကြီးပါလား ကျတော်အံ့ဩစွာနှင့် သူတို့ကို ငေးကြည့်နေမိတယ်။ကျတော်သူငယ်ချင်းတွေရဲ့ ငိုသံတွေကလည်း ကျတော်နာ းထဲ ကို ပဲ့တင်ထပ်အောင်ဝင်လာတယ်။

မသီရိပြောလိုက်တဲ့စကားသံလေးကို ကျတော်နောက်ဆုံးကြားလိုက်ရတယ် သူက ” ကောင်း အသက်မရှိတော့ဘူးတဲ့။”

နောက်ပြီးကျတော်နားထဲကို တိုးဝင်လာတဲ့စကားလေးက

“သား ကျောင်းသွားတက်ရင်ရေတွေဘာတွေသွားမကူးနဲ့နော်တဲ့”…………………………..။ ကြုိုုးစားပါဦးမည်။

7 comments

  • ခိုင်ဇာ

    December 28, 2012 at 12:16 pm

    အားပေးသွားပါတယ်။
    စာပိုဒ်လေးတွေ ခွဲရေးရင် ပိုဖတ်ကောင်းမလားလို့နော်။ :hee:

  • athwe lay

    December 28, 2012 at 12:21 pm

    ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ခင်ဗျာ ကျတော်အဲဒါလေးကို သတိမပြုမိလိုက်လို့ပါနော်။နောက်ဆိုရင် တော့သတ်ိထားပါ့မယ် ။

  • ဗုံဗုံ

    December 28, 2012 at 12:51 pm

    အားပေးပါတယ် နောက်တစ်ခါ ရေထဲမဆင်းနဲ့ နော် :harr:

    • Mobile

      December 28, 2012 at 10:49 pm

      ဟဲ့ ရေထဲဆင်းတော့ နင့်အပူလားဟဲ့
      ပို့ပိုင်ရှင်ရေ အားပေးသွားပါကြောင်းဗျာ
      :harr:

  • မိုချို

    December 28, 2012 at 1:03 pm

    ဇာတ်လမ်းလေး ကောင်း ပါတယ်။ ဂန္ဘီရ စာအုပ်တွေ မှာ ဖတ်ရတဲ့ ဝတ္ထု မျိုးလေး ပါ။ ခိုင်ဇာ ပြောခဲ့ သလို စာပိုဒ်လေးတွေ ခွဲ ပေးရင် ပိုဆွဲ ဆောင်မှု ရှိမယ်။

  • မောင်ပေ

    December 29, 2012 at 9:25 pm

    အထွေးလေးရေ
    ရေးအားမကောင်းတာ များများမရေးရသေးလို ့ပါကွဲ ့
    များများရေးရင်းနဲ ့ ရေးအားကောင်းသွားပြီး
    ရေးရတာရှယ်ဖြစ်လာပါလိမ့်မယ်
    ဆက်လက်အားပေးနေမယ့်
    ကိုကြီးပေ

  • athwe lay

    January 2, 2013 at 1:23 pm

    ဟုတ်ကဲ့ပါ ကျွန်တော်လည်း စာတွေများများရေးနိုင်အောင်ကြိုးစားနေပါတယ်ခင်ဗျာ အခုလို အားပေးတဲ့အတွက်ဝမ်းသာပါတယ်ခင်ဗျာ ။အားလုံးကို ကျေးဇူးပါနော်။

Leave a Reply