ရိုးစင်းတဲ့ … ဇာတ်
*** ရိူးစင်းတဲ့ … ဇာတ် ***
လူ ့ပြည် လောက. ဘုံဘဝ ၌
ခဏဧည့်သည် ဒုက္ခသည် တဲ့ …,
တဏှာ နယ်သား သတ္တဖွားမို ့
ရွေ ့လျား လွန်မြောက်
အချိန်အောက်မှာ မိုးသောက် နေဝင်
သံယောဇဉ် ဖြင့် အစဉ် ရှုပ်ထွေး
လောကီရေး ၌
ရုပ်သေး ပမာ သံသရာ ဇာတ်
စင်ပေါ်တတ် ခဲ့…..,
တစ်ခန်းရပ် များ မင်းသား ကျွန်တော်
ကျွန်တော် ဇာတ်ညွှန်း လူရွှန်းလူပျက်
ဗီလိန်ဇာတ်နှင့် အသင့် ကျွန်တော်
လူကြမ်း ခေါ်လည်း အလွမ်း အချစ်
မျက်ရည်ညှစ် ထုတ် သရုပ်ဆောင်သူ
ကျွန်တော် လူသား ဇာတ်သား အဆုံး
နိဂုံး ဘယ်သို ့ …. ချုပ်ရမယ် ။။။
လရောင်ရွှေ
၁၅း၁း၂၀၁၃
3 comments
မဟာရာဇာ အံစာတုံး
January 17, 2013 at 7:59 pm
ဟုတ်တယ်ဗျို့ …
ဘဝ ဆိုတာ တကယ်တွေးကြည့်ရင်
ရိုးစင်းလွန်းလှတဲ့ ပြဇာတ် တစ်ပုဒ်ပဲ ….
ဟိုလို စကားနဲ့ ပြောရရင် …
“နောက်ဆုံးတော့လည်း ဒီကောင်ပဲ”
ဆိုသလိုပေါ့ဗျာ ….
မောင်ပေ
January 17, 2013 at 8:07 pm
ဇာတ်သားအဆုံး
အိုနာကုန်း(ကုန်း=သင်းချိုင်းကုန်း)သို ့
အနှေးအမြန်
ဧကန်စင်စစ်
သွားရလတ္တံ ့။
marblecommet
January 17, 2013 at 11:41 pm
လောကတံထွာ စေ့ရေးသေချာ
ရှေးရေးဖွေရာ…..သတိပေး ခင်ဆရာ…..