Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြင်ဖို့တော့ ကောင်းနေပြီ

Mr. MarGaJanuary 25, 20131min80433

ပြင်ဖို့တော့ ကောင်းနေပြီ

 

ဟိုတစ်ရက်ကပေါ့ဗျာ

ဦးမာဃ လူ့ပြည်မှာ လုပ်စရာရှိတာလေးတွေ လုပ်ရင်းနဲ့ လမ်းကြုံလို့ ဘုရားကြီးကို ရောက်သွားတယ်။

ဟုတ်ပါတယ် မန်းလေးက မဟာမြတ်မုနိပါ။

မရောက်တာလဲ နည်းနည်းကြာလို့ နောက်ပြီးတော့ တာဝန်အရ လိုတာလေးတွေလဲ ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုပြီးတော့ ဝင်သွားတာ။

လမ်းကလဲ ကြုံနေတာကိုး

ဘုရားရောက်တယ်ဆိုတော့လဲ အများစုလို ပန်းလေး ရေချမ်းလေးကပ် ပုတီးလေးစိပ် ပေါ့လေ။

ပြောသာပြောတာ သိကြားမင်းဆိုတော့ အဲဒါတွေ လုပ်တယ်ဆိုတာ ခပ်ရှားရှားရယ်။ ဒီအတိုင်း ဘုရားဝတ်ပြု လေ့လာကြည့်ရှု စစ်ဆေးပြီး ပြန်တာပါပဲ။ ပန်းရေချမ်းတွေတော့ ကပ်လေ့ကပ်ထ မရှိဘူးရယ်။

ဦးမာဃကသာ မကပ်တာလေ ကျန်တဲ့ ဘုရားဖူးတွေက ကပ်ကြတော့ ဘုရား အာရုံခံတန်ဆောင်း မရောက်ခင်၊ ကားဆိုင်ကယ် အပ်တဲ့နေရာတွေကစပြီးတော့ ပန်းသည်တွေ၊ တခြား နိဗ္ဗာန်ကုန်သည်တွေနဲ့ အရင် စတွေ့တာပေါ့

တွေ့တိုင်းလဲ ဒီအတိုင်း ဖြတ်သွားနေတာပါပဲဗျာ

အဲဒီနေ့ကတော့

လမ်းသင့်တဲ့ အရှေ့မုဒ်ကနေ စီးတော်ယာဉ်လေး ထိုးရပ်ပြီး ဘုရားဘက် ကူးမယ်အလုပ်မှာဗျာ

ပန်းသည်တွေ ဆိုးပုံ ပြောပါတယ်။

အဲလေ

ဆိုးပုံလို့ပဲ ပြောရမလား ဒါမှမဟုတ် ဈေးရောင်းနည်းလို့ပဲပြောရမလားမသိဘူး

အဆုံးထိ ဖတ်ပြီးမှသာ ကိုယ့်ဟာကိုယ် နာမည်တပ်ပေတော့ဗျာ။

ရောင်းပုံရောင်းနည်းကလဲတစ်ယောက်ကို တစ်မျိုးစီဗျ၊

ဦးမာဃကတော့ နှစ်မျိုးပဲ ပညာရလိုက်တယ်။

ပထမ ဈေးသည်တစ်ယောက်ကကျတော့

ဦးမာဃကို ဘုရားပန်းစည်း ထိုးပေးတယ်၊ ခဏ ကိုင်ထားပေးပါ တဲ့။

အကျင့် က ပါနေတာဆိုတော့ ဘာလုပ်မယ်မှန်းမသိဘူးပေါ့လေ ပေးမှတော့ ယူထားလိုက်တာပေါ့။

နောက် ပန်းကုံးတွေပါ ထပ်ပေးတယ်

ပေးပြီးမှ ပြောတယ်ဗျ

အဲဒါလေးတော့ ဝယ်သွားလိုက်ပါနော် တဲ့

ကဲ ကြည့်ကြဦးဗျာ

မဝယ်ဘူး ပြောရအောင်ကလဲ လက်ထဲမှာ အဲဒါတွေက ကိုင်လျက်သား

နောက်ပြီး

သူပြောပုံက တကယ့်ကို အသေအချာ တွက်ဆထားတဲ့ပုံနဲ့

အစကတော့ အပြိုင်ငြင်းဖို့ စဉ်းစားပါသေးတယ်

ဒါပေမယ့် စကားရှည် ဇယားရှည်နေမှာစိုးလို့ အေးအေးဆေးဆေးပဲ ဝယ်ပြီးတော့ ထွက်ခဲ့လိုက်တယ်။

နောက်တစ်ယောက်ကျ နောက်တစ်မျိုး

လုပ်စရာရှိတာ လုပ်ပြီးလို့ ဘုရားဖူးဖို့ လျှောက်လာတုန်းမှာ ပန်းသည်ရှေ့ရောက်တော့ ဘုရားပန်းထိုးပေးပြန်ရော

ဘာလုပ်ဖို့လဲ လို့ မေးလိုက်တော့ ဘုရားကပ်ဖို့ပါ တဲ့

အဲဒါနဲ့ပဲ နည်းနည်း စိတ်ချဉ်ပေါက်လာလို့ မေးလိုက်မိတယ် အလကား ပေးတာလားလို့

အဲဒီတော့မှ ပွစိ ပွစိနဲ ့ ပြောပြီး ထွက်သွားတယ်

ဘုရားပန်းစည်းပဲဗျာ ဘုရားကပ်ဖို့မှန်းတော့ သိတာပေါ့

ကပ်ချင်ကပ်မယ် မကပ်ချင် မကပ်ဘူးပေါ့ဗျာ

အတင်းအကျပ် ပန်းကပ်ရမယ်လို့လဲ ဟောတာ မကြားဖူးပါဘူး

အခုတော့ သူတို့လုပ်ပုံက နည်းနည်း တစ်ဖက်စွန်းရောက်နေတယ်

တကယ်ပါဗျာ အဲဒီနေ့က ဘုရားကို ကောင်းကောင်း မဖူးလိုက်ရဘူး

စိတ်တိုစရာတွေပဲ ကြုံနေလို့ အမြန်ပဲ ပြန်ထွက်ခဲ့တယ်။

ထွက်ခဲ့ပြီးတော့ လမ်းဆက်လျှောက်နေရင်း ခေါင်းထဲ အတွေးတွေ ဝင်လာတယ်။

အဲဒီလောက်ထိ အတင်းအကျပ် စီးပွားရှာနေကြတာကို တားမယ့်သူတွေ မရှိဘူးလား

အနည်းဆုံး မဖြစ်သင့်ပါဘူး မလုပ်သင့်ပါဘူးလို့တောင် ပြောမယ့်သူ မရှိတော့ဘူးလား

လူအမြင်မှာလဲ မတင့်တယ်၊ ဝယ်သူလဲ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။

အဲဒီလို ဝယ်ပြီးတော့ ဘုရားကပ်ရင်ရော ပျော်ပျော်ရွှင်ရွှင် ကပ်နိုင်ပါ့မလား

သူတို့အတွက်တော့ တွက်ခြေကိုက်သွားတာပေါ့လေ

ဒါပေမယ့် ဘုရားဖူးတွေ အနေနဲ့တော့ စိတ်အနှောင့်အယှက် ဖြစ်သွားတာပေါ့

ဒီလိုအကျင့်တွေကို ဘယ်အချိန်ထိ များ ဆုပ်ကိုင် ထားကြဦးမယ်မသိ

တွေးမိရင် စိတ်မောမိပါတယ်

 

ဦးမာဃ တွေးမိတာလေးပါ

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

33 comments

  • မောင်ပေ

    January 25, 2013 at 7:14 pm

    တော်သေးပါရဲ ့
    ဦးမာက ညဈေးတန်းဘက် မသွားခဲ့တာ
    အဲ့ဘက်မှာ
    ညဆိုရင်လေ
    ခလေးမလေးတွေက
    သူရို ့ရဲ ့ဆလင်းဘတ်အိတ်လေးကို ခဏလောက်ကိုင်ထားပေးပါဆိုရင်
    ဦးမာက ခေါင်းစဉ်ပြောင်းရလိမ့်မယ်နော
    မယုံသွားကြည့်
    :kwi:

    • Mr. MarGa

      January 25, 2013 at 8:16 pm

      အဲဒါကတော့
      မိဖုရား လေးပါးကြောင့်
      ဦးမာဃမှ ညထွက်ခွင့် ပိတ်နေပါကြောင်း
      ရရှိပါက စမ်းသပ်ကြည့်မည်ဖြစ်ကြောင်း :mrgreen:

  • Mobile

    January 25, 2013 at 7:38 pm

    ကျုပ်တော့ဖြင့် ဒီလိုပုံစံမျိုးလေးတွေကို ခဏတိုင်းလိုလို ကြုံဖူးတယ်ဗျို့ ကျုပ်ကလဲ
    ခြေဂနာမငြိမ်လျှောက်သွားနေသူဆိုတော့ ကျုပ်နဲ့လာကြုံတဲ့ဈေးသည်တော့ ကံဆိုးတယ်မှတ်ပါ။
    ကျုပ်လိုလူ့ဂွစာ လူ့ဂလန့်ကို လာပြီးရောင်းမိလို့ကတော့ တောင်ပြော မြောက်ပြော လျှောက်ပြောပြီး
    ဝယ်ဖို့စိတ်ကူး ရှိထားရင်တောင် မဝယ်ဘူး။ လူရေလည်လုပ်ခံရတယ်ထင်လို့။

    • Mr. MarGa

      January 25, 2013 at 8:20 pm

      ကိုမိုဘိုင်းရေ
      ကျွန်တော်လဲ ပြောမလို့ပါဗျာ
      ဒါပေမယ့် စိတ်ကောင်းလေး နည်းနည်းဝင်သွားလို့
      ဒီအတိုင်း အ ခံလိုက်တာ
      ပုံမှန်စိတ်နဲ့ဆို အဲဒီနားတင် အချေအတင် ဖြစ်ပြီးပြီ

    • Mr. MarGa

      January 25, 2013 at 8:51 pm

      အဲသလိုသာဆို
      သိကြားမင်း ဆင်းသင့်ပြီထင်ပါ့
      မကောင်းသူကယ် ကောင်းသူပယ်မဟေ့

      • Mobile

        January 25, 2013 at 8:57 pm

        ဦးမာဂ အဲ့ဂလိုလုပ်မည်ဆိုပါက နေ့ချင်းညချင်းပင် ရာထူးများအပွင့်များတိုးလာနိုင်ပါကြောင်းးးးးးးးး

        • Mr. MarGa

          January 25, 2013 at 9:05 pm

          သိကြား၏ တာဝန်တွင် ပါသောကြောင့် မတိုးလဲ လုပ်ရန်စဉ်းစားထားပါကြောင်း
          သို့သော် ယခုအချိန်တွင် နတ်မှုရေးရာ ကိစ္စများကြောင့် မအားလပ်ပါသဖြင့်
          အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်ပါကြောင်း :mrgreen:

  • အလင်းဆက်

    January 25, 2013 at 8:59 pm

    အဲဒါဆို..သားသားကို ကယ်ပါဂျာ။
    လန့်ခရူဆာလေးတောင်မစိးနိုင်တဲ ့ဘွ မို့ပါ ။
    ကယ်ပါ…ခညာ…
    အဟိ

    • Mobile

      January 25, 2013 at 9:07 pm

      လန်ခရူဇာ မစီးနိုင်တဲ့ဘွဆိုဒါကလဲ လိုင်စင်ကဈေးများနေလို့ပါ ကိုအလင်းဆက်ရေ
      ဝစ်သောက်လေးတွေဆိုရင် ဈေးကသိပ်ပြီးတော့ကာ များလှတာမဟုက်ပါဘူး
      ဝစ်သောက်စီးပြန်တော့လဲ ဖမ်းခံရမှာကကြောက်ရတယ်။ အဖမ်းမခံရချင်ရင်တော့
      အသက်လေးဘာလေးနည်းနည်းကြီးလာမှ စီးပေါ့ဗျာ လူကြီးဆိုရင် ဝစ်သောက်စီးလဲ မဖမ်းဘူးဆိုလားပဲ။

    • Mr. MarGa

      January 25, 2013 at 9:08 pm

      လန်ခရူဆာလေးတောင် မစီးနိုင်တဲ့ ဘွ
      အင်းးးးးးးးးးးးးးးး
      အလက်ဆင်းရေ
      ဦးမာဃက ရာထူးက သိကြား
      ကွင်းဆင်းရင် လုပ်ရတာက မြေလျှောက် ဝိဇ္ဇာ ဆိုတော့ကာ
      အဲဒီ လန်ခရူစာတော့ ဦးမာဃလဲ မတတ်နိုင်သေးပါကြောင်း :mrgreen:

  • Mobile

    January 25, 2013 at 9:12 pm

    ဦးမာဃရေ ကျုပ်ကို ဂရု့ထဲပြန်ထည့်ပေးပါအုံး အရင်ညက အကောင့်က ပက်စ်ဝပ်မေ့သွားလို့
    ဖွင့်မရတော့လို့ပါ။ အခုအူးမာဂကိုအတ်ထားပါတယ်။

    • Mr. MarGa

      January 25, 2013 at 9:14 pm

      ဟမ်
      ပြောင်းပြန်ပလား
      အင်းပါ အင်းပါ
      ထည့်ထားလိုက်ပါမယ် လို့

  • uncle gyi

    January 25, 2013 at 9:29 pm

    ဘုရားဈေးသည်တွေစုပြီးဆိုင်းဘုတ်ကိုင်ဘုရားအဝင်ပေါက်ပိတ်ပြီး
    ဆန္ဒပြလိုက်ရမလားဦးမာဃ
    ဘုရားပန်းရောင်းတာကိုပိတ်ပင်ပါတယ်လို့စီးပွါးပျက်ပါပြီလို့

    • Mr. MarGa

      January 26, 2013 at 7:13 pm

      ဟိုက်
      အောက်က သိကြားရဲ့ ကျောက်ဖျာ တင်းလာပါလား
      မဖြစ်သေးပါဘူး နေရာလေး မြဲအောင် လုပ်ဦးမှ
      ဘွာတေး နော် ဘွာတေး :hee:

  • လုံမလေးမွန်မွန်

    January 25, 2013 at 10:30 pm

    ဈေးရောင်းတာတော့ မကြုံဖူးဝူး ဦးမာဃရေ…
    ကြုံဖူးတာလေး ပြောဦးမယ်…
    တစ်ခါသား ပြည်လမ်းဘက်မှာ လမ်းလျှောက်နေတော့ ရှေ့မှာလျှောက်လာတဲ့ အမျိုးသမီးက (ပုံစံကလည်း ခပ်လတ်လတ်ပါပဲ)..လက်ထဲက စာအုပ်လား၊ အထုတ်လားမသိတော့ဝူး..အဲ့ဒါလေးကိုပေးပြီး လုံချည်ဝတ်ချင်လို့ ခဏကိုင်ထားပေးပါတဲ့…မိန်းကလေးအချင်းချင်းဆိုတော့ ကိုယ်ချင်းစာပါတယ်.. (ကိုယ်လည်း ကြုံဖူးတာပဲ)..ကိုင်ထားပေးပြီး သူလုံချည်ပြင်ဝတ်တာကို စောင့်ပေးလိုက်တယ်..ပြီးလို့ အထုတ်ပြန်ပေးမယ်လုပ်ရော..တကယ်တော့ အစ်မလမ်းမှာ ပိုက်ဆံအိတ်ကျပျောက်သွားလို့ ကားခလေးဖြစ်ဖြစ် ပေးပေးပါလားတဲ့.. 🙂 ..
    နည်းက လန်းတယ်နော်… လုံမလေးပဲ..ပြန်ပြောခဲ့တာပေါ့..ကျောင်းသွားမှာ အိတ်ထဲမှာ တစ်ထောင်တန်တစ်ရွက်ပဲပါလို့ အကြွေမရှိဘူးလို့… :kwi:

    • Mr. MarGa

      January 26, 2013 at 7:15 pm

      ဟိုက ပြန်မပြောသွားဘူးလား ရုပ်ကလေးမှ အားမနာ လို့ :kwi:

  • ရွှေ ကြည်

    January 26, 2013 at 9:04 am

    သိကြားမင်းရေ အတွေ့အကြုံလေးပြောပြရဦးမယ် လွန်ခဲ့တဲ့နှစ်ပေါင်း ၈ နှစ်လောက်ကပေါ့ကွယ်
    ပြည်မှာကျောင်းတက်နေရင်း သူငယ်ချင်းတွေနဲ့ ရွှေဆံတော်စေတီ အနောက်ဘက်စောင်းတန်း ဓါတ်လှေကားအတက်နားက ပန်းဆိုင်မှာပန်းသွားဝယ်တုန်းကပေါ့
    စက်ဘီးအပ်ပြီး ပန်းတန်းဘက်လှည့်တယ်ဆိုပဲအပြိုင်ဈေးဝယ်ခေါ်ကြတယ်ပေါ့ကွယ် အဲဒိမှာ တဆိုင်ကျော်ပြီးအလယ်ကဆိုင်ကိုဝယ်မိတာနဲ့ အစွန်ဆုံးဆိုင်က ရန်တွေ့ပါလေရော သူ့ဆိုင်မှာမဝယ်လို့တဲ့လေ။
    စိတ်ပျက်သွားတယ် ပွစိပွစိနဲ့ပြောနေလိုက်တာ ကိုယ့်ကိုပြောနေပေမယ့်ပြန်မပြောဖြစ်ခဲ့ပါဘူး ရှက်စရာလေ။
    အဲဒိကစပြီး ပန်းကို ဘုရားမှာဘယ်တော့မှမဝယ်တော့တာပါပဲ။

    • Mr. MarGa

      January 26, 2013 at 7:20 pm

      အင်းပေါ့လေ
      ပန်းသည်ဘက်က ကြည့်ပြန်တော့လဲ သူ့ဆိုင်ပဲ ဝယ်စေချင်ရှာမပေါ့
      လိုနေတာက
      အမူအယာ ရယ် အပြောအဆို ရယ် ပါပဲကွယ်
      တကယ်လို့ အဲဒီအချိန်မှာ ရန်မတွေ့ပဲ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး အကူအညီ ပေးမယ် ဆိုရင်ရော
      ဆုံးဖြတ်ချက်လေးတော့ ပြောင်းသွားမယ်ထင်ပါ့

  • kyeemite

    January 26, 2013 at 9:30 am

    ကျုပ်မန်းလေးသွားတုံးကလည်းတွေ့ခဲ့ပဗျာ…
    ကျုပ်ကတော့မဝယ်ဘူးကွ..ဆိုပီးရှေ့ကသွား..
    နောက်လှည့်ကြည့်တော့ မဒမ်မိုက်လက်ထဲပန်းစည်းရောက်နေပြီ…

    • Mr. MarGa

      January 26, 2013 at 7:22 pm

      ဦးကြီးမိုက်ရေ
      အတွေ့အကြုံအရတော့ အမျိုးသမီးတွေကို ပိုပြီးတော့ ရောင်းတတ်ကြသဗျ
      အတွဲတွေဆို ပိုတောင်ဆိုးသေး
      (မယုံမရှိနဲ့ ကိုယ်တွေ့ဗျ :kwi: )

  • အိမ်းးး
    နာ သမ္မတ ဖြစ်တဲ့အခါ
    ဒီစနစ်တွေ ပျောက်သွားအောင် လုပ်ပေးမယ် …
    ဒီတော့ကာ ..
    နာ့ကို မဲပေးဂျ …

    • Mr. MarGa

      January 26, 2013 at 7:26 pm

      ပေးနိုင်ပါဘူး
      နင့် ပေးရင် နတ်ပြည် သမ္မတ နေရာလေး ပျောက်သွားမှာပေါ့
      ဒီနေရာလေးရဖို့ မနည်း ကြိုးစားထားရတာ

  • ဗုံဗုံ

    January 26, 2013 at 9:54 am

    ရေမရောတဲ့ မိဗုံယောက်ဂမဂျီးကို အဲ့ဒီနေ့က တွေ့လိုက်သားဘဲ ပန်းသည်လေးကို ငေးပြီး လက်ထဲပန်းစည်းထည့်သွားတာတောင် မသိလိုက်တဲ့ဘွ အဲ့ဒီလိုအဖြစ်မျိုးတွေတင် မကပါဘူး ဘုရားကန်တော့ပြီးလို့ ပြန်ထွက်လာရင် ယူနီဖောင်းဝတ်ထားတဲ့ လူကြီးတွေက မျက်နှာသစ်တော်ရေရပြီးပြီလားလို့ မေးပါတယ် မရသေးဘူးလို့ ပြောရင် ရေသန့်ဗူး တစ်ဗူးထုတ်ပေးပြီး သုံးထောင်ကျပါတယ်ခင်ဗျာ လို့ပြောပါတယ် နယ်ကနေ ဘုရားဖူးလာတဲ့သူတွေ တော်တော်ခံရပါတယ် ဒါမျိုးတွေဖြစ်နေတာ ကြာနေပါပြီ သိကြားတန်ခိုးနဲ့ ပြောင်းလဲပေးပါ ယောက်ဂမဂျီး ဖျာ့ :mrgreen:

    • Mr. MarGa

      January 26, 2013 at 7:55 pm

      အယ်
      ဦးမာဃက မိဗုံလေးကို တွေ့ဘူးကွယ့်
      ဒါနဲ့လေ
      ယူနီဖောင်းနဲ့ ပိုဆိုးသလားလို့
      သူတို့က ယဉ်ယဉ်လေးနဲ့ ရောင်းတာကွယ့်

  • ရွှေတိုက်စိုး

    January 26, 2013 at 11:11 am

    ဒါတောင် သကြားမင်း ဘုရားကြီးအနောက်မုဒ်မသွားလို…..
    သွားကြည့်ပါလား…..ကျောက်ဆင်းတုတွေ လက်ထဲမထည့်ပြီး ဇွတ်ရောင်းလွှတ်မှာ…..

    အနောက်မုဒ်လာရဲလာကြည့်…… အိမ်ကိုမှာထားတယ်.. ဦးမာဃ ဓာတ်ပုံပါပို.ထားတယ်.. သူလာရင် ၆တောင် ကျောက်ဆင်းတုကို လက်ထဲ ဇွတ်ထည့်ပြီးသာရောင်းပလိုက်လို…..ဟိဟိဟိ

    • Mr. MarGa

      January 26, 2013 at 7:59 pm

      အမငီး
      ကျောက်ဆင်းတုတော့ လုပ်ပါနဲကွယ်
      ဒါပေမယ့်
      ဇွတ်မရောင်းဘဲ အရဂါး ပေးမယ်ဆိုရင်တော့ အချိန်မရွေးပါ လို့ :hee:

  • နွေဦး

    January 26, 2013 at 11:27 am

    ပန်းရောင်းနည်းကတော့အမျိုးမျိုးပေါ့
    တောင်းရမ်းနည်းကလဲ အမျိုးမျိုးဘဲ..
    ဒီပို့လေး အမှတ်ရလို့..
    http://myanmargazette.net/53411/travel/local-guides

    အခုထိဒါတွေ ရှိတုန်းပါဘဲ..

    • Mr. MarGa

      January 28, 2013 at 9:01 pm

      ကို (ဦး) နွေဦးရေ :mrgreen:
      ဟိုနေ့က လိုင်းကျသွားလို့ ဒီနေ့မှ ပြန်ပြောဖြစ်တယ်
      ဒါတွေကတော့ ရှိဦးမှာရယ်
      သေချာ ရေရာတဲ့
      စနစ်၊ စည်းကမ်းတွေ မလုပ်သမျှ
      ပျောက်မယ် မထင်ဘူးဗျ

  • ခင်ခ

    January 26, 2013 at 11:53 am

    မန်းက ဘုရာကြီးမှာ ပန်းဝယ်မကပ် ဖြစ်တော့ဘူးဗျ၊ အခုတော့ ကျွန်တော်ကတော့ ငြင်းတာဘဲ။
    တစ်ခါက မဒမ် ပန်းဝယ်ပြီး ဘုရားကြီးရဲ့ ပန်းအိုးထဲ ထိုးလှုပြီး ဘုရားရှစ်ခိုးနေတာတောင်
    မပြီးသေးဘူး အဲဒီပန်းတွေကို လာပြီးသိမ်းသွားတာ ကြုံရပြီးကထဲဘဲဗျာ။
    အဲဒါနဲ့ နောက်ကြုံတော့ လေ့လာကြည့်တော့လည်း ခဏခဏ ပန်းလာလာ သိမ်းတာတွေ့ရတယ်လေ။

    • Mr. MarGa

      January 28, 2013 at 9:03 pm

      အဲဒီ ပန်းသိမ်းတာက ဒီလိုပါ တဲ့
      ပန်းလှူသူတွေ များတော့ ပန်းအိုး မလောက်လို့လေ
      အဲဒါကြောင့် ပန်းကပ်ဖို့ နေရာ လုပ်ပေးတာပါ တဲ့
      (ကိုယ့်ဟာကိုယ် တွေးကြည့်တာ)

  • panpan

    January 28, 2013 at 11:18 pm

    နတ်ပြည်ကခဏဆင်းလာတုန်း နိုင်သလောက်ပြင်ပေးသွားလေ အူးရှူးဂါးရဲ့
    ဒီလိုပဲလှည့်ထွက်ခဲ့ရောလားလို့
    နဲနဲလောက် လက်ချာရိုက်ခဲ့ပါတော့လား :mrgreen:
    ဒီတိုင်းအငေါတူးရတယ်လို့ ခိခိ
    နတ်ပြည်က သိကြားမင်းလည်း မကယ်နိုင်မရှိပေ့ါနော် 🙄

    • Mr. MarGa

      January 29, 2013 at 6:38 pm

      ပြင်ဖို့ ဒီမှာတင်တာပေါ့ကွယ်
      ဖတ်မိတဲ့သူတွေ ပြင်ဖို့နည်းလမ်း စဉ်းစားမိရင် တန်ပါတယ်။
      သိကြားမင်း တစ်ဦးတည်း ကယ်ဖို့ကတော့
      မနိုင်တာ အမှန် :mrgreen:

Leave a Reply