Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၂ဝ ) ( D – 29 – LUCERNE – FREIBURG – HEIDELBERG – RHINE CRUISE – BOPPARD )

Foreign ResidentJanuary 29, 201313min50916

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၂ဝ )

( D 29 LUCERNE –

FREIBURG – HEIDELBERG –

RHINE CRUISE – BOPPARD )

 

အောက်တိုဘာ ၉ ရက်နေ့ ။

 

ဒီနေ့ မနက်တော့ ၊

အဘတို့လည်း ၊

အရမ်း လှပတဲ့ ၊

ဆွစ်ဇာလန် နိုင်ငံ ၊

Lucern မြို့ကနေ ၊

Germany နိုင်ငံဖက်ကို ၊

ပြန်ကူးလာခဲ့ပါတယ် ။

 

မနက် ၁ဝ နာရီလောက်မှာ Freiburg မြို့လေးကို ရောက်ပြီး ။

Freiburg မြို့လည်က Freiburger Münster ( Freiburg Cathedral ) ကိုသွားကြည့်ကြပါတယ် ။

အဲဒီ Cathedral နားက ရင်ပြင်ကျယ်ကြီးမှာ ( မိုးဖွဲလေးကျနေပေမယ့် ) ရောင်းနေတဲ့ ၊

ဂျာမန် ပျံကျဈေး ခေါ်ရမှာပေါ့နော် ကိုသွားကြည့်ကြပါတယ် ။

အဆာပြေ Hot Dog လေးတွေ ဝယ်စားခဲ့ကြပါတယ် ။

Freiburg မြို့လည်က Freiburger Münster ( Freiburg Cathedral ) ။
Freiburg မြို့လည်က Freiburger Münster ( Freiburg Cathedral ) ။
Freiburg မြို့လည် ရင်ပြင်ကျယ်ကြီး ထဲက ဂျာမန် ပျံကျဈေး ။
Freiburg မြို့လည် ရင်ပြင်ကျယ်ကြီး ထဲက ဂျာမန် ပျံကျဈေး ။

 

 

Freiburg မြို့က ထပ်ထွက်လာပြီး အတော်လေးကြာတဲ့အခါ

နေ့ခင်း ၂ နာရီလောက်မှာ Heidelberg မြို့ကို ရောက်ပါတယ် ။

Heidelberg မြို့လည်မှာ လျောက်ကြည့်ဘို့ အချိန် တစ်နာရီခွဲလောက် ပေးပါတယ် ။

တောင်ကုန်းပေါ်က Heidelberg Castle ကို အဝေးကနေဘဲ လှမ်းကြည့်နိုင်ပြီး ၊

Heidelberg မြို့လည် က Heidelberg Cathedral မှာ ဓါတ်ပုံရိုက်ပြီး နေ့လည်စာစားကြပါတယ် ။

Heidelberg မြို့လည် က Heidelberg Cathedral ။
Heidelberg မြို့လည် က Heidelberg Cathedral ။
Heidelberg မြို့လည် က ရင်ပြင်ကျယ် နှင့် အဆောက်အဦးတွေ ။
Heidelberg မြို့လည် က ရင်ပြင်ကျယ် နှင့် အဆောက်အဦးတွေ ။

 

 

ဒီတစ်ခါမှာ အဖြူ နှစ်စုံတွဲ နှင့် တွဲပြီး သွားစားတာဖြစ်တော့ ၊ သူတို့မှာသလိုပဲ ရောမှာလိုက်ရတာပေါ့ ။

( နို့မို့ရင် ၊ ဆရာဝန်မ လင်မယား ဆိုပြီး ကပ်စီးနည်းလိုက်တာ ဆိုပြီး အပြောခံရဦးမယ် )

 

စားစရာ သောက်စရာတွေ ရောက်လာတော့ ၊

တကယ့် ပုဂံပြား အကြီးကြီး နှင့် အများကြီး ဖြစ်နေပါတော့တယ် ။

 

သူတို့က သူတို့ထုံးစံ အစာ အဝင်ချောအောင် အရက် ဘီယာ မှာသောက်ကြတော့ ၊

အဘတို့က ဘာမှ မှာမသောက်ရင် ကြောင်နေမစိုးလို့ ကော်ဖီပဲ မှာသောက်ကြပါတယ် ။

သူတို့ဆီက ရိုးရိုး ကော်ဖီခွက် ( Tea Cup ) ဟာ အဘတို့ဆီက မတ်ခွက်လောက် ရှိနေပါတယ် ။

 

ရောက်လာတဲ့ အစား အသောက်တွေက အဘတို့ စားနိုင်တာရဲ့ ၂ ဆ လောက်ရှိနေတော့ ၊

ရောက်လာတာတွေကို ကုန်အောင်ကို မနဲစားလိုက်ရပါတယ် ။

Freiburg မြို့မှာတုန်းကလည်း Hot Dog စားခဲ့သေးတော့ ပိုဆိုးတာပေါ့ ။

 

နောက်ဆို ဂရုစိုက်မှပဲ ၊ အဖြူတွေ မှာသလောက် လိုက်မမှာမိစေဖို့ ။

အထူးသဖြင့် ဥရောပထဲမှာကို Barbarian ဆိုပြီး နာမည်ကြီးတဲ့ ဂျာမန် တွေနေရာမှာပေါ့ ။

 

ဒါတောင် အဘ က မြန်မာတွေထဲမှာ လူကောင်ကြီးတဲ့ အထဲမှာပါတယ်နော် ။

အရပ် ၅ ပေ ၉ လက်မ ၊ ဝိတ် ၁၈၅ ပေါင် လောက် ရှိတာ ။

( ဟီ ဟိ BMI တွက်မနေနှင့် ကျော်ပြီးသား )

အဘ မိန်းမဆို အရပ်လည်းမြင့်ပြီး ၊ ဩဇီမှာ အနေကြာလို့

အဘထက်တောင် ပိုစားနိုင်သေးတယ် ။

 

ဒါပေမယ့် ၊ ဂျာမန် တွေဟာ အဘ တို့စားတာထက် အနဲဆုံး နှစ်ဆ လောက် ပိုစားနိုင်ပြီး ၊

အဘ တို့ မြန်မာတွေထက် အင်အားလဲ အနဲဆုံး နှစ်ဆ လောက် ပိုပြီး အားသန်ပါတယ် ။

 

မြန်မာ သင်္ဘောသား ၃ ယောက်လောက် မနည်း တွန်းရွှေ့ရွှေ့နေရတဲ့ Block တုံးကြီး ကို ၊

ဂျာမန် ဆိပ်ကမ်း အလုပ်သမားက တစ်ယောက်တည်း မ ပြီး လွှင့်ပစ်လိုက်တာကို ၊

အဘ မျက်စိ နှင့်ကို တပ်အပ် မြင်ဘူးတယ် ။

 

တစ်ခါလည်း အဘတို့ သင်္ဘော က Sling ကြိုး က သူတို့ ကားဘီးအောက်မှာပိနေလို့ ၊

အဘက သူတို့ အလုပ်သမား ခေါင်းဆောင် Foreman ကိုသွားပြောတာ ၊

ကားပိုင်ရှင် အဝေးရောက်နေလို့ ၊ အဲဒီ ဂျာမန် ဖိုမင်က ကားကို ရွှေ့မနေတော့ပဲ ၊

သူတစ်ယောက်ထဲနှင့်ပဲ အဲဒီကားကို အစွန်းကနေ ဆွဲမလိုက်ပြီး ၊

အဘကို Sling ကြိုး ဆွဲထုတ်သွားတော့ တဲ့ ။

 

အဘ သူငယ်ချင်းရဲ့ သင်္ဘောမှာတုန်းကလည်း ၊ မြန်မာ သင်္ဘောသားတွေ ၊

ဟင်းတုံး သေးသေးလေးတွေ ၂ တုံး ၃ တုံး နှင့် ထမင်းနှင့် စားနေကြတာကို ၊

ဂျာမန် ကပ္ပတိန်က တွေ့သွားပြီး ၊ အရမ်း စိတ်ဆိုးတယ်လေ ။

 

မင်းတို့ အစားကို ကောင်းကောင်း မစားရင် ၊

ငါခိုင်းတဲ့ အလုပ်ကို မင်းကို့ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး ၊

Chief Cook ကို အမိန့်ပေးတယ်လေ ။

ဒီနေ့က စ ပြီး ၊ သင်္ဘောသား အားလုံး တစ်ယောက် တစ်နေ့ကို ကြက်တစ်ကောင် ၊

မကုန်ကုန်အောင် စားရမယ် ၊ မကုန် / မစားတဲ့သူ အလုပ်ဖြုတ်ပစ်မယ် ဆိုပြီးတော့ ။

 

သင်္ဘောသား တွေ ခမျာ အလုပ်ဖြုတ် ခံရမစိုးလို့ ၊

တစ်နေ့ ကြက်တစ်ကောင် မကုန်ကုန်အောင် အသေအလဲ စားရတယ်လေ ။

သူတို့ဆီက ကြက်တွေကလည်း မွေးမြူရေးကြက် အကြီးကြီးတွေလေ ။

 

နောက် ဗဟုသုတ တစ်ခုပြောပါရစေ ။

အဘ အဖေ က ဂျာမန်စကား ကောင်းကောင်း ပြောတတ်ပါတယ် ။

( သူ ငယ်ငယ်တုန်း က ဂျာမဏီမှာ ၂ နှစ် ကျောင်းတက်ခဲ့ဘူးပါတယ် )

 

ဂျာမန် စကားက Pronunciation အရမ်းမှန်ပြီး ၊

အသံထွက် တိကျတဲ့ စကားလို့ ပြောပါတယ် ။

English စကားလို But ကိုတော့ ဘတ် လို့ထွက်ပြီး ၊

Put ကျတော့ မ ပါတ် ပဲ ပွတ် လိုက်တာမျိုး မရှိပါဘူးတဲ့ ။

 

နောက် တစ်ခုက ပြင်သစ် စကားဟာ တိရိစာ္ဆန်တွေကိုက အစ ၊

အထီး ကို နာမည် တစ်မျိုး ၊ အမ ကို နာမည် တစ်မျိုး သတ်သတ်စီကို ပေးထားတာမို့ ၊

အရမ်း တိကျတဲ့ ဘာသာစကားလို့ ပြောပါတယ် ။

 

အဘတို့မလဲ ကံဆိုးလွန်းလို့ ဗလောင်းဗလဲ နိုင်လွန်းလှတဲ့ ၊

English စကား ကို သုံးနေ ၊ ပြောနေရတာပါ တဲ့ ။

 

ကဲ ၊ ထားပါတော့လေ ။

Heidelberg မြို့ကနေထွက်ခဲ့ပြီး လမ်းမှာ ၁၃၆၈ ခုနှစ်ထဲက ဆောက်ခဲ့တယ်ဆိုတဲ့ ၊

နှစ် ၆၀ဝ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ အိမ် တစ်အိမ်ကို သွားကြည့်ခဲ့ကြပါတယ် ။

၁၃၆၈ ခုနှစ်ထဲက ဆောက်ခဲ့တယ်ဆိုတဲ့ နှစ် ၆၀ဝ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ အိမ် ။
၁၃၆၈ ခုနှစ်ထဲက ဆောက်ခဲ့တယ်ဆိုတဲ့ နှစ် ၆၀ဝ ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ အိမ် ။

 

အဲဒီနောက်မှာတော့ ၊ ညနေ ၅ နာရီလောက်မှာ ၊

အဘ တို့ Rhine River Cruise စီးကြမယ့် ဆိပ်ကမ်းကို ရောက်ပါတယ် ။

အဲဒီ ဆိပ်ကမ်းကနေ ဂျာမဏီ နိုင်ငံ Boppard ဆိုတဲ့ မြို့လေး အထိ ၊

အချိန် ၁ နာရီလောက် ရိုင်းမြစ်ကို အပျော်စီး သင်္ဘော နှင့် စုန်ဆင်းကြမှာပါ ။

 

အပျော်စီး သင်္ဘော စီးကြတော့ ၊ အပြင်ဖက်မှာ လေ နဲနဲတိုက်နေပါတယ် ။

အကြမ်းဖျင်းအားဖြင့် အဘ က Temperature Two Digit လောက်ဆို အေးအေးဆေးဆေး ခံနိုင်ပါတယ် ။

အဘ အထင် Outside air Temperature က One Digit လောက်ပဲရှိမယ်ထင်တယ် ။

အပြင်ဖက်မှာ တော်တော်လေးကို အေးနေပါတယ် ။

ဒါပေမယ့်လည်း ဓါတ်ပုံ ရှုခင်းလှလှလေးတွေ ရိုက်ချင်တော့လည်း အပြင်ထွက်ရတာပါပဲ ။

အဘ တို့ စီးခဲ့တဲ့ Rhine River Cruise အပျော်စီး သင်္ဘော ။
အဘ တို့ စီးခဲ့တဲ့ Rhine River Cruise အပျော်စီး သင်္ဘော ။
ရိုင်းမြစ် အပျော်စီး သင်္ဘော ခရီးစဉ် တစ်လျှောက် ရှုခင်းတွေ - 1
ရိုင်းမြစ် အပျော်စီး သင်္ဘော ခရီးစဉ် တစ်လျှောက် ရှုခင်းတွေ – 1
အပျော်စီး သင်္ဘော ခရီးစဉ် တစ်လျှောက် ရှုခင်းတွေ - 2
အပျော်စီး သင်္ဘော ခရီးစဉ် တစ်လျှောက် ရှုခင်းတွေ – 2

 

ရိုင်းမြစ် အပျော်စီး သင်္ဘော ခရီးစဉ် တစ်လျှောက် ရှုခင်းတွေ - 3
ရိုင်းမြစ် အပျော်စီး သင်္ဘော ခရီးစဉ် တစ်လျှောက် ရှုခင်းတွေ – 3
ရိုင်းမြစ်ကို ကန့်လန့် ၄ ကန့် ကန့်ထားပြီး ၊ ညာအစွန်အကန့်ကနေ သင်္ဘောတွေ ဝင်ထွက်ရတယ် ။
ရိုင်းမြစ်ကို ကန့်လန့် ၄ ကန့် ကန့်ထားပြီး ၊ ညာအစွန်အကန့်ကနေ သင်္ဘောတွေ ဝင်ထွက်ရတယ် ။

 

 

 

 

 

သတိထားမိတာ တစ်ခုကတော့ ဂျာမဏီဖက်က ၊

မြေကြီး ကျောက်တောင် တွေဟာ မဲနက်နေပြီး ၊ ခရမ်းရောင်ပါ နဲနဲပေါက်နေပါတယ် ။

ရှေးဟောင်း တိုက်တာ အဆောက်အဦးတွေ အားလုံးဟာလည်း နီညိုရောင်တွေချည်းပါပဲ ။

အဘ အရင်ဖြတ်ခဲ့တဲ့ တခြား ဥရောပ နိုင်ငံတွေက ၊

ရှေးဟောင်း အဆောက်အဦးတွေဟာ သဲရောင် ကျောက်တွေ သုံးတာ များတယ် ။

 

ဒီနေ့ လမ်းတစ်လျောက်မှာတော့ ၊

အရောင် အမျိုးမျိုး နှင့် လှချင်တိုင်း လှနေတဲ့ သစ်ပင် သစ်ရွက်တွေဟာ ၊

မျက်စိ ပသာဒ အဖြစ်ဆုံးပါပဲ ။

ရောင်စုံ သစ်ပင်လေးတွေ - ဆွစ်ဇာလန် နိုင်ငံ Lucern မြို့က ။
ရောင်စုံ သစ်ပင်လေးတွေ – ဆွစ်ဇာလန် နိုင်ငံ Lucern မြို့က ။
ရောင်စုံ သစ်ပင်လေးတွေ - ဂျာမဏီ နိုင်ငံ Heidelberg မြို့က ။
ရောင်စုံ သစ်ပင်လေးတွေ – ဂျာမဏီ နိုင်ငံ Heidelberg မြို့က ။
ရောင်စုံ သစ်ပင်လေးတွေ - ဂျာမဏီ နိုင်ငံ လမ်းဘေး တစ်နေရာက ။
ရောင်စုံ သစ်ပင်လေးတွေ – ဂျာမဏီ နိုင်ငံ လမ်းဘေး တစ်နေရာက ။
ရောင်စုံ သစ်ပင်လေးတွေ - ရိုင်းမြစ် ကမ်းနား သင်္ဘောဆိပ်က ။
ရောင်စုံ သစ်ပင်လေးတွေ – ရိုင်းမြစ် ကမ်းနား သင်္ဘောဆိပ်က ။
ရောင်စုံ သစ်ပင်လေးတွေ - ဂျာမဏီ နိုင်ငံ Boppard မြို့က ။
ရောင်စုံ သစ်ပင်လေးတွေ – ဂျာမဏီ နိုင်ငံ Boppard မြို့က ။

 

 

 

 

 

ညနေ ၆ နာရီခွဲလောက်မှာ ဂျာမဏီ နိုင်ငံ Boppard မြို့လေး မှာ ကမ်းကပ်ပြီး ၊

အဘတို့ ဒီည တည်းမယ့် Best Western Bellevue Rhine Hotel, Boppard ကိုသွားကြပါတယ် ။

အဲဒီ Hotel အဘတို့ အခန်းက Rhine River ကို မျက်နှာပြုထားတဲ့ ဝရန်တာလေး ရှိပြီး ။

အဘတို့ရဲ့ အခန်းရှေ့ဖက် အောက်ဖက်နားမှာ အပျော်စီး Boat တစ်စီး ကပ်ထားပြီး ၊

အဲဒီ အပျော်စီး Boat ရော ၊ ရိုင်းမြစ်ကြီးရဲ့ ရှုခင်းတွေရောဟာ အရမ်းလှနေပါတယ် ။

 

ဒီနေ့ညစာကိုတော့ အဲဒီ Best Western Bellevue Rhine Hotel မှာပဲ စားကြပါတယ် ။

အဘတို့ အဖွဲ့က Suzane ဆိုတဲ့ ဩဇီ တရုတ်မလေး က ၊

ပြီးခဲ့တဲ့ ဂျာမဏီ နိုင်ငံ Munich မြို့မှာတုန်းက ၊

ဂျာမန်မလေးတွေ ဝတ်တဲ့ ဝတ်စုံကို သဘောကျလို့ဆိုပြီး ၊

ဂျာမန် ဝတ်စုံ တစ်စုံကို ယူရို ၁၇ဝ ( မြန်မာငွေ ၂ သိန်းလောက် ) နှင့် ဝယ်ထားတာ ရှိပါတယ် ။

အဘတို့ကလည်း ဒါ နောက်ဆုံး ဂျာမန်မြို့ပဲဆိုပြီး ဝိုင်း တိုက်တွန်းကြတာနှင့် ၊

ညစာ စားပွဲကို အဲဒီ ဂျာမန် ဝတ်စုံ ဝတ်လာပါတယ် ။

အဘတို့ တစ်ဖွဲ့လုံးကလူတွေကလည်း ဝိုင်း လက်ခုပ်တီး အားပေးကြပြီး ၊

အဲဒီ ဂျာမန် ဝတ်စုံ နှင့် ဩဇီ တရုတ်မလေး Suzane နှင့် အမှတ်တရ ဓါတ်ပုံ တွဲရိုက်ကြပါတယ် ။

 

Sorry ပါ တရုတ်မလေး ဆိုပေမယ့် မိန်းကလေးငယ် မဟုတ်ပါဘူး ။ အသက် ၅ဝ ရှိပါပြီ ၊

အဘတို့ မယုံနိုင်လို့ Passport တောင်းကြည့်တာ တကယ် ၁၉၆၂ ဖွားပါ ။

အနေအစားမှန်လို့ ရုပ်နုနေတာပါ ။

အဘ ခဏ ခဏ ပြောနေတဲ့ အနောက်နိုင်ငံကြီးတွေမှာ အခြေချနေထိုင်တဲ့ ၊

အာရှသားတွေဟာ ရုပ်နုကြတယ် ဆိုတာ ၊ သူက သက်သေပြနေသလိုပါပဲ ။

အခု အဘ ပြထားတဲ့ ဓါတ်ပုံကိုသာ ကြည့်ကြပါတော့ ။

( ဒါကြောင့်လည်း ဩဇီ ရဲ့ Life Expectancy က မြန်မာပြည်ထက် နှစ် ၂ဝ များနေတာ ဖြစ်မယ် )

 

ဟဲ ဟဲ ၊ ပုခုံးပေါ် လက်တင်ထားလို့ အဘ ကို တစ်မျိုးတော့ မတွေးကြပါနှင့် ။

ဒီ ဓါတ်ပုံကို ရိုက်ပေးနေတဲ့သူက အဘ မဟေသီ ကိုယ်တိုင်ပါ ။

 

တော်သေးပြီ ။

 

အဘ ဖေါ ( F R ) ။

 

ဒါနှင့် စကားမစပ် အဘ ရဲ့ ခရီးသွား ဓါတ်ပုံ Post တွေကို

မြန်မာပြည်က ရွာသူားတွေ ဘယ်လိုများကြည့်နေကြပါလိမ့် ။

Connection က တကယ့် ချာတူးလန် ပဲ ။

အဘ ခရီးသွား ဓါတ်ပုံ Post တစ်ခုတင်ဖြစ်ဖို့ ၊ မနဲစိတ်သွင်းရတယ် ။

ဒီအတိုင်း ဆိုရင် ၊ တစ်လမှာ တစ်ပုဒ်လောက်ပဲ တင်လို့ရလိမ့်မယ် ။

အဘတို့ရဲ့ အခန်းရှေ့ဖက် အောက်ဖက်နားမှာ ကပ်ထားတဲ့ အပျော်စီး Boat ။
အဘတို့ရဲ့ အခန်းရှေ့ဖက် အောက်ဖက်နားမှာ ကပ်ထားတဲ့ အပျော်စီး Boat ။
ဂျာမန် ဝတ်စုံ နှင့် ဩဇီ တရုတ်မလေး Suzane နှင့် အမှတ်တရ ဓါတ်ပုံ တွဲရိုက်ကြပါတယ် ။
ဂျာမန် ဝတ်စုံ နှင့် ဩဇီ တရုတ်မလေး Suzane နှင့် အမှတ်တရ ဓါတ်ပုံ တွဲရိုက်ကြပါတယ် ။

 

 

 

 

16 comments

  • Foreign Resident

    January 29, 2013 at 10:11 am

    ဒါနှင့် စကားမစပ် အဘ ရဲ့ ခရီးသွား ဓါတ်ပုံ Post တွေကို
    မြန်မာပြည်က ရွာသူားတွေ ဘယ်လိုများကြည့်နေကြပါလိမ့် ။
    Connection က တကယ့် ချာတူးလန် ပဲ ။
    အဘ ခရီးသွား ဓါတ်ပုံ Post တစ်ခုတင်ဖြစ်ဖို့ ၊ မနဲစိတ်သွင်းရတယ် ။
    ဒီအတိုင်း ဆိုရင် ၊ တစ်လမှာ တစ်ပုဒ်လောက်ပဲ တင်လို့ရလိမ့်မယ် ။

    တကယ့် လိပ် နှင့် ပက်ကျိ စပ်ကျထားတဲ့ Connection ပဲ ။
    စိတ်လေတယ် ။

    • ကျနော် မေ့သွားတယ်ဗျ ..
      အဘကို MICT ကို ခေါ်သွားရမှာ …
      အဲ့ဒီမှာက ကွန်နက်ရှင် ဖလန်းဖလန်း ပဲ …
      မြန်တဲ့ နေရာတော့ ရှိပါတယ် အဘရေ …

  • mamanoyar

    January 29, 2013 at 10:22 am

    ရှုခင်းတွေအရမ်းလှတာပဲ
    အဘဓါတ်ပုံတွေတကယ်မိုက်တယ်
    အဘရဲ့ခရီးသွားတောလားက တကယ်ပဲစိတ်ဝင်စားဖို့ကောင်းပါတယ်

  • pooch

    January 29, 2013 at 11:47 am

    ဒါဆို ဟမ်ဘာဂါကို ကနဦး စခဲ့တဲ့ Hamburg မြို့ကိုရော လည်ဖြစ်ခဲ့လား အဘဖော

    Freiburg နဲ့ Hamburg နည်းနည်းပဲ ဝေးတာမလား

    မှန်ရာကို ဝန်ခံရရင် Schindler’s list ကို ကြည့်ပြီး ဂျာမန်တွေကို အော်ဂလီဆန်ဖူးတယ်

    အင်း… ဒီလို အား ကောင်းမောင်းသန်ဖြစ်နေတာ ကြောင့်လည်း ကမာ္ဘကို တခေတ်တခါက ကိုင်လှုပ်
    နိုင်သူတွေ ဖြစ်ခဲ့ကြတာ နေမှာ :mrgreen:

    • Foreign Resident

      January 31, 2013 at 8:50 am

      ” Hamburg မြို့ကိုရော လည်ဖြစ်ခဲ့လား အဘဖော ”

      Hamburg မြို့ကိုတော့ အဘတို့ သင်္ဘောသားတွေ ခဏခဏ ရောက်တယ်ကွယ် ။
      Hamburg က St. Pauli မှဆို သင်္ဘောသား ခြေရာချည်းပဲ ။

  • ဗုံဗုံ

    January 29, 2013 at 12:20 pm

    ဟယ် အဘဖောရယ် အသက် (၅၀) မယုံနိုင်စရာဘဲနော် လှလည်းလှတယ် အဘထက်တောင် နုသေးတယ်နော :mrgreen:

    • Foreign Resident

      January 31, 2013 at 8:52 am

      ” အဘထက်တောင် နုသေးတယ်နော ”

      ဟုတ်ပါတယ်ကွယ် ။
      သူက ငယ်ငယ်လေးထဲက ဩဇီ ရောက်နေတာလေ ။
      အဘက ဩဇီ ရောက်တာ သိပ်မကြာသေးဘူးလေ ။
      သူက ပိုနုတာပေါ့ ။

  • kai

    January 29, 2013 at 1:10 pm

    အဘဖောရေးတာကြည့်ပြီးမှ.. ကျုပ်ရဲ့မိုင်၄၀ဝမှာရပ်နေတဲ့ မိုင်၁၀၀ဝ ခရီး ဆက်တင်ဖို့ သတိရတယ်..။
    ဆိုတော့..
    အဘဖောအတွေးတွေနဲ့ဆက်စပ်လိုက်ပြောရရင်..

    ယူအက်စ်ရောက်ခါစက.. သူတို့ရဲ့ စားစရာသောက်စရာတွေ..များတာကြီးတာလေးသတိရမိတယ်..
    ဂျပန်မှာတုံးက.. ခွက်တွေထက်အများကြီး.. ကြီးတာကိုး..
    ဆိုင်ချင်းတူတူဖြစ်တဲ့. မက်ခ်ဒေါနယ်မှာတောင်.. ခွက်ချင်း.. ဟင်ဘာဂါအရွယ်ချင်းမတူဘူးပဲ..
    ယူအက်စ်မှာက.. မက်ခ်ဒေါနယ်မှာ ဆိုဒါခွက် အရွယ်၃ခုရှိတာ.. အကြီးဆုံးဆို 42oz ရှိပါတယ်..။
    အဲဒါအပြင်.. ကြီုက်သလောက်ထပ်ယူလို့ရသေးတယ်လေ..။

    ရောက်ခါစက.. ဟင်ဘာဂါတခု.. လွယ်လွယ်နဲ့ကုန်အောင်မစားနိုင်ပါဘူး..
    အခုတော့.. တခုလောက်ဆို.. စားလို့မဝ.. မလောက်တော့ဖူး..။ :kwi:

  • Ma Ei

    January 29, 2013 at 1:39 pm

    တရုတ်မလေး Suzane အသက် ၅ဝ နုနေပေမယ့်
    ဇရာကိုညာမရတာကတော့ မျက်မှန်လေးပေါ့နော်…
    သစ်ရွက်ရောင်စုံလေးတွေ အရမ်းကိုလှပါတယ်…

  • မောင်ပေ

    January 29, 2013 at 9:20 pm

    ရေငန်ပိုင်ဦးဖော က တော့ ပိုင်ချက်
    ဩဇီတရုတ်မ ဖက်တီးလေးကလဲ ၅ဝဆိုတာ ထင်ရက်စရာကိုမရှိဘူး ။ လူနေမှုစနစ်မြင့်တာကြောင့်မို ့ နုပျိုလန်းဆန်းနေတာများလား
    ဒါနဲ ့
    ဂျာမန်တွေက put ကို မပွတ်ပဲ ပတ်လို ့ပဲ ဖတ်တာလား

    • Foreign Resident

      January 31, 2013 at 8:44 am

      ” ဂျာမန်တွေက put ကို မပွတ်ပဲ ပတ်လို ့ပဲ ဖတ်တာလား ”

      အတိအကျတော့ မသိပါဘူးကွယ် ။
      ဆိုလိုရင်းက ဂျာမန်စကား က အသံထွက် မှန်တယ် ၊
      ရှေ့တစ်ခုမှာ ဘတ် ထားရင် နောက်တစ်ခုမှာ ပတ် မယ်လို့ ဆိုလိုတာပါ ။

  • padonmar

    January 30, 2013 at 12:40 am

    အဘအဘ
    သများလည်း အဲလို ဂါဝန်လေးဝတ်ကြည့်မယ်လေ။
    ……………………
    ရှုခင်းတွေ လှချက်ကတော့ ဆိုဖွယ်မရှိ။

    • Foreign Resident

      January 31, 2013 at 8:27 am

      ” သများလည်း အဲလို ဂါဝန်လေးဝတ်ကြည့်မယ်လေ ”

      မပဒုမ္မာသာ ဝတ်လိုက်ရင် ၊
      ၁၆ နှစ်သမီးလေးနှင့် မှားသွားမယ် ။

  • အရီးခင်လတ်

    January 30, 2013 at 4:08 pm

    ဂျာမန်မလေးတွေ က အတော်ချော၊ ဂျာမန်ကောင်လေးတွေကလဲ သူတို့ ခန္တာကို ကြွက်သားတွေရှိအောင် အမြဲ လေ့ကျင့်ခန်း လုပ်လေ့ရှိတယ်ကြားဖူးတာဘဲ။
    သစ်ရွက်အရောင်ပြောင်းချိန်ကို မှီလိုက်တာ ဟန်ကျတာဘဲ။
    ရိုင်းမြစ် ဆိုတာ စာထဲဘဲ သင်ဖူးတာ။ အခုမှ မြင်ဖူးတယ်။

    လှတဲ့ ရှုခင်းတွေကတော့ ရိုက်သူတော်ရင်လဲဖြစ်၊ ကင်မလာကောင်းရင်လဲ ဖြစ်၊ သူ့ဟာသူ ကို အရမ်းလှနေလို့ လဲ ဖြစ်၊ ပါတ်ဝန်းကျင် ထိမ်းသိမ်းနိုင်မှု ကြောင့်လဲ ဖြစ် ဒါမှမဟုတ် အားလုံးကြောင့်လဲဖြစ်မှာပါလေ။
    Suzane နုတာ ကျွန်မတို့ လေဒီ ကို မမှီသေးပါဘူးလေ။ 😉

    နာမ်စား အခေါ်သတ်မှတ်တာတွေ ကတော့ Flexible မဖြစ်လဲ နေပါစေတော့ အဘရယ်။
    တစ်မျိုးဘဲ ရိုးရိုးရှင်းရှင်းဘဲ သုံးရတာလွယ်ပါတယ်။
    “လူဟာလူဘဲ ပြောစမ်းပါ ဘာကွာလဲ” ဆိုတဲ့ (ဦး)သန်းနိုင် သီချင်းလိုပေါ့။

    ကျွန်မတို့ ကို ဥရောပမှာ ပြစ်မထားခဲ့သေးလို့ ကျေးကျေးပါရှင်။ 😆

  • lele

    January 30, 2013 at 6:59 pm

    အဘရေ ကျမ တွေ ့ဘူးတဲ့ဂျာမန် တွေက လူကောင်သေးတယ်. ပိန်ပိန်သွယ်သွယ်နဲ ့. Siemens, ABB, Hoppe, တို ့က. တနေ ့က meeting အပြီးမှာ ရေသန် ့ဘူးခွံ ကိုင်ပြီး သူတို ့ဆီမှာအဲဒါကို Recycle ပြန်လုပ်တယ်တဲ့. ကျမ တို ့ မန်နေဂျာက ပြန်ပြောလိုက်တယ် တို ့ဆီမှာလဲ အမှိုက် ပုံးတွေကိုအရောင်ခွဲပြီး စွန် ့ပစ်တာလို ့.. (သူတို ့က hamburg က လာတာ, Hamburg သူား တွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတော်တော်ပြောတယ်လို ့ အခြား ဂျာမန် မိတ်ဆွေ တယောက်ကပြောတယ်).

    • Foreign Resident

      January 31, 2013 at 8:47 am

      ” တို ့ဆီမှာလဲ အမှိုက် ပုံးတွေကိုအရောင်ခွဲပြီး စွန် ့ပစ်တာလို ့”

      မြန်မာပြည်မှာ အမှိုက်ကို အမျိုးအစားခွဲပြီး သိမ်းနေပြီပေါ့ ။
      ဩဇီမှာတော့ အမှိုက်သိမ်းတဲ့ ကား ကိုက မတူတာ ။

Leave a Reply