ချစ်ခြင်း တူလို့ အပူမျှဝေနိုင်ကြစေ( ညီမလေး ဖတ်ဖို့)
ညီမလေးရေ
ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုကိုအကိုတွေးဖူးတယ်။အချစ်မှာသတ္တိတွေခွန်အားတွေရှိတယ်အနစ်နာခံခြင်းတွေရှိတယ်။နောက်သူပျော်စေတော့ဆိုတဲ့
အလျှော့ပေး စိတ်တွေရှိတယ် ကွယ်။ တစ်ချို့ကတော့ အချစ်ဆိုတာကိုအစာအဖြစ်တပ်ဆင်ပြီးလူကလူကိုမျှားတတ်ကြတယ်။
စိတ်ရဲ့ထွေပြားမှုကြောင့်လည်းအချစ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတယ်။
ညီမလေးရေ မြို့မှာကိုယ်ရေပြားရောဂါသည်အမျိုးသမီးတစ်ယောက်နဲ့လူငယ်လေးတစ်ယောက်ရဲ့လက်ထပ်ပွဲလေးတခုကိုအကိုကြားမိလိုက်တယ်။
အမျိုးသမီးကအသက်(၃၀)ကျော်နဲ့(၂၀)ကျော်လောက်ရှိတဲ့လူငယ်လေးလက်ထပ်ပွဲကို အကိုအံ့ဩလိုက်တာညီမလေးရယ်။သူတို့လက်ထပ်ပွဲကတော့မခမ်းနားပါဘူးရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာပဲ
ဧည့်သည်လေးတွေဖိတ်လို့ညပိုင်းလေးမှာလက်ထပ်စာချုပ်ကိုလက်မှာတ်ရေးထိုးတာပါ။ကွက်သစ်နောက်လမ်းလို့ခေါ်တဲ့ဆင်းရဲသားတွေနေတဲ့နေရာ
လေးကလက်လုပ်လက်စားမိသားစုပညာ လည်း မတတ်ကြသူတွေပေါ့ညီမလေးရယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာသတို့သမီးကအဝါရောင်ချိတ်ထမီနဲ့အမျိုးသားကလည်းတိုက်ပုံအကျီလေးနဲ့ပေါ့။လက်ထပ်စာချုပ်ချုပ်ဆိုလက်မှတ်ရေး
ထိုးတဲ့အခါမှာသတို့သမီး
လက်ကလေးတွေကိုရပ်ကွက်လူကြီးကြည့်လိုက်တော့လက်ကလေးတွေကပွန်းပဲ့နေတယ်၊သွေးစလေးတွေထွက်နေတယ်။သူမကပြောသေးတယ်
ကျွန်မပျော်လိုက်တာတဲ့လေ။သူ့အမျိုးသားကလည်းဖေးဖေးမမရှိလှပါတယ်။လူတွေကရှောင်ဖယ်ခြင်းခံရတဲ့ကိုယ်ရေပြားရောဂါသည်တစ်ယောက်ကို
လက်ထပ်ပေါင်းသင်းမယ့်
သတို့ သား ကိုအကိုတော့အ့ဩမိတယ်။ရွံ့ရှာစိတ်ကိုဖျောက်ထားနိုင်တဲ့သူ့ရဲ့စိတ်ကိုညီမလေးရောမအံ့ဩမိဘူးလား။တခါကဆင်းရဲသားလေး
တစ်ယောက်လက်ထပ်ပွဲကို
အကိုသတိရမိပြန်တယ်ညီမလေး။သူ့ခမျာခမ်းခမ်းနာနားလက်မထပ်ရှာနိုင်ဘူး။ မိတ်ဆွေတစ်ချို့ကိုအိမ်မှာဧည့်ခံလို့အကျဉ်းချုံးလေးလက်ထပ်လိုက်ရရှာတယ်။
အိမ်အပြန်မှာချစ်
ဇနီးချော လေးကို ခေါ်လို့ ပြန်လာတဲ့အခါစရိတ်ကမလောက်ငှ ရှာ ဘူးလေ။ခရီး တစ်ထောက် ထမင်းစား ဖို့ ကျတော့ သူ့ချစ်သူလေးကိုဆိတ်သားနဲ့ကျွေးပြီးသူကဘေးကထိုင်ကြည့်နေရှာတယ်။ဒီအချိန်ဟာသိပ်ဆာနေတဲ့အချိန်လေ။အကိုကမြင်နေခဲ့တယ်။
ပြီးတော့သူတို့ရဲ့အဖြစ်သနစ်ကိုလည်း
ရိပ်မိနေတယ်။ဒါကြောင့်သူတို့ဝိုင်းမှာဝင်ထိုင်ပြီးထမင်းဆိုင်စားပြီးပေမယ့်အကိုကဖျော်ရည်တစ်ခွက်မှာလိုက်မိတယ်ပြီးတော့သူ့ကို
“ညီလေးမင်းကိုအကိုထမင်းကျွေးချင်တယ်အကိုစာမူခလေးရလာလို့ပါ” ဆိုပြီးမေတ္တာရပ်ခံပြီးကျွေးလိုက်ရတယ်ညီမလေး။အကို့အသိကောင်လေးပါ။ သိပ်ချစ်ကြတဲ့ချစ်သူအိမ်ထောင်ဘက်လို့အကိုသတ်မှတ်ခဲ့တယ်။သူ့ဇနီးကလည်းအလိုက်သိတတ်တယ်။ သူ့အမျိုးသားအလုပ်ကပြန်လာတာနဲ့ကြိုဆိုပြီးမောင်မောနေလား၊ခဏနားနော်ရေတစ်ခွက်လောက်သောက်လိုက်ထမင်းပြင်ပေးမယ်သိလားဆိုပြီး
ယပ်တောင်ခတ်ပေးလို့ပြုံးပြုံးရွှင်ရွှင်နဲ့နေထိုင်ကြတာအကိုမြင်ဖူးတယ်။အလုပ်ကြမ်း လုပ်ရရှာတဲ့ လင်ယောက်ျားရဲ့ အားပေးဖေါ် အားဆေး တစ်ခွက်
ပဲမဟုတ်ဘူးလား။
ညီမလေးရေသူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ပေါင်းစပ်ပြီးထွက်တဲ့ခရီးလေးကလှလိုက်တာနော်။အေးတူပူမျှဆိုတဲ့စကားလေးကို
အကိုသူတို့ကိုကြည့်ပြီးပုံဖေါ်မိပါတယ်။
အကိုရင်ထဲဝေမျှခံစားနာကျင်ကြေကွဲရတဲ့ချစ်သူစုံတွဲလေးတစ်တွဲတော့အကိုတွေ့ဖူးတယ်။ကောင်လေးကဆယ်တန်းမကောင်ရှာဘူး
ကောင်မလေးကတော့၁ဝတန်းအောင်လို့အဝေးသင်ပုသိမ်တက္ကသိုလ်မှာတက်ရပါတယ်။သူတို့ကနှစ်ရှည်လများချစ်ကြတဲ့ချစ်သူတွေပဲ။
တကယ်လည်းလက်ထပ်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။ကောင်လေးကနိုင်ငံရပ်ခြားကိုထွက်ခွာပြီးအလုပ်လုပ်ရတယ်ကောင်မလေးကတော့မိဘဆီနေပြီး
အဝေးသင်ရာသီမှာအဝေးသင်တက်ပေါ့။ကောင်လေးကိုတော့ကျုရှင်တက်ဖို့စရိတ်အဝေးသင်စရိတ်တွေကောင်လေးကပို့ပေးတယ်။
လက်ထပ်ပြီးရင်အိမ်တစ်ဆောင်မီးတစ်ပြောင်နေနိင်ဖို့ကြိုတင်စုထားဖို့လည်းမှာကြားထား
တယ်ကွယ်။ဒါပေမယ့်ညီမလေးရယ်အဝေးသင်တက်ပြီးရပ်ဝေးကချစ်သူကိုမေ့လို့ချစ်သူရီးစားအသစ်တွေထား၊တောင်ပေါ်လမ်းက
ချစ်သူလမ်းကြားမှာချိန်းတွေ့
လို့စာအပေါ်အာရုံ မထား ဘဲပျော်ပါး မေ့လျှော့ နေခဲ့တယ် ညီမလေး။ညီမလေးရယ် မိဘက ပညာတတ်စေချင် လွန်းလို့
ကျောင်း ထားတာကိုပညာသင်ချိန် ဘဝရဲ့တိုးတက်ရေးတွေကိုရှာဖွေရမယ့် အရွယ် အသိ ဉာဏ် ဖွံ့ဖြိုး မှုနဲ့ အတတ်ပညာတွေကို ရှာကြံ
အား ထုတ်ရမယ့် အရွယ် မှာ ပညာသင်ကြားမှုကိုအကြောင်းပြ လို့ ချစ်သူနဲ့ လျှောက် လည်၊
နောက်ဆုံးချစ်သူနဲ့ မသွား သင့်တဲ့ နေရာတွေကို သွားနေတဲ့ မိန်းကလေး တွေကို အကိုတော့
မုန်းမိပါတယ်။ ညီမလေး ရေ အကို့ အသိ တစ်ယောက် နိုင်ငံ ရပ်ခြား ကိုအလုပ် သွား လုပ် မယ်တဲ့ သူ့ သားလေး အတွက်
ငွေ ရှာရမယ် ဆိုပြီး
မလေးရှားကို ထွက် ဖို့မနက်မှာပဲ အကို လိုက်ပါ နုတ် ဆက် မိတယ်။ သူ့ ဇနီးကတော့ မျက်ရည် တွေဝိုင်းလို့၊ အဆိုးဆုံးက
သူ့ သားလေး (၈)နှစ်သားလေးက ဖေကြီး သားတို့ကို
ခွဲပြီး မသွားရ ဘူး ဆိုပြီး ငိုပါလေရော..။ ညီမလေးရယ် လေယာဉ် လက်မှတ်တွေစီ စဉ် ဗီဇာတွေ လုပ်ပြီးထွက်ခွာ တော့မယ့်
မိသားးစုအတွက်သွားးမယ့်
သူ့ရဲ့ရင်ထဲဝေဒနာဘယ်လောက်ဖြစ်မယ်ဆိုတာအကိုစာနာမိပါတယ်။ကလေးကတော့ ဖက်ပြီး ငိုလို့ ၊ အမျိုးသားက လည်း မျက်နှာ မကောင်းတဲ့ကြားက
သူ့သားကိုချော့ လို့ ဘဝစာမျက်နှာ တွေမှာ ခွဲခွာ ခြင်း တွေ ထဲကမိသားစု အရေး ခွဲခွာ သူတစ်ယောက်ရဲ့ ကြေကွဲ ခြင်းပါ ညီမလေး။
ညီမလေးရေ အိမ်ထောင်ရေးကို ဈေးးတွက် တွက် တတ်သူတစ်ချို့ကို ညီမလေး လည်းမြင်ဖူးမှာပေါ့နော်။တလောက မင်္ဂလာဆောင်
တစ်ခု အကို သွားခဲ့တယ်။သတို့ဘက်ကရင်းနှီးတာနဲ့ သွား လိုက်တာပါ။အသက် နှစ် ဆယ်ကျော် အမျိုး သမီးလေးကအသက်
၅ဝကျော် အရာရှိ လူပျိုကြီး တယောက်နဲ့ လက် ထပ် တဲ့ ပွဲ ပါ။
ကောင်မလေးကပျော်လို့ ပြုံးလို့ ။ အကိုက ချစ်ခြင်းမေတ္တာကို ရှာဖွေ မိပါတယ်။ဘယ် လိုအကြောင်းကြောင့် လဲ ဆိုတာကို လည်း
အတွေးဆင့်ပွားမိပြန်ပါတယ်။
ကောင်မလေးမှာ ချစ်သူရှိတယ် သူ့ ချစ်သူကို ပစ်ပြီးအိမ်ကပေးစားတာ ယူ တယ် ဆိုတာ သမီး အလိမ္မာလေး လို့
ညီမလေးက ထင် ချင်ထင်နိုင်ပါတယ်။
ဒါပေမယ့် ညီမလေးရေ သူယူလိုက်တဲ့ အမျိုးသားကအသက်ကြီးရင့်နေပြီ တစ်ဦးတည်းသောအမွေ ဆက်ခံမယ့် သူမရှိတဲ့
သူလေ။ညီမလေး တွေးမိလောက်ပါပြီ။
အချစ်မပါဘဲ၊အကျိုးအမြတ်တွက် ချက် တဲ့ လက် ထပ်ပွဲ တစ်ခု မဟုတ်ဘူးလားညီမလေးရယ်နော်။အဲ့ဒီလိုပဲ
ကိုယ်စွမ်းကိုယ်စ မရှိတဲ့ အမျိုးသား တွေ
ကလည်းတွက်ချက်အပိုင်ဖမ်းတတ်ကြတယ်။ သူတို့ရဲ့တွက်ချက်မှုတွေဟာတခါတရံမှာမှားနေတတ်တာလည်း
တွေ့ရ ပါတယ် ညီမလေး။ ညီမလေးလည်း အချစ်ကို အစာ အဖြစ် တပ်ဆင်ပြီး လူကို မျှား တတ်သူတွေကို
သတိထားပြီး ရှောင်စေချင်ပါတယ်။
ကိုယ်စွမ်းကိုယ်စ နဲ့ အချစ်ပါတဲ့အိမ်ထောင်ရေးကို ညီမ လေး ထူထောင်ပါနော်။လောက လူ့ ဘဝတိုတိုလေးထဲမှာအတ္တကြီးတဲ့ ၊
သဘောထားသေးသိမ်တဲ့ လူတွေကို ဝေးစွာရှဲပြီး စိတ်အလှ နဲ့ လောကကို အလှဆင်ပါလို့ အကိုပြောပါရစေ။
ချစ်ခြင်း မေတ္တာနဲ့ နားလည် မှုတူအပူမျှဖို့ ချစ်သူ အိမ်ထောင် ဘက်ကို
လည်း စိတ်တိုင်းကျ ရွေး ချယ်နိုင်ပါစေလို့ အကို ဆန္ဒပြု မိပါတယ် ညီမလေး။
18 comments
Mr. MarGa
February 3, 2013 at 6:11 pm
ညီမလေးထက် အရင် ဦးမာဃ ဖတ်လိုက်တယ်
ဘဝ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်ရာမှာ
နှစ်ဖက်စလုံးရဲ့ ပတ်ဝန်းကျင်ကိုပါ ထည့်တွက်ရတတ်တယ်
အဓိက ပေါင်းမှာက လူနှစ်ယောက်ပေမယ့်
ပတ်ဝန်းကျင်ချင်းပါ ပေါင်းကြရတာပါ
ဘက်ညီတဲ ့အိမ်ထောင်တစ်ခု ဖြစ်ဖို့ဆိုတာ
နားလည်မှု၊ အလိုက်သိမှု၊ သည်းခံမှုတွေ က အဓိက ကျပါတယ်
ရှေးလူကြီးတွေ ပြောတာ ကြားဖူးတာကတော့
ကိုယ်ချစ်ကို မရှာနဲ့ သူချစ်ကို ရှာ တဲ့
ဦးမာဃ ဖြည့်ပြောချင်တာကတော့
ချစ်ရုံနဲ့မပြီး နားလည်မှုသာ အဓိက ပါလို့
အချစ်ကို သိပ် ဦးစားမပေးချင်သလိုပဲ
htet way
February 3, 2013 at 6:27 pm
ကျေးဇူးတင်ပါတယ် ညီလေး
ညီမလေး ဖတ်ဖို့ ဆိုပြီးခေါင်းစဉ်ပေးထားပေမယ့် အကိုရည် ညွှန်းတာက
အားလုံး အတွက် ဆိုတာ ငါ့ ညီ သိပါတယ်။
ညီရဲ့ ကွန် မန့်က အကို ပြောချင် တာကို ထင်းကနဲပဲ..အော် စာရေးဆရာ ကျူရှင် ဆရာပေကိုး
အားပေးတာ ကျေးဇူးပါ။
မောင်ပေ
February 3, 2013 at 7:56 pm
ကိုထက်ဝေးရေ
ညီမလေးကို ပေးဖတ်ဖို ့အတွက်
ကော်သွားပါပြီဗျို ့
နေဝန်းနီ
February 3, 2013 at 8:24 pm
ကပေ ဘာတွေ ကော်သွားတာလဲ ………?
လောကမှဖြစ်တတ်တဲ့သဘောလေးတွေပါ…..။ ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် အနဲနဲ့အများတော့ရှိတတ်ပါတယ် ဆရာထက်ဝေးရေ…။ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့
htet way
February 3, 2013 at 8:58 pm
ဆရာမောင်ပေ ၊ ဆရာနေဝန်းနီ
အချစ် မှာ အထိနာ ခဲ့ ကြ သလားဟာဟ
အားပေးတာကျေးဇူးပါ
padonmar
February 3, 2013 at 9:37 pm
ဆရာထက်
ရွာပြန်လာပြီနော်။
…..
ကိုယ်ရေပြားရောဂါသည်နဲ့ လက်ထပ်တဲ့ ကောင်လေးရဲ့ အချစ်ကို ချီးကျူးပေမယ့် သူ့မိဘသာဆိုရင် ဆိုတဲ့ အတွေးတွေးမိတယ် ဆရာထက်ရေ။
ကျမတော့ ကွန်ဆာဗေးတစ်လားမသိပါဘူး။
surmi
February 4, 2013 at 1:06 am
အချစ်ကို ထိတ်မှာထားရင်တော့ … ဂွတ် …..
အချစ်သူရဲကောင်း …၊ ဖေးမကြင်နာတတ်သူ …၊ ချစ်သူအတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် …
အဲ….. သဘာဝကျကျ တွေးရင်တော့ …. အရေပြားရောဂါသည် တစ်ဦးထပ်တိုးလာနိုင်တယ်
လူ ့စွမ်းအား အရင်းအမြစ် ယုတ်လျော့နိုင်တယ် … တိုင်းပြည်တွက်လည်း မလိုအပ်ပဲ ဝန်ပိစေမယ် …
ဟုတ်ပြီ ….. နောက်တစ်မျိုး စဉ်းစားကြည် ့မယ် ..
ကျုပ်သားနဲ့ ရော ..ပေးစားနိုင်မလား းးးးးး
လာ ဂျ ဘာ ဦး ..အရပ်ကတို့ရေ …. အောင်မလေးဗျ ……..
( အတ္တ ဟိတသည် … ပရဟိတနှင် ့ တစ်ခါတစ်ရံ လားလားမှမဆိုင် … အချစ်သည်
ပရဟိတမဟုတ် )
ဆရာထက်ရေ ……
ဘာရယ်မဟုတ် …ကျနော့ အမြင် သက်သက်ပါနော
မတွေ ့တာကြာလို့ အားရပါးရ ဝင်ပွားလိုက်တာ ……။
Foreign Resident
February 4, 2013 at 6:17 am
ဆရာထက် ပျောက်နေတာ ကြာပြီ ။
ကိုယ်ရေပြားရောဂါသည်လေးကို ချစ်မိရင်တော့ ယူမှာပေါ့ဗျာ ။
အဲဒီ အပိုင်းက သိပ် မထူးဆန်းပါဘူး ။ ချစ်မိသွားပြီကိုးဗျ ။
အဓိက ပြဿနာက ၊ ကိုယ်ရေပြားရောဂါသည်လေးကို ၊
ကိုယ်က တကယ် ချစ်မိဖို့က ခဲယဉ်းတာဗျ ။
မိုချို
February 4, 2013 at 10:36 am
ဆရာထက်
ပျောက်နေကြာပေါ့။ ညီမလေး စီးရီးနဲ့ အတူ ပြန် ပေါ် လာလို့ဝမ်းသာပါတယ်။
အချစ်ဟာ ဘဝရဲ့ စွမ်း အင် တစ်ခုလည်း ဖြစ်နိုင်ပါ တယ်။ တဲအိမ် ပျက်မှာ နေပြီး တမင်း ရည် ပူ အတူ သောက် ရ ရင်တောင် အသိညာဏ် ရှိတဲ့ ချစ်ခြင်း နဲ့ ပေါင်းစပ် ထား ရင် အဲ လို ဒုက္ခ မျိုး ကို ခဏ နဲ့ ကျော်လွှား နိုင်မှာပါ။
ဦးဦးပါလေရာ
February 4, 2013 at 10:48 am
အေးဗျာ… ဆရာထက်ရေ…
ဒီတော့ပစ်ကတော့ ကျုပ်နဲ့အလှမ်းဝေးပါတယ်။
ပြောရရင်-
အသက်နှစ်ဆယ်လောက်တုန်းကတော့ အချစ်ဆိုတာဘာလဲလို့ စူးစမ်းဘူးပါတယ်…
အသက်သုံးဆယ်လောက်မှာတော့ အချစ်ဆိုတာကို သေသေချာချာသိပြီလို့ ထင်ခဲ့ဘူးပါတယ်…
အခု အသက်ငါးဆယ်နားနီးလာချိန်မှာတော့ အချစ်ဆိုတာဘာမှန်း မေ့သွားပါပြီ..။
တခုတော့ပြောနိုင်တယ်ဗျ…
တွက်ချက်ပြီးယူတဲ့ အိမ်ထောင်ရေးဟာ မကောင်း/ မူမမှန်ပါဘူး..
အကြောင်းကတော့ တွက်ချက်တာ မှားနေလို့ပဲ….
မှန်အောင်တွက်မိတဲ့လူက အိမ်ထောင်မပြုတော့ဘူးလေ..
:harr:
Foreign Resident
February 15, 2013 at 7:06 am
” အသက်နှစ်ဆယ်လောက်တုန်းကတော့ အချစ်ဆိုတာဘာလဲလို့ စူးစမ်းဘူးပါတယ်…
အသက်သုံးဆယ်လောက်မှာတော့ အချစ်ဆိုတာကို သေသေချာချာသိပြီလို့ ထင်ခဲ့ဘူးပါတယ်…
အခု အသက်ငါးဆယ်နားနီးလာချိန်မှာတော့ အချစ်ဆိုတာဘာမှန်း မေ့သွားပါပြီ.. ”
မေ့သွားလို့ ဘယ်ဖြစ်မလဲဗျ ။
ဒီ အဖိုးကြီး စာမကျေဘူးလို့ အပြောခံရမပေါ့ ။
သေချာ ပြန် စူးစမ်း အုံး ။
လူကလေး
February 4, 2013 at 2:45 pm
ကိုကြီး အစားရေး ပေးထားသလိုပါပဲ..
ကိုကြီး ကိုယ်တို်င်က ပြောနေသလို ခံစားပြီးဖတ်/မှတ်သွားပါတယ်..
Traditional Medicine
February 4, 2013 at 4:07 pm
အချစ် ကိုအားမပေးပါ။ လူ ဆိုတာပုံသေတွက်လို့မှမရပဲ။ ဘာပဲပြောပြော ဦးနှောက်နှင့် နှလုံးသား အသိ
ပညာ အားလုံးပေါင်းစပ် ပြီးမှ ရွေးချယ်သင့်တယ်လိုထင်ပါတယ်။စီးပွားရေး၊ပညာရေး၊စာရိတ္တ၊အကျင့် ၊
၊ကျန်းမာရေး၊ အသိုင်းအဝိုင်း နားလည်ပေးမူ အားလုံး ကိုယ်ကလက်ခံနိုင်တယ် ဆိုတဲ့ အနေထားလေးရှိ မှ ချစ်ဖို့ကြိုးစားတာ က ရေတို၊ရေရှည် အတွက်ကောင်းပါလိမ့်မယ်နော်။အသက်ကြီးသူ ကို ငွေတစ်ခုတွက် မရွေးချယ်သင့်သလို ကိုယ်ရေပြားရှိသူ ထမင်းတစ်နပ်တောင် မကျွေးနိုင်သူကိုလည်း မရွေးသင့်ဘူး အဲနောက်တစ်ခု က ကိုယ်ရည်းစား နဲ့သွားတဲ့ခါ သူက ဘယ်ကျောင်းကလဲ လို့မေးရင် ……..
(ဒီလိုပဲ တွေးထားလို့လားမသိ ခုထိ…………..)
မဟာရာဇာ အံစာတုံး
February 5, 2013 at 12:16 am
မင်ဂါဘာလို့ နှုတ်ခွန်းဆက်ဘာဒယ် …
ဟေ့ …. နှုတ်ခွန်းဆက်ဘာဒယ် … ဟေ့ ….
ဆရာထက် … မင်ဂါဘာ ခည …
ပျောက်နေဒါ ကြာပါပေါ့လား ….
ခု … ဒီထဲက ညီမလေး ဖတ်ဖို့ကို
ကျနော်က မှတ်သွားတယ်ဗျာ …
ပြီးတော့ … ကျနော့် ညီမလေးတွေကို ပြန်ပြောပြမယ် ….
kyeemite
February 5, 2013 at 9:56 am
ဆရာထက်ရေ…လူတစ်ဦးနဲ့တစ်ဦးအယူအဆတော့မတူမျှနိုင်ဘူးပေါ့ဗျာ…
အင်း..ကိူယ့်သားသမီးသာဆိုရင်..ဆိုတဲ့အတွေးဝင်လာတော့..
အချစ်ကိုဦးစားပေးတာကို လက်မခံချင်ပြန်ဘူး…မိန်းကလေးတွေ
အဖို့ကတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးစေချင်မိတယ်…
လေးစားခင်မင်စွာဖြင့်…
htet way
February 5, 2013 at 6:38 pm
ကျွန်တာ် ဆိုလို ချင်တာ အချစ် တူ ပြီး စကားပြောဖေါ် ခံစားဖေါ် ဖြစ် ဖို့
ပြီးတော့ နား လည် မှု တူညီ ဖို့ ဆိုတဲ့ သဘောပါ။
“ဆရာထက်ရေ…လူတစ်ဦးနဲ့တစ်ဦးအယူအဆတော့မတူမျှနိုင်ဘူးပေါ့ဗျာ…
အင်း..ကိူယ့်သားသမီးသာဆိုရင်..ဆိုတဲ့အတွေးဝင်လာတော့..(ဆရာkyeemite)”
(ဆရာkyeemite)ခင်ဗျား
ကျွန်တာ့်ရဲ့ အအစပိုင်း ဆိုလို ချက် နည်းနည်း အား ခဲ့ ခဲ့ တဲ့ အပေါ်မှာ
နား လည် မှု လွဲစေ ခဲ့ ပါတယ်။ကျွန်တာ် တစ်ကြောင်း လောက် ဖြည့် ရမယ် ထင်ပါတယ်။
အခုလို ရင် တွင် း ခံစား ချက်နဲ့ ဖတ်ရှု့ အားပေးကြတာ ကျေးဇူးတင်ပါတယ်။
ဆရာ ဦးဦးရေးသလို
အေးဗျာ… ဆရာထက်ရေ…
ဒီတော့ပစ်ကတော့ ကျုပ်နဲ့အလှမ်းဝေးပါတယ်။
ပြောရရင်-
အသက်နှစ်ဆယ်လောက်တုန်းကတော့ အချစ်ဆိုတာဘာလဲလို့ စူးစမ်းဘူးပါတယ်…
အသက်သုံးဆယ်လောက်မှာတော့ အချစ်ဆိုတာကို သေသေချာချာသိပြီလို့
ထင်ခဲ့ဘူးပါတယ်…
အခု အသက်ငါးဆယ်နားနီးလာချိန်မှာတော့ အချစ်ဆိုတာဘာမှန်း မေ့သွားပါပြီ..။
ကျွန်တာ် လည်း မေ့တေ့တေ့ ပါပဲ။ သတိရအောင် နှိုးဆွ လိုက်တာပါ။
မဟာရာဇာ အံစာတုံး
.မင်္ဂလာပါ ဆရာ.မဟာရာဇာ အံစာတုံး/ကျနော့် ညီမလေးတွေကို ပြန်ပြောပြမယ်
….ဆိုတော့ကား..ရွေး ယူတဲ့ အခါ တော့ သတိရှိပါစေ လို့ ။
Traditional Medicineခင်ဗျား
ဆရာ့ ရဲ့ ..အချစ် ကိုအားမပေးပါ။ လူ ဆိုတာပုံသေတွက်လို့မှမရပဲ။
ဆိုတာလေးကို ကျွန်တာ် သဘောကျပါတယ်။
“ရွံ့ရှာစိတ်ကိုဖျောက်ထားနိုင်တဲ့သူ့ရဲ့စိတ်ကိုညီမလေးရောမအံ့ဩမိဘူးလား”
ကျွန်တာ် ရေးတာ အားနည်း ချက် က တစ်ကြောင်း လိုနေပါတယ်
ဘယ်လောက်ပဲ ချစ်ပါစေ ကူးစက်ရောဂါ သည်ကိုတော့မယူ သင့် ဘူး မဟုတ်လား
အပေါ် က ဆရာအဘဖေါ၊ဆရာမ မိုချို၊ ဆရာ ဆာမိ၊ဒေါက်တာ ပဒုမ္မာ၊
တို့ကို အားပေး ဖတ်ရှု့ တဲ့ အတွက် လေးစား ကျေးဇူးတင်ပါမိတယ်။
garuda
February 5, 2013 at 8:59 pm
ဪ..ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား..
အချစ်သည်..တစ်ခါတစ်ရံနှိုက်/၌ …(ဟဲဟဲနောက်ထှာ)
ဦးကြောင်ကြီး
February 6, 2013 at 10:35 am
ညီမငှေးရယ်
အခြစ်ဆိုဒါ
လူပေါင်လှပါဒယ်
ဒါကြောင့်
မခြစ်မိတာ
အကောင်းဇုံးပါပဲ
ခြစ်ခံရပီးရင်လည်း
အမြန်ဈုန်း
အရက်ပျံ
တင်ချာထည့်ပီး
ပလာစတာ
အုပ်ထားပါကွယ်
ဒါ ဦးကြောင်
စေတဏှာ…