အဝေးအနီး……………………
အဝေးအနီးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သခင်မတောင်လို့ အမည်တွင်တဲ့မယ်အုတောင်ပေါ်ကို အဖော်အပေါင်းတွေနဲ့ရောက်ခဲ့ပါတယ်။
ငယ်ငယ်ကတော့ပွဲတော်ကျင်းပတဲ့အချိန်မှာသာရောက်ခဲ့ဘူးတာပါ။
အဲဒီတုန်းကတော့ တောင်တက်သူတွေနဲ့စည်စည်ကားကား။
ပွဲတော်ချိန်ဆိုတော့ သရဖီပန်းရနံ့လေးများကလဲတသင်းသင်း။
အခုကျနော်ရောက်ချိန်ကတော့ တပို့တွဲလပြည့်ခါနီးအချိန်။
ရွက်ဟောင်းစွန့်လို့ရွက်သစ်လောင်းချိန်။
တစ်တောင်လုံးရွက်ကြွေတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။
တဖြည်းဖြည်းနဲ့တောင်ပေါ်ကိုတက်လာတဲ့အခါ ဟိုးအဝေးကမြင်ကွင်းတွေကိုမြင်လာရပါတယ်။
အမြင့်ကိုရောက်ချိန်မှာ ဘေးပါတ်ဝန်းကျင်ကိုတပြန့်တပြောကြီးမြင်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။
နေ့စဉ်နဲ့အမျှ မွန်းကျပ်ဆူညံတဲ့ပါတ်ဝန်းကျင်ကနေ တိတ်ဆိတ်အေးချမ်းသော
သန့်ရှင်းလွတ်လပ်သော နေရာဒေသကိုရောက်တဲ့အခါ စိတ်တွေကလဲ အလိုလိုအေးချမ်းလို့လာပါတယ်။
ဒီသခင်မတောင်ပေါ်ရောက်တော့ မြောက်ဘက်မှာ မိုးကုတ်မြို့ကိုသွားတဲ့လမ်းနဲ့တောင်ကြီးတစ်တောင်။
အနောက်ဘက်မှကတော့ ဂူဘုရားလေးနှစ်ဆူနဲ့တောင်ကတုံးတစ်ခု.။
အရှေ့ဘက်မှာတော့ရွှေရောင်ဝင်းနေတဲ့စေတီ.။။
တောင်ဘက်ခြမ်းမှာတော့ ကျနော်တို့လာခဲ့ကြတဲ့ ဖုန်ထူထူလမ်းကလေးနဲ့ လယ်ကွင်းပြင်တွေထန်းတောတွေ။
မြင်မြင်သမျှနေရာတွေကလွမ်းစရာ။
အဝေးအနီးမြင်မြင်သမျှက အလွမ်းဓါတ်ကိုပံ့ပို့းပေးနေသလိုပါဘဲ။
တစ်ခေါက်လောက်အရောက်သွားကြည့်လိုက်ပါလား။
ကိုပေါက်လမ်းသလားနေသည်
26-2-2013
22 comments
ကိုပေါက်(မန္တလေး)
March 1, 2013 at 12:08 pm
ဒီနေရာလေးတွေကတော့ ကလင်ဒါရှော့တွေပေါပါ၏။
Wow
March 1, 2013 at 12:19 pm
ဒါနဲ့ ထီးအရောင်ပြောအုံးလေ လေးပေါက်…
ဘာရောင်ဆောင်းသွားရမှာလဲ..
ခိုင်ဇာ
March 1, 2013 at 12:23 pm
လိမ်မော်ရောင်လေး ဆောင်း။
Wow
March 1, 2013 at 1:53 pm
လိမ်မော်နောက်ခံမှာ စတော်ဘယ်ရီရောင် ပန်းပွင့်ဒွေဆိုရင်ကော..
ကိုပေါက်(မန္တလေး)
March 1, 2013 at 2:05 pm
လိမ္မော်ရောင်နောက်ခံမှာ စတော်ဘယ်ရီသီးနီနီလေး ဆို ထင်းကနဲ့ရှင်းကနဲ
Wow
March 1, 2013 at 2:18 pm
ကျွဲဒွေနွားဒွေ ထင်းကနဲ မြင်ရမှာနော်..
ကိုပေါက်(မန္တလေး)
March 1, 2013 at 12:42 pm
ဝါစိမ်းနီ ဆောင်းသွားရင် သစ်ပင်တွေနဲ့ရောပြီးထီးဆောင်းမှန်းတောင်လူသိမယ်မထင်ဘူးဖြစ်သွားမယ်အေ့
ဗုံဗုံ
March 1, 2013 at 12:35 pm
တစ်ကယ်ဘဲနော် တစ်ကယ်လွမ်းစရာကြီး အဲ့လိုတောတောင်တွေ မြင်ရရင် စိတ်က သူတော်စင်စိတ်မို့လားမသိဘူး တောထွက်ချင်စိတ်ပေါက်ပေါက်သွားတယ် တော်သေးတယ် ဖေပေါက်တို့သွားတုန်းက မိဗုံမရှိလို့ အိုက်ဆီကို လိုက်ခဲ့မိရင် မိဗုံကို ပြန်ခေါ်လို့တောင်ရမှာမဟုတ်ဘူး :harr:
ကိုပေါက်(မန္တလေး)
March 1, 2013 at 12:48 pm
ညည်းအဲလိုပေါက်ကရပြောတတ်ရင် အဲဒီကိုသွားရင်ညည်းခေါ်သွားလို့မရ။
တော်ကြာ မပြန်ရဘူးဆို ငါတို့ပါ နေ နေရမယ်အေ့
ဗုံဗုံ
March 1, 2013 at 1:18 pm
(တော်ကြာ မပြန်ရဘူးဆို ငါတို့ပါ နေ နေရမယ်အေ့) ကောင်းသားပဲ ဖေပေါက်ရဲ့ ပေါက်ပေါက်နတ်ဆိုပြီး နတ်တစ်ပါးထပ်တိုးသွားတာပေါ့ :harr: :harr:
Ma Ei
March 1, 2013 at 2:54 pm
ရောက်ဖူးချင်စရာနေရာလေးဖြစ်ပေမင့်
တက်ရမယ့် လှေကား မြင်လို့
လက်လျှော့လိုက်ပါတော့မယ်…
ကိုပေါက်(မန္တလေး)
March 1, 2013 at 3:42 pm
မအိရေ အခုမြင်ရတဲ့လှေကားက မတက်ဘဲ
ဘုံကိုးဆင့် ဆို်င်းဘုတ်လေးနားကနေ မြေလမ်းအတိုင်းလာပြီး တောင်ဘက်က တက်ရင် ဒီလောက်
မမတ်တော့ဘူး။
ကျနော်တို့က တောင်ကို တစ်ပါတ် ပါတ်ချင်တော့ ကျားတွင်းက တက်လိုက်တော့ အမြင့်တက်လိုက်ရတာ။
မောင် ပေ
March 1, 2013 at 7:54 pm
အဝေးအနီး
ကလေးခရီး
မပြေးမပြီး
တစ်သွေးတစ်ဖီး
ရွှေတင်မောင်
March 1, 2013 at 10:22 pm
လွမ်းစရာ ကောင်းတဲ့ မြင်ကွင်းတွေကို
အနီးကြည့် အဝေးကြည့်နဲ့
လွမ်းတွားဘာဂျောင်းးး
ခုလို လွမ်းရဘဒေါ အကျိုးအားဂျောင့် X X X X X X X
ကိုပေါက်(မန္တလေး)
March 1, 2013 at 11:05 pm
ရက နဲ့ ရဘ ကို မန္တလာမြေမှာဆုံပေးပြီး
တူနှစ်ဖြာ ဂဟေဆက် ရွှေလက်ခိုင်ခိုင်တွဲပြီး
တော်ပြီပြောချင်တော့ဘူး
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 2, 2013 at 3:15 am
ဘဂျီးပေါက်က ခုတစ်လော ကြောင်ကြောင်ကျားကျား ပုံဒွေအားကြီးတင်တာပဲ…
ကျုပ်တော့ဖြင့် ဒီလိုပုံတွေရဲ့ အရသာကို မခံစားတတ်ဖူးဗျ……………..
ကိုပေါက်(မန္တလေး)
March 2, 2013 at 2:41 pm
ကျုပ်ဖြင့်ဒီလိုကြောင်ကြောင်ကျားကျားသစ်ပင်လိုချင်လို့ အဲဒီတောင်ပေါ်ရောက်အောင်သွားရတာ
ထပ်လာအုံးမယ် ဒီလိုပုံမျိုး
ရွှေ ကြည်
March 2, 2013 at 3:17 pm
အမြင့်ကိုရောက်ချိန်မှာ ဘေးပါတ်ဝန်းကျင်ကိုတပြန့်တပြောကြီးမြင်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။
………………………………………..
ထောက်ခံပါ၏ ရွှေကြည်လည်းအရမ်းသဘောကျပါ၏ ပထမဆုံးပုံက အုတ်လေကားလေးကိုသဘောကျပါ၏။
ကိုပေါက်(မန္တလေး)
March 2, 2013 at 4:34 pm
မောနေအောင်တက်ပြီးမှ လှတာကိုမြင်ရတာအေ့
Mr. MarGa
March 2, 2013 at 8:54 pm
သွား…………..ဦး……………………….မယ်
အားခဲကာ ထားပေမင့်
မြင်သာမြင်ရ မကြင်ရတာ ကြာပေါ့
လွမ်းမိပါသေးတယ် အိမ်ရှေ့မင်းကို
သခင်မတောင်ကို ရောက်အောင် သွားဦးမဗျ
ကိုပေါက်(မန္တလေး)
March 2, 2013 at 10:37 pm
ဦးမာဃ
အဲဒီလမ်းကို မင်းနေ့တိုင်းသွားတာပါဟ။
ဆိုင်ကယ်လက်ကိုင်လေးကိုအရှေ့ဘက်ကွေ့လိုက်ရင်ရောက်ပြ။ီ
ကျောင်းတစ်ရက်လောက်ပြေးလိုက်လို့ ဘာမှမဖြစ်ပါဘူးအေ့
Mr. MarGa
March 3, 2013 at 5:17 pm
အဟိ
လေးပေါက် သိဘူးနော်
ကျွန်တော်က ကျောင်းကားနဲ့ သွားတာ
နေ့တိုင်းဆိုင်ကယ်နဲ ့သွားရရင် ပင်ပန်းလွန်းလို့
တစ်ရက်ရက်မှ တကူးတက သွားတော့မယ်ဗျာ