“နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက် (၂)”

asiamastersMarch 3, 20131min3016

မော်တော်ကားအမောင်းသင်တစ်ဦးသည် တစ်နေ့တစ်ရက်ထဲနှင့် တတ်မြောက်မောင်းနှင်ရန် မဖြစ်နိုင်ပါ။ မော်တော်ကားမောင်းတတ်လာသူများ၊ ကားမောင်းတတ်လာသည့် ပုံစံအမျိုးမျိုးရှိသော်လည်း အခြေခံ (Principle & practices) တို့ကို စနစ်တကျ သင်ပေးထားသူတို့နှင့် မသင်ခဲ့ရသူတို့မှာ များစွာကွာခြားသွားသည်။ စနစ်တကျ မော်တော်ယာဉ်မောင်းနှင်သင်ကြားပေးရာတွင် လုပ်ဆောင်ရမည့် အလုပ်များကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့်သင်ကြားပေးရသည်။ ထို့အပြင် မော်တော်ယာဉ်မောင်းတစ်ဦးတွင်ရှိသင့်သည့် ကိုယ်ကျင့်သိက္ခာ နှင့်တာဝန်သိတတ်မှု (Ethic & Responsibility) ကိုပါသင်ပေးရသည်။

 

ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် (Political System) ကို ဒီမိုကရေစီစနစ်သို့ပြောင်းလဲခဲ့သည်မှာ (၂) နှစ်ခန့်ရှိလာပါပြီ။ ကျွန်တော့် အမြင်မှာကား နိုင်ငံတော်အစိုးရသည် လုပ်သင့်လုပ်ထိုက်သည်များကို ဘာမျှ မလုပ်ဆောင်နိုင်သေးပဲ ယခင် စနစ်ပုံစံအတိုင်းသာ ဟိုယောင်ယောင်၊ သည်ယောင်ယောင်ဖြစ်နေသည်။ ဒီမိုကရေစီစနစ်နှင့် ပတ်သက်သမျှ ကို အများပြည်သူများ၊ လူငယ်လူရွယ်များကို စနစ်တကျ သင်ကြားပေးခြင်းလုံးဝဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။

 

၁၉၆၂ ခုနှစ်မှ စ၍ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည်ဖေါ်ရန် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ဆိုရှယ်လစ်စနစ်၏အယူဝါဒအရ လုပ်ငန်းအားလုံးကို အစိုးရမှသာ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ဆိုရှယ်လစ်စနစ်၏ အထွေထွေအားနည်းချက်များကြောင့် ၁၉၈၈ ခုနှစ်တွင် အားလုံးရပ်ဆိုင်းသွားခဲ့သည်။ ဆိုရှယ်လစ်ခေတ်ထဲတွင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာ များစွာမရှိပါ။ အစိုးရမှ အမြတ်ထုတ်စေခိုင်းခံရသော အလုပ်သမားများဟူ၍လည်းမရှိပါ။ အစိုးရပိုင်စက်ရုံအလုပ်ရုံများမှာ ခေတ်မမီခြင်း၊ သုံးစွဲသူတို့၏လိုအပ်ချက်အတိုင်းမဆောင်ရွက်နိုင်ခြင်း၊ အုပ်ချုပ်မှုညံ့ဖြင့်၍ အရှုံးပေါ်ခြင်း၊ ဝိုင်းခိုးကြခြင်းဟူသည့် ပြဿနာများသာဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်သည်ကား မည်သည့် မူဝါဒမျှ မရှိပဲသွားခဲ့သည့် ကာလဖြစ်သည်။ Socialism လိုလို Capitalism လိုလို ခွဲခွဲခြားခြားမရှိပဲ၊ ထိုစဉ်က အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၎င်းတို့၏ ဆွေမျိုးများသာ နောင် ဆွေစဉ်မျိုးဆက်များပင်စားမကုန်အောင်ကြွယ်ဝချမ်းသာသွားခဲ့ကြသည်။ အလုပ်သမားလူတန်းစားအတွက် ဘာမှ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိပါ။ လုပ်ရကောင်းမှန်းလဲမသိပါ။

 

နိုင်ငံတစ်နိုင်ငံအနေနှင့် အလုပ်သမားများတွင် စံနှုန်း (Standard) များထားရသည်။ နိုင်ငံအလိုက်ထားသောစံနှုန်းများကို (National Standard) ဟုခေါ်သည်။ ဒေသအလိုက် ဥပမာအားဖြင့် ASEAN အဖွဲ့အစည်းမျိုးအတွက်ကို Regional Standard ဟုခေါ်သည်။ နိုင်ငံတကာစံနှုန်းများကို International Standard ဟုခေါ်ပါသည်။ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာအလုပ်များအလိုက် National Standard များမရှိပါ။ ထို့ကြောင့် အလုပ်သမားထုကြီးကို သင်ပေးမည့် National Qualification Framework များလည်းမရှိပါ။ သင်ကြားပေးသူများကို စစ်ဆေးပေးမည့် Assessment Center များလည်းမရှိပါ။ National Standard အပေါ်မူတည်၍ အနိမ့်ဆုံးလုပ်ခကို တွက်ဆကြရမည်ဖြစ်သည်။ Salary နှင့် Wages တို့မှာမတူပါ။ Salary ဆိုသည်မှာ လစာကိုခေါ်သည်။ Wages ဆိုသည်မှာ လုပ်အားခကို ဆိုသည်။ နာရီနှင့်တွက်ရသည်။ Salary and Wages တို့ကို စနစ်တကျ တွက်ဆပေးဖို့လိုသည်။ ထိုမှသာ အချိန်ပိုင်းလုပ်ခများမှန်မှန်ကန်ကန်ဖြစ်လာပါမည်။

 

လုပ်ရကောင်းမှန် မသိသည်မဟုတ်ပါ။ နိုင်ငံတော်အစိုးရသစ်တက်လာချိန်မှစ၍ ဖွဲ့စည်းလိုက်သည့် အဖွဲ့အစည်းများ ရေတွက်၍ပင် မရနိုင်လောက်အောင်ဖြစ်သည်။ ဥက္ကဌ ရူူးသူတွေကလည်း ဒုနှင့်ဒေးဖြစ်သည်။ ကိုယ်ကျိုးရှာလိုများမှာလည်းတောင်လိုပုံနေသည်။ သို့သော် အဖွဲ့အစည်းအတော်များများမှာကား အလုပ်မဖြစ်ပါ။ နဂိုတည်းကိုက ဥက္ကဌလုပ်လိုသူများနှင့် ကိုယ်ကျိုးရှာလိုသူများနှင့်သည့် ပြည့်နှက်နေသည်။ အားလုံးကိုတော့မဆိုလိုပါ။ အစိုးရကလည်း အဆိုပါလုပ်ငန်းများကို လုပ်ရမည်ဟု အဖွဲ့အစည်းများဖွဲ့ပေးပါသည်။ သို့သော် အဖွဲ့အစည်းများတွက် ဝန်ကြီးဌာနပေါင်းစုံမှာ DG များ၊ MD များသာပါလာသည်။ ဦးစီးလုပ်ကိုင်မည့် Focal Point မရှိပါ။ နောက်အဆိုးဆုံးကား ဘာ Fund မျှ မပေးပါ။ ထို့ကြောင့် ယခု နှစ်နှစ်အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းဟူသမျှတို့သည် ဖွဲ့စည်းပေးလိုက်သည့် အဖွဲ့အစည်းများတွင် စာရွက်များအနေနှင့်သာ ရှိနေပြီး အကောင်အထည်ပေါ်မလာပါ။ ဝန်ကြီးဌာန အကြီးအကဲဆိုသူများမှာလည်း မိမိနှင့်သက်ဆိုင်သည့် ဘာသာရပ်များကို လေ့လာခြင်း၊ ဆုံးဖြတ်ခြင်းများလုပ်နိုင်ခြင်းမျိုးမရှိပဲ အရေးမပါသည့် ဆိုကရေးတီး၊ ဘုရားပင့်၊ အစည်းအဝေးတက်အလုပ်များဖြင့်သာ အလုပ်များနေသယောင်ဆောင်နေကြရသည်။

 

မြန်မာပြည်တစ်နံတစ်လျှားမှ လ္ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များမှာ ကလေးသူငယ်များစားပွဲထိုးနေရဆဲဖြစ်သည်။ အလုပ်အကိုင်မဖန်တီးပေးနိုင်သဖြင့် မြန်မာလူမျိုးများစွာ အိမ်ဖေါ်၊ ပြည့်တံဆာ၊ အလုပ်ကြမ်းလုပ်ငန်းတို့ဖြင့် နိုင်ငံရပ်ခြားတွင် လူမှုဒုက္ခ အဖုံဖုံကျရောက်ကုန်သည်။ ပြည်တွင်းလုပ်ငန်းရှင်ဆိုသူများက လည်းအစွမ်းကုန်အမြတ်ထုတ်၍ လုပ်ခ၊လစာကို ပေးချင်သလိုပေးနေကြသည်။ ထို့ကြောင့် မြန်မာလူငယ်တို့သည်လည်း မြန်မာနိုင်ငံသည် နေထိုင်စရာကောင်းသောနိုင်ငံ၊ တရာမျှတမှုရှိသည့်နို်င်ငံဟု မယူဆတော့ပဲ လစာအဆပေါင်းများစွာသာသည့် နိုင်ငံရပ်ခြားတွင်သာ သွားရောက်အလုပ်လုပ်ကိုင်လိုတော့သည်။

 

ထို့ကြောင့် မြန်မာနိုင်ငံ အလုပ်သမားတို့၏ အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ပဲ။ Ministry of Education, Ministry of Finance တို့နှင့် သက်ဆိုင်ရာ Ministry များပေါင်းစပ်၍ Nation Qualification Framework များရေးဆွဲခြင်း၊ National Standard များရေးဆွဲခြင်း၊ Minimum Wages Salary ရေးဆွဲခြင်း၊ Labor Law ကို သေသေချာချာရေးဆွြဲ့ပီး လူသားမဆန်သည့် လုပ်ငန်းရှင်များအား အပြစ်ပေးအရေးယူမှုများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းရေးသားလိုက်ရပါသည်။

 

6 comments

  • မောင် ပေ

    March 3, 2013 at 7:36 pm

    ဆင်းရဲမွဲတေမှု ကို မလျှော့ချသေးနိုင်တာကတော့ လက်တွေ ့ပဲဗျို ့
    နောက်ပြီး အသေးစားနဲ ့အလတ်စား စီးပွားတွေကလဲ ဒုံရင်းဒုံရင်း
    ဆက်ရွေ ့စောင့်ရပါဦးမည်

  • padonmar

    March 3, 2013 at 11:13 pm

    (မြန်မာနိုင်ငံတွင် သက်ဆိုင်ရာအလုပ်များအလိုက် National Standard များမရှိပါ။ ထို့ကြောင့် အလုပ်သမားထုကြီးကို သင်ပေးမည့် National Qualification Framework များလည်းမရှိပါ။ သင်ကြားပေးသူများကို စစ်ဆေးပေးမည့် Assessment Center များလည်းမရှိပါ။ )
    အခြားနိုင်ငံတွေရဲ့ သက်ဆိုင်ရာအလုပ်အလိုက် standard ဆိုတာတွေကို သိချင်ပါတယ်။
    အဲဒါတွေ သိထားမှ How to assess ဆိုတာလည်းသိမှာပါ။
    အချိန်ရရင် ရေးပေးစေလိုပါတယ်။
    Corporate Social Responsibility အကြောင်းလည်း ရေးပေးစေလိုပါတယ်။

  • uncle gyi

    March 3, 2013 at 11:32 pm

    အစိုးရမှ အမြတ်ထုတ်စေခိုင်းခံရသော အလုပ်သမားများဟူ၍လည်းမရှိပါ။ အစိုးရပိုင်စက်ရုံအလုပ်ရုံများမှာ ခေတ်မမီခြင်း၊
    အလုပ်ရုံတွေခေတ်မမှီတာမဟုတ်ပါဘူးဗျာမလုပ်ကြတာပါ
    အဲဒီအချိန်ကတည်းကပြည်တဖက်ကမ်းမှာကောင်းလိုက်တဲ့စက်ပစ္စည်းတွေ
    ကောင်းလိုက်တဲ့သင်တန်းတွေဒါပေမဲ့မလုပ်ကြတော့

    အုပ်ချုပ်မှုညံ့ဖြင့်၍ အရှုံးပေါ်ခြင်း၊ ဝိုင်းခိုးကြခြင်းဟူသည့် ပြဿနာများသာဖြစ်ခဲ့သည်။
    အဲဒါတော့မှန်တယ်ဗျာလုံးဝထောက်ခံပါကြောင်း

    ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်သည်ကား မည်သည့် မူဝါဒမျှ မရှိပဲသွားခဲ့သည့် ကာလဖြစ်သည်။ Socialism လိုလို Capitalism လိုလို ခွဲခွဲခြားခြားမရှိပဲ၊ ထိုစဉ်က အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်များ၊
    ရှိလိုက်တဲ့ဝါဒ
    မျိုးချစ်ဝါဒ

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 4, 2013 at 1:46 am

    လေ့လာသွားပါသည်…………….

  • ဦးကြောင်ကြီး

    March 4, 2013 at 11:17 am

    တပ်မတော်လေ စက်ရုံတွေကနေ စွန်တွေထုတ်ခိုင်းရင် ကောင်းမားလို့.. ဒါဆို လေတပ်မှာ ဝင်ငွေတွေ မားဂျီးရမှာ…

  • kai

    March 4, 2013 at 3:15 pm

    ခုချိန်မှာ.. မြန်မာပြည်မှာ.. အလုပ်သမား သမဂ္ဂတွေဖွဲ့ဖို့.. လိုနေတယ်ထင်မိတယ်..
    အလုပ်ရှင်တွေ.. တော်တော်လေးအသာစီးရှိနေတယ်ထင်လို့ပါ…

    အစွန်းမကျွံသွားအောင်.. ထိန်းချုပ်ဖို့.. နိုင်ငံရေးပါတီကြီးတွေလိုတယ်ထင်မိတယ်..
    အခုထိတော့.. ဒီချုပ်ကဒီတာဝန်ယူမယ်ထင်နေတုံးပဲ..

Leave a Reply