Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ွဆမ်ဆောင်း၏ Galaxy S4

Mr WorldWideMarch 5, 20131min3528

တောင်ကိုရီးယား၏ နည်းပညာကုမဏီကြီးတစ်ခုဖြစ်သော ဆမ်ဆောင်းမှ ၎င်း၏ Galaxy S Series စမတ်ဖုန်းမျိုးဆက်သစ်တစ်မျိုးကို တီထွင်လျက်ရှိကြောင်း ကောလဟ ထွက်လျက်ရှိပါသည်။ ဆမ်ဆောင်းအနေဖြင့် လူအများ မျှော်လင့်စောင့်စားနေသော S4 စမတ်ဖုန်းသစ်ကို မတ်လ ၁၄ ရက်နေ့တွင် စတင်ဖြန့်ချီတော့မည်ဟု ကြေငြာခဲ့ပါသည်။

ဆမ်ဆောင်းအနေဖြင့် မတ်လ ၁၄ ရက်နေ့၌ နယူးယောကြ်မို့တွင် ယခင်က မပြုလုပ်ခဲ့ဖူးသော ပွင့်လင်းမြင်သာသည့် ဆမ်ဆောင်းပြပွဲတစ်ခုကို ကျင်းပပြုလုပ်မည် ဖြစ်ပေသည်။ ၎င်းပြပွဲတွင် S4 စမတ်ဖုန်းကို ပွဲထုတ်လိမ့်မည် ဖြစ်ပေသည်။

 

s4 သည် Android ၏ version ဖြစ်သော 4.2.2 Jelly Bean ကို အသုံးပြုထားသည်ဟု အများက ပြောဆိုနေကြပါသည်။ ဖုန်းသည် ၄.၉၉ လက်မအရွယ်ရှိပြီး Super AMOLED display ကို အသုံးပြုကာ Exynos Processors ရှစ်လုံးတပ်ဆင်ထားပါသည်။ ရုပ်ပုံထွက်ရှိမှု ကောင်းစေရန် သီးခြား Processing Unit ရှစ်ခုကိုလည်း တင်ဆင်ထားပါသည်။

RAM 2GB ရှိပြီး နောက်ပိုင်းကင်မရာအရည်အသွေးမှာ ၁၃-mgapixel ရှိ၍ Video အရည်အသွေးအနေဖြင့် 1080P ရှိပါသည်။ ထို့ပြင်လုံခြုံရေးဆော့ဖ်ဝဲလ်ဖြစ်သော Knox ကိုလည်း တပ်ဆင်ထားသဖြင့် S4 သည် ပြီးပြည့်စုံသော စမတ်ဖုန်းတစ်လုံးဖြစ်လာပေတော့မည်။

www.thetechjournal.com

gala

samsung galaxy s4 event

 

အလုပ်မအားတာနဲ့မတင်ဖြစ်တာပါ…သတင်းတွေကတော့ ပြန်ထားတာတွေရှိပါတယ်…

ရွာသား၊ရွာသူတွေအနေနဲ့ နိုင်ငံတကာနည်းပညာစစ်သတင်းတွေစိတ်ဝင်စားရင်လည်း တင်ပြပေးချင်ပါတယ်။

8 comments

  • ညလေး

    March 5, 2013 at 10:01 am

    အမ်းးးးး 13 မီဂါဗစ်ဇယ်တဲ့……တစ်လုံး တစ်လေ လေးများ …..
    လက်ထဲရှိရင်ကောင်းမယ်….အဟဲ…

  • Good™

    March 5, 2013 at 1:58 pm

    ဒါလေးများ အမေရိကန်ထောက်လှမ်ရေးလေယာဉ်တွေ မှာ တပ်ထားတဲ့ ကင်မရာ တွေဆိုရင် ပျံသန်းရင်း အမြင်ပေ ၃၀၀၀ဝ ကနေ ရိုက်ရင် မြေပြင်က လူတယောက် ကိုင်ပြောနေတဲ့ ဖုန်းအမျိုးအစား ကိုတောင်သိနိုင်တယ်တဲ့။

  • kai

    March 5, 2013 at 4:51 pm

    Samsung’s Galaxy S4 Will Track Your Eyes
    San Francisco Chronicle-11 hours ago
    Samsung’s next smartphone, the Galaxy S IV, will have eye-tracking technology to help with web browsing, Brian X. Chen at The New York …

    အဲလိုလည်းသတင်းထဲတွေ့မိတယ်..
    ဖတ်ရတာနဲ့တင်ဝယ်ချင်နေပြီ.. :buu:

  • MaMa

    March 5, 2013 at 6:32 pm

    ဖတ်ကြည့်ရတာတော့ ဝယ်ချင်စရာပဲ။
    ဈေးနှုံးကြားမှ တွန့်သွားမလား မသိဘူး။ :kwi:

  • koaung

    March 5, 2013 at 7:22 pm

    ဒီဂွေးသီး(အဲလေ) ဆမ်ဆောင်းကပန်းသီးထက် သုံးလို့ကောင်းတာကအမှန်

  • မောင် ပေ

    March 5, 2013 at 7:39 pm

    “ လုံခြုံရေးဆော့ဖ်ဝဲလ်ဖြစ်သော Knox ” ဆိုတာ ဘယ်လို အလုပ်တွေ လုပ်သလဲ ဆိုတာ ပြောပြပေးပါဦး

  • ဦးဖွတ်ကျား

    March 6, 2013 at 7:56 am

    ဆမ်ဆောင်းကောင်းပါတယ်…သို့သော်..
    ပလတ်စတစ်ဖုန်း ဖြစ်နေတာလေး တချက်ကပဲ ဖီးလ်ကွေးတာပါဗျာ..
    မူးပြီး ကိုင်ပေါက်မိရင် တခါပေါက် တခါဂွက်ပဲ …
    ခုဖုန်းကတော့ စကျူရတီကတ် ဆွဲတဲ့ လည်ဆွဲနဲ့ ဝေ့စ်ကုတ်ကြားထဲ
    အိပ်ကပ်မှတ်လို့ လွှတ်ချမိလို့ ပလက်ဖောင်းနဲ့ ၂ပါးသွား တာတောင်
    အစင်းရာလေးတောင်မထင် ..ဟီဟိ …
    ဆမ်ဆောင်းနဲ့ ကျုပ်နဲ့ ကိုက်ပါပူးဗျာ…။

    အပျော့ထည်အရ ပြောရရင်လည်း ဟိုဘက်ပိုစ့်မှာ စက်ရုပ်တွေ ဘာမထည့်နဲ့
    ညာမထည့်နဲ့ တွေ့ မိရဲ့…။ ငါအိုအက်စ် ကတော့ အပ္ပလီတွေချည်း ၁၃ဂစ်လောက်ထည့်ထားလည်း
    ပါဖောမန့်စ်က အသစ်အတိုင်း ..ဘယ်လိုမှကို မနေတာ …။
    အာ့ ပျောတာပေါ့ …

    :kwi:

    • ဦးဖွတ်ကျား

      March 6, 2013 at 8:09 am

      ၂၀၁၃ မတ်လဆန်းမှာ အကောင်းဆုံးသော စမတ်ဖုန်းတွေကို Business Insider က
      ခုလို Ranking သတ်မှတ်ပါတယ်။

      #11 iPhone 4S

      နန်းကျ ဘုရင်တစ်ပါးပေါ့

      #10 Samsung Ativ Odyssey

      Windows 8 ပါခည..

      #9 Nokia Lumia 920

      နောက်ထပ် Windows 8 ပါပဲ။ (ကိုယ်ပိုင်အမြင်အရတော့ Top5ထဲ ပေးချင်မိတာ
      BI ကဆိုတော့လည်း လေးစားရတာပေါ့ဗျာ..)

      #8 Samsung Galaxy Note II

      ကြွေးထူတဲ့လူတွေ ကြွေးရှင်မမြင်အောင် မျက်နှာဖွက်လို့ကောင်းတဲ့ ဖုန်းတမျိုး ဆိုပါတော့…

      #7 HTC One X+

      HTC Rocks!!!!

      #6 HTC Windows Phone 8x

      နောက်ထပ် Flagship Windows 8 Phone တလုံး

      #5 LG Optimus G

      a Display Monster

      #4 HTC Droid DNA

      a Sound Monster

      #3 Google Nexus 4

      an Optimized one

      #2 Samsung Galaxy S III

      simply plastic 😛

      #1 iPhone 5

      iFone 5, mac Daddy … dead or alive…. buy iFone 5 ..don’t ask WhY..

      ကျနော်ပေးတဲ့ Rank မဟုတ်ဘူးနော်… Business Insider ကပေးတာ …။
      စကားမစပ် အဲ့သည့်ကပဲ အခြား ဆက်စပ် သတင်းတပုဒ်ကပြောတာ..
      မိုဘိုင်းဖုန်း အရောင်းမှာ ကမာ္ဘတန်း ရိုးရိုး ဖီချာဖုန်းတွေက သန်း ၁၈၀ဝ နီးနီးရှိချိန်
      စမတ်ဖုန်းက သန်း ၆၀ဝ လောက်တဲ့ .. ဆိုတော့ ကျန် သန်း၁၂၀ဝ ဟာ
      နောက်တခါဖုန်းလဲတဲ့အခါ အတော်များများ စမတ်ဖုန်းပြောင်းကိုင်ကြလိမ့်မတဲ့..
      ချီးနား ဟာ အကြီးဆုံး ဇီးကွက် ဖြစ်လာမတဲ့ ..။ ပြည်တွင်းမတော့ ဧပြီဆို
      ဘဘယီးတွေ ကျေးဇူးနဲ့ တန်ဖိုးနည်းဖုန်း ထပ်ထွက်ဦးမတဲ့ ..ဟွဝေး ရောင်းကောင်းလတ္တံ့။

      :harr:
      http://www.businessinsider.com/best-smartphones-2013-3#

Leave a Reply