Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာသာရေးနဲ့ ပတ်သက်လို့ ရေးလိုက်တဲ့ ပထမဆုံးစာတစ်ပုဒ်…

johnnydeerMarch 6, 20131min81617

ဘာသာရေးနဲ့ပတ်သက်လို့ ကျွန်တော် ရေးခဲပါတယ်…ရေးခဲဆို မရေးခဲ့သလောက်ပါပဲ…ဒါကတော့ ပထမဆုံး ဖြစ်မယ်ထင်တယ်…အခုတလော ဘာသာရေးနဲ့ ပတ်သက်ပြီး ဟိုတစ်စ ဒီတစ်စနဲ့ တွေ့တွေ့လာရလို့ပါ…သိလို့တတ်လို့ ရေးတာလားဆိုရင်တော့ မဟုတ်ပါဘူး…မြင်သလောက်လေး စိတ်ထဲရှိတဲ့ အတိုင်းလေးပဲ ရေးလိုက်တာပါ…မှားတာရှိလဲ ခွင့်လွှတ်ကြပေါ့ဗျာ…ဘာသာတစ်ခုနဲ့ တစ်ခု ဝေဖန်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သူများဘာသာကို မဝေဖန်ခင် ကိုယ့် ဘာသာရေး ကို အရင်ဝေဖန်ခြင်းလို့ ယူဆရင်လဲရပါတယ်…ဆန်ရင်း နာနာဖွတ်တဲ့ သဘောပါပဲ…သူများကလေးနဲ့ ကိုယ့်ကလေး ရန်ဖြစ်ကြရင် ကိုယ့်ကလေးကို ကိုယ် အရင်ဆူပူဆုံးမရတာကတော့ သဘာဝပဲ မဟုတ်ပါလား….ဒီသဘော ပါပဲ…အခြေခံ အကြောင်းတရားကတော့ ရွာတစ်ရွာမှာ ရွာသားတွေ ညီညီညွတ်ညွတ်နဲ့ ကိုယ့်ခြံစည်းရိုးကို လုံခြုံအောင်လုပ်မယ်…ရွာကို ကာကွယ်မယ် ဆိုရင် ဘယ် ရန်ပြုမယ့်သူမှ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး…ခြံစည်းရိုး လုံစေချင်တဲ့ စေတနာနဲ့ ရေးထားသော စာတစ်ပုဒ်လို့ပဲ ယူဆပေးကြပါ….

အရင်ဆုံး ဘုရား…တရား…သံဃာ ကနေပြီး စ ဆန်းစစ်ကြည့်မယ်ဆိုရင်…နံပတ်(၁) ဘုရား…ကျွန်တော်တို့ မြတ်စွာဘုရားကတော့ တကယ့် အတူမရှိ…အတုမရှိတဲ့ မြတ်စွာဘုရားပါပဲ…ဟောကြားခဲ့တဲ့ တရားတွေ ကလဲ ဘယ်ခေတ်ရောက်ရောက် ဘာနဲ့ပဲ ဆန်းစစ်ဆန်းစစ် တကယ့်မှန်တဲ့ တရားတွေ ပါပဲ…ဒီမိုကရေစီနည်းကျကျပဲ စဉ်းစား စဉ်းစား ဘယ်တော့မှ မမှားခဲ့တဲ့ တရားတွေပဲ ဟောခဲ့တာပါ…ကျွန်တော်ကတော့ ကာလမသုတ်ထဲက ငါဘုရားဟောခဲ့တာတောင် မျက်စိစုံမှိတ် မယုံကြည်ပါနဲ့…မိမိ ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဉာဏ်နဲ့  စဉ်းစားဆင်ခြင်ပြီးမှ အမှန် အမှားကို ဆုံးဖြတ်ပါလို့  ရဲရဲတောက် ဟောကြားခဲ့တဲ့ စာကို ဖတ်ခဲ့ရပြီးတဲ့ နောက် ပိုပြီး အတိုင်းအဆမရှိ ကြည်ညိုရပါတယ်…ဘယ်ဘာသာ ဘယ်ဘုရားမှ ဒီလို မဟောခဲ့ကြပါဘူး…အကုန်လုံး ငါ့ကို မယုံ နဲ့ဆိုပြီး မဟောခဲ့ကြပါဘူး…..ဒါကြောင့်လဲ အိုင်းစတိုင်းက အနာဂတ်မှာ ဘာသာတစ်ခုပဲ ကျန်နေခဲ့လိမ့်မယ်…အဲ့ဒါ ဗုဒ္ဒဘာသာပဲလို့ ပြောခဲ့တာထင်ပါတယ်…ကျွန်တော် ယုံတယ်…ကျွန်တော်တို့ ဘုရားကတော့ လုံးဝ Perfect ဖြစ်တယ်လို့….

နံပတ်နှစ် တရား….တရားဆိုတာကတော့ ဘုရားဟောကြားခဲ့သော အကြောင်းအရာများပေါ့…ဒါပေမယ့် နှစ်ပေါင်းမြောက်များစွာ ကြာလာပြီးတဲ့ နောက်ပိုင်းမှာ အယူမှားတဲ့ သူတွေ လိုသလို ဆွဲယူ အသုံးချပြီးတဲ့ နောက်ပိုင်းမှာ ဘုရားဟောခဲ့တဲ့ တရားတော် တော်တော်များများဟာ မှားယွင်းမှုတွေ နိုင်ငံတော်တော်များများမှာ ဖြစ်ကုန်ပါတယ်…ဒီအန္တရယ်ကလဲ တော်တော်တော့ ကြီးပါတယ်….ကံကောင်းတာက ကျွန်တော်တို့ ထေရဝါဒ ကိုးကွယ်တဲ့  မြန်မာနိုင်ငံမှာ တကယ့်တရားစစ် တရားမှန်တွေ အများကြီး ကျန်နေသေးတာပါပဲ…ဒါကလဲ အထပ်ထပ် အခါခါ သံဃာယနာတင်ထားခဲ့တဲ့ အကျိုးကျေးဇူးတွေလို့ပဲ ထင်ပါတယ်…တရားအနေနဲ့လဲ ပြောစရာမရှိပါဘူး…Perfect မဟုတ်တောင် ၉ဝ %အထက်တော့ ပြည့်စုံသေးတယ် လို့…အယူမှားနေတာတွေလဲ ရှိနေသေးပေါ့…

တတိယ …သံဃာ …ဒါကတော့ လောလောဆယ် အရေးကြီးဆုံးလို့ပဲ ကျွန်တော် ထင်တယ်…ဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ ဘုရားအစား ဒီသံဃာတော်တွေပဲ ကျွန်တော်တို့ ကိုးကွယ် ဆည်းကပ်နေကြရတယ်…တရားတော်ဆိုတာကလဲ ဒီ သံဃာတော်တွေဆီကပဲ ပြန်လည်ဆည်းပူးနေကြရတယ်…အဲ့ဒီတော့ ဒီ သံဃာတော်တွေရဲ့ စွမ်းအားဟာ ဗုဒ္ဒဘာသာ အဓွန့်ရှည် တည်တံ့ဖို့ အဓိက နေရာက တည်နေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်…သာသနာတော် သန့်စင်မှု ရှိဖို့အတွက် သံဃာတော်တွေရဲ့ အကျင့်သီလ…စည်းလုံးမှု…ဘာသာတရားအပေါ် စိတ်ဝင်စားမှု…ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မှု…စသဖြင့်ပေါ့ အများကြီး လိုအပ်တယ်လို့ထင်ပါတယ်…ကိုယ်ရှိခိုးရတဲ့ သံဃာတွေဟာ အကျင့်သီလ ပြည့်စုံပါမှ လူတွေရဲ့စိတ်မှာ သဒ္ဒါတရားဖြစ်မယ်…ဒါမှသာ သာသနာတော်ဟာ အဓွန့်ရှည်တည်တံ့မယ်လို့ကျွန်တော်တော့ ထင်ပါတယ်…သံဃာစစ် သံဃာမှန်တွေ ပေါ်ထွန်းလာဖို့အတွက် သံဃာတုတွေ နှိမ်နင်း အရေးယူဖို့ကလဲ သာသနာသန့်စင်ဖို့ အဓိက အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တော့ မြင်တာပါပဲ…

ဥပမာပေါ့…ကျွန်တော်တို့ကျောင်းတက်ရတော့ ရန်ကင်းတောင်ခြေမှာ တက်ရတယ်…ညရောက်ပြီဆိုရင် အဲ့ဒီခေတ်က ရှားပါးတော့ ကျောင်းသားတွေက ရွာထဲ ဗီဒီယို သွားကြည့်ကြတယ်..အမြဲပြတာကကျောင်းသားကြည့်တဲ့ ကားပေါ့…သိတယ်မဟုတ်လား…ဒီအထိ ဘာမှမဖြစ်သေးဘူး…ပြတာက ဘုန်းကြီးတဲ့…အောက်စက်ကိုင်တာကလဲ ဒီဘုန်းကြီးပဲ…သင်္ကန်းကြီး တလွှားလွှားနဲ့ဗီဒီယို ရုံထဲမှာ…အဆောင်နေဖူးတဲ့ ကျောင်းသားတိုင်း သိကြပါတယ် ကျွန်တော်ပြောတဲ့ အကြောင်းအရာကို ဟုတ်မဟုတ်သာ မေးကြည့်ပါတော့…ရိုးရိုးကား ပြရင် ကျောင်းသားတွေက ဝိုင်းအော်ကြတယ်…ဘုန်းဘုန်း ဒီကားမကြိုက်ဖူးဆိုပြီး…ကဲ…စဉ်းစားသာကြည့်ကြပေတော့ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဆိုသလိုလို့ပဲ ပြောရမလား…တကယ့် မအပ်မစပ်…

နောက်တစ်ခု…အခု ကျွန်တော်တို့ မိသားစု ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းရှိတယ်…ဆရာတော်ကလဲ တကယ့် စာတတ်ပေတတ်ပါ…တရက်ကျတော့ ကျွန်တော် ည ရှစ်နာရီခွဲလောက် အပြင်ကနေ အိမ်ပြန်လာတော့ လမ်းမှာ ဘုန်းကြီးတစ်ပါး မှောင်မှောင်မဲမဲ ထဲမှာ ဓာတ်မီးတလက်နဲ့ လမ်းလျှောက်နေတာ တွေ့တယ်…ဘယ်သူလဲ ဆိုပြီးသေချာအောင် ဆိုင်ကယ်ကို ပြန်လှည့်ပြီး မီးနဲ့ ထိုးကြည့်လိုက်တော့ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်နေတယ်….ညကြီးမင်းကြီး ဘယ်သွားတာပါလိမ့်ဆိုပြီး နောက်ကနေလိုက်သွားတော့ ဝေယျာဝစ္စ အမျိုးသမီးခေါင်းဆောင် မုဆိုးမ နေတဲ့ အိမ်ထဲ ဝင်သွားတယ်…စိတ်ထဲမှာ တကယ့်ကို လိပ်ခဲတည်းလဲကြီး…ကျွန်တော့်မိဘကို ပြောပြရမလားပေါ့…နောက်ဆုံးမနေနိုင်ဘူး…ပြောပြလိုက်တော့ အံ့ဩမယ်ထင်နေတာ…မအံ့ဩကြဘူး…အေး…ငါတို့လဲ ကြားတယ်တဲ့…ဈေးထဲမှာတော့ တော်တော် ပြောနေကြတယ်တဲ့…တကယ် တော်တော် စိတ်ပိန်သွားတယ်…နောက် ကျွန်တော့် သူငယ်ချင်းအရင်းကြီးပြောပြမှ ပိုဆိုးသွားတယ်…သူက အဲ့ဒီကျောင်းမှာ တကယ့်တကာရင်း…တရက်ကျတော့ သူ့ကို ဆရာတော်က ဖုန်းဆိုင်တစ်ဆိုင်ကိုခေါ်သွားပြီး ဖုန်းရယ် ဟန်းဆက်ရယ် ရွေးခိုင်းတယ်တဲ့…ဖုန်း ဆယ့်ငါးသိန်းခေတ်ကပေါ့…သူကလဲ ရဟန်းတပါးပါးကို ဆုချမယ် ထင်နေတာ…အဲ့ဒီ တကာမကို မွေးနေ့လက်ဆောင်ဝယ်ပေးတာတဲ့ဗျာ…ကန်တော့ချင်တဲ့စိတ်…လှုချင်တဲ့ စိတ်ဆိုတာ တခါထဲ ကုန်သွားလိုက်တာ နောက်အဲ့ဒီဘုန်းကြီးကျောင်း ရောက်ကို မရောက်ဖြစ်တော့ဘူး…

နောက်လဲ တကယ့်အများကြီးမှ အများကြီးပါပဲ…နှစ်လုံး..သုံးလုံး နံပတ်ပေးနေတဲ့ ဘုန်းကြီးတွေ…ဒိုင်လုပ်နေတဲ့ ဘုန်းကြီးတွေ…တကာမနဲ့ ပန်းခြံထဲ နှစ်ယောက်ထဲ လျှောက်သွားနေတဲ့ ဘုန်းကြီးတွေ တကယ့် အများကြီးမှ အများကြီးပါ…ဒါပေမယ့် ဒါတွေက တကယ့် သံဃာစစ် သံဃာမှန် အရေအတွက်နဲ့ ယှဉ်လိုက်ရင်တော့ မပြောပလောက်တဲ့ ရာခိုင်နှုန်းလောက်ပဲ ရှိမှာပါ…ဒါပေမယ့် ငါးခုံးမတွေ တဖြည်းဖြည်းနဲ့များလာပြီး လှေကြီးပါ ပုတ်သွားမှာ စိုးလို့ပါ…ဒါ့ကြောင့် သာသနာတော် သန့်စင်ရေးအတွက် အရေးယူဖို့ကလဲ အဓိက အရေးကြီးတယ် ထင်တာပါပဲ…ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံတော် သံဃာ့နာယကအဖွဲ့ကလဲ သာသနာတော် အရှည်တည်တံ့အောင် ဘာလုပ်ကြမယ်မရှိဘူး…အစိုးရခိုင်းတာချည်း ပဲ လိုက်လုပ်နေတော့ တာပါပဲ…ရဟန်းတွေရဲ့ လိုက်နာ ရတဲ့ ဝိနည်းတွေ ဘယ်လောက်များပြားခက်ခဲတယ်ဆိုတာ သဘောပေါက်ပါတယ်…ဒါပေမယ့် သာသနာသန့်စင်ဖို့ဆိုတာမှာ သံဃာတော်တွေရဲ့ စွမ်းအားက အဓိကကျနေလို့ ရေးရတာပါ…ရဟန်းတုတွေနဲ့ တွေ့သွားပြီး ဘာသာမဲ့လို ဖြစ်သွားတဲ့ သူတွေလဲ အများကြီးပါပဲ…

နံပတ်လေး…ကတော့ လူပေါ့…ဗုဒ္ဒဘာသာဝင် ဒီလူတွေ အကြောင်းကတော့ ပြောစရာ များလွန်းတော့ ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး…လပြည့်နေ့တွေများ အလုပ်ပိတ် ဆိုင်ပိတ်ပြီး မူးရူးပြီး လည်ပတ်နေလိုက်ကြတာ မြင်ရက်စရာတောင် မရှိပါဘူး…အလှုတွေ ဆိုလဲ လှုတာလား ကြွားတာလား လို့တောင် မေးယူရမလားမသိပါဘူး…ဘုန်းကြီးကျောင်းတော့ ဘယ်လောက်လှု မလှုမသိဘူး…ဆင်ဌားခ…မြင်းဌားခ..ဝင်းခင်းခ…ဆိုင်းဌားခ…ဘိသိက်ဌားခ…တွက်ကြည့်ရင် နည်းမှ မနည်းတာပဲကိုး…ဘုန်းကြီးကျောင်း ဆိုတာကလဲ ဝစ်သောက်ကားထားတဲ့နေရာ…နှစ်လုံးရောင်းတဲ့ နေရာ ဒီလိုတွေဖြစ်အောင် ဒီ လူ ဆိုတဲ့ တကာရင်းတွေကပဲ ပေါက်တတ်ကရ လုပ်နေတော့တာပါပဲ…ဂေါပက ဆိုတာကလဲ ပြောမပြောချင်တော့ပါဘူး…လူရွှင်တော်တွေကတောင် ဂေါပကတွေ့ရင် လက်အုပ်ချီရတယ်…ဗိုက်ထဲ ဌာပနာတွေရှိလို့ ဆိုပြီး ပျက် ယူရတဲ့အဆင့်ထိ…တကယ် တကယ် ပြောကို မပြောချင်တော့ပါဘူး…လူတွေအကြောင်းပြောရရင်တော့ ပြီးမှာမဟုတ်တော့ဘူး…

နောက်ပြီး နံပတ် ငါး….စည်းရုံးရေး…. ကျွန်တော်တို့ ဘာသာက စည်းရုံးရေးတော်တော်ညံ့တယ်လို့ ကျွန်တော်မြင်တာပါပဲ…စည်းရုံးရေးဆိုတာက တခြားဘာသာတွေ စည်းရုံးဖို့ထက် ကိုယ့်ဘာသာဝင်တွေကို ပြန်စည်းရုံးဖို့တောင် မလုပ်နိုင်ဘူးလို့ မြင်တယ်…ကျန်တဲ့ဘာသာတွေက တပတ်တခါတော့ သက်ဆိုင်ရာ ဘုရားကျောင်းတွေကို မဖြစ်မနေ ရောက်အောင် သွားကြပေမယ့် ကိုယ့်ဘာသာကတော့ တစ်လကို လပြည့်လကွယ်လေးတောင် ဘုန်းကြီးကျောင်းရောက်အောင် မခေါ်နိုင်ခဲ့ပါဘူး…မသွားနိုင်ခဲ့ကြပါဘူး…အဲ့ဒီအထဲ ကျွန်တော်တို့လဲ ပါပါတယ်…မိဘတွေက သားသမီးတွေကို…အဖိုးအဖွားတွေက သားသမီးတွေကော…မြေးတွေကော မဖြစ်မနေ ခေါ်သွားဖို့ ဘာလို့မကြိုးစားကြတာလဲ မသိဘူး…ဆွမ်းခံကြွသော ရဟန်းတို့ကလဲ လပြည့် လကွယ် နှစ်ရက်လောက်တော့ ဘုန်းကြီးကျောင်းတော့ တရားလာနာသင့်ကြောင်း စည်းရုံးသင့်တယ် ထင်တာပါပဲ…ဘုရား တရားဆိုတာ လူတွေ သိဖို့ ရှိဖို့ထက် ဘုရားရှိတဲ့နေရာ တရားရှိတဲ့နေရာကို.လူတွေအရင်ရောက်အောင်ဆွဲခေါ်ဖို့ လိုမယ်ထင်တာပါပဲ……အရင်ခေတ်အခြေအနေနဲ့ အခု အခြေအနေက မတူတော့တာတော့ အမှန်ပါပဲ…                         နွားကွဲ ရင်တော့ ကျားဆွဲခံရတော့မှာပါ…ဆွဲတဲ့ ကျားပဲ အပြစ်တင်နေတော့မှာလား…ကိုယ်ကပဲ မကွဲအောင် စည်းရုံးကြတော့မှာလား ဆိုတာ ပြတ်ပြတ်သားသား စဉ်းစားရမယ့် အချိန်ရောက်နေပါပြီ…

(ကျွန်တော် နောက်မျိုးဆက် နှစ်ဆက် သုံးဆက်လောက် ရောက်ရင် ကိုယ့်တိုင်းပြည်မှာ ကိုယ့်ဘာသာ သာသနာ ပျောက်ကွယ်သွားမှာ တအားစိုးရိမ်မိပါတယ်…ဒါကြောင့် သိသလောက် မြင်သလောက်လေး ကိုယ့်အမြင်လေး ရေးကြည့်မိတာပါ…ဘာသာရေးနဲ့ပတ်သက်လို့ရေးရတော့လဲ အမှားတွေ ပါခဲ့ရင်လဲ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုလို့ပဲ သဘောထားပေးကြပါ…မိုးပြိုမှာကြောက်လို့ ခြေထောက်နှစ်ဘက် ထောင် အိပ်တတ်တဲ့ တစ်တီတူး လိုပဲ ကျွန်တော် အရာရာကို စိုးရိမ်စိတ်နဲ့ ရေးထားတာပါ)

17 comments

  • kai

    March 6, 2013 at 5:19 am

    ဗာတီကန်မှာလည်း. ရဟန်းမင်းက.. နှစ်၆၀ဝသမိုင်းမှာမရှိဖူးတဲ့.. အလုပ်(နှုတ်ထွက်)တာဖြစ်တယ်..
    ကက်တလစ်ဆိုတာ.. အခြေခံအားဖြင့်…ကွန်ဆာဗေးတစ်.. ထေရီထေရာစကား.. ဘုရားတရားထက်(ဦးစားပေး)နားထောင်ရတာမို့.. ထေရဝါဒနဲ့..တူတယ်လို့ ယူဆပါတယ်..
    ပရိုတက်စတန်င့်ကတော့.. မဟာယာနနဲ့တူတယ်ပေါ့..
    အစ္စလမ်မှာကျ.. ရှီးယားနဲ့..ဆွန်နီ..။

    Pope Benedict XVI’s shock resignation breaks ‘600-year taboo’
    The Guardian-Feb 11, 2013
    Pope Benedict XVI stunned the Roman Catholic church on Monday as he announced his intention to carry out the first papal resignation in .

    ဆိုတော့..

    ငါးခုံးမတွေ တဖြည်းဖြည်းနဲ့များလာပြီး လှေကြီးပါ ပုတ်သွားမှာ စိုးလို့ပါ…

    အဲဒီစာသားလေးကြိုက်တယ်ဗျာ..
    “ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ” ရဲ့အဓိပ္ပါယ်ကို.. အသစ်ဖွင့်တာ..
    ပိုလည်း. ထိရောက်သက်ဆိုင်နေလို့ပါ…

    ဟုတ်ပ…
    လှေကြီးက..ပုပ်နေပါပြီ.. :kwi:

  • kyeemite

    March 6, 2013 at 8:54 am

    johnnydeer က ဘာသာရေးလည်းရတာပဲကိုး…

    တတိယ …သံဃာ …ဒါကတော့ လောလောဆယ် အရေးကြီးဆုံးလို့ပဲ ကျွန်တော် ထင်တယ်…ဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ ဘုရားအစား ဒီသံဃာတော်တွေပဲ ကျွန်တော်တို့ ကိုးကွယ် ဆည်းကပ်နေကြရတယ်…တရားတော်ဆိုတာကလဲ ဒီ သံဃာတော်တွေဆီကပဲ ပြန်လည်ဆည်းပူးနေကြရတယ်…အဲ့ဒီတော့ ဒီ သံဃာတော်တွေရဲ့ စွမ်းအားဟာ ဗုဒ္ဒဘာသာ အဓွန့်ရှည် တည်တံ့ဖို့ အဓိက နေရာက တည်နေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်

    ဒီတတိယ ဆွေးနွေးချက်ကို အပြည့်အဝထောက်ခံပါတယ်….ပါတ်ဝန်းကျင်မှာမြင်တွေ့
    နေရချက်အရ…တကယ့် သံဃာ့ဝိနည်းနဲ့အညီ နေထိုင်ကျင့်ကြံတဲ့ သံဃာအစစ်
    အတော်ရှားလာပါပြီ…အများစုသောဘုန်းကြီးတွေကို ကျနော်မြင်တာတော့
    အစိုးရဝန်ထမ်းတွေနဲ့တူနေပီ..တာဝန်ကျေလေးပဲလုပ်နေတာမှာတူတာပါ…
    ဒီကိစ္စ သန့်စင်ဖို့က မြန်မာနိုင်ငံတော် သံဃာ့နာယကအဖွဲ့ ကလုပ်လို့မရပါဘူး…
    လူတွေကလုပ်မှရမှာပါ…အဲလိုဝိနည်းနဲ့ မနေတဲ့သံဃာတွေကို ဆွမ်းမလောင်းနဲ့
    အိမ်မပင့်နဲ့..ဝတ္ထုမလှူနဲ့…သပိတ်မှောက်ပေါ့ဗျာ…ဒါကိုသာတကယ်လုပ်ကြရင်
    အတုအယောင်တွေ လျော့သွားမယ်ထင်ပါတယ်…
    ဒါပေမဲ့ လူတွေကလည်းခက်တယ်ဗျာ…အဲလိုဘုန်းကြီးတွေမှာ ဒါယကာပိုများနေတယ်.. :chee:

    • နွေဦး

      March 6, 2013 at 3:20 pm

      “ဒါပေမဲ့ လူတွေကလည်းခက်တယ်ဗျာ…အဲလိုဘုန်းကြီးတွေမှာ ဒါယကာပိုများနေတယ်.. ”
      လူတွေ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာကို မိရိုးဖလာ သာ သိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြလို့လည်းပါ ပါတယ်။
      ဒီလူတွေ ကိုးကွယ်တယ်ဆိုတဲ့ဘုန်းကြီးတွေကလည်း သာသနာထက် လဘ်လာဘ ကို ဦးစားပေးနေတဲ့ ဘုန်းကြီးတွေဖြစ်နေလို့ နေမှာ..။
      ဒီတော့ ကျွန်တော်တို့လုပ်နိုင်သမျှ ကိုယ့်ပတ်ဝန်းကျင်ကို နားလည်တဲ့အတိုင်းအတာထိ ပြောကြည့်ကြတာပေါ့..။

  • johnnydeer

    March 6, 2013 at 12:04 pm

    ဆရာကြီး ဦးသုခရဲ့ ရဟန်းစားရသော ဆွမ်းတနပ်…ရဟန်းမစားရသော ဆွမ်းတနပ် အစရှိတဲ့ ဇာတ်လမ်းတွေ ကြည့်ပြီး ရဟန်းတော်တွေရဲ့ ခက်ခဲလှတဲ့ ဘဝကို ကောင်းကောင်း နားလည်မိပါတယ်…ကိုယ်ကိုတိုင်လဲ မနေနိုင်ပါဘူး…ဒါပေမယ့် မကောင်းတဲ့ ရဟန်းတစုကြောင့် သာသနာတော်ကြီး ညစ်နွမ်း ပျောက်ကွယ်သွားမှာ စိုးလို့ပါ…အကန်တော့ခံသောပုဂ္ဂိုလ်…အလှုခံသောပုဂ္ဂိုလ်ဆိုသည်မှာ ကန်တော့သောသူ…လှုဒါန်းသော သူထက် အကျင့်သီလ…စိတ်နေစိတ်ထား…လုပ်ရပ်တွေအားလုံးဟာ ပိုမြင့်မြတ်စင်ကြယ်သင့်တယ် လို့တော့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်…ဘာသာအတွက်…သာသနာအတွက် သံဃာနဲ့ ဒကာ စည်းစည်းလုံးလုံး ကြိုးစားသင့်ပြီလို့လဲ ယူဆမိပါတယ်…ကောမန့်ပေးတဲ့ အကိုတွေကိုလဲ ကျေးဇူးပါ…

  • ဦးဦးပါလေရာ

    March 7, 2013 at 12:09 am

    တကယ်တမ်းမှာ
    ဘုရားအဆုံးအမ သာသနာတော်ကို တင်းတင်းရင်းရင်း ဩဇာရှိရှိ စောင့်ရှောါက်နိုင်မှာက သံဃာထုပဲဖြစ်လို့
    သာသနာတော်ရဲ့အသက်ဟာ သံဃာပါ
    သံဃာတွေ တစ်စုတစ်စည်း တစ်စိတ်တစ်ဝမ်းထဲညီညွတ်ဖို့ဆိုတာ
    ဘုရားသတ်မှတ်ထားတဲ့ စည်းကမ်းတွေ(ဝိနည်း)ကို လိုက်နာမှ ဖြစ်နိုင်တာမို့
    သံဃာရဲ့အသက်ဟာ ဝိနည်းပါ…

    အဲဒါသိလျှက်နဲ့ ဝိနည်းစည်းကမ်းကို ကိုယ်တိုင်လဲ ပြည့်စုံအောင်မကြိုးစား
    တပြည့်တပန်းများကိုလဲ တင်းတင်းရင်းရင်းမကြပ်မတ်
    လူတွေကိုလဲ ဇောင်းပေးပြီး မဟောပြောခဲ့သော
    တာဝန်မဲ့ ဘုန်းကြီးများကြောင့် သာသနာတော် ဒီအခြေရောက်နေတာဖြစ်တယ်။

    သူတို့မဟောမဆုံးမလို့ လူများစုတွေမှာ သာသနာတော်ရဲ့အနှစ်သာရနဲ့ အတွေးအခေါ်ကို သိခွင့်မရဘူး။
    ဘုရားပွဲ ကျောင်းပွဲတွေနဲ့ ဒါနကထာတွေမှာလမ်းဆုံးနေတယ်။
    တကယ်တော့ တည့်တည့်ပြောရရင်
    ဘုန်းကြီးတွေ သိပ်အရသာတွေ့တဲ့
    လက်ရှိ ဘုရားပွဲ ကျောင်းပွဲ တွေက ဘုရားအလိုတော်နဲ့ ဆန့်ကျင်တယ်။
    အဲဒါကို လွန်ခဲ့တဲ့ နှစ်၇ဝ ကျော်ကတည်းက တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ထောက်ပြဝေဖန်ခဲ့တယ်။
    အဲဒီဘုန်းကြီးက ရွှေကျင်ဂိုဏ်းရဲ့ ဒုတိယဥက္ကဌ ဆရာတော်ပါနော..။
    အဲဒါတောင် သူ့ဩဝါဒကို တခြားမှာမပြောနဲ့ ရွှေကျင်ဂိုဏ်းထဲမှာကို မလိုက်နာပါဘူး..။
    (ရွှေကျင်ဂိုဏ်းဆိုတာ ဝိနည်းနဲ့ အညီညွတ်ဆုံး ဝိနည်းအသားပေး သံဃာဂိုဏ်းကြီးပါ)

    အခုမှတော့ တော်တော်ပျက်သွားပါပြီ
    အဖတ်ဆည်လို့လဲ ရမယ်မထင်တော့ပါဘူး…။
    ဘယ်တတ်နိုင်မလဲ..
    ကျုပ်တို့ မြေးတွေလက်ထက်မှာ ဘုန်းကြီးလမ်းသရဲတွေကိုစိတ်ကုန်လာရင်
    ခရစ်ယာန်ဘာသာကို ပြောင်းကိုးကွယ်လိမ့်မပေါ့…

    • kai

      March 7, 2013 at 6:51 am

      ဘယ်တတ်နိုင်မလဲ..
      ကျုပ်တို့ မြေးတွေလက်ထက်မှာ ဘုန်းကြီးလမ်းသရဲတွေကိုစိတ်ကုန်လာရင်
      ခရစ်ယာန်ဘာသာကို ပြောင်းကိုးကွယ်လိမ့်မပေါ့…

      ကမ္ဘာမှာ လူသန်း၇၀၀ဝကျော်ထဲ.. သန်း၁ထောင်ကျော်ကြီးယုံကြည်ကိုးကွယ်နေကြတဲ့.. ဗုဒ္ဓဘာသာကြီးတခုလုံးငုတ်တုတ်ရှိနေပါ့ဗျာ..
      သိပ်မကြာသေးခင်ကတောင်.. ဒေးဗစ်ဗက်ခမ်း သူကိုးကွယ်တဲ့ဘာသာကြေငြာလိုက်သေး..
      ပန်းသီးရဲ့.. မဟာရှေ့ဆောင်သူ စတိ့ဗ်ဂျော့ကလည်း.. ကိုးကွယ်ခဲ့သေးဗျ..
      ဟော..အခု..မြန်မာနို်င်ငံဆိုင်ရာအမေရိကသံအမတ်တောင်.. ဇနီးကောင်းမှုနဲ့.. ဘုရားတက်နေပြီ..။

      ဆိုတော့…
      ကိုဘေးနွားကို.. တကောင်လုံးကင်..
      သူ့အသားကို..
      .. မြန်မာပြည်ကအမဲသားမစား(ရ)ဘူး.. ပိတ်ခံထားရတဲ့..မြန်မာ ကလေးတွေကို…(ရဲရဲ) ဝေလှူပေးမဲ့.. သူရဲကောင်းတွေသာလိုပါတယ်လို့…။ :kwi:
      =
      List of converts to Buddhism
      From Christianity

      Adewale Akinnuoye-Agbaje – famous actor of Nigerian descent[1]
      Roberto Baggio (born 1967), an Italian footballer (former Catholic)[2][3]
      Solomon Bandaranaike (1899–1959), Sri Lankan leader who converted from Christianity.[4]
      Orlando Bloom (born 1977), actor[5][6]
      Ajahn Candasiri (born 1947), Thai Buddhist nun from Scotland. (from Christianity)[7][8]
      Pema Chödrön (born 1936), Tibetan Buddhist nun from New York (from Catholic Christianity)[9]
      Thomas William Rhys Davids (1843–1922), British scholar of the Pāli language[10]
      Hugo Enomiya-Lassalle (1898–1990), religious teacher [11]
      Junius Richard Jayewardene (1906–1996), First President of Sri Lanka, and former Prime minister[12]
      Steve Jobs (1955–2011) – co-founder of Apple Computer, Inc.[13][14]
      Charles R. Johnson (born 1948), Political cartoonist, novelist, and Buddhist writer who converted at 14. (from African Methodist Episcopal Church)[15]
      Irvin Kershner (1923–2010), American film director [16]
      Henry Steel Olcott (1832–1907), founder of Theosophical Society at New York, and first well known person to convert to Buddhism. He helped bring about a resurgence and renaissance of Buddhism in Sri Lanka.
      Wayne Shorter (born 1933), saxophonist[17]
      Herman Vetterling (1849–1931), American mystic (from Swedenborgianism, but he maintained elements of Swedenborg thought after his conversion)[18][19]

  • ဦးဦးပါလေရာ

    March 7, 2013 at 12:17 am

    ဒီဆောင်းပါးရှင်ကတော့ တော်တော်အကောင်းမြင်လွန်းနေပါတယ်။
    တကယ်တော့ –
    ဘုရားသာသနာကို နားလည်တဲ့သူ၊ လိုက်နာတဲ့သူ က တော်တော်မှ တော်တော့်ကို ရှားသွားပါပြီ။
    နောက်မျိုးဆက်သုံးဆက်အထိ ခံစရာ အကြောင်းမရှိသလောက်ပဲ..
    တစ်ခုတော့ရှိတယ်
    သာသနာကွယ်တယ်ဆိုတာ သာသနာကြီးလုံးဝအစပျောက်သွားတာမဟုတ်ဘူး
    သာသနာအတု အယူအဆအတုတွေ အစားထိုးပြီး ပုံပြောင်းသွားတာကိုဆိုလိုတာ..။
    အင်း..
    အခုရော (ဘုန်းကြီးတွေမသိချင်ယောင်ဆောင်နေတာနဲ့ပဲ) အစစ်ဘယ်လောက်ကျန်သေးလို့လဲ…

  • ဝင့်ပြုံးမြင့်

    March 7, 2013 at 1:31 am

    (…နှစ်လုံး..သုံးလုံး နံပတ်ပေးနေတဲ့ ဘုန်းကြီးတွေ…ဒိုင်လုပ်နေတဲ့ ဘုန်းကြီးတွေ…တကာမနဲ့ ပန်းခြံထဲ နှစ်ယောက်ထဲ လျှောက်သွားနေတဲ့ ဘုန်းကြီးတွေ တကယ့် အများကြီးမှ အများကြီးပါ…ဒါပေမယ့် ဒါတွေက တကယ့် သံဃာစစ် သံဃာမှန် အရေအတွက်နဲ့ ယှဉ်လိုက်ရင်တော့ မပြောပလောက်တဲ့ ရာခိုင်နှုန်းလောက်ပဲ ရှိမှာပါ)
    အဲဒီတစ်ကြောင်းကတော့ မှားနေတယ်နော်။ အားနာလို့လျှော့ရေးလိုက်တာများလား။ မြို့ပေါ်မှာ စာပြန်ပွဲရှိလို့များကတော့ ဘာပြောကောင်းမလဲ။ ပြောချင်ဘူး။ ဘရိတ်အုပ်ထားတယ်။

  • kai

    March 7, 2013 at 4:37 am

    သိပ္ပံနားမလည်.. သချာင်္မတတ်သူတွေ.. လက်ဆင့်ကမ်းနေကြတဲ့.. စာ..စကား ဘယ်လောက်အန္တရာယ်ရှိလည်း.. သိစေဖို့ပါ..။
    အောက်ဆုံးမှာ.. ဆေးဖက်ဝင်အပင်လို့ထင်နေကြတာက.. ကင်ဆာပင်ဖြစ်နေတာ.. လို့ကြေငြာသတင်းတင်ပေးထားပါတယ်..။

    ဆိုတော့.. ဘုရားဟောပါတယ်ဆိုပြီး. ဗုဒ္ဓခေါင်းစဉ်ကောက်တပ်တိုင်း.. စွတ်မယုံကြဖိ်ု့.. လေ့လာဆန်းစစ်ကြဖို့လိုပါတယ်..။
    ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်ကိုသေသေချာချာနားလည်ဖို့လိုပါတယ်..။

    ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

    ကာလာမမင်းတို့ …
    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

    ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

    ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

    ၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။

    ပရဆေးပင် ဣဿရမူလီ ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ
    Browse › Home › ကျန်းမာရေး » ပရဆေးပင် ဣဿရမူလီ ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ
    မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Aristolochic Acid ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းဆေးပင်ကို စားသုံးခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေရှိ-မရှိ စစ်ဆေးခဲ့ရာ ကျောက်ကပ် ပျက်စီးမှုကို ဖြစ်ပေါ်စေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း —

  • johnnydeer

    March 7, 2013 at 6:07 am

    ဒီစာကတော့ ကိုယ်သေချာ ပိုင်နိုင်မသိတဲ့အရာတစ်ခုကို ကိုယ့်အမြင်တစ်ခုပဲ ကြည့်ရေးရတာဆိုတော့ အမှားတွေ အများကြီးနေမှာပါ…ပြင်ဆင်ရင်း ဖြည့်စွက်ရင်းနဲ့ပဲ ပြည့်စုံသွားလိမ့်မယ်လို့လဲ ယူဆမိပါတယ်…မနိုင်ပဲ ငါးကြင်းခေါင်းကိုင်မိသလို ရေးထားတဲ့စာလေး တစ်ပုဒ်ပါပဲ…ဟော…ပြောရင်း ထပ်ရေးမိသွားပြန်ပြီ…မနိုင်ပဲလား…မပိုင်ပဲလား မသိဘူး…ဒီစကားပုံက….တခါတလေတော့လဲ ကိုယ်ပိုင်နိုင်ကျွမ်းကျင်တဲ့ အကြောင်းအရာမဟုတ်ပဲ ရေးရတာ တော်တော်ခေါင်းကြီးပါတယ်…
    အဲဒါကြောင့်ရင်တထိတ်ထိတ်နဲ့
    တက်လာမယ့် ကောမန့်တွေကို စောင့်ဖတ်ကြည့်နေကြောင်းပါဗျား…

  • awra-cho

    March 8, 2013 at 11:40 am

    ကျနော် ဘရူနိုင်း ရောက်တုန်းက မေးကြတယ်ဗျ၊ အမဲသား မစားတာ ဘာသာရေးကြောင့်လားတဲ့၊ မဟုတ်ပါဘူး ဗျာလို့၊ ကိုယ်တိုင်က မကြိုက်လို့၊ သွားမကောင်းလို့၊ မစားရင်း မစားဖြစ်တာပါလို့၊ (ကျွတ်နေအောင် ကြော်ပြီး ဘီယာလေးနဲ့ ကတော့ ဟင်း။။ စားတာပေါ့။ ပြောရင်း သွားရည် ယိုလာပြီ) ထိုင်းက တယောက်လဲ ဝင်ပြီး ထောက်ခံဆွေးနွေးတာပေါ့။ ဘာသာရေး အရ တားမြစ်တာ မဟုတ်ပါဘူးပေါ့၊ ပြောချင်တာက ဘုရားက ဘာမစားနဲ့ ညာမစားနဲ့မ ပြောခဲ့ဘူးထင်ပါ့ဗျာ၊ သိလို့ရယ်မဟုတ်ပါဘူး၊ အခုမှ မိရိုးဖလာ ကနေ ကိုယ်တိုင် ကိုးကွယ်တဲ့ဆီ ပြောင်းနေတုန်းပါခင်ဗျ။

  • ဦးဦးပါလေရာ

    March 8, 2013 at 3:59 pm

    နဲနဲတော့ ဆက်ဦးမှဖြစ်မယ်..

    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ
    ဘုရားက သံဃာတွေကိုပဲ မစားရတဲ့အသားဆယ်မျိုးသတ်မှတ်ထားတယ်..
    အဲဒါကလဲ အန္တရာယ်ရှိလို့၊ ကဲ့ရဲ့ဖွယ်ဖြစ်လို့၊ ရွံရှာဖွယ်ဖြစ်လို့ မစားခိုင်းတာ..။
    အဲဒီအသားဆယ်မျိုးထဲမှာ နွားသား ကျွဲသား လုံးဝ မပါပါဘူး။
    သနားလို့မစားရမယ့်အသား လုံးဝ လုံးဝ လုံးဝ သတ်မှတ်ထားခြင်းမရှိပါဘူး…။
    အဲဒါက သံဃာတွေအတွက် သက်သက်ပါ။

    လူတွေအတွက်ကတော့ ဘာသားမဆို (ဘာသားမဆို) စားလို့ရသမျှအသား အကုန်စားလို့ရပါတယ်။
    (စားစေချင်ပုံလဲရပါတယ်)
    အဲဒီအတွက် ဘာတစ်ခွန်းမှ ပြောမထားပါဘူး။ မတားမြစ်ထားပါဘူး။

    တကယ်လို့ ဘုရားရှင်ရှိတုန်းက အမဲသားကို ဆွမ်းကပ်ရင် ဘုရားကိုယ်တိုင်ဘုန်းပေးတော်မူမယ်လို့ ကျုပ်စိတ်ထဲ လုံးဝအသေအချာယုံကြည်တယ်။
    ဘာကြောင့်လဲဆိုတော့ ဆွမ်း ဆွမ်းဟင်းဖြစ်ပြီးသားကို ဆွမ်း ဆွမ်းဟင်းအဖြစ်နဲ့ပဲ ဘုန်းပေးတာ စားရတာဖြစ်တယ်။
    ဘယ်ကလာသလဲ ဘယ်လိုရသလဲ ဆိုပြီး နောက်ကြောင်းပြန်သန်းခေါင်စာရင်းကောက်တာမျိုးက ထေရဝါဒဗုဒ္ဓဘာသာရဲ့ အယူမျိုးမဟုတ်ဘူး..။
    ကျုပ်ထင်တာ အဲဒါမျိုးက ဟိန္ဒူဘာသာရဲ့ အယူမျိုး…။

    အဲဒီတော့ စာရင်းချုပ်ရရင်-
    -အမဲသားမစားတာ ကိုယ့်ဟာကိုယ်မစားချင်လို့မစားတာဖြစ်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာအယူမဟုတ်။ စားလို့လဲ ကုသိုလ်အကုသိုလ်မဖြစ်။ ရှောင်လို့လဲ ကုသိုလ်အကုသိုလ်မဖြစ်။

    -သက်သတ်လွတ်စားတာ ကိုယ့်ဟာကိုယ်စားချင်လို့စားတာဖြစ်တယ်။ ထေရဝါဒဗုဒ္ဓဘာသာအယူမဟုတ်။
    စားလို့လဲ ကုသိုလ်အကုသိုလ်မဖြစ်။ မစားလို့လဲ ကုသိုလ်အကုသိုလ်မဖြစ်။

    ကျုပ်သာ ကိုဘေးနွားကြီး သေပြီးသား ပံ့သူကူအဖြစ်ရရင်
    ကိုရီးယားကင်လေး ကင်ပြီးတော့ကို ဘုရားလဲတင် ဆွမ်းလဲကပ် အရပ်ထဲလဲဝေဦးမယ်ဖြစ်ကြောင်း…
    :kwi:

    (စကားချပ်။ ။ ကျုပ်ကိုယ်တိုင်ကတော့ အမဲသား မကြိုက်လို့ မစားပါကြောင်း)

  • uncle gyi

    March 8, 2013 at 10:50 pm

    မြန်မာမှာဘာသာကိုလူနဲ့ချဲ့တာမပါ
    တခြားဘာသာကလူနဲ့ချဲ့တာကမ္ဘာပတ်မိတော့မယ်
    အဲတော့မနေနိုင်တဲ့ဘုန်းကြီးတွေတချက်ခုတ်၂ချက်ပြတ်အောင်

  • padonmar

    March 8, 2013 at 10:55 pm

    အမဲသားမစားကြတာ ဘာသာရေးကြောင့်မဟုတ်ပါဘူး။
    ကိုယ်စားမဲ့ ဆန်ရဖို့ လယ်တွေကို ထွန်ယက်ပေးကြတဲ့ နွားတွေကို သနားသောအားဖြင့် မစားကြတာပါ။
    စားဖို့သက်သက်မွေးထားတဲ့ အမေရိကားရောက်ရင်အဲဒီက နွားတွေကိုတော့ ကြက်သားဝက်သားနဲ့ တူတူပဲ သဘောထားကြမှာပါ။
    ကိုယ်ကြိုက်ရင်စား၊မကြိုက်ရင် မစားနဲ့ပေါ့။
    အိမ်မှာ ကြက်ကလေးတွေ ခမဲပေးလို့ မွေးထားပြီး ကြက်သားမစားရက်တော့တဲ့ သူတွေလည်းရှိပါတယ်။
    အမဲသားမစားဘူးဆိုတာနဲ့ ဘာသာရေး ဝါးလုံးရှည်ကြီးနဲ့ သိမ်းကျုံးမရိုက်လိုက်ပါနဲ့။
    …………
    ဘောလုံးပွဲသွားရင် ဘောလုံးပွဲကြည့်တဲ့ ဘုန်းကြီးတွေ့ပါမယ်။
    စနစ်တကျအုပ်ချုပ်တဲ့ စာသင်တိုက်နဲ့ တရားရိပ်သာသွားမှ ဝိနည်းနဲ့ညီတဲ့ ရဟန်းတော်များတွေ့ပါမယ်။
    လူတွေမှာ ပြည်သူ့နီတိ မစောင့်တဲ့ လူတွေများလာသလို ဘုန်းကြီးတွေမှာလည်း ဝိနည်းတော်နဲ့ မညီတဲ့ ဘုန်းကြီးတွေ များလာတာ မဆန်းပါဘူး။
    ကိုယ်နဲ့ တန်ရာ ကိုယ်ရနေကြတာပါပဲ။
    ကို်ယ့်စိတ်ဓာတ်နဲ့ တန်တဲ့ အစိုးရ၊
    ကိုယ့်အမူအကျင့်နဲ့ တန်တဲ့ အပေါင်းအသင်းပတ်ဝန်းကျင်၊
    ကိုယ့် သဒ္ဓါတရားနဲ့ တန်တဲ့ အလှူခံပုဂ္ဂိုလ်ပဲ ရမှာ မဆန်းပါဘူး။
    အဲဒါ ကံ-ကံ၏အကျိုးပေးပါ။

    • pooch

      March 9, 2013 at 12:12 am

      ဟုတ်ပါတယ် နွားတွေကို သနားလို့ မစားတာပါ။ ကိုယ့်ဘာသာက တားထားလို့ မဟုတ်ပါဘူး

      ဟိုတလောကလည်း သတင်းမှာ ဖတ်လိုက်ရပါတယ် ကိုယ်တော်တွေ အချင်းချင်း ရန်ဖြစ်တာ မကျေနပ်လို့ ဓားနဲ့ ခုတ်သတ်တဲ့ အကြောင်းရယ် ရန်ဖြစ်တာတွေရယ် သတင်းတွေထဲကို ပါလာတာပါ။

      အရေခြုံတွေ တဖြည်းဖြည်းပိုများလာသလိုပါပဲ ။ သံဃာသန့်စင်ရေး လုပ်သင့်တဲ့ အချိန်ရောက်နေပြီလို့ ထင်တာပဲ ။ မင်းတုန်းမင်းခေတ်တုန်းကလည်း သန့်စင်ဖူးတယ် ။

      နောက်နာမည်ကြီး တရားဟော ဆရာတော် တပါး က ရတဲ့ အလှူငွေတွေကို တပည့်ဒကာကိုပေးပြီး ငွေတိုးေအောင် လုပ်ခိုင်းတယ် ။ ပြီး သူက ပရဟိတလှူတဲ့နေရာမှာ ပြန်သုံးတယ် ။
      ဝိနည်းနဲ့ ညီသလား မညီသလား ကျမလည်း မပြောတတ်တော့ဘူး ။
      ကောင်းတာလုပ်နေတာဆိုတော့လည်း ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။

  • kai

    March 9, 2013 at 2:44 am

    The end justifies the means တဲ့..
    အဆုံးသတ်မှာ.. အဆုံးအဖြတ်ကောက်ချက်ချလို့ရပါတယ်..။

    နှစ်၁၀၀ဝ စိတ်ပိုင်းကြည့်..
    နှစ်၅၀ဝစိတ်ပိုင်းကြည့်..
    နှစ်၂၅ဝ စိတ်ပိုင်းကြည့်..
    နှစ်၁၀ဝ စိတ်ပိုင်းကြည့်..
    နှစ်၅ဝ စိတ်ပိုင်းကြည့်..

    လုပ်ခဲ့တာတွေ.. လုပ်နေတာတွေ..အတွေးအခေါ်တွေ.. မှားသလားမှန်သလား..
    ဒီနေ့ဒီအခြေရောက်နေတာဟာ.. အခုအတွေးအခေါ်တွေကြောင့်မဟုတ်..
    လွန်ခဲ့တဲ့.. နှစ်.. ၁၀၀ဝ (သို့..) ၅၀၀(သို့..) ၁၀ဝ (သို့..) ၅ဝ ကအကြောင်းတရားတွေကြောင့်ပဲ..
    ကံ..ကံရဲ့အကျိုး… တဲ့..

    ဆိုတော့..
    မြန်မာကလေးတွေ..intentionally အသားစားကြ.. ဒါဗျဲ.. :kwi:

  • မောင် ပေ

    March 9, 2013 at 2:19 pm

    ကျုပ်တို ့နိုင်ငံမှာ
    လူငယ်ပိုင်းတွေပေါ့
    တော်တော်များများဟာ ဘာသာရေး လေ့လာလိုက်စားရကောင်းမှန်း မသိကြတာအမှန်ပါပဲ
    အထူးသဖြင့် အမျိုးသမီးတွေ ကမှ ဘုရားသွား ဦးပုသ်စောင့်တာကို အမျိုးသားတွေထက် ပိုလုပ်ဖြစ်တယ်
    နောက်ပြီး အင်တာနေရှင်နယ် စကူး တွေ မှာ ထားတဲ့ ကလေးတွေ ဟာ မိဘကိုတောင် ရိုသေရကောင်းမှန်း မသိကြတော့ဘူး ။ အင်တဲလိဂျန် ့ပိုင်း မှာ တိုးတက်တာဟာ လက်ခံချင်စရာကောင်းပေမယ့် ၊ အကြီးကို ရိုသေရမှန်းမသိ ရိုင်းလာတာကတော့ မြန်မာ့ယဉ်ကျေးမှုနဲ ့ဘယ်လိုမှ မအပ်စပ် ။ အဲ့ကလေးတွေသာ အနာဂတ်မှာ နိုင်ငံကို ဦးဆောင်သူတွေ ဖြစ်လာမယ်ဆိုရင်ဖြင့်…
    အခု ၉၆၉ ဟာ မြန်မာအချင်းချင်း ရိုင်းပင်းကူညီ အားပေးဖို ့ကို ညွှန်းတာ မို ့အားပေးတယ်ဗျာ
    နောက်ပြီး နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွေ ဖွင့်လာတာကိုလဲ ဝမ်းသာစွာနဲ ့အားပေးပါတယ် ။ အဲဒီသင်တန်းကျောင်းတွေကို ဦးဆောင်နေတဲ့ ဘုန်းတော်ကြီးတွေ ၊ ဆရာတွေကို ၊ ကိုယ်တိုင်လဲ တတ်နိုင်သမျှ ငွေသွားလှူဖို ့အစီအစဉ် ရှိပါတယ် ။
    တိုးတက်မှု ရှိရင် ဆုတ်ယုတ်မှု တစ်ခု ရှိရမယ် ဆိုတဲ့ နယူတန်လော ပုံစံမျိုးကို ၊ တစ်ကယ်ဖြစ်မလာဖို ့ဝိုင်းဝန်း ကူညီလုပ်ဆောင်ကြပါစို ့

Leave a Reply