အညတရ..လူ…..
ကောင်မလေးရေ
ငါ့အိမ်မက်ထဲမှာ မင်းကိုပွေ့ချီပြီး
ကမ္ဘာအပြင်ကို ခြေဆန့်လို့…
မျှော်လင့်ချက်လက်တစ်ဆစ်ကို အရည်ဖျော် အမောပြေသောက်ရင်း..
အမှောင်ထဲမှာ..လမ်းတည့်တည့်လျှောက်ခဲ့တယ်..
အလင်းနဲ့မထိုက်တဲ့ကောင်မို့..
မင်းအတွက်..အမှောင်ထဲမှာ..
ပန်းတစ်ခင်းပျိုးပေးပါရစေ…
အလင်းကောင်းကောင်းမရတဲ့..ပန်းတွေဆိုတော့လည်း..
မင်းအတွက် လှချင်မှလှလိမ့်မယ်…
မြေအနိမ့်ပါ…လှံစိုက်ချင်စိုက်ပေါ့..
ဒါမှမဟုတ်…….
တော်ဝင်မဟုတ်တဲ့အသုံးအဆာင်ပါ…
ထိန်းသိမ်းဖို့..မတန်ဘူးထင်လည်း
လွှင့်ပစ်လိုက်ပါ…
ကိုယ့်အားကိုယ်ကိုးပြီး..မင်းအတွက်..
ကိုယ့်ကိုယ်ကို သန့်စင်ခဲ့သူပါ..
ပန်းခင်းနဲ့ကြိုမလား..
လွမ်းခြင်းနဲ့..ငိုရမလား..ဒါကတော့..မင်းရဲ့..ဆုံးဖြတ်ချက်ပေါ့..
မိန်းခလေးတွေအဖို့…
ပန်းဆိုတာ မပန်တတ်တော့..လျှောကျတယ်….
ကိုယ်လို့..အညတရအဖို့တော့..
လှမ်းဖို့ရာမကြံတတ်တော့..မောရပါတယ်..ကွယ်…။ ။
မှတ်ချက်။ ။အခုတလော..စစ်တပ်တွေ ရွာထဲ ဝင်တာများလာလို့..
ပစ်ချင်ခတ်ချင်စိတ်တွေပေါက်လာမှာစိုးလို့…
အလွမ်းမိုးလေးရွာလိုက်ရပါကြောင်း….
2 comments
မဟာရာဇာ အံစာတုံး
March 7, 2013 at 9:02 pm
မလွမ်းချင်ဘူးကွာ …
(လုံးဝ) လုံးဝ မလွမ်းချင်တာ …
တိုက်မယ်၊ ခိုက်မယ် …
သေမယ်၊ နေမယ် …
အမိမြေ အတွက်ဆို
စစ်မြေပြင်မှာ ခေါင်းချနိုင်တယ် ….
ဟဲဟဲ ….
ဘာမှတော့ ဆိုင်ဘူးကွာ … မန့်ချင်လို့ မန့်လိုက်ဒါ …
ဂန္ဓာရီ ဆြာအုပ်
March 9, 2013 at 8:02 pm
လန်းလှချည်လားကွ
လက်တစ်ဆစ် ဆိုနဲနေမယ် တထွာလောက်ချိတယ် လာယူ
အလင်းမရတဲ့ ပန်းချိုတော့ ဘာပန်းပါလိမ့် … ? @ #$%^&