Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တတိယမြောက် လုပ်ငန်းစဉ် သို ့မျှော်တွေးခြင်း…

silver heroMarch 16, 20131min2030

ဒီမိုုကရေစီကိုဖော်ဆောင်သော အရပ်သားအစိုးရသမ္မတ ဦးသိန်းစိန် ရဲ့လက်ထက်မှာမဟာဗျူဟာမြောက်နိူင်ငံပြုပြင်ပြောင်းလဲရေး  ဆိုင်ရာလုပ်ငန်းစဉ်များကို ၂ နှစ်တာကာလအတွင်းမှာအချိန်နဲ့တပြေးညီဆောင်ရွက်နေတာတွေ့ရတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးရင်ကြားစေ့လုပ်ငန်းများကိုလည်းလုပ်ကိုင်နိူင်ခဲ့သလို၊ပြည်သူလူ

ထုဆန္ဒနဲ့အညီဒီမိုကရေစီစနစ်နဲ ့ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကိုဥပဒေ ၊နည်းဥပဒေတွေ ထုတ်ပြန်ပြီး ကျင်းပပေးခဲ့တာတွေ ့ရတယ်။နိူင်ငံတော်သမ္မတကြီးရဲ ့နိူင်ငံဖွံ ့ဖြိုးရေးအတွက် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေး တတိယလုပ်ငန်းစဉ်ဖြစ်တဲ့အစိုးရဌာနအဖွဲစည်းများ၏စီမံအုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက်သမ္မတကြီးက မြို ့နယ်တစ်ခုတွင်မြို ့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို ့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို ့မိမြို ့ဖများ၊လူမှုရေး၊စီးပွားရေး၊လူထုလူတန်းစားကိုယ်စားလှယ်များပါဝင်သည့်မြို ့နယ်ကော်

မတီဖွဲ ့စည်းပြီးမြို ့နယ်၏တည်ငြိမ်အေးချမ်းရေး၊လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊စီးပွားရေး လူမှု ့ရေး စသည့် ကိစ္စအရပ်ရပ်အတွက်မြို ့နယ်ကော်မတီများဖွဲ ့စည်းဆောင်ရွက်ရမည် ဟု

နေပြည်တော်ရှိ နိူင်ငံတော် သမ္မတ အိမ်တော်သံတမန်ဆောင်ခန်းမမှာဒီဇင်ဘာ၂၆ရက်နေ့တွင်ကျင်းပသောအစိုးရဌာန အဖွဲ ့စည်းများ၏စီမံအုပ်ချုပ် လုပ်ကိုင်မှု ့စနစ်

တိုးတက်ကောင်းမွန်အောင်ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျန်းသည့် မိန် ့ခွန်းပြောကြားခဲ့တာကိုEnvoyဂျာနယ်၊vol.(3).no(33) 3.1.2013တွင်ဖတ်ရသဖြင့်သိခွင့်ရခဲ့ပါတယ်။

သမ္မတကြီး မိန် ့ခွန်းတွင်ပါသည့်အတိုင်း မြို ့နယ်ကော်မတီ ကိုဖွဲ့စည်းဆောင်ရွက်ရမည်ဆိုတာနှင့်ပတ်သက်ပြီး အတွေးပွား စဉ်းစားစရာ တစ်ခု ဖြစ်မိပါတယ်။

မြို ့နယ်ကော်မတီကိုဖွဲ ့စည်းမယ့်နေရာမှာ မြို ့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို ့          နယ်အဆင့်ဌာနဆိုင်ရာတွေဆိုတာနိူင်ငံတော်ကမွန်းမံသင်တန်းများကိုအဆင့်ဆင့်ဖြတ်ကျော်ခဲ့ရတဲ့နိူင်ငံ့ဝန်ထမ်းများဖြစ်တဲ့အတွက် နိူင်ငံတော်က ပေးအပ်တဲ့တာဝန်များကို

ထမ်းဆောင်ရန် အဆင်သင့်ဖြစ်သလို ဥပဒေ နည်းဥပဒေတွေကိုလည်းလိုက်နာရန် အသင့်ဖြစ်နေပါတယ်။သို ့သော်မြို ့မိမြို့ဖ၊လူမှုရေး၊စီးပွားရေး၊လူထုလူတန်းစားကိုယ်စားလှယ်များမှာပါဝင်ရမယ်ဆိုတော့ထိုသို့တာဝန်ထမ်းဆောင်ရမယ့်သူတွေကိုဘယ်

လိုစံနမူနာမျိုး၊ဘယ်လိုဥပဒေမျိုးတွေနဲ့ရွေးချယ်မှာလဲဆိုတာပြည်သူတစ်ဦးအနေနဲ့သိချင်မိတယ်။မြို့တစ်မြို့အတွက်နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ပြည်သူများကိုနိုင်ငံရဲ့အချို့သော

တာဝန်များကိုထမ်းဆောင်ရန်ခန့်အပ်ရာမှာရွေးချယ်မှုမှားယွင်းမှာကိုအင်မတန်စိုးရိမ်ပူပန်မိပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာသမ္မတကြီးရဲ့

ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်တွေနှောင့်နှေးသွားမည်ကိုပြည်သူတစ်ဦးအနေနဲ့တွေးပူမိတာအမှန်ဖြစ်ပါတယ်။(၂၀၁၂)ဒီဇင်ဘာလမှာကျင်းပပြီးစီးသွားတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေး

ပွဲတွေမှာသတိပြုချင်စရာတွေရှိပါတယ်။ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရန်နိူင်ငံတော်က ဥပဒေ၊ နည်းဥပဒေ များကိုထုတ်ပြန်ပြီး မြန်မာတစ်နိူင်ငံလုံးရှိ မြို ့နယ်တိုင်းမှာရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုဒီမိုကရေစီစနစ်ဖြင့်ရွေးချယ်ပွဲတွေ ပြုလုပ်စေခဲ့တယ် ။

ရပ်ကွက်နေပြည်သူများပေးသောမဲဆန္ဒများဖြင့်ရပ်ကွက်တွင်း

အုပ်ချုပ်မည့်သူကိုရွေးချယ်ခဲ့ကြတယ်။ဒီဇင်ဘာလအကုန်မှာမြန်မာတစ်နိူင်ငံလုံးက မြို ့နယ်တွေမှာ အုပ်ချုပ်ရေးမှူးများရွေးချယ်ပြီးခဲ့ပေမယ့်နောက်ကတက်လာတဲ့ တိုင်ကြားစာများနဲ ့ပတ်သက်လို ့ဖြေရှင်းနေရတာတွေဟာအခုချိန်ထိမပြီးပြတ်သေးပါဘူး။အဲ့ဒီအတွက်အဖြေကိုသိချင်ခဲ့တယ်။အများကြိုက်လို့ရွေးချယ်ခံရပြီးမဲများခဲ့တဲ့

သူတွေဘာဖြစ်လို့တိုင်ကြားခံရသလဲလို့စဉ်စားခဲ့ရတယ်။ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးဖို့အတွက်ဥပဒေအခန်း(၄)တွင်မြို့နယ်အုပ်ချုပ်ရေးမှူးသည်ရပ်ကွက်(သို့)ကျေးရွာ

အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင်ကြီးကြပ်နိုင်ရေးအတွက်ယင်းတာဝန်ကိုထမ်းဆောင်ရန်ဆန္ဒရှိသောရပ်ကွက်(သို့)ကျေးရွာတွင်းရှိအများကြည်ညိုလေးစားပြီးဩဇာတိက္က

မရှိသည့်ရပ်မိရပ်ဖ(၅)ဦးကိုရွေးချယ်၍ကြီးကြပ်ရေးအဖွဲ့တာဝန်ပေးအပ်ရမည်။ဟုရေးသားထားတယ်။နည်းဥပဒေတွင်ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ်ရွေးချယ်ခံရသူ

ကကြီးကြပ်ရေးအတွက်တာဝန်မယူနိူင်ပါကငြင်းဆိုနိူင်ကြောင်းလည်းပါရှိတယ်။ဥပဒေအခန်း(၄)၊၇(က)ကြီးကြပ်ရေးအဖွဲ့သည်တွင်ရပ်ကွက်(သို့)ကျေးရွာအုပ်စုအတွင်းရှိ

အိမ်ခြေစာရင်းကိုရယူ၍သတ်မှတ်ထားသောနည်းလမ်းများနှင့်အညီရပ်ကွက်(သို့)ကျေးရွာအလိုက်ဆယ်အိမ်စုအစုအဖွဲ့များဖွဲ့စည်းရမည်ဟုဥပဒေမှာရေးသားထားပါတယ်။

သို ့သော်

မြို ့နယ်များတွင်ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခဲ့ရာ မြို ့နယ်အုပ်ချုပ်ရေးမှူး နှင့်အဆင်ပြေသူ ငွေကြေးချမ်းသာသူများသာရွေးကောက်ပွဲကျင်းပရာနေရာတော်တော်များများ

မှာရပ်ကွက်ကြီးကြပ်အဖြစ်ပါဝင်လျက် လက်သင့်ရာ စားတော်ခေါ်တာ မြင်တွေ ့ခဲ့ရတယ်။

ရပ်ကွက် ကြီးကြပ်ရေးမှူးများမှာဥပဒေ၊နည်းဥပဒေပါတဲ့အချက်များကို မည်သို ့ဆောင်ရွက်ရမည်ကို နားမလည်ကြတာ ကိုလည်းမြင်တွေ ့ခဲ့ရတယ်။ကျင်းပပြီးစီးခဲ့တဲ့  အုပ်ချုပ်ရေးမှူး

ရွေးပွဲ မှ အကြောင်းတစ်ခုကို နမူနာပြရလျှင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကျင်းပနေစဉ်မှာ ရပ်ကွက်အတွင်းတက်ရောက်သောပြည်သူထဲမှပြည်သူတစ်ဦးကဥပဒေ၊နည်းဥပဒေစာအုပ်ကိုကိုင်ပြီးရပ်ကွက်ကြီးကြပ်ရေးအဖွဲ ့ကို မေးခွန်းတစ်ခုမေးခဲ့ပါတယ်။“(၁၀)အိမ်စု

လို့ရှင်းပြပြီး၊(၁၀)အိမ်စုမှာကိုယ်စားလှယ်တစ်ယောက်ရွေးပေးရမယ်လို့ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ပြောကြားခဲ့တယ်။ ၁ဝအိမ်စုဖွဲ ့စည်းတဲ့ နေရာမှာ (၁၀)အိမ်ထက်ကျော်ပြီးအစွန်းထွက်ခဲ့ရင်ကိုယ်စားလှယ်ဘယ်နှယောက်ကိုရွေးခွင့်ရှိမလဲ၊ကျွန်တော်မေးရတဲ့အကြောင်းအရင်းကလာဖိတ်တဲ့စာရင်းစာရွက်မှာကြည့်တာ

ကျွန်တော်ပါဝင်တဲ့(၁၀)အိမ်စုစာရင်းစာရွက်မှာ(၁၂)အိမ်ဖွဲ့၊ထားတာတွေ့ရပါတယ်။နောက်တစ်ခုကရပ်ကွက်ကြီးကြပ်တွေရှင်းပြတဲ့နေရာမှာမဲဆန္ဒပထမအများဆုံး၊ဒုတိယ

အများဆုံး၊တတိယအများဆုံး(၃)ဦးရဲ့စာရင်းကိုမြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြမှာဖြစ်တယ်လို့ပြောသွားတာကြားရပါတယ်အဲဒါဥပဒေမှာပါလား၊ဥပဒေနဲ့ညီပါသလား၊(၁၀)

အိမ်စုစာရင်းပြုစုရာမှာဥပဒေအရဘယ်သူ့မှာတာဝန်ရှိလဲ”ဟုမေးခဲ့ပြီးပြည်သူထဲမှနောက်တစ်ဦးကလဲ“(၁၀)အိမ်စုဖွဲ့တာအိမ်နံပါတ်အစဉ်အတိုင်းမဟုတ်တာတွေ့ရပြီး၊လမ်းကျော်

အိမ်ကျော်တွေဖွဲ့ထားတာတွေ့ရပါတယ်။ဘယ်လိုပုံစံယူပြီးဖွဲ့စည်းခဲ့တာလဲ”ဟုရပ်ကွက်ကြီးကြပ်ရေးများကိုမေးခဲ့ရာ ရပ်ကွက်ကြီးကြပ်ရေး များမှ သူတို့ တစ်အိမ်တက်တစ်အိမ်ဆင်းစာရင်လိုက်လံမပြုစုနိုင်တဲ့အတွက်ပြုစုပြီးသား(၁၀)အိမ်စုစာရင်းတွေသူတို့ကိုတင်ပြပြီး၊ရပ်ကွက်ကြီးကြပ်တွေကအတည်ပြုပေးခဲ့တယ်။ဥပဒေနဲ့ပတ်

သတ်ပြီးသိပ်မကျွမ်းကျင်ပါဘူး၊သင်တန်းမှာနှစ်ရက်သင်ခဲ့ရတာဘဲရှိပါတယ်။ဥပဒေ၊နည်းဥပဒေစာအုပ်တောင်းတော့လည်းမရလို့စာအုပ်လည်းဖတ်ခွင့်မရခဲ့ဘူး။ခက်ခဲတဲ့အရာတွေမေးရင်

သူတို့ဖြေနိုင်မှာမဟုတ်ပါဘူးလို့ဖြေကြားခဲ့ပြီးသူတို့မဖြေဆိုနိုင်သောမေးခွန်းများကိုမြို့နယ်ကြီးကြပ်အဖွဲ့ကဖြေရှင်းပြခဲ့ရတယ်။ဤအဖြစ်အပျက်များကိုကြည့်ပြီးဒေါက်တာမောင်မောင်ရေးသား

ခဲ့တဲ့(တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ)စာအုပ်ထဲကမြန်မာနိုင်ငံလွတ်လပ်ရေးရာဇဝင်အကျဉ်းထဲမှာပါတဲ့အင်္ဂလိပ်ခေတ်ကအကြောင်းကိုပြန်တွေးမိပါတယ်။

 

              လွတ်လပ်ရေး မရခင် အင်္ဂလိပ် လက်အောက်ခံဘဝတွင် အင်္ဂလိပ်အစိုးရက ဒီမိုကရေစီ ရေးရာစနစ်ဖြစ်တဲ့ အတိုင်ပင်ခံ အဖွဲ ့ကိုစမ်းသပ်တီထွင်ခဲ့ကြပြီးအတိုင်ပင်ခံ ၉ ဦးကို ခန် ့

အပ်ခဲ့ကြတယ် ။အင်္ဂလိပ်တို ့က သူတို ့ကြိုက်တဲ့သူကို ရွေးချယ်ခန် ့အပ်ပြီး သူတို ့တိုင်ပင်ချင်သလို တိုင်ပင်တယ်။ထို အတိုင်ပင်ခံ (၉) ဦးကပေးသော အကြံကို လက်ခံရန် မလိုပေ။

ဆိုတဲ့အကြောင်းအရာကဲ့သို့ပင်

ရပ်ကွက် ကြီးကြပ်ရေးအဖွဲ ့ရဲ ့အဖြစ်ဟာ မလုပ်နိူင်လို ့ငြင်းဆန်ရင်တောင် ငြင်းဆန်ခွင့်ရှိရဲ ့နဲ ့ ခေါင်းရင်းတွင် မိန် ့မိန် ့ကြီး ထိုင်ပြီး ဘာမှ မသိတဲ ့အဖြစ်ကို ရောက်နေကြတယ်။

ထိုကဲ့သို ့နိူင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ နည်းဥပဒေပါသည့်အတိုင်းဆောင်ရွက်ရမည်ကို မသိသော သူများကိုတာဝန်ပေးခြင်းသည် နိူင်ငံဖွံ ့ဖြိုးရေးအတွက်သမ္မတကြီး၏ကြိုးစားဖော်ဆောင်နေသောဒီမိုကရေစီမြင်ကွင်းကိုမှုံဝါးစေနိူင်ပါတယ်။သမ္မတ ကြီး မိန် ့ခွန်းပါသည့်အတိုင်း

မြို ့နယ်ကော်မတီ ဖွဲ ့စည်းရာတွင် ထိုကဲ့သို ့လက်သင့်ရာ  မိမိနှင့် အဆင်ပြေရာကိုသာတွေးပြီး ရွေးချယ်ခန့်အပ်တာဝန်ပေးမှု ့များ မလုပ်မိစေဘဲ ဖြစ်သင့်ဖြစ်ထိုက်

ရှိသင့်ရှိထိုက်သောသူ၊ကိုယ်ကျိုးမကြည့်ဘဲတိုင်းပြည်နှင့်လူမျိုးပေါ်စေတနာထားဆောင်ရွက်လိုသူများကို စိစစ်ရွေးချယ်နိူင်မှသာနိုင်ငံဖွံ့ဖြိုးရေးအတွက်မဟာဗျူဟာမြောက်ပြုပြင်ပြောင်းလဲရေးတတိယ

မြောက်လုပ်ငန်းစဉ် ကိုအောင်မြင်ပီပြင်နိူင်မည်ဟု ယုံကြည် မိပါတော့တယ်။