ကဗျာဆရာရယ်….နည်းနည်းလျှော ့ပါကွယ်…….
သူသိ..သူတတ်..သူ ့အချက်နဲ ့
သူ ့ကိုသူတော ့…
အဟုတ်သား……
ကဗျာဆရာ…စာဆရာလို ့
ပြောသူ..ပြောလည်း
ကြည်နူးကျေနပ်….
ထမင်းငတ်…..
မဟေသီထိပ်ထား…
ငြူစူငြားလည်း….လုပ်မြဲလုပ်ဆဲ…
သူ ့အတွေးထဲ….
ကဗျာတွေ…စာတွေရေးနေရရင်….
ထမင်းမေ ့…ဟင်းမေ ့…
မဟေသီမေ ့လို ့…
သူ ့မိဘများ….ဆဲဆိုနေ….
ဒါတွေထားပါ…
သူ ့မှာသားနဲ ့မယား…
ရှိသေးသမို ့…
ကဗျာတွေ…စာတွေရေးချင်သေးရင်…….
ရေဝေးနားမှာ….အိမ်ဝယ်ထား…….။</strong>
g>ချစ်ခြင်းမေတ္တာဖြင် ့
မိုးမင်းသား
၁၆.၃.၂၀၁၃စနေနေ ့
5 comments
မောင် ပေ
March 16, 2013 at 8:19 pm
အိမ်ဝယ်ထား
ဇိမ်ရှယ်ဖား
တိမ်နှယ်လား
လိမ်ရယ်ခါး
ကြိမ်နွယ်များ
ပိန်ဖယ်ဗျား
အလင်းဆက်
March 16, 2013 at 9:32 pm
ကဗျာဆရာရယ်…
နည်းနည်း.လျှော့ပါကွယ်…။
🙂
————–
ကဗျာကိုဖန်တီးတဲ ့
အနုပညာသမား ဟာ….
အနုပညာအာရုံ ဝင်စားနေချိန်မှာ..
ကျန်တာတွေကို မတွေးမိတော့ပဲ….ကဗျာအတွေး… စာအရေးထဲမှာပဲ..မျောနေတတ်ပါတယ် ။
ကဗျာ / စာ..သာ.. ရေးနေ / တွေးနေရရင်..ထမင်း ဟင်း.မပြောနဲ ့…
တစ်ကမ္ဘာလုံးကို ပါ..မေ့နေတတ်ပါတယ် ။
အနုပညာသမားဆိုတော့လည်း…ခက်တယ် ။ ကျိန်စာ မိနေသလိုကို
အနုပညာကို ချစ်နေတတ်တာ..တွေ။
ကျွန်တော့် ရည်းစား တစ်ယောက်ကဆို..မေးဖူးတယ် ။
ကျွန်တော့်ကို….
အနုပညာနဲ ့.. ရည်းစား…ဘယ် သူ ့ကို ပိုချစ်လဲ..တဲ ့ ။
ခက်တယ် ။ မယှဉ်သသ့်တဲ ့ အရာတွေကို လာ..ယှဉ်တယ် ။
အနုပညာကို ချစ်တာက သပ်သပ် …
အချစ်ကို ခံစားတာက သပ်သပ်…
ဒီလိုပါပဲ…
အနုပညာသမားစစ်စစ်တွေရဲ ့ ဘဝဟာ…
အမြင်တမျိုးတွေ နဲ ့အကြည့်ခံရ…
လူတမျိုးပါ..လိ ု့ အပြောခံရ…..
ဘာတွေ ဘယ်လိုပြောနေကြပါစေ..
ချစ်တဲ ့အနုပညာ ကိုတော့.. မရပ်ဘူး ။
သူ ..တည်သ၍ အနုပညာ တည်မယ် ။
ကမ္ဘာ တည်သ၍ သူ ့အနုပညာ တည်ရမယ်..ပေါ့ ။
အားတင်းလို ့.. သူ ့လမ်းသူ ဆက်လျှောက်မြဲ…။
ဖတ်ခဲ့ဖူးတဲ ့ ကာတွန်းလေးတစ်ကွက် …သတိရလိ ု့.. လေပေါလိုက်ဦးမယ်
အဲ..
ပြန်ပြောပြဦးမယ်..။
အိမ်ရှင်မ ဖြစ်သူမိန်းမကြီးတစ်ယောက်က…
သတင်းစာ ဖတ်ရင်း…
သူ ့ယောက်ျားဖြစ်တဲ ့ ( ကဗျာ ထိုင်ရေးနေသူ ) ကို…
လှမ်းအော်ပြောပြီး.ဖတ်ပြလိုက်တာ…။
ကဗျာဆရာ..မောင်မွဲပြာ..
ကြက်ရိုးစူးလို ့..သေပြီ….တဲ ့….
ကျွန်တော်တို ့ နိုင်ငံ ရဲ ့ စာပေ အနုပညာသမားတွေရဲ ့ဘဝ ဖြစ်တည်မှု နဲ ့
စာပေအနုပညာ ရဲ ့ အဆင့်အတန်းလေး..ဘယ်နေရာ ရောက်နေတယ်.ဆိုတာ..
ပြလိုက်နိုင်တဲ ့…
ကာတွန်းလေးမို ့….
မှတ်မိနေခဲ့တယ်..။
——————-
အော်..ဒါနဲ ့ ကဗျာလေးကို ခံစားပြီးပြောရရင်…
ဒီနိုင်ငံ က ကဗျာဆရာဆိုတာ…
ရေဝေးနား ( မြောက်ဥက္ကလာပ ဘက် ) မှာတောင်…
အိမ်မဝယ်နိုင်လောက်ပါဘူး ။
အင်း…
အိမ်တောင် ငှားနေနိုင်ပါ့မလား ။
မြောက်ဥက္ကလာ ဘက်မှာက အိမ်ဈေးမြေဈေးတွေ မနည်းဘူးလေ ။
ဝယ်ရင်.သိန်း…ငါးဆယ်ကနေ…သိန်းရာဂဏန်းလောက် ရှိမှရမယ် ။
အိမ်ငှားရင်.. လုံးချင်းအိမ် ခပ်ကျဉ်းကျဉ်းတစ်ခု တစ်လ ကို နှစ်သောင်းတောင်ရပါ့မလား ။
စပေါ် တင်ရဦးမယ် .။ ဒါမှ မဟုတ်..စပေါ်ပျောက် ခြောက်လစာတို ့ဘာတို့ပေးရဦးမယ် ။
ကဗျာတစ်ပုဒ် အရွေးခံရရင်.. အလွန်ဆုံးရ.. ငါးထောင်ကျပ် ။
တစ်လလုံး နေလို ့.. ငါးပုဒ်လောက်ပဲရေးနိုင်မယ့် ကဗျာဆရာဆို…
အိမ်ဝယ်နိုင်ဖို့မပြောနဲ ့…
တခြားဝင်ငွေမရှိရင်.. ငတ်သေမှာ ။
ကျော်သူရှိလို့ သာ… သေလို ့ရမှာ ။
ကျော်သူကြီးသာမရှိရင်..သေရတာတောင် အသေဖြောင့် မှာမဟုတ် ။
ဒီတော့ ကဗျာဆရာ… တခြားဝင်ငွေ မရှိရင်..
လမ်းဘေးမှာနေ…
ထမင်း ငတ်
သေရင်..ကျော်သူ ..က လိုက်ပို ့..။
ဒါပဲ…။
ဒီနိုင်ငံမှာ.. ဒီလိုပဲ.။
————-
ဘာရယ်မဟုတ်ပါဘူး..ဗျာ ။
ကြုံလို ့..( စာပေနဲ ့ပက်သက်လို ့ ) ခံစားနေရတာလေးတွေ…
လေပေါ ကြည့်တာပါ ။
🙂
ခင်မင်လေးစားစွာ..
အလက်ဆင်း
နေဝန်းနီ
March 17, 2013 at 7:11 pm
မြန်မာပြည်မှာ ကဗျာဆရာဖြစ်တာ ဝဋ်နာကံနာတဲ့
ဆရာမောင်ချောနွယ် ပြောသွားတဲ့စကားလေးတစ်ခုပါ……….။
ဘယ်လောက်ထိမှန်သလဲဆိုတာတော့ လက်တွေ့မှသိမှာပါပဲ
မိုး မင်းသား
March 18, 2013 at 8:21 pm
အမှန်တကယ်ပြောရရင်ယယယယယဒီကဗျာထံက…သူဆိုတာ…
ကိုယ် ့ကိုယ်ကိုယ်…သုံးထားတာဖြစ်ပါတယ်…..
အလင်းဆက်ပြောသလို…ရေဝေးနားမှာအိမ်ဝယ်ဖို ့မဝယ်ဖို ့ထားပါဦး…
ငှားနေဖို ့တောင်မဖြင်ဘူးဆိုတာဟုတ်မှာပါ…….ဘာဖြစ်လို ့လည်းဆိူတော ့….
ကျွန်တော်တို ့ကကိုယ်ပိုင်အိမ်ဆိုတော ့…အိမ်ငှားတဲ ့ဈေးကိုတကယ်…မသိရိုးအမှန်လေ……
ကျွန်တော်က…ကဗျာတွေစာတွေရေးနေရတွေးနေရရင်ပြီးရော……
ကျန်တာဘာဆိုဘာမှမတွေးမိရိုးအမှန်ပါ…..
ကိုပေ…ကတော ့ဆရာပဲဗျိူ ့…..ကာရန်နဲ ့နဘေနဲ ့လေ….
ကျေးကျေးပါကိုပေ……..
နေဝန်းနီပြောတာ…အမှန်ပဲ……
ကဗျာဆရာမောင်ချောနွယ်ဆိုတာ…..
ကဗျာဆရာဖြစ်ချင်သူတွေအတွက်ကတော ့လေးစားစရာပါပဲလေ……
အလင်းဆက်
March 18, 2013 at 9:00 pm
အမ်…
မိုးမင်းသမီး..အဲ ….
မိုးမင်းသားကြီး .
🙂
သွား.. လူဇိုးကြီး…
မိုးမင်းသားကြီးက..မြောက်ဥက္ကလာဘက်မှာ အနှစ်လေးဆယ်လောက် နေလာပြီးတော့များ.
မြောက်ဥက္ကလာက အိမ်ငှားဈေး မသိဝူး..တဲ ့ ။
အိမ်ပိုင်တွေ ရှိတာကို ငှားစားဖို ့ရော မစုံစမ်းမိဘူးလား .။
ပြီးတော့…….အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းကြီးတစ်ခုမှာ..
လုပ်ခဲ့လို ့..
ရန်ကုန်မြေဈေး/ အိမ်ဈေးတွေက်ို..
အပ်ကျတာ အစ သိခဲ့ပြီးတော့များ…။
မြောက်ဥက္ကလာမြေက အိမ်ငှားဈေးနှုန်းတွေ..မသိဝူးတဲ ့ ။
သိပ် အနောက် သန်တဲ ့.. လူဇိုးကြီး .။
ဟိဟိ
:kwi:
—————————-
တကယ်တော့..
အလက်ဆင်းတို ့က.. တောနယ်လေးက တက်လာတဲ ့
တောသားတစ်ယောက်ဆိုတော့..
ရန်ကုန် မြေဈေး အိမ်ဈေးတွေကို အစက မသိပါဘူး ။
သတင်းတွေ ဖတ်..စာတွေ ဖတ်နဲ ့…
လူပြောသူပြောတွေကို နားထောင်တတ်ခဲ့လို ့ရယ်…
ကိုယ်တိုင်ကလည်း.. ရန်ကုန်မှာ အိမ်ပိုင်ကလေးမရှိတော့.. လိုချင်စိတ်နဲ ့ စုံစမ်းမိတာတွေရယ်…
ရန်ကုန်မှာ အိမ်ငှားနေရတဲ ့ ဘဝတွေ ကို စိတ်ဝင်စားစွာ.. စူးစမ်းမိတာတွေရယ်..နဲ ့….
မြောက်ဥက္ကလာ ဘက်က ပညာ ဒါနကျောင်းကလေးတွေမှာ.. သင်တန်းတချို ့ တက်ခဲ့တုန်းက..
မြောက်ဥက္ကလာ မြေကို… ရင်းနှီးနေတာတွေရယ်…
အဲဒါတွေကြောင့်…
မြောက်ဥက္ကလာ ဘက်မှာ အိမ်ငှားဖို့တောင် တော်တော်လေးဈေးြကြီးမှန်း ရိပ်မိနေခဲ့ပါတယ် ။
ဒီမြောက်ဥက္ကလာ မှ မဟုတ်ပါဘူး .။
ရန်ကုန်ရဲ ့ မြို ့အစွန်ဘက်တွေမှာတောင်… တစ်လကို နှစ်သောင်းခွဲ သုံးသောင်းနဲ ့
စပေါ်ပျောက် ခြောက်လစာတွေ ဘာတွေ တင် နေရတဲ ့ အိမ်မပိုင်သူတွေ ဘဝတွေကိုလည်း..
တွေ ့နေရတာပါပဲ. ။
နယ်ကနေ တက်လာတဲ ့ သူငယ်ချင်းတွေဆို..
လှည်းတန်းတိုူ ့ သမိုင်းတို ့ဘက်မှာ အဆောင်တွေ တစ်လ နှစ်သောင်းလောက်ပေးနေရတယ် ။
လျှပ်စစ် / မီးသုံးခွင့်မရှိတဲ ့ အခန်းကျဉ်းလေးတွေ…မှာ…
သူငယ်ချင်း သုံးလေးယောက်ဆို..
သမိုင်းဘက်မှာ..တိုက်ခန်းလေး တစ်ခန်း စု ငှားနေတာ…
တစ်လကို ခြောက်သောင်းလောက် ပေးရတယ် ။ ဒါတောင် တစ်လချင်း ပေးနေလို့မရလို ့.
သုံးလ စာ.ေ.ပးနေရတာ..။
ဆိုတော့……
အလက်ဆင်းဆိုတဲ ့ ခပ် စပ်စုစု အကောင်တစ်ကောင်ဟာ….
ရန်ကုန် ရဲ ့ တခြားနေရာတွေ မှာ ဖြစ်နေတဲ ့ အိမ်ငှားနေထိုင်မှု တွေကိုလည်း..
သတိထားမိနေတယ်ပေါ့ဗျာ .။
ရောက်တဲ ့နေရာမှာ..
ကိုယ်တွေ ့ရော..
သူတပါးအတွေ ့အကြုံကိုပါ…
မျှဝေ ခံစား..နေမိတတ်တာလည်းပါတာပေါ့ ။
—————–
အော်….ဒါနဲ ့…
အမေစုတို ့…
သမ္မတကြီးတို ့…နဲ ့
အခြား… နိုင်ငံ့ ထိပ်သီး.. ပုဂ္ဂိုလ်ကြီးတွေကတော့..
ဒီလို…အိမ်ငှားတွေရဲ ့.. ကျပ်တည်းတဲ ့ဘဝနဲ ့ လူနေမှု စရိတ်မြင့်မားနေမှု တွေ
(ဝင်ငွေနဲ ့ထွက်ငွေ မမျှတမှုတွေပေါ့ ) အဲဒါတွေကို..
သိမယ်..ထင်ပါတယ် ။
ကိုယ့်မှာ အိမ်ပိုင်ရှိတာပဲ..ဆိုပြီး…
နိုင်ငံသားတွေရဲ ့ အိမ်မြေအခက်အခဲတွေကို လျစ်လျှူရှု ထားတယ်ဆိုတာ…
သာမာန်လူတစ်ယောက်အတွက်…
ဘာမှ ပြဿနာ မဖြစ်ပေမယ့်…
နိုင်ငံ့အရေး ဖြေရှင်းရမယ့်တာဝန်သိသူတွေအနေနဲ ့ကျတော့…….
ငါ့မှာ အိမ်ပိုင်ရှိလို ့..
အိမ်ငှားဈေးတွေ သိစရာ မလိုဘူး…လို့နေလို့မဖြစ်ဘူး…ဆိုတာလေးပါ..သွားတွေးမိတယ် ။
ကြည့် နိုင်ငံရေးက ပြောမိပြန်ပြီ ။
:buu:
လေးစားစွာဖြင့်
အလင်းဆက်