“ကျေးလက်ဒေသ”……ရဲ့….တန်ဖိုးနည်းမြေကွက်။

silver heroMarch 18, 20131min1502

                    “ရိုးသား ၊ကြိုးစား  ဧရာဝတီသား”ဆိုတဲ့ဆောင်ပုဒ်ကြောင့်ဧရာဝတီတိုင်းဒေ

သကြီးရဲ့မြို့နယ်အဆင့်မှာ နေထိုင်ရတဲ့ ကျွန်တော်တို့ဘဝတွေကို ကျေနပ်ခဲ့ရပါတယ်။ မြို့နယ်အဆင့်၊

ခရိုင်အဆင့်ဆိုတာ နိုင်ငံတော်အတွက်အဓိကအခြေခံအုတ်မြစ်တွေဖြစ်ပြီးနိုင်ငံတော်အတွက်အဓိကကုန်

ထုတ်စွမ်းအားစုဆိုတာကျေးလက်ဒေသဖြစ်တယ်ဆိုတော့ကျွန်တော်တို့နေထိုင်ရတဲ့ကျေးလက်ဒေသအ

တွက်ဂုဏ်ယူစိတ်ဖြစ်ရပြန်တယ်။မြို့ပြကိုအထင်ကြီးပြီး၊မြို့ပြလူနေထိုင်မှုစနစ်ကိုအားကျတဲ့စိတ်ဆို

တာကျေးလက်နေသူတွေရဲ့အလေ့အထတစ်ခုပါ။မြို့နာမည်ကအိမ်မဲဆိုပြီးနာမည်မှာ“မဲ”ပါတာမြို့နေဒေ

သခံတွေရဲ့နှလုံးသားကဖြူစင်ကြတယ်လို့စာပေဟောပြောပွဲလာတဲ့၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်

ကချီးကျူးခဲ့ဖူးတယ်။ဒေသခံတွေ နှလုံးသားဖြူပြီး နေအိမ်သာလို့ဧည်သည်အလာများပေမယ့်လာတဲ့ဧည်

သည်တွေကအိမ်ရှင်ညူစူစိတ်ပျက်စေမယ့်လုပ်ရပ်တွေကိုဖန်တီးတတ်ကြတယ်။မှော်ဝင်ပစ္စလက်အတတ်

ပညာတွေနဲ့ဖမ်းစားတတ်ကြတယ်။ပရောဂမှန်ရင်တုန်တတ်လာရမယ်အဲဒီကျမှငါ့ကိုလာပင့်ဆိုတဲ့အတတ်

ပညာတွေနဲ့ပြုစားတတ်ကြတယ်။

ကျွန်တော်တို့မြို့သားတွေကပင်ကိုယ်အဖြူရောင်နှလုံးသားကိုအရောင်စွန်းမခံကြသူတွေဆို

တော့ ဧည်သည် ဘယ်လောက်ဆိုးဆိုး သည်းခံတတ်တဲ့ ခန္ဓီ ပါရမီကို လက်ကိုင်ထားခဲ့ကြတယ်။ဘုရင့် ညီလာခံ

ကျင်းပချိန်  ဘုန်းကံကြီးတဲ့ ဘုရင်ကြီးက ရာဇပလ္လင်ထက်မှာစံမြန်းပြီး၊သက်တော်ရှည်အမတ်ကြီးတွေ၊သက်ကြီး

ရွယ်အို ပညာရှိကြီးတွေ၊ စစ်သေနာပတိတွေ ၊မင်းညီ  မင်းသားတွေ ပလ္လင်အောက်က ဝန်းရံပြီး ခစားကြရတယ်။

“မောင်မင်းကြီးများ….”လို့ဘုန်းကံရှင် ဘုရင်ကြီးက ခေါ်လိုက်တာနဲ့“ဘုရား” ခံထူးကြရတဲ့ သက်ဦးဆံပိုင်

ဘုရင်ခေတ်ဆိုတာကျွန်တော်တို့မမှီခဲ့တဲ့အတိတ်ရာဇဝင်သမိုင်းမှာရှိခဲ့ပါတယ်။ဘုရင်ကိုခစားရတဲ့သူတွေမှာအ

သက်အရွယ်အရရှင်ဘုရင်ထက်ကြီးသူတွေပါပေမယ့်ဘုရင်တစ်ပါးရဲ့ဘုန်းကံကြောင့်“ဘုရား”ထူးကြရတယ်။

သက်ဦးဆံပိုင်ခေတ်ရဲ့ပြယုဂ်တစ်ခုပေါ့။ဒီခေတ်၊ဒီစနစ်တွေကိုနှစ်၊လ၊ရက်ဆိုတဲ့အချိန်ကာလတွေကဖြတ်ကျော်ခဲ့

တာအာဏာရှင်ခေတ်စနစ်ကိုတောင်အတိတ်တစ်နေရာမှာထားခဲ့ကြပြီ။ယခုအချိန်အခါမှာဗုဒ္ဓဘာသာ၊သာသနာရောင်

ဝါတွေပြန့်ပွားထွန်းကားနေတဲ့နိုင်ငံလည်းဖြစ်၊သူတော်ကောင်းဥစ္စာခုနှစ်ပါးဖြစ်သောသဒ္ဒါ၊သီလ၊သုတ၊ဇာဂ၊

ပညာ၊ဟီရိ၊ဩတပ္ပတရားတွေလက်ကိုင်ထားကြပြီး“ဂါရဝေါစ၊နိဝါတောစ”ဆိုတဲ့မင်္ဂလာတရားနဲ့အညီနေထိုင်ကျင့်

ကြံလာကြတယ်။နာယကဂုဏ်(၆)ပါးကိုလည်းအလေးအနက်ထားကျင့်ကြံလာကြတော့လောကီမင်္ဂလာတ

ရားတွေပြည့်နေတဲ့အချိန်ကာလလို့ပြောလို့ရပါတယ်။(၈၈)ကာလမှာကြားခဲ့ရတဲ့“ဒီမိုကရေစီရရှိရေး….ဒို့အရေး”

ဆိုတဲ့ကြွေးကြော်သံ၊တောင်းဆိုသံတွေဟာအခုအချိန်မှာကြွေးကြော်စရာ၊တောင်းဆိုစရာမလိုတော့ဘဲဒီမိုကရေ

စီခေတ်ကိုပြောင်းလဲခဲ့ပြီ။ဒီလိုပြောင်းလဲမှုမှာဥုံ…..ဖွဆိုပြီးပြောင်းလဲခဲ့တာမဟုတ်ပါဘူး။အနစ်နာခံပေးဆပ်မှုတွေ

၊နိုင်ငံတော်အကြီးအကဲများရဲ့ဉာဏ်အမြော်အမြင်တွေ၊နိုင်ငံတကာရဲ့စံနမူနာတွေနဲ့နိုင်ငံသားများရဲ့

(၉၂ဒသမ၄၈ရာခိုင်နှုန်း)အတည်ပြုပြဌာန်းထားတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ

ဥပဒေကိုရေးဆွဲပြီးပြောင်းလဲခဲ့တဲ့အဖိုးအနဂ္ဂထိုက်တန်သောပြောင်းလဲမှုပါ။

အခုဆိုရင်တန်ဖိုးနည်းအိမ်ရာတွေကိုမြို့ပြတွေမှာစတင်အကောင်အထည်

ဖော်ကြတော့မယ်။ဒါတွေဟာတန်ဖိုးရှိတဲ့ဒီမိုကရေစီခေတ်ရဲ့အနှစ်သာရကိုအခြေခံလူတန်းစားတွေခံစား

ရမယ့်အချိ်န်ကိုရောက်ပြီလို့ဆိုရမယ်။အခြေခံလိုအပ်ချက်ဖြစ်တဲ့တန်ဖိုးနည်းအိမ်ရာတွေကိုမြို့ပြမှာအခုမှစ

တာပါ။ကျွန်တော်တို့နယ်မြို့တွေမှာမြို့နယ်အကြီးအကဲတွေကဒေသနေပြည်သူတွေရဲ့အခြေခံလိုအပ်ချက်

ကို၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလလောက်ထည်းကဖြည့်ဆည်းပေးခဲ့တယ်။မြို့ပြမှာလိုတန်ဖိုးနည်းအိမ်ရာမ

ဟုတ်ပေမယ့်တန်ဖိုးနည်းပေ၄၀x၆ဝမြေကွက်တွေအကွက်ရိုက်ပြီးမြို့နယ်ကရောင်းချပေးခဲ့တယ်။ကျေးလက်ဒေ

သမှာနေထိုင်တဲ့လူဦးရေဟာနိုင်ငံလူဦးရေရဲ့(၇၀%)နေထိုင်ကြတော့နိုင်ငံတစ်ခုပြောင်းလဲရေးအစမှာကျေး

လက်ဒေသကိုအဓိကထားခဲ့ကြတယ်။ဒီမိုကရေစီစနစ်နဲ့နိုင်ငံတော် အသစ် ဖြစ်ပေါ်လာတဲ့အခါနိုင်ငံရဲ့ဘဝ

ရှင်သန် ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုဦးစွာဆောင်ရွက်ခဲ့ကြတယ်။

ရေခံ၊မြေခံကောင်းတဲ့ကျွန်တော်တို့ဧရာဝတီတိုင်းသားတွေလယ်ယာစိုက်ပျိုးရေးကိုအဓိကထားပြီး

လုပ်ကိုင်ခဲ့ကြတယ်။ကျေးလက်ဒေသရဲ့မိရိုးဖလာလုပ်ငန်းဆိုတော့လယ်သမားမိဘကမွေးတဲ့သားသမီးလည်း

အချိန်တန်အရွယ်ရောက်ရင်လယ်သမားဘဝရောက်ကြရတယ်။ကျွန်တော်တို့မြို့ပတ်ပတ်လည်မှာလယ်ယာစိုက်

ခင်းတွေရှိတယ်။လယ်ယာမြေပတ်လည်ဝိုင်ရံထားတဲ့မြို့လေးပေါ့။ကိုယ်ပိုင်နေထိုင်စရာမြေကွက်မရှိတဲ့ဆင်းရဲသားတွေ

ကလယ်ယာတွေနဲ့နီးစပ်ရာမှာတဲထိုးအဖီဆွဲပြီးကျူးကျော်နေထိုင်ကြတယ်။အချို့ဆိုကားလမ်းဘေးကအစိုးရ

ပိုင်မြေ၊ချောက်ဆန်တဲ့နေရာတွေမှာတဲအိမ်စုစုတွေဆောက်ပြီးကျူးကျော်နေထိုင်ကြတယ်။ဧရာဝတီတိုင်းဒေ

သကြီးအတွင်းခရီးသွားလာဖူးသူတွေမြင်ဖူး၊တွေ့ဖူးကြတယ်။မြို့နယ်အကြီးအကဲတွေကတန်ဖိုးနည်းမြေကွက်ပေ

(၄၀x၆၀)ကိုတစ်ကွက်(၅)သိန်းနဲ့အခြေခံလူတန်းစားတွေအတွက်ရောင်းပေးနိုင်အောင်မြေကွက်တွေရိုက်တော့မ

လွတ်တဲ့ကျူးကျော်တဲအိမ်လေးတွေဖယ်ပေးခဲ့ရတယ်။ရပ်ကွက်ပြောင်း၊ကျေးရွာပြောင်းနေထိုင်တဲ့ကျူးကျော်သ

မားတွေကရပ်ကွက်အုပ်ချုပ်ရေးမှူးကိုအလှူငွေပေးနေထိုင်ကြရရှာတယ်။မြို့နယ်ကလွတ်လပ်မြေတွေကိုအခြေခံ

လူတန်းစားတွေအတွက်မြေကွက်ရိုက်ပေးခဲ့တာခေတ်အဆက်ဆက်အန္တရာယ်ရှိလို့အလွတ်ထားရတဲ့လျှပ်စစ်မီကြိုးသွယ်

ထားတဲ့ဓါတ်တိုင်အောက်ကမြေကွက်တွေတောင်ရောင်းတန်းဝင်မြေကွက်တွေဖြစ်သွားတယ်။ပေ(၄၀x၆၀)မြေတစ်ကွက်

ကို(၅)သိန်းနဲ့ရောင်းပေးတာမြို့မှာရှိတဲ့အခြေခံလူတန်းစားလူစုံသိပြီးဝယ်ဖို့သွားမေးတဲ့အချိန်မှာမြေကွက်တွေကရောင်းလို့

ကုန်တဲ့အဖြစ်ကိုရောက်နေပြီ။ဘယ်သူ၊ဘယ်ဝါဝယ်ထားတဲ့မြေကွက်ဆိုတာသာမသိတာ၊ခြံတွေတောင်အစီအရီခတ်ပြီးကုန်ပြီ။

လအနည်းငယ်ကြာလို့သွားကြည့်တော့အိမ်ဆောက်ပြီးလို့ရေ၊မီးအစုံနဲ့လေထီးခုန်လို့ရတဲ့အခြေနေတောင်ရောက်နေပြီ။တို့မြို့က

အခြေခံလူတန်းစားတွေအတော်ကြိုးစားကြတာဘဲ၊လပိုင်းအတွင်းအိမ်တစ်ဆောင်၊မီးတပြောင်ဖြစ်အောင်စွမ်းဆောင်နိုင်ကြပါလားလို့

စိတ်ထဲကနေမုဒိတာပွားချီးကျူးမိတယ်။ငွေကြေးပြည့်စုံချမ်းသာတဲ့မိတ်ဆွေတစ်ဦးနဲ့လ္ဘက်ရည်ဆိုင်မှာစကားဆုံမိတော့သူတို့

ဝယ်ထားတဲ့(၅)သိန်းတန်မြေကွက်မှာရေ၊မီးအစုံနဲ့သင့်တင့်တဲ့အိမ်လေးတစ်လုံးဆောက်လိုက်တာအခုဆိုသိန်း(၄၀)လောက်

တန်နေပြီ၊နှစ်ကြာလေတန်ဖိုးတက်လေဖြစ်မှာဆိုပြီးပြောလိုက်တော့ကျွန်တော့်မျက်စိထဲမှာ“ဝါး၊ဓနိ”ဈေးကောင်းတဲ့ခေတ်

မှာမြေကွက်ရိုက်တာမလွတ်လို့ကျူးကျော်နေအိမ်ပြောင်းရွှေ့ပေးရသူတွေ၊ယိုင်နဲ့ပြီးဝါးလုံးထောက်ကျားကန်ထားရတဲ့

ကျူးကျော်တဲအိမ်လေးတွေကတော့ဆင်းရဲကြလို့မလောက်ငှတဲ့မိသားစုဝင်ငွေကြောင့်ငွေချေး၊အကြွေးတင်၊အတိုးဆပ်ဆို

တဲ့နင်းပြားသံသရာမှာချာချာလည်နေကြမှာတွေးမြင်မိတယ်။

အခြေခံလူတန်းစားအတွက်မြို့ပြတန်ဖိုးနည်းအိမ်ရာစီမံကိန်းနဲ့ယှဉ်ရင်တန်ဖိုးနည်း

မြေကွက်ကို ကျွန်တော်တို့ကျေးလက်ဒေသမှာအရင်စပြီးဆောင်ရွက်ခဲ့ပါလားလို့တွေးမိခဲ့တယ်။အိမ်အပြန်လမ်း

တစ်လျှောက်မှာဆရာတင်မိုးရေးထားတဲ့တော်လှန်ရေးစာဆိုကြီးကဗျာအစပိုင်းဖြစ်တဲ

ဆင်းရဲတော့  ဂရုဏာ၊ ချမ်းသာတော့  ပီတိ”ဆိုတဲ့စာသားကိုအကြိမ်ကြိမ်ရွတ်ဆိုမိပါတော့တယ်။

2 comments

  • awra-cho

    March 19, 2013 at 12:13 pm

    ““၊နိုင်ငံတော်အကြီးအကဲများရဲ့ဉာဏ်အမြော်အမြင်တွေ၊နိုင်ငံတကာရဲ့စံနမူနာတွေနဲ့နိုင်ငံသားများရဲ့

    (၉၂ဒသမ၄၈ရာခိုင်နှုန်း)အတည်ပြုပြဌာန်းထားတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ

    ဥပဒေကိုရေးဆွဲပြီးပြောင်းလဲခဲ့တဲ့အဖိုးအနဂ္ဂထိုက်တန်သောပြောင်းလဲမှုပါ။””
    ဒီစာသားကတော့ စဉ်းစားစရာကြီးပါလေ၊ အခု ဆိုညွှန်ချုပ်အဆင့် တောင် အဲလို မပြောရဲတော့ဘူး၊ ဝန်ကြီးအဆင့်ကတော့ ပြောရင်ပြောအုံးမှာပေါ့လေ၊။ ဘာပဲပြောပြော လက်သင့်ရာစားတော်ခေါ် တဲ့ခေတ်ကတော့ မပျောက်ဘူးထင်ပါ့ဗျာ၊ သူများနိုင်ငံလဲ ရှိမှာပါပဲ၊ နည်းတာများတာ၊ ပဲကွာမယ်ထင်တယ်ဗျို့။

Leave a Reply