Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဘ ဖေါ ရဲ့ ပေါက်တတ်ကရ ၊ အတို အထွာ တွေ ။

Foreign ResidentMarch 22, 20134min140563

အဘ ဖေါ ရဲ့ ပေါက်တတ်ကရ ၊

အတို အထွာ တွေ ။

 

ဘာရယ် မဟုတ်ပါဘူး ။

အခု လက်ရှိ ဖြစ်ပျက်နေတဲ့ ၊

တိုင်းပြည်ကြီး ရဲ့ ၊

အခြေအနေ ကို ကြည့်ပြီး ၊

စိတ်ကုန်လွန်းတဲ့ အတွက် ၊

ဘာမှကို ပြောချင် ရေးချင်စိတ်ကို ၊

မရှိတော့ပါဘူး ။

 

နောက်ဆုံး ပြောချင်တာလေး တစ်ခုကတော့ ၊

၁ ။ အခု အခြေအနေဟာ ၊ ဘင်္ဂါလီ ကျူးကျော်မှု ဘာ ညာ ၊ မဟုတ်တော့ပါဘူး ၊

ဘာသာရေး ၊ လူမျိုးရေး အဓိကရုံး အစစ်အမှန် ဖြစ်သွားပါပြီး ။

 

၂ ။ ရှေ့လျှောက်  ( အဘ တို့ ) ဗုဒ္ဓ ဘာသာဝင်တွေ နှင့် မွတ်ဆလင် ဘာသာဝင်တွေ ၊

ကမာ္ဘ မကျေ တော့ ဖြစ်ကုန်ကြတော့မှာပဲ ။ တယ် မိုက်ကြသကိုး ။

အင်းးးးး ၊ အကျိုးဆက်တွေကိုတော့ ၊ နောက်လာ နောက်သား တွေ ရင်စီးပြီး ခံကြပေတော့ ။

 

၃ ။ တိုင်းပြည် ရဲ့ အနာဂါတ် ကတော့ ပွဲပြီးသွားပါပြီ ။

သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါပဲ ။

 

၄ ။ ကြားထဲမှာ မေတ္တာပို့ချင်တာကတော့ ၊ အစိုးရ မီဒီယာတွေကိုပါ ။

၂၁ ရက်နေ့ ည မှာ TV မှာ သတင်း ကြေငြာတာက ၊

” သေတာ ၅ ယောက် ၊ အခြေအနေတွေကို ထိမ်းနိုင်ပါပြီ တဲ့ “

 
 

ထားပါတော့ ၊ ဒီ အနိဋ္ဌာရုံ ကိစ္စတွေ ဆက်မပြောချင်တော့ဘူး ။

သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပဲ သဘောထားတော့မယ် ။

 

အခုဆက်ပြောမှာက ၊

ဟိုတစ်နေ့က အဘ Comment ပေးခဲ့တဲ့ မွေတော်ကက္ကူဘုရား အကြောင်း ။

 

Foreign Resident says: 

” တစ်ခုပြောမယ် ။

အဲဒီ ညိုညစ်ညစ် စေတီတွေ ကြားထဲမှာ ၊

ပန်းရောင် စေတီတွေ ကို သတိထားမိမှာပေါ့ ။

အဲဒာ ၊ ခု နောက်ပိုင်း ( ဦးခင်ညွန့် ခေတ်မှာ ) ပြန်ပြင်ထားတာတွေ ။

 

ဒီလို အဝေးကြည့်ပုံ မှာ မသိသာပေမယ့် ၊

အနီးကပ် ကြည့်ရင် လက်ရာတွေက အရမ်း ကွာပြီး ၊

ပြန်ပြင်ထားတာ အရမ်း သိသာ နေတယ် “

 

အောက်က ပုံက ၊ ပြန်ပြင်ထားတဲ့ မွေတော်ကက္ကူဘုရား တွေရဲ့ပုံ ။

ဘိလပ်မြေရောင်ထနေတာတွေက ပြန်ပြင်ထားတာတွေ ။

အနီးကပ် ကြည့်ရင် ပြန်ပြင်ထားတာက ၊ ဒီ့ထက် ပိုသိသာတယ် ။

 ပြန်ပြင်ထားတဲ့ မွေတော်ကက္ကူဘုရား တွေရဲ့ပုံ ။ ဘိလပ်မြေရောင်ထနေတာတွေက ပြန်ပြင်ထားတာတွေ ။
ပြန်ပြင်ထားတဲ့ မွေတော်ကက္ကူဘုရား တွေရဲ့ပုံ ။ ဘိလပ်မြေရောင်ထနေတာတွေက ပြန်ပြင်ထားတာတွေ ။

 

Foreign Resident says:

” ခက်တာက ၊ အဲဒီ နေရာတွေက ရှမ်း ၊ ပအို့ဝ် တပ်တွေက ကြီးစိုး နေတာ ။

မွေတော် ကက္ကူဘုရား မှာတောင် သူတို့ပဲ M-16 ကိုင်ပြီးကို စောင့်နေကြတာ “

 

wei wei says:

” ကက္ကူမှာ —– လက်နက်ကိုင်ပအို့ အစောင့် မရှိပါဘူး

တိုင်လုံးအစိမ်းတွေနဲ့ ဘုရားတန်းဆောင်းအသစ်တွေကို —–

တရုတ်စာနဲ့ ကဗ္ဗည်းထိုးထားတာတွေ့ခဲ့တယ် “

 

ဒီပုံက ၊ အဘ သွားတုန်းက ၊

မွေတော်ကက္ကူဘုရား မှာ စောင့်နေတဲ့ ပအိုဝ့် လက်နက်ကိုင် စစ်သားပုံ ။

နောက်ခံ မွေတော်ကက္ကူ ဘုရားတွေ နှင့် ၊

Wei Wei ပြောတဲ့ တိုင်လုံး အစိမ်း ၊ဘုရား တန်းဆောင်း အသစ် နှင့် ၊

တရုတ်စာ နဲ့ ကဗ္ဗည်းထိုးထားတာပါ ပါသေး ။

မွေတော်ကက္ကူဘုရား မှာ စောင့်နေတဲ့ ပအိုဝ့် လက်နက်ကိုင် စစ်သားပုံ ။
မွေတော်ကက္ကူဘုရား မှာ စောင့်နေတဲ့ ပအိုဝ့် လက်နက်ကိုင် စစ်သားပုံ ။

 

ဒီပုံကတော့ မ Wei Wei ရဲ့ Post ” ထမ့်စမ်းဂူ ” ကို ထပ်ဖြည့်ပေးတာ ။

ထမ့်စမ်းဂူ ရှေ့မှာ ရိုက်ထားတဲ့ ၊ ထမ့်စမ်း ကိုရင်လေး နှင့် သူ့ ရဲဘော်တွေရဲ့ ပုံ ။

ထမ့်စမ်း ကိုရင်လေး က Walkie Talkie ကနေ လိုအပ်သည်များကို ညွှန်ကြားနေပုံ ။

ထမ့်စမ်း ကိုရင်လေး နှင့် သူ့ ရဲဘော်တွေရဲ့ ပုံ ။
ထမ့်စမ်း ကိုရင်လေး နှင့် သူ့ ရဲဘော်တွေရဲ့ ပုံ ။

 

ဒီပုံကတော့ သူများတွေ ဒီရက်ပိုင်း ဇင်ယော်တွေချည်း ရိုက်ပြနေလို့ ၊

အဘ လဲ အင်းလေး သွားတုန်းက ရိုက်ထားလိုက်တဲ့ ဇင်ယော် ပုံတွေ ။

 

20111221B-Phae Khone to Inle (115)
အင်းလေး သွားတုန်းက ရိုက်ထားလိုက်တဲ့ ဇင်ယော် ပုံတွေ ။

 

 

 

အင်းလေး သွားတုန်းက ရိုက်ထားလိုက်တဲ့ ဇင်ယော် ပုံတွေ ။
အင်းလေး သွားတုန်းက ရိုက်ထားလိုက်တဲ့ ဇင်ယော် ပုံတွေ ။

ဒီပုံကတော့ အဘတို့ အင်းလေးက ၊

Golden Island Cottage Hotel မှာ တည်းတုန်း ၊

ဓါတ်ပုံသမား တစ်ယောက်က ၊ အင်းသား လှေသမားတစ်ယောက်ကို ၊

တစ်မနက် ၅၀၀ဝိ နှင့် ငှားပြီး ၊ မနက် စောစောစီးစီး ဓါတ်ပုံရိုက်နေတုန်း ၊

အဘ ကလည်း ၊ အဘ ကင်မရာ အစုတ်လေးနှင့် ဝင်ရိုက်ထားတဲ့ ပုံတွေ ။

အင်းသား လှေသမားတစ်ယောက် ၊
အင်းသား လှေသမားတစ်ယောက် ၊

 

 

တစ်မနက် ၅၀၀ဝိ နှင့် ငှားပြီး ၊ မနက် စောစောစီးစီး ဓါတ်ပုံရိုက်
တစ်မနက် ၅၀၀ဝိ နှင့် ငှားပြီး ၊ မနက် စောစောစီးစီး ဓါတ်ပုံရိုက်

 

ဒီနောက်ဆုံး ပုံလေးကတော့ ။

ချင်းပြည်နယ်က  ပေ ၁၀၈၀ဝ မြင့်တဲ့ ဝိတိုရိယ တောင်ထိပ်ကို ၊

တက်ဖို့ စီစဉ်နေတယ် ဆိုတဲ့ ၊ ရွာသူ Pooch အတွက် လက်ဆောင် ၊

အဘ ရောက်တုန်းက ရိုက်ခဲ့တဲ့ ဝိတိုရိယ တောင်ထိပ် ရဲ့ ပုံ ။

ချင်းပြည်နယ်က  ပေ ၁၀၈၀ဝ မြင့်တဲ့ ဝိတိုရိယ တောင်ထိပ
ချင်းပြည်နယ်က ပေ ၁၀၈၀ဝ မြင့်တဲ့ ဝိတိုရိယ တောင်ထိပ်

 

 

တော်သေးဘီ ။

 

အ ဘ ဖေါ ( F R ) ။

63 comments

  • ဘဘဂျီးရေ …

    ပုံဒွေ ကျိတွားဒယ်ဂျို့ ….။
    အင်းသား လှေသမားတစ်ယောက် ဆိုတဲ့ ပုံလေးက
    ရမ်းရမ်း မိုက်ဒယ်ဂျာ ….
    ဝိတိုရိယ တောင်ထိပ်တော့ ရောက်ဖူးဘူး …
    ဘာမှလည်း ချိဘာဘူး …
    အိုက်ဒါ ဘာပုလို့ တွားဂျဒါဒုံး ချင်းချား ရဘူး … 🙄

    • Foreign Resident

      March 22, 2013 at 7:54 pm

      ” ဝိတိုရိယ တောင်ထိပ်တော့ ရောက်ဖူးဘူး …
      ဘာမှလည်း ချိဘာဘူး …
      အိုက်ဒါ ဘာပုလို့ တွားဂျဒါဒုံး ချင်းချား ရဘူး ”

      ဘာပုလို့ တွားဂျဒါဒုံး ဆိုတော့ ၊
      အဘ က အဲဒီ ဝိတိုရိယ တောင်မှာ ရဟန်းခံခဲ့တာ ကွယ့် ။
      ငြိမ်းချမ်းမလား ဆိုပြီး ၊ လောကီ နှင့် နဲနဲ ဝေးတဲ့နေရာမှာ ၊
      သွား ရဟန်းခံကြည့်တာပါကွယ် ။

      ပြောရအုန်းမယ် ။
      အဲဒီ တောင်ထိပ်က စေတီက ၊
      ငွေရတု တော်လှန်ရေးနေ့ အမှတ်တရ နှင့် ၊
      သံမဏိ ဦးမောင်မောင် က တည်ထားတာတဲ့ ။

  • MaMa

    March 22, 2013 at 8:37 pm

    အားကျမခံ ဇင်ယော်တွေရိုက်ပြီး တင်အုံးမှပါပဲ။
    ဘယ်တော့ ရိုက်ဖြစ်မယ်တော့ မသိ။ :harr:
    FR တို့လို လွတ်လွတ်ကင်းကင်း နေနိုင်သူတွေအတွက်တော့
    သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ…. ကို အေးအေးချမ်းချမ်းပြောနိုင်ပေမယ့်
    ဒီမြေက မခွာနိုင်သေးတဲ့ သူတွေအတွက်ကတော့ တုန်တုန်ရီရီနဲ့ ပြောရမယ်။ :byae:

    • Foreign Resident

      March 23, 2013 at 6:09 am

      ” FR တို့လို လွတ်လွတ်ကင်းကင်း နေနိုင်သူတွေအတွက်တော့
      သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ…. ကို အေးအေးချမ်းချမ်းပြောနိုင်ပေမယ့် ”

      တိုင်းသူပြည်သားတွေ ရဲ့ အတွေးအခေါ် နှင့် တိုင်းပြည် ရှေ့ရေး ကတော့ ၊
      တကယ် စိတ်ကုန် / စိတ်ပျက် ရပါတယ် Ma Ma ရေ ။
      ကျနော့်ကို ၊ ဩဇီ နိုင်ငံသား ခံဖြစ်အောင် ၊ တွန်းပို့နေသလိုပဲ ။

      ငယ်စဉ်က ၊ အဖေ ရဲ့ တိုက်တွန်းစကား တစ်ခုဖြစ်တဲ့ ၊
      တစ်မိသားစုလုံး ၊ အချိန်မရွေး ထွက်နိုင်အောင် ၊
      နိုင်ငံခြားမှာ လုပ်စားလို့ရတဲ့ ပညာတွေကို သင်ထားပြီး ၊
      နိုင်ငံခြားမှာ ခြေတစ်ဖက်ချထား ဆိုတာ ၊ တယ်မှန်တာပဲ ။

      မိဘတွေ အတွက် စိတ်မပူပါဘူး ။
      တစ်ခုခုဖြစ်ရင် ၊ စစ်တပ်ထဲက Guest House မှာ သွားနေနေယုံပဲ ။
      မိဘ နှစ်ပါးလုံး ကလည်း Singapore Long Stay ( ငါးနှစ် ) Visa ကိုင်ထားတာ ။
      လေယာဉ် လက်မှတ်ဝယ်ပြီးတာနှင့် အချိန်မရွေး ထွက်လို့ရတယ် ။
      တိုင်းပြည်အတွက်သာ စိတ်မကောင်း ဖြစ်ရတာ ။

    • kai

      March 23, 2013 at 6:23 am

      အစွန်းရောက်တွေဟာ..

      မြန်မာပြည်ရဲ့.. စီမံကိန်းကြီးတွေဖက်လှည့်ကြပါဦးမယ်..
      အဲဒီကနေ.. ချိုင်းနားနဲ့..ချိုင်းနီးစ်တွေဖက်လှည့်မာန်စောင်ကြလိမ့်မယ်..

      နောက်…..
      အမည်ပေးတာ.. အလွဲလွဲအမှားမှားဂယက်နဲ့.. မြန်မာပြည် တရုတ်တွေဖက်လှည့်လာပါဦးမယ်..
      နောက်အချင်းချင်းလှည့်တိုက်..သတ်ဖြတ်ကြပြီး.. ဇတ်တူသားစားကြပါလိမ့်ဦးမယ်..

      အဲဒီလိုနဲ့.. သမိုင်းဘီး.. သံသရာလည်မှာပါ..။
      ကံကောင်းရင်.. မြန်မာပြည်.. ၂ပိုင်းပဲကွဲမပေါ့လေ..။
      ပြောဖူးသားပဲ..

      တော်တော်သေချာနေတာက.. ၂၀၁၅အထိ.. စစ်တပ်အာဏာတက်မသိမ်းဘူးဆိုတာပါ.။ :hee:

    • Foreign Resident

      March 23, 2013 at 9:14 am

      ” အစွန်းရောက်တွေဟာ..
      မြန်မာပြည်ရဲ့.. စီမံကိန်းကြီးတွေဖက်လှည့်ကြပါဦးမယ်..
      အဲဒီကနေ.. ချိုင်းနားနဲ့..ချိုင်းနီးစ်တွေဖက်လှည့်မာန်စောင်ကြလိမ့်မယ်..
      နောက်….. အမည်ပေးတာ.. အလွဲလွဲအမှားမှားဂယက်နဲ့..
      မြန်မာပြည် တရုတ်တွေဖက်လှည့်လာပါဦးမယ်..
      နောက်အချင်းချင်းလှည့်တိုက်..သတ်ဖြတ်ကြပြီး..
      ဇတ်တူသားစားကြပါလိမ့်ဦးမယ် ”

      သူကြီးရေ ။
      အစွန်းရောက်တွေ ဟာ ၊ လုပ်ခွင့်သာရင် ၊
      သူကြီးပြောသလို ဆက်လုပ်ကြမယ် ဆိုတာကို သံသယ မရှိပါဘူး ။

      အဲ ၊ ကျနော် သံသယ ရှိတာ ကတော့ ၊
      အဲဒီ အစွန်းရောက်တွေ ဟာ ၊
      အဲဒီလို ဆက်တိုက် / ဆက်ပြီး လုပ်နိုင်လောက်အောင် ၊
      ကြာကြာခံမယ် / စွမ်းအား ရှိမယ်လို့ မထင်တာပါ ။

      ( အရင်တုန်းကတော့ ဘင်္ဂါလီ က ကျူးကျော်တဲ့သူ မို့လို့ပါ ၊
      မွတ်ဆလင် / ဘာသာရေး နှင့် ဘာမှ မဆိုင်ပါဘူး ၊
      ဘာညာ ဆိုပြီး ၊ လျှောက် ဝေ့နေသေးတယ် ၊
      အခုတော့ ၊ မဖုံးနိုင် မဖိနိုင် စိတ်ရင်း တွေ ပေါ်လာပြီ ထင်ပါတယ် )

      အခု ၊ ဒီ မွတ်ဆလင် တွေ နှင့် ကိစ္စက ပေါ်တင် ဖြစ်သွားပြီ ဆိုတော့ကာ ၊
      နောက် ၄ / ၅ နှစ်အတွင်းမှာ ၊ မြန်မာပြည်က မြို့ကြီးတိုင်း လိုလိုမှာ ၊
      ဗုံး တွေ တဝုန်းဝုန်း ကွဲပါလိမ့်မယ် ။ လူ တွေ အတုံး အရုံး သေကြပါလိမ့်မယ် ။
      ဒါဟာ ကြားလို့တော့ မ ကောင်း ပေမယ့် ၊ ရှောင်လွဲလို့ မရနိုင်ပါဘူး ။

      အခုကိုပဲ မွတ်ဆလင်တွေဘက်က စစ်ပြင်နေကြပါပြီ ။
      နိုင်ငံတကာ ကတောင် မြန်မာပြည်ကို သတိပေးနေပါပြီ ။
      ( http://www.hindustantimes.com/India-news/NewDelhi/LeT-seeks-foothold-in-Myanmar/Article1-1004198.aspx )

      အဲဒီ အပြင် ၊ တိုင်းရင်းသား သူပုန်တွေကလည်း စောင့်ကြည့်နေတာပါ ။
      ဒီလို လူနည်းစုကို ၊ လူများစုက ၊ အနိုင်ကျင့်တာကို ၊ သူတို့ မ ကြိုက်ပါဘူး ။
      SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး မကြာခင်က ပြောခဲ့တဲ့ စကားပါ ။
      ” တိုင်းရင်းသားတွေကို နိုင်မယ် ထင်ရင် တိုက်ကြည့်လိုက်လေ ။
      နှစ် ၆ဝ လုံး တိုက်လာတာ ၊ သဘောမပေါက်သေးဘူးလား ” တဲ့ ။

      သေချာတာကတော့ ၊ ချိုင်းနား နဲ့..ချိုင်းနီးစ်တွေဖက် လှည့်မာန်စောင်ရင် ၊
      အရင်ဦးဆုံး တိုင်းရင်းသား သူပုန်တွေ ( KIA, UWSA, SSA ) နှင့် ထိပ်တိုက်တွေ့မှာပါ ။

      ( ဒါကတော့ သိပ် စိတ်ပူစရာ မလိုလှပါဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ ၊
      ချိုင်းနား ကို သွားထိရင် တပ်မတော်ကလဲ သည်းခံနေမှာ မဟုတ်ပါဘူး ။
      ချိုင်းနား ကို သွားထိတဲ့သူကို တပ်မတော်က ဆော်လွှတ်လိုက်မှာပါ ။
      ဘာဖြစ်လို့လဲ ဆိုတော့ ချိုင်းနား ကို သွားထိတာ ဟာ ၊
      နိုင်ငံတော်ကို ချောက်ထဲ ဆွဲချတာ ဆိုတာ တပ်မတော်က သိပါတယ် )

      ကဲ ထားပါ ၊ ဒီအတိုင်းသာ ဆက်သွားနေရင် ၊
      ဒီလောက် ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ၊
      ( ရန်သူတွေ ပတ်လည်ဝိုင်းနေအောင် ကိုယ့်ဖာသာကိုယ် လုပ်ထားတဲ့ ) ၊
      အစွန်းရောက်တွေ ဟာ ၊
      နဂို ကတည်းက ဆင်းရဲ မွဲတေနေရတဲ့ ကြားထဲ ၊
      အဲဒီ ပတ်လည်ဝိုင်းနေတဲ့ ရန်သူတွေ နှင့် တိုက်ခိုက်ရင်း နှင့်ပဲ ၊
      သိပ်မကြာခင်မှာပဲ ၊ ပိုပြီး ပိုပြီး ဆင်းရဲ မွဲတေ စုတ်ပြတ်သွားပြီး ၊
      အစွန်းရောက်တွေ ဟာ ငါ့ လူမျိုး ၊ ငါ့ သာသနာ လို့ အော်နေရင်းမှာပဲ ၊
      နောက်ဆုံး လူမျိုးရော ၊ သာသနာပါ ပျောက်ကွယ်သွားမှာပါ ။

      • Foreign Resident

        March 23, 2013 at 10:34 am

        အဘ အပေါ်မှာ ရေးခဲ့တာ ၊
        ဗမာ ဗုဒ္ဓဘာသာ အများစုကြီးကို မဆိုလိုဘူးနော် ။
        အစွန်းရောက်တွေကိုပဲ ဆိုလိုတာ ။

        ခက်တာက အမျိုး ဘာသာ ချစ်တာနှင့် ၊
        အစွန်းရောက်တာကို ပိုင်းခြားထားတာက ၊
        ပါးပါးလေးပဲ ရှိတယ် ။

        ဥပမာ ။ ။ ၉၆၉ မှာတောင်မှ ၊
        ဗုဒ္ဓ ဘာသာ ဆိုင်ပဲ ဝယ်ယူ အားပေးမယ် ။
        OK ၊ အဲဒီ အထိ အဘ လက်ခံတယ် ။ တရားမျှတ သေးတယ် ။

        ဒါပေမယ့် ၊
        ကုလား နှင့်တွဲတဲ့ မိန်းကလေးတွေ ၊
        ကုလား ဆိုင်မှာ စားသုံးတဲ့လူတွေ ၊
        ဓါတ်ပုံရိုက် အင်တာနက်ပေါ်တင်ပြီး ရှုံ့ချမယ် ၊ ဆိုတာကျတော့ ၊
        ဒါ တရားမမျှတတော့ဘူး ၊ အစွန်းရောက်သွားပြီ ။

      • nicolus agral

        March 24, 2013 at 5:51 pm

        (အခု ၊ ဒီ မွတ်ဆလင် တွေ နှင့် ကိစ္စက ပေါ်တင် ဖြစ်သွားပြီ ဆိုတော့ကာ ၊
        နောက် ၄ / ၅ နှစ်အတွင်းမှာ ၊ မြန်မာပြည်က မြို့ကြီးတိုင်း လိုလိုမှာ ၊
        ဗုံး တွေ တဝုန်းဝုန်း ကွဲပါလိမ့်မယ် ။ လူ တွေ အတုံး အရုံး သေကြပါလိမ့်မယ် ။
        ဒါဟာ ကြားလို့တော့ မ ကောင်း ပေမယ့် ၊ ရှောင်လွဲလို့ မရနိုင်ပါဘူး ။

        အခုကိုပဲ မွတ်ဆလင်တွေဘက်က စစ်ပြင်နေကြပါပြီ ။
        နိုင်ငံတကာ ကတောင် မြန်မာပြည်ကို သတိပေးနေပါပြီ ။)

        အဲဒီတော့ ဗမာအစွန်းရောက်တွေကပြန်သတ်
        မွတ်ဆလင် အလယ်အလတ်တွေက အစွန်းရောက်ဖြစ်သွား ပြီးတော့ အကြမ်းဖက်
        ဗမာအလယ်အလတ်တွေလဲအစွန်းရောက်ဖြစ် ပြန်အကြမ်းဖက်
        သတ်ကြ သေကြ
        ဗမာတွေကြမ်းပီဆိုရင် မလွယ်ဘူးထင်တယ်
        original ဖက်ဆစ်တွေပဲ ယိုးဒယားလိုငြိမ်ခံမနေဘူး
        အဆုံးမရှိတဲ့သွေးမြေကျမှုတွေရဲ့အစပဲဗျ

  • မောင် ပေ

    March 22, 2013 at 8:47 pm

    ကျန်တာတွေ အသာထားလို ့
    ရေငန်ပိုင် ဦးဖော ရိုက်ချက်တွေ ကို သာ အားပေးသွားပါတယ်

  • koaung

    March 22, 2013 at 9:20 pm

    မြန်မာပြည်မှာ ကြီးပြင်းသော မြန်မာဖြစ်ရသည် လည်း ခက်ခဲပင်ပန်းလှ၏
    မြန်မာပြည်မှာ ကြီးပြင်းသော လူမျိုးခြားဖြစ်ရသည် လည်း ဆင်းရဲပင်ပန်းလှ၏

  • padonmar

    March 22, 2013 at 9:21 pm

    FR ရေ
    ကျမတို့လည်း စိတ်ကုန်လို့တစ်ကြောင်း၊ကိုယ့်ဆီကနေ ပြန့်မှာစိုးတာတစ်ကြောင်း
    ဒီအကြောင်းသူ့ဖက်ကိုယ့်ဖက် မကောင်းတာတွေပြောလာရင် ဆက်ပြီး မရှဲတော့ဘူး။
    ဒီမှာတင်ရပ်ပဲ။
    ဒါကြောင့် စိတ်ငြိမ်းချမ်းမယ့် အကြောင်းတွေ ရှာဖတ် ရှာတင်နေတယ်။
    ….
    လောကီနဲ့ ဝေးတဲ့နေရာ ရဟန်းခံတော့ ဘာထူးသလဲလေး ဗျူးချင်ပါတယ်။

    • koaung

      March 22, 2013 at 9:26 pm

      မီဒီယာတွေ ကိကွန်တရိုး လုဎ်သင့်ပါကြောင်း

    • Foreign Resident

      March 22, 2013 at 10:11 pm

      ” လောကီနဲ့ ဝေးတဲ့နေရာ ရဟန်းခံတော့ ဘာထူးသလဲလေး ဗျူးချင်ပါတယ် ”

      ၁ ။ လောကီနဲ့ ဝေးတဲ့နေရာမှာ ရဟန်းခံသော်ငြားလည်း ၊
      ဘုန်းရှင် ကံရှင်များဖြစ်သဖြင့် ( ဟီ ဟိ ) ၊
      ( တောထဲ တောင်ထဲမှာ ဖြစ်သော်ငြားလည်း )
      အနေအထိုင် အစားအသောက်ကတော့ မဆင်းရဲလှပါဘူး ။

      အနေအထိုင်က ဘယ် ဆင်းရဲမလဲ ၊ ဝိတိုရိယ တောင်လယ် လောက်က ၊
      နိုင်ငံခြားသားတွေ ငှက်ကြည့်နေကျ ဟော်တယ် တစ်ခုလုံးကို ၊
      အဘတို့ အဖွဲ့က ပုတ်ပြတ် ငှားလိုက်ပြီး ၊ ကျောင်းထိုင်ကြတာကိုး ။
      ရှုခင်းက လှမှလှ ၊ ကြည်လင်တဲ့ နေ့တွေမှာ ပုပ္ပါးတောင် ကိုတောင် လှမ်းမြင်ရတယ် ။

      အစားအသောက် ကလည်း အာရုံဆွမ်းကို ၊
      သောက်စရာတင် Milo ၊ Coffee ၊ Milk ၊ Hot & Cold Chocolate ၊
      သစ်သီးဖျော်ရည် မျိုးစုံအောင်ကို ကပ်ကြတာလေ ။

      ၂ ။ ဝိတိုရိယ တောင်ပေါ်တက်တော့လည်း ၊ ရီရတယ် ။
      ကန်ပက်လက် နတ်စင်တောင် သဘာဝ ဥယျာဉ် အဝ ၊ ပေ ၈၀၀ဝ အထိ ကားနှင့် တက်တာ ။
      အဘ တို့ တက်တဲ့ အဖွဲ့က ၁၂ ယောက် ၊ အထမ်းသမား က ၁၈ ယောက် ။
      နံနက်ပိုင်း ဝတ်လာတဲ့ အနွေးထည်တောင် ၊ နေ့လည်မှာ အထမ်းသမား ထမ်းခိုင်းတာ ။
      တော်တော်လေးကို ပင်ပန်းကြဦးမှာ ။ ဟဲ ဟဲ ။

      ဒါတောင် တိုင်ပင်နေကြသေးတယ် ၊
      နောက်တစ်ခါဆိုရင် စာရာမေတိ တောင်ကို တက်ကြစို့တဲ့ ။
      အထမ်းသမား ၁၀ဝ လောက် ခေါ်ပြီး ဝေါ နှင့် တက်မှာလေ ။ ဟီ ဟိ ။

      ဒါပေမယ့် ၊ တကယ် တက်မယ် ဆိုရင် ၊ လျှော့တော့ မတွက်နှင့်နော် ၊
      ပေ ၁၀၀၀ဝ ကျော်တဲ့အတွက် အောက်ဆီဂျင်ကတော့ နဲနေပြီ ။
      လမ်း အမြန် လျှောက်လိုက်တာနှင့် ချက်ချင်း အမေါဆို့တယ် ။

      ၃ ။ တရားကတော့ ကျင့်တာ ဘယ်လောက်တောင် ပြင်းသွားလဲ မသိဘူး ၊
      သိကြားမင်း တောင် ကျောက်ဖျာ တင်းသွားသလား မသိဘူး ။
      ၂၀၀၉ ခုနှစ် သင်္ကြန်တွင်း ၊ ၄ လ ပိုင်းကြီး အစောကြီးမှာ ၊ ကြုံတောင့် ကြုံခဲ ၊
      ထူးထူး ခြားခြား ၊ ဝိတိုရိယ တောင် တည့်တည့်ကို မုန်တိုင်း တိုက်တယ်လေ ။

      အဘတို့ အဖွဲ့ထဲက အမေရိကန် ဆရာဝန်တွေက ၊
      အမေရိကန် ကို ပြန်ဖို့ လေယာဉ် လက်မှတ် ချိတ်ထားပြီးသား ဆိုတော့ ၊
      မုန်တိုင်း မိရင် ၊ တောင်ပေါ်လမ်းတွေ ပြိုပြီး လမ်းပိတ် ပြီး ၊
      သူတို့တွေ တောင်ပေါ်မှာ ပိတ်မိနေမှာ စိုးလို့သာ ပြန်ဆင်း လာခဲ့ရတယ် ။
      ( အမေရိကန် ဆရာဝန်တွေကို ငဲ့လိုက်ပေလို့သာပေါ့နော် ၊ ဟင်း ဟင်း )

      နို့မို့ဆိုရင် ၊ အဘ လည်း ၊ ဈာန်တွေ ဘာတွေ ရနေလောက်ပြီ ။ ဟင်း ဟင်း ။
      ဈာန် သာရလိုက်လို့ကတော့ သိပ်မိုက်မှာ ၊ ဘယ်နိုင်ငံ သွားသွား Visa မလိုတော့ဝူး ။

      • ဘဘဂျီးးး

        ဈာန်တွေလည်း သိပ်လိုဂျင်နေနဲ့ …
        ခုခေတ်ဂျီးမှာ ဈာန်ရဒါလည်း သိပ်ကောင်းဘူးရယ် …
        တော်ကြာနေ ဈာန် ပျံနေရင်း …
        မောင်းသူမဲ့ လေယာဉ်ဒို့ ဘာဒို့ ညာဒို့နဲ့ ဝင်တိုက်ပီး ဂန့်တွားမှ ဒွတ်ခ ဖစ်နေအုံးမယ်ဂျ … :mrgreen:

  • padonmar

    March 22, 2013 at 9:33 pm

    ကိုအောင်ရယ် ဘယ်တိုင်းပြည်မှာမဆို secondary citizen ဘဝ ဟာ အနည်းနဲ့ အများတော့ ဆိုးတာပါပဲ။
    ဘူမိပုတ္တရ ခေါ်တဲ့ မြေစွဲကြီးတဲ့သူတွေ ကြီးစိုးတဲ့အခါ ပိုဆိုးတော့တာပေါ့။

  • ကထူးဆန်း

    March 22, 2013 at 9:35 pm

    ကျွန်တော် မဝေပိုစ်မှာ ရေးခဲ့ သလိုဘဲ ကက္ကူမှာ ကျွန်တော် ရောက်တုန်းကလည်း ပအို့စစ်သား မတွေ့ခဲ့ပါဘူး ။ နှစ်ခေါက် ရောက်ဖူးပြီး နှစ်ခေါက်စလုံး မှာ မတွေ့ခဲ့ဘူး ။ ပထမအခေါက်မှာတုန်းက ဘာမှ မပြင်ထားသေးဘူး ။ အခါ အားလျော်စွာ ချတယ် နဲ့ တူပါတယ် ။ ဘဖောတို့လို VIP လာမှာ မို့လိုဖြစ်ရမယ် … :hee:
    ဒုတိယ ခေါက် ရောက်တဲ့ အချိန်မှာတော့ ရွှေကျောင်းဆရာတော် ပြင်ထားတာ တွေ့ ပြီး စိတ်ပိန်ခဲ့ ရပါတယ် ။

    • kolumbus

      March 23, 2013 at 1:16 pm

      ကက္ကူ ကို ၂၀၁၁ မှာရောက်ခဲ့တုံးက ပအို့ဝ် စစ်သားတွေကို လက်နက်နဲ့တကွ တွေ့ခဲ့ပါကြောင်း…။ ကထူးဆန်းအပြောအရဆိုရင် အမြဲတမ်းမထားဘဲ ဘုရားပွဲရှိလို့ လုံခြုံရေးယူထားတာလည်း ဖြစ်နိုင်ပါတယ်…
      ကျနော်က ဘုရားပွဲအချိန်သွားတာပါ။

  • nature

    March 22, 2013 at 11:46 pm

    လက်ပန်တောင်းတောင်ပြီးတော့မိတ္ထီလာ။ပြီးတော့ဘာများလာဦးမလဲမသိဘူး FR ရေ။

    ဖြစ်စဉ်တခုမှာ မောင်ဖြူသည်မောင်နီထံတွင်ဈေးဝယ်ရာမှအချင်းများပြီးရန်ဖြစ်ရာမောင်ဖြူကို မောင်နီက ရိုက် သဖြင့် ဆေးရုံတင်လိုက်ရသည်ဆိုတာမျိုးကို လူမျိုးရေးရှုဒေါင့်က ကုလားကမြန်မာကိုရိုက်သဖြင့် ဆေးရုံတင်လိုက်ရသည်ဆိုကတည်းက သွားပြီ ။ လူမျိုးရေးမုန်းတီးမှုကိုရှေ့ရှုသွားပြီ ။ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းဘက်ကို ဖြစ်ဖို့ဦးတည်နေတာ ခုမှမဟုတ်ပါဘူး။

    တရားဥပဒေအရ ကိုယ့်နိုင်ငံဆိုပြီး ကိုယ့်နိုင်ငံသား ကိုယ်ဘာသာဝင်တွေက အခြားနိုင်ငံသား အခြား ဘာသာဝင်တွေကိုရိုက်ခွင့်မရှိပါဘူး။ အခြားဘာသာဝင် အခြားနိုင်ငံသားတွေကလည်း ကိုယ့်နိုင်ငံသား ကိုယ့်ဘာသာဝင်တွေကိုရိုက်ခွင့်မရှိပါဘူး။ ရာဇဝတ်ကြောင်းအရ အရေးယူရမှာပါ။

    ကြားရတဲ့သတင်းတွေကိုစိတ်မကောင်းပါဘူး။ သူများဘာသာတွေကို အစွန်းရောက်အကြမ်းဖက်လို့ ပြောပြီး ကိုယ့်ဘာသာအမည်ခံခုတုံးလုပ်ပြီးအစွန်းရောက် အကြမ်းဖက်သူတွေ ပေါ်လာမှာစိုးမိတယ်။ ဘာသာရေးခုတုံးလုပ်ပြီးအကြမ်းဖက်တဲ့သူတွေဟာ ဘာသာတရားရဲ့အဆုံးအမကိုနားမလည်သူတွေပါပဲ။

  • အဂျစ်

    March 23, 2013 at 12:03 am

    မီဒီယာဆိုတာတွေရေးတာများ….ရေများရေနိုင် မီးများမီးနိုင်ပေါ့လေနော်…

  • kyeemite

    March 23, 2013 at 8:51 am

    ဖြစ်စဉ်တခုမှာ မောင်ဖြူသည်မောင်နီထံတွင်ဈေးဝယ်ရာမှအချင်းများပြီးရန်ဖြစ်ရာမောင်ဖြူကို မောင်နီက ရိုက် သဖြင့် ဆေးရုံတင်လိုက်ရသည်ဆိုတာမျိုးကို လူမျိုးရေးရှုဒေါင့်က ကုလားကမြန်မာကိုရိုက်သဖြင့် ဆေးရုံတင်လိုက်ရသည်ဆိုကတည်းက သွားပြီ ။

    အမှန်ပဲ ကိုနေးချားရေ…
    မိတ္ထီလာကိစ္စတွင်သာမက
    ရခိုင်အရေးကိစ္စတွင်ပါ…လူမျိုးရေး၊ ဘာသာရေး
    ခွဲခြားတဲ့ အစွန်းရောက်စိတ်ဓါတ်တွေကြောင့်
    ဒုက္ခဖြစ်ကုန်ရတာ……
    ဗိုလ်ချုပ်အောင်ဆန်း ပြောသွားသလို“တလွဲဆံပင်ကောင်းနေကြတာ”
    အဲဒီ အမျိုးချစ်ပါတယ်ဆိုတဲ့ လူတွေ သေချာစစ်ကြည့်..
    တိုင်းပြည်ကောင်းစားရေး ဘာတစ်ခုလုပ်ဖူးလဲလို့…
    အလကား အာနဲ့ချစ်နေကြတာ…လူကို “လူ” လို့ပဲမြင်ကြဖို့လိုတယ်..
    တကယ်က မြန်မာပြည်မှာ Discrimination လုံးဝ ရှိနေသေးတယ်ဆိုတာဖေါ်ပြတာပဲ :chee:

  • kyeemite

    March 23, 2013 at 8:58 am

    ပြောဖို့ကျန်သွားလို့…
    ဘဖေါ ပုံတွေထဲက အင်းလေး သွားတုန်းက ရိုက်ထားလိုက်တဲ့ ဇင်ယော် ပုံ
    လေးကို တော်တော်ကြိုက်တယ်ဗျာ…

  • ဗုံဗုံ

    March 23, 2013 at 10:18 am

    အဲ့ဒီတောင်ထိပ်ထိတက်ပြီး သီလရှင် ဝတ်ချင်လိုက်တာ အဘဖောရယ် :mrgreen:

  • ကို ငြိမ်းမောင်

    March 23, 2013 at 11:29 am

    အဘ ရောက်တုန်းက ရိုက်ခဲ့တဲ့ ဝိတိုရိယ တောင်ထိပ် ပုံလေးက သာယာဖွယ်ပါဘဲဗျာ။

  • ရဲစည်

    March 23, 2013 at 1:32 pm

    အပေါ်ကို ကျော်ပီး အောက်က ဓာတ်ပုံတွေကိုသာ အားပေးသွားပါ၏။
    ထမ့်စိမ်န်း ဂူတော့ မရောက်ဖူးသေးဘူး။ နာမည်တော့ ကြားဖူးတယ်။
    ကိုရင်လေးဆိုလို့ သေးသေးလေးမို့ အစောင့်အရှောက်တွေနဲ့ ထားတယ် အောက်မေ့တာ … အဟိ
    :harr:

  • Mr. MarGa

    March 23, 2013 at 3:27 pm

    ထန်စမ်းဂူက ကိုရင်လေးကတော့ ကျွန်တော်တို့ သွားတုန်းကလဲ အစောင့်အရှောက်နဲ့ပါ။
    ကျန်တဲ့ပုံတွေတော့ တကယ် ကြိုက်မိပါတယ်
    အပေါ်က စာနဲ့ ပတ်သက်လို့ ကတော့ အခုထိ စိတ်မချမ်းသာသေးဘူး
    ရှေ့ဆက် ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို မတွေးချင်တဲ့အထိ

  • manawphyulay

    March 23, 2013 at 3:52 pm

    အဘဖောရဲ့ အတိုအထွာတွေက အတော်ကို ပုံတွေကြည့်တာနဲ့တင် နေရာစုံ ချက်ချင်းကို ရောက်သွားတော့တာပဲ။ မိတ္ထီလာတောင် မဝင်ပဲနဲ့ အပြင်ကပဲ ကြည့်ပြီး မနည်းပြန်လာရတယ်။ တော်ကြာ ပြန်လာရခက်နေမှာစိုးလို့။ တဖြည်းဖြည်းနဲ့ ဘဝက အတော်စိတ်ပျက်စရာ ကောင်းလှပြီနော်။ ဒီလိုတိုက်ပွဲတွေ ဘယ်ချိန်တွေထိများ ဆက်ဖြစ်နေမလဲဆိုတာ..

  • ကိုရင်စည်သူ

    March 23, 2013 at 5:17 pm

    အဘရေ.. မိတ္ထီလာ အရေးအခင်းဟာ မြန်မာအစွန်းရောက်နဲ့ သွေးဆူလွယ်တဲ့ ပြည်သူနဲ့
    တောကြောင်တွေရဲ့ အစုံစုံတို့ဆင်ခြင်မဲ့မှုကို မီဒီယာကနေ ဖွင့်ချပြလိုက်သလိုပဲ။ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ
    လူဦးရေပေါက်ကွဲနေတဲ့နိုင်ငံ၊ အင်အားကြီး ကွန်မြူနစ်နိုင်ငံ၊ မူးယစ်ဇုန်တွေကြားမှာ ရောက်နေတာပါ။
    ကုလားတွေကို မောင်းထုတ်ချင်သပ ဖိုက်ချင်သပဆိုလဲ.. အစ္စရေးလို အင်အားကြီးအောင်လုပ်လေ။
    ပြည့်စုံအောင် လုပ်လေ။ ကိုယ့်လူမျိုးတွေ ကုလားပြည်တွေမှာ သွားကျွန်မခံရအောင်လုပ်လေ….။
    ခုတော့ မူဆလင်နိုင်ငံမှာ ရောက်နေကြတဲ့ ကိုယ့်လူမျိုးတွေပါ လုံခြုံမှုမဖြစ်စေတော့ဘူး..။
    အခုတော့..သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါပဲ ။ မြန်မာပြည်ရဲ့ အနာဂတ်အများကြီး မျှော်မှန်းလို့
    မရတော့ပါဘူး။ 🙄 🙁
    ပုံတွေက တော်တော်လှပတဲ့ ရိုက်ချက်တွေပါရား..
    သဂျီးဆိုတော့ အားလုံးထက်ထက်မြက်မြက် Qualify ပါပဲဗျာ..
    အနော်တော့အေးအေးချမ်းချမ်း ပုလင်းနမ်းပီး ရေထဲမှာပဲနေတာ ကောင်းဘာဒယ်… :kwi:

  • နေဝန်းနီ

    March 23, 2013 at 8:27 pm

    အမှောင် အမှောင် ပညာရေးအမှောင် သတင်းအမှောင် နှစ်ငါးဆယ်မှောင်လာခဲ့တာ ဒီလောက်တော့ရှိမှာပဲ အမှောင့် ပယောဂါ ဆိုတာကလည်း စွဲမိရင် ချွတ်ဖို့ အလွတ်ခက်တာကလား

  • အရီးခင်လတ်

    March 23, 2013 at 9:28 pm

    ကိုအဘဖော
    ကိုယ်လဲ တောင်တက်တာတော့ ဝါသနာပါတယ်။
    (ခေါင်းကတော့ မပါဘူး)
    ဓာတ်ပုံလေးတွေ လှတယ်။
    တစ်ပုံ မပါရင် ပိုပြီး ကျက်သရေရှိမယ် ထင်ရဲ့။
    ဖျက်လောက်လောက်ပါလားလို့ ကိုယ် အကြံပေးပါရစေ။
    (သူကြီးမင်း အလိုတော်အရ ကျွန်မ အစား “ကိုယ်” သုံးပါသည်။)
    😛

    • kai

      March 24, 2013 at 5:57 am

      ကျမ..ကျနော်လောက်ရေးပြီး.. “ဖျက်”နိူင်ရင်ပဲ.. တော်တော်ဟုတ်သွားပါပြီ..။
      စိတ်ဓါတ်ရေးရာကအဓိကပါခင်ဗျား..။

      ဆိုတော့.. နံပါတ်၂ က..
      လူတွေကို..ယူနီဖေါင်းအရောင်တွေ.. ရုပ်ဝတ္တုတွေနဲ့.. မခွဲခြားဖို့ပါလို့..။ :kwi:

      • အရီးခင်လတ်

        March 25, 2013 at 3:18 am

        ကျွန်မ/ကျွန်တော် နဲ့ ကျမ/ကျတော်
        ဘယ်ဟာက သတ်ပုံ အမှန်လဲ မသိ။
        ကျွန်စိတ် ဖြစ်မှာစိုးတာနဲ့ သတ်ပုံ အမှား သုံးရမယ်တဲ့လား သူကြီးရဲ့။

        ဒါဆိုလဲ ဒီနေရာလေးမှာ အရင်ပြင်ပေး။ 😛
        http://myanmarwords.pikay.org/2008/12/ka-gyi.html#kagyi167
        ကျွန်
        ကျွန်တော်
        ကျွန်တော်မ
        ကျွန်ုပ်
        ကျွန်မ
        ကျွန်ယုံ
        ကျွန်သပေါက်

        • padonmar

          March 25, 2013 at 6:41 am

          ကျမ ကတော့ ရိုက်ရလွယ်အောင်လို့သာ ကျမသုံးတာဖြစ်ပြီး သူကြီးလို ကျွန်စိတ်ပျောက်အောင် မဟုတ်ပါဂျောင်း သဘောထားပေးပါတယ်။
          ဒါလေးတစ်ခုနဲ့တော့ ကျွန်စိတ်/သခင်စိတ် ပြောင်းလို့ရမယ် မထင်ပါဂျောင်း။

        • kai

          March 25, 2013 at 2:46 pm

          ကျနော်၊ ကျမ ကို မြန်မာသတ်ပုံအမှန်အဖြစ်ပြဌာန်းသင့်ပါတယ်..
          ကျန်တာကတော့.. မသိသူကျော်သွား.. သိသူဖေါ်စားပါပဲ..

          ကြည့်ရတာ.. ကျုပ်ဆိုလိုချင်နေတာ.. အမတော်တို့သဘောမပေါက်ကြသေးပုံလား.. မသိချင်ယောင်ဆောင်နေကြသလားမသိ…
          ဒီလိုပြင်ဖို့ဆိုတာ.. တဦးချင်းစီက.. တတ်နိုင်သလောက်လုပ်ယူဖို့လို့.. လုပ်ရမယ့်နံပါတ်စဉ်၁ အနေနဲ့ပြောခဲ့တာပါ..။
          အကျိုးသက်ရောက်မှုကို ဆယ်စုနှစ်၁ခုအတွင်း.. ကိုယ်တိုင်မြင်ရမယ်လို့.. အာမခံပါကြောင်း.. :harr:

      • ဖားသက်ပြင်း

        March 25, 2013 at 7:03 am

        ဆြာမကြီး လူထုဒေါ်အမာ ရဲ့ ပေးစာတွေကို ဖတ်ဖူးသူဆြာသမား
        တယောက်ကတော့ ဆြာမကြီးလည်း ကျွန်မ လို့မသုံး ကျမပဲသုံးကြောင်း
        မှတ်ဖူးရဲ့ဗျာ…အဲ့သည့် ကျွန် ဆိုတဲ့ စာလုံးကြီးကို မုန်းတယ်..
        ကိုယ်ပိုင် ပြဌာန်းချက်အရတော့ မည်သူ့ကိုမှ မသုံး သလို
        ကိုယ့်ကိုလည်း မည်သူမှ မသုံးဇီယ….

        ပေါ်လ် မက္ကာတနေ ကို သက်သေပြုလို့ ..

        This is my right, a right given by God
        To live a free life, to live in freedom

        Talking about freedom
        I’m talking about freedom
        I will fight, for the right
        To live in freedom

  • mobile

    March 23, 2013 at 11:15 pm

    ဘဂျီးဖောရဲ့ အတိုအထွာလေးတွေကို ဝင်ရောက်လေ့လာမှတ်သား
    သွားပါတယ်………………….
    ပြီးတော့ comment လေးတွေကိုလည်း ဖတ်ရှု့လေ့လာသွားပါတယ်……

  • Fall Guy

    March 24, 2013 at 1:29 am

    အဘဖောရေ
    စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်လိုဘဲ
    “ဘာမှမတတ်နိင်ဘူး စွန့်လွှတ်လိုက်ရပြီ လက်လျှော့လိုက်ရပြီ အရှုံးပေးလိုက်ရပြီ..”
    လို့သာဆိုလိုက်ချင်ပါရဲ့ဗျာ…။ တကယ်ဆို နိုင်ငံအတွက် အများကြီးမျှော်လင့်ထားမိတာ……
    အခုတော့ ဪ လူတွေ လူတွေ …..နေရာလွဲပြီး ဆံပင်သန်နေပါလား……

  • uncle gyi

    March 24, 2013 at 9:35 am

    ဘဖောကတဲ့ချပြလိုက်တာကိုး
    ဟုတ်တ
    ဟုတ်တယ်ဗျသွားသတိနဲ့နေတော့မယ်
    စိတ်ပိန်ပါတယ်ဗျာ

  • ဝင့်ပြုံးမြင့်

    March 24, 2013 at 8:04 pm

    yု့ပုံ ၁- ကနေ့မြင်ကွင်းဟာ ဒီလိုဖြစ်နေပြီဆိုတော့လည်း
    ပုံ ၂- ဘုရားပုထိုးတွေအထိတောင် နေရာယူထားတဲ့ တတိယလူဆိုတာလည်း
    ပုံ ၃+၄- သူတို့ရှိတာ တော်တော်သေချာနေပြီဆိုတော့ကာ
    ပုံ ၅- အော် ဇင်ယော်လေးတွေရယ်
    ပုံ ၆- ပစ်ပစ်ပြီး ကျွေးတာသာ စားကြပေရော့
    ပုံ ၇+၈- တိုင်းရင်းသားဆိုတာကလည်း ဟောသလို ရှားရှားပါးပါး
    ပုံ ၉ – နောင်ဆိုရင်တော့ အမျိုးဘာသာသာသနာကို ချစ်လှချည်ရဲ့ဆိုတဲ့လူတွေ ဝိတိုရိယ တောင်ထိပ်တက်ပြီးတော့ပဲ ဘုရားတည် ဘုန်းကြီးဝတ်ကြရတော့မယ်။

    ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဓာတ်ပုံလေးတွေ ကြည့်ပြီး စိတ်ထဲ ခံစားရတဲ့အတိုင်းရေးတာပါ။
    စိတ်ထဲမှာ ပြတ်ပြတ်သားသားပြောချင်နေတာကတော့ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တာ လုံးဝမကြိုက်ပါ။ အစ္စလာမ်တွေကသာ ဒီအဖြစ်ကို jihad လို သဘောထားလိုက်ပြီဆိုရင် တိုင်းပြည်ကျေဖို့ပဲ။ တဆိတ်ရှိ အမျိုးဘာသာ၊ သာသနာ ဆိုတာကြီးကိုပဲ သွားသွားပြီး ချစ်နေကြ၊ ဒီလောက်တောင် ချစ်နေကြရင်လည်း ဘုန်းကြီးဝတ်ပြီး တောထဲဝင်၊ နိဗ္ဗာန်ရောက်အောင် ကိုယ့်ဖာသာကိုယ် ကျင့်ကြ၊ သူများကို တရားဟောပြီး ငွေရှာမနေနဲ့။
    တိုင်းပြည်ကို ဘုန်းတန်ခိုးနဲ့ အုပ်ချုပ်လို့မရပါ။ အဘိဉာဉ်ရှိရင်တောင် အုပ်ချုပ်လို့မရပါ။ ဘုန်းတော်ကြီးပညာရေး လုံးဝ အယုံအကြည် မရှိပါ။ ခေတ်မီ ပညာနဲ့သာလျှင် တိုင်းပြည်အုပ်ချုပ်လို့ရတယ်ဆိုတာ သိရင် ဘုန်းကြီးတွေ မပါနဲ့။ တရားတွေ မဟောနဲ့။ ကိုယ့်ဖာသာကိုယ် နတ်ပြည်လောက်ရောက်အောင်ကျင့်ကြ။ ဒါပဲ။
    —-
    အဟီး၊ ဒေါသထွက်နေလို့ ဆိုင်သော်ရှိ မဆိုင်သော်ရှိ ဘဖောရဲ့ ပိုစ်ထဲ စိတ်ထဲရှိတာ ရေးပစ်လိုက်ပြီ။

    • kai

      March 25, 2013 at 12:45 am

      အောင်မြလေး..
      သာဓု အကြိမ် ၁သိန်း.. :kwi:

    • Mလုလင်

      March 25, 2013 at 1:18 am

      “အစ္စလာမ်တွေကသာ ဒီအဖြစ်ကို jihad လို သဘောထားလိုက်ပြီဆိုရင် တိုင်းပြည်ကျေဖို့ပဲ။” မဖြစ်နိုင်ပါ . . . . ကျုပ် အမြင်ကတော့ အလွန် စီးပွားရေး ကောင်းနေသော . . ကုလား (မူဆလင်) တွေ ရှိတာကြောင့် . . အဲ့လို ကို မဖြစ်နိုင်ပါ . .။ “ဘုန်းတော်ကြီးပညာရေး လုံးဝ အယုံအကြည် မရှိပါ။” ဘုန်းတော်ကြီး ပညာရေး ဆိုပေမယ့် . . သင်တဲ့ ဆရာတွေ က ပြင်ပ ဆရာတွေပါ . . ဥပမာ။ ။ မြောက်ဥက္ကလာ အဝိုင်းက ပညာဒါန လို သင်တန်းမျိုး။ ” နဲ့ . . . နဲ့ . . . နဲ့ . . . နဲ့” တစ်နေရာရာ မှာ မတ်တပ် ရပ်ဖူး ပါမှ . . အဲ့နေရာ ရဲ့ ခံစားချက် ကို နားလည် စေနိုင်တာပါ . .။ ဒေါသ ရှေ ့ထား မှားမှာ ပေါ့ . . ကွယ်။ အနိစ္စ ဆိုတဲ့ တရား အလကား ဖြစ်ခဲ့တာ မဟုတ်ပါဘူး . . အမြဲ မှန်နေတဲ့ အယူ မရှိသလို . . အမြဲ မှားနေတဲ့ အယူ လဲ မရှိပါ။ ဆိုတော့ . . . . . . . . . ပါးစပ် ပါတဲ့ သူက ပြော . . လက်ပါတဲ့ သူက လုပ် ပေါ့ . . ဗြောင်တောင်တောင် ပတ် ဗေဗေ့ ဂျိ . . . ဂွိ . . :kwi:

      • Mလုလင်

        March 25, 2013 at 1:20 am

        အဲ . .နေဦး . . ကျုပ်လဲ စီးပွားပျက် ရင်တော့ . . ဒုက္ခသည် ယောင်ဆောင်ပြီး US သွား . . ကျွန်ခံ မိမလား ပဲ . . တိန် . . ဘာမှ လဲ မဆိုင် . .

    • padonmar

      March 25, 2013 at 6:49 am

      ဘုန်းကြီးများနိုင်ငံရေးလုပ်တာ မကြိုက်ပါ။
      ဒို့အရေးလုပ်တာ မကြိုက်ပါ။
      ပါးမှာ အလံကပ်ပြီး အော်ဟစ်နေတာတွေလည်း မကြိုက်ပါ။
      ဒါပေမယ့် ငြိမ်းချမ်းရေး လိုအပ်ချိန်မှာ ငြိမ်းချမ်းရေး တရားဟောပြောပေးတာကိုတော့ ထောက်ခံပါတယ်။
      ……
      ဘုန်းတော်ကြီးသင်ပညာရေး/ယဉ်ကျေးမှုသင်တန်း၊ပညာဒါနကျောင်း၊Sunday School ဆိုတာတွေဟာ ခေတ်စနစ်အရရော ၊ဗုဒ္ဓဘာသာ အခြေခံ ကို ဘာသာဝင်တွေ စစ်မှန်မှန်သိဖို့ရော၊
      လူ ဒကာဒကာမတွေရဲ့ လူမှုဒုက္ခကို ဖြေရှင်းပေးတဲ့ အတွက်ရော ရှိသင့်ရှိထိုက်လို့ ထောက်ခံပါတယ်။အားပေးနေပါတယ်။

    • မောင်ဘလိူင်

      March 25, 2013 at 1:43 pm

      ဘုန်းကြီးများ နိုင်ငံရေးထဲ ပါမိတာ အစောဆုံးမှတ်တမ်းအနေနဲ့ ပုဂံခေတ်
      နန်းတောင်းများ မင်းလက်ထက်က ထင်ပါရဲ့… ဒေါက်တာသန်းထွန်း -အသစ်မြင်
      မြန်မာသမိုင်း မှာ ဖတ်ဖူးတာပဲ..

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 25, 2013 at 6:32 pm

      ဘုန်းကြီးကျောင်းပညာရေးက ပုဂ္ဂိုလ်တွေကလည်း
      ဒို့သင်ပေးလိုက်တဲ့ပညာတွေကဖြင့် အော့စဖို့ကျောင်းတွေလောက်
      သနားတယ်လို့ ပြောလိမ့်မယ်ထင်ဘူး
      နားလည်လွန်းတာလား တစ်ကိုယ်ကောင်းဆန်တာလားသိဘူးနော
      ကျွတ်ကျွတ်ကျွတ်
      ယနေ့ဆင်းရဲသားလူတန်းစားတွေက
      ခင်ဗျားတို့လို ပိုက်ဆံမချမ်းသာတော့ ပညာကို ငွေကုန်ကြေးကြခံပြီး
      သင်နိုင်ကြဘူးလေဗျာ
      ဘုန်းကြီးကျောင်းက အလကားသင်ပေးတာလေဗျာ
      အလိုရှိသူ ( တန်ရာတန်ရာ ) သောက်ပါစေ ဆိုပြီး ရေချမ်းအိုးတည်ထားပေးတာကို
      လမ်းဘေးရေးအိုးစင်
      ရေဂဲသေတ္တာထဲကရေလောက် အဆင့်မရှိဘူးပြောသလိုဖြစ်နေဘီ
      အဟတ် အဟတ် အဟတ်

  • nature

    March 24, 2013 at 10:27 pm

    ဝင့်ပြုံးမြင့်ရေ-
    ပြောရရင်လဲကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်တော့မယ်။ တခုလောက်ပြောချင်တာကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ ၅ပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲရပါမယ်။ ၅ပါးသီလထဲမှာ ပါဏာတိပါတာဆိုတဲ့ သူတပါးအသက်ကို မသတ်ရဆိုတာပါပါတယ်။ ဒါကြောင့်သူတပါးအသက်ကိုရက်စက်စွာ သတ်သူတွေဟာဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီး ဗုဒ္ဓရဲ့အဆုံးအမကို မနာယူသူတွေလို့ဆိုရမလိုဖြစ်နေပါတယ်။ အခုခေတ်ကြီးထဲမှာတော့ သာသနာကိုကြည်ညိုလို့ရဟန်းခံသူတွေရှိသလို နိုင်ငံရေးလုပ်ဖို့ရဟန်းခံသူတွေလဲရှိလေသလားလို့တောင်
    ထင်မိတယ်။

  • အဂျစ်

    March 24, 2013 at 11:31 pm

    ကြည့်ရတာ fb ဆူနေတုန်း….. ဖြစ်တာမဖြစ်တာထား….. စိတ်တထင့်ထင့်နဲ့ အားလုံးကဆိုတော့ ဒီမယုံကြည်မှုတွေက အထိမခံဖြစ်နေမှာ….ဒီအမှုမှာဘယ်သူတွေအကျိုးရှိမှာလဲ If ကုလားတွေ တယောက်မှမရှိတော့ရင်… ? 😮

  • ဦးကြောင်ကြီး

    March 25, 2013 at 9:31 am

    ဖြစ်စဉ်တွေကြည့်ရတာ တစုံတယောက် တသင်းတဖွဲ့ လက်ချက်ဖြစ်ပုံရတယ်။ ယေဘူယျအားဖြင့် လူ့အဖွဲ့အစည်းနှစ်ခုအကြား တင်းမာမှုတော့ ရှိထားပြီးသားပေါ့လေ..။ တကယ်ဘာသာရေး ပဋိပက္ခဖြစ်ရင် အခုထက် အများကြီး အခြေအနေ ဆိုးမယ်ထင်တယ်။ လူသေတာတော့ အိမ်ခြေပျက်ဆီး ဆုံးရှုံးမှုနဲ့စာရင် သိပ်များလွန်းတယ်။ ဒီလောက်နဲ့တော့ ဘဘဂျီးသိန်းစိန်က မမှုရေးချ မမှု၊ ဒီထက်ဆိုးတာတွေ ကျော်လာခဲ့တာ။ အမေရိကန်အစိုးရကတောင် ဒီကိစ္စ ကိုင်တွယ်ပုံ လက်ခံထားတယ်။ သိပ်မခြောက်ပါနဲ့ဗျာ… တရုတ်ကိုတော့ အပြတ်ဆော်ရမယ်..။ ဒင်းကို မြန်မာလိုတာထက် ဒင်းက မြန်မာကို ပိုလိုနေတယ်။ သဘောပေါက်… ဆန်ပေးလို ဆီရဂျေးဆို မြန်မာ့ဆန်လိုချင်ရင် တရတ်ဆီ တပုံးနဲ့ မရတော့ဘူး ပီပါလိုက်ပေးမှဖြစ်မယ်… အိုကေ… မီးတုတ် မီးတုတ် ရှို့ရှို့ ဝမ်ပေါင် ဝမ်ပေါင် အလိုမရှိ၊ မြစ်ဆုံရေကာတာ အပြီးရပ်၊ ရခိုင်ရွှေဂက်စ် ချက်ချင်းထွက်.. ဘာကျန်သေးလဲ..။ ကြေးမုံဂျီး တရုတ်စပိုင် ဖမ်းချုပ်ပစ် ဦးကြောင်ကြီးဆီပို့..

  • nicolus agral

    March 25, 2013 at 1:49 pm

    ကြေးမုံဂျီး ကိုဦးကြောင်ကြီးဆီတကယ်လာပို့မှ
    အမလေး ကိုဖုန်းကြွယ် ရှင်ကသိုက်ဆရာလှေပေါ်တင်လာတာကိုးတော့အပြောနဲ့နော်
    ဟိုကစီလုပ်ဆိုတော့ ကြောင်သားတုတ်ထိုးလုပ်စားနေမဖြင့်

  • အာဂ

    March 25, 2013 at 4:31 pm

    ဟိုးရှေးရှေးတုန်းကပေါ့ကွယ်… ပြောရမယ်ဆိုရင်တော့ တိုင်းပြည်ကြီး က နည်းနည်း စိမ်းလန်းမယ်ကြံခါရှိသေး…. တောမီးတွေရှို့ကြသကွယ်။ အဲဒီလို တောမီးတွေရှို့ ကြတော့ ဟိုနားဒီနား တောမီးတွေလောင်သတဲ့ကွယ့် ။ လောင်တဲ့ တောမီးကိုလည်း ပိုလောင်အောင်လို့ လေတွေပင့်သကြတဲ့ကွယ်။ အဲဒီအချိန်မှာပဲ တောင်မီးလောင်ရင် လက်ခမောင်းခပ် မယ့် တောကြောင် ၊တောင်ကြောင်.. ဗမာကြောင်၊ ရခိုင်ကြောင် ၊တရုတ်ကြောင် ၊ကရင်ကြောင်၊ ကချင်ကြောင် ၊ ကုလားကြောင် စသဖြင့် ကြောင်အမျိုးမျုးိကလည်း ဟန်ပြင်နေသတဲ့ကွယ်..။ တောမီးတွေ နေရာအနှံလောင်မှ အခွင့်အရေးရမယ် ကြောင်တွေကလည်း ဘယ်လိုအခွင့်အရေးကို ဘယ်လိုယူရမလဲဆို တာ ကြိတ်စဉ်းစားမျှော်နေသလို ။ တောမီးတွေနေရာအနှံ့လောင်ရင် ပြေးစရာ မြေမရှိ၊သောက်စရာရေမရှိတဲ့ ပြည်သူတွေကလည်း ကြောက်ရွှံခြင်း အတွေးတွေကိုယ်စီနဲ့ အရင်တုန်းက လို စစ်တပ်တစ်ခုတည်းကြောက်ရတဲ့ ဘဝကနေ အခုတော့ ကိုယ့်ပတ်ဝန်းကျင်ပါ ကိုယ်ကြောက်နေရတဲ့ ဘဝရောက်ပြီး အနေဆင်းရဲ့ စိတ်ဆင်းရဲလို့နေသတဲ့ ကွယ် ဒီလိုနဲ့ပဲ တိုင်းပြည်ကြီးက……….ငါးပိနဲ့ မျောက် လို ငါးပိကြောက်တဲ့မျောက်တွေရှိသလို။ ငါးပိနဲ့ ဝက်လို ဝက်ကြိုက်တဲ့ ငါးပိတွေပေါလာသတဲ့။ ဒီလိုပဲ ငါးပိဖြစ်မှာကြောက်နေတဲ့ ငါးတွေလည်း ပေါပေါလာသလို ငါးကိုသတ်ပြီးငါးပိ လုပ်မယ့်လူကလည်း ထုနဲ့ဒေးပေါ့..။ ငါးပိနဲ့ ကိုင်ပြီး မျောက်ကိုခြောက်ချင်တဲ့လူရှိသလို ။ ဝက်ကိုလည်း ငါးပိနဲ့မျှားပြီး ကျွေးချင်ကျတဲ့လူလည်း ရှိသတဲ့..။ ဒီကြားထဲ ငါးပိ ကို နပ်မှန်အောင် စားနိုင်ဖို့ လုပ်ကိုင်နေရတဲ့လူတွေလည်းရှိသတဲ့ကွယ်…။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်…။ (အဘဖောရေ…ဘာမဆိုင်ညာမဆိုင် ကျွန်တော်မန့်မိရင်တော့ ခွင့်လွတ်ဗျာ ခံစားချက်လေးနည်းနည်း ပလပ်လွတ်သွားလို့) အာဂ..။

  • GaviaGirl

    March 25, 2013 at 6:02 pm

    အပေါ်က စာတွေကို ဖတ်ပြီး စိတ်ညစ်သွားတာ အောက်က ပုံတွေကြည့်တော့မှာပဲ နည်းနည်းသက်သာသွားတော့တယ်.. အင်းလေးက စင်ရော် ပုံတွေကို ကြိုက်တယ်…

    ကြားရတာတွေကလည်း စိတ်မသက်သာစရာတွေချည်းပါပဲ… သိပ်နားမလည်လို့လားမသိဘူး..ခေါင်းထဲမှာ မေးခွန်းတွေက အပြည့်ပဲ…

    (၁) မိတ္ထီလာမှာ စတင်ဖြစ်ပွားတဲ့ဖြစ်ရပ်က ကျူးလွန်သူတွေကို အရေးမယူဘူးလား…

    (၂) ဆက်ဖြစ်တဲ့ ဖြစ်ရပ်တွေမှာရော ဥပဒေဆိုတာနဲ့ လူတွေကို ထိန်းလို့မရဘူးလား… ဒါ ဥပဒေမဲ့..မင်းမဲ့ တိုင်းပြည်မှ မဟုတ်တာ.. ဥပဒေဆိုတာကို ကျော်ပြီး လုပ်ချင်တာလုပ်ရတဲ့ အကြောင်းတရားက ဘာပါလိမ့်… သမီးလည်း ကိုယ့်လူမျိုးကို ချစ်ပါတယ်..ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို ထိရင် ဆတ်ဆတ်ထိအောင် နာတတ်ပါတယ်… ဒါပေမယ့် တမင်တကာလုပ်နေတဲ့လုပ်ဇာတ်ကြီးထဲကို နားမလည်တဲ့သူတွေက ဝင်ပါမိတယ်ဆိုရင်တောင် နားလည်တဲ့သူက ဥပဒေဘောင်အတွင်းက နေကြဖို့ မထိန်းပေးနိုင်ကြဘူးလား.. အစကတည်းက အားလုံးပုံမှန်နေပါ.. လက်နက်ကိုင်ဆောင်သူအကုန်လုံးကို အရေးယူမယ်.. ဆိုပြီး အမိန့်ထုတ်လိုက်လို့ မရဘူးလားဟင်…

    (၃) အခုလေးတင် ရန်ကုန်မှာ သတင်းတွေပျံ့နေတယ်.. အကုန်လုံးလည်း ရင်ထိတ်နေရတယ်… လူတွေက တုတ်၊ ဓားဆွဲပြီး ကိုယ့်လမ်းကို စောင့်ရှောက်ကြတယ်တဲ့… တကယ်က ဒါက ဥပဒေနဲ့ မညီဘူးလို့ တွေးမိပါတယ်.. “ပြည်သူတွေအကုန် ပုံမှန်အတိုင်းနေကြပါ.. ရဲတွေက နေရာတိုင်းမှာ စောင့်ရှောက်ပေးနေပါတယ်..တစ်စုံတစ်ခုဖြစ်ရင် ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူပါမယ်” ဆိုတဲ့ အမိန့်တစ်ခု ထုတ်ပေးလိုက်ပြီး နေရာအနှံ့ ရဲတွေချထားပေးမယ်ဆိုရင်ရော မဖြစ်ဘူးလားဟင်…

    သမီးလည်း ဉာဏ်မမီတော့လို့ နားမလည်တော့ဘူး… ရှင်းပြပေးကြပါဦး.. သမီးတွေးတာ လွဲနေရင်လည်း မဆူနဲ့နော်.. 🙂

    ခင်တဲ့
    GarviaGirl မွန်မွန်

    • padonmar

      March 25, 2013 at 11:33 pm

      လုံမလေးရေ
      ရန်ကုန်တော့ ပုဒ်မ ၁၈၈ ထုတ်ပေးထားတယ်တဲ့။
      သာဓု

  • စုန်း ဘု ရင်

    March 25, 2013 at 8:26 pm

    အကုန်လုံးကို ဖတ်ကြည့်ပါတယ်
    ထပ်တူထပ်မျှ ကျတဲ့စာကို တွေ့တော့
    သဘောကျ
    လက်မခံချင်တဲ့ အရာတွေတွေ့တော့
    စိတ်မသက်သာ
    တစ်ခုခုကို ရေးချရင်လည်း
    ကြိုက်သူနဲ့ မကြိုက်သူတွေကြောင့်
    ထပ်မံ အငြင်းမပွားလို
    ဒါကြောင့်
    ဖတ်ရှု
    လေ့လာ
    ဆင်ခြင်
    သုံးသပ်
    ဝေဖန်ပိုင်းခြားဖို့
    စဉ်းစားခန်း ဝင်ပါတော့မည် ………….. 😆

  • ဝင့်ပြုံးမြင့်

    March 25, 2013 at 10:39 pm

    အန်တီပဒုမ္မာရေ – ဘုန်းတော်ကြီးပညာရေး အယုံအကြည်မရှိဆိုတာက သူတို့သင်တဲ့စာတွေကို ပြောတာလေ။ သူတို့ စာပြန်ပွဲမှာ စာဖြေရတဲ့စာတွေ၊ ပါဠိတွေလေ။ သီလရှင်လေးတွေ ကျက်တဲ့စာကိုပြောတာ။ ခလေးတွေကို သင်ပေးတဲ့ ကျောင်းစာကို ပြောတာမဟုတ်။ ပထမအကောင်းဆုံးကို မရရင် ဒုတိယအကောင်းဆုံးကို ရွေးချယ်တာ မမှားပါဘူး။ ဒါပေမယ့် ဒါလေးတွေကို မျှောမိလိုက်ရင် အစိုးရကလည်း နေသာသလိုနေခွင့်ပိုရှိသွားမှာပေါ့။ ပြုံးဆိုလိုတာက ဘုန်းတော်ကြီးစာတွေကိုသင်ပြီး ဘုန်းကြီးဖြစ်လာတဲ့လူတွေ (ငယ်ဖြူတွေ) နိုင်ငံရေး မလုပ်နဲ့ ။ လူ့အရေးကိစ္စတွေထဲ ဝင်မပါနဲ့။ ဘုန်းကြီးဝတ်ပြီး ငွေမရှာနဲ့။ တရားပွဲလုပ်တဲ့ ရည်ရွယ်ချက်က ငွေရှာဖို့ပါ။ ဘုန်းတော်ကြီးတွေဟာ တကယ်ကို လူသားအကျိုးထမ်းပိုးချင်စိတ်ရှိတယ်ဆိုရင် ဘုန်းကြီးဆီမှာ အလှူသွားခံကြပါ။ ဥပာမာ ကျောက်ကပ်လှူပါ ဘုရား ဒါမျိုးပေါ့။ ဘယ်ဘုန်ုးကြီး လှူမလဲ။
    သတ္တိရှိရှိ စိန်ခေါ်ကြရအောင်လေ။
    ဘာသာရေးကို မထိန်းကွပ်နိုင်ရင်၊ ဘုန်းကြီးတွေ များလွန်းရင် တနေ့ အာဖဂန်နစ္စတန်လို ဖြစ်မယ်လို့ ယုံတယ်။ အာဖဂန်လို jihad တော့ ဘယ်ဖြစ်မလဲ။ jihad အဖြစ်မခံဘဲ တတိယလူက နေရာဝင်ယူလိုက်မှာပေါ့။ အာဖဂန်မှာက US က မူဂျာ တွေကို လက်နက် တပ်ပေးခဲ့တဲ့ အမှားရှိတယ်။ မြန်မာပြည်ကိုတော့ ဒီလိုအမှား သူတို့မလုပ်ဘူး။ ဒါပေမယ့် တတိယလူ မလုပ်ဘူးလို့ မသေချာဘူး။
    မြန်မာဆိုတာမျိုးက သူများထက်တောင် ပိုသွေးဆူသေးတယ်။ ပိုရက်စက်သေးတယ်။ အရက်စက်ဆုံး မွန်ဂိုသွေးပါတယ်လို့ ဖတ်ထား ခဲ့ဖူးပါတယ်။
    လက်ပါတဲ့လူတွေက လက်နဲ့လုပ်မယ်၊ ပါးစပ်ပါတဲ့လူတွေက ပါးစပ်နဲ့လုပ်မယ်လို့ ပြောကြတယ်။ အဓိကက ဦးနှောက်ပါ။
    မိတ္ထီလာ ပထမဆုံး ကိစ္စလေးမှာတင် လူ ဒီလောက်သေတာ ၊ ဒါ အမှန်တရား။
    မြန်မာတွေက အစ္စလာမ်တွေကို လည်လှီးတဲ့လူမျိုး လို့ နှိမ်ချပြီးခေါ်တယ်။ တိရစာ္ဆန်ကို သတ်တာ လည်ပင်းကို တစ်ချက်ထဲ လှီးသတ်တာ သက်ညှာတာမဟုတ်ဘူးလား။ မြန်မာတွေလို ကြက်ကို အရှင်လတ်လတ် ခြေထောက်နှစ်ချောင်းက ကိုင်ပြီး ရေနွေးအိုးထဲ ဖျောတာကရော။ ပြောမယ်ဆို တခြားအများကြီး ရှိသေးတယ်။
    အမေစု စကားကို နားမထောင်ရင် အားလုံး ရေစုန်မျောကြဖို့ပါပဲ။
    လက်ငင်းကိစ္စမှာဆိုရင် ဒီနှစ်သင်္ကြန် ရေပက်ခွင့် ပိတ်ပေးစေချင်ပါတယ်။ သင်္ကြန်ရောက်ရင် ခဏခဏ ရန်ဖြစ်ကြလွန်းလို့ပါ။ ဒီနှစ်က တခြားနှစ်နဲ့ မတူဘူး။

  • padonmar

    March 25, 2013 at 11:18 pm

    ပြုံးရေ
    မျက်ကြည်လွှာနှင့်ကိုယ်တွင်းအင်္ဂါများ လှူလိုပါသည်ဆိုပြီး ဘုန်းတော်ကြီးတစ်ပါးရဲ့ ကြေငြာ လွန်ခဲ့တဲ့ တစ်နှစ်တွင်းက သတင်းစာမှာဖတ်ဖူးပါတယ်။
    ဖြတ်သိမ်းထားမယ်ဆိုပြီး မေ့သွားမိလို့ သက်သေတော့မပြနိုင်တော့ဘူး။
    သွေးလိုရင်တော့ စာသင်တိုက်တွေမှာ သွားလျှောက်ရင် ဝမ်းသာအားရလိုက်လှူကြတာ ကိုယ်တွေ့ပါ။
    လည်လှီးတာလည်း ရက်စက်သလို ရေနွေးဖျောတာလည်း ရက်စက်တာပါပဲ။
    လည်လှီးတာက သူတို့ဘာသာရဲ့ တရားဝင်ခွင့်ပြုချက်၊
    ရေနွေးဖျောတာက ဗုဒ္ဓဘာသာရဲ့ တားမြစ်ချက် ပါဏာတိပါတ ဝေရမဏိ ကို ဖောက်ဖျက်တာ၊
    ဘုရားအဆုံးအမကို မလိုက်နာရင် ဗုဒ္ဓဘာသာဝင် အစစ်(သရဏဂုံတည်သူ) မဟုတ်ပါ။
    လူမျိုးနဲ့လည်း မဆိုင် ၊ဘာသာနဲ့လည်း မဆိုင်ပါဘူးကွယ်။
    ………
    စာပြန်ပွဲတွေကတော့ အစစ်အမှန်ရှိသလို အတုအယောင်တွေလည်းရှိတာမို့ သန့်ရှင်းအောင်လုပ်ဖို့က ဆရာဒကာ အားလုံးမှာ တာဝန်ရှိပါတယ်။
    အန်တီက ကိုယ်တိုင်စစ်စစ်မှန်မှန်လေ့လာကြည့်နေတာမို့ ဘုရားဟောပါဠိတွေရဲ့ အရသာကို အလွန်နှစ်ခြိုက်ပါတယ်။
    မသေမချင်းလေ့လာသွားမယ်လို့ ရည်မှန်းပါတယ်။
    ဒီစာတွေကို တကယ်မြတ်နိုးလို့ လေ့လာနေတဲ့ လူ၊ရဟန်းတွေ တကယ်ရှိပါတယ်။
    တရားဟောတာ ငွေရှာဖို့ မဟုတ်တဲ့ ဆရာတော်တွေလည်း တကယ်ရှိပါတယ်။
    အထူးသဖြင့် စာသင်ပေးနေတဲ့ ဆရာတော်တွေပါ။
    တပည့်တွေသဒ္ဓါလို့ လှူတဲ့အနည်းအကျဉ်းနဲ့ပဲ ရိုးရိုးသားသားနေတဲ့ ဆရာတော်တွေ တွေ့ဖူးပါတယ်။
    …..
    ဒီနှစ် သင်္ကြန်တွက်တော့ တော်တော်ရင်လေးပါတယ်။
    နဂိုကမှ ထိန်းသိမ်းရခက်နေတဲ့ထဲ ခုလို သွေးဆူနေကြချိန်မှာတော့ ပြုံးအကြံပေးသလို ရေပက်ခွင့်ပိတ်ထားတာ အကောင်းဆုံးလို့ မြင်ပါတယ်။
    မွတ်ဆလင်တွေရဲ့ ကူရ်ဘာနီ မလုပ်ကြသလိုပဲပေါ့။
    ပျော်ဖို့ထက် လုံခြုံရေး၊သွေးမြေထပ်မကျရေးက ပိုအရေးကြီးပါတယ်။
    နှစ်ကူးတာ ရေပက်မှကူးတာမဟုတ်ပါဘူး။

  • ဦးဦးပါလေရာ

    March 26, 2013 at 1:36 am

    ဖြစ်နိုင်ရင်တော့ ဒီနှစ်သင်္ကြန်မှာ ရန်ကုန်နဲ့ ဝေးတဲ့နေရာမှာ သွားနေချင်တယ်
    ခက်တာက မဖြစ်နိုင်ပြန်ဘူး…. 🙁

    မူး ပြဲ အော်ဟစ် ပွက်ပွက်ညံ ရန်ဖြစ်ကြတဲ့သင်္ကြန်ကို တော်တော်စိတ်ကုန်နေတာ ဆယ်စုနှစ်တစ်ခုစာရှိပြီ။

  • ဦးဦးပါလေရာ

    March 26, 2013 at 1:42 am

    ဘုန်းကြီးဝတ်ရင် ဘုန်းကြီးစည်းကမ်းနဲ့နေရမယ် ဘုန်းကြီးအလုပ်ပဲလုပ်ရမယ်ဆိုရင်-
    လက်ရှိဘုန်းကြီးဦးရေရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်ပါလိမ့်မယ်။
    လူအလုပ်လုပ်ချင်တဲ့ လူဦးရေ နှစ်သိန်းလောက် တိုင်းပြည်လုပ်အားထဲပါဝင်လာလိမ့်မယ်။

    ကျန်ခဲ့တဲ့ဘုန်းကြီးတွေကတော့ သဒ္ဒါတရားကြီးမားကြတာမို့ သာသနာ့ဝန်ကို တကယ်ပြောင်မြောက်အောင် ထမ်းဆောင်နိုင်ကြပါလိမ့်မယ်။

    အဲဒါမှ ကျစ်လစ်ခိုင်မာတဲ့ သံဃာ့ အဖွဲ့အစည်းဖြစ်လာပါလိမ့်မယ်။

    • kai

      March 26, 2013 at 2:58 am

      သာဓုအကြိမ်တသောင်း.. ။
      (ကျုပ်ဘုရားထူးရတဲ့.. လူ၂သိန်းလျှော့သွားတဲ့အတွက်.. အပါအဝင်..) :kwi:
      စကားအတင်းစပ်..
      ၁ဝပုံ ၉ပုံဦးရေက… ၂သိန်းလို့တွက်တာလားဟင်င်..
      ဒီလောက်ချောင်တဲ့အလုပ်ထဲ.. လူ.. ၂သိန်းကျော်လေးလို့.. မထင်ရေးချ..မထင်..။ :buu:

  • ဦးဦးပါလေရာ

    March 26, 2013 at 1:49 am

    အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ တိုင်းပြည်အတွက် အမြတ်ထုတ်နိုင်မယ့်နည်းလမ်းရှိပါတယ်။
    အခုရက်ပိုင်း အချိန်မသင့်သေးလို့ နောက်မှ ပိုစ့်တင်ဦးမယ်။

    တိုင်းပြည်ထဲမှာ ကောင်းကောင်းနေချင်ရင်တော့
    နှစ်ဘက်စလုံးက အပြန်အလှန် တည့်အောင်နေမယ်ဆိုတဲ့ စိတ်သဘောထားမျိုးရှိမှဖြစ်ပါမယ်။
    အပြန်အလှန် တည့်အောင်နေချင်ရင် မတည့်အောင်ရန်တိုက်နေတဲ့
    မွတ်ဆလင်ဘက်က မွတ်ဆလင်အစွန်းရောက်တွေ နဲ့
    အခြားဘက်က အခြားဘာသာဝင်အစွန်းရောက်တွေ ကို
    လုံးဝအားမပေးပဲ ဆန့်ကျင်ရပါလိမ့်မယ်..။
    မသိချင်ယောင်ဆောင်နေရင် အစွန်းရောက်တွေ ပိုမိုပြန့်ပွားအားကောင်းလာတတ်ပါတယ်။
    အစွန်းရောက်တွေလက်ချက်ကြောင့် မြို့ကြီးတစ်မြို့ ပျက်ခဲ့ပြီ
    တစ်နိုင်ငံလုံးမပျက်ဖို့ နိုင်ငံသားတိုင်း ကာကွယ်သင့်တယ်။

  • kai

    March 26, 2013 at 3:18 pm

    ဆရာတော်ကြီးစကားကနေ.. အရကောက်မယ်ဆို…
    မသိတဲ့သူတွေကို.. မတတ်တဲ့သူတွေကသင်ကြား ညွှန်ပြနေတဲ့..သဘောမှာရှိနေကြတယ်ဆို.. လွန်မလား..။
    ဆိုတော့…
    သွားလေဦးတော့.. ဘာသာရေး.. ပညာရေး.. အထွေထွေရေး..။
    ကလေးများပညာသင်ကြားရန်.. ပရိုများသာလိုပါသည်။
    တိုင်းပြည်အနာဂတ်အတွက်.. အလွန်အရေးကြီးပါကြောင်း..။

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 26, 2013 at 4:07 pm

      ဟုတ်ပါတယ်သဂျီးမင်းခင်ဗျား
      ဒါ့ကြောင့် ဘက ဘုန်းကြီးကျောင်းတွေကို
      အောက်စဖုတ်ကျောင်းဘေးပျောင်းဘို့
      သဂျီးမင်းကို ပုံအပ်ပါတယ်ခင်ဗျား
      အလွန်စေတနာရှိကြရင်လည်း
      အောက်စဖုတ်ကျောင်းကြီး
      ဘက ဘုန်းကြီးကျောင်းနားပျောင်းလာဘာလါးလို့ :mrgreen:

      • kai

        March 27, 2013 at 12:25 am

        နောက်တနည်းက.. ဘုန်းတော်ကြီးတွေကို.. Early childhood education အတွက်.. အခြေခံပညာတွေ.သင်ပေး..
        … ဆရာဖြစ်သင်တန်းကျောင်းတွေဆီ ပို့ဖို့ပါ..။
        .. အောက်စဖို့ကျောင်းကြီး..မြန်မာပြည်မလာနိုင်ရင်.. မြန်မာပြည်က ဆရာတွေကို.. အဲဒီသင်ရိုးသင်ပေးယုံပါပဲ.. :harr:
        =
        … ပြသနာက..
        ကလေးတွေပညာရေးချို့တဲ့တော့.. ကြီးလာရင်.. အစွန်းတွေရောက်တယ်.။
        အစွန်းရောက်တော့.. ပဋိပက္ခတွေဖြစ်တယ်..။
        ပဋိပက္ခတွေဖြစ်တေ့ာ.. အစိုးရက.. လုံခြုံရေးအတွက် ရဲတပ်တွေသုံးပို့ရ..ထိမ်းရတယ်..။
        ထိမ်းရတော့ တိုင်းပြည်ရဲ့ ဘက်ဂျက်ကုန်တယ်..။ ပိုသုံးရတယ်..။
        ပိုသုံးရတော့.. ပညာရေးဖက်ဘက်ဂျက်ကနည်းသွားတယ်.။
        နည်းသွားတော့.. ကျောင်းတွေကို ငွေမချပေးနိုင်ဘူး..
        ကျောင်းတွေငွေချမပေးနိုင်တော့.. ဘုန်းကြီးတွေကဝင်ပေးရတယ်..။
        ဘာသာရေးက.. ပညာရေးကိုဝင်ထိမ်းကြောင်းပေးရတော့.. အစွန်းရောက်အစ္စလန်မစ်နိုင်ငံတွေရဲ့.. အခြေခံပညာရေးလိုဖြစ်လာတယ်..။
        အဲလို..
        သံသရာ

Leave a Reply