Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ

Ma MaMarch 29, 20131min130628

မနှစ်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ ရွာသူားတွေ စုပေါင်းပြီး ကို်ယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတဲ့ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။

ဘာလိုလိုနဲ့ တစ်နှစ်နီးပါးတောင် ကြာခဲ့ပါပြီ။

ကျေးလက်လူထုကျန်းမာရေးအတွက် အကျိုးပြုဖို့ အားယူနေတဲ့ တည်ဆောက်ဆဲ ဆေးရုံလေးကို လူအင်အားအများကြီးလိုက်ပါပြီး  လှူဒါန်းပံ့ပိုးပေးခဲ့မှုကို ဦးဆောင်သူ ဆရာတော်နဲ့ ရွာခံများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြောင်းနဲ့ ဖွင့်ပွဲကျရင် လာကြစေချင်ကြောင်း ပြောပြကြပါတယ်။

လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဆေးရုံဖွင့်ပွဲအကြိုအနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားကျန်းမာရေး၊၊ မျက်စေ့ဆေးခန်းနဲ့ အထွေထွေရောဂါကုသမှုတွေကိုတတ်နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။

တရားဝင်ဆေးရုံဖွင့်ပွဲကို ၂၃ ၊၄၊ ၂၀၁၃ အင်္ဂ ါနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲနေ့မှာပဲ ဆေးဝါးကုသမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။

မျက်စေ့ခွဲစိတ်ကုသပေးမှာဖြစ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ မျက်စေ့ဝေဒနာရှင်များအနေနဲ့ အခုကတည်းက စာရင်းပေးသွင်းနိုင်ကြပြီဖြစ်ပါတယ်။

အဲဒီနေ့ ည ၈နာရီမှာ သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ တရားပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

 

DSC02195

မြတောင်ဆရာတော်ကိုယ်တိုင်က အလှူရှင်တွေကို ဖိတ်ကြားနိုင်အောင်လို့ ဖိတ်စာပေးလိုက်ပေမယ့် တစ်ဦးချင်းစီကို ဖိတ်စာပို့ဖို့ မလွယ်ကူတာကြောင့်  ရွာထိပ်ကနေပဲ အော်လံနဲ့ ဖိတ်ကြားလိုက်ပါတယ် သပ္ပူရိသအပေါင်း သူတော်ကောင်းတို့…….. :hee: :kwi:

 

DSC02199

သီတဂူဆရာတော်ပေးတဲ့ ဆရာတော်အားလပ်တဲ့ရက်ကို ဖွင့်ပွဲလုပ်ရတာာမို့ အလုပ်ဖွင့်တဲ့ ကြားရက်ကြီး ဖြစ်နေပါတယ်။

ဒါပေမယ့် သွားနိုင်ကြမယ်၊ သွားချင်ကြတယ်ဆိုရင်ဖြင့် သွားလာဖို့အတွက် စီစဉ်ပေးနိုင်ကြောင်း ပြောချင်ပါတယ်။

မနှစ်က သွားရောက်လှူဒါန်းခဲ့ကြတာတွေကို ပြန်ပြောင်းအမှတ်ရရင်း တစုတဝေး သွားကြမယ်ဆိုရင်ဖြင့် နယ်ခံတွေက ဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြမှာပါပဲ။

 

28 comments

  • မနှစ်က အလှူကတော့
    လူတော စတိုးတဲ့ အလှူအဖြစ်
    မှတ်မှတ်ရရ ဖြစ်ခဲ့တာပေါ့ဗျာ .. ဟီးးး :mrgreen:
    အခုတော့ ဖွင့်ပွဲ လုပ်ပြီပဲ ….
    တားဒို့လည်း တစ်နိုင်တစ်ပိုင် ပါဝင် လှူဒါန်းနိုင်ခဲ့လို့ ဝမ်းမြောက်မိတယ်ဂျာ ..
    ဂယ်ဘာ …
    မယုံရင် အန်တီမမ မုန့်ဝယ်ကျွေးဂျာ …
    ((ဘာမှလည်း ဆိုင်ဝူးနော်)) :mrgreen:

    • MaMa

      March 30, 2013 at 6:54 am

      ယုံဘာဒယ် ယုံဘာဒယ်
      (ယုံချင်ချင် မယုံချင်ချင် အတင်းကို ယုံပစ်လိုက်ရတယ်။) :harr:

  • အရီးခင်လတ်

    March 29, 2013 at 10:37 pm

    တစ်နှစ်ဆိုတာ ဘာမှမကြာလိုက်သလိုဘဲ။
    လူနာတွေရဲ့ ဝေဒနာတွေကို သက်သာစေမဲ့ ဆေးရုံလေး ပိုမိုကောင်းမွန်လာဖို့ ဆက်ကြိုးစားပါ့မယ်။

    • MaMa

      March 30, 2013 at 5:41 pm

      အားပေးကူညီကြတာတွေအတွက် ကျေးဇူးတင်ပါတယ် မလတ်ရေ။
      မြို့ပြနဲ့ဝေးလံတဲ့ ကျေးလက်ဒေသလေးအတွက် ဒီဆေးရုံတစ်ရုံက လူအများကြီးရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါလိမ့်မယ်။
      အလှူရှင်တွေလည်း လှူဒါန်းရတဲ့ ဖြူစင်တဲ့ဒါနကုသိုလ်ရဲ့ အကျိုးကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ကြပါစေ။ ခံစားနိုင်ကြမှာပါ။ :hee:

  • ရွှေတိုက်စိုး

    March 30, 2013 at 8:39 am

    အော် ဆေးရုံတောင်ဖွင့် ပြီးကိုးးးးးးးး ကိုယ်လှူလိုက် ရတဲ့ ပီတိလေးက အခု ဒီပို.စ်ကို ဖတ်နေတုန်းကို ခံစားနေရတယ်….. အဲဒီအချိန်ကို လဲ ပြန်တွေးရင် ပျော်လိုက်မိတယ်ဗျာ……….
    ဘယ်လိုပဲပြောပြော ဘာတွေပဲပြောင်းလဲပြောင်းလဲ ကျွန်တော်တို. ရွာသူရွာသားတွေ စုပေါင်း လှူခဲ့ကြတဲ့ ဒါနလေးကို သာဓု သုံးကြိမ် ခေါ်ရင်းးးးးးးးးးး
    နောက်လဲ အဲလို အလှူနဲ.တွဲ ပြီး ပျော်ချင်သေးတယ်ဗျာ……….

    • MaMa

      March 30, 2013 at 5:50 pm

      မနှစ်က သွားလှူခဲ့တာကို ပြန်သတိရပြီး ကိုယ်တိုင်လည်း ဝမ်းသာပီတိတွေဖြစ်ရပါတယ်။
      နောက်ထပ် နောက်ထပ်လည်း ရွာသူားတွေ စုပေါင်းပြီး ပျော်ပျော်ပါးပါး လှူဒါန်းချင်ပါသေးတယ်။
      အဲဒီဆေးရုံကို အလှူနောက်ပိုင်း ၂ခါ ၃ခါလောက် ရောက်သွားသေးတယ်။
      ရောက်သွားတိုင်း ဆရာတော်ကရော၊ နယ်သူနယ်သားတွေကရော လူအများကြီး ခေါ်လာအုံးလို့ မမေ့မလျော့ ပြောလေ့ရှိတယ်။
      တောသူတောင်သားတွေအတွက် သူတို့ရွာကို လာလည်တဲ့ဧည့်သည်ကို ရင်းနှီးခင်မင်တတ်တဲ့ သဘာဝက အင်မတန်ချစ်ဖို့ကောင်းတယ်။
      သူတို့တတွေအတွက်လည်း အဲဒီအလှူက အမှတ်တရပါပဲ။ :hee:

  • kyeemite

    March 30, 2013 at 10:46 am

    ဝမ်းသာပီတိ ဖြစ်ရပါတယ်..မမခင်ဗျား..

    • MaMa

      March 30, 2013 at 5:52 pm

      ကျေးဇူးပါ ဘရာသာမိုက် :hee:

  • ဦးကြောင်ကြီး

    March 30, 2013 at 11:20 am

    သုမေဓါ
    လူ့ပြည်မှာ
    စုတေလာ
    မုဝေဖြာ
    နုထွေဝါ
    ဥနေကြာ
    ပြုလေသာ
    ငုစေရာ..

    • MaMa

      March 30, 2013 at 5:54 pm

      ငုပန်းတွေ ပွင့်တဲ့ အချိန်မှာ လှူဖြစ်တာ ဓာတ်ပုံတွေကိုတောင် ပြန်သတိရသွားပြီ။

  • ဆူး

    March 30, 2013 at 11:20 am

    မနှစ်က အလှူ အတွက် လုံးပန်းခဲ့တာတွေ ပြန် သတိရမိတယ်။
    ၁နှစ်ဆိုတဲ့ အချိန်က မကြာလိုက်ဘူးနော်။
    အတိတ်ကို ပြန်လည်တွေးပြီး ပြုခဲ့တဲ့ ကုသိုလ်တွေ အကြိမ်ကြိမ် ပီတိ ဖြစ်ရပါတယ်။
    အပြန်မှာ အားရပါးရ လက်ပြနှုတ်ဆက်နေတဲ့ ရွာသူ ရွာသားများကိုလည်း လွမ်းမိတယ်။
    လက်ရာ သိပ်ကောင်းတဲ့ ဟင်းပွဲတွေနဲ့ စားနေချိန်မှာ မပြတ်တမ်း ယပ်ခတ်ပေးနေတဲ့ ရွာသူတွေ ကိုလည်း လွမ်းမိတယ်။
    ကိုပေါက် ကြီးရဲ့ လေထဲက သူငယ်ချင်းများ စုပြီးတော့ လှူကြတယ် စုပြီးတော့ လာကြတဲ့ အလှူ ဆိုပြီး ပြောတဲ့ စကားသံတွေကို နားထဲမှာ ပြန်ကြားနေမိတယ်။
    ဆရာတော် ကြီး ကို အလှူငွေ ပေးအပ်ခဲ့တာတွေ..
    ဆရာတော်ကြီး ကို အလှူငွေ မပေးအပ်ခင်မှာ ချွေးတလုံးလုံး နဲ့ စာရင်းနဲ့ ပိုက်ဆံ ကိုက်ပါ့မလား ဆိုတဲ့အတွေးနဲ့ ငွေရေတွက်ခဲ့ရတာတွေ..
    ပိုက်ဆံ ရေပြီးတဲ့ အခါ စာရင်းရှိနဲ့ လိုရင်စိုက်မယ် တွေးထားပေမဲ့ စာရင်းရှိထက် ပိုနေလို့ အံဩဝမ်းသာ မိခဲ့တယ်။
    အဖေ ရှိစဉ်က အသုံးပြုခဲ့တဲ့ ဘီးတပ် ကုလားထိုင်ကလေးလည်း လှူခဲ့ရတာကိုလည်း ဝမ်းသာမိတယ်။
    အလှူသွားတဲ့ အခါ တလမ်းလုံး သီချင်းတွေ သံပြိုင်ဆိုခဲ့ကြတာတွေလည်း ပြန်စဉ်းစားမိရင် လွမ်းစရာ သိပ်ကောင်းလှတယ်။
    အလှူမတိုင်ခင်က အလှူ အတွက် လိုအပ်တာ ဝယ်ခြမ်းမှာနဲ့ ခရီးစဉ် အဆင်ပြေပါ့မလား လိုအပ်တာ ဖြစ်နေမလား.. အစား အသောက်က အစ.. အားလုံးကို စိတ်ချမ်းသာအောင် ပျော်အောင် လုပ်ပေးချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တဲ့ စိတ်ကိုလည်း ပြန်သတိရမိတယ်။

    ပြန်တွေးမယ် ဆိုရင်တော့.. တွေးစရာတွေ အများကြီးပဲ.. အခုတွေးရင် အခု ပျော်မိတယ်။

    အခု အချိန်မှာတော့ ကိုယ်လှူခဲ့တဲ့ အလှူ ကို အကြောင်းပြုပြီး မကျန်းမာသူတွေ ကျန်းမာရွင်လန်းကြပါစေ ဆိုတဲ့ စိတ်ထားဖို့ တခါ အတွေးဝင်လာမိပြန်တယ်။

    ဆူး တို့ စုပေါင်း လှူကြတဲ့ အလှူမှာ ပါဝင်ကြတဲ့ အလှူရှင်တွေလည်း ကျန်းမာ ချမ်းသာပြီး ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံကြပါစေ။

    • MaMa

      March 30, 2013 at 6:01 pm

      ဆူး ဦးဆောင်ပြီး အားကြိုးမာန်တက် ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေကို တွေ့ရ မြင်ရပြီး ကုသိုလ်ထပ်ပွားရတာပေ့ါ။
      ဆူး တစ်ယောက် အချိန်ပြည့်အလှူအတွက်ပဲ စဉ်းစားပြီး ညတိုင်းဖုံးဆက်တာ၊
      အသွားအပြန်အဆင်ပြေအောင် လမ်းမှာ စားသောက်စရာတွေကို သူ့အချိန်နဲ့သူ ပြည့်စုံအောင် စီစဉ်ခဲ့တာတွေ၊
      စုစုစည်းစည်း သွားလာပျော်ရွှင်ခဲ့ရတာတွေဟာ တကယ့်အမှတ်တရပါပဲ။
      ဆူးလည်း ပြုခဲ့တဲ့ ကုသိုလ်ရဲ့ အကျိုးဖလကိုလည်း ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ပါစေ။ :hee:

  • KZ

    March 30, 2013 at 11:39 am

    လူ တော့ မလိုက်နိုင်ပေမဲ့
    ကျန်တာ လိုအပ်တာ ပြောပါဗျို့။
    ဝမ်းမြောက်ဝမ်းသာ ကူညီချင်ပါကြောင်းးး

    :hee:

    • MaMa

      March 30, 2013 at 6:06 pm

      ကူညီချင်တာ သိရလို့ ဝမ်းသာပါတယ် ခိုင်ဇာရေ။
      ကိစ္စရှိရင် အကူအညီတောင်းဖို့ စာရင်းတို့ ထားလိုက်ပြီ။
      :harr:

  • ဦးဦးပါလေရာ

    March 30, 2013 at 11:52 am

    တစ်နှစ်ဆိုတာ ဘာမှတောင် မကြာလိုက်သလိုပဲ…
    အဲဒီတုန်းက အလှူကို ပြန်တွေးမိပြီး ပြန်သာဓုခေါ်မိတယ်။
    ဒီလိုပဲ အပင်လေးတွေစိုက်ဖြစ်တဲ့အခါ အချိန်တန်တော့ အသီးလေးတွေသီးတာပေါ့..။

    • MaMa

      March 30, 2013 at 6:14 pm

      ကိုယ်စိုက်ပျိုးလိုက်တဲ့ အပင်တွေ သီးတာ ပွင့်တာ တွေ့ရလို့ ဝမ်းသာရသလိုပါပဲ။
      ဆေးရုံအဆောက်အဦ ပြီးသလောက်ရှိကတည်းက ဒေသခံ ရွာနီးချုပ်စပ်တွေကို တစ်ပတ်တစ်ကြိမ် ကုသပေးနေပါတယ်။
      သွားဆရာဝန် ၃ယောက်လည်း လာရောက်လုပ်အားပေးတာကြောင့်မို့ အခုဆို သွားရောဂါတွေကိုပါ ကုသပေးနိုင်ပါတယ်။
      မျက်စေ့အထူးကု ဆရာဝန်များကတော့ အရင်ကတည်းက ပန်းတနော်မြို့ မြတောင်စာသင်တိုက်မှာ ခွဲစိတ်ကုသတာအထိ လုပ်ပေးနေတာ နှစ်ပေါင်းကြာပါပြီ။
      အဲဒီဆရာဝန်အဖွဲ့ကလည်း သုမေဓာဆေးရုံမှ လာရောက် အားဖြည့်ထားပါတယ်။
      မြို့ခံအထွေထွေရောဂါကုဆရာဝန်တွေရဲ့ လုပ်အားဒါန၊ ဆေးဝါးဒါနတွေလည်း ပါပါတယ်။
      အဖက်ဖက်က ဝိုင်းဝန်းကူညီကြလို့သာ အခုလို ဖြစ်မြောက်ရတာမို့ …
      မိုးခေါင်ရေရှားတဲ့အရပ်မှာ မိုးစက်မိုးပေါက်လေး တစ်ပေါက်က အကျိုးများလှသလို
      ဦးပါနဲ့တကွ ရွာသူားတွေရဲ့ အလှူကလည်း အကျိုးများလှပါတယ်။ :hee:

  • ရွာသူ jujuma .

    March 30, 2013 at 4:18 pm

    ရွာသူရွာသားတွေအများကြီးနဲ့ စပြီး ဆုံတွေ့ရတဲ့အမှတ်တရအလှူလေးပါပဲ ..
    ပြန်ပြီး အမှတ်ရမိပါတယ် …
    အန်တီမမ လှူဒါန်းတဲ့ ပန်းတနော် မုန့်ဟင်းခါး လေးတောင် ပြန်ပြီး စားချင်လာပြီ … :kwi:
    အလှူကတော့ ရုံးဖွင့်ရက်ဖြစ်နေတော့ မလိုက်နိုင်တော့ပါဘူး …

    • MaMa

      March 30, 2013 at 6:17 pm

      ပါးကွက်ကြားလေးနဲ့ ဂျူဂျူးမရေ-
      အလှူကို စုပေါင်းသွားခဲ့ကြ လှူခဲ့ကြရတဲ့ အမှတ်တရကတော့ မမေ့နိုင်အောင်ပါပဲ။
      မုန့်ဟင်းခါးစားချင်ရင် နောက်တစ်ခေါက်သွားကြရအောင်လေ :harr:

      • မမပြောလို့ သတိရသွားတာနဲ့ ပန်းတနော်မှာရိုက်ခဲတဲ့ဓါတ်ပုံတွေပြန်ရှာကြည့်နေတာ။
        လွမ်းမိပါ၏။
        ထပ်ဆုံချင်ပါ၏။
        နောက်ထပ် ကောက်သင်းကောက် ပိုစ်တွေရေးချင်ပါသေး၏။

  • koaung

    March 30, 2013 at 5:09 pm

    သာဓု ပါ ဗျာ တနှစ်တဲ့လား အချိန်ကုန်မြန်ပါ၏

    • MaMa

      March 30, 2013 at 6:21 pm

      အစစအရာရာ အဆင်ပြေအောင် အင်တိုက်အားတိုက်လှူဒါန်းကူညီခဲ့တာကိုလည်း အမှတ်ရနေပါတယ်။
      မိသားစုများအားလုံး တူသောအကျိုးကို ရရှိခံစားရပါစေ။
      စကားအတင်းစပ်ရရင်ဖြင့်-
      ပန်းတနော်က အခု သွားရလာရအရမ်းလွယ်နေပြီ။
      ကားလမ်းကောင်းလို့ ရန်ကုန်မြို့တွင်းကနေ မောင်းချိန်၂ နာရီလောက်ပဲ ရှိတယ်။
      ပြန်သွားလည်ဖို့ တိုက်တွန်းတယ်နော်။ :hee:

  • ဆူး

    March 30, 2013 at 5:14 pm

    ည ၈နာရီ တရားပွဲ ဆိုတော့.. အလှူသွားရင် ည အိပ်ရမယ် ထင်တယ်နော်.. ည အိပ် ဆိုရင် လိုက်ဖို့ မလွယ်ဘူး ထင်တယ်.. တရားပွဲ ပြီးမှ တရားခွေလေးသာ ရရင် မျှဝေဖို့ မေတ္တာရပ်ခံပါတယ်နော်။

    • MaMa

      March 30, 2013 at 6:25 pm

      ဆရာတော်လည်း တရားဟောပြီးရင် ပန်းတနော် ပြန်မလား၊
      ရန်ုကုန်ပြန်မလား မသိဘူး။
      ခုက ရန်ကုန်ကို မောင်းချိန် ၁နာရီခွဲ ၂နာရီလောက်ပဲ ကြာတော့ တရားဟောပြီး ပြန်မယ်ဆိုလည်းရတယ်လေ။
      တရားခွေတောင်းဖို့ သတိထားလိုကု်ပါ့မယ်။
      ရရင်လည်း ပေးမယ်နော်။

  • manawphyulay

    March 30, 2013 at 6:44 pm

    မြန်လိုက်တာနော်… မနေ့တစ်နေ့ကလိုပဲ ခုထိပျော်ရွှင်နေတုန်းပဲသိလား။ မနိုရဲ့ ကောက်ညင်းပေါင်းလေးလည်း သတိရမိသလို အပြန်လမ်းမှာ အန်တီမမရဲ့ ကုသိုလ်လေးလည်း ခုထိ မြင်ယောင်နေတုန်းပဲ။ တစ်နှစ်ဆိုတာ ဘာမှမကြာလိုက်ဘူးနော်။ အားလုံးရဲ့ကုသိုလ်ကို အကောင်အထည်ဖော်နေပြီပေါ့။ ဝမ်းသာမိပါတယ်ရှင်။

  • ကိုရင်စည်သူ

    March 30, 2013 at 7:01 pm

    အလှူဒါနဆိုတာ လှူတန်းပြီးတာနဲ့ မေ့ပျောက်မပစ်ရပါဘူး..
    ပြန်လည်း အောက်မေ့လျက်.. ဒါနပီတိ ပွားများယူရပါမယ်..
    သေခါနီးလေ.. ကိုယ်လှူဒါန်းခဲ့သမျှ ဒါနတွေကို အမှတ်ရ..
    သာဓုခေါ်နိုင်လေ… ဘဝကူးကောင်းဖို့အတွက်
    တဖက်တလမ်းက အထောက်အကူပြုမယ်ထင်ပါတယ်..။
    ဒီတော့.. အားလုံးအတွက် သာဓုခေါ်ပါတယ်ခင်ဗျာ.. 🙂 🙂

  • မောင် ပေ

    March 30, 2013 at 9:04 pm

    နယ်ခံတွေအတွက် အရမ်းကောင်းမယ့် ကျန်းမာရေးစောင့်ရှောက်မှု ကုသမှု အစီအစဉ်တွေ ဖြစ်လာတော့မှာမို ့ ၊ ဝမ်းသာပီတိ ဖြစ်ရပါတယ်ဗျို ့

  • garuda

    March 31, 2013 at 7:21 pm

    သီတဂူဆရာတော်ကြီးက လူတွေကို အတော်စောင့်ရှောက်တာပါပဲလား။
    မြန်မာပြည် အတွက်ကတော့ တကယ့်အားတစ်ခုလို့ ထင်မိပါတယ်။

  • ရွာစားကျော် မင်းနန္ဓာ

    April 1, 2013 at 11:49 am

    တစ်နှစ်တောင်ရှိတော့မှာပါလား
    အလှူကို စုပေါင်းသွားခဲ့ကြ လှူခဲ့ကြရတဲ့ အမှတ်တရကတော့ မမေ့နိုင်အောင်ပါပဲ။
    ခု ပြန်တွေးပြီး ပီတိဖြစ် ကုသိုလ် တစ်ခါတိုး ရတယ်

Leave a Reply