ပြင်ဦးလွင်ဆိုဘဲ…………………..
“ပြင်ဦးလွင်ဆိုဘဲ…………………..”
မေမြိုု့လို့ခေါ်တဲ့ ပြင်ဦးလွင်သွားတော့ ကန်တော်ကြီးထဲကတော့ အမြဲရောက်ပါတယ်။
ဒီတစ်ခါထူးထူးခြားခြား မြင်ကွင်းလေးတွေ့လိုက်တော့ လက်ဆော့ မိပြန်ပါတယ်။
ရေးထားတာကတော့ ပြင်ဦးလွင်……ဆိုဘဲ။
ကိုပေါက်လမ်းသလားနေသည်
18-4-2013
24 comments
weiwei
April 20, 2013 at 11:20 am
ဒီနှစ် ကန်တော်ကြီးက အရင်နှစ်တွေထက် ပိုလှနေတယ်လို့ ခံစားမိတယ် … ပန်းတွေအများကြီးရှိနေတာက စိတ်ကို လန်းဆန်းစေပါတယ် … နွေရာသီမှာ နေ့တိုင်းနေ့တိုင်း အဲဒီပန်းခြံထဲ လမ်းလျှောက်နေချင်တဲ့ဆန္ဒဖြစ်မိတယ် …
ကိုပေါက်(မန္တလေး)
April 20, 2013 at 12:51 pm
ဟုတ်တယ် အဲဒီပန်းခြံထဲရောက်ရင် ဟိုပြေးဒီလွှားနဲ့အများကြီးလမ်းလျောက်ဖြစ်တယ်။
Thanlwinoo
April 20, 2013 at 11:59 am
စိမ်းလန်းလှပတဲ့ သစ်ပင်အုပ်ဆိုင်းဆိုင်းရယ်၊ မြတ်ခင်းပြင်ရယ်၊ ရောင်စုံပန်းပင်လေးတွေရယ်၊
ရေကန်နဲ့ ရေပန်းမွှားလေးတွေကြောင့် မျက်စိထဲရင်ထဲအေးသွားပါကြောင်း….
ကိုပေါက်(မန္တလေး)
April 20, 2013 at 12:53 pm
ကျနော်ကိုယ်တိုင်လဲ အဲဒီအထဲရောက်တော့ အေးငြိမ်းသွားပါတယ်။
လူတွေကလဲ အားလုံးပျော်နေပုံရတော့ အပျော်တွေလဲကူးစက်လာပါတယ်။
လေအေးအေးလေးရတော့ လန်းဆန်းလို့သွားပါတယ်။
သွားသင့်တဲ့နေရာလေးပါ။
မောင် ပေ
April 20, 2013 at 12:03 pm
အရင်အခေါက်တွေရောက်တုန်းက အဲဒီ ပန်းစာကို မြင်ခဲ့ပေမယ့် ၊ အခုလို ဓါတ်ပုံရိုက်ပြမှ တော်တော်လှမှန်း သိရတော့တယ်ဗျား
ကိုပေါက်(မန္တလေး)
April 20, 2013 at 12:58 pm
လှလဲလှ ညောင်းလဲညောင်း တစ်ကွေ့တစ်ပါတ်ကြီးသွားရတာအေ့
ဗုံ ဗုံ
April 20, 2013 at 12:46 pm
လှလိုက်တဲ့ ပန်းလေးတွေ ရေခဲချောင်းစားချင်စိတ်တောင် ပေါက်သွားတယ်
ကိုပေါက်(မန္တလေး)
April 20, 2013 at 1:09 pm
ဒီလိုအစားငမ်းတဲ့သမီးမျိုးလေးယောက်လောက်ရှိမယ်ဆိုရင်
ဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒဒ
မယ်ဘုတ်
April 20, 2013 at 1:42 pm
ဝိုးးးး လှလိုက်တာ ရှု့ခင်းလေးတွေက …
အရင် စဖွင့်တဲ့အချိန် အနော်တို့ ရောက်တုန်း သစ်ပင်ပန်းပင်လေးတွေ လိုက်ချပြီး စိုက်နေတဲ့အချိန်က အရမ်းကြည့်ရဆိုးတယ်ဗျ….. တဖြည်းဖြည်းနဲ့ ရှု့ခင်းစုံလာတယ် …
ဒီနှစ်က ရှု့ခင်းပိုလှတယ်နော် … :hee:
ကိုပေါက်(မန္တလေး)
April 20, 2013 at 2:02 pm
နောက်ထပ်လှတာလေးတွေ လာပါအုံးမယ်
မဟာရာဇာ အံစာတုံး
April 20, 2013 at 4:08 pm
လုံးဝ ခရေစီ ဆိုတဲ့ ပုံကို
လုံးဝ ခိုက်တယ် ဖေပေါက်ဂျီးရာ …
ဒါနဲ့ …
အတွဲတွေ ဘာတွေရော ရိုက်ခဲ့ဖူးလား
ကိုပေါက်(မန္တလေး)
April 20, 2013 at 4:29 pm
အတွဲတွေမရိုက်ခဲ့ပါဘူးအေ။
ဒီလိုလူစည်တဲ့နှေ့မှာအတွဲတွေက ရိုးသားကြပါတယ်။
ကြားရက်မှ မင်းမြင်ချင်တာမြင်ရမယ်အေ့
ကထူးဆန်း
April 20, 2013 at 5:28 pm
လေးပေါက် မရိုက်လို့ ကံကောင်းလို့ ကျွန်တော့်ပုံ မပါသွားတာပေါ့ .. ဟိ နောက်တာ ..
လေးပေါက် ရေ .. ကျွန်တော်လည်း ဧပြီ ရ ရက် နေ့ ကရောက်ခဲ့ပါတယ် ..
အင်မတန် ကျေနပ်စရာနေကာင်းတဲ့ ထူး ရဲ့ လုပ်ဆောင်ချက် တစ်ခုအဖြစ် ကျွန်တော် ကျေးဇူးတင်ပါတယ်။
ပန်းတွေဝေဆာ လှပ နေတဲ့ အပြင် သန့် ရှင်း နေတာ အမှိုက် မတွေ့ခဲ့တာ ဟာ တကယ်ကို ကျေးဇူးတင်ပါတယ် ။ အမှိုက် မရှိလို့လား မသိဘူး ။ အမှိုက်ပြစ်ချရဲတဲ့ သူလည်း သိပ်မတွေ့မိသလိုပါဘဲ ။
နောက် တွေ့ နေကျဖြစ်တဲ့ အကျည်း တန် သတိပေးစာတွေ သိပ်မတွေ့မိတဲ့ အတွက်လည်း ကျေးဇူးတင်မိပါတယ် ။
ဥပမာ .. မဝေ ရိုက်ထားတဲ့ နှင်းဆီပန်းခင်း နားမှာ ဆို ပန်း မခူးရ ။ မကိုင်ရ ဆိုတဲ့ သတိပေး စာတန်းမျိုးတွေ မတွေ့ ရဘဲလုံခြုံရေး တစ်ယောက် က အနားမှာ လှည့် နေပြီး ထိကိုင်တဲ့ သူတွေကို သတိပေးတာ သဘောကျမိပါတယ် ။ ဓါတ်ပုံရိုက်တဲ့ သူတွေမှာ အဲ့ဒီ့ ရုပ်ဆိုး ဆိုင်းဘုတ်ကြီးတွေ ပါမလာတော့ ဘူးပေါ့ ။
အဲ့ဒီလိုဘဲ အမှိုက်မပြစ်ရ တို့ ကွမ်း တံတွေး မထွေးရ တွေ မတွေ့ရဘဲ အမှိုက်လှိုက်ကောက်နေတဲ့ ကလေးမ တွေ ဘဲ တွေ့ ရတာ ..
အင်း မြန်မာပြည်နဲ့ ခေတ္တ ကင်းကွာသွားတယ် လို့ တင်စားရရင် လွန်မလား မသိ .. :hee:
ကထူးဆန်း
April 20, 2013 at 5:30 pm
အဟီး .. ပြောဖို့ ကျန်သွားလို့ .. ပြန်လည်း ထွက်ကော ထွက်တဲ့ဘက် မှာ တော့ တံတိုင်း အပြင် ကားတွေ ဆိုင်ကယ် တွေရပ်တဲ့ နေရာ မှာတော့ ….
ကိုပေါက်(မန္တလေး)
April 20, 2013 at 9:57 pm
အဲဒီနားမှာပေါ့ ပန်းမခူးရ ပန်းမကိုင်ရ ဆိုမှ နှင်းဆီပန်းကိုအားရပါးရလာနမ်းသူက ရှိသေးသဗျာ။
ပျားတုတ်လို်က်မှ ကြည့်ကောင်းမယ်။
သန့်ရှင်းတာတော့ အမှန်ပါဘဲ။
KZ
April 20, 2013 at 10:04 pm
I m missing May Myo.. :byae:
ကိုပေါက်(မန္တလေး)
April 21, 2013 at 10:02 pm
တကယ်မစ်ရင် တကယ်ဖြစ်အောင် ပြန်ခဲ့အေ
nozomi
April 20, 2013 at 11:02 pm
လွမ်းတောင်သွားတယ် မိသားစု နဲ့ သွားလည်နို်င်ဘို့ ကြိုးစားဦးမယ်
ကိုပေါက်ကြီး မန်းလေးသူနဲ့ မေမြို့သူ ဘယ်သူ ပိုချောတုန်း ခင်ဗျ
ကိုပေါက်(မန္တလေး)
April 21, 2013 at 10:06 pm
ကိုနိုရေ မန်းလေးသူလဲချောတာဘဲ။
မေမြို့သူလဲချောတာဘဲ။
ကျနော်ကတော့ မေမြို့ကို မဲပေးထားပါတယ်။
အလင်းဆက်
April 21, 2013 at 9:18 pm
ပြင်အူးလွင်…
အရမ်း လာချင်တယ်….
ကိုပေါက်(မန္တလေး)
April 21, 2013 at 10:12 pm
လာချင်ရင်လာအေ့
Ma Ei
April 22, 2013 at 10:27 am
အဲ့ဒီပြင်ဦးလွင်ဆိုတဲ့ ပန်းစာလုံးလေးတွေ
မနှစ်ကမှစလုပ်တာနော်… တနှစ်ကတော့
ပန်းပွင့်ငါးရုပ် အကြီးကြီးရယ်…
စာလုံးလေးတွေက ပိုလှတယ်ထင်မိတယ်…
ကိုပေါက်(မန္တလေး)
April 22, 2013 at 12:09 pm
မနှစ်ကလဲ ကျနော် 18-4-2012 နေ့မှာတစ်ခါ ရောက်တယ်
နောက်တန်ဆောင်မုန်းလပြည့်မှာတစ်ခါရောက်တယ်။
အဲဒီတုံးက ဒီလိုပန်းတွေမလုပ်ရသေးဘူး။။
အခုတစ်မှာတွေ့တာ။
ကျနော်စိတ်ကို အတော်ဆွဲဆောင်နိုင်တဲ့ ပန်းစာလုံးပါဘဲ။
ဒါကြောင့် အများကြီးရိုက်ဖြစ်တာ။
mamanoyar
April 22, 2013 at 11:42 am
ကန်တော်ကြီး အင်းလျားလည်းမသွားချင် ကိုယ်လေမသွားဘူး
ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်……………….