ရွှေလီသို့ အလည်တစ်ခေါက် (၆) ရေတံခွန်
ဒီပို့စ်နဲ့ အတူ ရေတံခွန်ကို သွားကြမယ် …
ဓါတ်ပုံကနေပဲ အဆင့်ဆင့် သွားကြရအောင် …
ဒီနေရာမှာ ပြောချင်တာတစ်ခု သတိရသွားတယ်။ ငါးစာကြွေးတဲ့ ပုံစံပါ။ ကလေးနို့ဗူးလိုဗူးထဲမှာ ငါးစာလေးတွေထည့်ထားတယ်။ နို့သီးခေါင်းမှာ အပေါက်ဖောက်ထားပေးပါတယ်။ ဒုတ်ချောင်းအရှည်ထိပ်မှာ နို့ဗူးကိုတပ်ထားတယ်။ ရေကန်ထဲကို ထည့်ပြီး ငါးစာကျွေးတဲ့အခါ ငါးတွေက နို့သီးခေါင်းကို လာစုပ်ပြီး အစာကို ထုတ်ယူပါတယ်။ အစာအလေအလွင့်လဲမဖြစ်ပဲ ရေကိုလဲ မညစ်ပတ်စေတဲ့ အလွန်ကောင်းတဲ့ နည်းလမ်းလေးပါပဲ …
အားလုံးပဲ မောသွားပြီလားမသိဘူး … ရေတံခွန်နားမှာ ရေနွေးကြမ်းဆိုင်တစ်ဆိုင်တွေ့ပါတယ် … ဝင်ထိုင်ကြအုန်းမလား … အဝသောက် ယွမ် ၂ဝ တဲ့ … ကျွန်မတို့တော့ မသောက်တော့ပဲ ပြန်လာလိုက်ကြတယ် ..
ရာသီဥတုကောင်းလဲ ပတ်ဝန်းကျင်သာယာတာကြောင့် မောရမှန်းတောင်မသိပါဘူး …
ကဲ … အပြန်လမ်းကို ကိုယ့်ဟာကိုယ်ပဲ ပြန်လိုက်ကြတော့နော် …
24 comments
Mr. MarGa
April 25, 2013 at 7:44 pm
ပထမဆုံး ဖြစ်လာတဲ့ ခံစားချက်က
မချင့်မရဲ ဖြစ်မိတယ်
သူတို့တတွေ လုပ်ထားတဲ့ ဆွဲဆောင်ထားတဲ့ ပုံစံလေးတွေ ကြည့်ပြီးတော့
ကိုယ့်ဆီမှာ မလုပ်နိုင်တာကိုပေါ့
ဒါနဲ့
အပြန်ကို ကိုယ့်ဟာကိုယ်တော့ ပြန်ခိုင်းနဲ့လေ
ကပ်လိုက်လာတာပါဆိုမှ
ဘယ်လို ပြန်ရမလဲ
သိကြားဆိုတော့ ဝေဟင်ကပဲ ပြန်လိုက်မယ်နော် :kwi:
weiwei
April 25, 2013 at 8:03 pm
အပြန်ဆိုတာက ရေတံခွန်ကနေ ကားဆီကို ပြန်တာကိုပြောတာလေ … လာတဲ့လမ်းအတိုင်း ပြန်ရမှာမို့လို့ ပြန်မခေါ်တော့ဘူးလို့ပြောတာ …
နောက်တစ်ပိုင်းမှာ ရွှေလီမြို့ထဲနဲ့ ရွှေလီသင်္ကြန်ကို လိုက်ပြအုန်းမယ် ..
ဒါပေမယ့် အလုပ်ကိစ္စတွေရှိနေသေးလို့ ၃ – ၄ ရက်လောက်တော့ ပို့စ်တင်နိုင်အုန်းမှာ မဟုတ်သေးဘူး ..
weiwei
April 25, 2013 at 8:07 pm
ထူးဆန်းတာတစ်ခုကတော့ အဲဒီထဲရောက်သွားတာနဲ့ atmosphere တစ်ခု ပြောင်းသွားသလိုဖြစ်သွားပါတယ်… အရောင်တွေကိုကြည့်ရင် သိသာပါတယ်။ ကင်မရာ တစ်ခုခုများဖြစ်ပြီလားလို့ သူများကင်မရာကို ကြည့်တော့လဲ အတူတူပဲဖြစ်နေတော့ ပတ်ဝန်းကျင်ကြောင့်လို့ပဲ သိလိုက်ရပါတယ် ..
Crystalline
April 25, 2013 at 8:10 pm
ရွှေလီ..မန်စီအထိရောက်ဖူးခဲ့ပေမယ့် အဲဒီရေတံခွန်တော့မသိလိုက်ဘူး.. မူဆယ်သွားတဲ့လမ်းမှာ နန် ့ဖက်ကာကနေ ကွတ်ခိုင်အတက်ထင်တယ်..လမ်းတစ်လျှောက်လုံးအကွေ ့အကောက်တွေနဲ ့အရမ်း သာယာတယ်..အခွင့်အရေးရရင်ထပ်သွားအုန်းမယ်.. အစ်မကားက ဆီအသွားအပြန်မှ ၁သိန်း၂သောင်းကုန် တယ်ဆိုတော့..ကောင်းလိုက်တာ..ဟွန်ဒါရဲ့အားသာချက်ကတော့အဲဒါပဲနော်..
မဟာရာဇာ အံစာတုံး
April 25, 2013 at 8:23 pm
ခြေတော်ရာ ကလည်း ဘာမှန်း တိဝူးနော် …
ဟိုပုံထဲက ငှက်ပျောပင်ကလည်း အဆန်းပဲ …
ကိုယ်ထည်က သေးသေးလေးရယ် …
ကိုင်းဗျာ …
ရေတံခွန် ကို မြင်တော့ …
ရေဆင်းကူးချင်စိတ် ပေါက်သွားတယ် …
ဒါနဲ့ဘဲ …. ဗွမ်း …..
ကထူးဆန်း
April 25, 2013 at 8:49 pm
အန်တီဝေ အန်တီဝေ ..
လမ်းလယ် လောက် က အိမ်သာတော့ ရိုက်လာဖူးလား .. နောက်ပြီး ့မြန်မာစကား အမှားတွေ နဲ့ ရေးထားတဲ့ သတိပေးချက်လေးကော ရိုက်ဖူးလား .. :hee:
weiwei
April 25, 2013 at 9:08 pm
ဟုတ်ပ ကထူးဆန်းရေ …
မြန်မာစာအမှားတွေဖတ်ပြီး ရယ်ခဲ့မိပေမယ့် ဓါတ်ပုံရိုက်ဖို့ မေ့ခဲ့တယ် …
ကျွန်မက သတင်းသမား စီဂျေဖြစ်ဖို့ အရည်အချင်း တော်တော်လိုသေးတာပဲ …
လမ်းလယ်က အိမ်သာကတော့ မဝင်ခဲ့မိလို့ မသိခဲ့ဘူး ..
ခင်ခ
April 25, 2013 at 8:54 pm
ကိုယ်ဟာသာပြန်ရမယ်ဆိုတော့ ပြန်သေးဘူး
ရေတံခွန်ရှုခင်းတွေ ထပ်ပြီးခံစားကာကြည့်ရင်း နေခဲ့မယ်ဗျို့။
Mလုလင်
April 25, 2013 at 9:06 pm
အဲ့လို တောတောင် ရှုခင်းတွေ တွေ့တော့ . . . မော်လမြိုင် ဖားအောက်တောရ မှာ ဧက ၅၀ဝ ကို ၂ ရက် နဲ့ ပတ်တုန်းက အဲ့လို လေးတွေ တွေ့ခဲ့တယ်ဗျ . . ရေတံခွန် မရှိပေမယ့် ရေထွက်ပေါက် . . . . တော်တော် ပေါတာကိုး .. .. .. ..။ ပုံစံ ကြည့်ရတာတော့ မိုးတွင်းလဲ အခက်အခဲ မရှိသွားလာနိုင်ပုံ ပဲ . . အေးချမ်းလွန်းတယ်။
weiwei
April 25, 2013 at 9:43 pm
တကယ်တော့ ရွှေလီက ရေတံခွန်နဲ့ မေမြို့ ဓါတ်တော်ချိုင့်ရေတံခွန်ကို နှိုင်းယှဉ်တဲ့ ပို့စ်တစ်ခု ရေးချင်ခဲ့တာ … ဒါပေမယ့် တစ်ခုထဲတောင် ပုံတွေများပြီး ပြချင်တာများနေလို့ သီးသန့်စီပဲ တင်လိုက်တော့မယ် …ကြည့်ရင်းနဲ့ပဲ နှိုင်းယှဉ်ကြည့်ကြတာပေါ့ …
ဒါနဲ့ စကားမစပ် ..
ဒီနေ့ အလုပ်ပျက်အကိုင်ပျက်နဲ့ ဒီပို့စ်တစ်ခုဖြစ်အောင် မနဲကြိုးစားထားရတာကို အနှုတ်ပေးခံရတာမြင်တော့ အရမ်းကို မောသွားတာပဲ … :byae:
ကိုပေါက်(မန္တလေး)
April 25, 2013 at 10:45 pm
မနာလိုဘူးအေ့ အရမ်းကိုသွားချင်စိတ်ပေါက်လာတယ်
အရှင် သခင် ဆရာ ကိုယ်တော် mobile
April 26, 2013 at 3:34 am
ပုံလေးတွေကို ကူးထားလိုက်တယ်နော…..
ဗဟုသုတ ဖြစ်စေပါတယ်…..
အဲ့ဒီနေရာက ဝင်ကြေးတွေဘာတွေ ပေးရသေးလားဗျ…..
MaMa
April 26, 2013 at 7:12 am
ပင်မြင့်ထက်က သစ်ခွပန်းကို ကြိုက်တယ်။
တောလမ်းလေးလည်း လျှောက်ချင်တယ်။
ရာသီဥတုကောင်းလဲ ပတ်ဝန်းကျင်သာယာတာကြောင့် မမောပဲ ရေနွေးကြမ်း ၂ဝယွမ် (မြန်မာငွေ ၂၀၀၀ဝ ကျော်ရှိမယ်ထင်တယ်) ဖတ်မိတော့မှပဲ မောသွားတယ်။ :kwi:
weiwei
April 26, 2013 at 8:14 am
20 ယွမ်က 2800 လောက်ပဲ ကျတာပါ …
တစ်ယွမ်ကို ၁၄၁ ကျပ် …
အရမ်းကြီးဈေးမကြီးပေမယ့် ကျွန်မတို့ဗမာတွေအတွက်တော့ မတန်သလိုဖြစ်နေတာပေါ့ ..
ဦးကြောင်ကြီး
April 26, 2013 at 8:08 am
ရေတံခွန်
ဆွေငမွန်
အေပရွန်
နွေအလွန်..
S@i S@i Fin K@i
April 26, 2013 at 8:36 am
ရွှေလီကို အရင်က ရောက်နေဖြစ်ပေမယ့်
အဲ့သည့်ကို တော့ဖြင့် မရောက်ဖူးသေးဘုခည..
သွားချင်တဲ့နေရာ တခုအနေနဲ့ စာရင်းတို့ထားလိုက်ပါသည်။
ကျေးကျေးပါ..။
ရေတံခွန်မြင်ရင်က မနေနိုင်ဘု ရယ်လေ…
ခိခိ
:harr:
Ma Ei
April 26, 2013 at 11:11 am
လမ်းလေးတွေ ကွန်ကရစ်ခင်းထားတာကလွဲလို့ ခုချိန်ထိ
သဘာဝပတ်ဝန်းကျင် မပျက်စီး၊ မပြောင်းလဲခဲ့ပါလား…
ရေတံခွန် လေးတွေလဲ စီးဆင်းမြဲကိုး…
…
ခြေတော်ရာက ကျောက်တုံးမှောက်ထားလို့ အမိုးမှာတဲ့
ရေကန်လေးထဲကနေဖူးပါတဲ့ ဂိုက်ကပြောတာ…
အန်တီအိလဲ မတွေ့ခဲ့ဘူးထင်တာပဲ…
မဖူးတွေ့ရရင်ပဲ မထိုက်သယောင်ပြောနေလို့ စိတ်တိုရသေးတယ်…
:hee:
kyeemite
April 26, 2013 at 12:00 pm
အင်း..ခရီးသွားတာအားကျလိုက်တာ..သွားချင်တယ်
မဝေ ကဓါတ်ပုံရိုက်တော်တယ်..ကြည်ရှင်းနေတာပဲ..
weiwei
April 26, 2013 at 12:47 pm
ကျွန်မအလုပ်က ဖယ်ရီကားတောင် စီးစရာမလိုအောင် အိမ်နဲ့အလုပ်နဲ့နီးနေတော့ တစ်နေ့လာလဲ ရုံးခန်းထဲ၊ တိုက်ခန်းထဲ … ဘယ်ကြည့်ကြည့် နံရံတွေချည်းမြင်ရတာ ကြာလာတော့ စိတ်ပျက်ပါတယ် …
တစ်ခါတစ်လေ ဘယ်ဖြစ်ဖြစ် ရန်ကုန်မြို့အပြင်ရောက်ရင်ပြီးရောဆိုပြီး လျှောက်သွားဖြစ်တယ် …
နောက်လထဲမှာ ကရင်ပြည်နယ်ဘက် သွားလည်မယ်စိတ်ကူးထားသေးတယ် …
ဗုံ ဗုံ
April 26, 2013 at 12:20 pm
လှလိုက်တာ သွားချင်လိုက်တာ အန်တီဝေ ဓာတ်ပုံရိုက်လာတာလည်း တော်လိုက်တာ ..
TNA
April 26, 2013 at 12:53 pm
မြန်မာပြည်ကရေတံခွန်ကမှပိုလှအုံးမယ်နော်။ ဒါပေမဲ့သူတို့က သပ်သပ်ရပ်ရပ်နဲ့လှအောင်လုပ်ထားပီး ပိုက်ဆံကိုနင့်ကနဲ့ယူတာပဲ။ ကိုယ့်ဟာကိုယ်ပျံရမယ်။ ဒါတော့မဖြစ်ဖူးပဲလေ။ ခေါ်လာပီးတော့ သများဒို့ကို မဝေလူကုန်ကူးတွားဘီလား။
ဆူး
April 26, 2013 at 1:39 pm
ရေတံခွန် ပုံတွေ ရိုက်ထားတာ လှတယ်။
ဆူး ရွှေလီ ရောက်တုန်းက အဲ့ဒီ ရေတံခွန် ကို မရောက်ခဲ့ဘူး။ ပုံတွေ ကြည့်ပြီး သွားချင်စိတ်ပေါက်မိတယ်။
koyinmaung
April 26, 2013 at 3:27 pm
ဒီတခါရွှေလီရောက်ယင်တော့…
ဝင်ဖြစ်အောင်ဝင်လည်မယ်…..
ဓါတ်ပုံတွေ အရမ်းသဘောကျလို့ကူးသွားပါတယ် မဝေဝေရေ……
ကျေးကျေးပါ….
ရဲစည်
April 27, 2013 at 11:25 pm
ယွနမ်ပြည်နယ်ဟာ တရုတ်ပြည်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ၃ခုထဲမှာ ဒုတိယမြောက်အကြီးဆုံးပါ … တချင်တွေနဲ့ တရှမ်းတွေ အုပ်ချုပ်ပါတယ်။ ဂျီးဒေါ်သွားလည်တဲ့ ရေတံခွန်က သဘာဝအလျောက် မဟုတ်ပါဘူး ထိုဖစ်ကယ်ရိမ်န်းဖောရက်စ်ဆိုပီး တတောလုံး တတောင်လုံးကို ပြုပြင်ထားပီး အပင်တွေ စိုက်ထားတာပါ။ အဲ့နေရာကို မော့လီလို့ ခေါ်ကြပါတယ် ဝင်ကြေးက အရင်က ၁၅ယွမ်ကနေ ခုတော့ ၅ဝလောက်ဖြစ်နေပါပီ၊ ခြေတော်ရာက ကျောက်တုန်းရဲ့ အောက်ဘက်မှာရှိပါတယ် ကြည့်လို့ရအောင် မှန်ထောင်ပေးထားပါတယ် အလွယ်ပြောရရင် ရဟနာ္တခြေတော်ရာပေါ့ နှစ်စဉ် ပြည်မကြီးက တရုတ် ၁သန်းလောက် လာလည်လေ့ရှိပါတယ်။ အဲ့ခြေတော်ရာနားမှာ ရေပူထွက်ပေါက်လေးရှိပါတယ်။ တရုတ်တွေကတော့ ယုံယုံကြည်ကြည်နဲ့ မျက်နှာသစ်လေ့ရှိပီး မြန်တဲ့တွေကတော့ ခြေထောက်ဆေးကြပါတယ်
အဲ့က အပြန်လမ်းမှာ နှစ်သက်တမ်း ၁၂ဝရှိတဲ့ တရုပ်ကဗျာဆြာရဲ့ ညောင်ပင်ကြီးကို ဝင်လေ့လာနိူင်ပါတယ်။ ရွှေလီဆိုတာ မြန်မာဘက်ကပဲသိပီး တရုတ်တွေကတော့ dehong လို့ခေါ်ကြပါတယ်။ ပီးခဲ့တဲ့ တခေါက်ရောက်တုန်းက ကိုပေါက်ကို အဲ့ခေါ်သွားဖို့ စဉ်းစားမိပေမဲ့ သူမအား ကိုယ်မအားမို့ မရောက်ဖြစ်တော့ပါ။
ရွှေလီမှာ ဈေးဝယ်လို့ကောင်းတာကတော့ ထိုက်လီကိုင်း(ဈေး)၊ ဟွဖုန်းကိုင်း(ဈေး)၊ ရှောက်ယွေရှင်းကိုင်းနဲ့ မန်ဆားတို့ပါဘဲ၊ ယောကျင်္ားလေးတွေ အတွက်ကတော့ လုံတောင်းသွားတဲ့ လမ်းပေါ်မှာ တရားဝင်ခွင့်ပြုချက်နဲ့ ရောင်းတဲ့ ဘိန်းမဲကို ကြက်သားနဲ့ ချက်တဲ့ ဟင်းလက်မလွှတ်သင့်ပါဘူး … ။
နောက်ဆုံး တခုကတော့ မြန်မာပြည်က မြိုးမြိုးမြတ်မြတ်ရောင်းလိုက်တဲ့ ကျောက်စိမ်းတွေ၊ အင်ကြင်းကျောက်တွေ၊ သစ်မြစ်သစ်ဆုံတွေ တရုတ်လက်ထဲက ပြန်လိုချင်ရင်တော့ ဈေးက အဆ ၂ဝလောက် ကွာသွားတာပါဘဲ …။