ငပလီဘူးသီး-၁
–
–
–
–
–
–
–
–
–
–
–
–
ငပလီ beauty ပြောတာပါဗျို့.. သွားတဲ့ ရက်တွေထဲမှာ သုံးရက်က ပင်လယ်ထဲ တစ်ရက် က သံတွဲ သွားဖြစ်တာ မို့လို့ ကမ်းခြေကိုတော့ သိပ်မရိုက်လာခဲ့ ဖြစ်ပါဖူး.. ဒါကြောင့်ရှိတာလေးပဲ ကြွားလိုက်ရကြောင်းပါ
ငပလီကမ်းစပ်ကိုတော့ ညနေတိုင်းလိုလိုရောက်ဖြစ်ပါတယ်.. ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ပုစွန် အစိမ်း သုတ်ကလေးနဲ့ ဘီယာလေး သောက်ရင်း လေညင်းခံ ရင်း အမတ်မင်း. ကလုလင်.ကရဲစည်. ဦးကျောက်တို့ ကို သတိရလာတာနဲ့ ၃ ခွက်လစ်မစ်ထက် ပိုပြီးသောက်ခဲ့ပါသဗျို့….
11 comments
lady mobile
April 29, 2013 at 10:45 am
ကိုစာဥပုံတွေကြည့်ပြီး
ငပလီရောက်ဖူးချင်လိုက်တာ…….
ဦး ကျောက်ခဲ
April 29, 2013 at 11:17 am
ကတောက်စ် ရက်စက်တဲ့ ဆြာအုပ်…
သောင်စပ်မှာ ညနေခင်းဆည်းဆာကို ပုစွန်အစိမ်းသုတ်ရယ် ဘီယာရယ်နဲ့ မြည်းသွားတယ်…
မနာလိုဘူးဗျာ… သွားလည်းသွားနိုင်တဲ့လူ…
ဂန္ဓာရီ ဆြာအုပ်
April 29, 2013 at 6:39 pm
အမှန်က ငါးကင်လေးနဲ့မြည်းလိုက်၊ သူတို့အခေါ် ရေကြက် (ပြည်ကြီးငါး)၊ ရေမျောက်(ရေဘဝဲ)သုတ်လေး နဲ့မြည်းလိုက်၊ ပုစွန်ကင်လေးနဲ့ စွဲလိုက် ရှလွတ် ပြောရင်းတောင် သွားရေကျလာပြီ.. ဟိ
KZ
April 29, 2013 at 11:47 am
တွားမီ။
တွားမီ။
တွားဂျဂျို့ ဒို့ ၂ ယောက်တည်းပဲ ဟားနီးမူး ခရီး။..
:kwi:
ဟို ရောက်မှ ဒီ ဓာတ်ပုံတွေထဲလောက်မ လှရင် လိန်ဗျံ လက်မှတ် ပြန်လျော်ပါ။ ဒါပဲ
:harr:
weiwei
April 29, 2013 at 12:00 pm
ပုံတွေကြည့်လို့ အရမ်းကောင်းပါတယ် …
ကြည့်လို့မဝလို့ ပုံကြီးထုတ်ပြီး နံရံပေါ်မှာ ကပ်ထားချင်စိတ်တောင် ပေါက်မိပါတယ်..
ဒါနဲ့ စကားမစပ် ..
တစ်နေ့ကို မန်ဘာတစ်ဦးသည် ပို့စ် ၂ ခု ထက် ပိုမတင်ရဘူးနော် ..
ဂန္ဓာရီ ဆြာအုပ်
April 29, 2013 at 6:34 pm
မဝေဝေရေ သတိလက်လွတ်ဖြစ်သွားလို့ပါ.. ပထမတော့ တစ်ရက် တစ်ပို့စ်တင်မလို့ပဲ ရှုပ်ပါတယ် ကွာဆိုပြီး အကုန်တင်လိုက်တာ.. ပွန့် တိုးအောင်လုပ်တာလဲ မဟုတ်ပါဘူးဗျာ ကျွန်တော်ကလဲ ၃/၄ လလောက်နေမှ တခါလောက် ထတင်တတ်တာဆိုတော့ သဂျီးခွင့်လွှတ်မယ်ထင်ပါတယ်
Mr. MarGa
April 29, 2013 at 7:58 pm
ဆြာအုပ်ရယ်
ရက်နည်းနည်းပဲ နေရလို့သာပေါ့
ရိုက်သမျှ ပုံတွေက အကုန်လုံးကို လှနေပါပေါ့လား
နေဝန်းနီ
April 29, 2013 at 8:44 pm
ငပလီ ဘူးသီး ဆိုလို့လာကြည့်တာ ဘူးတီးပုံလဲတွေ့ဖူး
ဘူးတီးမှ အရီးလာမတော်နဲ့ ဒါဗြဲ
TNA
April 29, 2013 at 9:51 pm
ဝိုးပုံဒွေအားလုံးလှတယ်။ ဘူးသီးဆိုလို့ ဘူးသီးကြော်ဆိုင်မှတ်တာ။ ဘူးသီးကြော်များရောင်းတော့မို့လားလို့။
Crystalline
April 30, 2013 at 9:52 am
ပုံလေးတွေအရမ်းလှတယ်… ပိုစ့်ကဒ်ထုတ်လို ့ရတယ်.. Photo Gallery လေးလုပ်ထားဖို ့ကောင်းတယ်..
MaMa
April 30, 2013 at 3:38 pm
ပရိုဆိုတာ ဒါမျိုးကို ခေါ်တာလို့ ပြလိုက်သလိုပဲ။
ဆိုင်းကောင်းတော့ စောင်း
စောင်းကောင်းတော့ ဆိုင်း ဆိုသလို………
ပန်းချီကောင်းတော့ ဓာတ်ပုံကားချပ်လို လှတယ်။
ဓာတ်ပုံကောင်းတော့ ပန်းချီကားချပ်လိုပဲ လှပါပေ့။ :hee: