မဟာဗောဓိစေတီ
“မုစလိန္ဒာအိုင်မှာ ပြန်လည်ဆုံမယ်ဟောတဲ့ဗေဒင်..မယုံသော်လည်းစိတ်ပြေတယ်.. ဘုရားမှာ စနေဒေါင့်ပန်းလှူမယ်..”ဆိုတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းလေး ကြားပြီးထဲက မုစလိန္ဒာအိုင်ဆိုတာ မြင်ချင် ကြည့်ချင်နေတာပါ။ ဗုဒ္ဓဂါယာ ဘုရားဖူးရောက်သွားတော့လည်း မုစလိန္ဒာကန်ကိုတွေ့တော့ ဘယ်လိုကြည့်ကြည့် လှနေတယ်လို့ မြင်လို့ ကြည့်လို့မဝနိုင်အောင်ပါဘဲ ။
ဒါပေမယ်လို့ပေါ့လေ….
မုစလိန္ဒာအိုင်မှာ ပြန်ဆုံကြမယ်ဆိုတာကိုစိတ်ဝင်စားမိတာပေါ့ ။ချစ်သူတွေချင်းကွေကွင်းကွဲကွာသွားကြရင် မုစလိန္ဒာပြန်ဆုံတွေ့ကြမယ်ပေါ့..။
ဘယ်ပုံ ဘယ်နည်းနဲ့များတွေ့နိုင်မလဲ.. အရင် ဇာတ်လမ်းလေးများရှိ ခဲ့ဘူးသလားပေါ့..။
အလွမ်းဇာတ်များ စိတ်ကူးနဲ့ ဒီသချင်းရဲ့အရသာကို ခံစားကြည့်မိပါတယ်…။
လုံးလုံးလျှားလျှားကြီး များတော့တာပါဘဲ..။ဒါပေမဲ့ သီချင်းရေးဆရာရဲ့ စိတ်ကူးဖွဲ့နွဲ့မှုကိုတော့လေးစားလောက်ပါရဲ့ ။
ဟိန္ဒူတွေရဲ့ အယူဝါဒ ကို မသိခဲ့ နားမလည်ခဲ့တော့စိတ်ကူးလေးတွေယဉ်လို့ပေါ့လေ..။
ဟိန္ဒူတွေရဲ့ အယူဝါဒအရ သေဆုံးပြီးတဲ့သူတွေရဲ့ ဝိဉာဏ်တွေဟာ မကျွတ်မလွတ်မချင်း မုစလိန္ဒာအိုင် ပါတ်ဝန်းကျင်မှာ နေကြရပါတယ် ။
မိသားစုတွေက ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူတို့ကို အမျှဝေပေးမှ ကျွတ်လွတ်ပြီး လိုရာကို သွားနိုင်ကြတယ်လို့ အယူရှိကြပါတယ် ။
ဒါကြောင့် ဟိန္ဒူတွေက မကျွတ်မလွတ်တဲ့သူတွေအတွက် တန်ဆောင်မုန်းလပြည့်ညမှာ အကျွတ်အလွတ် ဆုတောင်းပွဲတွေ လုပ်ပြီး သေလွန်သွားကြပြီးတဲ့ ဝိဉာဏ်တွေကို ကျွတ်အောင်လွတ်အောင် ဆုတောင်းပေးကြတယ်တဲ့ ။
ဒီအယူကမြန်မာတွှေဆီကူးလာပြီး အကျွတ်အလွတ်ပွဲတွေလုပ်တာတွေ့လာရတယ်..။
နောက်ဆုံးတော့ မုစလိန္ဒာ အိုင်မှာ ဆုံကြမယ်ဆိုတာ ရိုမီယိုနဲ့ ဂျူးလိယက်လို သေပြီးမှ ပြန်ဆုံဘို့ ပြောတာဆိုတော့ …မလွမ်းလောက်တော့ပါဘူးလေ…။
အားလုံးကို သတိရလျှက်…
နွေဦးရဲ့ ခရီးတခေါက် အမြင်ပါ။
Post Views: 574
12 comments
ဦး ကျောက်ခဲ
May 3, 2013 at 5:52 pm
အကိုကြီး ကိုနွေဦး မင်္ဂလာပါခင်ဗျာ…
ရွာထဲမှာမတွေ့တာကြာလို့ လူပျောက်ကြော်ငြာမလားစဉ်းစားနေတာ…
အခုတော့ “မျှော်နေတုံး ကြော့ဆုံးလာချေပြီ” ပေါ့…
အကိုကြီးက ဘုရားဖူး ခရီးသွားနေတာကိုး… သာဓု သာဓု သာဓုပါဗျာ…
စကားစပ်လို့ပြောရရင် အဲဒီ သီချင်းနဲ့ မုစလိန္ဒာအိုင်ကို ဘယ်လိုမှသဘောမပေါက်ခဲ့တာ..
အခုမှပဲ ရှင်းရှင်းလင်းလင်း နားလည်တော့တယ်…
ကျေးဇူးပါ ခင်ဗျား….
နွေဦး
May 4, 2013 at 10:51 am
ဦးကျောက်ရေ..
ပျောက်ဆို.. ဖေဖေါ်ဝါရီလဆန်းထဲက မအားလိုက်တဲ့အလုပ်
စိတ်ပေါက်ပေါက်နဲ့ သင်္ကြန်အားရက်မှာ ခရီးသွားပါတယ် ပင်ပန်းလိုက်တာဗျာ..။
ပြန်ရောက်တော့ တွေ့ထားမြင်ထားတာလေးတွေ မျှဝေပေးချင်တာနဲ့ ရွာထဲရောက်ရတာပါ..။
ခုလည်း ဦးကျောက်စာကို ပြန်ရေးတုန်း အလုပ်ပေါ်လို့ တန်းလန်းကြီး ထပြေးရသေးတယ်.. ။
အားလုံးကို ကျေးဇူးတင်ကြောင်း ..သီးခြားထပ် အကြောင်းမပြန်နိုင်ကြောင်းနှင့် နားလည်ပေးစေလိုကြောင်း… ဦးကျောက်မှတဆင့်…။
ခင်တဲ့ နွေဦး ။
Mလုလင်
May 3, 2013 at 10:40 pm
အဲ့လိုကြီးလား . . . . . အဟီး ငယ်ငယ်တုန်းက ဂစ်တာ တလုံးနဲ့ တော်တော် ဆိုဖြစ်ခဲ့တာဗျ . . ခုတော့ လဲ ကို မျိုးသန့် ပါပဲ လေ . . . :harr:
Mလုလင်
May 3, 2013 at 10:42 pm
ကို မျိုးသန့် ရဲ့ ” တစ်ခါက ဆိုတာ တစ်ခါကပါပဲလေ ” ဆိုတဲ့ post ကို အထူးပြု တာပါဗျ။
Myo Thant
May 4, 2013 at 3:35 pm
အဲ အဲဗျာ
အန်းနီးဝေး
ကျေးကျေးပါ ကိုလုလင်ရေ
kyeemite
May 4, 2013 at 9:38 am
ပျောက်နေသူကြီး ကိုနွေဦး မင်္ဂလာပါခင်ဗျာ…
ဗုဒ္ဓဂါယာဘုရားဖူးသွားတာက ဧပြီမှပါ..အဲဒီမတိုင်ခင်ကတည်းက ပျောက်နေတာနော..
အပေါ်က မန့်တဲ့ လူဂျီးနှစ်ယောက် ပြောသလိုပဲ..
အဲဒီ သီချင်းနဲ့ မုစလိန္ဒာအိုင်ကို ခုမှ သေချာသိပေတော့တယ်…
ဟုတ်သဗျ…ဟိုလူနဲနဲယူသွင်း ဒီလူနဲနဲယူသွင်းနဲ့
ကျုပ်တို့ဘာသာထဲမလဲ ..ဟိန္ဒူအယူဝါဒတွေ ပြည့်နှက်ပီး
စိတ်ပျက်စရာအစွဲအလန်းကြီးမှုတွေ ဖျောက်မရအောင်ဖြစ်နေကြပြီဗျ.. 🙄
အင်း..ဘာတွေလျှောက်ပြောနေမိပါလိမ့်….
ဗုဒ္ဓဂါယာပုံလေးတွေနဲ့အတူ ရွာပြန်လာတာကြိုဆိုပါတယ်ဗျာ… :hee:
မဟာရာဇာ အံစာတုံး
May 4, 2013 at 9:51 am
အော့ … ဟော် …
မုစလိန္ဒာအိုင် မှာ ပြန်ဆုံမယ်ဆိုတာ ဂလိုကိုးဂျ …
အစွဲအလန်းဂလည်း ကြီးဂျဘာ့ …
အချို့များ နောက် ဆယ်ကမ္ဘာ ဘာညာသာရကာတောင် လုပ်လိုက်သေး …
ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့သာ မေးလိုက်ချင်သေး .. ဟီးးးး
စကားမစပ် …
ဥလေးဂျီး ဥနွေဦး ပျောက်နေဒယ် အောက်မေ့ဒါ ..
သူဂ ပါ့ဂိုးဒါးဖူး ထွက်နေဒါဂိုး ….
သာဓု .. သာဓု .. သာဓု … ခေါ်ဒယ်ဂျာ …
ဤသို့ သာဓု ခေါ်ရချင်ဂျောင့် တောင်မလေး အလှပဂေးနဲ့ ကျုပ်နဲ့ ညားဘာစေ … ဟီးဟီး ..
surmi
May 4, 2013 at 11:09 am
ကွန်နက်ရှင်မကောင်းလို ့ ပုံတွေမမြင်ပြန်ဘူး
ဘာပဲဖြစ်ဖြစ် ပြန်လာတာ ဝမ်းသာတယ်ဗျာ
ကွန်ကောင်းမှပြန်ကြည့်ပြီးမန် ့ဦးမယ်
မောင် ပေ
May 4, 2013 at 12:10 pm
အချစ်ကြီး ချစ်ကြတဲ့ ချစ်သူတွေ
သစ္စာပြုလေ့ရှိကြသော ရေကန်ကြီးပေါ့နော်
ကြည့်ခွင့်ရလို ့ကျေးဇူးပါ ဦးဦးနွေ
MaMa
May 4, 2013 at 4:18 pm
ကိုယ်သွားတုန်းကတော့ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးမရခဲ့။
မရခဲ့တာလည်း ခပ်ကောင်းကောင်း။
ရခဲ့ရင်လည်း ဒီလိုပုံမျိုး ရမှာမှ မဟုတ်တာ။ :harr:
သိန်းတန်ရဲ့ စနေဒေါင့်ပန်းလှူမယ် သီချင်းကို သိပ်ကြိုက်တာ။
မုစလိန္ဒာ အိုင်မှာ ဆုံကြမယ်ဆိုတာ ရိုမီယိုနဲ့ ဂျူးလိယက်လို သေပြီးမှ ပြန်ဆုံဘို့ ပြောတယ်ဆိုတာကိုတော့ ခုမှပဲ သိတော့တယ်။
kai
May 4, 2013 at 5:07 pm
ဘာမှမဟုတ်ပါဘူး..
Quote လုပ်တာပါ.. :kwi:
ကိုရင်စည်သူ
May 4, 2013 at 6:48 pm
ကျနော်တို့ သဂျီးက ဒီဂွင်စောင့်နေတာ..
ကွက်တိဖြစ်သွားတာပေါ့… :kwi: :kwi: