ဗုဒ္ဓဘာသာဆိုသည်မှာ

zaylayJuly 27, 20101min1810

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ မြတ်ဗုဒ္ဓ၏အဆုံးအမများပေါ်တွင်တည်သူ တနည်းအားဖြင့် မြတ်ဗုဒ္ဓ

ဟောကြားခဲ့သော တရားများ အဆုံးအမများကို လိုက်နာကျင့်သုံးသူ ကိုခေါ်ဝေါ်သည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၃၀ဝ မှ ၅၀ဝခန့် ယုံကြည်သက်ဝင်ကိုးကွယ်ကြသည့် ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် ဘီစီ
၅၂၅ ခုနှစ်ခန့်တွင် သိဒ္ဓတ္ထဂေါတမ အမည်ရှိသော
ဗုဒ္ဓဘုရားရှင်က အိန္ဒိယ
နိုင်ငံတွင် စတင်ထူထောင်ခဲ့သော ဘာသာရေး (သို ့) ကိုးကွယ်ယုံကြည်မှု
ဖြစ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် တရားတော်အပေါ် အခြေခံ၍ ပေါ်ထွန်းလာသော
ဗုဒ္ဓဘာသာသည် ကမာ္ဘ ့ဘာသာကြီးများ စာရင်းဝင် ဖြစ်သည်။ အဓိကအားဖြင့် ဟိနယနခေါ် ထေရဝါဒ ဗုဒ္ဓဘာသာ (သီရိလင်္ကာနှင့်
အရှေ့တောင်အာရှ နိုင်ငံများ) နှင့် မဟာယန ဗုဒ္ဓဘာသာ
(တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယားနှင့် ဂျပန်) ဟု ဂိုဏ်းနှစ်မျိုးရှိပါသည်။
တတိယတစ်မျိုးမှာ တိဗက်နှင့် ဂျပန် တို ့တွင် ဝါချရယန
အမည်နှင့်လည်း နှစ်ပေါင်းကြာရှည်စွာ ယုံကြည် ကိုးကွယ်ခဲ့ကြသူများလည်း ရှိပါသည်။
ဗုဒ္ဓဘာသာ၏ မူလအစပြုရာ အိန္ဒိယနိုင်ငံတွင် တရုတ်ပြည် တိဗက်ဒေသမှ စိမ့်ဝင်လာသော
ဒုက္ခသည်များနှင့် ဘာသာပြောင်းလာသော ဟိန္ဒူဇာတ်နိမ့်များ မှလွဲလျှင် ဗုဒ္ဓဘာသာ
ကိုးကွယ်သူအရေအတွက်မှာ မရှိသလောက် နည်းပါးသွားပြီဖြစ်သည်။

ထေရဗုဒ္ဓဘာသာတွင် ဗုဒ္ဓတရားတော်များကို ဝိနည်းပိဋကတ် ။ သုတ္တန်ပိဋကတ် ၊၊ အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်သုံးပုံအဖြစ် ခွဲခြားထားပါသည်။

oဗုဒ္ဓဝင် ဆိုသည်မှာ ဗုဒ္ဓ၏ ရာဇဝင်ကို ခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည်လွန်ခဲ့သောနှစ်ပေါင်း
၂၅၀ဝ ကျော်က အေ့ရှတိုင်း အိန္ဒိယတိုက်တွင်
ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သော မဟာလူသားတစ်ဦး အကြောင်း ဖြစ်ပေသည်။ အေ့ရှတိုင်းတွင်
ဒဿနနှင့် ဆက်သွယ်သော အခြားသော
ဝါဒ ထူထောင်သူများ ဖြစ်သည့် ကွန်ဖြူးရှပ်၊
လောင်ဇူ
တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏ဝါဒမှာ ထိုသူများ၏ဝါဒနှင့်
သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။

ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမူ့ ဖွဲ့စည်းပုံတွင်
ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး (ခတ္တိယ)၊ကုန်သည်မျိုး(ဝဿ)
နှင့်ဆင်းရဲသားမျိုး (သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။
ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်) ယုံကြည်ကြပြီး
ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး
ဇာတ်ခွဲခြားမူ့ကိုလိုလားသည်။ ဗုဒ္ဓဝါဒမှာ ဂေါ့ဒ်ကိုပယ်၍
ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။ ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက
လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင်
ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ
ဉာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally
awakened) ဟု အဓိပ္ပါယ်ရသည်။

အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော
အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က
အဓိပ္ပါယ်ဖွင့်သည်။

ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန်
စံတော်မူခြင်း ဟူ၍ ငါးပိုင်းရှိသည်။

ထေရဝါဒစင်စစ်သည် သစ္စာလေးပါးကို အခြေပြုသောတရားသာလျှင်ဖြစ်ပေသည်။ ၃၈ဖြာသော
မင်္ဂလာတရားတော်သည် လောကီရေးရာအဖြာဖြာအတွက် အကောင်းဆုံးသော
ဘဝနေနည်းလမ်းညွှန်ဖြစ်ပေသည်။ ရွတ်ဖတ်ပူဇော်ခြင်းထက် လိုက်နာကျင့်သုံးနိုင်ပါက
အဖိုးဖြတ်ခြင်းငှာ ၊ တန်ဖိုးဖြတ်ရန်မထိုက်သော
ဘဝအတွက်ကျင့်စဉ်ကောင်းတစ်ခုဖြစ်ပေသည်။

ရတနသုတ်တော်အရ ဗုဒ္ဓအလိုတော်ကျကျင့်စဉ်သုံးဆင့်

ထိုသုံးဆင့်တို့တွင် ပထမကျင့်စဉ်အဆင့်မှာ လောကအတွက်ဖြစ်၏။ ယင်းကို လောကတ္ထစရိယ ဟုဆို၏။ ဒုတိယအဆင့်အနေဖြင့်
မိမိ၏နိုင်ငံနှင့်အမျိုးသားများအတွက်ဖြစ်၏။ ယင်းကို ဉာတတ္ထစရိယဟုဆို၏။ တတိယအဆင့်အနေဖြင့်
မိမိအတွက်နှင့်မိမိ၏မိသားစုအတွက်ဖြစ်၏။ ယင်းကို အတ္တတ္ထစရိယဟုဆို၏ ။
မိမိအတွက်နှင့်မိသားစုအတွက်ဆိုသော်လည်း မိမိအတွက်နှင့်မိသားစုအတွက်သီးခြားမဟုတ်။
လောကနှင့်လည်း စပ်၏ ။ မိမိ၏နိုင်ငံ ၊ မိမိ၏အမျိုးသားများနှင့်လည်း စပ်၏ ။ မိမိ
အားကောင်းလျှင် အားကောင်းသည်နှင့်အမျှ လောကအတွက်လည်း ပို၍ဆောင်ရွက်နိုင်၏။
မိမိ၏နိုင်ငံနှင့်မိမိ၏အမျိုးသားများအတွက်လည်း ပို၍ ဆောင်ရွက်နိုင်၏ ။ ထိုအခါ
လူသည် လူအနေဖြင့် မိမိ၏ကျင့်စဉ်သုံးဆင့်ကို ဆောင်ရွက်ရာတွင် ရတနသုတ်လာ
ပန်းတိုင်သဘောအရ လောအကျိုးကို ပထမထားရာရောက်၏ ။ မိမိ၏ နိုင်ငံနှင့်
မိမိ၏အမျိုးသားအကျိုးကို ဒုတိယထားရာရောက်၏ ။ မိမိ၏အကျိုးကို နောက်ဆုံးထားရာရောက်၏
။ ဤသို ့ထားရာရောက်ခြင်းမှာ ခံစားမှုဆိုင်ရာအကျိုးအနေဖြင့် ထားရာရောက်ခြင်းဖြစ်၏ ။
မိဘဟူသည် လုပ်ငန်း(အကြောင်းတရား) နှင့်ပတ်သက်လာလျှင် မိမိကသာအနစ်နာခံပြီး
အကျိုးခံစားမှုနှင့်ပတ်သက်လာလျှင် သားသမီးများကို ဦးစားပေးသည့် သဘောမျိုးဖြစ်၏ ။
တစ်နည်းဆိုရသော် အနာခံစရာရှိပါက မိမိကို ပထမထား၏ ။ အသာစံစရာရှိပါက သားသမီးများကို
ပထမထား၏ ။ ဤသို့ ကျင့်ဆောင်ရန် ဗုဒ္ဓက သွန်သင်တော်မူခြင်းဖြစ်၏ ။ အသာစံခြင်း ၊
အနာခံခြင်း နှင့် ပတ်သက်၍ ဗုဒ္ဓ၏ ဝါဒအတိုင်း လိုက်နာနိုင်မည်ဆိုပါလျှင် လောကသည်
မည်မျှချမ်းသာ၍ မည်မျှ ငြိမ်းချမ်းမည်ကို မှန်းဆ၍ ကြည့်နိုင်ပေသည်။

ဗုဒ္ဓဘာသာဝင ်လူငယ်များ မိမိတို့ဘာသာက ိုတိတိကျကျလေ့လာသိရှိပြီး

ဘာသာ၊သာသနာ အကျိုုး သယ ်ပိုးရွက်ဆောင်နိုင်ရေးရည်ရွယ်၍

( http://wikimyanmar.co.cc//wiki/index.php?title=ဗုဒ္ဓဘာသာ ) မှကူးယူဖေါ်ပြပါသည်။