ကျွန်တော်ရယ်…၊ ချစ်သူရယ်…၊ အေးစက် ပြီး ရင်ခုန်စရာကောင်းတဲ့ ည…ရယ်…
မြို့တော် ၏ သစ်ပင် သစ်ခက် သစ်ရွက်များထက်…
နှင်းစက်တို ့… တွဲလွဲ ခိုကြပြီ ။
အေးမြသော… မြောက်လေတို ့နှင့်အတူ… ရာသီပန်း ရနံ ့တို ့… လှိုင်လှိုင် ထ..ကြပြီ ။
ဆောင်းသည်… စိမ့်စိမ့်ချမ်းသော… အရသာကို ပူးချည်လျက်… ဤမြို့တော်…ဆီ..လာခဲ့ချေပြီ ။
မြို ့တော်သူ မြို့တော်သားတိူု့…. ယဉ်ကျေးမှု ဆိုသော အနွေးထည်တို ့ကို ဝတ်ဆင် သင့်ကြသည် ။
ဆောင်း ဆန်သော..အိပ်မက်များကိုလည်း… အိပ်မက် ဆန်သော ဤဆောင်းတွင်… မက်သင့်ကြလေပြီ ။
လူငယ်တို့သည်လည်း… နွေးထွေးမှု ကို တောင့်တ ဤ နွေးထွေမှု တို့ကိုပင်..ရှာဖွေကြပြီ ။
အချို့က… ချစ်သောသူနှင့်..နွေးထွေးသည် ။
အချို့ကတော့… နွေးထွေးမှု နှင့်.နွေးထွေးသည် ။
အေးစက်သော…/ သာယာ လှပသော…ည တစ်ညမှာ….
ကျွန်တော်ကတော့……
ရင်ခုန်စရာကောင်းသော… ဖြစ်ရပ်တစ်ခုကြောင့်… အလွန့်အလွန်..နွေးထွေးခဲ့ပါသည် ။
ဘယ်အရာကြောင့်…များ… ကျွန်တော်.. ရင်ခုန်စွာ..နွေးထွေး ခဲ့ပါသလဲ…..???????
?????????????????????????????????????????????????????????????????????????????????????????????/
ထိုညသည်…. ည ပီပီသသ… ည ဖြစ်သည် ။
တိမ်ထုတို ့ကင်းစင်နေသော… ကောင်းကင်ကြည်ကြည်လင်လင်တွင်… လမင်းသည်.. ပြည့်ပြည့်ဝဝ လှပ နေသည် ။
စိန်ပွင့်ကလေးများ…. ကြဲ..ပက် ထားသလို…. တဖျတ်ဖျတ် လင်းလက် တောက်ပနေသော….ကြယ်ပွင့်ကလေးများကလည်း..သံစဉ် တစ်ခုခုကြောင့်…
ကနေသလို…သလိုလို…
လှုပ်လှုပ်ရွရွ….. ။
ညသည်…. လှပ ခန် ့ထည်မှု ဖြင့်.. ဆွဲဆောင်နေသောကြောင့်….
ကျွန်တော်နှင့်… ကျွန်တော့်ချစ်သူ….
ပြောလက်စ စကားများ….အလိုအလျောက် ရပ်..တန် ့….
တိတ်ဆိတ်ငြိမ်သက်စွာပင်….. ကောင်းကင် နှင့် ည ၏ ရသ တို့ ဟန်ချက်ညီညီ လှပနေမှု ကို…ငေးမောနေမိသည် ။
—————————-
တိတ်ဆိတ်သော…
ထို ့အပြင်..လှပ သာယာသော..ဤ ညသည်….
မကြာခင်… သာမန်မဟုတ်သော..ထူးခြားမှု တစ်ခုခု ဖြစ်ပျက်သွားတော့မည့် အနေအထား..ဖြစ်နေသည် ။
—————————–
ကျွန်တော်… နှင့်.. ချစ်သူ..ထိုင်နေရာ… သရက်ပင်ကြီး..ဆီမှ… သစ်ရွက်လှုပ်သံ…တဖျတ်ဖျတ်ကို ညင်ညင်သာသာ ကြားလိုက်ရသည် ။
ကျွန်တော်….. ချစ်သူကို….ပွေ ့ဖက်ထားပါသည် ။
သူမ ၏ ပုခုံးသားကလေးကို ထိနေသော.. ကျွန်တော့်လက်ဖျားများ….. တဆက်ဆက် တုန်နေပါသလား….။
ဟေ့အေးးးးး…. ကျွန်တော့် လက်ဖျားကလေးထဲ ရှိ သွေးစက်တို ့… တသွင်သွင်..ခုန်ပေါက် စီးဆင်းနေကြတာများလား…။
ကျွန်တော်.. အတိုင်းမသိသော.နှုန်းဖြင့်..ရင် ခုန်နေပြီ ။
ယောကျာ်းတစ်ယောက် ..၏ ( အတိုင်းအဆ မသိ ) ရင်ခုန်တတ်မှု ဂိတ်ဆုံးအထိ…ရင်ခုန်နေပြီ ။
ချစ်သူ ၏ ခန္ဓာကိုယ်နှင့်….ယခုထက်ပို၍ နီးကပ် ချင်လာသည် ။
တိတ်ဆိတ် ငြိမ်သက်မှု ဖြင့်… သာယာ လှပနေသော… ဤ အချိန်အခါသည်…..
ကျွန်တော့် စိတ်တို ့… ကစဉ့်ကလျား… လွတ်ထွက်သွားစေတော့မည်..ထင်သည် ။
ချစ်သူသည်လည်း… စိတ်လှုပ်ရှားမှု ကြောင့် ထင်ပါသည် …။ သူ ့လက်ကလေးတွေကို… ဆုပ်နယ်..လျက်… ခေါင်းကိုမြေကြီးထိလုမတတ် ငုံ ့ထားရင်းက
ကျွန်တော့်ကို..ခိုး .ခိုး.ကြည့်နေသည် ။
ကျွန်တော်… ချစ်သူ ၏ ကတုန်ကယင် စိတ်လှုပ်ရှားနေသော.ဟန်ကလေးကိုကြည့်ကာ..ပို၍..ပို၍ ရင်ခုန်လာသည် ။
ကျွန်တော်… ဝိုင် မသောက်ပဲ… ရီဝေ…ယစ်မူး..နေပြီ ။
—————————-
ချစ်သူ ၏ ပုခုံးသားပေါ်မှ ကျွန်တော့်လက်…လျောကျသွားပြီးးးးး
သူမ ၏ ခါးကလေးကို…. တင်းတင်းကျပ်ကျပ် ဖက်ထားမိသည် ။
ချစ်သူနှင့်.. နီးကပ်နိုင်သမျှ..နီးကပ် ချင်သည် ။
ကျွန်တော်… တဒိန်းဒိန်းခုန်နေသော.ရင်ခုန်သံကို..မထိန်းချင်တော့ပါ ။
အာခေါင်တွေ..ခြောက်ကပ်လာသည် ။
တံတွေးတစ်ချက်.မျိုချလိုက်တော့… ဂလုခနဲ.မြည်သံက… ကျယ်လွန်းသွားသလား….ဟု.စိုးရိမ် သွားသည် ။
ချစ်သူများ…ကြားသွားသလား…။
ကျွန်တော်..အားလုံး…( အားလူုံး )ကို..မေ့သွားပြီး…ချစ်သူ နှင့်..ထိတွေ ့နေသော.. အာရုံကသာ..ကျွန်တော့် အသိကို စိုးမိုးနေသည် ။
ကျွန်တော့် လက်များ… စိတ်ဆန္ဒ ၏ ခေါ်ဆောင်ရာကိ်ု…လိုက်နေကြပြီ ။
ကျွန်တော့်အသွေးတို ့… တပွက်ပွက်..ဆူ….
ကျွန်တော့်အသားတို ့…တဆက်ဆက် တုန်…..
ရင်…ခွင် တစ်ခုလုံး..တဗြုန်းဗြုန်း..တုန်ခါ..လျက်…..
ကျွန်တော်…….ဤ အခြေအနေကလေး.ပျောက်ပျက်သွားမှာကို… စိုးပါသည် ။
ချစ်သူကို..ပို၍ ပို၍ နီးကပ်ဖို ့…..
ပို၍ ပို၍ ခုန်နေသော ရင်ခုန်သံဖြင့်…. ကြိုးစားနေမိသည် ။
——————————-
ချစ်သူ ဆီမှ..မသဲကွဲသော… ညည်းညူသံလေးတစ်ချက် ကြားလိုက်ရတာများလား….။
ဒီလိုမဖြစ်သင့်သေးဘူးလား…..
မက်မက်မောမော…ခုံမင်မှု…
နက်နက်ရှိုင်းရှိုင်း..တောင့်တမှု တစ်ခုခု…..နှင့်….
တွေ့ထိမှု အပေါ်..သာယာတတ်သော.. စိတ်အလိုဆန္ဒများ…၏ နောက်ကို….
ဆင်ဖြင်နိုင်စွမ်းကလေးက… ကပ်တစ်ချက်..ခွါတစ်ချက်……..
ကျွန်တော်………
ရှေ ့..ဆက်..တိုး…ပစ်လိုက်ချင်နေပါသလား….။ မသိ ။
ချစ်သူကတော့… ငြင်းဆန်တော့မလိုလို…. လိုက်ပါတော့မလိုလို.. ဖြင့်…. လူးလွန် ့လှုပ်ရှား နေပြီ ။
ကျွန်တော့်အာရုံခံစားမှုတို ့……. အမြင့်ဆုံး…အထိ..အရှိန် မြင့်တက်..ပြင်းထန်နေပြီ ။
ကျွန်တော့် ခန္ဓာကိုယ်ထဲ ရှိရှိသမျှ..သွေးစက်တို ့….. ပြောင်းပြန်ဇောက်ထိုး…… စီးကုန်ပြီ..ထင်ပါရဲ ့။
ပူနွေးမှု လား…..
ချမ်းစိမ့်မှု လား……
ဘာမှန်းမသိသော… ဓါတ်တစ်ခုခုက… ကျွန်တော့်ကို..စီး..နေသည် ။
ကျွန်တော့် နှုတ်ခမ်းများ…. ချစ်သူ ၏ လည်တိုင်ကလေးကို..ထိကပ် နမ်းရှိုက်မိချိန်တွင်…..
( ကျွန်တော့်လက်များ………….)
ထိုအချိန်တွင်…
——————————————————–
ထိုအချိန်တွင်…ချစ်သူက…..
အိပ်မက်က လန့် နိုးလာသူလို …လေသံကလေးဖြင့်… စကားတစ်ခွန်းကို….ဆိုသည် ။
ချစ်သူ ကလေး ၏ အသံတို ့..တုန်ယင်လျက်……
“ ပြန်ရအောင်…ကိုလင်းရယ်……”
———————————————
ကျွန်တော့် အာရုံခံစားမှုုတို ့က… သွေးသား ဆန္ဒနှင့်….ရင်ခုန်မှုနောက်ကို.. စိတ်လိုလက်ရ….ပါသွားပြီးမှ…..
ပြန်လည် သတိ ဝင်လာ သည် ။
အင်းလေး……..
မဖြစ် သင့်သေးပါဘူး….။ သူနဲ ့ကျွန်တော်က… ချစ်သူ စုံတွဲ အဆင့်ပဲ..ရှိသေးတာ….။
စည်းတစ်ခု စောင့်ထိန်းပြီး..နေရမယ့်…အခြေအနေမှာပဲ..ရှိသေးတာ…။
ချစ်သူရဲ ့ ဂုဏ်သိက္ခာ ကို တန်ဖိုးထားတဲ ့အနေနဲ့ပဲ.ဖြစ်ဖြစ်….
ကျွန်တော့်
ယောက်ျားတစ်ယောက်ရဲ ့ထိန်းချုပ်နိုင်စွမ်း
ကို… ကျွန်တော်…ကိုယ်တိုင် တန်ဖိုး ထားတဲ ့ အနေနဲ့ပဲ..ဖြစ်ဖြစ်..ပေါ့ ။
ဒီ က်ိစ္စ… ဒီနေရာမှာ…ဒီလို.. မဖြစ်သင့်သေးပါဘူး ….။
——————————————————————–
ကျွန်တော်နှင့်..ချစ်သူ….
ပြိုင်တူပင်..ထ ရပ်လိုက်သည် ။
ခပ်မြန်မြန် ပြန်သင့်ပြီ ။
ဤ အခြေအနေတွင်… စိတ်တို ့၏ အလိုကို..လိုက်မိလျက်သား..ဖြစ်ပြီး…မှားသွားတတ်မှန်း..
နှစ်ဦးစလုူံး…ရိပ်မိနေပြီ ။
တစ်ယောက်ု တစ်ယောက် စိုက်ကြည့်မိတော့…ချစ်သူက..အရင်…ခေါင်းငုံ ့ချလိုက်ပြီး.မြေပြင်ကိုသာ.စိုက်ကြည့်နေသည် ။
ကျွန်တော်… ဤ မိန်းကလေးကို…ချစ်မြတ်နိုးသည် ။
အတိုင်းအဆမသိသော.ချစ်ခြင်းဖြင့်…စုံမက် တွယ်တာ..သည် ။
မက်မောသော အရာတွေ..အားလုံးထဲမှာမှ…. ဤမိန်းကလေးက..အမက်မောရဆုံး..အရာ.ဖြစ်ပါသည် ။
ချစ်သူ ၏ မျက်နှာပေါ်မှာ..သက်ဝင်လျက်..လှပသော..ရှက်ပြုံးကလေးတစ်ခု…ရှိနေတာ..လရောင်..ဖြူဖြူ..အောင်မှာ..ကျွန်တော်ရင်ခုန်စွာမြင်ရသည် ။ ။
ကျွန်တော်…. ချစ်သူကို…အသာအယာထွေးပွေ့ ့မိပြန်ပါသည် ။
ကျွန်တော့်နှာသီးဖျားလေးက..ချစ်သူ ၏ နဖူးပြင်ကလေးအား…ထိနေသည် ။
သနပ်ခါးရနံ ့သင့်ပျံ ့သော….ချစ်သူ ့ နဖူးပြင်ကလေးကို…. ကျွန်တော်…မနမ်းရှိုက်မ်ိပဲ…မနေနိုင်ပါ ။
ချစ်သူက… မျက်နှာကလေး..မော့သည် ။
ချစ်သူ ၏….နူးညံ့ ၍ နီထွေးသော….နှုတ်ခမ်းကလေးများကို….. ကျွန်တော်..မက်မောခုံမင်စွာ………
……………………………….
သို ့သော်…….. အချိန်မီ…စကားတစ်ခွန်းကျွန်တော်..ဆိုရပါတော့မည်….။
“ ပြန်ကြစို ့….အသဲ..ရေ..”
——————————————————-
ဤ ည သည်…ဤမြို့တော်အတွက်……..
အလှဆုံးသော…ည တစ်ည ဖြစ်ခဲ့ပြီ…။
အဘယ့်ကြောင့်ဆိုသော်……
အေးစက်၍ ရင်ခုန်စရာကောင်းလွန်းသော..ဤညတွင်…..
ချစ်သူ နှစ်ဦးသည်….. ထိန်းချုပ်နိုင်စွမ်းတို့ဖြင့်……သာ.နွေးထွေးခဲ့၍ ဖြစ်သည် ။
—————————————
ချစ်သူ နှစ်ဦး….
တစ်ယောက် ၏ လက်ကို တစ်ယောက် ဆုပ်ကိုင်လျက်…ချစ်စကားတို့ကို….တီးတိုး..ဆိုလျက်…..
အိမ်အပြန်တွင်…….ည ၏ လှပမှုကို…..
ဤမျှ ဖြင့်…ကျေနပ် နှစ်သိမ့် နိုင်ခဲ့ကြသည် ။
ဤည………
လှ ပသည်….။
———————————————
လေးစားစွာဖြင့်…..
အလင်းဆက်
————————–
သာမန် အချစ်ဝတ္ထုကလေးတစ်ပုဒ်ရယ်..ပါ…။
13 comments
မဟာရာဇာ အံစာတုံး
May 4, 2013 at 9:13 am
အေးစက်ပြီး ရင်ခုန်စရာကောင်းတဲ့ ည ဆိုဒေါ့ …
ရေခဲတုံးကြီး ဖက်ပြီး ပျော်နေသလို ဖစ်နေမလား ..
ရေခဲရေ ထိလိုက်ရင်
ရင်ထဲမှာ သိမ့်ခနဲ ဖြစ်သွားသလိုမျိုးလား ..
သများဒေါ့ သိဒတ်ဝူးကွယ် …
ဦး ကျောက်ခဲ
May 4, 2013 at 9:24 am
အူးလေးက အသက်ကြီးပါပြီကွယ်
ကိုရင်အလက်ဆင်းတို့လို ရင်သိမ့်တုန်တွေ မခံစားနိုင်တော့ဘူး…
ဘယ်နားက သရက်ပင်လဲဟင်… အူးလေးကိုင်းပေါ်က ခြောင်းချင်လို့… ဟီ ဟိ
:kwi:
အလင်းဆက်
May 4, 2013 at 12:29 pm
မဟာရာဇာ…အံအံ….
ဘယ်လိုက ဘယ်လို..သများ ဖစ်တွားတာတုန်း….
:kwi:
===================
အူုူးကျောက်….
ရင်သိမ့်တုန်တွေ…
မခံစာနိုး်ငတော့ဘူးလည်း..ဆိုသေး…
သရက်ပင်လည်း..မေးနေသေး..။ဟိဟိ
နောက်တစ်ခါ ချိန်းတွေ ့ရင်…. သတင်းပို့လိုက်မယ်… ။
ချစ်သုဝေ…လေးနဲ့ ဆိုရင်ပြောပါဒယ်… ။
ဒါကတော့ ဝတ္ထုကိုး..ဗျ ။
🙂
ခင်ခ
May 4, 2013 at 12:44 pm
အဲ စာရေးသူက အတင်းကို ပြန်ခိုင်းလိုက်ပြီး အလှဆုံးည လုပ်ပစ်ကာ ဇာတ်သိမ်းသွားတယ်ကွယ်။
တရားတယ်ဘဲပြောရမလဲ လုပ်ရက်လေချင်းလို့ဘဲဆိုရမလားလို့ ………..။
သူတို့နှစ်ဦး အဲလို အစပျိုးခဲ့သော ညပေါင်းများစွာ ဖြတ်ကျော်ပြီးရင်ဖြင့်………. ဆက်ကာတွေးတော့မယ်ဗျာ။
ရွှေ ကြည်
May 4, 2013 at 8:36 pm
ဟိုက် ဆင်ဆာဗျို့ ဆင်ဆာ စာရေးသူကိုယ်တိုင်ဖျောက်ထားတဲ့ဆင်ဆာ :harr: ကျော်ဖတ်လိုက်တယ် ဝရူးဆိုပြီး
အလင်းဆက်
May 4, 2013 at 8:37 pm
ဆက်တွေး..ဖို ့..
အစပျိုးလိုက်တဲ ့ ဝတ္ထုပေါ့နော် ။
🙂
🙂
လေးလေးခရေ…
အပြာစာ ဖြစ်မသွားအောင်…မနည်း..ထိန်းရေးလိုက်ရတယ်ဗျာ ။
ဟိဟိ
ရေးပြီးမှ ပြန်ဖတ်တော့လည်း..
ချက်လိုက်ထှာ…
:kwi:
အလင်းဆက်
May 4, 2013 at 8:41 pm
မမရွှေ…
အပျိုဂျီး ပီပီ….
ဖတ်ပြီး..တော့.. တညိုးကြီးဖစ်သွားတယ်ပေါ့နော် ။
———-
ဒါတောင်.. ဟို မချောတစ်ယောက်က..
ဒီ ဝတ္ထုကို အခန်းဆက်ရေးပါလား..ဒဲ ့ ။
FB မှာ အကြံပေးသွားတယ် ။
အခန်းဆက်များ ရေးချလိုက်လို့ကတော့… ဟိုကိစ္စ ပါပြီ ။
မာမီ့နှလုူံးရောဂါ..တို ့.. ဒယ်ဒီ့ ဒေါသ တို ့..ကို..ပြောပါဒယ် ။
:kwi:
ကိုရင်စည်သူ
May 5, 2013 at 2:12 pm
နှစ်ယောက်လုံးတော့ ဟိုမရောက် ဒီမရောက်တွေ
ဖစ်ကုန်တော့တာပေါ့.. ကွိ..
ရွာထဲက ကြောင်ကြီးတို့ နှူဘားဂိုဏ်သားတွေဆို..
အပြာရောင် အချစ်ညဖြစ်သွားလောက်ပီ.. :kwi:
အလင်းဆက်
May 6, 2013 at 9:34 am
ဟုတ်လိုက်လေ ကိုရင် ဆီသူ
နှုးဘာ ဂိုင်းသားတွေ ဆိုလို့က တော့
ဘာ ပြော ကောင်းမလဲ
ဘာ မှ ပြော မ ကောင်း ပါဘူး ဗျာ
ဟိဟိ
:kwi:
Mr. MarGa
May 6, 2013 at 1:06 pm
ငါ့နှယ်နော်………..
ဖတ်လို့ကောင်းနေတုန်းမှ ဖြတ်ခနဲ့ ဖြတ်ချလိုက်သလို
ကြည့်လို့ကောင်းနေတုန်း မီးပြတ်သွားသလို
အင်း…..ဘာပဲဖြစ်ဖြစ်ပေါ့
စကားလေးတစ်ခွန်းကိုပဲ သွား သတိရမိတော့တယ်
အို……ဘာတဲ့
ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ
:kwi:
etone
May 6, 2013 at 3:36 pm
ဖတ်ရတာ .. ရိုမန်းတစ်ဗ်ဆန်လိုက်ဒါအေ … ခိခိ …. ။
တူညားတွေ ချစ်တူ ဘွကို ပုံဖော်ထားတာများ .. နုနု ရွရွနဲ့ … ။ အိုးးးးး ရင်ခုန်စရာကောင်းလိုက်တာ …. ဘတ် .. အိုက်လိုဘွမျိုး ကြိုက်ဝူးအေ့ .. ။
အဟိ …ရဲဇားထားခဲ့တာ …. လေးနှစ် .. တထှာမှ အဲ့လို ရိုမန်းတစ်ဗ် ဆန်ဆန် နုနု ရွရွတွေ … မလုပ်ခဲ့ဖူးပေါင် …
တများဒွေလို .. ကန်ဘောင်ထိုင် ၊ ထီးလေးကွယ် ကွိကျိ ကွိကျိ အိညှောင် အိညှောင်လည်း မရှိခဲ့ … ၊ ရုပ်ရှင်ရုံထဲ ကြည်နူးနေဒါယဲ မချိခဲ့ … တယောက်ညက်ခွက်တယောက်ထိုင်ကျိ စကားပေါနေတဲ့အချိန်တောင် မရှိခဲ့သလောက်ပဲ … ခိခိ … ။ ကန်ပေါင်သွားလျှင် ဘီယာသောက်တယ် … ရုပ်ရှင်ရုံထဲသွားလျှင် ….ဘေးကတယောက်က အိပ်တာ တခါတလေ အသံပါထွက်တယ် .. တယောက်လည်း ဝယ်လာတဲ့ မုန့်တွေ တကြွတ်ကြွတ်စားတယ် .. ၊ ချိန်းလျှင် .. စားလို့သောက်လု့ိကောင်းတဲ့ ဆိုင်မှာ ထိုင်ချိန်းတယ် … ပြီးလျှင် … တယောက်ဖုန်းတလုံးနဲ့ … ဖွဘုတ်သုံးသူကသုံး … ဂိမ်းဆော့သူကဆော့နဲ့ … ခိခိ … နေတတ်လျှင်တော့ ကျေနပ်စရာကြီးပေါ့လေ … ။ဈေးဝယ်ထွက်လျှင် .. သူ ့အဝတ်တန်းသူတိုး .. ကိုယ်လည်း ကိုယ်ဝယ်ချင်တဲ့ဘက်ကိုယ်တိုးမယ် … ပြီးမှ ဖုန်းဆက်ပြီး .. လူပြန်ရှာမယ် .. အိုက်လိုကို ..ရိုမန်းတစ်ဗ် ဆန်ဒါ .. ခစ်ခစ် … ။ ရောင်းသူ ဝယ်သူ အသံတူနေလျှင် ကမာ္ဘရီး ငြိမ်းချမ်းတယ် … ။ :kwi:
အလင်းဆက်
May 6, 2013 at 3:48 pm
အူးမာဂ
ကောင်းခန်း ရောက်မှ မီးပျက်သွား တာ ကြုံ ရတဲ့
ခံစားချက် သိပြီ လား
ခညားတို့ နတ်ပြည် ( နေပြည်တော်ကြီး )မှာက
မီး ပျက်တယ် ဆိုတာလည်း မရှိ
မကြုံဖူးတော့
ဘ လောက် ခံ ရ ခက် သလဲ မသိဘူး မဟုတ်လား
ဟိဟိ
စတာ နော်
ဟဲဟဲဟဲ
:kwi:
အလင်းဆက်
May 6, 2013 at 4:02 pm
မမအိတုန် တို့ လည်း ရိုမန်းတစ်တော့ ဆန်တာပါပဲ
သဘာဝကျကျ ရိုမန်းတစ်ပေါ့လေ
🙂
အားပေး ဖတ် ရှု ခံစား ကြသူ အားလုံးကို
ကျေးဇူးတင် လျက်
ဆ