ရေမရှိသောမြစ်နဲ့ သစ်ပင်မပေါက်သောတောင် (နေရဉ္ဇရာမြစ်နဲ့ ဥရုဝေလတောင်)
ရှေးအခါက မိန်းမတွေဟာ စိတ်ထဲက လိုသော်ရှိ မလိုသော်ရှိ မကြေနပ်ချက်များလာရင် ကျိန်စာတိုက်တတ်တဲ့ အကျင့်များရှိခဲ့ကြဘူးပါတယ် ။
အခုခေတ် လူငယ်တွေထဲမှာလည်း မကြေနပ်ရင် ဘာဖြစ်ပါစေ ညာ ဖြစ်ပါစေ စသဖြင့် ကျိန်စာတိုက်တတ်တာတွေလဲရှိတာဘဲမဟုတ်လား..။
တချို့ကျိန်စာတွေက တကယ်ဖြစ်တတ်တယ်လို့ ယူဆကြတဲ့ သူတွေ ထဲမှာ ဟိန္ဒူအယူရှိတဲ့သူတွေက ပိုတတ်ပါတယ် ။
ရေမရှိတဲ့မြစ်နဲ့ သစ်ပင်မပေါက်သောတောင် အကြောင်းပြောရရင် မုစလိန္ဒာ အိုင်က စပြောရပါလိမ့်မယ် ။
ဟိန္ဒူတွေရဲ့ အယူအရ သေသူတွေရဲ့ ဝိဉာဏ် တွေဟာ မုစလိန္ဒာကန်ဘေးမှာ မကျွတ်မလွတ်မခြင်း နေကြရတယ်တဲ့။ ကျန်ရစ်သူတွေက နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး ဆုတောင်းပေးမှ ဝိဉာဏ်တွေက ကျွတ်လွတ်ကြရတယ်တဲ့ ။
အခါတပါး၌ ရာမ မင်းသားနဲ့ မယ်သီတာတို့ဟာ မုစလိန္ဒာအိုင်မှာ ဆုတောင်းပူဇော်ပွဲလုပ်ဖို့ တာဝန်ရှိလာပါတယ်တဲ့ ။ အဲသည်ချျိန်မှာ ရာမ မင်းသားဟာ အကြောင်းကိစ္စ ကြီးငယ် ပေါ်လို့ ခရီးလွန်သွားပါသတဲ့ ။ဆုတောင်းပွဲ လုပ်မဲ့ အချိန်ထိ ပြန်မရောက်နိုင်ခဲ့ဘူးဆိုသတဲ့ ။ မယ်သီတာက မိန်းမသားပီပီ စိတ်ပူပြီး မိမိ တတ်နိုင်တာလေးနဲ့ ဆုတောင်းပွဲကို အကျဉ်းရုံးပြီး လုပ်လိုက်တာပေါ့လေ ။ ရာမမင်းသားက ပြန်ရောက်လာတဲ့အချိန်မှာ ဆုတောင်းပွဲလုပ်ဖို့ ပြောပါသတဲ့ ။ မယ်သီတာက မိမိလုပ်ပြီးဖြစ်ကြောင်း ပြောပေမဲ့ ရာမ မင်းသားက ဘယ်လိုမှ မယုံကြည်တာနဲ့ မယ်သီတာကို ပြစ်တင် ကြိမ်းမောင်းပြောလိုပါတယ်တဲ့။ ဒီအခါမှာ မယ်သီတာက စိတ်ဆိုးပြီး ကျိန်စာဆိုလိုက်ပါသတဲ့ ။
သူကျိန်ဆိုလိုက်တဲ့ ကျျိန်စာက “နေရဉ္ဇရာမြစ်ကြီးဟာ ရေမရှိဘဲ ရေခမ်းတဲ့ မြစ်ဖြစ်ပါစေ ။ ဥရုဝေလ တောင်သည်လည်း သစ်ပင်မပေါက်သော တောင် ဖြစ်ပါစေ ။” တဲ့………။
ဒီကျိန်စာက တကယ် ဖြစ်ခဲ့လေသလားလို့တောင် ထင်ရပါတယ် ။ဥရုဝေလ တောင်ပေါ် ဘုရားဖူးဘို့သွားရင်းကြည့်လိုက်တော့ တကယ် သစ်ရိပ်ဝါးရိပ် မရှိ လွင်ထီးခေါင် ကျောက်တောင် ကြီးဖြစ်နေတော့တာဘဲ ။
နေရဉ္ဇရာ မြစ်ကိုရောက်တော့လည်း ရေမတွေ့ရပြန်ဘူး ။မြတ်စွာဘုရားရှင် ရွှေခွက်ကိုမျှောပြီး ဆုတောင်းလို့လွှတ်လိုက်တဲ့ ရွှေခွက်ဟာ မြစ်ရေကို ဆန်ပြီး မျှောသွားတယ်လို့ စာထဲပေထဲ ဖတ်ရမှတ်ရပေမဲ့ မြစ်ပြင်ကျယ် သဲသောင်လွင်ပြင်ကို ကြည့်ပြီး သဒ္ဒါစိတ်နဲ့ ကြည်နူးမရခဲ့ပါဘူး..။
ဒါပေမဲ့ ကျမ်းဂန် အထောက်အထား အရပ်ဒေသအထောက်အထားတွေအရ တို့တွေကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ ဒီအရပ်ဒေသမှာ ဘုရားဖြစ်တော်မူခဲ့တယ်ဆိုတာ သေသေခြာခြာ ကို သိခဲ့မှတ်သားခဲ့ရပါတယ် ။
သုဇာတာ သူဋ္ဌေးသမီး ဟာ မြတ်စွာဘုရားရှင်ကို ဃနာ နို့ဆွမ်းဆက်ကပ်ခဲ့တယ်ဆိုတာ ။ဃနာနို့ဆွမ်း ချက်လုပ်ခဲ့တဲ့နေရာ ။ မြတ်စွာဘုရားရှင်က ဆွမ်းဘုန်းပေးပြီး ရွှေခွက်ကို နေရဉ္ဇရာမြစ်ထဲမျှောခဲ့တယ်ဆိုတဲ့နေရာတွေဟာ ယနေ့ တကယ် မြင်ကြရပါတယ် ။
သောတ္ထိယ ထံမှအလှူခံရသော မြက်ရှစ်ဆုတ်အား ဗောဓိညောင်ပင်ရင်း၌ ဖြန့်ခင်းတော်မူရာ တစ်ဆယ့်ရှစ်တောင်ရှိသော အပရာဇိတပလ္လင် ပေါ်တော်မူ၏ လို့ စာပေတွေမှာ ပါရှိပါတယ် ။
စိတ်မကောင်းစရာ မြင်ကွင်းတချို့ကိုလည်း ဗုဒ္ဓဂါယာ မှာတွေ့ခဲ့ရပါတယ် ။
အာသောက မင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မဟာဗောဓိစေတီတော်ကြီးကို အေဒီ ၁၀၇၉ခုနှစ်က မြန်မာနိုင်ငံက တစ်ကြိမ် ပြင်ဆင်မွန်းမံမှုလုပ်ခဲ့ကြောင်း မှတ်တမ်းရှိခဲ့ပါတယ် ။
အေဒီ ၁၃ ရာစုမှာ (၁၂၉ဝ ခုနှစ်လောက်) မွတ်ဆလင်များသိမ်းပိုက်ခဲ့လို့ အိန္ဒိယမှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ် ။ဗုဒ္ဓဂါယာ တခုလုံး ဖျက်ဆီးခံရပြီး စေတီတစ်ဆူသာ မပျက်မစီးကျန်ခဲ့တယ်လို့ဆိုပါတယ် ။
၁၆ ရာစုမှာ ဂါယာဒေသကို ဒေလီရှိ ပသီဘုရင်က မဟန့်လာလ်ဂီးရ် အား အပိုင်စားပေးပြီး အုပ်ချုပ်ခွင့်ပြုလိုက်ပါတယ် ။ အေဒီ ၁၈၁၁ ခု-၁၈၃၃ ခု အတွင်းမှာ ဘိုးတော်ဘုရားကလည်း သတ္တဌာန ရှာဖွေရန် မင်းကြီး မဟာစည်သူနှင့်အဖွဲ့ကို စေလွှတ်ခဲ့ကြောင်းမှတ်တမ်းတွေရှိခဲ့ပါတယ်။
မင်းတုန်းမင်းကြီးလက်ထက်မှာ ဗုဒ္ဓဂါယာကို ပြင်ဆင်ခွင့် ဘုရားဖူးများလာခွင့် ရရန် အိန္ဒိယ ဘုရင်ခံထံ လက်ဆောင်ရွှေငွေမျာနဲ့အတူ ကျောက်သံပတ္တမြားလုံးရေ ၅၄၀၀(ထိုစဉ်ကတန်ဘိုး ရူပီး၆ သန်းခန့်)လှူဒါန်းပြီး တောင်းခံခဲ့သည် ။
အလှူပစ္စည်းများကို မဟန့် တို့ အဆက်ဆက် သုံးစွဲပြီး ချမ်းသာနေခဲ့ကြတယ်လို့ဆိုပါတယ် ။
၁၈၇၅ ခုနှစ်တွင်တော့ မဟာဗောဓိစေတီနှင့်ကျောင်းဆောက်လုပ်ခွင့် ရဘို့ တောင်းဆိုခဲ့ပြီး သိန်းပေါင်းများစွာ အကုန်အကျခံ၍ ပြုပြင်ခွင့်ရခဲ့ပါတယ် ။
ထို့ကြောင့် ယခု လက်ရှိ မဟာဗောဓိ စေတီမျာ မင်းတုန်းမင်း၏ ကုသိုလ်တော် ဖြစ်သည် လို့ မှတ်ယူရနိုင်ပါတယ် ။
နောင်ဘယ်တော့များမှ သာသနာကို စောင့်ရှောက်သူများလက်ထဲ ဗုဒ္ဓ အမွေအနှစ်များ ပြန်စောင့်ရှောက်ထိန်းသိမ်းခွင့်ရနိုင်ကြမလဲ..?။
နွေဦး တွေးမိ တွေ့မိတာလေးများပါ ။
14 comments
Myo Thant
May 6, 2013 at 2:36 pm
( နောင်ဘယ်တော့များမှ သာသနာကို စောင့်ရှောက်သူများလက်ထဲ ဗုဒ္ဓ အမွေအနှစ်များ ပြန်စောင့်ရှောက်ထိန်းသိမ်းခွင့်ရနိုင်ကြမလဲ..?။ )
ကျနော် ဘယ်လို မန့်ရမလဲ မသိလောက်အောင်ပါပဲဗျာ ၊
သူများမြေမှာကိုး ။
ဦး ကျောက်ခဲ
May 6, 2013 at 2:46 pm
ဗဟုသုတ အတော်ရတယ် အကိုကြီးရေ…
နေရဉ္ဇရာမြစ်က အခုတော့ “ကော”သွားပေမည့် အရင် မြစ်ပြင်အတော်ကျယ်ခဲ့ပါလိမ့်မယ်…
ဥရုဝေလတောင် ကတော့ ညောင်အမျိုးအနွယ်ကလွဲရင် သစ်ကြီးဝါးကြီးပေါက်ဖို့ ခဲယဉ်းတဲ့ ကျောက်တောင်ပါ…
၃၂ဋ္ဌာနတော့ သေချာပေါက်ရောက်ခဲ့မှာပေါ့….
တောင် ၃၃လုံးကာခိုရာဇဂြိုလ် ဆိုလို့ကြည့်မိပါတယ်၊ တောင်ပူစာလေးတွေ… ဟီး ဟီး ရိုက်ပေါက်
ဆူး
May 6, 2013 at 4:14 pm
အာသောက မင်းကြီး ရဲ့ ကျောက်စာတိုင်တွေသာ မရှိခဲ့ဘူး ဆိုရင် ဒီနေရာတွေ ရှိခဲ့တယ် ဆိုတာ ဘယ်လိုမှ သက်သေပြလို့တောင် ရမှာ မဟုတ်တော့ဘူး။
သမိုင်းအဆက်ဆက် ဗုဒ္ဓဘသာ ရှိခဲ့ပေမဲ့.. ခံစားခဲ့ရတာတွေ များစွာ ရှိတယ်။
ဗုဒ္ဓဘာသာရဲ့ သာသနာရေး အဆောက်အအုံ နေရာတွေမှာ.. ဟိန္ဒူရဲ့ ငရုတ်ကျည်ပွေ့တွေ ရှိတယ်.. နောက်ပိုင်းမှ တရားတဘောင် ရင်ဆိုင်ပြီး ရွေ့တန်ရွေ့.. မရွေ့နိုင်တော့လည်း မသိချင်ယောင်ဆောင်ပေါ့.. အရင်တုန်းက မသိကြတော့.. အဲ့ဒါကြီးပါ ဦးတိုက်ခဲ့ကြတာတွေတောင် ရှိတယ်.. အဲ့ဒါတွေကို လိုက်ရှင်းပြတဲ့ ဘုန်းကြီးတွေက မဆိုင်ဘူး ပြောမှ သဘောပေါက်ကြတယ်။
ဗုဒ္ဓဂါယာထဲက ဘုရားကြီး ကိုလည်း ဟိုးအရင်တုန်းက အပစ်လုပ်မိရင် အကုသိုလ် လုပ်ထားတာတွေ ကြေဖို့ ခဲနဲ့ ထုဖို့ ဆရာတွေ ညွန်ကြားလို့ ဂဲ နဲ့ ထုခဲ့ကြတယ်။ ဒါပေမဲ့.. သာသနာ ခေတ်မကုန်သေးတဲ့ အတွက် အကောင်းပကတိ ရှိနေပါတယ်။
ဥရုဝေလ က ဒုက္ကရစရိယ ၆နှစ်ကျင့်တဲ့ နေရာမှာ အရိုးဖြိုင်းဖြိုင်းကျနေတဲ့ ဆင်းတုကို ဖူးလိုက်ရတာ စိတ်ထဲ အလွန်မကောင်းဖြစ်ခဲ့မိတယ်.. (ကိုယ်ပိုင်ခံစားချက်)
သုဇာတာ သဌေးသမီး အိမ်နေရာ စေတီ နေရာတွေ ဟိုးအရင်တုန်းက အိမ်သာ ဖြစ်နေလို့ အဲ့ဒီနေရာ မသွားဖို့ တားမြစ်မှုတွေ လုပ်ခဲ့လို့… အခုလို မြင်ရတာ.. မြန်မာလူမျိုး ဦးသန့်ကောင်းမှုကြောင့် တချို့နေရာတွေ ကောင်းကောင်းမွန်မွန်ဖြစ်နေခဲ့တာတွေ အများကြီးပါတယ်။
မင်းတုန်းမင်းရဲ့ ကောင်းမှုတော် ကျောက်စာတိုက် နေရာကို သွားတာ.. ကဇင်းရိုးပေါ်မှာ နှာခေါင်းပိတ် ကျော်ခွပြီး သွားခဲ့ ရဖူးတယ်။
နောက်ထပ်လည်း သွားချင်ပါသေးတယ်။
MaMa
May 6, 2013 at 7:05 pm
နေရဉ္ဇရာမြစ်က နွေမို့ ရေခမ်းနေတာဖြစ်မယ်ထင်တယ်။
ကျမတို့သွားတုန်းကတော့ စက်တင်ဘာလထဲမှာမို့လား မသိဘူး ရေရှိသေးတယ်။
တော်တော် စုံစုံလင်လင် ရောက်ခဲ့တာပဲ။
ကျမတို့သွားတုန်းကတော့ ရက်လည်းနည်း၊ ခရီးသွားအဖွဲ့နဲ့လည်း မဟုတ်တော့ အဲဒီလောက် စုံစုံလင်လင် မရောက်ခဲ့ဘူး။
ခရီးစဉ်ကို သမိုင်းကြောင်းလေးနဲ့တွဲပြီး သိရလို့ သဘောကျတယ်။
အလင်းဆက်
May 7, 2013 at 7:50 am
ဗဟုသုတ အမှန်တယ် ရ စေတဲ့ ပိုစ့် ဖြစ်ပါ၍ လေးစားစွာ ဖတ် မှတ် လေ့လာ သွားပါကြောင်း
no non negative
May 7, 2013 at 9:52 am
>>မယ်သီတာက စိတ်ဆိုးပြီး ကျိန်စာဆိုလိုက်ပါသတဲ….
>>ဘုရားရှင် ရွှေခွက်ကိုမျှောပြီး ဆုတောင်းလို့လွှတ်လိုက်တဲ့ ရွှေခွက်ဟာ မြစ်ရေကို ဆန်ပြီး မျှော…
ရာမ နဲ မယ်သီတာ က မြတ်စွာ ဘရား မ ပွင့် မီ က လေ…ဘယ် လို ဖစ် သွား ပါ လိမ့်
ဆူး
May 7, 2013 at 10:01 am
သုဇာတာ နို့ဆွမ်းကပ်တဲ့ နေရာမှာ အတိုအပြတ် သူတောင်းစားတွေ အလွန်ပေါပဲ..
မြန်မာနိုင်ငံမှာ တခါမှ အဲ့လောက် တစုတစည်းတည်း ဒုကိ္ခတတွေ မမြင်ဘူးဘူး။
ဒုက္ကရစရိယ ကျင့်တဲ့ နေရာ တောင်ထိပ်မှာ.. ဘုန်းကြီးက ဘီစကွတ်မုန့်တွေ ကျွေးတယ်။
မနက်စောစောစီးစီး မနက်စာ တနေ့ တနေ့ ဒါချည်းပဲ စားရလို့ စားမဝင်တာနဲ့ မောမော နဲ့ တောင်ပေါ်မှာ ကျွေးတဲ့ ဘီစကွတ်မုန့်တွေ အများကြီး စားမိလိုက်မိတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
May 7, 2013 at 10:06 am
ဇာတ်ထုတ်ထဲကြားဘူးတာ မယ်သီတာဆိုတာ တော်တော်ချောတယ်ဆိုဘဲ
တော်တော်ချောသလောက် တော်တော်ဆိုးတဲ့မိန်းမဘဲ
ဘယ့်နှယ်ဗျာ သူ့အကောင်နဲကအဆင်မပြေတိုင်း ကျိန်စာတိုက်သွားပုံ .. ကျိ
Ma Ei
May 7, 2013 at 10:22 am
တစ်ခေါက်တော့ ရောက်အောင်သွားချင်တဲ့နေရာပါ…
ခုလို စာလေးတွေနဲ့ ဓာတ်ပုံတွေနဲ့ ရှင်းပြထားတာလေးတွေ
ဖတ်ရတာ့ကြည့်ရတော့ ဗဟုသုတလဲရ ပိုပြီးလဲသွားချင်လာပါတယ်…
…
ရွာစားကျော် မင်းနန္ဓာ
May 7, 2013 at 3:25 pm
ဓာတ်ပုံလေးတွေနဲ့ ဝေဝေဆာဆာ ဖတ်ရှုရလို့ ကျေးဇူးပါ
ဒါနဲ့ စကားစပ်လို့
နေပြည်တော်မှာ ဗုဒ္ဓဂါယာလို တည်ဆောက်နေတယ်.. သိကြလား
kai
May 7, 2013 at 3:48 pm
မြန်မာတွေ ဗုဒ္ဓဂါယာဒီလောက်သွားပြီး.. အိနိ္ဒယငွေလှူနေတာ.. အပြန်တယောက်မြေတဆုပ်တော့.. ယူပြန်လာဖို့ကောင်းတယ်..
အဲဒီမြေနဲ့ မြန်မာပြည်ထဲ.. ဗုဒ္ဓဂါယာအသစ်လုပ်ပေါ့..။
သခင်မျိုးဟေ့.. ဒို့ဘားမန်းင်…။ :kwi:
နွေဦး
May 7, 2013 at 4:07 pm
သဂျီး…မှားပြန်ဘီဗျ ။
မြန်မာတွေ ဗုဒ္ဓဂါယာမှာ အလှူလုပ်တဲ့ ပုံစံတွေကို နောက်ထပ်တင်မဲ့ post တွေမှာ ကြုံရင်ကြုံသလို ပြောသွားမှာပါ။
အချုပ်ပြောရရင် အလှူငွေတွေကို မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာဘဲလှူကြတယ်။ဘုရားတွေက အလှူခံပုံးေတွေမှာထည့်ရင် ကလားပြည်က လူတွေ အတွက်ဖြစ်မှာမို့လို့ တိုးဂိုက်တွေက ပြောပြထားကြတယ် ကိုယ့်မြန်မာကျောင်းကိုဘဲလှူကြဖို့ ။
မြန်မာတွေ ဂါယာက အပြန် တစ်ယောက်ကို မြေတစ်ဆုပ် မက ရွှေတစ်ထုတ်လောက်တန်တဲ့ ကုသိုလ်တွေ သံဝေဂတွေ ယူလာခဲ့ပြီး သာသနာကို မိမိပါတ်ဝန်းကျင် လက်လှမ်းမှီသလောက် ဖြန့်ဝေပေးကြတဲ့ အလုပ်က ဗုဒ္ဓဂါယာအသစ်တခု မြန်မာပြည်မှာ တည်တာထက် ပို အကျိုးရှိမယ်ထင်ပါ့…။
ဆူး
May 7, 2013 at 4:22 pm
ဗုဒ္ဓဂါယာ နယ်မြေမှာ သာသနာပြုပြီး ဘုန်းကြိးကျောင်း ဆောက်လုပ်နေထိုင်ရတဲ့ ရဟန်းသံဃာများ အဖို့ တော်တော် ခက်ခဲတဲ့ အချိန်တွေ ကျော်ဖြတ်ပြီးမှ ကျောင်းတွေ ဘာတွေ ဖြစ်လာရတာပါ။
ဟိုးအရင်တုန်းကဆိုရင် ဘုန်းကြီးတွေ သင်္ကန်းရုံထားတာ ကုလားမ ဆာလီ ခြုံတာနဲ့ မှားပြီး ကုလားတွေ ဟိုကိုင် ဒီကိုင် လာ စ တာမျိုးတွေ ကြုံဖူးတဲ့ အကြောင်း.. နောက်ပိုင်းမှ ဘုန်းကြီး အရေအတွက်နည်းနည်း များလာမှ.. ဒါ ဘုန်းကြီး ဆိုတာ သဘောပေါက်လာကြပါသတဲ့..
ဘုန်းကြီးကျောင်း တခု မြေနေရာ ရပြီး အဆောက်အအုံဆောက်ဖို့.. ဟိုက တိုင် ဒီကတိုင်တွေ ကိုလည်း များစွာ ကျော်ဖြတ်ပြီးမှ ဆောက်လို့ ရခဲ့ကြပါကြောင်း
ကြားဖူးနားဝတွေ နည်းနည်း မျှဝေတာပါ။
ကိုပေါက်(မန္တလေး)
May 7, 2013 at 4:36 pm
မရော က်ဘူးသေးတော့ ဘာမှ မပြောတတ်ဘူး။
ဒီတစ်သက်လဲရောက်မယ် မထင်ပါဘူး။