ကျောင်းတုန်းက သူငယ်ချင်းတွေ
မနေ့ကညပိုင်း ၊ ရုံးပြန်ရဦးမယ့် ကျနော် အိမ်မှာ အမေနဲ့ စကားပြောနေတုန်း ဖုန်း ဝင်လာပါတယ် ၊
မင်းနိူင်ဆီကပါ ၊ ရှေ့နေလုပ်နေတဲ့ အောင်မြင့်ရယ် တွံတေးသိန်းတန်သား မြတ်သူတို့လည်း ပါသတဲ့ ၊
အိမ်နားက ရွှေလီမှာ စောင့်နေမယ်ဆိုလို့ တွေ့ဖြစ်ခဲ့ကြပါတယ် ၊
၄ ယောက်သား ဆုံတော့ အသံအကျယ်ဆုံးဝိုင်းဟာ ကျနော်တို့ ဖြစ်မယ်ထင်တာပါပဲ ၊
မင်းနိူင် ၊ မြတ်သူတို့နဲ့က ပြီးခဲ့တဲ့ ( ၁၉၇၄ – ၁၉၈၁ တီတီစီ ကျောင်းသားဟောင်းများ ) ဆရာကန်တော့ပွဲမှာ တွေ့ခဲ့ပေမယ့်
အောင်မြင့်နဲ့ မတွေ့တာ ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ ၊
ကျောင်းအုပ်ဆရာမကြီးအထိဖြစ်ခဲ့တဲ့ ၉ တန်း အတန်းပိုင်ဆရာမ ဒေါ်ခင်နွယ်တင့် အကြောင်း ၊ တက္ကစီမောင်းနေတဲ့ မိုးသူ နဲ့
သူ့အဒေါ် ၈ တန်း အတန်းပိုင်ဆရာမ ဒေါ်စန်းစန်းနီ အကြောင်း ၊
ကျနော်နဲ့ မတည့်တဲ့ ဘောဂဗေဒ ဆရာမ ဒေါ်တင်မူမြ အကြောင်း ၊ စာအသင်ကောင်းလှတဲ့ ( ရူပ ) ဒေါ်တင်မေ ၊ ( ဓါတု ) ဒေါ်ညွန့်ညွန့်စိန်တို့အကြောင်း ၊
ကျောင်းပြေးလွန်းတဲ့ ကျနော့်ကို ရုပ်ရှင်ဘိုး ၅ ကျပ်ပေးတဲ့ ရ တန်း အတန်းပိုင် ဆရာ ဦးထွန်းစိန်အကြောင်း ၊
ကျောင်းမှာ စတားဖြစ်ခဲ့တဲ့ နွယ်အေးကြည် ၊ သန်းသန်းဋ္ဌေးတို့အကြောင်း ၊
ကြောင်ကလေးလို ချစ်စရာကောင်းတဲ့ မီမီလှိုင်အကြောင်း ၊ စာတော်လှတဲ့ သာသာဦး ၊ စိုင်းဋ္ဌေးဝင်း ၊ ဟန်ညွန့်တို့အကြောင်း ၊
ဆရာမတွေ ချစ်အောင်နေတဲ့ ( ထူး ) တေဇအကြောင်း ၊
ကျနော်နဲ့ ဆိုးဖော်ဆိုးဘက် သီဟ ၊ သိန်းဟန်တို့အကြောင်း ၊ ဂိုးဖမ်းတော်တဲ့ လှအောင်အကြောင်း ၊ ယောင်္ကျားလေး မိန်းကလေး အတန်းခွဲထားရာက တွဲလိုက်တဲ့အခါ ဖြစ်လာရတဲ့
ခုံထဲ ရည်းစားစာ ထည့်မှုများအကြောင်း ၊ ဆရာကန်တော့ပွဲ ဖျော်ဖြေရေးတွေဘက်မှာ တာဝန်ကျေတဲ့ ဇော်ဝင်းထွဋ် ၊ ( လီယိုနာ့တ် ) မောင်မောင်လွင် တို့အကြောင်း ၊
အဆိုတော်ကြီး ဒေါ်မေလှမြိုင်သား ကိုကိုအောင်အကြောင်း ၊ အင်းလျားလမ်း ၃၆ က ထင်လင်းရှိန်အကြောင်း ၊ မြန်မာ့အသံ တီးဝိုင်းခေါင်းဆောင် သက်နိူင်ဦးအကြောင်း ၊
အိုးးးးးး ပြောလိုက်ကြတဲ့ အကြောင်းတွေဟာ မနည်းလှပါလား ၊
အင်းလေ ကျောင်းသားဘဝဆိုတာ လူ့ဘဝရဲ့ ပျော်စရာအကောင်းဆုံး အချိန် လွမ်းစရာအကောင်းဆုံး ဘဝကိုး ၊
ပြီးခဲ့တဲ့ ဆရာကန်တော့ပွဲမှာ မြတ်သူ ဆိုခဲ့တဲ့ သူ့အဖေ တွံတေးကြီး သီချင်းထဲကလို
( ဒို့များငယ်ငယ်တုန်းက ကျောင်းတက်လာကြတာတွေ မေ့ပါနဲ့လား မေ့ပါနဲ့လား သူငယ်ချင်း . . . . ရေ )
12 comments
S@i S@i Fin K@i
May 8, 2013 at 11:48 am
အော်.. .အမျိုးတွေပဲ …
ကိုမျိုးသန့်တို့ သင်ခဲ့ရတဲ့ ဒေါ်ခင်နွယ်တင့် ဟာ ကျနော်တို့ လက်ထက်မှာတော့
ကျောင်းအုပ်ဆရာမကြီး ဖြစ်နေပြီ ဆိုတဲ့အကြောင်းရယ်နဲ့ …
ကျနော်တို့ သင်ယူနေဆဲမှာပဲ အငြိမ်းစားယူသွားတယ် ခည…
လွန်ခဲ့တဲ့ -၅နှစ်လောက်အထိတော့ စမ်းချောင်းထဲ ရံခါ တွေ့တတ်ပါသေးကြောင်း ရယ်ပါ
ကျန်းမာရွှင်လန်းပါစေဗျာ ….
:harr:
kaung kin pyar
May 8, 2013 at 2:48 pm
ဝိုင်းထဲမှာ ဘီယာမပါကြောင်း မိန်းမနဲ့ သမီးတွေကို သက်သေပြဖို့ ရိုက်ယူရင်း ရွာထဲပါ တင်လိုက်တာ ထင်ပါ့။ ဟုတ်လား ဦးမျိုး…။ အိမ်က အဖေလဲ ဒီအတိုင်းပဲ…။ (အမှန်တော့ ခုံအောက်မှာ ဖွက်ထားဒါ..။)
Myo Thant
May 8, 2013 at 3:08 pm
ကျနော် ဘီယာ မကြိုက်ပါခင်ဗျာ ၊
ပိုက်ပိုက်ကုန်သလောက် မမူးလို့ပါ ၊
ပြီးတော့ ကျနော့်မှာ မိန်းမ မရှိပါ ၊
kyeemite
May 8, 2013 at 3:47 pm
kaung kin pyarကလည်းဗျာ..သေချာမကြည့်ဘူး
ဝီစကီခွက်တွေပြူးလို့…..
“ကျနော် ဘီယာ မကြိုက်ပါခင်ဗျာ ၊
ပိုက်ပိုက်ကုန်သလောက် မမူးလို့ပါ”
ကျနော်လည်းအဲလိုပဲ ကိုမျိုးသန့်ရ..ဟီး.. :hee:
မောင် ပေ
May 8, 2013 at 8:08 pm
ကိုမျိုးသန် ့ရေ
ခင်ဗျား ဘော်ဘော်တွေ နဲ ့ဆုံပုံအကြောင်း ပြောတော့
ကျုပ်လဲ သတိတွေ ပြန်ရမိပါပေါ့ကလား
ဗိုလ်မှူးတွေ ၊ ကျန်းမာရေးမှူး တွေ ဖြစ်နေကြပြီဗျ
သူရို ့နဲ ့ဆုံရင် ဘာမှ မဟုတ်တဲ့ ကျုပ် က လှိမ့်ဆဲတာပဲ
ရာထူးအကြီးဆုံး ဖြစ်အောင် မြန်မြန်လုပ်စမ်းကွာလို ့
ဒါမှ ငါလဲ ခရိုနီလေး ဘာလေး လုပ်ရအောင်လို ့
:kwi:
ဦးကြောင်ကြီး
May 9, 2013 at 9:15 am
ကျောင်းတုန်းက
မြောင်းဖုံးမ
စောင်းပြုံးပြ
ရောင်းမုန်းစွ
ညောင်းကုန်းကွ
ဟောင်းဆုံးချ
ဂေါင်းဒုံးချ
ဖောင်းလုံးကြွ..
သူကလေး
May 9, 2013 at 10:54 am
အူးမျိုးသန့်က တီတီစီကျောင်းထွက်လား .. မီးလဲ တီတီစီထွက်ပဲပေါ့ .. ဒါမယ့် ဝမ်းနည်းချာကောင်းတာက
သူဂလေးက (၁၉၉၆-၂၀၀၇) တီတီစီထွက်ဖြစ်နေလယ် ..
generation gap သိပ်များကွာသွားလား .. မကွာလောက်ပါဘူးနော့်
ဒါမယ့် အူးမျိုးသန့်ရေးထားတဲ့ဆရာမတွေ သာမီးတို့အလှည့်မှာ သင်ရတော့ဘူးရယ်
မီးတို့ကို ဘောဂသင်တာက ဆရာမ ဒေါ်ရွှေအိပါ
ဘာပဲဖြစ်ဖြစ်ပေါ့နော်။
တစ်ကျောင်းတည်းထွက်တွေပဲ တူအရီးတော်လို့ရတာပေါ့ 😀
Myo Thant
May 9, 2013 at 11:35 am
ကျနော်က ၁၉၈၂ မှာ ဆယ်တန်းအောင်ပါတယ် ၊
တူအရီးတော်ရမယ်ဆိုတော့လည်း ကောင်းပါ့ကွယ် ၊
🙂
S@i S@i Fin K@i
May 9, 2013 at 11:45 am
၈၂ ဆို တောင်ကျွန်းက အဘဖောနဲ့ ကွာမယ်မထင်ဘု …အဘလည်း တီတီစီထွက်လို့ ပြောထားဖူးတယ်ဗျ. နှစ်တော့မသိဘု..
ကျနော်က ဝ၂ ထွက်ခည …. ၉ဘာသာတွဲ ကနေ ၆ဘာသာပြန်ပြောင်းတဲ့နှစ်..။
(အပေါ်က ညီမလေးတော့ သိလိမ့်မယ် .. ကျော်က စိစိဒဗဲ့..)
အာဟိ
:harr:
Foreign Resident
May 9, 2013 at 12:25 pm
” ၈၂ ဆို တောင်ကျွန်းက အဘဖောနဲ့ ကွာမယ်မထင်ဘု …
အဘလည်း တီတီစီထွက်လို့ ပြောထားဖူးတယ်ဗျ နှစ်တော့မသိဘု ”
ဟီ ဟိ ၊ TTC ကဆိုရင် ဆရာ / မ နှစ်ယောက်ပဲ မှတ်မိတယ် ။
ဆရာ ဦးရန်အောင် က ရုပ်ဖြောင့် အရပ်မြင့် အရိုက်ကြမ်း လို့ ။
ဆရာမ ဒေါ်ပဂ္ဂီဘကျော် က နထင်မွေး ကို အရမ်း ဆွဲလိမ်လို့ ။
Myo Thant
May 9, 2013 at 3:12 pm
ဆရာဦးရန်အောင်ကို ပြီးခဲ့တဲ့ ဆရာကန်တော့ပွဲမှာ တွေ့ပါတယ် ၊
ကံဘဲ့ဆရာအတတ်သင်မှာ အမေနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့
ဆရာမကြီးဒေါ်ခင်နွယ်တင့်ကိုလည်း နူတ်ဆက်ခဲ့ပါသေးတယ်၊
၁ဝ တန်း အတန်းပိုင် ဒေါ်မြနှစ်ကတော့ ဆုံးသွားရှာပါပြီ ၊
ဦးကြောင်ကြီး
May 10, 2013 at 9:59 am
ဆရာမကြီးဒေါ်ကြည် ရော ရှိသေးလားဗျ…